ဖေးရှန်းခန်းမသခင်နှင့်ပူးပေါင်းခြင်း....
Vol. 48 Ch. 711
" အဇူနဂါးသခင်နဲ့ ပူးပေါင်းဖို့ သဘောတူညီမှုရခဲ့လား။ " ဖေးရှန်းခန်းမသခင်က မေးလိုက်သည်။
အဇူရာနဂါးသခင်က လင်းယွမ်အား လာရောက်တွေ့ဆုံခြင်းမပြုမီ ယွင်ကျန်းဇီ၏ အချက်အလက်များကို အကြိမ်ကြိမ် စုံစမ်းခဲ့သည်။ ဖေးရှန်းခန်းမသခင်ကလည်း ၎င်းကို သိရှိထားသည်။
" သဘောတူညီမှုမရခဲ့ပါဘူး။ " လင်းယွမ်က ခေါင်းခါလိုက်သည်။
" ဟားဟားဟား အဇူရာနဂါးသခင်က မောက်မာတဲ့သူပဲ။ သူက အရှုံးမခံချင်ဘူးထင်တယ်။ " ဖေးရှန်းခန်းမသခင်က ရယ်မောလိုက်သည်။
" သူက ကျုပ်ကို သဘောမကျဘူးထင်ပါတယ်။ " လင်းယွမ်က ပြောလိုက်သည်။
" သခင်ယွင်ကျန်းဇီရဲ့ ဆေးပညာကို ကြည့်ရင် အဇူရာနဂါးသခင်က အမြင်ကျဉ်းတဲ့သူလို့ ကျုပ်မြင်တယ်။ " ဖေးရှန်းခန်းမသခင်က ပြုံးလိုက်သည်။
ဖေးရှန်းခန်းမသခင်က ခဏစဉ်းစားပြီးနောက် ဆက်ပြောလိုက်သည်။ " သခင်ယွင်ကျန်းဇီက အဇူရာနဂါးသခင်နဲ့ သဘောတူညီမှုမရခဲ့တဲ့အတွက် ကန်ဝူအင်မော်တယ်မြို့တော်မှာ ကျုပ်တို့နဲ့ ပူးပေါင်းရင်ရော ဘယ်လိုလဲ။ "
" ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့လား။ " လင်းယွမ်က ဖေးရှန်းခန်းမသခင်ကို ကြည့်လိုက်သည်။
ဖေးရှန်းခန်းမသခင်၏ အဆင့်အတန်းကို ထည့်သွင်းစဉ်းစားကြည့်လျှင် သူ့ကို အထူးလာရောက်တွေ့ဆုံခြင်းက တစ်စုံတစ်ခု လိုအပ်နေခြင်းကြောင့် ဖြစ်သည်မှာ ထင်ရှားလေသည်။
" ကျုပ်က ဘယ်ဆေးမျိုးကို ဖော်စပ်ပေးရမှာလဲ။ " လင်းယွမ်က မေးလိုက်သည်။
" အဇူရာနဂါးသခင်လိုပဲ။ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်သုတ်ပဲ။ " ဖေးရှန်းခန်မသခင်က ပြောလိုက်သည်။
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးက နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းအတွက်သာမက ကန်ဝူအင်မော်တယ်မြို့တော်အတွက်လည်း အလွန်အရေးကြီးသည်။
အင်မော်တယ်နှင့် နတ်ဆိုး စစ်ပွဲ နီးကပ်လာသည်နှင့်အမျှ ကန်ဝူအင်မော်တယ်မြို့တော်ကလည်း ကြီးမားသော ဖိအားအောက်တွင် ရှိနေသည်။ ထိုအချိန်တွင် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများ ပိုမိုရရှိခြင်းက ကျောက်စိမ်းအင်မော်တယ်များ၏ တိုက်ခိုက်ရေးစွမ်းအားကို ပြန်လည်ရရှိစေနိုင်သည်။
" ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ဘယ်လောက်လဲ။ " လင်းယွမ်က မေးလိုက်သည်။
" အခုတော့ ကျုပ်တို့က ဆေးလုံးငါးဆယ်လိုအပ်တယ်။ " ဖေးရှန်းခန်းမသခင်က ပြောလိုက်သည်။
" ဆေးလုံးငါးဆယ်။ " ခန်းမသခင်က ဘယ်လောက်ပေးဖို့ ရည်ရွယ်ထားလဲ။ "
" သခင်ယွင်ကျန်းဇီက အင်မော်တယ်ရင်းမြစ်လိုချင်တယ်လို့ ကျုပ်ကြားတယ်။ ဒါကြောင့် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးဆယ်အတွက် အင်မော်တယ်ရင်းမြစ်သုံးတုံးပေးချင်ပါတယ်။ "
