← Chapters

ဗုဒ္ဓ၏ ဆွဲဆောင်မှုရှိသော အရိုး

Vol. 55 Ch. 822

ဗုဒ္ဓ၏ ဆွဲဆောင်မှုရှိသော အရိုး

Vol. 55 Ch. 822

"ထပါ၊ ကျီလဲ့ခန်းမဆောင်ရဲ့ လူတွေက ကိုယ့်ကြမ္မာကိုယ် ဖန်တီးခဲ့တာ၊ သူတို့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူး"

သူ၏ စကားသံမဆုံးသေးချိန်တွင် ရွှ

ယ်အန်းသည် အနည်းငယ် အံ့အားသင့်သွားသည်။

အဘယ်ကြောင့်ဆိုမွှေးရနံ့တစ်ခုသည် လေထုကို လွှမ်းမိုးနေပြီး ကမ္ဘာလောကတစ်ခုလုံးကို ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

လေထဲ၌ ဒူးထောက်နေသော မုယာသည် ထွန်းလင်းတောက်ပလာပြီး သူမ၏ အရှိန်အ၀ါသည် မြင့်သထက် မြင့်တက်လာသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်...

မုယာသည် အခြားသူများ၏ စိတ်ကူးထက် ကျော်လွန်သော ပြောင်းလဲမှုတစ်ခုကို ဖြတ်သန်းခဲ့သည်။

သူမ နောက်တစ်ကြိမ် ခေါင်းမော့လိုက်ချိန်တွင်...

သူမ၏ မျက်လုံးများကို ပေါ့ပေါ့ပါးပါး လှည့်လိုက်ရုံမျှဖြင့် လီဖော်ထျန်တို့ကို ထိုနေရာတွင် အံ့အားတုန်လှုပ်စွာ တောင့်တင်းသွားစေရန် လုံလောက်သည်။

ရွှယ်အန်း၏ နှုတ်ခမ်းများက ဖြည်းညှင်းစွာ တွန့်ကွေးသွားသည်။

"မင်းရဲ့ အရည်အချင်းက တကယ့်ကို ထူးခြားတယ်၊ အတွင်းစိတ် ပဋိပက္ခတွေကို ဖြေရှင်းပြီးတဲ့တော့ မင်းရဲ့အရိုးက အစစ်အမှန်အရိုးအဖြစ် တစ်ကြိမ် ထပ်ပြီး အဆင့်မြှင့်တင်နိုင်ခဲ့တယ်၊ ဒါက တကယ့်ကို ကံကောင်းမှုပဲ"

ထိုနေရာတွင် စစ်မှန်ဆိုသည့် စကားလုံးတစ်လုံးသာ ထပ်ထည့်လိုက်သည်ဟု ထင်ရသော်လည်း ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးပမာ ကြီးမားလှသည်။

ယခင်က မုယာ၏အရိုးသည် စွမ်းအားကို ထုတ်ဖော်ရန်အတွက် သူမ၏ စွမ်းအားကို အသုံးပြုရသည်။

သို့သော် ယခုအခါ ၎င်းသည် စစ်မှန်အရိုး ဖြစ်လာသောအခါ သူမ၏ စကားလုံးတိုင်းနှင့် လုပ်ဆောင်ချက်တိုင်းအပြင် သူမ ရှူသွင်းလိုက်သော လေများသည်ပင် မခံမရပ်နိုင်သော ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်လာသည်။

ထို့အပြင် ဤစစ်မှန်ဗုဒ္ဓအရိုးများသည် စကြဝဠာပေါင်းများစွာတွင်ပင် အလယ်အလတ်တန်းစား အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်ခံရသည်။

ထို့ကြောင့် ရွှယ်အန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် မုယာသည် မတ်တပ်ရပ်လိုက်ပြီး သူမ၏ စိတ်အတွင်းရှိ ပြောင်းလဲမှုများကို တိတ်တဆိတ် ခံစားပြီး ရွှယ်အန်းကို တောက်ပစွာ ပြုံးပြလိုက်သည်။

"အားလုံးက သခင်ကြီးရဲ့ ကျေးဇူးကြောင့်ပါ"

ဒုန်း! ဒုန်း!

