အခန်း (၈၂၃)
Vol. 55 Ch. 823
ရွှယ်အန်းပြသလိုက်သော စွမ်းအားသည် လူတိုင်းကို တုန်လှုပ်စေလောက်အောင် လုံလောက်သော်လည်း လူတစ်ယောက်တည်းသည် ဂိုဏ်းတစ်ခုလုံးကို အမြစ်ဖြတ် သုတ်သင်ပစ်သည်ဆိုသော စကားကို ကြားရသည်မှာ ယုံကြည်ရန် အနည်းငယ် ခက်ခဲနေဆဲဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် ကျီလဲ့မြို့တော် ၏ လေထုအခြေအနေမှာ အတော်လေး ထူးဆန်းနေသည်။
များစွာသော မှူးမတ်မိသားစုများသည် အနယန်နေထိုင်ရာ အဆောက်အအုံငယ်လေးဆီသို့ မျက်စိဒေါက်ထောက် ကြည့်ရှုနေကြသည်။
သို့သော် မည်သူမျှ ခြေတစ်လှမ်းပင် မချဉ်းကပ်ဝံ့ကြပေ။
အဘယ့်ကြောင့်ဆို ရွှယ်လွေ့လီသည် အဆောက်အအုံလေး၏ အမိုးထိပ်တွင် ခြေချိတ်ထိုင်နေကာ သူမ၏ ဒူးပေါ်တွင် ဓားတစ်လက်တင်လျက် နက်နက်ရှိုင်းရှိုင်း ကျင့်ကြံနေသောကြောင့် ဖြစ်သည်။
သို့သော်လည်း ဤတစ်ဦးတည်းသော အမျိုးသမီးကပင် မြို့တော်အတွင်းရှိ သိုင်းပညာရှင်များအား ခြေတစ်လှမ်းပင် မကျော်ဝံ့အောင် တားဆီးထားသည်။
မယုံကြည်သဖြင့် အဆောက်အအုံငယ်၏ နယ်နိမိတ်ကို ကျော်ဖြတ်ဝင်ရောက်သူများ ရှိခဲ့သည်။ သို့သော် ၎င်းတို့၏ ခြေထောက်သည် မြေကြီးကို ထိလိုက်သည်နှင့်
အေးစက်သော ဓားအလင်းတန်းများသည် မရေမတွက်နိုင်အောင် အဘယ်ကမှန်းမသိ ထွက်ပေါ်လာပြီး ကျူးကျော်သူကို ထိုနေရာတွင်ပင် ချက်ချင်း ခုတ်သတ်ပစ်လိုက်သည်။
ထို့နောက်တွင် လူအနည်းငယ်သည် ထပ်မံ၍ အတင်းဝင်ရောက်ရန် ကြိုးစားကြသော်လည်း အားလုံးသည် မြေပြင်ပေါ်တွင် သွေးချင်းချင်းနီ၍ သေဆုံးခဲ့ကြရသည်။
ထိုလူများထဲတွင် နာမည်ကျော်ကြားပြီး ဖြစ်သော ရွှေအင်မော်တယ်တစ်ဝက်အဆင့် တစ်ဦးပင် ပါဝင်သည်။
သို့သော် မည်သူမျှ တိုက်ခိုက်မှု တစ်ချက်ကိုပင် မခံနိုင်ခဲ့ကြပေ။
ဤရလဒ်မှာ အမှောင်ထဲတွင် ပုန်းကွယ်၍ ချောင်းမြောင်းကြည့်ရှုနေသူ အများအပြား၏ ကျောရိုးထဲသို့ စိမ့်တက်သွားစေသည်။
သို့သော်လည်း ထိုအဖြစ်အပျက်က လူတိုင်းကို နောက်ဆုတ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
သူတို့အားလုံးသည် လျှို့ဝှက်စွာ စောင့်ကြည့်နေကြပြီး အချိန်ကို စောင့်ဆိုင်းနေကြသည်။
အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ရွှယ်အန်းမှာ ပြန်မလာသေးပေ။
အဆောက်အအုံငယ်လေး အတွင်းမှ လေထုအခြေအနေသည် တဖြည်းဖြည်း ပိုလေးနက်လာသည်။
ပိုင်ချင်းအာသည် ကျန်းချီ၏ ဒဏ်ရာများကို ပတ်တီးစည်းပေးပြီးနောက် အဆောက်အအုံငယ်၏ အမိုးထိပ်တွင် ထိုင်နေသော ရွှယ်လွေ့လီ ကို ကြည့်ကာ သက်ပြင်းတစ်ချက် ခပ်ဖွဖွ ချလိုက်သည်။
"သခင်ကြီး ဘယ်တော့ ပြန်လာမလဲ မသိဘူး"
ကျန်းချီ၏ မျက်နှာအမူအရာမှာလည်း အလွန်လေးနက်နေသည်။
"ကျွန်မ ကျီလဲ့ခန်းမအကြောင်း သိတယ်၊ အဲ့ဒီမှာ တန်ခိုးကြီးတဲ့သူတွေ အများကြီးရှိတယ်၊ လက်ရှိ ခန်းမသခင် ဖန်ချင်းဟွမ်ဆိုတာ သူ့ခေတ်သူ့အခါက တကယ့်ကို ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်ပဲ၊ သခင်ကြီးရဲ့ လုပ်ရပ်က အရမ်း မဆင်မခြင်နိုင်လွန်းရာ မကျဘူးလား"
ထိုစကားကို ကြားသောအခါ ပိုင်ချင်းအာ က ခေါင်းခါလိုက်သည်။
"သခင်ကြီးကို ကိုယ့်အတွေးနဲ့ မတိုင်းတာပါနဲ့၊ ကျွန်မအတွက်တော့ သခင်ကြီးက သေချာပေါက် အနိုင်ရမှာပဲ၊ အချိန်စောတာနဲ့ နောက်ကျတာပဲ ကွာလိမ့်မယ်"
ကျန်းချီ အနည်းငယ် အံ့အားသင့်သွားသည်။
"ရှင်က သခင်ကြီးအပေါ် ယုံကြည်မှု အများကြီး ရှိတဲ့ပုံပဲ"
ပိုင်ချင်းအာသည် အလွန်လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါပေါ့၊ ရှင့်အနေနဲ့ သခင်ကြီး တိုက်ခိုက်တဲ့ မြင်ကွင်းတွေကိုသာ မြင်ဖူးရင် ရှင့်လည်း ကျွန်မလိုပဲ တွေးမိမှာပဲ"
"ပြီးတော့ သခင်ကြီးဆီမှာ ဖော်မပြနိုင်တဲ့ အရည်အချင်းတစ်ခုခု ရှိနေသလိုပဲ၊ သူ့ကို ဒုက္ခပေးနိုင်မယ့်အရာ ဒီကမ္ဘာပေါ်မှာ ဘာမှမရှိသလိုမျိုး ထင်ရတယ်"
ကျန့်ချီ အနည်းငယ် တိတ်ဆိတ်သွားသည်။
သူမသည် ရွှယ်အန်း၏ လုပ်ဆောင်ပုံများနှင့် လူတိုင်းကို ခြိမ်းခြောက်နိုင်သော မြင်ကွင်းများကို မမြင်ဖူးခဲ့ပေ။
သို့သော် ပိုင်ချင်းအာ (Bai Qing'er) ၏ စကားများမှပင် သူမသည် ရွှယ်အန်း၏ ထူးခြားသာလွန်မှုကို ခံစားမိနိုင်သည်။
