ပင်လယ်နက်လေလွင့်သူများ၏ချုံခိုတိုက်ခိုက်ခြင်း၊ အရှေ့ကောင်းကင်မှ စစ်ကူများ
Vol. 50 Ch. 927
“အန္တိမယင်၊ မင်းရဲ့လှုပ်ရှားမှုက သက်ရောက်မှုရှိဦးမယ်လို့ထင်နေလား? ဒီနေ့ မင်းတို့နှစ်ယောက်လုံး သေရမယ်။”
သူတော်စင် ဒေါသလှိုင်းနှင့် အခြားသူများသည် အန္တိမယင်၏ လျို့ဝှက်ရေခဲကွင်းကိုးခုကို ရှောင်တိမ်းကာ မထီမဲ့မြင်ပုံစံဖြင့် ပြောလိုက်လေသည်။
ရေခဲကောင်းကင်သည် ယာယီအားဖြင့် ဝိုင်းရံထားခံရခြင်းမှ လွှတ်မြောက်ခဲ့ပြီး သူ၏ရေခဲနဂါးကို သူ့ဘေးတွင် ပြန်ခေါ်လိုက်ပြီး နူးညံ့စွာဂရုတစိုက် ဒဏ်ရာများကိုကုသပေးနေသည်။
“ညီကိုယင်၊ အကယ်၍အခွင့်အရေးရှိရင် ခင်ဗျားထွက်သွားသင့်တယ်။ မြောက်ပိုင်းကောင်းကင်ပိုင်နက်က မခံနိုင်တော့ဘူး။ ကျွန်တော်လည်း မထွက်သွားနိုင်တော့ဘူး။ ကျွန်တော်တို့အကောင်းဆုံးလုပ်ခဲ့ပါတယ်။”
သူသည် ပင်လယ်နက်လေလွင့်သူများ၏လှောင်ပြောင်ခြင်းကို လျစ်လျူရှုပြီး အန္တိမယင်အား စကားလှည့်ပြောလိုက်သည်။
ယခုမူ သူသည် သူ၏သေခြင်းအားရှောင်လွဲ၍မရတော့သည်ကိုလက်ခံကာ သူ၏မိတ်ဆွေကိုသာ လွတ်မြောက်ဖို့အခွင့်အရေးရရန် မျှော်လင့်နေခဲ့သည်။
သို့သော် အန္တိမယင်က ပြတ်သားစွာပြန်ဖြေလိုက်သည်။
“အကယ်၍ မြောက်ပိုင်းကောင်းကင်ပိုင်နက်ကျဆုံးသွားရင် ငါက ဘယ်သွားနိုင်မှာလဲ။ အခု ရေတံခွန်ဂိတ်နယ်မြေမှ သွားလို့ရတဲ့နေရာကော ရှိသေးလို့လား?”
သူတို့၏ငယ်ရွယ်စဉ်မှစ၍ ရေတံခွန်ဂိတ်နယ်မြေ၏ မြောက်ပိုင်းကောင်းကင်ပိုင်နက်တွင် သူတို့သည် ရေခဲကောင်းကင်တံခါးနှင့် အန္တိမယင်ဂိုဏ်းတို့အား လက်ရှိတည်ထောင်နိုင်ရန် စီစဉ်နိုင်ခဲ့ပေသည်။
သို့သော် ဤတိုက်ပွဲနောက်တွင် အားလုံးသည် အကျိုးမဲ့ဖြစ်တော့မည်ဖြစ်သည်။
နက်ရှိုင်းသောတာအိုနှလုံးသားနှင့် ကျင့်ကြံသူများဖြစ်လျှင်ပင် ထိုကံကြမ္မာကို လက်သင့်ခံရပေလိမ့်မည်။
“တကယ်ပဲ။” ရေခဲကောင်းကင်က တည်ငြိမ်စွာပြောလိုက်သည်။ “ဒါဆိုရင် ကျွန်တော်တို့ရဲ့ တာအိုတွေကို မြောက်ပိုင်းကောင်းကင်ရဲ့ဒီနေရာမှာ ဒီလောကကို ပြန်ပေးခွင့်ပြုလိုက်ကြတာပေါ့။”
ကျယ်လောင်သည့်အော်သံဖြင့် သူသည် ရေခဲဓားကိုဆင့်ခေါ်လိုက်ပြီး သူ၏နောက်တွင် တာအိုစည်းမျဉ်းများပါရှိကာ ကောင်းကင်ကို နှင်းမုန်တိုင်းအဖြစ်ပြောင်းလဲလိုက်သည်။
“ဟိန်းသံများ။”
ရေခဲနဂါးသည် ဟိန်းလိုက်သည်။
ရေခဲကောင်းကင်သည် ရေခဲနဂါးအလံကို အသက်သွင်းလိုက်ပြီး စွမ်းအားအားလုံးကို ရေခဲနဂါး၏ ခန္ဓာကိုယ်ထဲထည့်သွင်းလိုက်လေသည်။
