← Chapters

တန်ပြန်တိုက်ခိုက်မှုမှ စနစ်၏မစ်ရှင်

Vol. 50 Ch. 935

တန်ပြန်တိုက်ခိုက်မှုမှ စနစ်၏မစ်ရှင်

Vol. 50 Ch. 935

"မျိုးနွယ်ခြားတာအိုအရှင်တွေ ရှုံးပြီ။ အပြည့်အဝဆန့်ကျင်တန်ပြန်တိုက်ခိုက်ရေးစတင်ပါ!"

မဟာယာနတာအိုအရှင်များ၏ စကားသည် နယ်မြေများ၏အတားအဆီးများအား ဖြတ်ကျော်လာပြီး ရေတံခွန်ဂိတ်နယ်မြေ၏ ထောင့်တိုင်းသို့ရောက်ရှိသွားသည်။

ထိုထိတ်လန့်ဖွယ်အမိန့်သည် မငြင်းနိုင်သည့်အရှိန်အဟုန်နှင့် မရေတွက်နိုင်သော နှလုံးသားများကို တုန်လှုပ်စေခဲ့သည်။

ထိုသတင်းသည် နယ်မြေလေးခုတွင် ကြီးမားသည့် ဆွေးနွေးစရာတစ်ခုဖြစ်ခဲ့ပြီး ဘီလီယံနှင့်ချီသော သက်ရှိများအား သူတို့၏နားများကို သံသယဖြစ်စေခဲ့သည်။

နတ်ဆိုးသားရဲ၊ ပင်လယ်နက်လေလွင့်သူနှင့် သွေးနှောများ၏တာအိုအရှင်တို့သည် ရှုံးနိမ့်ခဲ့လေသည်။

မျိုးနွယ်ခြားများ၏ မရေတွက်နိုင်သည့်အဖွဲ့ဝင်များသည် ထိတ်လန့်သွားကြပြီး ရေတံခွန်ဂိတ်နယ်မြေ၏ နယ်မြေအတားအဆီးများ၌ တိုက်ခိုက်နေကြသည့်ရန်သူများသည် ချက်ခြင်းပင် သူတို့၏နှလုံးသားများ၌ ကြောက်ရွံ့မှုများနှင့် ပြည့်သွား၍ ဖရိုဖရဲ ဖြစ်ကုန်ကြလေသည်။

ကျင့်ကြံသူများအတွက် မဟာယာနတာအိုအရှင်များသည် အထွတ်အထိပ်သက်ရှိများဖြစ်ကာ နယ်မြေ၏ စစ်မှန်သော အရှင်သခင်များဖြစ်၍ ကျင့်ကြံခြင်း၏ အထွတ်အထိပ်ဖြစ်ပါသည်။ ၎င်းတို့ကို မကျော်လွားနိုင်သော အနန္တတန်ခိုးရှင်အဖြစ် ရှုမြင်ကြသည်။ သူတို့သည် မည်သို့ ရှုံးနိမ့်နိုင်မည်နည်း?

သို့သော် တာအိုအရှင်သုံးဦးတို့၏စကားများသည် နယ်မြေလေးခုတွင်ပျံ့နှံ့နေပြီး ကြောက်မက်ဖွယ် အရှိန်အဟုန်ကို သယ်ဆောင်ထားခဲ့သည်။

၎င်းသည် အမှန်တကယ်ပင် တာအိုအရှင်များ၏ အမိန့်ဖြစ်ကာ တာအိုအရှင်များသည် လှည့်စားရန် အကြောင်းအရင်းမရှိပါ။

နယ်မြေလေးခုသည် တိတ်ဆိတ်သွားခဲ့ပြီး မည်သူမှ မလှုပ်ရှားရဲကြပေ။

သူတို့သည် မျိုးနွယ်ခြားတာအိုအရှင်များ၏ တုံ့ပြန်မှုကိုစောင့်ဆိုင်းနေကြသည်။

သို့သော်လည်း တုံ့ပြန်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ ။ ရေတံခွန်ဂိတ်နယ်မြေ တာအိုအရှင်များ၏ ရန်စမှုကို ရင်ဆိုင်နေရသော်လည်း နယ်မြေသုံးခု၏တာအိုအရှင်များသည် မထွက်ပေါ်လာခဲ့ပါ။