ထိုအချိန်တွင် အိပ်ခန်းထဲ၌ ကလေးမလေးနှစ်ယောက်သည် အ၀စားသောက်ပြီးနောက် ကုတင်ဘေးရှိ ထိုင်ခုံများတွင် ထိုင်ကာ အန်းယန် နိုးထလာမည်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။
လေးနက်သော လေထုအခြေအနေသည် ဤမိန်းကလေးငယ်နှစ်ယောက်အပေါ်သို့လည်း သက်ရောက်မှုရှိနေပြီး သူတို့၏ မျက်နှာလေးများမှာ တင်းမာနေသည်။
ရုတ်တရက် နျန်နျန်က တိုးတိုးလေး ပြောလိုက်သည်။
"မမ... သမီး ခုနက မေမေ့လက်ချောင်းတွေ လှုပ်သွားတာ မြင်လိုက်တယ်"
"ဟမ်၊ မမတော့ မတွေ့လိုက်ပါဘူး"
"တကယ် လှုပ်သွားတာ၊ မယုံဘူးလား၊ ကြည့်နေ"
ထို့နောက် မိန်းကလေးငယ်နှစ်ယောက်သည် မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေကြသည်။
သို့သော် ငါးမိနစ်အပြည့် ကြာသွားသည့်တိုင်အောင် လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
ရွှယ်ရှန်းသည် သူမ၏ နာကျင်နေသော မျက်လုံးများကို ပွတ်သပ်လိုက်သည်။
"ငတုံး နျန်နျန် ၊ နင် မှားမြင်တာ ဖြစ်ရမယ်"
"မဖြစ်နိုင်တာ၊ ဘယ်လိုလုပ် မှားမြင်ရမှာလဲ၊ မေမေ့လက်က ခုနက တကယ် လှုပ်သွားတာ၊ ဟေး... မမ မြန်မြန်ကြည့်၊ လှုပ်သွားပြီ"
နျန်နျန် အော်လိုက်သည်။
ရွှယ်ရှန်းသည် မျက်လုံးပွတ်နေသည်ကို အမြန်ရပ်တန့်ပြီး ကြည့်လိုက်သော်လည်း ခဏအကြာတွင် ဘာမှမတွေ့ရပြန်ပေ။
ရွှယ်ရှန်းသည် နျန်နျန်၏ ခေါင်းကို မထိတထိ ခေါက်လိုက်သည်
"နင် နောက်ခါ ငါ့ကို ဒီလိုမျိုး စနောက်ခွင့် မပေးတော့ဘူး"
"မမ သမီး အတည်ပြောတာ၊ တကယ် လှုပ်သွားတာပါဆို"
နျန်နျန်က မကျေမနပ် ခံစားရပြီး ပြောလိုက်သည်။
"ဘယ်မှာ အတည်လဲ"
"အာ... မမကလည်း၊ သမီး တကယ် မလိမ်ပါဘူးဆို"
"သမီး တကယ်မလိမ်ပါဘူးဆိုတာကရော ဘယ်သူလဲ"
"မမ ဒီလို ဆက်လုပ်နေရင်၊ သမီး မမနဲ့ စကားမပြောတော့ဘူးနော်"
နျန်နျန် စိတ်တိုလာသည်။
"ဟီးဟီး၊ နင်က စပြီး ငါ့ကို လာစနောက်တာ မဟုတ်ဘူးလား"
မိန်းကလေးငယ်နှစ်ယောက်သည် အချင်းချင်း စကားနိုင်လုနေကြသည်။
ထိုစဉ်မှာပင် ကုတင်ပေါ်တွင် လဲလျောင်းနေသော အန်းယန်သည်ရုတ်တရက် လှုပ်ရှားလာသည်။
ဤတစ်ကြိမ်တော့ မိန်းကလေးငယ်နှစ်ယောက်လုံး တွေ့လိုက်ရပြီး ချက်ချင်း ပြေးကပ်သွားကြသည်။
"မမ သမီး မလိမ်ဘူးနော့်..."
