← Chapters

ပုန်ကန်တာမဟုတ်ဘူး အမြစ်ပြတ်ချေမှုန်းတာ

Vol. 55 Ch. 817

ပုန်ကန်တာမဟုတ်ဘူး အမြစ်ပြတ်ချေမှုန်းတာ

Vol. 55 Ch. 817

ရွှယ်အန်း ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျီလဲ့မြို့၏ အထက်သို့ ရောက်ရှိသွားသည်။

ယခုအချိန်တွင်...

တစ်မြို့လုံးမှာ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ ရွှယ်အန်း၏ ဒေါသတကြီး ရောက်ရှိလာမှုသည် အလွန်အမင်း တုန်လှုပ်ဖွယ် ကောင်းလှသည်။ ကောင်းကင်ပေါ်မှ တိမ်မည်းများသည်ပင် ယခုထိ ပျောက်ကွယ် မသွားသေးပေ။

မရေမတွက်နိုင်သော လူများသည် တိမ်မည်းများထိပ်တွင် ရပ်နေသော ရွှယ်အန်းကို မော့ကြည့်ကာ တုန်လှုပ်နေသော အမူအရာများ ပြသနေကြသည်။

ရွှယ်အန်းက ခပ်အေးအေး ပြောလိုက်သည်။

"မသွားခင် လုပ်စရာတစ်ခု ကျန်သေးတယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် သူ၏ လက်သီးကို မြှောက်လိုက်ပြီး ထိုးထုတ်လိုက်သည်။

ဤလက်သီးချက်သည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေပုံရပြီး ကောင်းကင်ပေါ်ရှိ တိမ်မည်းများသည် ဒေါသတကြီး စုစည်းလာကာ သူတို့၏ ရှေ့မှအရာဆီသို့ မိုးကြိုးပစ်ကဲ့သို့ တိုးဝင်လာသည်။

မြို့လယ်ရှိ ကျီလဲ့အဆောင်သည် မူလက ထွန်းလင်းတောက်ပပြီး ငြိမ်းချမ်းသာယာမှုတို့ဖြင့် ပြည့်နှက်နေသော နေရာဖြစ်သော်လည်း ယခုအခါ အစွမ်းထက် ကျင့်ကြံသူများစွာ၏ ကြောက်လန့်တကြား အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်သွားသည်။ သူတို့သည် ခုခံရန် ကြိုးစားကာ အပြင်သို့ ပြေးထွက်လာကြသည်။

သို့သော် အချည်းနှီးသာဖြစ်သည်။

ဤကျင့်ကြံသူများသည် ရွှယ်အန်း၏ ကမ္ဘာမြေကို တုန်ခါစေသော လက်သီးချက်အောက်တွင် အလွန်အမင်း သေးငယ်လွန်းလှသည်။

နဂါးတစ်ကောင်၏ အသက်ရှုထုတ်မှုကဲ့သို့ လွှမ်းမိုးနိုင်သော လက်သီး၏ စွမ်းအားအောက်တွင် ဤအားကောင်းသော ကျင့်ကြံသူများသည် အော်ဟစ်ခွင့်ပင် မရလိုက်ဘဲ အားလုံး မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ရုတ်တရက်ဆိုသကဲ့သို့ ခိုင်ခံ့သော ကျီလဲ့အဆောင်သည် တကျွီကျွီ မြည်ဟည်းလာပြီး ပြိုကျပျက်စီးစပြုလာကာ အဆုံးတွင် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ကျဆင်းလာပြီး မြူခိုးတိမ်တိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ကျီလဲ့မြို့ထဲရှိ လူအားလုံး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။

အချို့မှာ မထိန်းနိုင်ဘဲ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ကြသည်။

အဘယ်ကြောင့်ဆို ဤလက်သီးချက်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။

မြို့လယ်တွင် ရှိနေခဲ့သော ကျီလဲ့အဆောင်သည် ဤလက်သီးချက်ကြောင့် မြူခိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုအဆောင်အတွင်းရှိ အစွမ်းထက် ပုဂ္ဂိုလ်များပင်လျှင် အားလုံး မြူမှုန်အဖြစ်သို့ ရောက်သွားခဲ့သည်။

လက်သီးတစ်ချက်ကြောင့် တုန်လှုပ်သွားသော မြို့တစ်မြို့...