၎င်းသည် ၎င်းတို့ကိုယ်တိုင်၏တုံ့ပြန်မှုဖြစ်ပါသည်။

နတ်ဆိုးသားရဲများ၊ ပင်လယ်နက်လေလွင့်သူများနှင့် သွေးနှောများ၏မဟာတာအိုအရှင်များသည် ရေတံခွန်ဂိတ်နယ်မြေ၏ တာအိုအရှင်များထံ အမှန်တကယ်ရှုံးနိမ့်ခဲ့ပြီဖြစ်သည်။

၎င်းသည် နယ်မြေသုံးခု၏နောက်ဆုံးအဟန့်အတားသည် ပျက်ဆီးသွားခဲ့ပြီဖြစ်ပြီး ရေတံခွန်ဂိတ်နယ်မြေသည် မလွှမ်းမိုးနိုင်သည့်သက်ရှိအဖြစ် ရပ်တည်နိုင်ခဲ့ပြီဟု ဆိုလိုပါသည်။

ပြင်ပအခြေအနေ မည်သို့ပင်ရှိပါစေ၊ မဟာယာနတာအိုအရှင်များသည် သူတို့၏ လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီး ရလဒ်ကို ဆုံးဖြတ်ခဲ့ပါသည် ။

ရေတံခွန်ဂိတ်နယ်မြေ၏တာအိုအရှင်များ၏အောင်မြင်မှုနှင့် တိုက်ပွဲဒီရေသည် လုံးဝပြောင်းလဲသွားခဲ့ပြီဟု ဆိုလိုပါသည်။

ဤအခိုက်အတန့်တွင် ကျန်းချန်ရွှမ်နှင့်အခြားသူများသည် မြောက်ပိုင်းကောင်းကင်နယ်မြေတွင် ရှိနေဆဲဖြစ်ပြီး စစ်မြေပြင်ကိုရှင်းလင်းစေရန် အန္တိမယင်ဂိုဏ်းနှင့် ရေခဲကောင်းကင်တံခါးတို့ကို ကူညီခဲ့သည် ။

မဟာယာနတာအိုအရှင်များ၏ အမိန့်သည် အားလုံးကို ကြောင်အသွားစေသည်။

"ဒါအမှန်ပဲလား" သူတော်စင်ရေခဲကောင်းကင်က အံ့အားသင့်စွာမေးလိုက်သည် ။

မကြာသေးမီက မြောက်ပိုင်းကောင်းကင်ပိုင်နက်သည် သုတ်သင်ခံရမည့်ဆဲဆဲဖြစ်ခဲ့သည်။

ယခုအခါတွင် စစ်ပွဲသည် ပြီးပြည့်စုံသည့်အောင်ပွဲနှင့် တန်ပြန်တိုက်ခိုက်မှုပြုလုပ်ရန်ဦးတည်နေပြီဟု အံ့အားသင့်စရာသတင်းများကို ကြားခဲ့ရလေသည်။

“အဲဒါက မှန်ရမယ်လို့ ကျွန်တော်ထင်တယ်။” ကျန်းချန်ရွှမ်က ခဏနားပြီးနောက်တွင် ပြောလိုက်သည် ။

ကျန်းချန်ရွှမ်သည် ပြင်ပနယ်မြေအတွင်းရှိ မဟာယာနတာအိုအရှင်တို့၏ တိုက်ပွဲ၏ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအားကို အနည်းငယ်ခံစားခဲ့ရသည် ။

ကောင်းကင် တွက်ချက်ခြင်းနည်းစနစ်ဖြင့် သူ၏အသိစိတ်၌ ကြီးမားသော ထိတ်လန့်တုန်လှုပ်မှု တစ်ခု ဖြစ်ပေါ်သကဲ့သို့ မကြာမီ ပျက်စီးတော့မည့် အန္တရာယ်က ခြိမ်းခြောက်နေခဲ့သည်ကို ခံစားခဲ့ရသည်။

ယခုမူ ရေတံခွန်ဂိတ်နယ်မြေ၏တာအိုအရှင်များက အောင်နိုင်ခဲ့ပြီး သူသည်သူတို့၏ အောင်ပွဲအမှန်တရားကို သိခဲ့ရလေသည်။