" အင်မော်တယ်ရင်းမြစ်သုံးတုံး...." လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။
အင်မော်တယ်ရင်းမြစ်၏ တန်ဖိုးက အဇူရာနဂါးသခင်၏ သဘောထားကို ကြည့်ခြင်းဖြင့် သိနိုင်သည်။ အဇူရာနဂါးသခင်က လင်းယွမ်နှင့် အင်မော်တယ်ရင်းမြစ်ကို ကုန်သွယ်ရန် စဉ်းစားခြင်းပင်မပြုခဲ့ပေ။ သူတို့၏ ဆွေးနွေးမှု အဆင်ပြေခဲ့လျှင်တောင် အင်မော်တယ်သလင်းကျောက် ဆယ်သန်းသာ ပေးချေပေလိမ့်မည်။
အင်မော်တယ်သလင်းကျောက်ကို ရှာဖွေနိုင်သော်လည်း အင်မော်တယ်ရင်းမြစ်က အချိန်မရွေးရယူနိုင်ခြင်းမရှိပေ။ ယခု ဖေးရှန်းခန်းမသခင်က အင်မော်တယ်ရင်းမြစ်နှင့် အရင်ဆုံးကမ်းလှမ်းနေသည်။
" သခင်ယွင်ကျန်းဇီရဲ့ ဆေးပညာကို ကျုပ်ယုံကြည်တယ်။ ကျုပ်တို့ရဲ့ အနာဂတ်ပူးပေါင်းမှုတွေလည်း ရှိလာပါလိမ့်မယ်။ အနာဂတ်မှာ သခင်ယွင်ကျန်းဇီက ကျုပ်တို့ကို မငြင်းဆန်ဖို့ မျှော်လင့်ပါတယ်။ " ဖေးရှန်းခန်းမသခင်က ပြောလိုက်သည်။
လင်းယွမ်က ဖေးရှန်းခန်းမသခင်၏ စကားများကို ကြားသောအခါ ချက်ချင်း နားလည်သွားသည်။ အင်မော်တယ်ရင်းမြစ်သုံးတုံးပေးခြင်းက ထိုပူးပေါင်းမှုတစ်ခုအတွက်သာမဟုတ်ဘဲ အနာဂတ်ပူးပေါင်းမှုများအတွက်လည်း ရည်ရွယ်ခြင်းဖြစ်သည်။
" ခန်းမသခင်က ကျုပ်ကို အဲ့လောက်တောင် တန်ဖိုးထားတာလား။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
" ကျုပ်က သခင်ယွင်ကျန်းဇီကို ယုံကြည်ရုံပါပဲ။ " ဖေးရှန်းခန်းမသခင်က ပြောလိုက်သည်။ " သခင်ယွင်ကျန်းဇီ သဘောတူရင် ကျုပ်တို့ အင်မော်တယ်ရင်းမြစ်သုံးတုံးကို တစ်လအတွင်း ပို့ပေးနိုင်ပါတယ်။ "
" ပြဿနာမရှိဘူး။ " လင်းယွမ်က ခေါင်းညိမ့်သည်။ အင်မော်တယ်ရင်းမြစ်ကို ဆန္ဒအလျောက် ကမ်းလှမ်းသောကြောင့် သူက ငြင်းပယ်မည်မဟုတ်ပေ။
ဖေးရှန်းခန်းမထဲရှိ နေရာတစ်ခုတွင် ခန်းမသခင်၏ ပုံရိပ်ကပေါ်လာပြီး အင်မော်တယ်ရင်းမြစ်ကို လွှဲပြောင်းပေးရန်အတွက် စီစဉ်လိုကိသည်။
" ခန်းမသခင် သခင်ယွင်ကျန်းဇီကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးဆယ်ဖော်စပ်ပေးဖို့ အင်မော်တယ်ရင်းမြစ်သုံးတုံးတောင်ပေးလိုက်တာလား။ " ဘေးမှ ပုံရိပ်တစ်ခုက မယုံကြည်နိုင်စွာ မေးလိုက်သည်။
အင်မော်တယ်ရင်းမြစ်က မယုံကြည်နိုင်လောက်အောင် တန်ဖိုးရှိပြီး အင်မော်တယ်ရင်းမြစ်သုံးတုံးကို အဆင့်မြင့် အင်မော်တယ်သလင်းကျောက် သန်းတစ်ရာနှင့်ပင် ဝယ်ယူ၍ မရနိုင်ပေ။
" မင်းက သခင်ယွင်ကျန်းဇီကို သာမန် ဆေးပညာရှင်တစ်ယောက်လို့ ထင်နေတာလား။ " ဖေးရှန်းခန်းမသခင်က ပုံရိပ်ကို ကြည့်ပြီး မေးလိုက်သည်။
" ဟမ် " ပုံရိပ်က အနည်းငယ် အံ့အားသင့်သွားသည်။
" မင်းနားမလည်ပါဘူး။ " ဖေးရှန်းခန်းမသခင်က ခေါင်းခါလိုက်သညိ။ " သခင်ယွင်ကျန်းဇီကို ကန်ဝူအင်မော်တယ်မြို့နဲ့ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အင်မော်တယ်ရင်းမြစ်သုံးတုံးကို သုံးတာက ဘယ်လိုမှ အရှုံးမရှိနိုင်ဘူး။ "
