← Chapters

ဝှက်ဖဲ၊ မသေမျိုးရတနာပေါ်ထွက်လာခြင်း

Vol. 50 Ch. 933

ဝှက်ဖဲ၊ မသေမျိုးရတနာပေါ်ထွက်လာခြင်း

Vol. 50 Ch. 933

“တိတ်စမ်း။ ဒါက မင်းတို့လူသားတွေ အခြားမျိုးနွယ်တွေရဲ့ ကံဆိုးမှုကိုအခွင့်ကောင်းယူတာပဲ။ ဒီနေ့ မင်းတို့အားလုံးကိုသတ်ပြီး လူသားမျိုးနွယ်အားလုံး ထပ်ပြီးခေါင်းမမော့လာနိုင်စေရဘူး။” ကောင်းကင်မြိုမြွေနဂါးမျိုးနွယ်က ဒေါသဖြင့် အော်လိုက်သည်။

အကြီးအကဲကန့်သတ်မဲ့နှင့် အကြီးအကဲကောင်းကင်အလင်းတို့က ထိတ်လန့်ပုံမပြဘဲ သူတို့၏ တာအိုစည်းမျဉ်းစွမ်းအားကို ထုတ်လွှတ်လိုက်သည်။

“မင်းစကားနဲ့ညီတဲ့ စွမ်းအားရှိလားဆိုတာ ကြည့်ရသေးတာပေါ့။”

သူတို့သည် လူသားမျိုးနွယ်အတွင်းပုန်းကွယ်နေပြီး နောက်ဆုံးလျှို့ဝှက်လက်နက်အဖြစ် လာခြင်းဖြစ်သည်။

ယနေ့တွင် နိုးထလာကာ သူတို့၏ရည်ရွယ်ချက်မှာ အသူရာမျိုးနွယ်နှင့် နယ်မြေသုံးခုမှ တာအိုအရှင်တို့နှင့် တိုက်ပွဲများကို ဤတိုက်ပွဲဖြင့် အခြေချရန်ဖြစ်သည်။

ချက်ခြင်းပင် အကြီးအကဲနှစ်ဦးသည် သူတို့၏လှုပ်ရှားမှုကိုပြုလုပ်ပြီး ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ထွက်လာကာ လောကကိုတုန်ခါသွားစေသည်။

အကြီးအကဲ ကန့်သတ်မဲ့၏နောက်တွင် ကန့်သတ်မဲ့တာအိုကို ဖွဲ့စည်းခဲ့ပြီး သူ၏လက်ထဲ သူ၏မူလရှေးဟောင်းကောင်းကင်ရတနာဖြစ်သည့် ကန့်သတ်မဲ့သာလွန်ဓားကို ဆင့်ခေါ်လိုက်သည်နှင့် သူ၏စည်းမျဉ်းစွမ်းအားသည် လွှမ်းမိုးသွားလေသည်။

ထိုဓားထွက်ပေါ်လာသည်နှင့် ပတ်ပတ်လည်မှနေရာလပ်သည်ချက်ခြင်းပင် ပါးလွှာသွားပြီး စာရွက်ကဲ့သို့ဖြစ်သွားသည်။

သူ့ထံမှ သိမ်မွေ့သောလွှဲချက်ကပင် ကြယ်စင်မြစ်များကို မြင်ယောင်စေပြီး သူ၏ကြောက်မက်ဖွယ်ဓမ္မစွမ်းအားသည် နဂါးအဖြစ်သို့ပြောင်းလဲသွားကာ နတ်ဆိုးတာအိုအရှင်နှစ်ဦးကို တိုက်ခိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုသည် တိုက်ပွဲကိုပြင်းထန်စွာစတင်လိုက်ပြီး ပါဝင်သူအယောက်ဆီတိုင်းသည် သူတို့၏နတ်စွမ်းအားများကို ထုတ်လွတ်လိုက်သည်။

အသူရာနတ်ဆိုးတာအိုအရှင်နှစ်ပါးသည် သူတို့၏မြိုချခြင်းစွမ်းအားများကို အကြီးအကဲကန့်သတ်မဲ့၏ဓားက ရိုက်ချခဲ့ကာ အတိုင်းအတာထပ်ကျော်လွန်၍ ဒေါသထွက်စေခဲ့သည်။

သူတို့သည် ပုံသဏ္ဍာန်မရှိသည့်မကောင်းဆိုးဝါးများအဖြစ်ပြောင်းလဲပြီး ရက်စက်စွာ တိုက်ခိုက်ခဲ့သည်။