တာအိုအရှင်များ၏တိုက်ပွဲသည်အရာရာတိုင်းကို ဆုံးဖြတ်နိုင်ပါသည်။

၎င်းကို စဉ်းစားကြည့်ရင်း ကျန်းချန်ရွှမ်၏သွေးများသည် စိတ်အားထက်သန်မှုဖြင့် ဆူပွက်လာခဲ့သည်။

တစ်နေ့တွင် သူသည်လည်း စကြဝဠာ၏အထွတ်အထိပ်တွင်ရပ်ကာ လောကများ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ရမည်ဟု ဆန္ဒပြင်းပြခဲ့လေသည်။

"သွားကြစို့၊ မျိုးနွယ်ခြားနယ်မြေတွေကို ကျူးကျော်ပြီး ကျဆုံးသွားတဲ့ အပေါင်းအသင်းတွေအတွက် လက်စားချေကြစို့။"

တုံ့ဆိုင်းမှုမရှိဘဲ ကျန်းချန်ရွှမ်သည်သူ၏ တပ်ဖွဲ့များကိုတိုက်ခိုက်ရန် ဦး ဆောင်ခဲ့လေသည် ။

ပထမဦးဆုံးအကြိမ်အဖြစ် သူတို့သည် ပင်လယ်နက်လေလွင့်သူများ၏ ပိုင်နက်ဖြစ်သည့် ချန်းဟိုင်နယ်မြေဖြစ်သည့် အခြားနယ်မြေဆီသို့စွန့်စားခဲ့ကြလေသည်။

ထိုနယ်မြေတစ်ခုလုံးသည် သမုဒ္ဒရာဖြင့်ဖွဲ့စည်းထားပြီး စွမ်းအားကြီး၍ ဗလောင်ဆူနေသည့် ရေတာအိုဖြင့် လွှမ်းမိုးထားလေသည်။

ကျန်းချန်ရွှမ်သည် တာအိုဖွဲ့စည်းခြင်းသူတော်စင်များစွာနှင့်အတူ ချန်းဟိုင်နယ်မြေကိုဖြတ်သန်းခဲ့ပြီး ၎ င်းတို့၏ ယခင်ရန်သူများကို ချက်ချင်းကြုံတွေ့ခဲ့ရလေသည်။

သူတော်ာစင်ဒေါသလှိုင်းနှင့် သူတော်စင်မုန်တိုင်းလှိုင်းတို့သည် ပင်လယ်နက်လေလွင့်သူတို့၏ တပ်အား ဦးဆောင်ခဲ့ကြသည်။

ကျန်းချန်ရွှမ်သည် ချန်းဟိုင်နယ်မြေကို တုံ့ဆိုင်းမှုမရှိဘဲ လျှင်မြန်စွာကျူးကျော်မှုကို စတင်လိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ကြပါ ။

ပင်လယ်နက်တာအိုအရှင်များ၏ တိတ်ဆိတ်မှုသည် ပင်လယ်နက်လေလွင့်သူများ၏ စိတ်နှလုံးထဲတွင် အလွန်ကြောက်ရွံ့မှုကိုဖြစ်ပေါ်စေခဲ့သည် ။

"တိုက်ခိုက်ကြ။ အခြားနယ်ပယ်များသို့ တန်ပြန်တိုက်ခိုက်ကြ၊ မျိုးနွယ်ခြားသတ္တဝါတွေကို အဆုံးသတ်ကြ။"

သူ့ ညာဘက်လက်၏ လှိုင်းနှင့်အတူ ကျန်းချန်ရွှမ်သည် ရွှေအလင်းကြားတွင် ရွှေဗလာနယ်ဓားကို ဆင့်ခေါ်လိုက်ပြီး တိုက်ရိုက်တိုက်ခိုက်မှုကို စတင်ခဲ့သည်။

ချက်ချင်းပင် ရှန်းရူယန်၊ သူတော်စင်အန္တိမယင်၊ သူတော်စင်ရေခဲကောင်းကင်နှင့် အခြားသူများ သည်လည်း သူတို့၏ ဝှက်ဖဲများကိုထုတ်ဖော်ပြသပြီး ရန်သူများထံချီတက်ခဲ့ကြသည် ။

