လူသားမျိုးနွယ်၏အကြီးအကဲ၊ အခြေအနေကိုပြောင်းပြန်လှန်ခြင်း
Vol. 50 Ch. 932
မဟာယာနတာအိုအရှင်များ၏ တိုက်ပွဲက ပြင်းထန်လာသည်နှင့် ချင်ရှန်းဝူနှင့် သူ၏အဖော်တို့သည် အလွန်ဖိနှိပ်ခံနေရသည်ကို တွေ့ခဲ့ကြရသည်။
သူတို့သည် သူတို့၏ကန့်သတ်ချက်ထိရောက်အောင် တွန်းအားပေးခဲ့ပြီး တိုက်ခိုက်မှုတစ်ခုဆီသည် ဖျက်ဆီးနိုင်ရန်လုံလောက်သော (သို့) လောကသစ်ကိုမွေးဖွားရန်လုံလောက်သော စွမ်းအားလှိုင်းများ ထုတ်ခဲ့သည်။
တစ်ချိန်က နေရာလပ်နှင့် ပြင်ပဒိုမိန်းသည် ယခုမူ အမျိုးမျိုးသော တာအိုစည်းမျဉ်းများဖြင့် လွှမ်းမိုးထားပြီး နက်ရှိုင်းသောကောင်းကင်အား ပိုင်းထားသော ကြယ်မြစ်ကို ကိုယ်စားပြုနေလေသည်။
တာအိုအရှင်များသည် စကြဝဠာ၏ အစွန်းတွင် တိုက်ခိုက်နေပုံရပြီး တာအိုကိုပင် ဘာမှမရှိတော့အောင် အမှုန့်ကြိတ်နေသည်။
“ဟားဟား ဘာဒြပ်စင်ငါးပါးပြန်လည်မွေးဖွားခြင်းလဲ။ အားလုံးက ငါ့အာဟာရဖြစ်လာလိမ့်မယ်။”
မျက်လုံးတစ်ရာအသူရာနတ်ဆိုးတာအိုအရှင်နှင့် အခြားအသူရာတာအိုအရှင်သည် ချင်ရှန်းဝူ၏ ဒြပ်စင်ငါပါး ကိုယ်ပွားများကို ဖျက်စီးပစ်နိုင်လုနီးပါးဖြစ်နေသည်။
သူတို့၏တိုက်ခိုက်မှုတွင် သူတို့သည် ဒြပ်စင်ငါးပါး ကိုယ်ပွားများကိုထိုးခဲ့ပြီး သူတို့၏အသားများ သည် ရောင်ကိုင်းနေကာ ထိုကိုယ်ပွားများကို တင်းကြပ်စွာ ရစ်ပတ်ထားသည့် ပိတ်စတစ်ခုကို ဖွဲ့စည်းထားခဲ့သည်။
ရက်စက်သည့်လှည့်ကွက်များနှင့် သဘောတူညီချက်များကြောင့် သူတို့သည် ဒြပ်စင်ငါးပါး၏ စည်းမျဉ်းကို ဝါးမြိုခဲ့ပြီး ကိုယ်ပွားများထဲမှ ထွက်လာကာ ၎င်းတို့အား အသက်မဲ့သောအရာအဖြစ် ပြောင်းလဲလိုက်သည်။
အသူရာနတ်ဆိုး မဟာယာနတာအိုအရှင်များသည် တာအိုစည်းမျဉ်းများကို ကျော်ဖြတ်ကာဝါးမြိုနိုင်ပါသည်။
ထို့ကြောင့် အသူရာနတ်ဆိုးအရှင် နှစ်ဦးသည် သူတို့၏ဖလှယ်မှုတွင် နည်းလမ်းတူနှင့်ပင် ချင်ရှန်းဝူ၏ ဒြပ်စင်ငါးပါးကိုယ်ပွားများကို ဝါးမျိုကာ ရန်သူနှစ်ဦးကြား ရုတ်တရက် အကျိုးယုတ်စေခဲ့သည်။
ထိုအချိန်တွင် နေရာလပ်တိုက်ပွဲထဲတွင် နတ်အရိပ်ဂိုဏ်းမှ တာအိုအရှင်သည် သွေးနှောမျိုးနွယ်မှ တာအိုအရှင်နှင့် တိုက်ခိုက်နေသည်။
သူတို့သည် နေရာလပ်ထဲသွားလာကာ တိုက်ခိုက်မှုတစ်ခုချင်းဆီသည် သေစေနိုင်ပြီး တာအိုစည်းမျဉ်းများနားလည်မှုနှင့် နေရာလပ်၏နက်နဲမှုတို့ဖြင့် တိုက်ခိုက်နေကြသည်။
ရှင်းလင်းစွာပင် သူတို့၏ ပြင်းထန်သောတိုက်ပွဲတွင် အောင်ပွဲကို ဆုံးဖြတ်ရန် ခက်ခဲပါသည်။
