တာအိုပေါင်းစည်းခြင်းနတ်ဆိုး၊ သတ်ဖြတ်ခြင်း
Vol. 50 Ch. 942
သောင်းနှင့်ချီသောနတ်ဆိုးများအား လူသားနှစ်ဦးမှ ချုံခိုတိုက်ခိုက်ခြင်းသည် ချက်ခြင်းပင် သေဆုံးသူရာချီဖြစ်ပေါ်စေခဲ့ပြီး တာအိုပေါင်းစည်းခြင်းနတ်ဆိုးငါးဦး၏မာနကို ထိခိုက်စေခဲ့သည်။
“ဒီနေ့ မင်းသေကိုသေရမယ်။”
အသူရာနတ်ဆိုးခေါင်းဆောင်သည် ဟိန်းလိုက်ပြီး သူ၏ဒေါသကို မထိန်းနိုင်ဘဲ သူ၏အသံသည် ကျယ်လောင်နေလေသည်။
ခနအကြာတွင်၊ ကြီးမားသည့် နတ်ဆိုးချီသည် သူ့ထံမှ ပေါက်ထွက်လာပြီး ကြီးမားသည့် အနက်ရောင်တိုင်တစ်ခုကို ဖွဲ့စည်းလိုက်ပြီး ကောင်းကင်ထဲသို့ပစ်လွတ်လိုက်ကာ အသူရာနတ်ဆိုးချောက်နက်နှင့် ဆက်သွယ်ခဲ့လေသည်။
အနက်ရောင်အရိပ်သည် နတ်ဆိုးအစီအရင်နှင့် ကျန်းချန်ရွှမ်ကိုဖုံးလွမ်းကာ ၎င်း၏များစွာသော ပုံမမှန်သည့် နတ်ဆိုးမျက်လုံးများသည် သွေးလများကဲ့သို့ အောက်သို့ကျလာကြပေသည်။
တာအိုပေါင်းစည်းခြင်းနတ်ဆိုးများ၏ပုံစံအစစ်အမှန်သည် ကျဆင်းလာပြီး နတ်ဆိုးချီသည် တောင်များကဲ့သို့ဖွဲ့စည်းကာ နတ်ဆိုးအသူရာချောက်၏စည်းမျဉ်းနှင့် ပြည့်နေပြီး လုံးဝကြမ်းတမ်းကာ ပြင်းထန်နေသည်။
ပြီးနောက် ထိုနေရာ၌ တစ်ခုတည်းမဟုတ်ဘဲ စုစုပေါင်းနတ်ဆိုးတာအိုပေါင်းစည်းခြင်း အရှင်ငါးဦးရှိပေသည်။
အဆုံးမဲ့နတ်ဆိုးချီ၏နောက်တွင် ကြီးမားသော နတ်ဆိုးရုပ်ပုံငါးခုသည် မြင့်တက်လာပြီး ကောင်းကင်သို့ ရောက်ရှိနေသည်။
သူတို့သည် အတိအကျ ဓမ္မပုံစံကို မဖော်ပြနိုင်သော်လည်း သူတို့သည် ကြမ်းတမ်းသည့် သတ္တဝါများနှင့် ပိုတူပြီး လူသားနှင့် မတူပါ။
သူတို့၏ ရှည်လျားသောလက်တံများနှင့် အရိုင်းဆန်ကာပုံမမှန်သည့် နတ်ဆိုးမျက်လုံးများသည် ထူးဆန်းစွာလည့်ပတ်နေပြီး သူတို့၏ခန္ဓာကိုယ်မှ အမျိုးမျိုးသောအင်္ဂါအစိတ်အပိုင်းများသည် မြင်ရသောသူကို ရူးသွပ်စေနိုင်ပါသည်။
အသူရာနတ်ဆိုများအား ရာစုနှစ်များစွာခုခံတိုက်ခိုက်နေကာ စစ်ပွဲတွင် အမြဲတိုက်ခိုက်နေခဲ့သော်လည်း ၎င်းသည် ကျန်းချန်ရွှမ်၏ နတ်ဆိုးများ၏ပုံစံအမှန်အား ပထမဆုံးမြင်တွေ့ရခြင်းဖြစ်ပါသည်။
နယ်မြေနှစ်ခုအကြားစစ်ပွဲ သို့ အရေးကြီးသည့် အကျိုးအမြတ်ကြောင့်သာမဟုတ်ခဲ့လျှင်၊ ထိုနတ်ဆိုးများသည် အသူရာချောက်နက်မှ လွယ်ကူစွာဖြင့် ထွက်လာမည်မဟုတ်ပါ။
