← Chapters

လူတစ်ယောက်တည်းနဲ့ ဂိုဏ်းတစ်ခုကို ဖျက်ဆီးခဲ့ခြင်း

Vol. 55 Ch. 824

လူတစ်ယောက်တည်းနဲ့ ဂိုဏ်းတစ်ခုကို ဖျက်ဆီးခဲ့ခြင်း

Vol. 55 Ch. 824

ထိုအချိန်တွင်...

ကျယ်ပြန့်လှသော ကျီလဲ့မြို့တော် ကြီးတစ်ခုလုံး သေမလောက် တိတ်ဆိတ်နေသည်။

မြို့တော်အတွင်းရှိ တန်ခိုးရှင်များအားလုံး ဤမြင်ကွင်းကို ကြည့်ကာ အံ့အားသင့်ပြ ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

ရွှယ်အန်းသည် နဂါး၏ ဦးခေါင်းထိပ်တွင် ရပ်လျက် မြို့တော်ကို အပေါ်စီးမှ ကြည့်ကာ လေသံခပ်ပြတ်ပြတ်ဖြင့် ပြောလိုက်သည်။

"ကျီလဲ့ခန်းမဆိုတာ မရှိတော့ဘူး၊ ဒီနေ့ကစပြီး ကျီလဲ့ ဆိုတဲ့ နာမည် ဒီကမ္ဘာလောကကြီးထဲမှာ ဆက်လက်တည်ရှိတော့မှာ မဟုတ်ဘူး"

ဘန်း...

ထိုသည်ကို လူများ မျှော်လင့်ထားပြီး ဖြစ်သော်လည်း ရွှယ်အန်း ကြေညာလိုက်သည့် အခိုက်အတန့်တွင် သူတို့အားလုံး တုန်လှုပ်သွားကြသည်။

ကျီလဲ့ခန်းမဆိုသည်မှာ ဘယ်လိုတည်ရှိမှုဖြစ်သောကြောင့် လူတစ်ယောက်တည်းက သုတ်သင်ရှင်းလင်းပစ်နိုင်သနည်း၊ ထိုသည်မှာ စိတ်ကူးယဉ်ဆန်လွန်းနေသည်။

သို့သော် သူတို့မျက်စိရှေ့မှအရာသည် သူတို့ကို ယုံကြည်စေခဲ့သည်။

လောဘ အနည်းငယ် ကိန်းအောင်းနေဆဲသူများသည် ယခုအခါ မျက်နှာတွင် ဖြူဖျော့ကာ ချွေးသီးချွေးပေါက်များ ကျလာပြီး မည်သည့် ပုန်ကန်လိုစိတ်ကိုမျှ ဆက်လက် မရှိဝံ့တော့ပေ။

ဤမြင်ကွင်းသည် စောင့်ကြည့်နေသော ကျင့်ကြံသူအများအပြားကို အံ့ဩမှုဖြင့် သက်ပြင်းချစေသည်။

နတ်နဂါးထိပ်တွင် ရပ်နေသော ဤလူသားသည် ကျီလဲ့ခန်းမကို တစ်ယောက်တည်း အမြစ်ဖြတ် သုတ်သင်ခဲ့ပြီး သူ၏ အရှိန်အဝါမှာ ပြင်းထန်လွန်းသဖြင့် မြို့တော်၏ တန်ခိုးရှင်များပင် ခေါင်းမဖော်ဝံ့ကြပေ။

ဤသို့သော မယှဉ်နိုင်သည့် စွမ်းအားပြသမှုသည် အမှန်တကယ်ပင် မကြုံစဖူးဖြစ်ပြီး တည့်တည့် မကြည့်ဝံ့လောက်အောင်ပင် ခြိမ်းခြောက်နိုင်လွန်းသည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ရွှယ်အန်း သည် ခြံဝင်းငယ်လေးထဲတွင် ရပ်နေသော အန်းယန်ကို တွေ့လိုက်ပြီးဖြစ်သည်။

သူ အနည်းငယ် ပြုံးလိုက်ပြ နတ်နဂါးသည် အောက်သို့ ဆင်းသက်လာပြီးနောက် ခြံဝင်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားသည်။

"ယန်အာ"

ရွှယ်အန်းက ညင်သာစွာ ခေါ်လိုက်သည်။

အန်းယန်သည် ရွှယ်အန်းကို သေချာစူးစိုက် ကြည့်လိုက်သည်။ သူ ဒဏ်ရာ တစ်စုံတစ်ရာ မရှိသည်ကို မြင်မှ သူမ၏ ရင်ထဲမှ အလုံးကြီး ကျသွားပြီး မရယ်ဘဲ မနေနိုင်တော့ပေ။

"ယောင်္ကျား၊ ရှင်..."