လီဖော်ထျန်ဘက်မှ လူအချို့သည် လေထဲမှ ပြုတ်ကျသွားသည်။

လီဖော်ထျန် ကိုယ်တိုင်ပင် သူ၏ စိတ်ကို မနည်း ထိန်းထားရပြီး အလွန်အကျွံ အရှက်မကွဲအောင် စီစဥ်နေရသည်။

အဘယ့်ကြောင့်ဆို မုယာ၏ အပြုံးမှာ အလွန်အမင်း ဆွဲဆောင်မှု ရှိနေသောကြောင့် ဖြစ်သည်။

ထိုသို့သောအရာကို သာမန် ကျင့်ကြံသူများက ခုခံနိုင်စွမ်း မရှိပေ။

ရွှေအင်မော်တယ်တစ်ဦးပင်လျှင် မသိလိုက်ဘဲ လွှမ်းမိုးခံရပြီး ထိန်းချုပ်ခံသွားရနိုင်သည်။

ဤသည်မှာ စစ်မှန်ဗုဒ္ဓအရိုး၏ တကယ့် စွမ်းအားဖြစ်သည်။

သို့သော် ဤအရာအားလုံးသည် ရွှယ်အန်းအပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

သူသည် အနည်းငယ် ပြုံးလိုက်သည်။

"ကဲ... ဒီမှာ ကိစ္စတွေ ပြီးပြီဆိုတော့ ပြန်ဖို့ အချိန်တန်ပြီ"

ရွှယ်အန်းသည် ဤမျှ တည်ငြိမ်

နေသည်ကို မြင်သောအခါ မုယာ၏ မျက်လုံးများ နက်ရှိုင်းသော နေရာတွင် စိတ်ပျက်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမသည် လျင်မြန်စွာ ပြုံးလိုက်ပြီး သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ"

"လာ... ဒီနတ်နဂါးက နောက်ထပ် တစ်နာရီလောက်တော့ ပုံပေါ်နေနိုင်သေးတယ်၊ ဒါက ငါတို့ကို ပြန်ဖို့ လုံလောက်တယ်"

"ဟုတ်ကဲ့"

မုယာသည် နတ်နဂါးပေါ်သို့ တက်သွားပြီးနောက် နဂါးသည် ကောင်းကင်သို့ တန်းတန်းမတ်မတ် ပျံတက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။

နတ်နဂါး မျက်စိအောက်မှ ပျောက်ကွယ်သွားမှ လီဖော်ထျန်နှင့် သူ၏ အပေါင်းအပါများ သက်ပြင်းချနိုင်တော့သည်။

"အမလေး ဘုရားဘုရား၊ အဲ့လူက ဘယ်သူလဲ၊ ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အ၀ါကို သူ ဘယ်လို ပိုင်ဆိုင်နိုင်တာလဲ"

"ပြီးတော့ သူ့ရဲ့ နတ်နဂါးက လျှို့ဝှက်နည်းစနစ်နဲ့ ဖန်တီးထားတာပေမယ့် နဂါးရဲ့ အရှိန်အဝါက အရမ်း ပြင်းထန်လွန်းလို့ ကြည့်တောင် မကြည့်ရဲဘူး"

"ဒါပေမယ့် သူက ဘာလို့ ကျီလဲ့ခန်းမဆောင်ကို ဖျက်ဆီးချင်ရတာလဲ၊ ပြီးတော့ သူတော်စင်မက ဘာလို့ သူ့ကို ဒီလောက် လေးစားပြနေရတာလဲ"

လူအုပ်သည် သူတို့အချင်းချင်း စတင် ဆွေးနွေးကြသည်။

သို့သော် လီဖော်ထျန်သည် ကောင်းကင်ယံတွင် မလှမ်းမကမ်း၌ ရပ်နေပြီး သူ၏ မျက်နှာသည် သေလောက်အောင် ဖြူဖျော့နေကာ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေသည်။

