← Chapters

တောင်တစ်လုံးကို ရွှေ့လျားစေနိုင်သော တိုက်ခိုက်မှု

Vol. 55 Ch. 818

တောင်တစ်လုံးကို ရွှေ့လျားစေနိုင်သော တိုက်ခိုက်မှု

Vol. 55 Ch. 818

ထိုစကားသံနှင့်အတူ နတ်သမီးတစ်ပါးပမာ အမျိုးသမီးတစ်ဦးသည် ကျီလဲ့အထက်တွင် ပေါ်လာသည်။

သူမ၏နောက်တွင် အကြီးအကဲ ဒါဇင်ကျော်ခန့်မှာ တန်းစီလျက်ရှိသည်။

ရွှယ်အန်း၏ လက်ချက်ဖြင့် အပိုင်းပိုင်း ကြေမွသွားခဲ့သော လင်းခုန်သည်လည်း သူတို့ထဲတွင် ပါဝင်နေသည်။

ဤအမျိုးသမီး၏ အသက်အရွယ်ကို မခန့်မှန်းနိုင်သော်လည်း သူမ၏ ခန္ဓာကိုယ်အချိုးအစားမှာမူ ပြီးပြည့်စုံသော S-curve ပုံစံဖြစ်ပြီး ကြည့်ရှုသူ၏ စိတ်မှာခိုင်မာမှု အနည်းငယ်မျှ လျော့နည်းနေပါက တစ်ချက်ကြည့်ရုံဖြင့် ထိုမိန်းမ၏ ကျော့ကွင်းထဲတွင် ဖမ်းချုပ်ထားနိုင်ပြီး လုံးဝ လွတ်မြောက်နိုင်မည်မဟုတ်ချေ။

ဤအချက်ကြောင့် သူမ၏ စွဲဆောင်မှုပညာရပ်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို ပြသနေသည်။

အရှေ့ဆုံးမှ ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ နှစ်ပေါင်းရာချီအတွင်း နံပါတ်တစ် စွဲဆောင်နိုင်သူအဖြစ် လူသိများသော ကျီလဲ့ခန်းမ၏ သခင်မ ဖန်ချင်းဟွမ်ဖြစ်သည်။

ဤအခိုက်အတန့်တွင်...

ဖန်ချင်းဟွမ်သည် လေထဲတွင်ရပ်လျက် သူမ၏ မျက်နှာထားသည် အလွန်တင်းမာလျက်ရှိသည်။

"မိတ်ဆွေ ကျီလဲ့ခန်းမနဲ့ ဘယ်လို အငြိုးအတေးတွေရှိလို့ ကျွန်မတို့ကို တိုက်ခိုက်ရတာလဲ၊ ပြီးတော့ ဘာကြောင့် သူတော်စင်မနဲ့ ကျွန်မတို့ဂိုဏ်းကြားမှာ ပြဿနာဖြစ်အောင် သွေးထိုးရတာလဲ"

ထိုစကားကို ကြားသောအခါ ရွှယ်အန်းက ခပ်ဖွဖွရယ်လိုက်သည်။

"သွေးထိုးတယ်ဟုတ်လား၊ ဟင့်အင်း... မင်းတို့ရဲ့ လုပ်ရပ်တွေကို ငါ မကြည့်နိုင်လို့၊ ငါ လိုက်လာတာပဲ"

ထိုအချိန်တွင် မုယာ၏ အသံသည် ရေခဲတမျှ အေးစက်နေသည်။

"ဖန်ချင်းဟွမ်... နင် ဘာလို့ ပုံစံအမှန်နဲ့ မထွက်လာရဲတာလဲ၊ ပုံရိပ်ယောင်နဲ့ပဲ ငါ့ကို လာခြောက်လှန့်ရဲတာလား"

"မုယာ၊ နင် ဘာလို့ ငါတို့အပေါ် ဒီလောက် အငြိုးထားနေလဲ ငါသိတယ်၊ ဒါပေမဲ့ နင် ယုံရမယ်၊ ငါတို့က နင်အတွက် အကောင်းဆုံးကိုပဲ စေတနာအမှန်နဲ့ လုပ်ပေးခဲ့တာပါ၊ မင်းရဲ့ ကောင်းကင်ဗုဒ္ဓ စွဲဆောင်မှု အရိုး တွေက အရမ်းရှားပါးပြီး စွမ်းအားကြီးတယ်၊ သာမန်မိသားစု သံယောဇဉ်တွေထဲမှာ ပိတ်မိနေရင် အရမ်းကြီးမားတဲ့ ဖြုန်းတီးမှု ဖြစ်သွားလိမ့်မယ်၊ ဒါကြောင့်ပဲ ငါတို့ တင့်ကို အထွတ်အထိပ်အောင်မြင်မှုဆီ ရောက်အောင် ကူညီဖို့ ဒီလိုနည်းလမ်းကို သုံးခဲ့ရတာ၊ နင် ငါတို့ရဲ့ စေတနာကို နားလည်သင့်တယ်"

