← Chapters

အမိန့်လွှာတစ်ခုနဲ့ မဟာအခမ်းအနားကို ဖိတ်ကြားခြင်း

Vol. 55 Ch. 825

အမိန့်လွှာတစ်ခုနဲ့ မဟာအခမ်းအနားကို ဖိတ်ကြားခြင်း

Vol. 55 Ch. 825

လူတိုင်း မထင်မှတ်ထားသည်မှာ သွေးပိုက်ကွန်တောင်ဖြစ်စေ၊ ရှုန်းမိုတောင်ကြား ဖြစ်စေ နှစ်ဖက်စလုံးသည် ဤကိစ္စနှင့်ပတ်သက်ပြီး တိတ်ဆိတ်နေခဲ့ကြသည်။

ဤသဘောထားသည် အလယ်ပိုင်းဒေသမှ သိုင်းပညာရှင်အားလုံးကို တိတ်တဆိတ် အံ့အားသင့်စေခဲ့သည်။

ဘာတွေဖြစ်နေတာလဲ...

လက်ရှိ ပထမတန်းစားဂိုဏ်းအဖြစ် သတ်မှတ်ခံထားရသော သွေးပိုက်ကွန်တောင်နှင့် ကောင်းကင်ထိပ်တန်းဂိုဏ်းဖြစ်သော ရှုန်းမိုမိစ္ဆာတောင်ကြားတို့သည် လက်တုံ့မပြန်ဘဲ မျိုသိပ်နေကြသည်လား...

သို့မဟုတ် သူတို့... ကြောက်နေကြသည်လား...

ဤအတွေးပေါ်လာသည်နှင့် လူအများအပြား၏ တွေးခေါ်ပုံများများ တဖြည်းဖြည်း ပြောင်းလဲလာသည်။

တကယ်သာ ထိုသို့ဖြစ်ပါက ရွှယ်အန်းဆိုသူမှာ မယုံနိုင်လောက်အောင် အစွမ်းထက်လှသည်။ သူသည် ထိပ်တန်းအင်အားကြီးများကို မော်မကြည့်ဝံ့အောင် ဦးညွှတ်စေခဲ့သည့် ပထမဆုံးလူပုဂ္ဂိုလ်ဟုပင် မှတ်ယူနိုင်သည်။

ထို့ကြောင့် တစ်ချိန်က နတ်ဘုံနတ်နန်းကဲ့သို့ ပျော်ရွှင်ဖွယ်ရာဟု ကြွားဝါခဲ့သော မြို့တော်သည် ပိုလို့ပင် သာယာဝပြောလာခဲ့သည်။

နေ့စဉ်နေ့တိုင်းဆိုသကဲ့သို့ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ရွှယ်အန်း၏ မျက်နှာသာပေးမှုကို ရလိုဇောဖြင့် ရောက်ရှိလာကြသည်။

သို့သော် မည်သည့်ကျင့်ကြံသူ ရောက်လာသည်ဖြစ်စေ ရွှယ်အန်းက ဘယ်တော့မှ မျက်နှာမပြဘဲ ထိုအဆောက်အဦငယ်လေးထဲတွင်သာ ဆက်လက်နေထိုင်ခဲ့သည်။

ထို့ကြောင့် ဤအဆောက်အဦးငယ်လေးပတ်လည်ရှိ ဧရိယာသည် မရေမတွက်နိုင်သော ကျင့်ကြံသူများ စုဝေးရာနေရာ ဖြစ်လာခဲ့သည်။

သို့သော် လူအများအပြားသည် သွေးပိုက်ကွန်တောင်နှင့် ရှုန်းမိုတောင်ကြားတို့သည် ထိုကိစ္စကို ဤအတိုင်းထားလိုက်မည်ဟု မယုံကြည်ကြသေးပေ။

သူတို့က ကိစ္စများ မည်သို့အဆုံးသတ်မည်ကို တွေ့မြင်လိုစိတ်ဖြင့် အေးအေးဆေးဆေး စောင့်နေခဲ့ကြသည်။

အပေါ်ယံတွင် ငြိမ်သက်နေပုံရသည့် မျက်နှာပြင်အောက်တွင် လှိုင်းလုံးကြီးများ ထနေခဲ့သည်။

ထိုနေ့တွင်...