သူမ စကားမဆုံးမီမှာပင် ရွှယ်အန်းသည် သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

အန်းယန် တုန်ရီသွားပြီးနောက် ညင်သာစွာ အထွန့်တက်လိုက်သည်။

"လူအများကြီးနဲ့ကို.."

ရွှယ်အန်းသည် ထိုစကားကို ကြားသောအခါ ခြံဝင်းထဲကို မျက်စိကစားလိုက်သည်။

ရွှယ်လွေ့လီ ၊ ပိုင်ချင်းအာ ၊ ကျန်းချီနှင့် အခြားသူများ ဤသည်ကို မြင်သောအခါ ခေါင်းငုံ့ကာ တိတ်တဆိတ် နောက်ဆုတ် ထွက်သွားကြသည်။

ကျီလဲ့နတ်သမီး မုယာ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှု အငွေ့အသက်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမသည်လည်း အရိုအသေပေး၍ ထွက်ခွာသွားသည်။

ခြံဝင်းထဲတွင် ရွှယ်အန်းနှင့် အန်းယန် နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ပေါ်မှ နတ်နဂါးသည် တစ်ပတ် ပတ်လိုက်ပြီးနောက် မိုးခြိမ်းသံကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားကာ ကောင်းကင်နှင့် မြေကြီးထဲသို့ ပျော်ဝင် ပျောက်ကွယ်သွားသည်။

ဤအဖြစ်သည် မြို့တော်၏ တန်ခိုးရှင်များကြားတွင် အုတ်အော်သောင်းတင်း ဖြစ်သွားစေပြန်သည်။

လူအများစုသည် ထိုနတ်နဂါးကို အစစ်ဟု ထင်နေကြသည်။

၎င်းကို ရွှယ်အန်းက လျှို့ဝှက်နည်းလမ်းများ သုံး၍ ဖန်ဆင်းထားခြင်း ဖြစ်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။

သို့သော် ဖန်ဆင်းထားသော နဂါးအတုတစ်ကောင်သည် ဤမျှ ပြင်းထန်သော နဂါးအရှိန်အ၀ါကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

ဤတန်ခိုးရှင်များ၏ မျက်လုံးထဲတွင် ရွှယ်အန်း၏ ပုံရိပ်သည် ပိုလို့ပင် ခမ်းနားလာပြီး လျှို့ဝှက်ဆန်းကြယ်လာသည်။

သို့သော် ရွှယ်အန်းမှာ ဤလူများကို ဂရုစိုက်ရန် အချိန်မရှိပေ။ သူသည် အန်းယန်ကို တိတ်ဆိတ်စွာ ပွေ့ဖက်ထားပြီး သူ၏ မေးစေ့ကို သူမ၏ ဦးခေါင်းထိပ်တွင် တင်ထားကာ တိုးညှင်းစွာ ပြောလိုက်သည်။

"ယန်အာ... မင်း အရမ်း ပင်ပန်းသွားရပြီ"

အန်းယန်သည် သူမ၏ ခေါင်းကို ရွှယ်အန်း ၏ ရင်ဘတ်ထဲတွင် မြှုပ်ထားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ယောင်္ကျား... အဲ့ဒီနေ့က ကျွန်မ တကယ် ကြောက်ခဲ့တာ"

အန်းယန်သည် ထိုနေ့က အဖြစ်အပျက်များကို ပြန်လည် သတိရမိသည်။

ပြင်းထန်သော စိတ်မအေးနိုင်မှုသည် သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် တုန်ရီစေသည်။

ရွှယ်အန်းသည် သူမကို ပိုလို့ပင် တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး နှစ်သိမ့်လိုက်သည်။

"အဆင်ပြေသွားပါပြီ မကြောက်နဲ့တော့၊ ကိုယ် ဘာမှမဖြစ်ဘူး မဟုတ်လား၊ ပြီးတော့ ကိုယ် ကတိပေးတယ်၊ ဒီလိုမျိုး ဘယ်တော့မှ ထပ်မဖြစ်စေရဘူး"

"အွန်း"

