← Chapters

ဘိုးဘေး

Vol. 55 Ch. 819

ဘိုးဘေး

Vol. 55 Ch. 819

မြင့်မားသောတောင်ထိပ်ကြီးသည် ကျီလဲ့ခန်းမအတွင်းသို့ တည့်တည့် ထိုးဆင်းသွားသည်။

ဘုန်း!

လှပစွာ ဒီဇိုင်းဆင်ထားသော ဤမြို့တော်သည် ဆိုးရွားသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရပြီး တောင်အောက်တွင် ကြေမွသွားခဲ့သည်။

အတွင်းထဲရှိ စွမ်းအားရှင်များမှာမူ အသားပြားများအဖြစ် ကြေမွသွားကြသည်။

ဖုန်မှုန့်များ ငြိမ်သက်သွားသောအခါ မြို့တော်ကို ပြန်ကြည့်လိုက်ချိန် ခြောက်ကပ်နေသော မြေကွက်လပ်မှလွဲ၍ ဘာမျှမရှိတော့ပေ။

"သူ... သူတို့ သေသွားကြပြီလား"

မုယာသည် ရွှယ်အန်း၏ ကမ္ဘာမြေကြီးကို တုန်ခါစေသော တိုက်ခိုက်မှုကြောင့် တုန်လှုပ်ခြောက်ခြားနေသဖြင့် တုန်ရီစွာ မေးလိုက်သည်။

ရွှယ်အန်းက သူ၏လက်များကို ခါလိုက်ပြီး ပြောလိုက်သည်။

"မသေသေးဘူး"

သူပြောလိုက်သည်နှင့် သူ၏မျက်လုံးများသည် တောက်ပစွာ လင်းလက်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

ထို့နောက် သူ့ လက်ကိုမြှောက်ပြီး ရှေ့သို့တက်ကာ လက်သီးတစ်ချက် ထိုးလိုက်သည်။

ဘုန်း!

ဤလက်သီးချက်သည် လေထဲကိုသာ ဦးတည်ခဲ့သော်လည်း ကျိုးပဲ့သံများစွာကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက် လေဟာနယ်သည် ကွဲအက်သွားပြီး အတွင်းမှ လျှို့ဝှက်ကမ္ဘာတစ်ခုကို ဖော်ထုတ်ပြလာသည်။

အထဲတွင် ဖန်ချင်းဟွမ်နှင့် အကြီးအကဲများသည် ရူးသွပ်မတတ် ထွက်ပြေးနေကြသည်။

ဖန်ချင်းဟွမ်သည် ပထမဆုံး ပြေးသူဖြစ်သည်။

အဘယ်ကြောင့်ဆို ရွှယ်အန်း၏ တောင်ကိုမလိုက်သော တိုက်ခိုက်မှုကို မြင်လိုက်သည်နှင့် ဤလူသည် သူမ မဆွသင့်သော လူတစ်ဦးဖြစ်ကြောင်း နားလည်သွားသောကြောင့်ဖြစ်သည်။

သူမ၏ အသက်ကို ကယ်တင်ရန်အတွက် ကျီလဲ့ခန်းမ၏ ဤဘိုးဘေးမြေသမီ ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။

ဤနေရာသည် ကျီလဲ့ခန်းမ၏ ယခင် စွမ်းအားရှင်များနှင့် သက်တမ်းကုန်ဆုံးခါနီးသော်လည်း ကျင့်ကြံမှုအဆင့်ကို မထိုးဖောက်နိုင်သောသူများ မြှုပ်နှံရာနေရာ ဖြစ်သည်။

သူမ ဤနေရာသို့ ပြေးဝင်လာပြီးနောက် အကြီးအကဲများသည် သူမနောက်သို့ လိုက်ရန် အပြိုင်အဆိုင် ကြိုးစားကြသည်။

