ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်.....
Vol. 48 Ch. 713
ပုံမှန်အားဖြင့် အဆင့်မြင့် ဆေးပညာရှင်များပင် ဆေးစွမ်းအားအားလုံးကို အပြည့်အဝ အသုံးချနိုင်မည်မဟုတ်ပေ။ ဆေးမီးဖိုတစ်ဖိုတွင် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးလုံး၊ ခြောက်လုံးသာ ဖော်စပ်နိုင်ကြသည်။ကျန်ရှိသော ဆေးစွမ်းအားများက ဆုံးရှုံးသွားမည်ဖြစ်သည်။
သို့သော် လင်းယွမ်က မတူပေ။ ကိုယ်ပွားတစ်ခုသာ ဖြစ်သော်လည်း သူ၏ စိတ်စွမ်းအားက ဆေးစွမ်းအားအနည်းငယ်ကိုပင် ဆေးလုံးဖြစ်အောင် စုစည်းနိုင်သည်။ ထို့ကြောင့် ဆေးမီးဖိုတစ်ဖိုတွင် ဆေးလုံး ဆယ့်သုံးလုံး ထွက်ပေါ်လာခြင်းဖြစ်သည်။
" ငါ့ရဲ့ လက်ရှိဆေးသန့်စင်နှုန်းနဲ့ဆို ဖေးရှန်းသခင်ပေးထားတဲ့ အရင်းအမြစ်တွေနဲ့ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်ရာကျော်အထိ သန့်စင်နိုင်လိမ့်မယ်။ " လင်းယွမ်က ပြုံးလိုက်သည်။
ဖေးရှန်ခန်းမသခင်နှင့် သူ၏ သဘောတူညီချက်မှာ ထိုပါဝင်ပစ္စည်းများနှင့် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးဆယ်ဖော်စပ်ပေးရုံသာ လိုအပ်သည်။ လင်းယွမ်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး တစ်ရာကျော်ဖော်စပ်ပြီးနောက် ဖေးရှန်းခန်းမငခင်ကို သဘောတူထားသည့်အတိုင်း ဆေးလုံးငါးဆယ်ပေးလိုက်လျှင် ကျန်သောဆေးလုံးများက သူ့အတွက်သာ ဖြစ်သည်။
၎င်းက လင်းယွမ်အတွက် ကြီးမားသော အရင်းအမြစ်ကို ရရှိနိုင်သည်။ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများ ရှားပါးမှုကြောင့် လင်းယွမ်က ၎င်းတို့ကို အရင်းအမြစ်များနှင့် လဲလှယ်နိုင်လေသည်။
" ဆေးဖော်စပ်တာက တကယ် အကျိုးအမြတ်များတဲ့ အလုပ်တစ်ခုပဲ။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
ယခုအချိန်တွင် သူက ဆေးဖော်စပ်ရန် တစ်လသာ ကြာမြင့်ခဲ့ပြီး ၎င်းကလည်း ကိုယ်ပွားတစ်ခုသာဖြစ်သည်။ သို့သော် စျေးကွက်တွင် အဆင့်မြင့် အင်မော်တယ်သလင်းကျောက် ဆယ်သန်း သို့မဟုတ် သန်းရာချီ ရောင်းချနိုင်သော အရည်အသွေးမြင့် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ဆယ်လုံးကျော်ကို ဖော်စပ်နိုင်ခဲ့သည်။ ထိုကဲ့သို့သော အကျိုးအမြတ်က လုယက်ခြင်းထက်ပင် ပိုရနိုင်သည်။
" သခင်..." လင်းယွမ်က ယွင်ကျန်းဇီထံမှ တွေ့ဆုံခွင့် တောင်းဆိုမှုကို လက်ခံရရှိလိုက်သည်။
" ဘာကိစ္စလဲ။ " လင်းယွမ်က ပလ္လင်ပေါ်တွင် ထိုင်ပြီး ယွင်ကျန်းဇီကို ငုံ့ကြည့်လိုက်သည်။
" အဲ့ဒီအဇူရာနဂါးသခင်က သခင်နဲ့ ထပ်ပြီး တွေ့ချင်တဲ့အပြင် သခင်တောင်းဆိုတဲ့ အခြေအနေအားလုံး သဘောတူတယ်လို့ ပြောပါတယ်။ " ယွင်ကျန်းဇီက ချက်ချင်း ပြောလိုက်သည်။