"စေတနာ ဟုတ်လား"

မုယာက ခါးသက်စွာ ရယ်လိုက်သည်။ သူမ၏ ရယ်သံများသည် မျက်လုံးမှ စီးကျလာသော သွေးမျက်ရည်များနှင့် ရောနှောသွားသည်။

"ငါ့အဖေက ကြင်နာတတ်ပြီး စေတနာတက်တယ်၊ ငါ့အမေက နူးညံ့ပြီး သိမ်မွေ့တယ်၊ ငါ့အစ်မက ဂုဏ်သိက္ခာကြီးပြီး တည်ငြိမ်တယ်၊ ငါ့မှာ အဲ့လောက် ပြီးပြည့်စုံတဲ့ မိသားစု ရှိခဲ့တာ၊ ဒါပေမဲ့ ကောင်းကင်ဗုဒ္ဓ စွဲဆောင်မှု အရိုးဆိုတာအတွက်နဲ့ နင်တို့က အရာအားလုံးကို ရက်ရက်စက်စက် ဖျက်ဆီးခဲ့တယ်၊ အခုတော့ နင်က ဒါကို ငါ့အတွက်ကောင်းအောင် လုပ်ပေးတာလို့ ပြောရဲသေးတာလား"

မုယာ၏ အသံတွင် ခံစားချက်များ မရှိပဲ သူမ၏ စကားလုံးတိုင်းသည် သွေးများနှင့်အတူ ငိုကြွေးနေသည့်အလား တူနေသည်။

"မုယာ နင် အင်မော်တယ်ဖြစ်အောင် အနှောင်အဖွဲ့တွေကို ဖြတ်တောက်ဖို့ လိုအပ်တယ်၊ အဲ့ဒီ မိသားစု သံယောဇဉ်တွေနဲ့ ပျော်ရွှင်မှုတွေ အားလုက ပုံရိပ်ယောင်တွေပဲ၊ နင်..."

"အင်မော်တယ်ဖြစ်တာတွေ၊ ဘာတွေ အကုန် ငရဲပြည်ကို သွားလိုက်စမ်း"

မုယာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဲဒီညက ငါ ဘာတွေ ကြုံခဲ့ရလဲ နင်တို့ သိလား"

"ငါက ခွေးသေတစ်ကောင်လို လျှို့ဝှက်အခန်းထဲမှာ ပုန်းနေခဲ့ရတယ်၊ ငါ့ရဲ့ အချစ်ဆုံးအစ်မ နှိပ်စက်ခံရပြီး သေဆုံးသွားတဲ့အသံကို နားထောင်နေခဲ့ရတယ်"

"ပြီးတော့ ငါ့မိဘတွေရဲ့ အလောင်းတွေက ရင်ပြင်ထဲမှာ အေးစက်ပြီး ကျန်နေခဲ့တာ"

"ဒါပေမဲ့ နင်တို့ရဲ့ ပါးစပ်ထဲမှာတော့ သူတို့ရဲ့ သေဆုံးမှုက ပုံရိပ်ယောင် ဖြစ်နေတာလား"

ကျီလဲ့သူတော်စင်မ၏ စွမ်းအင်လှိုင်းများသည် ပြင်းထန်စွာ လှုပ်ခါနေပြီး သူမ၏ မျက်လုံးများသည် တောက်ပနေကာ ထူးဆန်းသော ရနံ့တစ်ခုသည် ကျီလဲ့ခန်းမ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

"ဒါ... ဒါ ဘာကြီးလဲ"

ဖန်ချင်းဟွမ် တစ်ခဏမျှ မှင်တက်သွားသည်။

ထိုအချိန်မှာပင် ကျီလဲ့သူတော်စင်မသည် အရူးတစ်ယောက်ပမာ ရှေ့သို့ တိုးဝင်လာသည်။

"ငါ နင်တို့အားလုံးကို သေစေချင်တယ်! ငါ့အစ်မနဲ့ ငါ့မိဘတွေကို သတ်ခဲ့တာအတွက် နင်တို့အသက်နဲ့ ပြန်ပေးဆပ်ရမယ်"

ဘုန်း!

