ဆေးလုံးများ၏ နတ်ဘုရားပစ်ဒဏ်...
Vol. 48 Ch. 712
" နောက်တစ်ခုက နတ်ဘုရားပစ်ဒဏ်ကို ခံနိုင်ရည်ရှိဖို့ပဲ။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးဟု ခေါ်သည့်အကြောင်းရင်းမှာ ဆေးလုံးအဖြစ် ပြီးမြောက်ရန်အတွက် နတ်ဘုရားပစ်ဒဏ်ကို ကိုးကြိမ် ခုခံရန်လိုအပ်သောကြောင့် ဖြစ်သည်။ နတ်ဘုရားပစ်ဒဏ်ထဲရှိ အဆုံးဖျက်ဆီးနိုင်သော အသက်စွမ်းအားက ဆေးလုံး၏ နောက်ဆုံးအဆင့်ကို ပြီးမြောက်စေနိုင်သည်။
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို သန့်စင်ရာတွင် အခက်ခဲဆုံးအပိုင်းမှာ နတ်ဘုရားပစ်ဒဏ်ကို ကိုးကြိမ်ခုခံခြင်းဖြစ်သည်။ ဆေးလုံးအများစုက နတ်ဘုရားပစ်ဒဏ်အောက်တွင် ပျက်ဆီးသွားလေ့ရှိသည်။ အကြောင်းမှာ အင်မော်တယ်ဆေးအတွင်းရှိ ဆေးစွမ်းအားများက ပြည့်စုံစွာ ပေါင်းစပ်နိုင်ခြင်းမရှိသောကြောင့် နတ်ဘုရားပစ်ဒဏ်ကို မခံနိုင်ခြင်းဖြစ်သည်။
အင်မော်တယ်ကျင့်ကြံသူများစွာက ကန်ဝူအင်မော်တယ်မြို့တော်သို့ ဝင်ထွက်သွားလာနေကြပြီး အများစုမှာ ကပ်ဘေးကျော်လွှားခြင်းအဆင့်နှင့် မဟာယနအဆင့်များ ဖြစ်ကြသည်။ တစ်ခါတစ်ရံ ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူများကိုလည်း တွေ့ရတတ်သည်။ ကျောက်စိမ်းအင်မော်တယ်များက ပုံမှန်အားဖြင့် အဆင့်တစ်ကျင့်ကြံခြင်းနေရာတွင်သာ နေထိုင်ကြသည်။
ထိုအချိန်တွင် ကောင်းကင်နှင်မြေကြီးမှ ဖိအားတစ်ခုက ထွက်ပေါ်လညသည်။ ကောင်းကင်ထက်တွင် အနက်ရောင်ကပ်ဘေးတိမ်တိုက်များက စုဝေးလာပြီး ခရမ်းရောင်လျှပ်စီးများက နဂါးများကဲ့သို့ ကခုန်နေကြသည်။
" ဘာဖြစ်တာလဲ။ "
" အဲ့ဒါဘာလဲ။ "
" အဲ့ဒါ ကပ်ဘေးတိမ်တိုက်တွေလား။ တစ်ယောက်ယောက်က နတ်ဘုရားပစ်ဒဏ်ကို ကျော်လွှားမလို့လား။ "
" အဲ့ဒါ လူတစ်ယောက်ရဲ့ နတ်ဘုရားပစ်ဒဏ်မဟုတ်ဘူး။ အဲ့ဒါ အင်မော်တယ်ဆေးလုံးရဲ့ နတ်ဘုရားပစ်ဒဏ်ပဲ။ ဆေးပညာရှင်တစ်ယောက်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို သန့်စင်နေတာဖြစ်ရမယ်။ "
ကျင့်ကြံသူများစွာက လျင်မြန်စွာ ဆွေးနွေးနေကြပြီး အတွေ့အကြုံရှိသော ကျင့်ကြံသူများက နတ်ဘုရားပစ်ဒဏ်တိမ်တိုက်များ၏ ရင်းမြစ်ကို ချက်ချင်း သိသွားကြသည်။
ကျင့်ကြံသူများ၏ ကပ်ဘေးတိမ်တိုက်များနှင့် အင်မော်တယ်ဆေးလုံးများ၏ ကပ်ဘေးတိမ်တိုက်များကြားတွင် သိမ်မွေ့သော ကွဲပြားမှုများရှိသည်။
နတ်ဘုရားပစ်ဒဏ်ကို ခံယူသော အင်မော်တယ်ဆေးများထဲတွင် အကျော်ကြားဆုံးမှာ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးဖြစ်သည်။ ထိုအသက်ကယ်ဆေးလုံးကို ရွှေအင်မော်တယ်များနှင့် ကျောက်စိမ်းအင်မော်များပင်လျှင် အလွန်လိုချင်တောင့်တကြသည်။
" ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ဟုတ်တယ်။ ငါအရင်က ဆေးပညာရှင်တွေ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး သန့်စင်တာကို မြင်ဖူးခဲ့တယ်။ အများစုက နောက်ဆုံး နတ်ဘုရားပစ်ဒဏ်မှာ ကျရှုံးခဲ့ကြတယ်။ "
" ငါတို့ကန်ဝူမြို့မှာ ဘယ်ဆေးပညာရှင်က ဆေးလုံးသန့်စင်နေတာလဲမသိဘူး။ "
ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ ဆေးပညာရှင်တစ်ယောက်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို သန့်စင်သည်မှာ ရှားပါးသော မြင်ကွင်းတစ်ခုဖြစ်ပြီး သူတို့က ၎င်းမှ အသိအမြင်အချို့ ရရှိရန် မျှော်လင့်နေကြသည်။
" ဟမ် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးလား။ "
" ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို သန့်စင်နေတာ ယွင်ကျန်းဇီလား။ " ခန်းမတစ်ခုအတွင်း နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းမှ အဇူရာနဂါးသခင်ကလည်း ကပ်ဘေးတိမ်တိုက်များကို သတိပြုမိလိုက်သည်။
ကျောက်စိမ်းအင်မော်တယ်တစ်ပါးအတွက် နတ်ဘုရားပစ်ဒဏ်ကျရောက်မည့်နေရာကို အာရုံခံရန် လွယ်ကူလှသည်။ ၎င်းက ယွင်ကျန်းဇီ၏ အဆင့်တစ် ကျင့်ကြံခြင်းနေရာတွင် ဖြစ်သည်။
" ဖေးရှန်းခန်းမသခင်က သခင်ယွင်ကျန်းဇီကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးသန့်စင်ပေးဖို့ တောင်းဆိုထားတယ်လို့ ငါကြားတယ်။ " ဆံပင်ဖြူအဘိုးအိုက ပြောလိုက်သည်။
" ငါသိတယ်။ " အဇူရာနဂါးသခင်က ခေါင်းညိမ့်လိုက်သည်။
သူက ယွင်ကျန်းဇီနှင့် ဆွေးနွေးမှုမအောင်မြင်သောအချိန်တွင် ဖေးရှန်းခန်းမသခင်က ယွင်ကျန်းဇီတောင်းဆိုခဲ့သော အခြေအနေများကို မေးမြန်းခဲ့သည်။
" ဖေးရှန်းခန်းမသခင်က သခင်ယွင်ကျန်းဇီကို အရမ်းအလေးထားပုံရတယ်။ " ဆံပင်ဖြူအဘိုးအိုက ပြုံး၍ ပြောလိုက်သည်။
ဖေးရှန်းခန်းမသခင်၏ အဆင့်အတန်းနှင့် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများ သန့်စင်ရန်အတွက် အဆင့်အမြင့်ဆုံး ဆေးပညာရှင်တစ်ယောက်ကို ဖိတ်ခေါ်နိုင်လေသည်။ သို့သော် နောက်ဆုံးတွင် သူက ယွင်ကျန်းဇီကို ဖိတ်ခေါ်ခဲ့သည်။ တစ်ခုတည်းသော ရှင်းပြချက်မှာ သူက ယွင်ကျန်းဇီ၌ ကြီးမားသော အလားအလာကို မြင်တွေ့သောကြောင့်ဖြစ်သည်။
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးက မည်မျှအရေးကြီးသနည်း။ ၎င်းက ယုံကြည်ရသော ဆေးပညာရှင်တစ်ယောက်ကို သေချာပေါက် သန့်စင်စေရမည်ဖြစ်ပြီး အကယ်၍ မအောင်မြင်ခဲ့လျှင် ပါဝင်သော ဆေးအမယ်များ ဆုံးရှုံးမှုက တန်ဖိုး ကြီးမားလှသည်။
" ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးသန့်စင်ရာမှာ သဘောတူညီမှုတစ်ခုတည်းနဲ့ မလုံလောက်ဘဲ ဆေးပညာရှင်ရဲ့ အရည်အချင်းလည်း လိုအပ်တယ်။ " အဇူရာနဂါးသခင်က လျစ်လျူရှုဟန်ဖြင့် ပြောလိုက်သည်။
သူက ယွင်ကျန်းဇီနှင့် ဆွေးနွေးမှုမအောင်မြင်ချိန်တွင် ဖေးရှန်းခန်းမသခင်က ချက်ချင်း ယွင်ကျန်းဇီကို သွားရောက်တွေ့ဆုံခဲ့ခြင်းက အဇူရာနဂါးသခင်ကို အနည်းငယ် အရှက်ရစေသည်။
" မှန်တယ်။ ဆေးလုံးပြီးမြောက်ဖို့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးက နတ်ဘုရားပစ်ဒဏ်ကို ကိုးကြိမ်ခံနိုင်ရလိမ့်မယ်။ " ဆံပင်ဖြူအဘိုးအိုက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။ " အဆင့်မြင့် ဆေးပညာရှင်တွေက ဆေးလုံးအတွင်းက ဆေးစွမ်းအားတွေကို ပြည့်စုံအောင် ပေါင်းစပ်နိုင်မှ နတ်ဘုရားပစ်ဒဏ်ကိုးခုကို ကျော်လွှားနိုင်လိမ့်မယ်။ "
ထိုအချိန်တွင် ကောင်းကင်ရှိ အနက်ရောင်ကပ်ဘေးတိမ်တိုက်များမှ နတ်ဘုရားပစ်ဒဏ်က စတင်ဆင်းသက်လာသည်။
ဝုန်း ဝုန်း ဝုန်း.....