ယေဘုယျအားဖြင့်၊ အသူရာနတ်ဆိုးများမှပစ်မှတ်ထားသည့် လောကများ၌ပင် သူတို့၏ပုံစံအစစ်အမှန်ကို မြင်ရမည်ဖြစ်သည်။
အချုပ်အားဖြင့် ထိုနတ်ဆိုများသည် နတ်ဆိုးအသူရာချောက်၏ ကိုယ်စားပြုများဖြစ်ကြပါသည်။
သူတို့သည်အသူရာချောက်၏ စွမ်းအားကို ကိုင်ဆောင်ကာတာအိုအတွင်း၏ ပုံမမှန်တည်ရှိမှုမျိုးကို ကိုယ်စားပြုနေပါသည်။
တာအိုပေါင်းစည်ခြင်းနတ်ဆိုးများ၏ပုံစံများနှင့်အတူ ကြောက်မက်ဖွယ်ဖိအားသည် ချက်ခြင်းပင် ဖြတ်သွားခဲ့ပြီး နတ်ဆိုးသားရဲများထပ် ပို၍ သန်မာပါသည်။
အဆုံး၌၊ အသူရာနတ်ဆိုးများသည် သာမန်အာရုံနှင့် စည်းမျဉ်းများရှိသော သက်ရှိများဖြစ်ပြီး မကောင်းဆိုးဝါးဆန္ဒများ ပေါင်းစည်းထားသော သက်ရှိများဖြစ်ပြီး ၎င်းတို့အား သာမန်ကျင့်ကြံသော နတ်ဆိုးများထပ်ထူးခြားမှုကိုဖြစ်စေပါသည်။
သို့ရာတွင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အတွက် သူတို့၏တည်ငြိမ်သောတာအိုနှလုံးသားအတွက်မူ ထိုသို့သော တည်ရှိမှုသည် သက်ရောက်မှုမရှိပါ။
မဟာယာနတာအိုအရှင်ကပင် သူတို့၏နက်ရှိုင်းသည့်ဆန္ဒအားမတည်ငြိမ်အောင် လုပ်နိုင်မည် ဖြစ်သည်။
ဟိန်းသံများ…ဟိန်းသံများ….
နတ်ဆိုးပုံရိပ်ငါးပါးသည် တပြိုင်နက်တည်းဟိန်းလိုက်ကြပြီး ချက်ခြင်းပင် သောင်းနှင့်ချီသော နတ်ဆိုးများသည် မြည်ဟိန်းနေကြကာ သူတို့၏အဟုန်သည် ကောင်းကင်ကို လှုပ်ရှားစေခဲ့သည်။
များစွာသောကြီးမားသည့်နတ်ဆိုးခန္ဓာကိုယ်များနှင့် လက်တံများသည် ကောင်းကင်မှဖိနှိပ်နေပြီး ပြင်းထန်သည့်လေထုသည်လည့်ပတ်နေကာ လေးလံစွာဖြင့် ထိုနှစ်ဦးကိုရိုက်ချလိုက်သည်။
ကျန်းချန်ရွှမ်သည် သူ၏ဘယ်ဘက်လက်တွင် အစူရာကောင်းကင်စည်းကိုယူထုတ်လာပြီး ချက်ခြင်းပင် အသက်သွင်းကာ အကာအကွယ်အတားအဆီးများဖွဲ့စည်းကာ အရိပ်များကျစေခဲ့ပြီး တိုက်ခိုက်မှုကို တားဆီးခဲ့သည်။
ဂျုန်း…
မြေကြီးသည် ချက်ခြင်းးပင် မိုးကြိုးများဖြင့် ပေါက်ထွက်လာပြီး သူတို့တိုက်ခိုက်မှု၏ နောက်ဆက်တွဲသည် မြေကြီးကို မိုင်ပေါင်းများစွာပျက်စီးစေခဲ့သည်။
သို့သော် ၎င်းသည် လုံးဝပြီးဆုံးခြင်းမှ ဝေးနေသေးကာ ကျန်းချန်ရွှမ်သည် နတ်ဆိုးခေါင်းဆောင်၏ တိုက်ခိုက်မှုကိုတားဆီးလိုက်ပြီး အခြားတာအိုပေါင်းစည်းခြင်း နတ်ဆိုးများ၏ တိုက်ခိုက်မှုများ ချက်ခြင်းရောက်လာခဲ့လေသည်။