အန်းယန် ပြန်ဖြေလိုက်ပြီး ထိုအချိန်မှာပင် သူမ၏ ဗိုက်ထဲမှ ဂွီခနဲမြည်သံ ထွက်ပေါ်လာသည်။

ရွှယ်အန်းက ရယ်လိုက်သည်။

"ဗိုက်ဆာနေပြီလား"

အန်းယန်မျက်နှာသည် အနည်းငယ် နီမြန်းသွားပြီး ခေါင်းညိတ်လိုက်သည်။

"နည်းနည်းပါ"

"ငတုံးမလေး နိုးလာပြီးတော့ အရင်ဆုံး တစ်ခုခု မစားဘူး"

"ရှင့်ကို စိတ်ပူလို့ ရှင် ပြန်လာတာကို စောင့်နေတာ"

အန်းယန်က ပြောလိုက်သည်။

ရွှယ်အန်းက အနည်းငယ် ထိရှသွားပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

"ပြော... ဘာစားချင်လဲ၊ ကိုယ် မင်းအတွက် လုပ်ပေးမယ်"

ထိုစဉ်မှာပင် ရွှယ်နျန်သည် ပြတင်းပေါက်နောက်ကွယ်မှ ရုတ်တရက် ခေါင်းပြူထွက်လာသည်။

"ဖေဖေ၊ သမီး ၀က်သားကြော် ထပ်စားချင်တယ်"

ရွှယ်ရှနလည်း မျက်နှာပျက်သွားပြီ သူမလည်း ခပ်တိုးတိုး ပြောလာသည်။

"နျန်နျန် ငတုံးလေး၊ ငါ နင့်ကို ခေါင်းမထွက်ပြနဲ့လို့ မပြောထားဘူးလား"

"ဒါပေမဲ့ သမီး ၀က်သားကြော် စားချင်တာကို"

ထိုအချိန်တွင် အန်းယန်သည် ပြေ။လိုက်သည်။

"သမီးတို့နှစ်ယောက် ပြတင်းပေါက်နောက်မှာ ဘယ်အချိန်ကတည်းက ပုန်းနေကြတာလဲ"

"ဟီးဟီး၊ ဖေဖေ မေမေ့ကို ဖက်လိုက်ကတည်းကပဲ၊ ဒါပေမဲ့ သမီးတို့ ဘာမှမမြင်ဘူးနော်၊ သမီးတို့ ပြတင်းပေါက်နောက်မှာပဲ ပုန်းနေတာ"

ရွှယ်ရှန်းသည် သူမ၏ ဖြူစင်သော မျက်လုံးလေးများဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြောလိုက်သည်။

အန်းယန်၏ ပါးများ နီမြန်းလာပြီး ညင်သာစွာ ဆူပူလိုက်သည်။

"မေမေမိမှ တွေ့မယ် မှတ်"

သူမသည် သူတို့ကို ရိုက်မည့်ဟန် ပြလိုက်သည်။

ကလေးမလေး နှစ်ယောက်သည် တခစ်ခစ် ရယ်မောကာ ထွက်ပြေးသွားကြသည်။

ထိုအချိန်မှာပင် ရွှယ်ရှန်းက နောက်သို့ လှည့်အော်ကာ အော်ရန် မမေ့ပေ။

"ဖေဖေ ငါးပေါင်းရော လုပ်ဖို့ သတိရနော်"

ရွှယ်အန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"တစ်ပန်းကန်တည်းနဲ့ လောက်လို့လား"

"လောက်တယ်၊ ကျေးဇူးတင်ပါတယ် ဖေဖေ၊ ဖေဖေက အကောင်းဆုံးပဲ"

ထို့နောက် ရွှယ်အန်းသည် သူ၏ ခေါင်းကို လှည့်ကာ ထောင့်တွင် ပုန်းနေသော ဒယ်အိုးကို ကြည့်လိုက်သည်။

ထိုစဉ်ဒယ်အိုးမှ တိတ်တိတ်လေး ရေရွတ်မိသွားသည်။

"မင်း ငါ့ကို မမြင်ဘူး၊ မင်း ငါ့ကို မမြင်ဘူး"

သူ၏ အကြည့်က ၎င်းအပေါ်သို့ ကျရောက်သွားသည်နှင့် ဒယ်အိုးသည် တုန်ရီသွားပြီး လျင်မြန်စွာ ဒယ်အိုးပြားအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် လဲ့ကျွင်၏ မျက်နှာချိုသွေးသော အသံက ထွက်ပေါ်လာသည်။