တစ်ချိန်တည်းမှာပင်၊ နတ်ဗိမာန်ဂိုဏ်းမှ တာအိုအရှင်သည် လျှင်မြန်စွာဖြင့် နတ်ဆိုးသားရဲနှင့် ပင်လယ်နက်လေလွင့်သူတို့၏ ပြန်လည်တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။
တစ်ဖက်တွင် ပင်လယ်နက်လေလွင့်သူ တာအိုအရှင်၏ ကြမ်းတမ်းသည့်တိုက်ခိုက်မှုဖြစ်ကာ အခြားတစ်ဖက်သည် ကောင်းကင်မြိုမြွေနဂါးမျိုးနွယ်မှ ရှေးဟောင်းကျကာ စွမ်းအားကြီးသော တာအိုအရှင်ဖြစ်ပါသည်။
အတူတကွ၊ ထိုနှစ်ဦးသည် နတ်ဗိမာန်ဂိုဏ်းမှ ဝါရင့်တာအိုအရှင်အား သူတို့၏တိုက်ခိုက်မှုများအား မခုခံနိုင်ရန်ခက်ခဲအောင်ပြုလုပ်ခဲ့ကြသည်။
နတ်ဆိုးသားရဲတာအိုအရှင်သည် ၎င်း၏အထွတ်အထိပ်ဝါးမြိုခြင်းစွမ်းအားကိုကိုင်ဆောင်ကာ အရာအားလုံးကို အစာချေခဲ့ပြီး အချိန်နှင့် နေရာကိုပင် ကြောက်မက်ဖွယ်အရှိန်ရရှိရန် အမှုန်ကြိတ်ခဲ့သည်။
ကြီးမားသည့် ကောင်းကင်မြိုမြွေနဂါးသည် ရူးသွပ်စွာကနေပြီး နတ်ဗိမာန်စွမ်းအား၏ တာအိုအရှင်ဖွင့်ပြသော စည်းမျဉ်းစွမ်းအားများကို ဝါးမြိုခဲ့သည်။
ထိုဖိနှိပ်မှုအောက်တွင် သူ၏စွမ်းအားသည် အနည်းဆုံးငါးဆ လျော့နည်းသွားခဲ့သည်။
ပင်လယ်နက်လေလွင့်သူ၏တာအိုအရှင်သည် အသူရာပင်လယ်၏သုံးခွမှိန်းကိုကိုင်ဆောင်ကာ ပြင်ပဒိုမိန်းကို ပင်လယ်နက်အဖြစ်ပြောင်းလဲပြီး မုန်တိုင်းများတိုက်စေကာ သူ၏လှုပ်ရှားမှုနှင့် ကောင်းကင်နှင့် မြေကြီးအား ပြောင်းပြန်လှန်လိုက်သည်။
“မင်းမလွတ်နိုင်ပါဘူး။ ငါမင်းကိုအခွင့်အရေးတစ်ကြိမ်ထပ်ပေးမယ်။ ငါတို့ဆီအညံ့ခံလိုက်။ ဒါဆို မင်းကိုအသက်ရှင်ခွင့်ပေးမယ်?” ကောင်းကင်မြိုမြွေနဂါးမျိုးနွယ်မှ နတ်ဗိမာန်ဂိုဏ်းမှ တာအိုအရှင်အား ဖိနှိပ်ထားရင်း သူ့အားဆွဲဆောင်ရန် ပြောလိုက်လေသည်။
သို့ရာတွင် ရေတံခွန်ဂိတ်နယ်မြေမှတာအိုအရှင်အား အသက်ချမ်းသာပေးရန်မှာ ရွေးချယ်စရာ မဟုတ်ပါ။
ထိုအဆင့်မြင့်ပုဂ္ဂိုလ်များသေဆုံးသွားမှသာ သူတို့သည် ရေတံခွန်ဂိတ်နယ်မြေအား စိတ်ငြိမ်းချမ်းစွာဖြင့် အုပ်ချုပ်နိုင်မည်ဖြစ်ကာ အသူရာနတ်ဆိုးများကို ပြန်လည်တိုက်ခိုက်နိုင်မည် ဖြစ်သည်။
“မဟာယာန တာအိုအရှင်တစ်ယောက်ဖြစ်ပေမဲ့ အရမ်းရိုးအတာပဲ။ မင်းတို့ နိုင်ပြီလို့များထင်နေလား?” နတ်ဗိမာန်ဂိုဏ်းမှ တာအိုအရှင်က ပြန်လည် ပြောဆိုလိုက်သည်။
“အို မင်းတို့သုံးယောက် ဒီနေ့ထွက်ပြေးနိုင်ဖို့ နည်းလမ်းရှိတယ်လို့ ထင်နေတာလား? ဒီနေ့ အကယ်၍ မင်းတို့….”