ရွှယ်အန်းသည် သူ၏ လက်သီးကို ပြန်ရုပ်သိမ်းလိုက်ပြီး ခပ်အေးအေး ပြောလိုက်သည်။

"သွားကြစို့၊ နောက်တစ်ခုက ကျီလဲ့ခန်းမပဲ"

ကျီလဲ့သူတော်စင်မသည် ခေါင်းညိတ်လိုက်ပြီး ရှေ့မှ လမ်းပြရန် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

မဟာအိပ်မက်တောင်၏ ပင်မတောင်ထွတ်သည် တိမ်များထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး တောင်တန်းကြီးသည် မိုင်ပေါင်းသောင်းချီကျယ်သော တောင်တန်းဟု လူသိများကာ အဆုံးမရှိ ရှည်လျား ကျယ်ပြန့်သည်။

ကျီလဲ့ခန်းမသည် ဤတောင်များ၏ အတွင်းနက်နက်ထဲတွင် တည်ရှိသည်။

နှစ်ထောင်ပေါင်းများစွာအတွင်း ဖွံ့ဖြိုးတိုးတက်လာပြီးနောက် အမျိုးမျိုးသော ထောင်ချောက်များနှင့် ပုံရိပ်ယောင် မြင်ကွင်းများသည် မဟာအိပ်မက်တောင်၏ အတွင်းနက်ပိုင်းများတစ်လျှောက် ပျံ့နှံ့နေသည်။ လမ်းမသိသူ တစ်ဦး ဝင်ရောက်လာပါက သေပွဲဝင်ရပေမည်။

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ မဟာအိပ်မက်တောင်သည် မည်သူမျှ မသွားချင်သော တားမြစ်ထားသည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် မရေမတွက်နိုင်သော ကြမ်းတမ်းသည့် မြင့်မြတ် သားရဲများသည် ဤတောင်များ၏ အတွင်းနက်ထဲတွင် နေထိုင်ကြသည်။

ယခုအချိန်တွင်...

ဤမြင့်မြတ်သည့် သားရဲများသည် တောင်များတစ်လျှောက် အေးအေးဆေးဆေး လှည့်လည်သွားလာကာ အစာရှာဖွေနေကြသည်။

ရုတ်တရက်ဆိုသကဲ့သို့....

အလင်းတန်းနှစ်ခုသည် ကောင်းကင်ယံကို ဖြတ်ကျော်သွားသည်။

သူတို့ သွားလေရာရာတွင် မြင့်မြတ်သည့် သားရဲများအားလုံး မြေပြင်ပေါ်တွင် ပြင်းထန်စွာ တုန်ယင်လျက် ဝပ်တွားနေကြသည်။

အဘယ်ကြောင့်ဆို သူတို့ ထုတ်လွှတ်လိုက်သော ကြီးကျယ်ခမ်းနားမှုသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။

မြင့်မြတ်သားရဲများ ဖြစ်သည့်အလျောက် ၎င်းတို့သည် ထိုကဲ့သို့သော အရှိန်အဝါကို အာရုံခံနိုင်ကြပြီး ပိုမို ကြောက်ရွံ့တက်ကြသည်။

ထို့ကြောင့် ရွှယ်အန်း ပျံသန်းသွားရာနေရာတိုင်းရှိ သားရဲများသည် ခေါင်းငုံ့ထားကြပြီး ဟိန်းဟောက်သံများ မဆိတ်သုဉ်းခဲ့သော မဟာအိပ်မက်တောင်သည်လည်း ဤခဏတွင် တိတ်ဆိတ်သွားသည်။

မဟာအိပ်မက်တောင် ကိုယ်တိုင်ပင်လျှင် ဧကရာဇ်တစ်ပါး၏ ကြွရောက်လာခြင်းကို ကြိုဆိုနေသည့်ပမာ အနည်းငယ် တုန်ခါနေသည်။

ရွှယ်အန်းသည် သက်သောင့်သက်သာဖြင့် လျှောက်လာသည်။

သူ ဖြတ်သန်းသွားစဉ် ရံဖန်ရံခါ တဖျစ်ဖျစ် မြည်သံများနှင့် တောက်ပမှုများသည် လင်းလက်သွားသည်။

၎င်းတို့သည် ကျီလဲ့ခန်းမမှ လေလယ်တွင် တပ်ဆင်ထားသော ထောင်ချောက်များနှင့် ပုံရိပ်ယောင် မြင်ကွင်းများ ဖြစ်ကြသည်။