အဖြူရောင်၊ အပြာရောင်နှင့် ခရမ်းရောင်လျှပ်စီးကြောင်းများက လင်းယွမ်နေထိုင်ရာ ခန်းမဆီသို့ ရောက်ရှိလာကြသည်။ မကြာမီ နတ်ဘုရားပစ်ဒဏ်ကိုးခုက ပြီးဆုံးသွားပြီး ကောင်းကင်ရှိ အနက်ရောင်တိမ်တိုက်များက ပျောက်ကွယ်သွားခဲ့သည်။ ကြွယ်ဝသော ဆေးနံ့များက ကန်ဝူအင်မော်တယ်မြို့တော် တစ်ဝက်နီးပါးကို ပျံ့နှံ့သွားသည်။
" ဟမ် အောင်မြင်သွားပြီလား။ " ဆံပင်ဖြူအဘိုးအိုက အံ့အားသင့်သွားသည်။
နတ်ဘုရားပစ်ဒဏ်က ကိုးကြိမ်ဆင်းသက်လာပြီးနောက် အပြင်သို့ ပျံ့နှံ့လာသော ဆေးနံ့များအရ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး အောင်မြင်သွားကြောင်း ပြသနေသည်။
" သခင်ယွင်ကျန်းဇီ ဖော်စပ်ခဲ့တဲ့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးတွေက အရည်အသွေးအရမ်းမြင့်တယ်။ အဆင့်အမြင့်ဆုံး ဆေးပညာရှင်တွေတောင် အဲ့ဒါကို မအောင်မြင်နိုင်လောက်ဘူး။ " ဆံပင်ဖြူအဘိုးအိုက ဆေးနံ့ကို ညင်ညာစွာ ရှူရှိုက်ရင်း ပြောလိုက်သည်။
သူကိုယ်တိုင်က ဆေးပညာရှင်တစ်ယောက်မဟုတ်သော်လည်း အင်မော်တယ်ဆေးလုံးများနှင့် အတော်အတန် ရင်းနှီးလေသည်။ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများ သန့်စင်ပြီးချိန်တွင် ထွက်ပေါ်လာသော ဆေးနံ့က ဆေးလုံးများ၏ အရည်အသွေးကို ဖော်ပြနိုင်သည်။
" အရည်အသွေးအရမ်းမြင့်မားတယ်။ " ဘေးမှ အဇူရာနဂါးသခင်က တိတ်ဆိတ်သွားသည်။ သူက မယုံချင်သော်လည်း လက်တွေတွင် ထိုကဲ့သို့ ဖြစ်ပျက်နေသည်။
" အဇူရာနဂါးသခင်က သခင်ယွင်ကျန်းဇီရဲ့ တောင်းဆိုမှုကို သဘောတူခဲ့သင့်တယ်။ အဆင့်မြင့် အင်မော်တယ်သလင်းကျောက် ဆယ်သန်းက ဘာမှမဟုတ်ဘူး။ တကယ်လို့ အောင်မြင်သွားတဲ့ ဆေးလုံးနှစ်ဆယ်လုံးက ဒီလိုအရည်အသွေးမျိုးရှိရင်း ကြီးမားတဲ့ အကျိုးအမြတ်ဖြစ်လိမ့်မယ်။ " ဆံပင်ဖြူအဘိုးအိုက ပြောလိိုက်သည်။
ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများက အရည်အသွေးအရ အဆင့်ကွဲပြားမှုရှိသည်။ အရည်အသွေးမြင့်မားသော ဆေးလုံးများက ရွှေအင်မော်တယ်တစ်ပါး၏ ဒဏ်ရာများကို ချက်ချင်း ပျောက်ကင်းစေနိုင်ပြီး ကျောက်စိမ်းအင်မော်တယ်များပေါ်တွင် ကြီးမားသော သက်ရောက်မှုရှိသည်။
ဆေးပညာရှင်များအတွက် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်လုံးနှစ်လုံးဖော်စပ်ရာတွင် ကံတရားနှင့် စိတ်အခြေအနေတို့အပေါ် မူတည်သည်။ သို့သော် အရည်အသွေး အလွန်မြင့်မားသော ဆေးလုံးများက ဆေးပညာရှင်၏ အရည်အချင်းကို ပြသနေသည်။