လတ်ဆတ်သည့်နွယ်ပင်များဖြင့်ရစ်ပတ်နေသော နတ်ဆိုးကြယ်ကဲ့သို့ သူတို့သည် အကြီးအကဲကန့်သတ်မဲ့အားဝန်းရံကာ သူတို့၏နတ်ဆိုးချီဖြင့်ပျံဝဲကာ သူ့အား ဝါးမြို့တော့မလိုဖြစ်နေလေသည်။

“မျိုးနွယ်ခြားတွေ၊ ငါမင်းတို့ကို ယဉ်ကျေးမှုတစ်ချို့သင်ပေးရမယ်။”

အကြီးအကဲကောင်းကင်အလင်းက ပစ်တင်ပြောဆိုကာ လှုပ်ရှားလိုက်လေသည်။

အသူရာနတ်ဆိုးများကိုရင်ဆိုင်ရမည့်အစား သူသည်သူ၏ရှေးဟောင်းကောင်းကင်ရတနာ၊ မဟာနေတောင်ဝှေးကို ဆင့်ခေါ်ကာ နတ်ဆိုးသားရဲတာအိုအရှင်ထံသို့ ညွှန်ပြလိုက်သည်။

ချက်ခြင်းပင် အဆုံးမဲ့ဓမ္မစွမ်းအားမုန်တိုင်းက ရှေ့သို့ ရောက်ရှိလာသည်။

နတ်ဆိုးသားရဲတာအိုအရှင်က ချက်ခြင်းပင် နဂါးကဲ့သို့ခွေကာ အတားအဆီးကဲ့သို့ ဒိုင်းသည် သူ့ပတ်လည်တွင်ထွက်လာပြီး ထိုတိုက်ခိုက်မှုကို လျော့ချနိုင်ရန်လုပ်လိုက်သည်။

သူ၏အကြေးခွံတစ်ခုဆီတိုင်းသည် သန့်စင်ပြီး အထွတ်အမြတ်ဖြစ်ကာ အကာအကွယ်ပစ္စည်းအဖြစ် သတ်မှတ်နိုင်ပါသည်။

“တာအိုဆရာအိုတွေ၊ ခင်ဗျားတို့ရဲ့စွမ်းအားက ခင်ဗျားတို့ဘဝင်မြင့်နေသလောက်ကောင်းလားဆိုတာ ကျုပ်ကြည့်ချင်သေးတယ်။”

ဒေါသထွက်နေသည့်အခြေအနေသည် သူ၏တာအိုစည်းမျဉ်းကိုထုတ်လိုက်ပြီး ချက်ခြင်းပင် အကြီးအကဲကောင်းကင်အလင်းရှေ့တွင် ပေါ်ထွက်လာခဲ့သည်။

သူ၏ကြီးမားသောအမြီးဖြင့် ပြင်းထန်စွာလွဲယမ်းလိုက်ပြီး ကြယ်များ၏စွမ်းအားကိုသယ်ဆောင်ကာ သူသည်ဖိနှိပ်လိုက်သည်။

ဂျုန်း…

ထိုနှစ်ဦးတိုက်ခိုက်လိုက်သည်နှင့် ကြီးမားသည့်စွမ်းအားမုန်တိုင်းကြီးပေါက်ထွက်လာပြီး မရေတွက်နိုင်သည့်ကြယ်များကို နေရာတွင်ပင်ကြွေကျစေခဲ့သည်။

ထိုအချိန်တွင် ရေတံခွန်ဂိတ်နယ်မြေအတွင်းနှင့် နယ်မြေသုံးခုအတွင်းမှ မရေတွက်နိုင်သည့် သက်ရှိများသည် ထိတ်လန့်သွားခဲ့သည်။

သူတို့သည် မဟာယာနတာအိုအရှင်များတိုက်ခိုက်သည်ကိုမမြင်ဘဲ ကောင်းကင်မှကြယ်များ ကြွေကျလာသည်ကိုသာမြင်ပြီး ရှိန်လောက်သည့်တာအိုစွမ်းအားများဖြင့် ပူးပေါင်းကာ လောက၏အဆုံးသတ်အချိန်ကဲ့သို့ဖြစ်နေလေသည်။

ချင်ရှန်းဝူ၊ နတ်ဗိမာန်ဂိုဏ်းမှတာအိုအရှင်နှင့် နတ်အရိပ်ဂိုဏ်းမှတာအိုအရှင်တို့သည်လည်း နောက်မဆုတ်တော့ဘဲ အင်အားအပြည့်ဖြင့်တိုက်ခိုက်လိုက်သည်။

