မြောက်ပိုင်းကောင်းကင်အခြေအနေ
Vol. 50 Ch. 926
ကျန်းချန်ရွှမ်နှင့် သူ၏အဖွဲ့သည် လမ်းကြောင်းပေါ်တွင် ရှိနေစဉ် ၊ မြောက်ပိုင်းကောင်းကင် ပိုင်နက်သည် ကမ္ဘာပေါ်တွင် ငရဲတစ်ခုဖြစ်ခဲ့ပြီးဖြစ်သည် ။
ရေတံခွန်ဂိတ်နယ်မြေ၏ အဓိက ပိုင်နက်ကိုးခုအနက်၊ မြောက်ပိုင်း ကောင်းကင်ပိုင်နက်ကို စောင့်ရှောက်ရန် တာဝန်ရှိသော ဂိုဏ်းများသည် အတော်လေး အားနည်းခဲ့သည် ။
အစ၌ မြောက်ပိုင်းကောင်းကင်ပိုင်နက်အား စောင့်ကြပ်ရန် တာဝန်ရှိသောသူများသည် ထိုနေရာနှင့် အနီးတွင်ရှိသည့် ဂိုဏ်းများဖြစ်ပေသည်။
သို့ရာတွင် မြောက်ပိုင်းကောင်းကင်ပိုင်နက်အနီးတွင် သန်မာသည့် အင်အားစု မရှိပေ။
ရေတံခွန်ဂိတ်နယ်မြေ၏ မြောက်ဘက်ကောင်းကင်ပိုင်နက်သည် အလွန်အေးကာ ကျပ်တည်းမြေ ဖြစ်ပါသည်။
လူဦးရေ ရှားပါးမှုနှင့်အတူ ၊ သဘာဝအားဖြင့် ဒေသတွင်းရှိ ကျင့်ကြံသူများ နည်းပါးခြင်းလည်း ရှိသည်။
ထိုနေရာတွင် အထူးဂိုဏ်းအဖြစ်သတ်မှတ်နိုင်သည့် အင်အားစုများမှာ အသစ်တက်လာသည့် ရေခဲကောင်းကင်တံခါးနှင့် အန္တိမယင်ဂိုဏ်းတို့ဖြစ်ပါသည်။
ထိုဂိုဏ်းနှစ်ခုသည် ညီအစ်ကိုဂိုဏ်းအဖြစ်ပူးပေါင်းကာ ထိုဒေသကို ချုပ်ကိုင်ထားခြင်းဖြစ်သည်။
သို့သော် နတ်ဆိုးသားရဲများ၊ ပင်လယ်နက်လေလွင့်သူများနှင့် သွေးနှောများသည် ရေတံခွန်ဂိတ်ကို တိုက်ခိုက်ရာတွင် ထိုအထူးဂိုဏ်းနှစ်ခုသည် အဓိကကာကွယ်သူများဖြစ်လာကြသည်။
၎င်းတို့အပြင် သေးငယ်သောဂိုဏ်းအချို့သာရှိပြီး မြောက်ပိုင်းကောင်းကင်ပိုင်နက်၏ ထူးခြားသော ပတ်ဝန်းကျင်ကြောင့် သာမန်နည်းစနစ်ကိုကျင့်ကြံသည့် ကျင့်ကြံသူများသည် သူတို့၏စွမ်းအားကို အပြည့်ဝအသုံးချနိုင်ရန်ခက်ခဲခဲ့သည်။
မြောက်ပိုင်းကောင်းကင်ပိုင်နက်သည် အလွန် အေးစက်ပြီး အင်အား ကြီးမား သော စည်းမျဉ်းများနှင့် ပြည့်နှက်ပြီး တာအိုဖွဲ့စည်းခြင်းအဆင့်အထက်မှလွဲ၍ အားလုံးကိုသက်ရောက်ပါသည်။