နတ်ဆိုးချီ၏တိုက်ခိုက်မှုသည် သူတို့အား ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ကြီးမားသည့် အနက်ရောင်တိုင် များသည် နေရာတိုင်းပျံ့ကျဲနေကာ၊ နေရာလပ်ထဲ တွင်းနက်များပေါ်ထွက်လာလေသည်။
၎င်းသည် တာအိုပေါင်းစည်းခြင်းအင်အားဖြစ်ပြီး ကျန်းချန်ရွှမ်သည် အဇူရာကောင်းကင် စည်းတံဆိပ်အား အပြည့်အဝအသက်သွင်းလိုက်ပြီး ၎င်း၏တောက်ပသောအလင်းသည် နေကဲ့သို့တောက်ပနေလေသည်။
ဖရိုဖရဲဖြစ်နေသည့် ကြောက်မက်ဖွယ်ဓမ္မစွမ်းအားသည် မွေးဖွားလာပြီး တိုက်ပွဲ၏မြူခိုးများကို ရှင်းလင်းပေးကာ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် တည်ငြိမ်စွာရပ်နေဆဲဖြစ်သည်။
သူတို့၏ပတ်ပတ်လည်မှမြေကြီးသည် ကြီးမားသောအပေါက်ဖြစ်နေကာ သူတို့၏ ခြေထောက်အောက်မှ တောင်ကုန်းသည်ပင် ခြေရာလက်ရာမပျက်ဘဲ ရှိနေလေသည်။
ကျန်းချန်ရွှမ်သည် သူ၏လက်ထဲတွင် ရှိသော ခုခံရေးရတနာ အဇူရာကောင်းကင်စည်းတံဆိပ်ကို ကြည့်ကာ တာအိုပေါင်းစည်းခြင်းနတ်ဆိုးငါးဦး၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခုခံခဲ့လေသည်။
၎င်းသည် မှိန်ပြပြဖြစ်နေပြီး တာအိုပေါင်းစည်းခြင်းနတ်ဆိုးတို့၏ ကြောက်မက်ဖွယ်စွမ်းအားကို ပြသနေပါသည်။
“အဲ့တာက မင်းတို့စွမ်းအားအကုန်ပဲလား?”
၎င်းသည် ကျန်းချန်ရွှမ်၏သုံးသပ်ချက်ဖြစ်သည်။
ထိုနတ်ဆိုးများသည် သူတို့၏စွမ်းအားများကိုပေါင်းစည်းခြင်းသည် တာအိုနက်နဲအဆင့်၏ စွမ်းအားနှင့် ကိုက်ညီပါသည်။
သို့သော် ကျန်းချန်ရွှမ်သည် တာအိုနက်နဲအဆင့်ကျင့်ကြံသူအား ကိုယ်တိုင်ရှင်းလင်းပြီးဖြစ်သည်။
“ဒီဟာကိုကျွန်မကိုင်တွယ်ခွင့်ပြုပါ။”
ရှန်းရူယန်က စိတ်အားထက်သန်စွာပြောလိုက်လေသည်။
ကျန်းချန်ရွှမ်၏စွမ်းအားကြီးလာသည်ကိုကြည့်ပြီး ရှန်းရူယန်သည် နောက်တွင်ကျန်နေခဲ့ရန် ငြင်းဆန်ခဲ့သည်။ ထို့ပြင် သူမသည် တာအိုပေါင်းစည်းခြင်းရန်သူအား သူမ၏ လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားဖြင့် သုတ်သင်ပြီးဖြစ်သည်။
“ကောင်းပြီ။”
ကျန်းချန်ရွှမ်သည် စကားပြောပြီးသည်နှင့် ထိုနှစ်ဦးသည် အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်သို့ပျံဝဲတက်သွားလေသည်။