သူတို့သည် တာအိုစွမ်းအားစည်းမျဉ်းကို ၎င်း၏အထွတ်ထိပ်ထိရောက်အောင်ထုတ်ပြီး ဖန်တီးမှုများသည် ပျောက်ပျက်သွားကာ နေရာလပ်သည် အရိပ်ဖြစ်လာပြီး နတ်လက်နက်များသည် ကောင်းကင်မှအောက်သို့ကျဆင်းလာကြလေသည်။

တိုက်ပွဲ၏ဒီရေသည် လုံးဝပြောင်းလဲသွားပြီး လူသားမျိုးနွယ်၏တာအိုအရှင်များသည် အသူရာနှင့် မျိုးနွယ်ခြား တာအိုအရှင်များကိုလွှမ်းမိုးနေလေသည်။

အထူးသဖြင့် အကြီးအကဲ ကန့်သတ်မဲ့နှင့် အကြီးအကဲကောင်းကင်အလင်းတို့သည် သူတို့သည် မသေမျိုးနယ်ပယ်သို့မရောက်သေးသော်လည်း သူတို့၏တာအိုစည်းမျဉ်းများနှင့် နည်းစနစ်များကို နားလည်ခြင်းသည် ရှေးဟောင်းစွမ်းအားများ၏သက်ရှိများအနေဖြင့် ရှိနေသောသူများထပ် သာလွန်ပါသည်။

သူတို့၏တိုက်ခိုက်မှုအောက်တွင် မျက်လုံးတစ်ရာတာအိုအရှင်နှင့် ကောင်းကင်မြိုမြွေနဂါးမျိုးနွယ် တို့၏ တာအိုအရှင်တို့သည် သေရေးရှင်ရေးအခြေအနေတွင်ရောက်နေကာ သူတို့၏ဖိနှိပ်မှုမှ မရုန်းထွက်နိုင်ဖြစ်နေလေသည်။

ချင်ရှန်းဝူ၊ နတ်ဗိမာန်ဂိုဏ်းမှတာအိုအရှင်နှင့် နတ်အရိပ်ဂိုဏ်းမှတာအိုအရှင်တို့သည်ပင် သူတို့၏ရန်သူများအား လွှမ်းမိုးနိုင်ခဲ့သည်။

ကြောက်မက်ဖွယ်တိုက်ပွဲသည် ဖန်တီးခြင်းစစ်ပွဲကိုကိုယ်စားပြုပြီး များစွာသော လောကများမွေးဖွားလာပြီး ဖျက်ဆီးခြင်းခံခဲ့ရလေသည်။

တိုက်ပွဲ၏နောက်ဆက်တွဲသည် ထိန်းချုပ်၍ မရနိုင်ဘဲ အမျိုးမျိုးသောလောကများမှ ကျင့်ကြံသူများစွာသည် ပြင်ပဒိုမိန့်မှ ကြောက်မက်ဖွယ်တိုက်ပွဲကို အာရုံခံမိကြလေသည်။

ဝိညာဉ်နယ်ပယ်၏ မဟာယာနတာအိုအရှင်များတိုက်ခိုက်မှုသည် နှစ်သန်းပေါင်းများစွာမှ တစ်ကြိမ်ဖြစ်သည့်ရှားပါးမှုဖြစ်သည်။

ထိုထိပ်ဆုံးမှသက်ရှိများသည် နေရာလပ်ကိုဖြတ်ကျော်လိုက်သည်နှင့် မရေတွက်နိုင်သော နှလုံးသားများ၌ ကြောက်ရွံ့မှုများပြည့်သွားလေသည်။

လောကအများအပြားသည် ထိုတိုက်ပွဲကြောင့် သူတို့၏ဂြိုလ်များ၌ ပုံမမှန်ခြင်းများကြုံတွေ့နေရကာ ၎င်းသည် မဟာယာနတာအိုအရှင်တို့၏ စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်ခြင်း၏ အကျိုးဆက် ဖြစ်ပါသည်။

အကြီးအကဲကန့်သတ်မဲ့သည် ကန့်သတ်မဲ့သာလွန်ဓားကို မိုးကဲ့သို့ ကိုင်ဆောင်ကာ မျက်လုံးတစ်ထောင်နတ်ဆိုးတာအိုအရှင်၏ နတ်ဆိုးမျက်လုံးများအား ချက်ခြင်းပင် သတ်ဖြတ်ခဲ့သည်။

အကြီးအကဲ ကောင်းကင်အလင်း၏ မဟာနေတောင်ဝှေးက ကြီးမားသည့်နေကိုထုတ်လွတ်ကာ ကောင်းကင်မြိုမြွေနဂါးမျိုးနွယ်၏တာအိုအရှင်၏ ဝါးမြိုခြင်းပိုင်နက်အား ခွဲခြမ်းလိုက်သည်။