ဤနေရာသို့ ဝင်ရောက်ပြီးမှသာ သူတို့ သက်ပြင်းတစ်ချက် ချနိုင်ခဲ့သည်။

"ဒီလူက ဘယ်သူလဲ၊ ဘာလို့ အဲ့လောက်တောင် အစွမ်းထက်ရတာလဲ"

အကြီးအကဲတစ်ယောက်သည် ကြောက်စိတ်မပြယ်သေးဘဲ မေးလိုက်သည်။

"ဘယ်သူသိမှာလဲ၊ ဒါပေမဲ့ သူက ကျီလဲ့သူတော်စင်မနဲ့အတူ ဒီကိုလာတဲ့ပုံပဲ၊ သူက သူမ ခေါ်လာတဲ့ ကူညီသူ ဖြစ်နိုင်မလား"

"ဒီလိုပဲဖြစ်ရမယ်၊ ငါတို့ ကျီလဲ့ခန်းမက သူ့ကို ဂရုတစိုက် ပျိုးထောင်ပေးခဲ့တာတောင် သူက သူ့ဂိုဏ်းကို ဖျက်ဆီးဖို့ ပြင်ပလူတွေနဲ့ ပူးပေါင်းတယ်၊ ကျေးဇူးတရားမသိတဲ့ ကောင်မပဲ"

စကားပြောနေသော အကြီးအကဲသည် သူတို့ မုယာအပေါ် ယခင်က လုပ်ခဲ့သောအရာများကို တမင် လျစ်လျူရှုထားသည်။

"တော်တော့"

ဖန်ချင်းဟွမ်က အေးစက်စွာ အော်လိုက်သည်။

သူမ၏ ဩဇာအာဏာအောက်တွင် အကြီးအကဲများထဲမှ တစ်ဦးတစ်ယောက်မျှ အသံမထွက်ရဲပေ။

"ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့မဖြစ်ဘူး၊ ငါခန့်မှန်းရမယ်ဆို ကျီလဲ့ခန်းမက အခု လုံးဝ ပြီးဆုံးသွားပြီ၊ ငါတို့ အပြင်ထွက်သွားတာနဲ့၊ အဲ့လူအကြောင်း အရာအားလုံးကို ချက်ချင်း ရှာဖွေရမယ်၊ ပြီးတော့ သူ့ကို အနိုင်ယူဖို့ ကြံစည်ရမယ်"

"သခင်မက အမျှော်အမြင်ကြီးပါပေတယ်"

"သခင်မက အမျှော်အမြင်ကြီးပါပေတယ်"

ဤအချိန်အထိပင် အကြီးအကဲများသည် မျက်နှာချိုသွေးရန် မမေ့ကြပေ။

သို့သော် ထိုစဉ်မှာပင် ရွှယ်အန်း၏ အသံ ထွက်ပေါ်လာသည်။

"စုံစမ်းမေးမြန်းဖို့ မလိုဘူး၊ ငါ့နာမည်က ရွှယ်အန်းပဲ"

ဤအသံကို ကြားလိုက်ရသောအခါ ဖန်ချင်းဟွမ်နှင့် အခြားသူများသည် ထိတ်လန့်တကြား လှည့်ကြည့်လိုက်ကြသည်။

လျှို့ဝှက်နယ်မြေထဲတွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခုကို သူတို့ မြင်လိုက်ရသည်။

ရွှယ်အန်းသည် ထိုနေရာတွင် ရပ်နေပြီး လူတိုင်းကို ပြုံးကြည့်နေသည်။

ဤမြင်ကွင်းသည် ကျီလဲ့ခန်းမ၏ လူများကို ကြောက်လန့်မှုကြောင့် မူးလဲလုနီးပါး ဖြစ်စေသည်။

"ရွှယ်အန်း... ကျီလဲ့ခန်းမက နင်နဲ့ ဘာရန်ငြိုးမှမရှိဘူပါး၊ ဘာလို့ ငါတို့ကို ဒီလောက် ရက်ရက်စက်စက် လိုက်ဖျက်ဆီးနေရတာလဲ"