ယခုအခါ မဟာအိပ်မက်မြို့တော်ဟု အမည်ပြောင်းထားသော မြို့တော်သည် ယခင်ကဲ့သို့ပင် စည်ကားနေခဲ့သည်။

မတူညီသော ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မြို့ထဲတွင် ပြည့်နှက်နေသော ကျင့်ကြံသူများစွာကြောင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များသည် အလွန်အမင်း စီးပွားဖြစ်ထွန်းနေခဲ့သည်။

ထိုအချိန်တွင်...

ရွှယ်အန်း နေထိုင်သော အဆောက်အဦးငယ်လေး၏ တစ်ဖက်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင်

ကျင့်ကြံသူအများအပြားသည် အပူတပြင်း ဆွေးနွေးနေကြသည်။

"ငါဒီကိုရောက်နေတာ ဆယ်ရက်တောင်ရှိပြီ၊ ဒါပေမဲ့ မစ္စတာရွှယ်အန်းကို တစ်ချက်တောင် မတွေ့ရသေးဘူး၊ သူ တကယ့်ကိုမာနကြီးတာပဲ"

ခန့်ညားထည်ဝါသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဟားဟ... မင်းက ဆယ်ရက်ပဲ ရှိသေးတာကို ဒီလောက်တောင် စိတ်မရှည်ဖြစ်နေပြီလား၊ ငါဒီမှာ ဆယ့်ငါးရက်ရှိပြီ၊ ဒီစားသောက်ဆိုင်မှာတောင် ဆယ်ရက်ကြာအောင် နေခဲ့တာ၊ ဒါပေမဲ့ ရလဒ်က အတူတူပဲ"

သက်လတ်ပိုင်း ကျင့်ကြံသူတစ်ဦးသည် ခါးသီးသော အပြုံးဖြင့် ပြောလိုက်သည်။

"ငါ့အထင်ပြောရရင် မစ္စတာရွှယ်က သူ့ကိုယ်သူ ထွက်ပြရဲပုံမရဘူး၊ ဘာပဲဖြစ်ဖြစ် သူ အခု ရန်သူတွေ အများကြီး ရထားတာကိုး"

အခြားတစ်ယောက်သည် ပေါ့ပေါ့ပါးပါး ပြောချလိုက်သည်။

"ငါလည်း အဲ့လိုပဲတွေးမိတယ်၊ ဒါပေမဲ့ ရှုန်းမိုတောင်ကြားက ဘာလို့ အခုအချိန်ထိ တိတ်ဆိတ်နေကြမှန်း ငါတွေးလို့မရဘူး"

"သူတို့ ကြောက်နေကြတာ ဖြစ်နိုင်မလား"

ထိုလူငယ်က မေးလိုက်သည်။

"ဟားဟား"

ထိုစကားကို ကြားသောအခါ လူတိုင်း တစ်ပြိုင်နက် ခေါင်းခါလိုက်ကြသည်။

"ရွှယ်အန်းရဲ့ လုပ်ဆောင်ချက်တွေအားလုံး အစစ်အမှန် ဟုတ်မဟုတ်ကို လောလောဆယ် ခဏထားဦး၊ တကယ်လို့ အမှန်တွေ ဖြစ်ခဲ့ရင်တောင် သွေးပိုက်ကွန်တောင်ရဲ့ ဂိုဏ်းချုပ်က ဘာလို့ ကြောက်ရမှာလဲ၊ မင်းသိသင့်တယ်... သွေးပိုက်ကွန်တောင်ထဲမှာ ရွှေအင်မော်တယ်တွေက စောင့်ကြပ်နေတာ"

ဤစကားကို ကြားလိုက်ရသောအခါ စားသောက်ဆိုင်ထဲရှိ လူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။

ကွေ့ယီအလယ်ပိုင်းဒေသတွင် နယ်မြေတစ်ခုကို ကြီးကြပ်နိုင်လောက်အောင် အင်အားကြီးမားသော ရွှေအင်မော်တယ် ဖြစ်လာခြင်းသည် မြို့တစ်မြို့ သို့မဟုတ် ဂိုဏ်းငယ်တစ်ခု၏ အရှင်သခင် ဖြစ်နိုင်သည်ဟု အဓိပ္ပာယ်ရသည်။