" ထားလိုက်တော့ မင်းသွားလို့ရပြီ။ " ဖေးရှန်းခန်းမသခင်က ဆက်မပြောတော့ပေ။
" ဟုတ်ကဲ့။ " ပုံရိပ်က မေးခွန်းများစွာဖြင့် ထွက်ခွာသွားသည်။
ဖေးရှန်းခန်းမသခင်က တစ်ယောက်တည်းထိုင်၍ စဉ်းစားနေသည်။
" လွန်ခဲ့တဲ့ နှစ်လေးငါးရာအတွင်း ကန်ဝူအင်မော်တယ်မြို့မှာ အရည်အသွေးမြင့် အင်မော်တယ်ဆေးတွေရဲ့ ပမာဏက အရမ်းတိုးလာခဲ့တယ်။ အဆင့်မြင့် ဆေးပညာရှင်တွေတောင် အရည်အသွေးမြင့် အင်မော်တယ်ဆေးအများကြီးကို အဆက်မပြတ် မဖော်စပ်နိုင်ကြဘူး။ "
" ပြီးတော့ လွန်ခဲ့တဲ့ နှစ်ငါးရာက ယွင်ကျန်းဇီက ကန်ဝူအင်မော်တယ်မြို့ကို ပြောင်းရွှေ့လာခဲ့တယ်။ " ခန်းမသခင်က အတွေးနက်နေသည်။
ခန်းမတစ်ခုထဲတွင်....
" သခင် ဖေးရှန်းခန်းမသခင်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးဆယ်ဖော်စပ်ပေးဖို့ အင်မော်တယ်ရင်းမြစ်သုံးတုံးနဲ့ ကမ်းလှမ်းခဲ့တာလား။ " ယွင်ကျန်းဇီက မေးလိုက်သည်။ သူက အသေးအဖွဲကိစ္စများကို ကိုင်တွယ်ရသောကြောင့် ကိစ္စအများစုကို လင်းယွမ်က ဖုံးကွယ်ထားခြင်းမရှိပေ။
" မှန်တယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ပုံမှန်နည်းလမ်းများနှင့် မရနိုင်သော အင်မော်တယ်ရင်းမြစ်များနှင့်ပက်သက်၍ အရောင်းအဝယ်ဖြစ်ရန် အချိန်ယူရမည်ဟု သူထင်နေခဲ့သည်။ သို့သော် ဖေးရှန်းခန်းမသခင်က အခကြေးငွေအဖြစ် အင်မော်တယ်ရင်းမြစ်ကို လာရောက်ကမ်းလှမ်းခဲ့သည်။ လင်းယွမ်က သဘာဝအတိုင်း ၎င်းကို ငြင်းဆန်မည်မဟုတ်ပေ။
" ဖေးရှန်းခန်းမသခင်..." ယွင်ကျန်းဇီက ခဏစဉ်းစားပြီးပြောလိုက်သည်။ " သခင် နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ အဇူရာနဂါးသခင်က မောက်တယ်လို့ ပြောကြပေမယ့် တကယ် မောက်မာတဲ့ နေရာမှာ ဖေးရှန်းခန်းမသခင်က ပိုသာတယ်။ "
" ဖေးရှန်းခန်းမသခင်ရဲ့ ရှေ့မှာ နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းက ကျောက်စိမ်းအင်မော်တယ် ကိုးပါးက မဆင်မခြင်မလုပ်ရဲကြဘူး။ ဒီတစ်ကြိမ် ဖေးရှန်းခန်းမသခင်ရဲ့ ကမ်းလှမ်းမှုကို ကြည့်ရတာ သခင် နည်းနည်း သတိထားဖို့ လိုပါလိမ့်မယ်။ "
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးဆယ်ကို သန့်စင်ခြင်းက အင်မော်တယ်ရင်းမြစ်သုံးတုံးထိရရှိရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ဖေးရှန်းခန်းမသခင်ကိုယ်တိုင် လာရောက်တောင်းဆိုသောအခါတွင်ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လာချိန်တွင် ယွင်ကျန်းဇီက တစ်စုံတစ်ခု မှားယွင်းသည်ဟု ခံစားမိနေသည်။
" သတိထားရမယ်။ " လင်းယွမ်က တည်ငြိမ်နေသည်။