နတ်ဆိုးသားရဲတာအိုအရှင်သည် ထေ့ငေါ့ရန် ပြုလုပ်လိုက်သော်လည်း ရုတ်တရက် သူ၏စကားကို ရပ်လိုက်သည်။
အကြောင်းမှာ ရုတ်တရက် ကြောက်မက်ဖွယ်တည်ရှိမှုတစ်ခုက နေရာလပ်ထဲမှ ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။
ချက်ခြင်းပင် အသူရာနတ်ဆိုးများနှင့် နယ်မြေသုံးခုမှ တာအိုအရှင်များသည် မျက်မှောင်ကုပ် လိုက်ကြသည်။
၎င်းသည် ဖြစ်နိုင်ပါသလား?
ကြောက်မက်ဖွယ်စွမ်းအားသည် နေရာလပ်ကို ဖြတ်လာပြီး ကြီးမားသည့်လောကဂိတ်သည် ရုတ်တရက် ပွင့်လာသည်။
အတွင်းမှ မြင့်မားသော ပုံရိပ်တစ်ခုပေါ်ထွက်လာကာ ရှိန်လောက်သည့်ရောင်ဝါသည် ချက်ခြင်းပင် အရာအားလုံးကို လွမ်းခြုံသွားသည်။
“ဟားဟားဟား၊ နတ်ဆိုးသားရဲတွေ၊ ပင်လယ်နက်လေလွင့်သူတွေ၊ အသူရာနတ်ဆိုးတွေ၊ ဒီနေ့မင်းတို့ရဲ့နောက်ဆုံးနေ့လို့မှတ်ထားလိုက်။”
လောကဂိတ်မှ အလင်းတန်းများထိုးထွင်းထွက်ပေါ်လာပြီး အသစ်လာရောက်သူကို တောက်ပစေခဲ့သည်။
အကြီးအကဲနှစ်ဦး၏ပုံရိပ်နောက်တွင် ကြီးမားသော ဂုဏ်ကျက်သရေရှိဓမ္မပုံစံသည် ပေါ်ထွက်လာကာ သူတို့၏တည်ရှိမှုသည် အံ့အားသင့်စရာကောင်းစွာဖြင့် တိုက်ပွဲနယ်မြေသို့ ရောက်လာခဲ့သည်။
“မင်းတို့ထင်ခဲ့လား? အသူရာနတ်ဆိုးတွေ၊ မျိုးနွယ်ခြားတွေ မင်းတို့သိတာက အကြံအစည် ထုတ်ဖို့ပဲမလား?”