ထိုမှတစ်ဆင့်တက်၍ စစ်မှန်အင်မော်တယ်တစ်၀က် ဖြစ်လာပါက အလယ်ပိုင်းဒေသတစ်ခုလုံးတွင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

ထိုသို့သော ပုဂ္ဂိုလ်များသည် အဓိကဂိုဏ်းကြီးများတွင် လေးစားရသော အကြီးအကဲများနှင့်တူပြီး အလွန်မြင့်မြတ်သော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ကြသည်။

ထိုအတားအဆီးကို ကျော်လွှားနိုင်ပြီး စစ်မှန်အင်မော်တယ်တစ်ဦး ဖြစ်လာနိုင်ပါက ၎င်းတို့သည် အလယ်ပိုင်းဒေသတွင် ရှားပါးသော လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်ပြီး ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ဒေသတစ်ခုလုံး တုန်လှုပ်သွားစေနိုင်သည့် အတိုင်းအတာအထိ ဖြစ်သည်။

ကောင်းကင်သုံးခုဂိုဏ်း၏ ဂိုဏ်းချုပ်များနှင့် တောင်သခင်များသည် ယေဘုယျအားဖြင့် ဤကျင့်ကြံမှုအဆင့်တွင် ရှိကြသည်။

သို့သော် သွေးပိုက်ကွန်တောင်ကို ပထမတန်းစားဂိုဏ်းအဖြစ် လေးစားရခြင်း အကြောင်းရင်းမှာ သူတို့တွင် အထွတ်အထိပ် စစ်မှန်သောအင်မော်တယ် တစ်ဦး ရှိနေသောကြောင့် ဖြစ်သည်။

အထွတ်အထိပ်စစ်မှန်အင်မောခတယ် ဆိုသည်မှာ စစ်မှန်အင်မော်တယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီး အင်မော်တယ်သခင်အဆင့်၏ အစွန်းကို ထိတွေ့နိုင်သူများကို ရည်ညွှန်းသည်။

ထိုသို့သော ပုဂ္ဂိုလ်များသည် ကွေ့ယီတွင် အမှန်တကယ် ရှားပါးပြီး ထူးကဲသာလွန်သည်။

သမိုင်းကို ပြန်ကြည့်လျှင်ပင် ဤအဆင့်သို့ ရောက်ရှိခဲ့သူ များများစားစား မရှိခဲ့ပေ။

တစ်ချိန်က ကျော်ကြားခဲ့သော မဟာအိပ်မက်၏ ဓားသခင်အား အထွတ်အထိပ်စစ်မှန်အင်မော်တယ်ဟု ခေါ်ဆိုနိုင်သည်။

"ဒါဖြင့် ဘာလို့ သွေးပိုက်ကွန်တောင်ရော၊ ရှုန်းမိုတောင်ကြားရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာထုတ်ပြန်ချက်မှ မလုပ်ကြသေးတာလဲ"

"ငါလည်း မသိဘူး၊ ဒါပေမဲ့ ပိုငြိမ်သက်လေ ပိုပြီး ကြက်သီးထဖို့ကောင်းလေလို့ ငါ ခံစားရတယ်"

ထိုအချိန်တွင်...

ရုတ်တရက် အပြင်ဘက်မှ ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

"မြန်မြန်ကြည့်၊ ဟိုမှာ ဘာကြီးလဲ"

စားသောက်ဆိုင်ထဲရှိ လူတိုင်း အပြင်သို့ ပြေးထွက်လာကြပြီ သူတို့ မော့ကြည့်လိုက်သောအခါ အံ့အားသင့်သွားကြသည်။

အဝေးဆီမှ ကောင်းကင်ယံတွင် ရောင်စုံနှင်းဆီရောင် တိမ်တိုက်များ အစင်းလိုက် တွေ့လိုက်ရသည်။

နှင်းဆီရောင် တိမ်တိုက်များနှင့်အတူ ဝိညာဉ်စွမ်းအင်လှိုင်းများလည်း ပါ၀င်သည်။

"ဘာတွေဖြစ်နေတာလဲ"

လူတိုင်း မယုံနိုင်ဖြစ်နေကြသည်။

နှင်းဆီရောင် တိမ်တိုက်များသည် မျက်စိတစ်မှိတ်အတွင်း အနားသို့ ရောက်ရှိလာသည်။

အဆုံးတွင် ၎င်းတို့ ငြိမ်သက်သွားသောအခါ ခေါင်းနှစ်လုံးပါ ချီနဂါးတစ်ကောင် ဆွဲလာသော ရထားလုံးတစ်စီး ဖြစ်ကြောင်း လူများသည် ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။