နျန်နျန်သည် မမေ့မလျော့ ပြောလိုက်သည်။
ထိုအချိန်တွင် အန်းယန်၏ မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာသည်။
ကလေးမနှစ်ယောက်သည် သူတို့၏ ခေါင်းများကို အလုအယက် တိုးကပ်လိုက်ကြသည်။
"မေမေ၊ မေမေ နောက်ဆုံးတော့ နိုးလာပြီလား"
အန်းယန်၏ မျက်လုံးများတွင် အစပိုင်းတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသော်လည်း ခဏအကြာတွင် တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာသည်။
ထို့နောက် သူမသည် ပြုံးလိုက်ပြီး သူမ၏ လက်ကို ဆန့်တန်းကာ ကလေးမလေး နှစ်ယောက်၏ ပါးပြင်ကို ပွတ်သပ်ပေးလိုက်သည်။
"ငတုံးလေးတွေ၊ သမီးတို့နှစ်ယောက် ဒီမှာ တစ်ချိန်လုံး စောင့်နေကြတာလား"
ကလေးမလေးနှစ်ယောက်က ခေါင်းညိတ်ပြကြသည်။
"အွန်း အွန်း"
"မေမေ ဘယ်လောက်တောင် သတိလစ်သွားတာလဲ"
အန်းယန်က မေးလိုက်သည်။
နျန်နျန်က သူမ၏ လက်ချောင်းများဖြငိ့ စတင် ရေတွက်နေသည်။
ရွှယ်ရှန်းကမူ တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
"မေမေ သတိလစ်နေတာ ငါးရက် ရှိသွားပြီ"
"ဘယ်လို၊ အဲ့လောက်ကြာသွားတာလား၊ ဒါဆို သမီးတို့ ဘာစားထားသေးလဲ"
အန်းယန်သည် တုန်လှုပ်သွားပြီး အမြန်မေးလိုက်သည်။
"အစပိုင်းတော့ သမီးတို့ မုန့်တွေပဲ စားကြတာ၊ နောက်တော့ မုန့်တွေ အကုန်ကုန်သွားတော့ သမီးတို့ တစ်ရက်လုံး ဗိုက်ဆာနေခဲ့တာ၊ အဲ့တုန်းက အရမ်း ဗိုက်ဆာတာပဲ၊ မမက ပေါက်စီ ပေါင်းချင်တယ်လို့ ပြောတော့ ကူလုပ်ပေးပေမဲ့ အဲ့ဒီ လဲ့ကျွယ်က အရမ်း စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတာ၊ သူက အိုးကိုတောင် မီးလောင်ပြာကျသွားအောင် လုပ်ပစ်တယ်၊ ပြီးတော့ ဖေဖေ ပြန်လာပြီး ဖေဖေက သမီးတို့ကို ၀က်သားကြော်နဲ့ ငါးပေါင်း လုပ်ကျွေးတယ်၊ အရမ်း အရသာရှိတာပဲ၊ သမီး တစ်ခါမှ ဒီလောက် အရသာရှိတဲ့ ၀က်သားကြော် မစားဖူးဘူး..."
နျန်နျန်သည် အဆက်မပြတ် ပြောကာ ၀က်သားကြော်အကြောင်း ပြောမိသည့်အခါ မတော်တဆ သွားရည်ကျသွားသည်။
အန်းယန်က အလျင်အမြန် မေးလိုက်သည်။
"သမီးတို့ ဖေဖေ ပြန်လာပြီလား၊ သူ အခု ဘယ်မှာလဲ"
နျန်နျန်က စကားပြောမည့်ဆဲဆဲတွင် ရွှယ်ရှန်းက သူမ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။
"ပါးစပ်ပိတ်၊ နင်က စကားအရမ်းများတာပဲ"
ထို့နောက် ရွှယ်ရှန်းသည် သူမ၏ ခေါင်းကို လှည့်ကာ အန်းယန်ကို ပြောလိုက်သည်။
"မေမေ... ဖေဖေက နတ်သမီးမမကို ခေါ်သွားတယ်၊ လူဆိုးကြီးတစ်ယောက်ကို သွားရှင်းမယ်လို့ ပြောသွားတယ်"
အန်းယန် ရှုပ်ထွေးသွားသည်။
သူမသည် ကုတင်ပေါ်မှ ထပြီး အပြင်သို့ ထွက်လာလိုက်သည်။
ထိုအချိန်တွင် ပိုင်ချင်းအာနှင့် ကျန်းချီ တို့သည် ခြံဝင်းထဲတွင် ရှိနေကြသည်။
အန်းယန် ထွက်လာသည်ကို မြင်သောအခါ
သူတို့နှစ်ဦးလုံးလည်း အံ့အားသင့်သွားပြီး နှုတ်ဆက်ရန် အလျင်အမြန် လာကြသည်။
"သခင်မ နိုးလာပြီလား"
အန်ယန်သည် တခြားအရာများကို ဂရုမစိုက်နိုင်ဘဲ တိုက်ရိုက် မေးလိုက်သည်။
"ရွှယ်အန်း ဘယ်သွားတာလဲ"
သူတို့နှစ်ယောက်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ပိုင်ချင်းအာက ပြောလိုက်သည်။
"သခင်မ စိတ်မပူပါနဲ့၊ သခင်ကြီးက ကျီလလဲ့သူတော်စင်မကို ခေါ်သွားပြီး ကျီလဲ့ခန်းမကို အမြစ်ဖြတ် သုတ်သင်ဖို့ သွားတယ်"
"ကျီလဲ့ခန်းမ ..."