မျက်လုံးတစ်ထောင်နတ်ဆိုးတာအိုအရှင်က စူးရှသည့် နတ်ဆိုးငိုသံကိုထုတ်လွှတ်ကာ ကောင်းကင်မြိုမြွေနဂါးမျိုးနွယ်၏ တာအိုအရှင်ကမူ နတ်နေမီးဖြင့်လောင်ကျွမ်းခံနေရပြီး မရေတွက်နိုင်သည့်အကြေးခွံများက ဝမ်းနည်းဖွယ်လောင်ကျွမ်းနေလေသည်။

သို့ရာတွင် ၎င်းသည် သူတို့အားသတ်ဖြတ်ရန်မလုံလောက်သေးပါ။

မဟာယာနတာအိုအရှင်များ၏တိုက်ခိုက်မှုကြားတွင် မရှင်းလင်းသည့်အရာများဖြင့် သို့ ရူးနှမ်းသည့်လှုပ်ရှားမှုဖြင့်လွမ်းမိုးခံရခြင်းမရှိလျှင်၊ ရန်သူ၏သေခြင်းကိုရနိုင်ရန် ခက်ခဲပါသည်။

အဆုံး၌ မဟာယာနတာအိုအရှင်သည် တာအိုနှင်ဆင်တူပြီး တာအိုမပျောက်ပျက်သရွေ့ သူတို့သည် မသေနိုင်ပါ။

ထိုအရာကိုမြင်လျှင် လူသားမျိုးနွယ်မှအကြီးအကဲနှစ်ဦးသည် မျက်မှောင်ကုပ်လိုက်ကြသည်။

အကယ်၍ သူတို့သည် ထိုရှားပါးသည့်အခွင့်အရေးအားမဖမ်းဆုပ်နိုင်ခဲ့လျှင် ပြီးနောက် ပြတ်သားသည့်အနိုင်ကို မရခဲ့လျှင်၊ ပြင်ဆင်ပြီးမှပြန်လာလျှင်ပင် သူတို့၏ရန်သူများကို ကျော်ဖြတ်နိုင်ရန်ခက်ခဲမည်ဖြစ်သည်။

“ဟား..ဟား..မင်းတို့လူအိုအရူးတွေ။ မင်းတို့တကယ်ပဲငါတို့ကိုသတ်နိုင်မယ်လို့ထင်နေလား? အသူရာနတ်ဆိုးတွေက မင်းတို့ကို အနာဂတ်မှာပြန်ပေးဆပ်ခိုင်းမယ်။”

လူသားမျိုးနွယ်၏အကြီးအကဲများက သူတို့အား မသတ်နိုင်သည်ကို အာရုံခံမိပြီး မျက်လုံးတစ်ရာနတ်ဆိုးတာအိုအရှင်သည် ကြမ်းကြုတ်သည့်ရယ်သံဖြင့်ပြောလိုက်ကာ သူ၏နှလုံးသားထဲ ဒေါသသည်ပျောက်သွားလေသည်။

သို့သော် ခနအကြာတွင် အသူရာနတ်ဆိုးများနှင့် နယ်မြေသုံးခုမှတာအိုအရှင်များ၏ အံ့အားသင့်နေသည့် အကြည့်အောက်တွင် အကြီးအကဲကန့်သတ်မဲ့နှင့် အကြီးအကဲကောင်းကင်အလင်းတို့သည် ရုတ်တရက် ဆန်းကျယ်သည့်ကြောက်မက်ဖွယ်ပစ္စည်း တစ်ခုကို ရုတ်တရက် ဖော်ထုတ်လာခဲ့သည်။

သူတို့၏ခန္ဓာကိုယ်မှသူတို့တစ်ဦးဆီသည် ဘူးခွံတစ်ခြမ်းနှင့်ဆင်တူကာ ရောင်စုံရောင်စဉ်တန်းများ လှည့်ပတ်နေသည့်ရတနာအား ထုတ်လာခဲ့သည်။

ထိုဘူးသီးခွံတစ်ခြမ်းသည် ရှေးဟောင်းကျကာ သာလွန်သည့်ရောင်ဝါများထွက်နေပြီး နက်ရှိုင်းသည့် အနက်ရောင် ပြင်ပဒိုမိန်းအား ရှင်းလင်းလိုက်ကာ၊ ချက်ခြင်းပင် တောက်ပသွားစေခဲ့သည်။

ထိုရောင်ဝါသည် ဤလောကမှပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ၎င်းသည်ဒဏ္ဍာရီလာ တက်ရောက်ခြင်းအလင်း ဖြစ်ပါသည်။