ကျီလဲ့သူတော်စင်မသည် လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။

ဖန်ချင်းဟွမ်နှင့် အကြီးအကဲများ၏ ပုံရိပ်ယောင်များအားလုံးသည် ထိုတိုက်ခိုက်မှုကြောင့် ကြေမွသွားသည်။

သို့သော် ထို့နောက်တွင် ကြည်လင်တောက်ပသော အတားအဆီးတစ်ခုသည် ကျီလဲ့ခန်းမ၏ ကောင်းကင်ယံတွင် ပေါ်လာပြီး ၎င်းအပေါ်တွင် အစီအစဉ် သင်္ကေတမျိုးစုံ ပေါ်ထွက်လာသည်။

မုယာ၏ လက်ဝါးချက်သည် ထိုအတားအဆီးကြောင့် ပျက်ပြယ်မသွားမီ လှိုင်းဂယက်တစ်ခုမျှပင် မဖြစ်စေခဲ့ပေ။

"အသုံးမဝင်ဘူး မုယာ၊ ငါပြောတာနားထောင်၊ နင့်ရဲ့ အရည်အချင်းက ကျီလဲ့ခန်းမ တည်ထောင်ပြီးနောက်ပိုင်း အကောင်းဆုံးလို့ ပြောလို့ရတယ်၊ နင်သာ ဆန္ဒရှိရှိ ကျီလဲ့ခန်းမရဲ့ အရင်းအမြစ် အားလုံးကို နင့်ဆီကို ငါ ပုံအောပေးနိုင်တယ်၊ အချိန်တန်လာရင် နင် စစ်မှန်အင်မော်တယ်အဆင့်ကို လက်လှမ်းမီနိုင်ရုံတင်မကဘူး အင်မော်တယ်သခင်ဆိုတဲ့ အမြင့်မြတ်ဆုံးအဆင့်ကိုတောင် ရောက်နိုင်ခြေရှိတယ်"

"အဲဒီအခါကျရင် နင်က နှစ်ပေါင်းများစွာ အသက်ရှင်နိုင်မယ်၊ လောကကြီးကိုလည်း လွတ်လပ်စွာ လှည့်လည်နိုင်မယ်၊ အဆုံးမရှိတဲ့ ပျော်ရွှင်မှုတွေကို ခံစားနိုင်မယ်"

မုယာသည် စကားတစ်ခွန်းမျှ မကြားသည့်ပမာ ဒေါသမီးတောက်လောင်စွာဖြင့် တရစပ် တိုက်ခိုက်နေသည်။

သို့သော် သူမ၏ တိုက်ခိုက်မှုများသည် ထိုအတားအဆီးကို အနည်းငယ်မျှပင် မတုန်လှုပ်နိုင်ခဲ့ပေ။

ထိုအချိန်တွင် ရွှယ်အန်းက ပြောလိုက်သည်။

"တော်တော့၊ ရပ်လိုက်တော့"

သူ၏ စကားသံကြောင့် မုယာသည် ရူးသွပ်မှုထဲမှ တဖြည်းဖြည်း ပြန်လည် သတိဝင်လာသည်။

ယခုအချိန်တွင် သူမ၏ လက်များသည် အတားအဆီး၏ ပြန်ကန်အားကြောင့် ပျက်စီးနေပြီ ဖြစ်သော်လည်း ထူးဆန်းသော ရနံ့မှာမူ ပိုလို့ပင် ပြင်းထန်လာသည်။

"သ... သခင်"

ရွှယ်အန်းသည် ထိုအတားအဆီးကို ကြည့်လိုက်ပြီး ပြောသည်။

"ဒီ တောင်ရဲ့ ကာကွယ်ခြင်း အစီအရင် က မဟာအိပ်မက်တောင်က ဝိညာဉ်စွမ်းအင် သွေးကြောတစ်ခုလုံးနဲ့ ချိတ်ဆက်ထားတာ၊ မင်း ဒါကို ဘာမှလုပ်လို့မရဘူး"

မုယာ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့သော အမူအရာတစ်ခု ပေါ်လာသည်။

အတားအဆီး၏ အောက်မှ ဖန်ချင်းဟွမ်၏ ပုံရိပ်သည် ဖြည်းဖြည်းချင်း ပေါ်လာပြီး အေးစက်သော အသံဖြင့် ပြောသည်။

"လူငယ်‌လေး မင်းက အမြင်စူးရှသားပဲ"

ရွှယ်အန်းက ပြုံးလိုက်သည်။

"တခြားသူတွေ မလုပ်နိုင်တာကို ငါက စမ်းကြည့်ချင်တာ"

ထိုသို့ပြောကာ ရွှယ်အန်းသည် သူ၏ လက်သီးကို မြှောက်လိုက်ပြီး ထိုးနှက်လိုက်သည်။

ဘုန်း!

ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် အလင်းတန်းမျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ပေါ်လာပြီး ကျီလဲ့ခန်းမ တစ်ခုလုံးပင် အနည်းငယ် တုန်ခါသွားသည်။

သို့သော် ထိုသို့ဖြစ်သော်လည်း အလင်းတန်းကာသည် ခေါင်းမာစွာ ဆက်လက်တည်ရှိနေပြီး ပိုလိုဘပင် တောက်ပကာ မျက်စိကျိန်းလောက်အောင် ဖြစ်လာသည်။

"အသုံးမဝင်ဘူး၊ မဟာအိပ်မက်တောင်ရဲ့ လီတစ်သောင်းအတွင်းက ဝိညာဉ်စွမ်းအင် သွေးကြောရဲ့ နက်ရှိုင်းမှုက လူ တစယောက်ရဲ့ စွမ်းအားနဲ့ ရွှေ့ပြောင်းလို့ရတဲ့ အရာမဟုတ်ဘူး၊ စစ်မှန်အင်မော်တယ် တစ်ယောက် ဒီကို ရောက်လာရင်တောင်၊ ဒီတောင်ကို ကာကွယ်ခြင်း မန္တာန်ရှိလို့ သူတို့လည်း ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး"

ဖန်ချင်းဟွမ်သည် အလင်းကာမှတစ်ဆင့် ရွှယ်အန်းကို မထီမဲ့မြင် ကြည့်ကယ မာနကြီးစွာ ရပ်နေသည်။

ရွှယ်အန်းပင်လျှင် တောင်ကို ကာကွယ်ခြင်း အစီအရင်ကို မဖျက်ဆီးနိုင်သည်ကို မြင်သောအခါ မုယာ၏ မျက်နှာပေါ်တွင် နက်ရှိုင်းသော မျှော်လင့်ချက်ကင်းမဲ့မှု အရိပ်အယောင်များ သန်းသွားသည်။

သို့သော် ထိုအခိုက်အတန့်တွင် ရွှယ်အန်းက ရယ်လိုက်သည်။

"မင်းက ဒီလိပ်ခွံကြီးနဲ့ ငါ့ကို တားနိုင်မယ်လို့ တကယ်ထင်နေတာလား"

"ကောင်းပြီလေ ဒီနေ့စွမ်းအားအစစ်အမှန်ဆိုတာ ဘာလဲဆိုတာ မင်းကို ငါ ပြမယ်"

ထိုသို့ပြောပြီးနောက် ရွှယ်အန်းသည် ခြေတစ်လှမ်းတက်ကာ ကောင်းကင်ဘုံ လီကိုးသောင်းအထက်သို့ ရောက်ရှိသွားသည်။

လူအုပ်အားလုံး မော့ကြည့်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ကြယ်များသည် စိန်များပမာ တောက်ပနေပြီး လပြည့်ဝန်းသည် မီးအိမ်တစ်လုံးလို ထိန်လင်းနေသည်။

ရွှယ်အန်းသည် လရှေ့တွင် ရပ်နေပြီး လောကကြီးထဲသို့ ဆင်းသက်လာသော ရှေးဟောင်းနတ်ဘုရားတစ်ပါးပမာ ခန့်ညားထည်ဝါလွန်းသဖြင့် လူတိုင်းသည် သူ့ကို တည့်တည့် မကြည့်ဝံ့ကြပေ။

သူ ဘာလုပ်မလို့လဲ...