သူတို့သည် ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပေါက်ထွက်လာပြီး သူတို့၏ရန်သူအား နောက်ဆုံးတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။
ပင်လယ်နက်ကျင့်ကြံသူနှစ်ဦးသည်ပင် ထိုစွမ်းအားကိုမြင်သောကြောင့် ယာယီ နောက်ဆုတ်သွားကြသည်။
“ရေခဲကောင်းကင်ဓားသွား၊ ရေခဲကောင်းကင်ခုတ်ချက်။”
ရေခဲကောင်းကင်သည် သူ၏စွမ်းအားအပြည့်ကိုထုတ်လိုက်ကာ သူတို့စွမ်းအားအကြီးဆုံး နည်းစနစ်ကိုထုတ်ပြီး ရေခဲဓားသွားသည် ကောင်းကင်ကိုဖုံးလွမ်းကာ ကောင်းကင်ဓားသွား အလင်းက ချက်ခြင်းပင် ခုတ်ထွင်လိုက်သည်။
ထိုတိုက်ခိုက်မှုသည်အလွန်အားကောင်းပြီး ဓားအလင်းသည် နှင်းမြေတွင် ကြီးမားသောမှန်ကဲ့သို့ ရှင်းလင်းနေလေသည်။
“လျို့ဝှက်ရေခဲကွင်း ကိုးခု။”
ထိုအချိန်တွင် အန္တိမယင်ကလည်း တာအိုနက်နဲသူတော်စင်စွမ်းအားကို ထုတ်လွတ်ကာ အဆုံးစွန်ယင်၏ တာအိုကိုချက်ခြင်းဖြန့်လိုက်ပြီး မြောက်ပိုင်းကောင်းကင်ပိုင်နက်တစ်ခုလုံးကို နက်မှောင်သွားစေခဲ့သည်။
ထို့နောက် ရေခဲကွင်းကိုးခုသည် ကြယ်ကိုးလုံးအဖြစ်ပြောင်းလဲသွားပြီး ညကောင်းကင်းတွင် ကြီးမားသည့်အလင်းတန်းကိုဖွဲ့စည်းခဲ့ကာ ပင်လယ်နက်သူတော်စင်နှစ်ဦးထံသို့ ပစ်လွှတ်လိုက်သည်။
သူတို့၏ပူးပေါင်းတိုက်ခိုက်မှုသည် စိတ်ဓာတ်ကျစရာအခြေအနေကိုအဆုံးသတ်လိုက်ပြီး သေဆုံးရန်လက်မခံနိုင်သောဆန္ဒဖြင့်ပြည့်နေလေသည်။ သူတို့သည် တာအိုကိုပြည့်စုံစွာ ပေါင်းစည်းခဲ့ပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်။
တာအိုပေါင်းစည်းခြင်းပင်လယ်နက်သူတော်စင်တစ်ဦးသည် တိုက်ခိုက်ခြင်းကိုခံရပြီး နှစ်ပိုင်းကွဲသွားကာ နတ်အလင်းမှ ဖျက်ဆီးခြင်းကိုခံလိုက်ရလေသည်။
ထိုလှုပ်ရှားမှုနှစ်ခုသည် အင်အားပျောက်ကွယ်သွားခြင်းမရှိဘဲ ပင်လယ်နက် တာအိုနက်နဲကျင့်ကြံသူ သူတော်စင်နှစ်ဦး၏တန်ပြန်တိုက်ခိုက်မှုနှင့် ထိတွေ့ကာ ချက်ခြင်းပင် ပေါက်ကွဲသွားခဲ့သည်။
ဝုန်း……
ပင်လယ်နက် တာအိုနက်နဲသူတော်စင်မှ ထုတ်လိုက်သော ကြောက်မက်ဖွယ်စွမ်းအားသည် ဖောက်ထွက်ကာ ပြည့်စုံသည့် ဝိုင်းရံမှုတစ်ခုဖန်တီးခဲ့လေသည်။
အန္တိမယင်နှင့် ရေခဲကောင်းကင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ပြီး လွှတ်မြောက်ရန် အခွင့်အရေးကောင်းကို မြင်သွားလေသည်။
အကယ်၍ သူတို့သည် လွတ်မြောက်ရန် မျှော်လင့်ချက်ရှိလျှင် သူတို့၏အသက်ကို လက်လျော့မည် မဟုတ်ဘဲ ချက်ခြင်းပင် အလင်းတန်းအဖြစ်ပြောင်းလဲကာ အပြင်ဘက်သို့ပျံသန်းလိုက်တော့သည်။
