ပိုင်နက်ကျော်လွန်ခြင်း၊ မဟာယာနတို့၏ မဟာတိုက်ပွဲ
Vol. 50 Ch. 930
အနက်ရောင်ဂိတ်တွင် ပိုင်နက်ကျော်၍ အလွန်နက်ရှိုင်းသော တိတ်ဆိတ်သော၊ ရှေးကျသည့် ရောင်ဝါများကို ထုတ်လွတ်နေခဲ့သည်။
ဤတံခါးသည် အသူရာနတ်ဆိုးများ၏လောက (သို့) နယ်မြေသုံးခုသို့ဦးတည်ခြင်းမဟုတ်ပေ။ ၎င်းသည် ဝိညာဉ်နယ်ပယ်၏ ပြင်ပနယ်ပယ်သို့ ဦးတည်ခဲ့သည် ။
အတွင်း၌ ဖရိုဖရဲစည်းမျဉ်းများနှင့် ဖရိုဖရဲစွမ်းအားများပြည့်နေကာ လောက၏ဖန်ဆင်းမှုကြောင့် မွေးဖွားလားသည့် များစွာသော ထူးခြားသောစွမ်းအားများပြည့်နေလေသည်။
အကယ်၍ မဟာယာနအဆင့်အောက်မှ တစ်စုံတစ်ဦးကမှားယွင်းကာ ဝင်မိလျှင် သူတို့သည် ပြန်လည်မွေးဖွားခြင်းသံသရာသို့ ထာဝရကျရောက်သွားမည်ဖြစ်သည်။
ပြင်ပပိုင်နက်၏ အဆုံးမဲ့နေရာလပ်နှင့် အချိန်ထဲတွင် ထာဝရလမ်းပျောက်နေမည်ဖြစ်သည်။
သို့သော်လည်း ပြင်ပနယ်ပယ်တွင်သာ မဟာယာနတာအိုအရှင်များသည် စစ်ပွဲတွင် ပါဝင်နိုင်မည်ဖြစ်သည်။
"သွားကြရအောင်!"
နတ်ဗိမာန်ဂိုဏ်းမှ တာအိုအရှင်သည်ဦးဆောင်ကာ လောကဂိတ်တံခါးဝသို့ ခြေချပြီး ပြင်ပလောကသို့ ရောက်ရှိခဲ့သည် ။
တစ်ခဏအတွင်းမှာပင် လောက၏ နိယာမများသည် ဖရိုဖရဲအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူခံစားလိုက်ရပြီး မငြိမ်မသက်သော စွမ်းအင်များက သူ့အာရုံကို ပြည့်နှက်သွားစေခဲ့သည် ။
ပြင်ပ ဒိုမိန်းထဲ၌ နက်ရှိုင်းပြီး အဆုံးမရှိဘဲ မရေတွက်နိုင်သော ကြယ်များသည်အနက်ရောင် လောကကို အလင်းပေးနေပြီး မယုံနိုင်လောက်အောင် တောက်ပနေပါသည်။
အာကာသထဲ၌ ပျံသန်းနေသော ပူဖောင်းများကဲ့သို့ သေးငယ်သော လောကကို သူတို့ မြင်ခဲ့ရပါသည်။
သို့သော် ထိုသေးငယ်သည့်လောကများသည် အကွာအဝေးမရှိဘဲ မဝင်ရောက်နိုင်ကာ ၎င်းသည် ပြင်ပဒိုမိန်း၏ ထူးဆန်းမှုဖြစ်ပေသည်။
ထိုနေရာတွင် စည်းမျဉ်းအားလုံးသည် ဖရိုဖရဲအခြေအနေတွင်ရှိနေသည်။
သို့သော် မဟာယနတာအိုအရှင်သည် တာအို၏စွမ်းအားကိုပြင်ပဒိုမိန်းတွင် ထိန်းချုပ်နိုင်ဆဲ ဖြစ်သည်။ သူတို့ကိုယ်တိုင်ကပင် တာအို ဖြစ်ကြသည် ။