"သခင်... သခင့်အတွက် ချက်ပြုတ်ခွင့်ရတာ ကျွန်တော်မျိုးအတွက် ဂုဏ်ယူစရာပါ၊ ဒီပုံစံကို ကျေနပ်ရဲ့လား၊ မကျေနပ်ဘူးဆိုရင် ကျွန်တော် ပြောင်းနိုင်ပါတယ်"

ရွှယ်အန်းနှင့် သူ၏ မိသားစုသည် နွေးထွေးသော နေ့စဉ်ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသည်။

ကျီလဲ့ခန်းမကို ရွှယ်အန်းက အမြစ်ဖြတ် သုတ်သင်လိုက်သည့် သတင်းသည် ဟာရီကိန်းမုန်တိုင်းပမာ ပျံ့နှံ့သွားပြီး အလွန်အင်အားကြီးသော ဗုံးတစ်လုံးကဲ့သို့ အလယ်ပိုင်းဒေသ တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

လူတိုင်းသည် ဤသတင်းအပေါ် ပထမဆုံး တုံ့ပြန်မှုမှာ မယုံကြည်ခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ၎င်းသည် အလွန်အမင်း စိတ်ကူးယဉ်ဆန်လွန်းနေသည်။

သို့သော် နောက်ပိုင်းတွင် ၎င်းသည် အမှန် ဖြစ်ကြောင်း အတည်ပြုလိုက်သောအခါ လူတိုင်း စကားမပြောနိုင် ဖြစ်သွားကြသည်။

လူတစ်ယောက်တည်းက ဂိုဏ်းတစ်ခုကို အမြစ်ဖြတ် သုတ်သင်တာတဲ့လား...,

ဤသည်မှာ မကြားဖူးသော အရာမဟုတ်သော်လည်း ၎င်းသည် များသောအားဖြင့် သေးငယ်သော ဂိုဏ်းငယ်လေးများတွင်သာ ဖြစ်လေ့ရှိသည်။

ကျီလဲ့ခန်းမကဲ့သို့သော အဓိက ဂိုဏ်းကြီးတစ်ခုအတွက်မူ ယခင်က မရှိခဲ့ဖူးသော ဖြစ်ရပ်ဆန်း ဖြစ်သည်။

သို့သော် ဤသည်မှာ အစပျိုးခြင်းသာ ဖြစ်သည်။

ထို့နောက် အိပ်မက်အမွေအနှစ်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည်လည်း ပျံ့နှံ့သွားသည်။

ရှုန်းမိုတောင်ကြား၏ သခင်လေး ရီချုံရှန်၊ ကျန့်ဟုန်အဆောက်အအုံ၏ ခေါင်းဆောင် လီဟန်ချင်း၊ သူတို့ဂိုဏ်းမှ သိုင်းပညယရှင် ရှန်းတန်နန်ဖြစ်စေ မည်သူမဆို ကြောက်စရာကောင်းပြီး ကျော်ကြားသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

အားလုံးကို ရွှယ်အန်း တစ်ယောက်တည်းက အမြစ်ဖြတ် သုတ်သင်ခဲ့သည်။

လူများ၏ ထင်မြင်ချက်များမှာ မဆဲနိုင်ဖြစ်နေသည်။

လူအများအပြားသည် ခေါင်းခါမိလိုက်ကြသည်။

သူတို့သည် ရွှယ်အန်းကို မာနကြီးလွန်းသည်ဟု ထင်ကြသည်။

အဘယ်ကြောင့်ဆို သူသည် အဓိက ဂိုဏ်းကြီး သုံးခုနှင့် ရန်သူဖြစ်ခဲ့သောကြောင့် ဖြစ်သည်။

အာ... အခုဆို အဓိက ဂိုဏ်းကြီးနှစ်ခုလို့ပဲ ပြောရတော့မယ်

အဘယ်ကြောင့်ဆို သူတို့ထဲမှ တစ်ခုသည် အမြစ်ဖြတ် သုတ်သင်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

ထို့နောက် ကျန့်ဟုန်၏ ခေါင်းဆောင်သည်လည်း ကျဆုံးသွားခဲ့ပြီး ပျက်စီးသွားပြီ ဟု ဆိုနိုင်သည်။