သူတို့လွတ်မြောက်တော့မည့်အချိန်တွင်၊
ထိုအချိန်တွင် ကြီးမားသည့်အရိပ်ကြီးသည် ရုတ်တရက် ရေထဲမှမြင့်တက်လာခဲ့သည်။
၎င်းသည် ဧရာမပင်လယ်နက်လေလွင့်သူဖြစ်ပြီး လက်မောင်းလေးခုရှိကာ နောက်တွင် ကြီးမားသည့်ဆူးတောင်တစ်ခုရှိပေသည်။
၎င်းသည် ထိုနှစ်ဦးအား ကြီးမားသည့် ရေခဲလှံနှင့် ထိုးချလိုက်သည်။
ကြောက်မက်ဖွယ်စွမ်းအားသည် သူတို့နှစ်ဦးစလုံးကို သွေးမြူအဖြစ်ပေါက်ကွဲသွားစေပြီး ဝိုင်းရံမှထဲ ပြန်ဝင်သွားစေခဲ့သည်။
၎င်းသည် ပင်လယ်နက် တာအိုနက်နဲသူတော်စင်တစ်ဦးဖြစ်ပါသည်။
ထိုအခြေအနေအောက်တွင် ပင်လယ်နက်လေလွင့်သူများသည် တကယ်ပင် တာအိုနက်နဲသူတော်စင်တစ်ဦးကို ချုံခိုတိုက်ခိုက်ရန်စေလွတ်ထားလေသည်။
“လွတ်မြောက်ဖို့ကြိုးစားနေတာလား? ကောက်ကျစ်တဲ့လူသားကျင့်ကြံသူတွေ မင်းတို့က ငါတို့ကို လှည့်စားနိုင်လုနီးပါးပဲ။”
သူတော်စင်ဒေါသလှိုင်းနှင့် သူတော်စင်မုန်တိုင်းလှိုင်းတို့က သူတို့အား ဝိုင်းရံထားကာ သူတို့၏ မျက်လုံးများသည် ရက်စက်မှုနှင့်တောက်ပနေလေသည်။
သူတို့သည် ပါးစပ်ရှေ့မှဘဲကို လွတ်သွားတော့မည့်ဆဲဆဲဖြစ်သည်။
“မင်းတို့သေဖို့ထိုက်တန်တယ်။ ငါတို့ပင်လယ်နက်လေလွင့်သူတွေက မင်းတို့ရဲ့အသားကို သေချာစားသောက်ပေးမှာပါ၊ ဟီးဟီးဟီး…”
အသစ်ရောက်လာသည့် ပင်လယ်နက်သူတော်စင်က ပြောလိုက်ကာ သူတို့ သွေးနီရောင်လျာကို ဆွဲဆန့်နေလေသည်။
ခနအကြာတွင် သူသည် ရုတ်တရက် ကြောက်မက်ဖွယ်လက်သည်းများကို ထုတ်လိုက်ပြီး ဒဏ်ရာရနေသည့် ရေခဲကောင်းကင်နှင့် အန္တိမယင်တို့၏နှလုံးသားဆီသို့ဦးတည်ကာ လာနေခဲ့သည်။
၎င်းသည် ပင်လယ်နက်လေလွင့်သူများ၏ အကြိုက်ဆုံးသော လူသားအစိတ်အပိုင်းဖြစ်သည်။ သွေးများကာ အလွန်နူးညံ့ပြီး အရသာရှိပါသည်။
ရေခဲကောင်းကင်နှင့် အန္တိမယင်တို့သည် သူ၏ရုတ်တရက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရနေခဲ့ရာ စည်းမျဉ်းများအရ သူသည် သူတို့အား စားသုံးရန် ပထမဆုံးအခွင့်အရေးရမည်ဖြစ်သည်။
ထိုအချိန်တွင် အဝေးရှိနှင်းကောင်းကင်ထဲမှ အသံထွက်လာကာ လူတိုင်းကိုထိတ်လန့်စေခဲ့သည်။
“အရှေ့ကောင်းကင်ပိုင်နက်က စစ်ကူတွေရောက်လာပြီ။ သေကြစမ်းပင်လယ်နက် ကောင်တွေ။”
ထိုအချိန်တွင် လူတိုင်းကြောင်အသွားသည်။
စစ်ကူတွေလား? ရေတံခွန်ဂိတ်နယ်မြေက စစ်ကူဘယ်လိုရောက်လာတာလဲ? ဒါအပြင် သူတို့ဒီမှာမသေရတော့ဘူးလား?