ထိုအချိန်တွင် လူတိုင်းသည် ကြောင်အသွားကြပြီး နေရာ၌ပင် ရပ်နေကြလေသည်။

ထိုလူသားမျိုးနွယ်အကြီးအကဲများဖော်ပြသောရတနာသည် အမှန်တကယ်ပင် မသေမျိုးရတနာများဖြစ်ပါသည်။

၎င်းတို့သည် ရှေးဟောင်းကောင်းကင်ရတနာမှသက်ဆင်းလာသည့် စစ်မှန်သောလောက၏ ပိုင်ဆိုင်မှုများဖြစ်ပါသည်။

ရှေးဟောင်းကောင်းကင်ရတနာများသည် ဝိညာဉ်နယ်ပယ်မှမတွေ့မြင်ရနိုင်သည့် သက်ရှိများအတွက်ဖြစ်ပြီး ဒဏ္ဍာရီများတွင်ရေးသားဖော်ပြထားသည့် မသေမျိုးရတနာများဖြစ်ကာ ကျယ်ပြောသည့်စကြာဝဠာထဲတွင်ကပင် ရှားပါးသောအရာဖြစ်ပါသည်။

မသေမျိုးရတနာမှထွက်လာသည့်ရောင်ဝါသည် မဟာယာနအဆင့်များ၏ရှင်းလင်းသည့် စည်းမျဉ်းများကိုပင် ဖိနှိပ်နိုင်ရန်နှင့် လှုပ်ခတ်စေနိုင်ရန် လုံလောက်ပါသည်။

“မသေမျိုးရတနာ၊ အဂ္ဂိရတ်ဘူးသီးခွံ၊ အသက်သွင်းစေ။”

အကြီးအကဲကန့်သတ်မဲ့နှင့် အကြီးအကဲကောင်းကင်အလင်းတို့၏အမိန့်အောက်တွင် ဘူးသီးခွံနှစ်ခြမ်းသည် စတင်၍ ပေါင်းစည်းသွားသည်။

ချက်ခြင်းပင်၊ အကန့်သတ်မဲ့ ကောင်းကင်အလင်းသည် ပြင်ပဒိုမိန်း၏အပြင်ဘက်ပိုင်းတွင် ပြည့်သွားလေသည်။

မဟာယာနတာအိုအရျင်များသည် သူတို့၏ခန္ဓာကိုယ်များသည် ထိန်းချုပ်၍မရတော့ဘဲ သူတို့၏တာအိုစည်းမျဉ်းများသည် သူတို့ထဲသို့ပြန်လည်ရုပ်သိမ်းနေသည်ကိုခံစားလိုက်ရသည်။

၎င်းသည် ထိုမသေမျိုးရတနာ၏ကြောက်မက်ဖွယ်စွမ်းအားဖြစ်သည်။ ၎င်းသည် ဖျက်ဆီးခြင်းစွမ်းအားကို ပိုင်ဆိုင်ထားပါသည်။

အကြီးအကဲ ကန့်သတ်မဲ့နှင့် အကြီးအကဲ ကောင်းကင်အလင်းတို့က မသေမျိုးရတနာ၏ တစ်ခြမ်းဆီကို ကိုင်ထားရခြင်းအကြောင်းအရင်းမှာ သူတို့အားခွဲခြားထားရန်မဟုတ်ဘဲ သူတို့သည် တစ်ခုအပြည့်ကို ပိုင်ဆိုင်ရန် မရဲသောကြောင့်ဖြစ်သည်။

မသေမျိုးရတနာ၏စွမ်းအားအပြည့်သည် မသေမျိုးအဆင့်၏အောက် မည်သူမှ ကိုင်ဆောင်နိုင်ခြင်းမရှိပါ။

သူတို့ထဲမှတစ်ဦးသည် ရတနာအပြည့်အစုံကိုသယ်ဆောင်ထားလျှင် ၎င်း၏စွမ်းအားမှ စားသုံးခြင်းခံရသည့်ရလဒ်ကို ခံစားရမည်ဖြစ်ပြီး ၎င်း၏အစိတ်အပိုင်းပင်ဖြစ်သွားနိုင်ပါသည်။

မသေမျိုးရတနာထွက်ပေါ်လာသည်နှင့် အသူရာနတ်ဆိုးနှင် နယ်မြေသုံးခုမှ တာအိုအရှင်သုံးဦး တို့သည် သူတို့၏အသက်များသည် လေထဲမှ ဖယောင်းတိုင်ကဲ့သို့ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်ကို ခံစားလိုက်ရသည်။

***

All Chapters