ချင်ရှန်းဝူနှင့် နတ်ဘုရားအရိပ်ဂိတ်မှတာအိုအရှင်တို့သည်လည်း ပြင်ပနယ်မြေအတွင်းသို့ ဝင်ရောက်လာသည်နှင့်အမျှ ၎ င်းတို့သုံးဦး ၏ သြဇာလွှမ်းမိုးမှုအောက်တွင် ရှုပ်ထွေးသော တာအိုသည် ပိုမိုတည်ငြိမ်လာခဲ့သည် ။
"စလိုက်ကြစို့။ အသူရာနတ်ဆိုးကို အရင်ထွက်လာခိုင်းစို့ ။"
ချင်ရှန်းဝူ ကပြောလိုက်သည်။
နတ်ဘုရားအရိပ်ဂိတ်နှင့် နတ်ဗိမာန်ဂိုဏ်းမှ တာအိုအရှင်တို့သည် ခေါင်းညိတ်လိုက်ကြသည်။
ပြီးနောက် သုံးဦးသည် တစ်ပြိုင်နက် နတ်ဆိုးချီနှင့်မကောင်းဆိုးဝါရောင်ဝါများနှင့် ပြည့်နေသည့် အပိုင်းအစများဖြစ်သည့် နတ်ဆိုးခံတပ်မှ အကြွင်းအကျန်များကိုထုတ်ယူလာကြသည်။
"ဒြပ်စင်ငါးပါးတာအို၊ နတ်ဆိုးများကိုဖိနှိပ်ခြင်းနှင့် ကောင်းကင်ဖွင့်လှစ်ခြင်း။"
မဟာယာန တာအိုအရှင်သုံးပါးသည် တစ်ပြိုင်နက်ထဲ နတ်ဆိုးအသုံးအဆောင်များကိုသန့်စင်ပြီး ၎င်းတို့အား အသူရာနတ်နယ်မြေသို့ဆက်သွယ်ရန် သော့အဖြစ်ပြောင်းလဲခဲ့လေသည်။
ခဏအကြာတွင် မှောင်မိုက်သော လျှပ်စီးသည် သူတို့ရှေ့တွင် ပေါက်ကွဲသွားပြီး သူတို့ ၏ လက်များထဲတွင် နေရာလပ်သည် တုန်လှုပ်သွားသည် ။
ပြီးနောက် သူတို့သည် ပြင်ပဒိုမိန်း၏အက်ကွဲကြောင်းကိုဆွဲဖြဲလိုက်ရာ အတွင်းတွင် နတ်ဆိုးများ၏ရောင်ဝါနှင့် ပြည့်နေလေသည်။
၎င်းသည် အသူရာနတ်ဆိုးနယ်မြေသို့ ဦးတည်သွားသောလမ်းကြောင်းတစ်ခုဖြစ်သည် ။
၎င်းကိုမြင်သောအခါ နတ်ဗိမာန်ဂိုဏ်း၏တာအိုအရှင်သည် တုံ့ဆိုင်းမနေဘဲ နတ်အလင်းကို အတွင်းသို့ ပို့လွတ်လိုက်သည်။
ထို့နောက်တွင် အသူရာဂိတ်သည် ရုတ်တရက်ကျယ်လာပြီး အတွင်းမှ ကြီးမားသောလက်တစ်ဖက် ထွက်လာခဲ့သည်။
"ရေတံခွန်ဂိတ်နယ်မြေ ရဲ့တာအိုအရှင်တွေလား? နောက်ဆုံးတော့ မင်းတို့ မခံနိုင်တော့ဘူးလား?"
ခေါင်းလောင်းကဲ့သို့ အသံနှင့်အတူ အသူရာနတ်ဆိုးတို့၏ရောင်ဝါက အတွင်းမှ ကျူးကျော်လာခဲ့သည်။
ကြောက်မက်ဘွယ်သော အနီနက်ရောင်ပုံရိပ်တစ်ခုသည် အသူရာဂိတ်မှ ပေ ရာပေါင်းများစွာ၊ ပေ ထောင်ပေါင်းများစွာ၊ ပေ သောင်းချီ ...