ရှန်းရူယန်သည် လျှပ်စီးငါးပါးမသေမျိုးရန်နှိမ်ဓားကို ကိုင်ဆောင်ပြီးလျှပ်စီးများကို ကောင်းကင်ပေါ်တွင် ပြည့်စေကာ မိုးကြိုးနှင့် လျှပ်စီးမြစ်အဖြစ်ပြောင်းလဲစေခဲ့သည်။

သူတော်စင်အန္တိမယင်သည် လျှို့ဝှက်ဆန်းကြယ်ရေခဲကွင်း ကိုးခုကို အမိန့်ပေးခဲ့ပြီး ရေခဲနှင့် နှင်းတို့ဖြင့် ရောနှောထားသော အလင်းတန်း ကိုးခုကို ထုတ်လွှတ်ခဲ့သည် ။

သူတော်စင်ရေခဲကောင်းကင်သည် ရေခဲနဂါးအလံကို အမှတ်အသားလုပ်ခဲ့ပြီး ၎င်းမှ ဧရာမ ရေခဲနဂါးကြီး ပေါ်ထွက်လာကာ အသက်ရှူထုတ်ပြီး ၎င်း၏ လက်သည်းများဖြင့် ရန်သူများကို လှီးဖြတ်ခဲ့သည် ။

သူတို့ ၏ လျှပ်တပြက်တိုက်ခိုက်မှုသည် ပင်လယ်နက်လေလွင့်သူများ၏ တာအိုဖွဲ့စည်းခြင်း သူတော်စင် များအား သတိလက်လွှတ်ဖြစ်စေခဲ့သည်။

ဂျုန်း...

ကြီးမားသော ပေါက်ကွဲမှုတစ်ခုသည် သမုဒ္ဒရာတွင် ကြီးမားသော မြေပြိုမှုတစ်ခုကို ဖြစ်ပေါ် စေခဲ့ပြီး လျှပ်စီးလက်ခြင်းသည် လမ်းကြောင်းအားလုံးတွင် ပျံ့နှံ့ ခဲ့သည် ။

လူတိုင်း၏ဝှက်ဖဲများကို ထုတ်ဖော်ပြသခဲ့ခြင်းဖြင့် တိုက်ခိုက်မှုဖလှယ်ခြင်းတစ်ကြိမ်ကပင် အရေးပါသည့်အောင်မြင်မှုများ ရရှိခဲ့သည်။

ပင်လယ်နက်လေလွင့်သူစစ်တပ်သည် ထောင်ချီသော သေကြေပျက်စီးမှုကိုခံစားခဲ့ရပြီး သူတို့၏ တာအိုဖွဲ့စည်းခြင်းသူတော်စင်နှစ်ဦးသည် ကြီးမားစွာဒဏ်ရာရသွားခဲ့သည်။

"ဒီသေသင့်တဲ့လူသားတွေ ရဲတင်းလွန်းတယ်!"

ပင်လယ်နက်လေလွင့်သူတို့၏ဦးဆောင်သူ တာအိုနက်နဲသူတော်စင်က ဒေါသထွက်သွားခဲ့သည်။ ထို့ကြောင့် ရေတံခွန်ဂိတ်နယ်မြေ၏ ပထမဆုံးတန်ပြန်တိုက်ခိုက်မှုသည် လောင်ကျွမ်းနေခဲ့လေသည်။

ချန်းဟိုင်နယ်မြေ ၏ ပထဝီဝင်အားသာချက်ရှိသော်လည်း ပင်လယ်နက်လေလွင့်သူ၏ ကျင့်ကြံသူများသည် သူတို့၏ ကြီးမြတ်သော တာအိုအရှင်များ၏ ရှုံးနိမ့်မှုသတင်းကြောင့် သူတို့ကိုယ်သူတို့ အပြည့်အဝမတိုက်ခိုက်ရဲကြချေ။

သူတို့သည် နတ်ဓားက သူတို့၏ခေါင်းများအား ချိန်ရွယ်ထားသကဲ့သို့ခံစားခဲ့ရပြီး အချိန်မရွေး သေနိုင်သကဲ့သို့ ဖြစ်နေလေသည်။