သို့သော် ထိုအချိန်တွင် ငါးရောင်ခြယ်နတ်အလင်းက ရုတ်တရက်နေရာလပ်ကိုအလင်းပေးလိုက်ကာ ၎င်းသည် လူတိုင်းကိုကြက်သီးထသွားစေမည့် ကြောက်မက်ဖွယ်စွမ်းအားပါရှိပါသည်။
သူတော်စင်ဒေါသလှိုင်းနှင့် သူတော်စင်မုန်တိုင်းလှိုင်းတို့၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားကြကာ အော်ဟစ်လိုက်လေသည်။
“မြောက်ပိုင်းကောင်းကင်နယ်မြေကို ဘယ်လိုလုပ်စစ်ကူလာနိုင်မှာလဲ? အခြားပိုင်နက်တွေကလည်း တိုက်ပွဲဖြစ်နေတယ်မဟုတ်ဘူးလား?”
သို့သော် သူတို့သည် ထိုတိုက်ခိုက်မှုကို အထင်မသေးရဲဘဲ လျှင်မြန်စွာဖြင့် ၎င်းကိုရင်ဆိုင်ရန် နတ်စွမ်းအားနှင့် မန္တာန်များကို ထုတ်လိုက်သည်။
ဝုန်း…
ကြောက်မက်ဖွယ်ပေါက်ကွဲခြင်းက ထပ်မံဖြစ်ပွားခဲ့ပြီး တာအိုနက်နဲသူတော်စင်နှစ်ဦး၏ ပူးပေါင်းအင်အားက ထိုငါးရောင်ခြယ်နတ်အလင်းကို မနည်းတားဆီးလိုက်ရလေသည်။
စွမ်းအားကြီးလိုက်တဲ့ရန်သူ။
ထိုဖြစ်ရပ်က ပင်လယ်နက်ကျင့်ကြံသူသုံးဦးအား တည်ငြိမ်သွားစေသည်။
ထို့နောက်တွင် များစွာသော တာအိုဖွဲ့စည်းခြင်းအဆင့်မန္တာန်များသည် အဝေးမှ ကျရောက်လာပြီး သူတို့အောင်မြင်ပြီဟုဆုံးဖြတ်ထားသော တိုက်ပွဲအား အနှောက်အယှက်ပေးလိုက်သည်။
ရေခဲကောင်းကင်တံခါးနှင့် အန္တိမယင်ဂိုဏ်းတို့မှ လူများသည် မျှော်လင့်ချက်ကို တွေ့ခဲ့ပြီး သူတို့၏မျက်နှာများသည် ဝမ်းမြောက်မှုဖြင့် တောက်ပလာခဲ့သည်။
ရေခဲကောင်းကင်နှင့် အန္တိမယင်တို့ပင် အစကမယုံကြည်နိုင်သော်လည်း အံ့အားသင့်ကာ ဝမ်းသာမှုကိုပြလာခဲ့သည်။
စစ်ကူက အမှန်တကယ်ပင်ရောက်ရှိလာခဲ့ပါသလား?
သူတို့သည် မယုံကြည်နိုင်ဖြစ်နေကြသေးသည်။
ပိုင်နက်ကိုးခုလုံးသည် ခုခံကာကွယ်နေကြရသေးသည်၊ မည်ကဲ့သို့စစ်ကူက ရောက်ရှိလာရပါသနည်း?