ယခု ယွင်ကျန်းဇီဖော်စပ်ခဲ့သော ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများကို ကြည့်ခြင်းဖြင့် သူ၏ အရည်အချင်းက သာမန်ဆေးပညာရှင်များထက် သာလွန်သည်မှာ ထင်ရှားနေသည်။
" ယွင်ကျန်းဇီက သာမန်ဆေးပညာရှင်တစ်ယောက်လို့ မင်းပြောခဲ့တာမဟုတ်ဘူးလား။ " အဇူရာနဂါးသခင်က ဆံပင်ဖြူအဘိုးအိုကို မျက်မှောင်ကြုတ်၍ ကြည့်ပြီး ပြောလိုက်သည်။
အကယ်၍ ဆံပင်ဖြူအဘိုးအိုက ယွင်ကျန်းဇီကို အဆင့်အမြင့်ဆုံး ဆေးပညာရှင်တစ်ယောက်ဟု ပြောခဲ့လျှင် သူက ယွင်ကျန်းဇီ၏ တောင်းဆိုမှုများကို သဘောတူမိပေလိမ့်မည်။
" ငါလည်း တကယ်မသိခဲ့ဘူး။ " ဆံပင်ဖြူအဘိုးအိုက ကူကယ်ရာမဲ့သလို ခံစားလိုက်ရသည်။
နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားသော ယွင်ကျန်းဇီက ဆေးပညာတွင် ယခုလောက်ထိ တိုးတက်လာလိမ့်မည်ဟု ဘယ်သူမှမျှော်လင့်မိမည်မဟုတ်ပေ။
" အခုဘယ်လိုလုပ်မလဲ။ " ဆံပင်ဖြူအဘိုးအိုက အဇူရာနဂါးသခင်ကို ကြည့်လိုက်သည်။
" ငါ့အတွက် ယွင်ကျန်းဇီကို ဆက်သွယ်ပြီး သူတောင်းဆိုတာကို သဘောတူတယ်လို့ ပြောပေးပါ။ " အဇူရာနဂါးသခင်က ပြောလိုက်သည်။
ယခင်က ယွင်ကျန်းဇီနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းမရှိခဲ့သော်လည်း ယွင်ကျန်းဇီက အဆင့်မြင့် အင်မော်တယ်သလင်းကျောက်များကို စိတ်မဝင်စားဘဲနေလိမ့်မဟုတ်ဟု သူက ထင်မိလေသည်။ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး နှစ်ဆယ်ကို အဆင့်မြင့် အင်မော်တယ်သလင်းကျောက် ဆယ်သန်းပေးခြင်းက အဆင့်မြင့် ဆေးပညာရှင်များပင် ငြင်းပယ်ရန် ခက်ခဲပေလိမ့်မည်။
" ကောင်းပြီ။ ငါကြိုးစားကြည့်လိုက်မယ်။ " ဆံပင်ဖြူအဘိုးအိုက ခေါင်းညိမ့်လိုက်သည်။
ခန်းမထဲတွင် လင်းယွမ်က သူ၏ ရှေ့မှ ရွှေရောင်အင်မော်တယ်ဆေးလုံး ၁၃လုံးကို ကြည့်လိုက်သည်။ ကြွယ်ဝသော အသက်စွမ်းအားများက ဆေးလုံးတိုင်းတွင် စီးဆင်းနေသည်။
" ဒါက ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးလား။ " လင်းယွမ်က ထိုကဲ့သို့ အဆင့်မြင့်ဆေးလုံးများကို ပထမဆုံးအကြိမ် ဖော်စပ်ခြင်းဖြစ်သောကြောင့် ဂရုတစိုက် လေ့လာလိုက်သည်။
" တစ်ကြိမ်တည်းနဲ့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ဆယ့်သုံးလုံးသန့်စင်နိုင်တယ်ဆိုတော့ ပါဝင်ပစ္စည်းတွေရဲ့ စွမ်းအားကို အပြည့်အဝ အသုံးချနိုင်ခဲ့တာပဲ။ " လင်းယွမ်က တွေးလိုက်သည်။