ကံမကောင်းစွာနှင့် မြောက်ပိုင်းကောင်းကင်ပိုင်နက်ကိုကျူးကျော်လာသူများမှာ ပင်လယ်နက်လေလွင့်သူများ ဖြစ်ကြသည်။
ပင်လယ်ထဲ၌ ရှင်သန်သေဆုံးကြသောသတ္တဝါများဖြစ်သောကြောင့် သူတို့သည် ရေ၊ ရေခဲနှင့် အအေးဓာတ်တို့ဖြင့် ရင်းနှီးပြီးသားဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းကောင်းကင်ပိုင်နက်တွင် စစ်တပ်သည် ရေထဲမှငါးကဲ့သို့ဖြစ်ကာ လူသားများထပ် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေဖြစ်အောင်နေနိုင်ခဲ့သည်။
ထိုအခြေအနေများကြောင့် မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပါသည်။
မြောက်ပိုင်းကောင်းကင်ပိုင်နက်ပေါ်တွင် ပင်လယ်နက်ကျင့်ကြံသူများ၏ ပထမဆုံး တိုက်ခိုက်မှုတွင် အတားအဆီးကို ချိုးဖောက်ခဲ့သော်လည်း နောက်ဆုံးတွင် ကျင့်ကြံသူများက ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည် ။
သို့သော် နှစ်ပေါင်းများစွာပြင်းထန်သောတိုက်ပွဲများအပြီးတွင်ပင်လယ်နက်ကျင့်ကြံသူများသည် နောက်ဆုံးတွင်မြောက်ပိုင်းကောင်းကင်ပိုင်နက်၏ ကြီးမားသောနယ်မြေကိုသိမ်းပိုက်ခဲ့သည် ။
ဤအချိန်တွင် မြောက်ပိုင်း ကောင်းကင်ပိုင်နက်၏ ကြီးမားသော အစိတ်အပိုင်းတစ်ခုလုံးသည် ရေခဲသမုဒ္ဒရာတစ်ခု ဖြစ်ပါသည် ။
ဤရေခဲပင်လယ်ပေါ်တွင် လူသားကျင့်ကြံသူများ၏ အရိုးစုများ နေရာအနှံ့ရှိခဲ့ပြီး ၎င်းတို့အနက် အများစုသည် ပင်လယ်နက်လေလွင့်သူများမှ ကြောက်မက်ဖွယ်ဝါးမြိုခံခဲ့ရခြင်း ဖြစ်သည်။
ရေခဲနှင့်နှင်းများသည် ဘယ်တော့မှ အရည်ပျော်သွားခြင်းမရှိသည့်အတွက် ထိုခန္ဓာကိုယ်များသည် ဆွေးမြေ့ပျက်စီးခြင်းမရှိပေ။
သွေးထွက်သံယိုတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ၎ င်းတို့သည် အရိုးများဖြင့် ပြည့်နှက်နေသော ရေခဲပြင်ပေါ်တွင် သွေးစွန်းနေသော ရေခဲစိုင်များ ဖြစ်လာခဲ့သည် ။