အသူရာနတ်ဆိုးတာအိုအရှင်၏ ကိုယ်ခန္ဓာအစစ်အမှန်သည် နှိုင်းယှဉ်မရနိုင်လောက်အောင် ကြီးမားပြီး မကောင်းဆိုးရွားမျက်လုံးများဖြင့်ဖုံးအုပ်ထားကာ တစ်ခုချင်းစီသည် အနက်ရောင်တွင်းနက်တစ်ခုကဲ့သို့ ဖြစ်သည် ။
ပြီးနောက် အသူရာဂိတ်မှ အခြားအသူရာနတ်ဆိုးတာအိုအရှင်တစ်ဦးထွက်လာပြီး ၎င်း၏ခန္ဓာကိုယ်သည် တီကောင်ကဲ့သို့တွန့်လိမ်နေကာ မျက်လုံးနှင့်ပါးစပ်များမရှိပေ။
သူတို့သည် နတ်ဆိုးများကြားတွင် အလွန်မကောင်းဆိုးဝါးဆန်ကာ ကြောက်မက်ဖွယ်တည်ရှိမှုမျိုး ဖြစ်ပြီး သူတို့ထံမှဝါးမြိုခံရသည့် လောကများမှာ မရေတွက်နိုင်တော့ပါ။
နတ်ဗိမာန်ဂိုဏ်းမှတာအိုအရှင်၏ တိုက်ခိုက်မှုသည် သူတို့အတွက်စိန်ခေါ်မှုဖြစ်ကာ သူတို့သည် ဆန္ဒရှိသဖြင့် ရောက်လာခြင်းဖြစ်သည်။
"မင်းတို့ လက်အောက်ခံတွေကပဲ တိုက်ခိုက်နေတာကိုကြည့်နေရတာမပျင်းဘူးလား? တာအိုအရှင်တွေကြား တိုက်ခိုက်ပြီး လောကအသစ်ကတိုက်ပွဲကို အဆုံးသတ်လိုက်ရင် မကောင်းဘူးလား?"
နတ်ဗိမာန်ဂိုဏ်းမှ တာအိုအရှင်က ပြောလိုက်သည်။
ပြီးနောက် ချင်ရှန်းဝူသည် ရုတ်တရက် လှုပ်ရှားမှုပြုလုပ်လိုက်ပြီး သူ၏လက်ကိုယမ်းကာ ငါးရောင်ခြယ်ဧရာမလက်ဖြင့် ကောင်းကင်ကိုကာနိုင်သော အဟုန်ဖြင့် နတ်ဆိုများကို ဖိနှိပ်လိုက်သည်။
ထို ဒြပ်စင်ငါးပါးလက်သည် သာမာန်လှုပ်ရှားမှုတစ်ခုဖြစ်သော်လည်း ကြောက်မက်ဖွယ် ပြန်လည်မွေးဖွားခြင်းသံသရာဖြစ်ပါသည်။
ထိုလှုပ်ရှားမှုအောက်တွင်
"ကျွတ်...ကျွတ်...ကျွတ်.."
အသူရာနတ်ဆိုးများ၏ မဟာယာနတာအိုအရှင်သည်လည်း တုံ့ဆိုင်းမနေတော့ပါ။ သူ၏ခန္ဓာကိုယ်မှ မျက်လုံးတစ်ရာသည် ပွင့်သွားပြီး ကြောက်မက်ဖွယ်နတ်ဆိုးချီသည် စကြာဝဠာတွင် ပြည့်သွားခဲ့သည်။
ချက်ခြင်းပင်၊ မဟာယာနတာအိုအရှင်အဆင့်တိုက်ပွဲသည် ပြင်ပဒိုမိန်းတွင် စတင်ခဲ့သည်။
တာအိုစွမ်းအားများသည် နေရာလပ်ကိုတုန်ခါစေပြီး လက်တစ်ဖက်တည်းဖြင့် ကြယ်များကို ခူးဆွတ်နိုင်ကာ လက်ဖဝါးဖြင့် ရိုက်ချမှုက စွန့်ပစ်ခံလောကများအား ချေမွပစ်နိုင်သည်။
၎င်းတို့ တိုက်ခိုက်မှုများ၏ နောက်ဆက်တွဲသည် ပြင်ပဒိုမိန်း၏ ထူးဆန်းသော စည်းမျဉ်းများတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်စေရန် လုံလောက်ခဲ့သည် ။
သူတို့၏လွမ်းမိုးမှုအောက်တွင် မရေတွက်နိုင်သော ကံဆိုးသည့်လောကငယ်နှင့် ဂြိုလ်များသည် တိုက်ရိုက်သက်ရောက်စေခဲ့ပြီး ကွဲကြေခြင်း၊ လောင်ကျွမ်းခြင်း သို့ ပုံမမှန်ကိစ္စများကြုံတွေရခြင်းတို့ ခံစားခဲ့ရသည်။