ဖန်ချင်းဟွမ်က လျင်မြန်စွာ နောက်ဆုတ်ရင်း အော်ဟစ်လိုက်သည်။

ရွှယ်အန်းက ပြောလိုက်သည်။

"မင်းပြောတာမှန်တယ်၊ က်ျလဲ့ခန်းမနဲ့ ငါ့မှာ ဘာရန်ငြိုးမှမရှိဘူး၊ ဒါပေမဲ့ မင်း ခုနက ပြောလိုက်တဲ့စကားတွေက ငါ့ကို စိတ်မသက်မသာ ဖြစ်စေတယ်၊ အင်မော်တယ်အဆင့်ကို ရောက်ဖို့၊ ဂုဏ်ပြုခံရဖို့၊ အနှောင်အဖွဲ့အားလုံးကို ဖြတ်တောက်ရမယ် ဟုတ်လား"

ဤစကားများသည် ဖန်ချင်းဟွမ်နှင့် အခြားသူများကို ခဏတာမျှ တုံ့ဆိုင်းသွားစေသည်။

"နင်... နင့က ကျီလဲ့ခန်းမကို အဲဒီစကားကြောင့် ဖျက်ဆီးချင်တာလား"

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်"

ဖန်ချင်းဟွမ်သည် သူမကိုယ်သူမ ပါးနှစ်ချက်လောက် ရိုက်လိုက်ချင်စိတ် ပေါက်သွားသည်။

သူမသာ စကားမပြောခဲ့လျှင် အရာအားလုံး အဆင်ပြေသွားမည်မဟုတ်လား...

သို့သော် လောကကြီးတွင် နောင်တရခြင်းအတွက် ဆေးမရှိပေ။

သူမသည် စိတ်တည်ငြိမ်အောင် ကြိုးစားကာ ပြောလိုက်သည်။

"ရွှယ်အန်း... ငါ စကားမှားသွားတယ်လို့ သဘောထားလိုက်ပါ၊ ငါတို့ကို အခွင့်အရေးတစ်ခုလောက် ပေးနိုင်မလား ၊ ဒီရန်ငြိုးကို ပြီးခဲ့တာတွေ ပြီးသွားပြီလို့ သဘောထားလို့ မရဘူးလား"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မရဘူး"

သူပြောလိုက်သည်နှင့် လက်ကို မြှောက်လိုက်ကာ မရေမတွက်နိုင်သော ဓားအလင်းတန်းများသည် လေထဲတွင် ပေါ်လာပြီး ဤလျှို့ဝှက်နယ်မြေထဲသို့ တိုးဝင်သွားသည်။

"မလုပ်... မလုပ်ပါနဲ့..."

ဖန်ချင်းဟွမ် အော်ဟစ်လိုက်သည်။

ထိုအချိန်မှာပင်...

ဤလျှို့ဝှက်နယ်မြေအတွင်းမှ သက်ပြင်းရှိုက်သံတစ်ခု ထွက်ပေါ်လာပြီး နူးညံ့သော အမျိုးသမီးအသံတစ်ခုကို ကြားလိုက်ရသည်။

"စွမ်းအားရှင်၊ ရှင် ကျွန်မရဲ့ ကျီလဲ့ခန်းမကို ဖျက်ဆီးပြီးသွားပါပြီ၊ ကျွန်မကို မျက်နှာသာပေးတဲ့အနေနဲ့ ကျွန်မရဲ့ တပည့်တွေနဲ့ ဆက်ခံသူတွေကို ချမ်းသာပေးဖို့ စဉ်းစားပေးပါလား၊ ဘယ်လိုသဘောရလဲ"

ရွှယ်အန်းသည် သူ၏လက်များကို နောက်ပစ်ထားကာ ဓားအလင်းတန်းများ ဝန်းရံလျက် ရပ်နေပြီး အေးစက်စွာ ပြောလိုက်သည်။