အချို့သော လူသားကျင့်ကြံသူများသည် ရေခဲတောင်များအတွင်းတွင် အရှင်လတ်လတ် ပိတ်မိနေခဲ့ကြပြီး ဝမ်းနည်းစွာ သေဆုံးသွားကြရသည် ။
လက်ရှိတွင် မြောက်ပိုင်းကောင်းကင်ပိုင်နက်ကို စောင့်ကြပ်နေသော ကျင့်ကြံသူများကို ပင်လယ်နက်ကျင့်ကြံသူများက နောက်ဆုံးတိုက်ခိုက်မှုကို စတင်ခဲ့လေသည်။
မရေမတွက်နိုင်သော ပင်လယ်နက်လေလွင့်သူများသည် ကြီးမားသောလှိုင်းများနှင့်ရေခဲစိုင်များကို စီးနင်းလာကာ ခုခံကာကွယ်နေသောဂိုဏ်းနှစ်ခုမှကျင့်ကြံသူများနှင့်တိုက်ခိုက်နေသည် ။
စစ်ပွဲသည် ကြာမြင့်ခဲ့ပြီး စစ်ကူများမကြာခဏရောက်ရှိလာသော်လည်း မြောက်ပိုင်းကောင်းကင် ပိုင်နက်တွင် ပင်လယ်နက်လေလွင့်သူများနှင့်လူသားများအကြား စွမ်းအားကွာဟမှုသည် နှစ်ပေါင်းများစွာ ရက်စက်ကြမ်းကြုတ်သောတိုက်ပွဲများအပြီးတွင် အလွန်သိသာထင်ရှားလာခဲ့သည်။
လူသားကျင့်ကြံသူအားလုံးနီးပါးသည် ပင်လယ်နက်လေလွင့်သူနှစ်ဦးခန့်ကို ရင်ဆိုင်နေရပြီး ခုခံနေသော ဂိုဏ်းနှစ်ခု၏ခေါင်းဆောင်များအပါအဝင်ဖြစ်သည်။
ရေခဲကောင်းကင်တံခါးနှင့် အန္တိမယင်ဂိုဏ်းတို့၏ ဂိုဏ်းချုပ်များအပါအဝင် လူသားကျင့်ကြံသူတိုင်းသည် ပင်လယ်နက်ကျင့်ကြံသူနှစ်ဦးဆီနှင့် ရင်ဆိုင်နေရသည်။
တာအိုပေါင်းစည်းခြင်းအဆင့်နှင့် အခြားတာအိုနက်နဲအဆင့် တစ်ဦးဆီသည် တာအိုနက်နဲအဆင့် သူတော်စင်နှစ်ဦးနှင့် တာအိုပေါင်းစည်းခြင်းသူတော်စင်နှစ်ဦးဆီနှင့် ရင်ဆိုင်နေရလေသည်။
တာအိုနက်နဲကျင့်ကြံသူသည် လက်ရှိအန္တိမယင်ဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီး လက်ရှိတွင် ယင်စည်းမျဉ်းကိုကျင့်ကြံနေကာ ရေခဲကွင်း ၉ခုနှင့် ဝန်းရံထားပါသည်။
၎င်းသည် သူ၏ကောင်းကင်ဆက်ဝိညာဉ်ရတနာဖြစ်သော လျှို့ဝှက်ရေခဲကွင်း ၉ ခုဖြစ်သည်။
တာအိုပေါင်းစည်းခြင်းသူတော်စင်မှာမူ ရေခဲကောင်းကင်တံခါး၏ဂိုဏ်းချုပ်ဖြစ်ပြီး သူ၏မူလကောင်းကင်ဆက်ဝိညာဉ်ရတနာ ရေခဲနဂါးအလံကိုကိုင်ဆောင်ကာ ရေခဲနဂါးကို ထိန်းချုပ်ခြင်းဖြစ်သည်။