ရေတံခွန်ဂိတ်နယ်မြေမှ တာအိုအရှင်များ၏ချိန်းခြောက်မှုကြောင့် မည်သူမှ တိုက်ခိုက်ရန် ဦးဆောင်ခြင်းမပြုရဲကြပေ။

သို့သော် လှုပ်ရှားမှုမပြုလျှင်လည်း ရေတံခွန်ဂိတ်နယ်မြေမှ ကျင့်ကြံသူများ၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟုလည်း ဆိုလိုပါသည်။

သူတော်စင်ဒေါသလှိုင်းနှင့် သူတော်စင်မုန်တိုင်းလှိုင်းတို့သည် ကျန်းချန်ရွှမ်နှင့်သူ၏ မဟာမိတ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် အားနည်းချက်ရှိနေပြီ ဖြစ်သည် ။

တစ်ဦးသည် ကြီးမားသည့်အရိုးကိုကိုင်ဆောင်ပြီး အခြားတစ်ဦးသည်လေးပင်သည့် လခြမ်းတူရွင်းကို ကိုင်ဆောင်ထားလေကာ ချန်းဟိုင်နယ်မြေအား သူတို့၏ စည်းမျဉ်းများဖြင့် လှုပ်ရှားစေခဲ့သည်။

ကျန်းချန်ရွှမ်နှင့် သူတော်စင်အန္တိမယင်တို့သည် ၎ င်းတို့၏ တပ်ဖွဲ့များကို ဦးဆောင်၍ ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်စေသောပရမ်းပတာတိုက်ပွဲတွင် ပါဝင်ခဲ့သည် ။

ထိုတိုက်ပွဲသည် ဆုံးဖြတ်ချက်ချရမည့်တိုက်ပွဲဖြစ်ကာ ကျန်းချန်ရွှမ်နှင့် သူ၏မဟာမိတ်များသည် သူတို့၏ရန်သူများအားသုတ်သင်ရှင်းလင်းရန်လုပ်ပြီး ပင်လယ်နက်သူတော်စင်များအား လွတ်မြောက်ရန်အခွင့်အရေးမပေးခဲ့ပေ။

သူတော်စင်ရေခဲကောင်းကင်နှင့် သူတော်စင်အန္တိမယင်တို့သည် စစ်မြေပြင်ကို ထိန်းချုပ်လိုက်ပြီး ပင်လယ်နက်လေလွင့်သူ၏ တာအိုဖွဲ့စည်းခြင်းကျင့်ကြံသူများကို ဝန်းရံထားလေသည် ။

တာအိုဖွဲ့စည်းခြင်းတိုက်ပွဲ၏ ပရမ်းပတာရောနှောမှုများတွင် စည်းမျဉ်းများသည် ဖြစ်ပေါ်လာပြီး အမျိုးမျိုးသော ဓမ္မပုံစံများသည် အချင်းချင်းတိုက်ခိုက်နေကြကာ ကောင်းကင်ရတနာများ သည်လည်း ပြင်းထန်စွာတိုက်ခိုက်နေကြသည်။

ကျန်းချန်ရွှမ်သည် ဒြပ်စင်ငါးပါးတာအိုကို ၎င်း၏ အထွတ်အထိပ်သို့ မြင့်တင်ပြောင်းလဲခဲ့ပြီး အသေးစားလောကများ ၏ မွေးဖွားခြင်းနှင့် ဖျက်ဆီးခြင်းကို ထိန်းချုပ်ကာ ထိုဧရိယာကို အမြင့်ဆုံးစည်းမျဉ်းများနှင့် ဖိနှိပ်ခဲ့သည် ။

သူ၏ရွှေဗလာနယ်ဓားသည်မယှဉ်နိုင်သည့်လွှမ်းမိုးမှုဖြင့် နေရာလပ်ကိုဖြတ်သန်းသွားပြီး ပင်လယ်နက်လေလွင့်သူ တာအိုဖွဲ့စည်းခြင်းသူတော်စင်များအား သတိလက်လွတ်ဖြစ်စေကာ ဖမ်းခဲ့လေသည်။