ရထားလုံးထိပ်တွင် ကောင်းကင်ဘုံ၏ သားတော်တစ်ယောက်ပမာ လေတွင် လူးလွင့်နေသော အဝတ်အစားများဖြင့် လူငယ်တစ်ယောက် ရပ်နေသည်။

ထိုလူငယ်သည် ရထားလုံးကို မဟာအိပ်မက်မြို့တော်၏ အထွတ်အထိပ်သို့ မောင်းနှင်လာပြီး သူ၏လက်ထဲတွင် ရှင်ဘုရင်၏ အမိန့်တော်နှင့်တူသော အဝါရောင်စာရွက်တစ်ရွက်ကို ဖွင့်သလိုက်သည်။

"တောင်သခင်ရဲ့ အမိန့်အရ ဆယ်ရက်အကြာမှာ သွေးပိုက်ကွန်တောင်က အမှန်တရားမေးမြန်းခြင်း မဟာအခမ်းအနား ကို ကျင်းပမှာဖြစ်ပြီး နယ်ပယ်အနှံ့က သူရဲကောင်းများရဲ့ အဆင့်အတန်းကို ပြန်လည်စီစဉ်ပါမယ်၊ အဲ့အတွက် ရွှယ်အန်းကို အထူးဖိတ်ကြားပါတယ်"

ဤစကားများ ပြောလိုက်သည်နှင့်

မဟာအိပ်မက်မြို့တော် တစ်ခုလုံး တုန်လှုပ်သွားသည်။

"ဘုရားရေတကယ်ကြီး အမှန်တရမေးမြန်းခြင်း မဟာအခမ်းအနားပဲ, ဒါက စိတ်လှုပ်ရှားစရာ ဖြစ်တော့မှာပဲ"

"ဒီ အမှန်တရာlမေးမြန်းခြင်း မဟာအခမ်းအနားက ဘာများထူးခြားလို့လဲ"

ပိုးထည်ဝတ်စုံနှင့် လူငယ်က မေးလိုက်သည်။

"ဟား မင်းက တကယ်ကို ငယ်သေးတာပဲ၊ ဒီ အမှန်တရားမေးမြန်းခြင်း စာရင်း အကြောင်းကို မင်းသိလား၊ အမှန်တရားမေးမြန်းခြင်း မဟာအခမ်းအနားဆိုတာ အဲ့ဒီစာရင်းပေါ်က အဆင့်တွေကို စီစဉ်ဖို့ပဲ၊ မ နောက်ဆုံးတစ်ခါ ကျင်းပခဲ့တာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကပဲ၊ အခုတစ်ခါ ထပ်ကျင်းပလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ၊ အဲ့ဒီအချိန်ကျရင် ကွေ့ယီနယ်ပယ်အနှံ့အပြားက လူငယ်သူရဲကောင်းတွေ အတူတကွ စုဝေးကြမှာ၊ ဒါက တကယ့်ကို ရှားရှားပါးပါး ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးပွဲကောင်းပဲ"

ဤရှင်းပြချက်ကို ကြားလိုက်ရသောအခါ လူအများအပြား မထိန်းနိုင်ဘဲ တောင့်တင်းသွားသည်။

"ဒါပေမဲ့ သွေးပိုက်ကွန်တောင်က ရွှယ်အန်းကိုပါ ဖိတ်ကြားထားတာ စိတ်ဝင်စားစရာပဲ၊ ဟား... ငါထင်တာတော့ ဒီတစ်ခေါက် အခမ်းအနားက သိပ်တော့ ရိုးရှင်းမှာ မဟုတ်ဘူး"

ထိုအချိန်တွင်ပင်...