"ဂိုဏ်းချုပ်လီ၊ ခင်ဗျား ဘာဖြစ်နေတာလဲ ဘာလို့ စကားမပြောတာလဲ"

"ဟုတ်တယ် ဂိုဏ်းချုပ်လီ ၊ ခင်ဗျားရဲ့ ဉာဏ်ပညာက တခြားသူတွေထက် သာလွန်တယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ခင်ဗျားမှာ အတွေးအမြင်တချို့ ရှိရမှာပေါ့ ဟုတ်တယ်မလား"

လူတိုင်း ပြောကြသည်။

သို့သော် လီဖော်ထျန်သည် မကြားသည့်ပမာ မြေပြင်ပေါ်ရှိ နေရာတစ်ခုကိုသာ ဗလာသက်သက် စိုက်ကြည့်နေဆဲ ဖြစ်သည်။

အခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အလျင်အမြန်ပင် လီဖော်ထျန် ကြည့်နေသည့် လားရာသို့ လှမ်းကြည့်ကြသည်။

"ထူးဆန်းလိုက်တာ၊ အဲ့ဒီမှာ ဘာမှ ထူးထူးခြားခြား ရှိပုံမပေါ်ဘူး"

"ဟုတ်တယ်၊ ဒီ ကြီးမားတဲ့ တွင်းကြီးကလွဲရင် တခြား ဘာမှ မရှိတာကို"

လူတိုင်း ရှုပ်ထွေးသွားကြသည်။

လီဖော်ထျန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ခြောက်ကပ်သော အသံဖြင့် ပြောလိုက်သည်။

"ခင်ဗျားတို့အားလုံး ဒီ ချိုင့်ဝှမ်းကြီး ဘယ်လိုဖြစ်လာတယ်ဆိုတာ သိကြလား"

လူတိုင်း အံ့အားသင့်သွားကြသည်။

"ဂိုဏ်းချုပ်လီ ပဟေဠိဝှက်မနေဘဲ ပြောပြပါတော့"

တစ်စုံတစ်ယောက်သည် စိတ်မရှည်စွာ ပြောလိုက်သည်။

လီဖော်ထျန်သည် စိတ်တည်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည်။

"ခင်ဗျားတို့ ဒီ ချိုင့်ဝှမ်းက အသစ်စက်စက် ဖြစ်နေတာကို သတိမထားမိဘူးလား"

"အသစ်ဖြစ်တော့ ဘာဖြစ်လဲ"

လီဖော်ထျန်က ခါးသီးစွာ ပြုံးလိုက်သည်။

"ဘာဖြစ်လဲ ဟုတ်လား၊ ကျီလဲ့ခန်းမကိုသာ ကြည့်လိုက်ကြ"

လူတိုင်း ပြားပြားဝပ်နေသော ကျီလဲ့ခန်းမကို လှည့်ကြည့်ကြသည်။

"ခင်ဗျားတို့ အခု မြင်ပြီလား၊ ကျီလဲ့ခန်းမက တစ်ချိန်က တိမ်ခိုးမြူတောင်ထွတ်ရဲ့ အထွတ်အထိပ်မှာ ရှိခဲ့တာ၊ ပြီးတော့ သူ့ဘေးမှာ ချောက်နက်ကြီးတစ်ခု ရှိတယ်၊ ဒါပေမယ့် အခု ဒီနေရာက မြေပြန့်လွင်ပြင် ဖြစ်သွားပြီ၊ ဒါ... ဒါပေမယ့် အဝေးက အဲဒီ ခြေရာတွေကို ကြည့်လိုက်ကြ"

လီဖော်ထျန်၏ အသံသည် သူပြောနေစဉ် ထိန်းမနိုင်စွာ တုန်ယင်လာသည်။

လီဖော်ထျန် ညွှန်ပြသည့် လားရာကို လိုက်ကြည့်ကာ ပို၍ ထက်မြက်သော လူအချို့သည် ခဏမျှ တွန့်ဆုတ်သွားပြီးနောက် တစ်စုံတစ်ခုကို နားလည်သွားပုံရကာ သူတို့လည်း ထိတ်လန့်တုန်လှုပ်မှုကြောင့် မျက်နှာ ဖြူဖျော့သွားပြီး တောင့်တင်းသွားကြသည်။