လွန်ခဲ့သော နှစ်ငါးရာက သူ၏ စိတ်အသိ အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိသောအချိန်တွင် ကန်ဝူအင်မော်တယ်မြို့တော်ကို သတိထားရပေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူ့အတွက် ကန်ဝူအင်မော်တယ်မြို့တော်တစ်ခုလုံးက ဘာမှမဟုတ်ပေ။ ဖေးရှန်းခန်းမသခင်က လင်းယွမ်ကို လှည့်စားခဲ့လျှင်တောင် အကြွင်းမဲ့ခွန်အား၏ ရှေ့တွင် အဓိပ္ပါယ်မဲ့သွားပေလိမ့်မည်။
ထို့အပြင် လင်းယွမ်က အင်မော်တယ်ရင်းမြစ်သုံးတုံး လက်ထဲမရောက်မချင်း သန့်စင်ပြီးသော ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများကို လက်လွှဲပေးမည်မဟုတ်ပေ။
ဖေးရှန်းခန်းမသခင် ထွက်သွားပြီး မကြာမီ ကန်ဝူအင်မော်တယ်မြို့တော်မှ ရွှေအင်မော်တယ်တစ်ပါးက ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးအတွက် ပါဝင်ပစ္စည်းများဖြစ်သော အရင်းအမြစ်များကို လာရောက်ပို့ဆောင်ပေးသည်။
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများ ရှားပါးရခြင်းမှာ အဓိကအကြောင်းရင်းနှစ်ခုရှိသည်။ တစ်ခုမှာ အဓိကပါဝင်ပစ္စည်းများ ရှားပါးခြင်းဖြစ်ပြီး အခြားတစ်ခုမှာ သန့်စင်ရန် အလွန်ခက်ခဲခြင်းဖြစ်သည်။
ထို့ကြောင့် ဆေးပညာရှင်များက ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်လုံး ဖော်စပ်ပြီးတိုင်း မိမိအတွက် သိမ်းဆည်းထားခြင်း သို့မဟုတ် ချက်ချင်း ရောက်ချခြင်းများ ပြုလုပ်ကြသည်။
" ဆေးလုံးသန့်စင်မယ်။ " လင်းယွမ်က ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်ပြီး လျင်မြန်စွာ စတင်လိုက်သည်။
အခြားဆေးပညာရှင်များ အဆင့်မြင့်ဆေးပညာရှင်များပင်လျှင် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို သန့်စင်လိုလျှင် အရင်ဆုံး သူတို့၏ စိတ်အခြေအနေကို ပြည့်စုံစေရန်အတွက် အနည်းဆုံး လအနည်းငယ်ကြာအောင် တရားထိုင်ကြသည်။
သို့သော် လင်းယွမ်က ထိုသို့သော အခက်အခဲကို ဖြတ်ကျော်ရန် မလိုအပ်ပေ။ သူ၏ အလွှာဆယ့်နှစ် စိတ်စွမ်းအားနှင့် ဆေးလုံးသန့်စင်ခြင်းကို ချက်ချင်း ပြုလုပ်နိုင်သည်။
တစ်လကြာပြီးနောက် ခန်းမထဲတွင် လင်းယွမ်က မျက်လုံးများဖွင့်လိုက်သည်။ သူ၏ ရှေ့တွင် ဆေးမီးဖိုက လည်ပတ်နေပြီး ဆေးနံ့များ ထွက်ပေါ်နေသည်။ သာမန်လူတစ်ယောက်က ထိုဆေးနံ့ကို ရှုလိုက်လျှင်တောင် သူတို့၏ သက်တမ်းက နှစ်ပေါင်းများစွာ တိုးတက်သွားစေနိုင်သည်။
ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများ၏ မည်သည့်ဒဏ်ရာကိုမဆို ကုသပေးနိုင်သော ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးက လူတစ်ယောက်စိတ်ကူးနိုင်သည်ထက် အသက်စွမ်းအားများ ကြွယ်ဝနေသည်။
" ပြီးခါနီးပြီ။ " လင်းယွမ်က ဆေးမီးဖိုကို တစ်ချက်ကြည့်လိုက်သည်။
အမှန်တော့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို သန့်စင်နေသူမှာ သူ၏ ကိုယ်ပွားတစ်ခုသာဖြစ်သည်။ မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်နှစ်ခုက နိယာမများကို ဆက်လက်လေ့လာနေခဲ့သည်။