ရေခဲနဂါးသည် အဆုံးစွန်အေးခဲသည့်ရေခဲကိုမှုတ်ထုတ်ကာ ရန်သူကို တိုက်ခိုက်ခြင်းဖြစ်ပါသည်။
သူတို့အား ဝန်းရံထားသည်မှာ ပင်လယ်နက်ကျင့်ကြံသူလေးဦး ဖြစ်ပေသည်။
တစ်ဦးမှာ သူတော်စင်ဒေါသလှိုင်းဖြစ်ပြီး နောက်တစ်ဦးမှာ သူတော်စင်မုန်တိုင်းလှိုင်းဖြစ်ကာ နှစ်ဦးစလုံးတာအိုနက်နဲအဆင့်သူတော်စင်များဖြစ်ပါသည်။
ပုံရိပ်နှစ်ခုစလုံးသည် ကြီးမားပြီး အမြင့် ပေဆယ်မီတာကျော်ရှိကာ အကြေးခွံများက လှည့်ပတ်လိမ်နေပြီး စွမ်းအားကြီး ဓမ္မစွမ်းအားများ လိမ့်တက်နေသည်။
သူတော်စင်ဒေါသလှိုင်းသည် ထက်သောလှံနှင့် အလှဆင်ထားသည့်အရိုးတောင်ဝှေး တစ်ခုဖြစ်သည့် ဝိညာဉ်မြိုအရိုးတောင်ဝှေးကို ကိုင်ဆောင်ထားလေသည်။ ၎င်းသည် ကောင်းကင်ဆက်ဝိညာဉ်ရတနာတစ်ခု ဖြစ်သည်။
သူတော်စင်မုန်တိုင်းလှိုင်းသည် ဧရာမလခြမ်းတူရွင်းကို ကိုင်ဆောင်ပြီး ၎င်း ၏ လှုပ်ရှားမှုများသည် ကောင်းကင်သို့ ရောက်ရှိလာသော လှိုင်းများကို လှုံ့ဆော်ပေးပြီး လေဆင်နှာမောင်းများ လှုပ်ခတ်စေသည်။ ၎င်းသည်လည်း ကောင်းကင်ဆက် ဝိညာဉ်ရတနာတစ်ခုဖြစ်ပါသည် ။
သူတို့သည် ကျန်ရှိသော တာအိုပေါင်းစည်းခြင်းပင်လယ်နက်ကျင့်ကြံသူနှစ်ဦးနှင့်အတူ အန္တိမယင်ဂိုဏ်းနှင့် ရေခဲကောင်းကင်တံခါးတို့အား တစ်လပတ်လုံးဝိုင်းရံထားလေသည်။
ထိုခြောက်ဦးသည် မြောက်ပိုင်းကောင်းကင်ပိုင်နက်တစ်လျှောက် အတားအဆီးမှထိုနေရာအထိ အနားမယူဘဲ တိုက်ခိုက်နေကြခြင်းဖြစ်သည်။
သူတို့ ဦးဆောင်သော တပ်များကလည်း အလားတူပင်ဖြစ်သည်။
ပင်လယ်နက်လေလွင့်သူစစ်တပ်နှင့် လူသားစစ်တပ်တို့သည် အရိုးများမြေပေါ်တွင်ပြန့်ကျဲကာ သွေးများက ရေခဲပင်လယ်အားအနီရောင်ဆိုးလိုက်ပြီး ကမ်းခြေသို့ရောက်လာသည်ထိ တိုက်ခိုက်ခဲ့ကြသည်။
“လူသားကျင့်ကြံသူတွေ ဒီတစ်ခါ မင်းတို့ဘယ်ကိုပြေးနိုင်မလဲ ကြည့်ရအောင် ။ မင်းတို့အားလုံးဟာ ငါတို့ရဲ့ ပင်လယ်နက်လေလွင့်သူတွေအတွက် အစားအစာတွေ ဖြစ်လာကြလိမ့်မယ် ။"