တကယ်တမ်း ဉာဏ်ထိုင်းသော လူအနည်းငယ်သာ ရှုပ်ထွေးနေဆဲဖြစ်သည်။

"ငါ ဘာမှ ထူးခြားတာ မမြင်ဘူး၊ ဘာဖြစ်လို့လဲ"

"ငတုံးတွေ၊ ကျီလဲ့ခန်းမက အမြစ်ကနေ ကျွတ်သွားတဲ့ တောင်တစ်လုံးရဲ့ ဖိချေခံလိုက်ရတာကို မင်းတို့ မသိသေးဘူးလား၊ ပြီးတော့ မိုင်တစ်ရာလောက် ကျယ်တဲ့ ဒီ ချိုင့်ဝှမ်းက တောင်ကြီးကို ယူသွားလို့ ကျန်ခဲ့တဲ့ အမှတ်အသားပဲ"

လီဖော်ထျန်၏ ရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်း ဆွံ့အသွားကြသည်။

တောင်များကို ရွှေ့ပြီး ပင်လယ်ကို မှောက်လှန်နိုင်စွမ်းရှိသော လူဆိုသည်မှာ အမှန် ရှိနိုင်ပါ့မလား...

အကယ်၍ ဤသည်မှ ကောလာဟလများမှ လာပါက ဤလူများ ယုံကြည်ကြမည် မဟုတ်ပေ။

သို့သော် ကြီးမားလှသော ချိုင့်ဝှမ်းကြီးသည် သူတို့၏ ရှေ့တွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။

ထို့အပြင် ကောင်းကင်သုံးခုဂိုဏ်းများထဲမှ တစ်ခုဖြစ်သော ကျီလဲ့ခန်းမသည် ဖျက်ဆီးခံလိုက်ရသည်။

ဤသည်မှာ အမှန်တရား ဖြစ်ကြောင်း ဆိုနိုင်သည်။

ထိုအတွေးနှင့်အတူ...

လူတိုင်း၏ မျက်နှာရောင်များ ဖြူဖျော့သွားကြသည်။

နတ်နဂါးထိပ်တွင် ရပ်နေခဲ့သော ထိုလူသည် မည်သူဖြစ်သောကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို မည်သို့ ပိုင်ဆိုင်နိုင်သနည်း။

သူ... သူက စစ်မှန်အင်မော်တယ်တစ်ဦး ဖြစ်နိုင်လား...

ထိုအတွေးကြောင့် ဤလူတိုင်း၏ လည်ချောင်းများကို ဆို့နင့်စေပြီး သူတို့၏ ခန္ဓာကိုယ်များကို ကြက်သီးမွေးညင်း ထစေသည်။

စစ်မှန်အင်‌မော်တယ်တစ်ယောက်...

ထိုသူသည် ကွေ့ယီ၏ အမြင့်ဆုံး အထွတ်အထိပ်တွင် ရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ကောင်းကင်ဂိုဏ်းတစ်ခုကို ဖျက်ဆီးရန် စစ်မှန်အင်မော်တယ် တစ်ဦးကို လှုပ်ရှားလာအောင် ဆွပေးခဲ့သည်။ ဤအရာ၏ နောက်ကွယ်တွင် မည်သို့သော မပြောနိုင်သော လျှို့ဝှက်ချက်များ ရှိနေနိုင်သနည်း။

ထိုအတွေးနှင့်အတူ...