အခြား ကျင့်ကြံသူများအတွက် ၎င်းတို့သည် မကျော်လွှားနိုင်သော အတားအဆီးများကို ကိုယ်စားပြုနိုင်ပေမည်။

သို့သော် ရွှယ်အန်းအတွက်မူ ၎င်းတို့သည် သူ ရှောင်တိမ်းရန်ပင် စိတ်မဝင်စားသော ရေအိုင်ငယ်လေးမျှသာ ဖြစ်သည်။

ဤသို့သော ပြင်းထန်သည့် အခင်းအကျင်းအား ဖောက်ထွင်းလျက် ရွှယ်အန်းနှင့် ကျီလဲ့ သူတော်စင်မတို့သည် တောင်များ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ဝှက်ထားသော ကျီလဲ့ခန်းမဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားကြသည်။

အဆုံးတွင်...

ခမ်းနားထည်ဝါသော မြို့တစ်မြို့သည် အဝေးတွင် ပေါ်လာသည်။

ဤမြို့သည် မဟာအိပ်မက်တောင်၏ တောင်ထိပ်ရှိ တိမ်တိုက်များပေါ်တွင် တည်ရှိနေပြီး ၎င်း၏ ပတ်ပလည်တွင် အရောင်အသွေးစုံလင်သော တောက်ပမှု အမျိုးမျိုးတို့မှာ လင်းလက်နေသည်။

၎င်းအတွင်း၀ယ် အမျိုးမျိုးသော ထူးဆန်းသည့် သားရဲများမှာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။

မြို့ထဲမှ ထွက်လာသော ရယ်သံများကိုပင် ခပ်စွပ်စွပ် ကြားနိုင်သည်။

၎င်းသည် နတ်ဘုံနတ်နန်းတစ်ခုအလား ထင်ရသည်။

ကျီလဲ့ခန်းမ ငါတို့တွေ ရောက်လာပြီ...

ဘုန်း!

ရွှယ်အန်းသည် ကြီးမားသော မြို့ကြီးဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။

လမ်းတစ်လျှောက်တွင် ရောင်ခြည်များ ဝေ့ဝဲနေပြီး ပေါက်ကွဲသံများ မရပ်မနား ပဲ့တင်ထပ်နေသည်။

ဤနေရာရှိ ထောင်ချောက်များနှင့် ပုံရိပ်ယောင် အခင်းအကျင်းများသည် မယုံနိုင်လောက်သည့် အတိုင်းအတာအထိ ထူထပ်စွာ စုစည်းနေသည်မှာ ထင်ရှားသည်။

သို့သော် ဤအရာများထဲမှ တစ်ခုတောင်မှ ရွှယ်အန်းကို အနည်းငယ်မျှပင် အဟန့်အတား မဖြစ်စေခဲ့ပေ။

သူ၏ အရှိန်သည် အနည်းငယ်မျှပင် မလျော့ကျသွားဘဲ ကိုယ်ပိုင်ခြံဝင်းတစ်ခုထဲတွင် လမ်းလျှောက်နေသည့်ပမာ သက်သောင့်သက်သာဖြင့် ရှေ့သို့ ဆက်လက် ဝင်လာသည်။

ကျီလဲ့ခန်းမ အတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် ရွှယ်အန်း ချဉ်းကပ်လာသောကြောင့် အတွင်းမှ လူများကို တပ်လှန့်လိုက်မိပြီ ဖြစ်သည်။

"ဘယ်သူလဲ၊ ကျီလဲ့ခန်းမရဲ့ တားမြစ်ထားတဲ့ နေရာကို ဘယ်သူ ကျူးကျော်ဝင်ရောက်ဝံ့သလဲ၊ ဟင်... သူတော်စင်မ"

လှပသော သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦး လေပေါ်တွင် ပေါ်လာပြီးနောက် အံ့ဩစွာဖြင့် စကားပြောလိုက်သည်။

ရွှယ်အန်းသည် သူ၏ လက်များကို နောက်ပစ်ကာ ရပ်နေရာမှ ခပ်ရေးရေး ပြုံးလိုက်သည်။

"သူမက ဘယ်သူလဲ"