"နောက်ဆုံးတော့ မင်း ကိုယ်တိုင် ထွက်လာဖို့ ဆုံးဖြတ်လိုက်ပြီလား"

"စွမ်းအားရှင်က ကျွန်မ ဒီမှာရှိနေတာကို ကြိုသိနေခဲ့တာလား"

သူမ၏ အသံနှင့်အတူ အဖွားအိုတစ်ဦးသည် လေဟာနယ်ထဲတွင် ပေါ်လာသည်။

ဤပုံရိပ်ကို မြင်လိုက်ရသောအခါ...

ဖန်ချင်းဟွမ်နှင့် အကြီးအကဲများအားလုံး တုန်လှုပ်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် မြေပြင်ပေါ်ကို ဒူးထောက်လိုက်ကြသည်။

" မဟာဘိုးဘေးကို အရိုအသေပြုပါတယ်"

အမှန်ပင်...

လေဟာနယ်ထဲတွင် ပေါ်လာသူမှာ အခြားသူမဟုတ်ပဲ ကျီလဲ့ခန်းမ၏ တည်ထောင်သူ ဘိုးဘေးဖြစ်သူ ချူလဲ့လဲ့ပင်ဖြစ်သည်။

ဖန်ချင်းဟွမ်သည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူမ၏ မျက်နှာပေါ်တွင် မထိန်းချုပ်နိုင်သော အပြုံးတစ်ခု ပေါ်လာသည်။

မဟာဘိုးဘေး ပေါ်လာပြီ...

ရွှယ်အန်းတော့ အခု ဒုက္ခရောက်တော့မယ်...

သို့သော် ရွှယ်အန်းသည် ချူလဲ့လီကို ရင်ဆိုင်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

"ဟုတ်တယ်၊ ငါ ကျီလဲ့ခန်းမကို အမြစ်ကနေ ဆွဲနှုတ်ပြီး ဖျက်ဆီးလိုက်တဲ့အချိန် မင်းရဲ့ တည်ရှိမှုကို ခံစားမိခဲ့တာ"

ချူလဲ့လဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူမ သက်ပြင်းအနည်းငယ် ချလိုက်သည်။

"မျိုးဆက်သစ်တွေမှာ ထူးချွန်သူတွေ ဆက်တိုက်မွေးထုတ်ပေးတယ်ဆိုတာ တကယ်မှန်တာပဲ၊ ငါ နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ မင်း ချက်ချင်း သိလိုက်တယ်လား"

ထို့နောက် ချူလဲ့လဲ့သည် ရွှယ်အန်းကို မော့ကြည့်လိုက်သည်။

"လူငယ်လေး မင်းရဲ့ လုပ်ရပ်တွေကို ငါ ဘာလို့ မတားဆီးခဲ့လဲဆိုတာ မင်း သိလား"

ရွှယ်အန်းသည် စကားမပြောဘဲ ပုခုံးတွန့်ကာ စိတ်ဝင်တစား ကြည့်နေလိုက်သည်။

ချူလဲ့လဲ့က ဆက်ပြောသည်။

"ဘာလို့လဲဆိုတော့ ငါ့တပည့်တွေရဲ့ လုပ်ရပ်က တကယ်ပဲ အရှက်ရစရာကောင်းနေလို့၊ ဒါကြောင့် ဒါကို သူတို့အတွက် သင်ခန်းစာတစ်ခုအဖြစ် သဘောထားလိုက်တာ၊ ရှင်သာ သူတို့ကို ချမ်းသာပေးဖို့ ဆန္ဒရှိမယ်ဆိုရင်၊ ဒီကိစ္စကို ဆက်ပြီး စ်ိတ်ထဲမထားတော့ဘူး၊ ဘယ်လိုသဘောရလဲ"