မဟာယာနတာအိုအရှင်များ၏တိုက်ခိုက်မှုသည် တိုက်ရိုက်ပင်ဖြစ်ပြီး ထူးခြားသည့်လှုပ်ရှားမှု မပါဝင်ပါ။ သူတို့၏တိုက်ခိုက်မှုသည် တာအို၏ပြည့်ဝသည့်စွမ်းအားကို သယ်ဆောင်ထားပြီး နေရာလပ်ကိုဖြတ်ကာ သူတို့၏ပစ်မှတ်ကိုရှင်းလင်းကြသည်။
နတ်ဗိမာန်ဂိုဏ်းမှ မဟာယနတာအိုအရှင်သည် သူ၏ဓမ္မပုံစံကိုဆင့်ခေါ်ခဲ့ပြီး ပေတစ်ထောင် ရှည်သည့် ရွှေရောင်ဧရာမပုံရိပ်ပေါ်ထွက်လာကာ နတ်အလင်းတောက်ပနေသည်။
သူသည် လက်တစ်ထောင်အဖြစ်ပြောင်းလဲကာ အသူရာနတ်ဆိုးမဟာယနတာအိုအရှင်အား ပြန်လည်၍ တိုက်ခိုက်လိုက်သည်။
နတ်ဘုရားအရိပ်ဂိတ်မှ မဟာယာနတာအိုအရှင်သည် သူ၏ကောင်းကင်ရတနာဖြစ်သည့် နေရာလပ်ထိုးခွဲသူဟုခေါ်သည့် ၎င်းသည် နေရာလပ်ထဲတွင်မိုင်ပေါင်းမီလီယံချီသွားလာနိုင်ပြီး ရန်သူကိုတိုက်ခိုက်နိုင်စွမ်းရှိကာ ပြင်ပလောက၏အလွှာကို အလွယ်တကူဖွင့်နိုင်ပြီး ကြောက်မက်ဖွယ်တွင်းနက်ကို ဖန်တီးနိုင်ပါသည်။
သုံးဦး၏ဖိနှိပ်တိုက်ခိုက်မှုအောက်တွင် ယခင်ကခိုင်မာသည့်အသူရာလမ်းသည် ပျက်ဆီးသွားပြီး အလွန်ပျက်စီးနေသည့် မြေအပိုင်းအစပင်ကျန်ခဲ့ပြီး လွှင့်မျောနေသည့်ကြယ်အပိုင်းအစများနှင့် လေဟာနယ်သည် အက်ကွဲသွားသည်။
“ခွပ်…ခွပ်…ခွပ်”
ထိုကဲ့သို့ မြင်ကွင်းကိုရင်ဆိုင်ရသော်လည်း အသူရာနတ်ဆိုးမျိုးနွယ်မှ မဟာယနတာအိုအရှင် များသည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိကြပေ။
သူတို့သည် တပြိုင်နက်ပင် အံ့အားသင့်ဖွယ်နတ်ဆိုးစွမ်းအားကို ထုတ်လိုက်ကြသည်။ တစ်ခုမှာ မျက်လုံးတစ်ရာသည် တပြိုင်နက်ပွင့်လာကြပြီး ရက်စက်သည့် ခရမ်းရောင်နတ်ဆိုးအလင်းသည် နေရာတိုင်းမှ ထွက်နေကာ ကြယ်အသစ်၏ပေါက်ကွဲခြင်းကဲ့သို့ လုံးဝရှိန်လောက်စရာ ကောင်းပါသည်။
အခြားမဟာယာနတာအိုအရှင်၏ခန္ဓာကိုယ်ကမူ ကြီးမားသည့် အနက်ရောင်တီကောင်ကြီးက နေရာလပ်ထဲ ရူးသွပ်စွာ သွားလာနေကာ မကြာမီတွင် ထိုနေရာလပ်ထဲမှ မရေတွက်နိုင်သည့် နတ်ဆိုးတီကောင်များစွာ ထွက်ပေါ်လာပြီး အန္တရာယ်ပြုတတ်သည့်သားရဲများအသိုက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုနှစ်ဦး၏တိုက်ခိုက်မှုသည် အလွန်မကောင်းဆိုးဝါးဆန်ပြီး ပြင်ပဒိုမိန်း၌သာ မသက်ရောက်ဘဲ ရက်စက်သည့်စွမ်းအားဖြင့် ကျယ်ပြန့်သည့် ဧရိယာကို ဖုံးလွမ်းသွားသည်။
ချက်ခြင်းပင် မရေတွက်နိုင်သည့် လောကငယ်များသည် သူတို့၏တိုက်ခိုက်မှုကိုခံရပြီးနောက် စတင်၍ ပျက်ဆီးကာ ပြိုကျသွားးကြသည်။