ပြီးနောက် သူတို့၏မန္တာန်များအား အကဲဖြတ်ရလျှင် သူတို့၏အင်အားသည် မနည်းဘဲ သူတို့ထပ်ပင် သန်မာနိုင်ပါသည်။
၎င်းသည် တကယ်ပင် အံ့ဩဝမ်းသာစရာဖြစ်သည်။
နှစ်ဦးစလုံးသည် ဝမ်းနည်းစရာကောင်းသည့်တိုက်ပွဲတွင် စတေးရန်ရည်ရွယ်ထားပြီး ပင်လယ်နက်လေလွင့်သူများနှင့် အတူ ပျောက်ကွယ်သွားရန် မျှော်လင့်ထားခဲ့သည်။
စစ်ကူရောက်လာသည့်အချိန်မှာ အချိန်ကိုက်ဖြစ်ကာ သူတို့၏စွမ်းအားသည်လည်း ရှိန်လောက်စရာ ကောင်းပါသည်၊ ၎င်းသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။
၎င်းသည် ကောင်းကင်၌မျက်လုံးများရှိနေသကဲ့သို့ဖြစ်သည်။
“တာအိုရောင်းရင်းတို့ အရှေ့ကောင်းကင်ပိုင်နက်က ကျန်းချန်ရွှမ်က စစ်ပွဲမှ စစ်ကူဖို့ လာရောက်ပါတယ်။”
ထိုအချိန်တွင် စစ်ကူများသည် နောက်ဆုံး၌ လူတိုင်း၏ရှေ့၌ပေါ်ထွက်လာခဲ့သည်။
ဦးဆောင်သူမှာ လက်များကို နောက်တွင်ထားလျှက် မတ်တပ်ရပ်နေပြီး သာလွန်သည့်ရောင်ဝါများ ထွက်နေကာ တည်ငြိမ်စွာပြောလိုက်သည်။
အရေးကြီးသောအခြေအနေတွင် လာရောက်ကူညီသူမှာ ကျန်းချန်ရွှမ်နှင့် အခြားသူများဖြစ်ပါသည်။
“တာအိုပေါင်းစည်းခြင်းကျင့်ကြံသူ တစ်ယောက်ကများ မာနလာကြီးရဲတယ်ပေါ့။”
“နောက်ဆုံးတော့ အဆင့်နိမ့်ကျင့်ကြံသူပဲဖြစ်နေတယ်။ ငါတို့ကိုလာခြောက်နေတာ။”
ထိုအချိန်တွင် သူတော်စင်ဒေါသလှိုင်း၊ သူတော်စင်မုန်တိုင်းလှိုင်းနှင့် အခြားပင်လယ်နက်ကျင့်ကြံသူ များသည် ရုတ်တရက် အထင်သေးစွာပြောလိုက်ကြသည်။
ကျန်းချန်ရွှမ်တို့အုပ်စုချဉ်းကပ်လာသည်နှင့် သူတို့သည် ဦးဆောင်လာသည့် ကျန်းချန်ရွှမ်မှာ တာအိုပေါင်းစည်းခြင်းအဆင့်ပင် ရှိသည်ကိုမြင်နိုင်ပါသည်။
သူ၏နောက်မှ လေးဦးအပါအဝင် သူတို့သည် တာအိုပေါင်းစည်းခြင်းအဆင့်ကျင့်ကြံသူများသာ ဖြစ်ကြပေသည်။
“ဟားဟားဟား.. တာအိုပေါင်းစည်းခြင်းကျင့်ကြံသူကများ ငါတို့ရှေ့မှာ အဓိပ္ပာယ်မရှိတာ ပြောရဲတယ်။ မင်းက သေချင်နေတာပဲ။”
ရေခဲကောင်းကင်နှင့် အန္တိမယင်တို့အား ချုံခိုတိုက်ခိုက်သည့် ပင်လယ်နက် တာအိုနက်နဲသူတော်စင်က မာနကြီးစွာ ရယ်မောလိုက်သည်။
ဒြပ်စင်ငါးပါးနတ်အလင်းသည် သူတို့အားထိတ်လန့်စေခဲ့သော်လည်း လှုပ်ရှားမှုပြုလုပ်သူမှာ သူတို့ထပ်ကျင့်ကြံစိတ်နိမ့်နေသောကြောင့် သူတို့သည် စိတ်သက်သာရာရသွားကြသည်။
သူတို့သည်ကျန်းချန်ရွှမ်က သူတို့အား ပြင်ပအကူညီတစ်ခုခုနှင့် အံ့ဩထိတ်လန့်စေခဲ့သည်ဟု ထင်မြင်ယူဆနေကြသည်။
***