သို့သော် ရှုန်းမိုတောင်ကြား တစ်ခုတည်းကပင် လူတိုင်း၏ ကျောရိုးထဲသို့ စိမ့်တက်သွားစေရန် လုံလောက်သည်။

မည်သို့ပင်ဆိုစေ ရှုန်းမိုတောင်ကြားသည် ကောင်းကင်သုံးခုဂိုဏ်းထဲတွင် အသန်မာဆုံးဟု လူသိများပြီး ရှုန်းမိုတောင်ကြား၏ အင်အားသည် ကျန့်ဟုန်နှင့် ကျီလဲ့ခန်းမ တို့၏ စုစုပေါင်း အင်အားထက် သာလွန်သည်ဟူသော ကောလာဟလများပင် ရှိနေသည်။

ယခုအခါ သူတို့၏ သခင်လေးမှာ အသတ်ခံလိုက်ရသောကြောင့် ရှုန်းမိုတောင်ကြားသည် ဤအဖြစ်ကို မည်သို့ လက်ပိုက်ကြည့်နိုင်မည်နည်း။

ထိုလူများသည် ရွှယ်အန်း၏ ရဲတင်းမှုကြောင့် တုန်လှုပ်နေကြစဉ်မှာပင် နောက်ထပ် သတင်းတစ်ခု ထွက်ပေါ်လာသည်။

ယွမ်ဂိုဏ်းမှ သွေးပင့်ကူတောင်၏ စစ်မှန်တပည့်ဖြစ်ပြီး အမှန်တရား မေးမြန်းခြင်း စာရင်းတွင် အဆင့်ငါး ချိတ်ထားသူ ကွေ့ယီကမ္ဘာ၏ ထိပ်တန်း နတ်ဘုရားဟု လူသိများသော လော့စန်ချီသည်လည်း အိပ်မက်အမွေအနှစ်တွင် ကျဆုံးသွားခဲ့သည်။

၎င်းတို့သတ်သည့် လူသတ်သမားမှာ ရွှယ်အန်းသာဖြစ်သည်

ဤသတင်းကို ကြားသောအခါ လူတိုင်း ၏ စိတ်အခြေအနေကို စကားလုံးဖြင့် ဖော်ပြရန် အခက်တွေ့သွားကြသည်။

ယွမ်ဂိုဏ်း၊ သွေးပင့်ကူတောင်၊ လော့စန်ချီ

ဤအမည် တစ်ခုချင်းစီသည် နတ်ဘုရားတစ်ပါးပမာ သတ်မှတ်ခံထားရသည်။

သို့သော် ၎င်းတို့သည်လည်း ရွှယ်အန်း၏ လက်ထဲတွင် ကျဆုံးသွားခဲ့သည်။

ဤသည်ကို မာနကြီးခြင်းဟု ရိုးရှင်းစွာ ဖော်ပြ၍ မရနိုင်တော့ပေ။

ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျက်ခြင်းနှင့် တူညီသည်။

ထိုအချိန်မှာပင် ကောလာဟလများ သောသောညံသွားသည်။

များစွာသော မှူးမတ်မိသားစုများနှင့် ဂိုဏ်းများသည် ဤလုပ်ရပ်များမှာ ရွှယ်အန်း တစ်ယောက်တည်း၏ လက်ချက် ဟုတ်မဟုတ် သံသယ ဝင်လာကြသည်။

မည်သို့ပင်ဆိုစေ ၎င်းသာ အမှန်တကယ် တာဝန်ရှိသူ ဖြစ်ပါက ၎င်း၏ ကျင့်ကြံမှုအဆင့်သည် မည်မျှ ထူးခြားနေရမည်နည်း...

အကယ်၍ ၎င်းသည် ဤမျှ လွှမ်းမိုးနိုင်သော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားပါက အဘယ်ကြောင့် ယခင်က မဖော်ပြခဲ့သနည်း...

အတိုချုပ်အားဖြင့် အခြေအနေတစ်ခုလုံးသည် ပိုလို့ပင် ရှုပ်ထွေးလာပြီး မရေမတွက်နိုင်သော မျက်လုံးများသည် သွေးပင့်ကူတောင်နှင့် ရှုန်းမိုတောင်ကြားကို ကြည့်နေပြီး ဤအဓိက ဂိုဏ်းကြီးနှစ်ခု၏ တုံ့ပြန်မှုများကို စောင့်ဆိုင်းနေကြသည်။

All Chapters