"ရေခဲကွင်းကိုးခု, အန္တိမဒဏ္ဍာရီအလင်း။"

တာအိုနက်နဲအဆင့်တွင် ရှိသောသူတော်စင်အန္တိမယင်သည် ဤတိုက်ပွဲတွင် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။

ယခင်က ပင်လယ်နက်လေလွင့်သူများ၏ ဝိုင်းထားခြင်းနှင့် ချုံခိုတိုက်ခိုက်ခြင်းများကိုခံထားရပြီး သေခါနီးဖြစ်ခဲ့ဖူးသောကြောင့် သူသည် နက်ရှိုင်းသည့် ဒေါသများရှိနေခဲ့လေသည်။

ယခုမူ သူ၏ဒဏ်ရာများသက်သာသွားပြီဖြစ်ကာ ရေတံခွန်ဂိတ်နယ်မြေ၏အရှိန်အဟုန်သည် ပင်လယ်နက်လေလွင့်သူများ၏အမြင့်တွင်ရှိနေသဖြင့် သူသည် တာအိုစည်းမျဉ်းများကို အသက်သွင်းကာ သာလွန်သည့် စွမ်းအားကိုပြသခဲ့လေသည်။

ထိုကဲ့သို့သောအခြေအနေများတွင် ပင်လယ်နက်လေလွင့်သူတာအိုဖွဲ့စည်းခြင်းကျင့်ကြံသူများသည် လျှင်မြန်စွာ ကျဆုံးမှုများခံစားခဲ့ရပြီး တိုက်ပွဲတွင် များစွာကျဆုံးခဲ့ရသည်။

ကျန်းချန်ရွှမ်နှင့် သူတော်စင်အန္တိမယင်တို့သည် အံ့သြဖွယ်ကောင်းသောစွမ်းအားကိုဖြန့်ခဲ့ပြီး ပင်လယ်နက်တာအိုဖွဲ့စည်ခြင်းသူတော်စင်များကိုတိုက်ရိုက်သတ်ဖြတ်ခဲ့လေသည် ။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ပင်လယ်နက်လေလွင့်သူတို့အား ဦး ဆောင်သော သူတော်စင်၏ စိတ်ဓာတ်သည်အချိန်ကုန်လာသည်နှင့် ကျဆင်းလာခဲ့သည်။

ပြင်းထန်သော တိုက်ပွဲအကြားတွင် စနစ်မှ အသံတစ်သံသည် ကျန်းချန်ရွှမ်၏ စိတ်ထဲတွင် ရုတ်တရက် ပဲ့တင်ထပ်သွားသည် ။

[ဒင်]

[စနစ်မှ မစ်ရှင်တစ်ခုထုတ်ပြန်လာပါတယ်။ ရန်သူကိုချေမှုန်းပြီး တာအိုဖွဲ့စည်းခြင်းသူတော်စင် ဆယ်ဦးကို တိုက်ခိုက်သည့်အောင်မြင်မှုကို ရယူပါ။]

ထိုစနစ်၏အသံကိုကြားလိုက်ရသောအခါ ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုဝိညာဉ်သည် ပို၍ မြင့်တက်လာသည်။

တုံ့ဆိုင်းမှုမရှိဘဲ သူ၏ ကြောက်မက်ဖွယ်ကောင်းသော တာအိုစည်းမျဉ်းများ ၏ စွမ်းအားကို နေရာလပ်တွင် ဖြန့်လိုက်ပြီး တာအိုနက်နဲအဆင့်ရှိသူများကို ယှဉ်ပြိုင်ခဲ့သည် ။

"တိမ်တိုက်ထိုးခွဲခြင်း၊ ဒြပ်စင်ငါးပါးသုတ်သင်ခြင်းနတ်ဘုရားအလင်း။"

ကျန်းချန်ရွှမ်သည် အဓိကနတ်စွမ်းအားနှစ်ခုကိုဖြန့်ကျက်ခဲ့ပြီး ရန်သူ တာအိုဖွဲ့စည်းခြင်း ကျင့်ကြံသူများအား ချက်ချင်းတိုက်ခိုက်ခဲ့သည် ။

***

All Chapters