မီတာတစ်ထောင်အထက် အမြင့်ရှိ သူတော်စင်ဒေါသလှိုင်း၏ မျက်လုံးများသည် သွေးဆာခြင်းဖြင့် တောက်ပနေပြီး သူ၏ပါးစပ်သည် ရက်စက်ကြမ်းကြုတ်မှုကိုပြသနေပါသည်။
သူတို့အတွက်မူ ရန်သူတို့ ၏ အသားနှင့် အသွေးကို စားသုံးခြင်းသည် အောင်နိုင်သောသူတို့ ၏ ဆုလာဘ်ဖြစ်ပေသည်။
"ခစ်..ခစ်..ခစ်၊ မြောက်ပိုင်းကောင်းကင်ပိုင်နက်က အခုကစပြီး ငါတို့ပင်လယ်နက်လေလွင့်သူတွေရဲ့ ပိုင်နက်ပဲ။ ဟားဟားဟား၊ မကြာခင် သို့ နောက်ပိုင်း ရေတံခွန်ဂိတ်နယ်မြေကလည်း အဲ့လိုဖြစ်လာလိမ့်မယ်။ မင်းတို့ လူသားတွေအားလုံးဟာ ငါတို့ပင်လယ်နက်လေလွင့်သူတွေအတွက် အစားအစာတွေ ဖြစ်လာကြလိမ့်မယ် ။"
သူတော်စင်မုန်တိုင်းလှိုင်းသည် သူ၏ လခြမ်းတူရွင်းအား ဝေ့ယမ်းလိုက်ကာ ထက်ရှသည့်ဓားသွားက နေရာလပ်ကိုဖြတ်သွားပြီး အေးမြသောလေကို ဂယက်ထသွားစေသည်။
ပင်လယ်နက်လေလွင့်သူတာအိုအရှင်နှစ်ဦး၏ အဓိကပစ်မှတ်မှာ တာအိုပေါင်းစည်းခြင်းအဆင့်သာ ရှိသေးသော ရေခဲကောင်းကင်ဖြစ်ပြီး သူ့အား ထိုတိုက်ပွဲတွင် လွယ်ကူသောပစ်မှတ်ဖြစ်စေခဲ့သည်။
"ကောက်ကျစ်တဲ့ပင်လယ်နက်ကျင့်ကြံသူတွေ ငါတို့လူသားတွေက မင်းတို့အားလုံးကို သေချာပေါက်ဖျက်ဆီးပစ်မှာပါ။"
ရေခဲနဂါးအလံကိုင်ဆောင်ထားသော ရေခဲကောင်းကင်သည် သူ၏ရေခဲနဂါးကို နှစ်ဦးစလုံး၏ တိုက်ခိုက်မှုများကို ရှောင်ရှားရန် အမိန့်ပေးလိုက်သည်။
ဤရေခဲနဂါးသည် ရေခဲနဂါးအလံအတွင်းရှိ ဝိညာဉ်တစ်ပါးကဲ့သို့ သူ၏ တာအိုခရီးစဥ်အစမှ ယခုအချိန်အထိ သန့်စင်ထားပေးခြင်းဖြစ်သည်။
သို့သော် ယခုမူ သူ၏အဖော်သည် ဒဏ်ရာများဖြင့်ပြည့်နေပြီး သူ၏ခန္ဓာကိုယ်သည်သွေးများဖြင့် ဖုံးလွမ်းနေပြီဖြစ်သည်။
အသုံးအဆောင်ဝိညာဉ်များတွင် ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များမရှိသော်လည်း တိုက်ခိုက်မှုအချို့သည် သူတို့အား ထိခိုက်စေနိုင်ပါသေးသည်။
"လျှို့ဝှက်ရေခဲကွင်း ကိုးခု၊ အစွန်းရောက်နတ်အလင်း ကိုးခု!"