တာအိုအရှင်များ၏နေရာလပ်တွင် တိုက်ခိုက်မှုများသည် အစဉ်အမြဲ ကပ်ဘေးပင်ဖြစ်သည်။
ရေတံခွန်ဂိတ်နယ်မြေတွင် (သို့) အခြားလောကတွင်ဖြစ်စေ ထိုလောကသည် သူတို့ထံမှ ဖျက်ဆီးခံရမည်ဖြစ်သည်။
"နတ်ဆိုး သုတ်သင်ရှင်းလင်းသူတွေ၊ သေစမ်း။"
သူ၏ ညာဘက်လက်တစ်ဖက်ဖြင့် နတ်ဗိမာန်ဂိုဏ်းမှ မဟာယာန တာအိုအရှင်သည် နတ်ဘုရားများစွာ၏ ပုံသဏ္ဌာန်များဖြင့် ထုလုပ်ထားသော ရွှေရောင်အမှတ်အသားကို ထုတ်ဖော်ပြသခဲ့ပြီး ၎င်းတို့၏ နတ်တန်ခိုးအချို့ ပါဝင်သည် ။
ဤသည် နတ်ဗိမာန်ဂိုဏ်း၏ ရှေးဟောင်းကောင်းကင်ဘုံရတနာတစ်ခုဖြစ်သော နတ်အမိန့်ရာချီ ဖြစ်သည်။
ထိုရှေးဟောင်းကောင်းကင်ရတနာကို ဖွင့်လိုက်သည့်အချိန်တွင် မရေမတွက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသော နတ်လက်နက်ပုံရိပ်များဖြင့် ရက်လုပ်ထားသော စည်းမျဉ်းများ၏ တန်ခိုးနှင့် တွဲဖက်၍ နေရာလပ်ထဲမှ တီကောင်ပေါက်များအားလုံးကို ချက်ချင်းပိတ်ဆို့လိုက်သည်။
နတ်စွမ်းအားလိမ့်တက်လာခြင်းအောက်တွင် နတ်ဆိုးတီကောင်များ အားလုံးသည် ရှင်းလင်းသွားသည်။
ဤတိုက်ခိုက်မှုသည် မျက်စိမရှိ ပါးစပ်မရှိသော တာအိုအရှင်အား ချက်ချင်းတွန့်လိမ်စေကာ တုံ့ပြန်မှု ဖြစ်စေခဲ့သည် ။
"မျက်လုံးတစ်ရာ ချောက်နက်"
ဤအခိုက်အတန့်တွင်၊ မျက်လုံးတစ်ရာရှိသော နတ်ဆိုးတာအိုအရှင်သည်လည်း သူ ၏ ခန္ဓာကိုယ်မှ မရေတွက်နိုင်သော နတ်ဆိုးမျက်လုံးများ ပေါက်ထွက်လာပြီး နေရာလပ်ထဲသို့ ဝင်ရောက်သွားကာ ပြင်းထန်သော လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့သည် ။
ထို့နောက်တွင် မျက်လုံးများသည် နေရာလပ်ထဲမှ ထွက်လာပြီး လူသားတာအိုအရှင်များအား ဝိုင်းရံလိုက်သည်။
နတ်ဆိုးမျက်လုံးများဖြင့် ဖွဲ့စည်းထားသော လောကတွင် နတ်ဆိုးချီများဖြင့် ပြည့်နှက်နေသော နက်ရှိုင်းသော ချောက်နက်ထဲတွင် ထိုသုံးဦးသည် ချက်ချင်းပင် ပိတ်မိနေပြီး အရာရာသည် နတ်ဆိုးမျက်လုံးများ ဖြစ်လာကာ အဆုံးမဲ့ မကောင်းဆိုးဝါး စွမ်းအားဖြင့် တိုက်ခိုက်ခဲ့သည် ။
တာအိုအရှင်၏ မူလဝိညာဉ်များသည် ကမ္ဘာကြီး၏ ကြောက်မက်ဖွယ်ရာ မြင်ကွင်းအောက်တွင် ယိုယွင်းပျက်စီးနေခဲ့ပါသည်။
မရေတွက်နိုင်သော နတ်ဆိုးမျက်လုံးများသည် တစ်ပြိုင်နက်တည်း တောက်ပလာပြီး ၎ င်းတို့ ၏ ထူးဆန်းသော ယိုယွင်းနေသော စွမ်းအားသည် ရောင်ခြည်ကဲ့သို့ ၎င်းတို့ဆီသို့ စွမ်းအားရောင်ခြည်စီးဆင်းလာသည် ။
***