ရှန်းရူယန်သည် သူ၏တာအိုစည်းမျဉ်းကိုထုတ်ဖော်လိုက်ပြီး လျှပ်စီးဝိညာဉ်အဖြစ် ပြောင်းလဲလိုက်သည်။ ဒြပ်စင်ငါးပါးနတ်မိုးကြိုးသည်သူမ၏ခန္ဓာကိုယ်တွင် တုန်ခါနေပြီး တောက်ပစွာ လင်းနေလေသည်။
သူမသည် ကြီးမားသည့်လက်ကြီးတစ်ခုဆီသို့ ဦးတည်သွားလိုက်ပြီး ပြင်းထန်သည့် လျှပ်စီးသည် ချက်ခြင်းပင် ကြီးမားသည့်အပေါက်ကြီးအဖြစ်တောက်လောင်သွားခဲ့သည်။
တစ်ပြိုင်နက်ထဲ ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးပြန်လည်မွေးဖွားခြင်းဒိုမိန်းအား အဆုံးအစွန်အထိ မြင့်တင်လိုက်ပြီး ငါးရောင်ခြယ်နတ်အလင်းသည် သူ၏နောက်မှ ထွက်လာခဲ့လေသည်။
အစိမ်း၊ အနီ၊ အဝါ၊ အဖြူနှင့် အပြာတို့သည် စီးဆင်းနေသော မြစ်ကဲ့သို့ ရှေ့သို့စီးဆင်းနေသည်။
ကြောက်မက်ဖွယ် ဒြပ်စင်ငါးပါးသုတ်သင်ခြင်းအလင်းသည် ချက်ခြင်းပင် အသူရာနတ်ဆိုး ခေါင်းဆောင်များအား ကြောက်ရွံ့မှုကိုခံစားစေခဲ့သည်။
တာအိုပေါင်းစည်းခြင်းအဆင့်တူဖြစ်သည့် ကျန်းချန်ရွှမ်၏ဓမ္မစွမ်းအားသည် သူတို့အား ကြောက်ရွံ့စေခဲ့သည်။
ဦးဆောင်နေသည့် အသူရာနတ်ဆိုးသည် ပင့်ကူနတ်ဆိုးကဲ့သို့ဖြစ်ကာ ပါးစပ်ကိုကျယ်လောင်စွာ ဖွင့်ထားပြီး အနက်ရောင်အဆိပ်တိမ်တိုက်များကို ဖြန်းပက်ကာ အရာအားလုံးကို တိုက်စားခဲ့သည်။
သို့သော် ဒြပ်စင်ငါးပါးသုတ်သင်ခြင်းအလင်းသည် ခဏရပ်သွားကာ အဆိပ်မြူများသည် ပျောက်ပြယ်သွားလေသည်။
ပြီးမှ ထိုနတ်ဆိုးခေါင်းဆောင်၏ ပါးစပ်ကိုထိုးဖောက်သွားခဲ့သည်။ ထိုနတ်ဆိုးသည် စည်းမျဉ်းများ၏ စွမ်းအားကို ရွှေ့ပြောင်းပေးခဲ့ပြီး ၎င်းသည် စွမ်းအားလိမ့်တက်လာသည်ကို မြိုချခဲ့ပြီး ဒြပ်စင်ငါးပါးသုတ်သင်ခြင်း အလင်းကို စားသုံးရန် ကြိုးစားခဲ့လေသည်။
သို့ရာတွင်၊ ၎င်းသည် ရှင်းလင်းစွာဖြင့် ဒြပ်စင်ငါးပါးတာအို၏အဆင့်ကို လျော့တွက်ခဲ့ခြင်း ဖြစ်ပေသည်။ ငါးရောင်ခြယ်သုတ်သင်ခြင်းအလင်းသည် ကြီးမားသောနတ်ဆိုးခန္ဓာကိုယ်ထဲသို့ ဝင်သွားခဲ့သည်။
အနက်ရောင်တာအိုနှင့် ပူးပေါင်း၍ မပျောက်ကွယ်သေးပဲကျန်ရှိနေလေသည်။
တဖြည်းဖြည်းနှင့် ပင့်ကူနတ်ဆိုး ခေါင်းဆောင်၏မျက်နှာသည်လိမ်နေပြီး ၎င်း၏ခန္ဓာကိုယ်အနှံ့တွင် အနာများပေါက်လာခဲ့လေသည်။
သူ့အား ဆုတ်ဖြဲတော့မည့်နီးပါးပင်။
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။”