ရေခဲကောင်းကင်သည် သူတော်စင်ဒေါသလှိုင်းနှင့် သူတော်စင်မုန်တိုင်းလှိုင်းတို့ကြောင့် ဒဏ်ရာရတော့မည့်အချိန်တွင် အန္တိမယင်က ရုတ်တရက်အော်လိုက်လေသည်။
သူ၏ဘေးတွင်ရှိသော လျို့ဝှက်ရေခဲကွင်းကိုးခုသည် နတ်အလင်းအဖြစ်ပေါက်ထွက်သွားပြီး ချက်ခြင်းပင် နတ်ဘုရားလ ကိုးစင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
နက်နဲသည့်ရေခဲတာအိုဖြင့် ရစ်ပတ်ကာ သူတို့သည် နေရာလပ်ထဲတွင် ရစ်ပတ်နေကာ ရန်သူကို တိုက်ခိုက်လိုက်ကြသည်။
ထိုလှုပ်ရှားမှုသည် အစွန်းရောက်ယင်၏သတ်ဖြတ်ခြင်းနည်းစနစ်ဖြစ်ကာ ရေခဲကွင်းကိုးခုနှင့် ပေါင်းစပ်လိုက်သောအခါ အလွန်ပြသနာဖြစ်စေနိုင်ပါသည်။
ထိုနည်းပညာနှင့်ပင် နှစ်ဦးသည် ယခုချိန်ထိ ရန်သူများကိုတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ပင်လယ်နက်သူတော်စင်များသည် သူ၏ နည်းစနစ်များနှင့်ပိုမိုရင်းနှီးလာသည်နှင့်အမျှ ဤလုပ်ရှားမှု၏ ထိရောက်မှုသည် တဖြည်းဖြည်းလျော့ကျလာခဲ့သည်။
အစပိုင်းတွင် တာအိုဖွဲ့စည်းခြင်းသူတော်စင်များစွာကို သတ်နိုင်ခဲ့သော်လည်း ယခုမူ ပင်လယ်နက်သူတော်စင်တို့၏အကြေးခွံကိုပင် ထိနိုင်ရန် မသေချာတော့ပေ။
သူတို့သည် သူတို့၏မျက်လုံးများဖြင့် မြင်ရပြီး နှလုံးသားထဲတွင် စိတ်လှုပ်ရှားနေသော်လည်း အကူအညီမဲ့နေလေသည်။
သူတို့သည် လုပ်နိုင်သမျှ လုပ်ခဲ့ပြီးဖြစ်သည်။
အန္တိမ ယင်ဂိုဏ်းနှင့် ရေခဲကောင်းကင်တံခါးတို့က အတားအဆီးကို ကာကွယ်ရန် ကြိုးပမ်းရာတွင် ၎ င်းတို့၏ အင်အားစုများသည် ပင်ပန်းနွမ်းနယ်လုနီးပါး ဖြစ်နေသည် ။
သူတို့နှစ်ဦးသည် ယနေ့တွင်ပင် သေဆုံးရနိုင်ပါသည်။
အကူအညီခေါ်ထားသည်မှာ ရောက်သွားပြီဖြစ်သော်လည်း အခြားပိုင်နက်ကိုးခုသည်လည်း သေရေးရှင်ရေးအခြေအနေတွင် ဖြစ်နေကြပါသည်။
သူတို့ကိုယ်တိုင်လည်း တိုက်ခိုက်ခုခံနေရသဖြင့် မြောက်ပိုင်းကောင်းကင်ပိုင်နက်အား မည်ကဲ့သို့ လာရောက်ကူညီနိုင်မည်နည်း?
တိုက်ပွဲသည် နောက်ဆုံးအဆင့်သို့ တဖြည်းဖြည်းဝင်ရောက်လာပြီး ရန်သူအင်အားစုများ အကြားတွင် လူသားကျင့်ကြံသူ အများအပြား အသတ်ခံခဲ့ရသည် ။
ကျန်ရှိနေသေးသောသူများမှာ တာအိုဖွဲ့စည်းခြင်းသူတော်စင်အနည်းငယ်သာဖြစ်ပြီး ရန်သူရဲ့ ဝန်းရံမှုကို အပြင်းအထန် ခုခံနေဆဲဖြစ်သည်။
ပြီးနောက် ဂိုဏ်းနှစ်ခုစလုံးမှတပည့်များသည် အတူတကွစုစည်းရန်ခက်ခဲနေကြသည်။
သို့သော် ယခုမူ ပင်လယ်နက်ကျင့်ကြံသူများသည် သူတို့အား ထပ်မံ၍ တိုက်ခိုက်လာပြန်လေသည်။
ပြီးနောက် အကယ်၍ သူတို့သည် ဤတိုက်ပွဲတွင် ကျဆုံးလျှင်၊
မြောက်ပိုင်းကောင်းကင်ပိုင်နက်သည် တရားဝင်ကျဆုံးတော့မည်ဖြစ်သည်။
***