ကျီလဲ့သူတော်စင်မသည် ခြေလှမ်းအနည်းငယ် ရှေ့တိုးလိုက်ပြီး ပြောလိုက်သည်။

"လင်းရှောင်ရဲ့ ဂျူနီယာညီမ တတိယ အကြီးအကဲ လင်းခုန်ပါ"

ထိုအချိန်တွင် လင်းခုန်သည် ရှုပ်ထွေးသော လေသံဖြင့် မေးလိုက်သည်။

"သူတော်စင်... ဘာတွေ ဖြစ်နေတာလဲ"

ကျီလဲ့သူ‌တော်စင်မသည် ညင်သာသော အသံဖြင့် မေးလိုက်သည်။

"ဖန်ချင်းဟွမ် ဒီမှာ ရှိလား၊ ငါနဲ့ လာတွေ့ဖို့ ပြောလိုက်"

ဤအမည်ကို ကြားသောအခါ လင်းခုန်၏ မျက်နှာအမူအရာသည် ကြည့်ရဆိုးသွားသည်။

"သူတော်စင်မ... ရှင်က ကျွန်မတို့ ဂိုဏ်းရဲ့ မြင့်မြတ်တဲ့ သူတော်စင်မအဖြစ် အသိမှတ်ပြုခံရပေမယ့် ကျွန်မတို့ ဂိုဏ်းချုပ်ကို လေးစားမှုတော့ ပြသင့်တယ်၊ သူ့နာမည်ကို ရှင် ဘယ်လိုများ ပေါ့ပေါ့ဆဆ ပြောရဲတာလဲ၊ ပြီးတော့ ရှင်က ယောက်ျားတစ်ယောက်ကို ခေါ်လာခဲ့တယ်၊ ဒါက ကျွန်မတို့ ဂိုဏ်းရဲ့ ကြီးမားတဲ့ တားမြစ်ချက်တစ်ခုကို ကျူးလွန်လိုက်တာပဲ"

လင်းခုန်သည် ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ပြင်းပြင်းထန်ထန် ပြောလိုက်သည်။

သူမတွင် ဤသို့ ပြောခွင့်ရှိသည်။

အဘယ်ကြောင့်ဆို သူမသည် ကျီလဲ့ခန်းမအတွင်း ကြီးကြပ်ရေးတာဝန်ခံ အကြီးအကဲ ဖြစ်သောကြောင့်ဖြစ်သည်။

ကျီလဲ့သူ‌တော်စင်မသည် နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး လက်မြှောက်ကာ ပါးရိုက်ချလိုက်သည်။

ဖြောင်း!

ထိုပါးရိုက်ချက်သည် လင်းခုန်အား ကိုက်ပေါင်း ရာနှင့်ချီ ဝေးသောနေရာသို့ လွင့်စင်သွားစေသည်။

သူမ ကိုယ်ကို ပြန်ထိန်းနိုင်သည့် အချိန်တွင် သူမ၏ ပါးသည် ရောင်ကိုင်းနေပြီ ဖြစ်သည်။

"မုယာ... ဘာလို့လဲ"

လင်းခုန်က ဒေါသတကြီး အော်ဟောက်လိုက်သည်။

ကျီလဲ့သူ‌တော်စင်မသည် တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး၊ နင်တို့အားလုံးနဲ့ ရှင်းရမယ့် စာရင်းအချို့ရှိနေလို့"

ဤသည်ကို ကြားသောအခါ လင်းခုန်၏ မျက်နှာအရောင်သည် သိသိသာသာ ပြောင်းလဲသွားသည်။

"နင်... နင် ဘာကို ဆိုလိုတာလဲ"

"ဆယ်စုနှစ် အနည်းငယ်လေးပဲ ရှိသေးတာ၊ အဲ့ဒီတုန်းက နင်တို့ ငါ့မိသားစုကို ဘာလုပ်ခဲ့လဲ ဆိုတာ မေ့သွားကြပြီလား"

လင်းခုန်သည် ကျီလဲ့သူ‌တော်စင်မ၏ စကားကြောင့် တုန်လှုပ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"ဘယ်သူ နင့်ကို ပြောတာလဲ၊ အဲ့လူလား၊ မုယာ... အပြင်လူတစ်ယောက်ရဲ့ လှည့်စားတာကို မခံနဲ့၊ ရန်သူတွေဖြစ်စေချင်သလို ကိုယ့်လူရင်းတွေကို ထိခိုက်မယ့် အလုပ်မျိုး မလုပ်နဲ့"