စွမ်းအားကြီးသည့်ရောင်ဝါများသည် နီးကပ်လာသည်နှင့် နတ်ဗိမာန်ဂိုဏ်းမှ တာအိုအရှင်က မနေနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
သူတို့သည် မဟာယာနမဟာတိုက်ပွဲကိုမစတင်မီကပင် သူတို့သည် ဖြစ်လာနိုင်သော အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ထားပြီဖြစ်ပါသည်။
ထိုမဟာယာနတာအိုအရှင်နှစ်ဦးသည် ရေတံခွန်ဂိတ်နယ်မြေ၏ ပုန်းကွယ်ထားသော စွမ်းအားကြီးသူများဖြစ်ကြသည်။
သူတို့သည် နယ်မြေအတွင်းမှ ရှေးဟောင်း သက်ရှိများဖြစ်ကြပြီး မသေမျိုးနယ်မြေသို့ သေချာသည့် အကြောင်းအရင်းများကြောင့် တက်ရောက်နိုင်ခြင်းမရှိခဲ့သောကြောင့် သူတို့ကိုယ်တိုင် စည်းချထားကာ ရေတံခွန်ဂိတ်နယ်မြေ၏ ကြီးမားသော ကပ်ဘေး (သို့) အလှည့်အပြောင်းတစ်ခုကို စောင့်နေခြင်းဖြစ်ပါသည်။
ထိုတာအိုအရှင် နှစ်ဦးပေါ်လာခြင်းဖြင့် အသူရာနတ်ဆိုးများနှင့် နယ်မြေသုံးခုမှ တာအိုအရှင်များ၏ မျက်နှာသည် တည်ငြိမ်သွားခဲ့သည်။
ထိုလူသားတာအိုအရှင်နှစ်ဦးသည် အလွန်နက်နဲကာ ကြောက်မက်ဖွယ်ရောင်ဝါများကို ထုတ်လိုက်ပြီး ၎င်းကို ၎င်းဝိညာဉ်နယ်မြေမှ မဟုတ်သည့် လေထုဆီမှ သယ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
“အကြီးအကဲ ကန့်သတ်မဲ့၊ အကြီးအကဲ ကောင်းကင်အလင်း။”
ချင်ရှန်းဝူနှင့် အခြားသူများသည် တိုက်ပွဲနေရာမှ ယာယီဆုတ်လိုက်ပြီး အဝေးမှ အကြီးအကဲ နှစ်ဦးအား အလေးပြုလိုက်သည်။
အကြီးအကဲများသည် ခေါင်းညိတ်လိုက်ပြီး သူတို့၏အကြည့်များသည် အသူရဦနတ်ဆိုးနှင့် မျိုးနွယ်ခြားတို့၏တာအိုအရှင်များ အပေါ်သို့ရောက်သွားခဲ့သည်။
သူတို့သည် မရေတွက်နိုင်သည့် မျိုးဆက်များမှဖြစ်ကာ ကျင့်ကြံခြင်းပြသနာကြောင့် တက်ရောက်နိုင်ခြင်းမရှိဘဲ ဤခေတ်ထိကျန်ရှိနေခြင်းဖြစ်သည်။
ထိုကဲ့သို့ လျှို့ဝှက်ချက်သည် ရေတံခွန်ဂိတ်နယ်မြေတွင် ထိုနှစ်ဦးကို အကြီးအကဲများအဖြစ် သတ်မှတ်ရသည့် တာအိုအရှင်များသာသိပေသည်။
ထိုလေးစားမှုသည် သူတို့၏ စီနီယာကျခြင်းကြောင့် ထားရခြင်းမဟုတ်ဘဲ သူတို့၏ ကြောက်မက်ဖွယ်စွမ်းအားကြောင့်လည်း ပါရှိပါသည်။
သူတို့သည် မဟာယနအဆင့်၏ စစ်မှန်သည့် အထွတ်အထိပ်မှလူများဖြစ်ပြီး မသေမျိုးဖြစ်ရန် တစ်ဝက်သာလိုသော တည်ရှိမှုမျိုးဖြစ်ပေသည်။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလိုသက်ရှိတွေက မသေမျိုးနယ်ပယ်ကို အစောကြီးကတည်းက တက်သွားသင့်ပြီမဟုတ်လား?” မျက်လုံးတစ်ရာနတ်ဆိုးတာအိုအရှင်က မယုံနိုင်စွာ ဟိန်းလိုက်သည်။