အနယန်သည် အခြေအနေကို အပြည့်အဝ နားမလည်သော်လည်း ကျီလဲ့ခန်းမသည် ကောင်းကင်ဘုံ သုံးခုဂိုဏ်းထဲမှ တစ်ခုဖြစ်ကြောင်း သိသည်။
ဤမျှလောက် တန်ခိုးကြီးသော ဂိုဏ်းတစ်ခုကို သူမ၏ ခင်ပွန်း တစ်ယောက်တည်း သွားသည်တဲ့လား...
အန်းယန် အသက်ပြင်းပြင်း ရှူလိုက်သည်။
"သူ သွားတာ ဘယ်လောက်ကြာပြီလဲ"
"တစ်ရက် ပြည့်တော့ပါမယ်"
အန်းယန်၏ မျက်နှာအရောင်မှာ အနည်းငယ် ဖြူဖျော့သွားသည်။
အကယ်၍ ယခင်တုန်းကသာ ဆိုလျှင် သူမ စိတ်ပူနေမည် မဟုတ်ပေ။
သို့သော် ထိုနေ့က မကောင်းသော နိမိတ်သည် အန်းယန်ကို စိတ်မအေးနိုင်အောင် ခံစားနေရဆဲ ဖြစ်သည်။
ထို့ကြောင့် သူမသည် စိတ်ကို လုံးဝ အနားမယူနိုင်ခဲ့ပေ။
ထိုအချိန်တွင်...
မြို့တော်အတွင်းရှိ များစွာသော တန်ခိုးရှင်များသည်လည်း သူတို့အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
"ဆယ့်နှစ်နာရီ နီးပါး ရှိသွားပြီ၊ ရွှယ်အန်း ပြန်မလာသေးဘူး၊ ငါထင်တာတော့ သူ အခြေအနေ မကောင်းလောက်တော့ဘူး"
"ဟုတ်တယ်၊ အဲ့ဒီလူက အင်အားကြီးတယ် ဆိုပေမယ့် ကျီလဲ့ခန်းမကရော သက်သတ်လွတ် စားတဲ့သူတွေ ကျနေတာပဲ၊ သူက တစ်ယောက်တည်း သွားရဲတယ်၊ တကယ် သေလမ်းရှာတာပဲ"
ဤတီးတိုးစကားများထဲတွင် အေးစက်စွာ လှောင်ပြောင်သူများနှင့် အေးဆေးတည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာသူများ ရှိသလို သနားဂရုဏာဖြစ်မိသူများလည်း ပါဝင်သည်။
သို့သော် ခြွင်းချက်မရှိစွာ
ဤလူအားလုံးသည် ရွှယ်အန်း၏ စွန့်စားမှုအပေါ် ယုံကြည်မှု အနည်းငယ်သာ ရှိကြသည်။
သို့သော် ထိုအချိန်မှာပင်...
ကောင်းကင်ယံမှ အားပြင်းသော စွမ်းအင်လှိုင်းတစ်ခု ထွက်ပေါ်လာသည်။
လူတိုင်း မော့ကြည့်လိုက်ကြသည်။
နဂါးဟိန်းသံတစ်ခုသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားသည်။
ထို့နောက် အနီနှင့် အဖြူကိုယ်ထည်နှင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်သော ဦးခေါင်း ရှိသည့် ကောင်းကင်ကိုးခု နတ်နဂါးတစ်ကောင်သည် ကောင်းကင်ကို ဖြတ်ကျော် ပျံသန်းလာပြီး ကျီလဲ့မြို့တော် အထက်သို့ ဆင်းသက်လာသည်။
နဂါး၏ အရှိန်အ၀ါ အောက်တွင် ကျီလဲ့မြို့တော် တစ်ခုလုံး တုန်လှုပ်သွားသည်။
နဂါး၏ ဦးခေါင်းထိပ်တွင် အဖြူရောင် ဝတ်စုံဖြင့် မားမားမတ်မတ် ဂုဏ်ယူစွာ ရပ်နေသူမှာ ရွှယ်အန်းကလွဲ၍ အခြားသူမဟုတ်ပေ။