ရွှယ်လွေ့လီသည် ကောင်းကင်သို့ ပျံတက်လာပြီး အမြင့်တွင် ပေါ်လာသည်။

တမန်တော်သည် သူမကို အနည်းငယ် ပြုံးပြလိုက်သည်။

"မစ္စရွှယ်... ခင်ဗျား ဒီမှာ ရှိနေမှတော့ ကျွန်တော်လည်း ဒုက္ခသက်သာတာပေါ့၊ ခင်ဗျားကိုလည်း မဟာအခမ်းအနားကို ဖိတ်ကြားပါတယ်"

ရွှယ်လွေ့လီသည် အသိအမှတ်ပြုဟန်ဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

ထို့နောက် တမန်တော်သည် စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"ဘာလို့ ရွှယ်အန်းက အခုထိ ပေါ်မလာသေးတာလဲ"

ထိုစဥ် အဆောက်အဦအတွင်းမှ ပျင်းရိသော အသံတစ်ခု ထွက်ပေါ်လာသည်။

"ကောင်းပြီ ငါသိပြီ၊ အဲ့အချိန်ကျရင် လာခဲ့မယ်"

ရွှယ်အန်းက သူ့ကို လက်ခံတွေ့ဆုံရန် ထွက်မလာသည်ကို မြင်သောအခါ တမန်တော်၏ မျက်နှာပေါ်တွင် မကျေနပ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

သွေးပိုက်ကွန်တောင်၏ တမန်တော်တစ်ဦးအနေဖြင့် သူသည် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ အလွန်အမင်း လေးစားမှု ကို ခံခဲ့ရသည်။

ရွှယ်အန်းကဲ့သို့ မျက်နှာပင်မပြဘဲ သူ့ကို ဤမျှ မထီမဲ့မြင်ပြုဝံ့သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ထို့ကြောင့် သူသည် မထိန်းနိုင်ဘဲ အေးစက်စွာ နှာမှုတ်လိုက်သည်။

"ရွှယ်အန်း... မင်း အမိန့်စာကို လက်ခံဖို့ ထွက်မလာဘူးလား"

ထိုစကားကို ကြားသောအခါ ရွှယ်လွေ့လီ၏ မျက်နှာ ပြောင်းလဲသွားပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သည်။

သို့သော် ထိုစဉ် အဆောက်အဦးအတွင်းမှ ရွှယ်အန်း၏ ရယ်သံ ထွက်ပေါ်လာသည်။

"အမိန့်စာကို လက်ခံရမယ် ဟုတ်လား ၊ မင်းနဲ့ မထိုက်တန်ဘူး"

တမန်တော်၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး ဒေါသများဖြင့် ပြည့်နှက်သွားကာ စကားပြောရန် ဟန်ပြင်လိုက်သည်။

ထိုအခါ ရုတ်တရက်ဆိုသကဲ့သို့ ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး သူ၏လက်ထဲရှိ အဝါရောင်စာရွက်ကို နှစ်ပိုင်းဖြစ်အောင် ခုတ်ဖြတ်လိုက်သည်။

"နောက်တစ်ခွန်း ထပ်ပြောကြည့်၊ မင်းလို အဲ့လိုဖြစ်လိမ့်မယ်၊ ထွက်သွားစမ်း"

တမန်တော်သည် အိပ်မက်မှ လန့်နိုးလာသည့်ပမာ နှစ်ပိုင်းဖြစ်သွားသော န်စာရွက်ကို ငုံ့ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် အမူအရာများစွာ ပြောင်းလဲသွားကာ မျက်လုံးထဲတွင် ဒေါသများပင် လက်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူသည် အေးစက်စွာ ပြောလိုက်သည်။

"ဒီလိုဆိုမှတော့ သွေးပိုက်ကွန်တောင်မှာ မင်းရဲ့ ခမ်းနားကြီးကျယ်တဲ့ ကြွရောက်လာမှုကို ငါစောင့်နေပါ့မယ်"

ထိုသို့ပြောပြီးနောက် သူ လှည့်ထွက်ကာ ရထားလုံးပေါ် တက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသည်။ ရထားလုံး အဝေးသို့ ရောက်သွားမှသာ မြို့ထဲရှိ လူများ တဖြည်းဖြည်း သတိပြန်ဝင်လာကြပြီး ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာသည်။

"ကျစ်ကျစ်... သွေးပိုက်ကွန်တောင်ရဲ့ မျက်နှာကိုတောင် မထောက်ထားဘူးပဲ၊ သူက တကယ့်ကို မာနကြီးတာပဲ"

တစ်စုံတစ်ယောက်သည် မထိန်းနိုင်စွာ ရေရွတ်လိုက်သည်။

All Chapters