လောကထောင်ပေါင်းများစွာမြင်ဖူးသည့်သူတစ်ဦးအနေဖြင့် သူသည် ထိုအကြီးအကဲနှစ်ဦးသည် သာမန်မဟုတ်မှန်းပြောနိုင်ပါသည်။
“ဟမ့်။ ငါတို့ရဲ့တက်ရောက်ခြင်းက မင်းတို့ရဲ့အသက်တွေအပေါ်မူတည်တယ်။ နတ်ဆိုးတွေ ဒီနေ့ မင်းတို့က မင်းတို့ရဲ့အဆုံးသတ်ကိုတွေ့ရလိမ့်မယ်။” အကြီးအကဲကန့်သတ်မဲ့ဟုခေါ်သည့်အကြီးအကဲက ကြေငြာလိုက်သည်။
သူ၏ကန့်သတ်မဲ့တာအိုကိုကျင့်ကြံခြင်းသည် အလွန်လွမ်းမိုးနိုင်ပြီး ပြစ်ချက်တစ်ခုသာ ရှိပေသည်။ မသေမျိုးကိုရရှိရန်ခက်ခဲခြင်းဖြစ်သည်။
ထိုတာအိုလမ်းသည် အကြီးအကဲကန့်သတ်မဲ့ မပိုင်ဆိုင်သည့် သာလွန်ထူးခြားသည့် အရည်အချင်းများ တောင်းဆိုပေသည်။
သူ၏ကြီးကျယ်သည့်ဝသီဖြင့် တွန်းအားပေးကာ ကျင့်ကြံခြင်းမှလွဲ၍ မသေမျိုးကို ထိုးဖောက်နိုင်ရန်မှာ သူ့အတွက် အောင်မြင်နိုင်မည်မဟုတ်ပါ။
ထို့ကြောင့် သူသည် နှစ်သောင်းချီ သူ့ကိုယ်သူစည်းချပြီး အချိန်ကိုက်ကိုစောင့်နေခြင်းဖြစ်သည်။
သူ့အတွက်မူ တက်ရောက်ရန်အကောင်းဆုံးလမ်းမှာ ကောင်းသည့်မျိုးစေ့များရရှိပြီး ကုသိုလ်ကို စုဆောင်းရန်ဖြစ်သည်။
ယနေ့တွင် အသူရာနတ်ဆိုးများကိုသတ်ခြင်းက သူ့အား တက်ရောက်နိုင်ရန်မျှော်လင့်ချက်ကို ပေးနိုင်ပါသည်။
“မင်းတို့အတွက်တော့၊ မျိုးနွယ်ခြားတွေ၊ မင်းတို့အကြီးအကဲတွေက ငါတို့ရေတံခွန်ဂိတ်နယ်မြေကို လက်နက်ချဖူးတယ်။ အခုကျတော့ မင်းတို့က ငါတို့ကို ဖီဆန်ဖို့ကြိုးစားနေတာလား?”
အကြီးအကဲကောင်းကင်အလင်းသည်လည်း ဖြည်းဖြည်းချင်းစကားပြောလိုက်ကာ ရှေးဟောင်းလျှို့ဝှက်ချက်ကို ဖော်ထုတ်ပြောလိုက်သည်။
တစ်ချိန်က ရေတံခွန်ဂိတ်နယ်မြေသည် နယ်မြေလေးခုတွင် အင်အားအကြီးဆုံးဖြစ်ကာ အခြားသူများအား ဖိနှိပ်ခဲ့သည်။
၎င်းသည် ထိုနယ်မြေများနှင့် စွမ်းအားကြီးလူသားများ တက်ရောက်မသွားခင်အချိန်ထိဖြစ်ပြီး သူတို့သည် အင်အားကိုမြင့်တင်ရန် အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုစကားများဖြင့် ကောင်းကင်မြိုမြွေနဂါးမျိုးနွယ်မှတာအိုအရှင်၏မျက်နှာသည် မဲမှောင်သွားသည်။
ထျန်းယောင်နယ်မြေတွင် ရှေးဟောင်းအဖြစ်ဆုံးမျိုးနွယ်၏ခေါင်းဆောင်အနေဖြင့် သူသည် ထိုရှေးဟောင်းလျို့ဝှက်ချက်ကို သိရှိနေခဲ့ပါသည်။
သို့ရာတွင် ချန်းဟိုင်နယ်မြေနှင့် ထျန်းလင်းနယ်မြေတို့၏တာအိုအရှင်များက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်သွားခဲ့သည်။
၎င်းသည် နတ်ဆိုးသားရဲတာအိုအရှင်၏အမူအရာကိုတွေ့ပြီးမှသာ သူတို့သည် ထိုရှေးဟောင်းလျို့ဝှက်ချက်အား ပထမဦးဆုံးအနေဖြင့် သိရှိခဲ့ရခြင်းဖြစ်သည်။
***