သူမ၏ မဟာဘိုးဘေးမှာ ဤသို့ပြောလိုက်သည်ကို ကြားသောအခါ ဖန်ချင်းဟွမ်၏ ကျေနပ်နေသော အမူအရာသည် အေးခဲသွားသည်။

သူမ၏ မဟာဘိုးဘေးသည် ရွှယ်အန်းအား ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူမသည် ဤအတိုင်း လွှတ်ပေးလိုက်သည်မည်ဟုမထင်ထားချေ။

သို့သော် ရွှယ်အန်းထံမှ နောက်ထပ် ထွက်လာသော စကားများသည် ဖန်ချင်းဟွမ်နှင့် အခြားသူများ၏ မျှော်လင့်ချက်များကို ကျော်လွန်သွားသည်။

သူက ခေါင်းခါလိုက်သည်။

"မရဘူး"

ချူလဲ့လဲ့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

"လူငယ်လေး..."

ရွှယ်အန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"တော်စမ်းပါ၊ မင်းက အသက်အများကြီး ပိုကြီးနေသလိုမျိုး တခြားသူတွေကို လူငယ်လေးလို့ မခေါ်စမ်းပါနဲ့"

"ပြီးတော့ ငါ မမြင်နိုင်ဘူးလို့ မင်း ထင်နေလား"

ရွှယ်အန်းသည် လျှို့ဝှက်နယ်မြေကို စူးစမ်းကြည့်ရှုလိုက်ပြီး ခပ်ပြတ်ပြတ် ပြောလိုက်သည်။

"မင်း ကျီလဲ့ခန်းမကို ဖျက်ဆီးတာကို မတားဆီးခဲ့တဲ့ အကြောင်းရင်းက မင်းပြောသလို မနှောင့်ယှက်ချင်လို့ မဟုတ်ပဲ မင်းက မလုပ်နိုင်လို့ပဲ"

"ငါ မှန်းတာမမှားဘူးဆိုရင် မင်း ဒီလျှို့ဝှက်နယ်မြေကနေ ထွက်သွားလို့မရဘူး ဟုတ်၊ ဘာလို့လဲဆိုတော့ မင်းရဲ့ သက်တမ်းက ကုန်ဆုံးသွားပြီမို့လို့ပဲ၊ မင်းရဲ့ ဒီလို အပင်ပန်းခံ ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေထဲမှာပဲ အသက်ဆက်နိုင်တယ်၊ မင်း ထွက်သွားရင် ချက်ချင်း ပြာမှုန့်အဖြစ် ပြောင်းသွားလိမ့်မယ်၊ ငါပြောတာ မှန်တယ်မလား"

ဤစကားများသည် ချူလဲ့လဲ့ကို ပြင်းထန်စွာ တုန်လှုပ်သွားစေသည်။

"နင်..."

"ငါ ဘယ်လိုသိလဲလို့ မင်း မေးချင်တာလား"

ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်၊

"တခြားတစ်ယောက်ကလည်း မင်းနဲ့ ဆင်တူတဲ့ နည်းလမ်းကို သုံးခဲ့တယ်၊ ဒါပေမဲ့ မင်းနဲ့မတူတာက သူက သူ့ရဲ့ ယုံကြည်ချက်တွေကို ထိန်းသိမ်းဖို့ လုပ်ခဲ့တာ မင်းကတော့ အသက်ကို ရွံစရာကောင်းအောင် ဆွဲဆန့်ဖို့ လုပ်ခဲ့တာ"

ချူလဲ့လဲ့၏ မျက်နှာအမူအရာသည် အကြိမ်ကြိမ် ပြောင်းလဲသွားပြီး အလွန်အေးစက်သော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ရိုးရိုးသားသားပြောရရင် နင် ငါ့ကို တကယ် အံ့ဩစေခဲ့တယ်၊ ဒါပေမဲ့ နင်ကို ဘာမှမလုပ်နိုင်ဘူးလို့ တကယ်ထင်နေတာလား”

All Chapters