သူမ ပြောနေစဉ်မှာပင် လင်းခုန်သည် ကြမ်းတမ်းသော အကြည့်ဖြင့် ရွှယ်အန်းဆီသို့ ခုန်အုပ်လိုက်သည်။

"ပြဿနာရှာတဲ့ အကောင်စုတ်၊ ဒီနေ့ နင့်ကို ငါ သတ်ပစ်မယ်"

"တိတ်စမ်း"

ညင်သာသော အသံနှင့်အတူ ရွှယ်အန်းသည် သူ၏ လက်ညှိုးကို ထုတ်လိုက်သည်။

ချဉ်းကပ်လာသော လင်းခုန်သည် ချက်ချင်း ပေါက်ကွဲသွားသည်။

ခဏအကြာတွင် ကျီလဲ့မြို့အတွင်းမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

"မုယာ နင်က အပြင်လူတွေနဲ့ ပူးပေါင်းပြီး နင် ပုန်ကန်ဖို့ ကြံစည်နေတာလား"

မုယာသည် ခေါင်းခါကာ ပြန်ပြောလိုက်သည်။

"ပုန်ကန်တာ မဟုတ်ဘူး၊ ဂိုဏ်းတစ်ခုလုံးကို အမြစ်ပြတ် ချေမှုန်းမလိုဘ"

ဤ ကြက်သီးထဖွယ် စကားလုံး ရှစ်လုံးကို ပြောလိုက်သည်။

ကျီလဲ့ခန်းမမှ တစ်ခုပြီးတစ်ခု အစွမ်းထက်သော အရှိန်အဝါများ ထိုးထွက်လာသည်။

ဤအရှိန်အဝါ တစ်ခုချင်းစီသည်

အလွန်အမင်း အစွမ်းထက်ပြီး ၎င်းင်းတို့အထဲတွင် ရွှေအင်မော်တယ် ကျွမ်းကျင်သူများ၏ အရှိန်အဝါပင် ပါဝင်သည်။

၎င်းတို့ ပေါင်းစပ်လိုက်သောအခါ မိုင်တစ်သိန်း အချင်းဝက်အတွင်းရှိ မဟာအိပ်မက်တောင် တစ်ခုလုံးကို တုန်ခါသွားစေသည့် လွှမ်းမိုးနိုင်သော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသည်။

ကျီလဲ့သူတော်စင်မသည် ပထမဆုံး ထိခိုက်ခံရသူဖြစ်ပြီး ဆယ်မိုင်ကျော်အထိ နောက်သို့ တွန်းထုတ်ခံလိုက်ရကာ သူမ၏ မျက်နှာသည် ဖြူဖျော့သွားပြီး ရှုံးနိမ့်ခြင်း လက္ခဏာများ ပြသနေသည်။ သူမသ

ထိခိုက်ဒဏ်ရာရသွားသည်မှာ ထင်ရှားသည်။

ရွှယ်အန်းက အေးစက်စွာ ပြုံးလိုက်ပြီး၊ ဤကျယ်ပြန့်သော ပင်လယ်ကဲ့သို့သော အရှိန်အဝါကို တစ်ဦးတည်း ရင်ဆိုင်က ခြေတစ်လှမ်း ရှေ့တိုးလိုက်သည်။

"ပျောက်ကွယ်သွားစမ်း"

ထိုအမိန့်နှင့်အတူ...

ကောင်းကင်နှင့် မြေကြီးတွင် ပြည့်နှက်နေသော ကြီးမားလှသည့် အရှိန်အဝါသည် ချက်ချင်း ခဲသွားပြီးနောက် ပေါက်ကွဲထွက်သွားသည်။

ထို့နောက်တွင် ကျီလဲ့ခန်းမအတွင်းမှ တိုးညှင်းသော ညည်းညူသံများ ထွက်ပေါ်လာသည်။

၎င်း၏ အရှိန်အဝါသည်လည်း အားနည်းသွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် ဒေါသဖြင့် ပြည့်နှက်နေသော အသံတစ်ခုသည် ကောင်းကင်နှင့် မြေကြီးတစ်လျှောက် ပဲ့တင်ထွက်လာသည်။

"ငါ ကျင့်ကြံနေတုန်း ကျီလဲ့ခန်းမကို ဘယ်သူက နှောင့်ယှက်ရဲတာလဲ”

All Chapters