လီဖော်ထျန်သည် ပထမဆုံး စိတ်မထိန်းနိုင် ဖြစ်သွားသည်။

"အားလုံးပဲ ကျွန်တော် တကယ် တောင်းပန်ပါတယ်၊ ဒါပေမယ့် ကျွန်တော် ရုတ်တရက် နေမကောင်းဘူး ခံစားရလို့ ဧည့်သည်တွေကို ဆက်ပြီး ဧည့်ခံတော့မှာ မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော့်ရဲ့ ရောဂါက ပျောက်ကင်းဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်လိမ့်မယ်လို့ ယုံတယ်၊ ဒါကြောင့် တစ္ဆေငိုကြွေးတောင်ထွတ်ကို သုံးလ ပိတ်ထားပါ့မယ်၊ နှုတ်ဆက်ပါတယ်"

ထိုသို့ ပြောပြီးနောက် သူသည် လှည့်ထွက်သွားပြီး တွန့်ဆုတ်မှု တစ်စုံတစ်ရာ မရှိဘဲ ထွက်ခွာသွားသည်။

ကျန်ရှိသော လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် လူစုခွဲသွားကြသည်။

အချိန်တိုအတွင်းမှာပင် ဤဧရိယာသည် နောက်တစ်ကြိမ် လူသူကင်းမဲ့သွားပြန်သည်။

အချိန်အတော်ကြာပြီးမှသာ...

ထိုနေရာသည် ရုတ်တရက် လှုပ်ခတ်သွားပြီး သွေးရောင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

သူသည် ချိုင့်ဝှမ်းကို စေ့စေ့စပ်စပ် စစ်ဆေးကာ မြေပြန့်တစ်ခုအဖြစ်သို့ တိုက်ချေခံလိုက်ရသော ကျီလဲ့ခန်းမကို စစ်တေးပြီး ကောင်းကင်ယံသို့ ပျံတက်သွားကာ တစ်စုံတစ်ခုကို ဂရုတစိုက် စစ်ဆေးနေသည်။

အချိန်အတော်ကြာပြီးနောက်...

သွေးရောင် လွှမ်းခြုံထားသော ပုံသဏ္ဌာန်ထံမှ ကြမ်းတမ်းကာ မနှစ်မြို့ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။

"တောင်တွေကို အမြစ်ကနေ ဆွဲနုတ်နိုင်ပြီး လျှို့ဝှက်နယ်မြေတွေကိုတောင် ဖျက်ဆီးနိုင်တဲ့ စွမ်းအားကို၊ ဒီလူက လျှော့တွက်လို့ မရဘူး၊ စစ်မှန်အင်မော်တယ် ကျင့်ကြံမှုတောင် ပိုင်ဆိုင်နိုင်တယ်၊ ငါတို့ အကြီးအကဲတွေဆီ အမြန်ဆုံး သတင်းပို့ရမယ်"

ထိုသို့ပြောရင်း သူ၏ ပုံသဏ္ဌာန်သည် တဖြည်းဖြည်း မှိန်ဖျော့သွားပြီး နောက်ဆုံးတွင် ထိုနေရာမှ ပျောက်ကွယ်သွားသည်။

တစ်ချိန်တည်းမှာပင်...

ကျီလဲ့မြို့တော်တွင်လည်း လေထုသည် အနည်းငယ် ထူးခြားနေသည်။

ရွှယ်အန်းက ကျီလဲ့ခန်းမဆောင်ကို သူ၏ မြေကြီးတုန်ခါလောက်သော လက်သီးဖြင့် အမှုန့်အဖြစ် ကြိတ်ချေလိုက်သောအခါ ၎င်းသည် အစွမ်းထက် ပုဂ္ဂိုလ်များဖြင့် ပြည့်နှက်နေသော မြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

ထို့နောက် ဤလူများသည် ဇာတ်လမ်း အပြည့်အစုံကို သိရှိသွားကြသည်။

ထို့အပြင် ရွှယ်အန်းသည် ကျီလဲ့ခန်းမကို ချေမှုန်းရန် ထွက်ခွာသွားကြောင်း နားလည်လိုက်ကြသည်။

ထိုအတွေးသည် အဓိပ္ပာယ်မရှိဟု ထင်ရသည်။

အဘယ်ကြောင့်ဆို ၎င်းသည် ကောင်းကင်သုံးခုဂိုဏ်းများထဲမှ တစ်ခု ဖြစ်သောကြောင့်ဖြစ်သည်။

All Chapters