နတ်ဆိုးခေါင်းဆောင်သည် ဟိန်းသံများထွက်လာခဲ့ပြီး ခဏအကြာတွင် ငါးရောင်ခြယ်သုတ်သင်ခြင်း အလင်းက ပေါက်ထွက်လာခဲ့လေသည်။
ကြီးမားသည့်ပင့်ကူပုံစံနတ်ဆိုး၏ဗိုက်သည် ရုတ်တရက် ဒြပ်စင်ငါးပါးအလင်းဖြင့် ကြီးမားစွာ ယောင်ရမ်းလာပြီးအသားရောင်သည်တောက်ပလာလေသည်။
ဂျုန်း…
ဒြပ်စင်ငါးပါးတာအိုနှင့် မြိုချခြင်းတာအိုကြားမှတိုက်ခိုက်မှုသည် နောက်ဆုံးရလဒ်ကို မဆုံးဖြတ်နိုင်ခဲ့ပါ။ သို့သော် ထိုသို့သောစွမ်းအားသည် ရှင်းလင်းစွာပင် ပင့်ကူနတ်ဆိုးအား ခံနိုင်ရန် ခက်ခဲစေခဲ့ပါသည်။
ပေါက်ကွဲမှုသည် လျှင်မြန်စွာပြန့်နှံ့သွားပြီး နတ်ဆိုးခေါင်းဆောင်များ၏ခန္ဓာကိုယ်သည် ချက်ခြင်းပင် မရေတွက်နိုင်သည့် အသားအပိုင်းအစများအဖြစ် ပြောင်းလဲသွားကာ နေရာတိုင်းသို့ ပြန့်ကျဲသွားခဲ့သည်။
ဖရိုဖရဲတာအိုစွမ်းအားသည်နေရာလပ်တွင်လည့်လည်နေပြီး ဖျက်ဆီးခြင်းစွမ်းအား ပြန်နှံ့နေလေသည်။
ထိုမြင်ကွင်းသည် သောင်းနှင့်ချီသော အသူရာနတ်ဆိုးများအား ချက်ခြင်းတိတ်ဆိတ်သွားစေခဲ့ပြီး ကြမ်းတမ်းသည့်မျက်နှာများစွာ၌ ကြောက်ရွံ့မှုများလွှမ်းခြုံသွားလေသည်။
တာအိုပေါင်းစည်းခြင်းအဆင့် အသူရာနတ်ဆိုးသည် အမှန်တကယ်ပင် ကျန်းချန်ရွှမ်သည် လှုပ်ရှားမှုတစ်ခုတည်းဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရလေသည်။
အခြားတာအိုပေါင်းစည်းခြင်းနတ်ဆိုးခေါင်းဆောင်များ၏မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး ပထမဆုံးအနေဖြင့် ကြောက်ရွံ့မှုကိုပြသခဲ့သည်။
လောကသစ်သို့ကျူးကျော်စစ်ပွဲစတင်သည့်အချိန်မှစ၍ ကျဆုံးသွားသော နတ်ဆိုးတာအိုပေါင်းစည်းခြင်းအရှင်၏ အရေတွက်သည် ရေတွက်၍ ရပါသည်။
ပြီးနောက်၊ ၎င်းတို့သည် ချုံခိုတိုက်ခိုက်ခြင်း သို့ နတ်ရတနာများမှ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
မမျှော်လင့်ထားဘဲ သူတို့၏မျက်စိရှေ့၌ပင် လူသားကျင့်ကြံသူများသည် တာအိုပေါင်းစည်းခြင်း အဆင့် နတ်ဆိုးအရှင်ကို လှုပ်ရှားမှုတစ်ခုတည်းဖြင့် သတ်ဖြတ်လိုက်သည်။
သို့တိုင် ကျန်းချန်ရွှမ်၏စိတ်ထဲတွင် စနစ်၏တာဝန်သည်တစ်ထောင်ထိမှတ်ထားသည်။
“အများကြီးကျန်သေးတယ်။”
ကျန်းချန်ရွှမ်သည် ရေရွတ်လိုက်ကာ ရှင်းလင်းစွာပင် ရလဒ်အား မအံ့ဩခဲ့ပါ။
***