ဖန်ချင်းဟွမ်နှင့် ကျီလဲ့ခန်းမရှိ လူအားလုံး မျက်နှာပျက်သွားကြပြီး ရွှယ်အန်း ဘာလုပ်ရန် ကြံစည်နေသည်ကို နားမလည်နိုင် ဖြစ်သွားကြသည်။

ထိုစဉ်မှာပင်

ရွှယ်အန်းသည် ခြေတစ်လှမ်းလှမ်းထွက်လိုက်ပြီး သူ၏လက်များက မြင့်မားသော တောင်တစ်လုံးကို ဆုပ်ကိုင်ထားသည့်ပမာနှင့် သူသည် ပြတ်သားစွာ အော်လိုက်သည်။

"ငါ့အတွက် ကြွလာစမ်း"

ဘုန်း ဘုန်း ဘုန်း....

နဂါးကြီးတစ်ကောင် ဟိန်းဟောက်လိုက်သံနှင့် တူသော ကြောက်ခမန်းလိလိ အသံကြီး ထွက်ပေါ်လာပြီးနောက် ကျန့်ထောင်ပေါင်းများစွာမြင့်သော တောင်တစ်လုံးသည် ရွှယ်အန်း၏ ဆွဲငင်မှုကြောင့် တုန်ခါသွားပြီး အမြစ်မှ ကျွတ်ထွက်လာခဲ့သည်။

ကျီလဲ့ခန်းမရှိ လူအားလုံး ကြက်သေသေသွားကြသည်။

အထူးသဖြင့် ဖန်ချင်းဟွမ်သည် သူမ၏ အကြည့်များမှာ ဗလာဖြစ်နေပြီး ရွှယ်အန်းက တောင်တစ်လုံးကို ဆွဲနှုတ်နေသည်ကို ကြည့်ကာ သူမ၏ စိတ်ထဲတွင်လည်း ဗလာနတ္ထိ ဖြစ်သွားသည်။

အင်မော်တယ်ဈတစ်ယောက်သည် တောင်များကိုရွှေ့ပြီး ပင်လယ်ကိုတောင် နေရာပြောင်းနိုင်သည်ဟု ဆိုကြသော်လည ရွှေရောင်အင်မော်တယ် တစ်ယောက်တောင် ထိုသို့လုပ်ဖို့ ခက်ခဲလိမ့်မည်။

စစ်မှန်အင်မော််တယ် သို့မဟုတ် ၎င်းအထက်ရှိအဆင့်မှသာ ပင်လယ်များကို ခန်းခြောက်စေကာ တောင်များကို ပြောင်းလဲနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ဖန်ချင်းဟွမ်သည် ဤမြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာသည်။

ဒီ... ဒီလူက စစ်မှန်အင်မော်တယ်အဆင့် စွမ်းအားရှင်တစ်ယောက်လား...

ထိုအချိန်မှာပင်...

ရွှယ်အန်းသည် တောင်ကို မြှောက်ကိုင်လိုက်ပြီး ပြောလိုက်သည်။

"မင်း ဒီလက်ဆောင်ကို ကြိုက်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်"

သူပြောလိုက်သည်နှင့် ကျန့်ထောင်ချီမြင့်သော တောင်ကြီးသည် ကောင်းကင်ကို ပျံသန်းလာပြီး ကျီလဲ့ခန်းမဆီသို့ ထိုးဆင်းသွားသည်။

တောင်ထိပ်ကြီးသည် တဖြည်းဖြည်း နီးကပ်လာသည်နှင့်အမျှ ကျီလဲ့ခန်းမရှိ မရေမတွက်နိုင်သော လူများသည် ထိတ်လန့်တကြား အော်ဟစ်ကြသည်။

"ပြေးကြ"

စကားသံများပင် မဆုံးသေးခင် မိုးကြိုးပစ်သံပမာ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာသည်။

ကျန့်ထောင်ချီမြင့်သော တောင်ထိပ်ကြီးသည် ကျီလဲ့ခန်းမ၏ တောင်ကို ကာကွယ်ထားသော အစီအရင်ပေါ်သို့ တည့်တည့် ထိမှန်သွားသည်။

ဤတစ်ကြိမ်တွင်...

ကြည်လင်သော အလင်းတန်းကာသည် ခဏတာမျှ ပြင်းထန်စွာ တုန်ခါသွားပြီး တဖြည်းဖြည်း မှိန်ဖျော့သွားသည်။

အဆုံးတွင်...

ကျိုးပဲ့သွားသော အသံတစ်ခု ထွက်ပေါ်လာသည်။

အလင်းတန်းကာသည် ဤမျှ လေးလံသော တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ပြင်းထန်သော ပေါက်ကွဲသံကြီးနှင့်အတူ ကြေမွ ပျက်စီးသွားလေတော့သည်။

All Chapters