" အခြေအနေအားလုံး သဘောတူတာလား။ " လင်းယွမ်က သူ၏ ခေါင်းကို ခါလိုက်သည်။ " အခြေအနေတွေပြောင်းသွားပြီ။ "
" တကယ်လို့ နဂါးကိုးကောင်ကုန်သွယ်ရေး အဖွဲ့အစည်းက ငါ့ကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး နှစ်ဆယ်ကို ဖော်စပ်စေချင်ရင် အခကြေးငွေအဖြစ် အဆင့်မြင့် အင်မော်တယ်သလင်ကျောက် သန်းငါးဆယ် ပေးရလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
လင်းယွမ်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများကို အောင်မြင်စွာ ဖော်စပ်ပြီးသောအခါ အင်မော်တယ်နယ်မြေ ၃၃ ခုမှ အင်အားစုများက သူ့ကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများ ဖော်စပ်ပေးရန် လာရောက်တောင်းဆိုပေလိမ့်မည်။ ထို့ကြောင့် လင်းယွမ်က အဇူရာနဂါးသခင်ထံမှ အဆင့်မြင့် အင်မော်တယ်သလင်းကျောက် ဆယ်သန်းကို စိတ်မဝင်စားပေ။
" ဟုတ်ကဲ့ပါ။ " ယွင်ကျန်းဇီက ခေါင်းညိမ့်ပြီး နေရာမှပျောက်ကွယ်သွားသည်။
ကျင့်ကြံခြင်းနယ်မြေတွင် လင်းယွမ်က ပုံမှန်အားဖြင့် ကောင်းကင်ထက်ရှိ အက်ကြောင်းကို လေ့လာနေပြီး သူ၏ အာရုံအနည်းငယ်က ခန္ဓာကိုယ်ထဲရှိ နတ်စွမ်းရည်တံဆိပ်ပေါ်တွင် ရှိနေသည်။
ထိုနတ်စွမ်းရည်တံဆိပ်က လင်းယွမ်၏ ခြောက်ခုမြောက် ရုပ်ခန္ဓာနတ်စွမ်းရည်ဖြစ်သည်။ အင်မော်တယ်ကမ္ဘာတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြန်လည်လေ့ကျင့်ပြီးနောက် သူက ထိုရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထနိုင်ခဲ့သည်။
" နောက်ဆုံးတော့ ဒီနတ်စွမ်းရည်ကို အပြည့်အဝ နားလည်သွားပြီ။ "
ရုပ်ခန္ဓာနတ်စွမ်းရည်တစ်ခုကို ပင်မစကြာဝဠာသို့ ပြန်လည်ယူဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာ နတ်စွမ်းရည်တံဆိပ်ကို အပြည့်အဝ နားလည်ရမည်ဖြစ်သည်။
ယခုအချိန်တွင် လင်းယွမ်က ထိုနတ်စွမ်းရည်တံဆိပ်ကို အပြည့်အဝ နားလည်သွားခဲ့သည်။ လင်းယွမ်၏ ရုပ်ခန္ဓာနတ်စွမ်းရည်များထဲတွင် ၎င်းက နားလည်ရန် အကြာဆုံးဖြစ်ပြီး နှစ်ငါးရာအချိန်ယူခဲ့ရသည်။
" ဒီနတ်စွမ်းရည်က... " လင်းယွမ်က သူ၏ ညာလက်ကို ဆန့်လိုက်ရာ စိတ်ဝိညာဉ်ကို လှုပ်ခါစေနိုင်သော အငွေ့အသက်တစ်ခုက သူ၏ လက်ချောင်းထိပ်များတွင် ရစ်ဝဲလာသည်။
လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမနှင့် အခြားနိယာမများကို လေ့လာခြင်း၊ သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍကို ပြည့်စုံစေခြင်းတို့ကြောင့် ထိုနတ်စွမ်းရည်တံဆိပ်ကို လေ့လာခဲ့သည်မှာ လင်းယွမ်၏ စိတ်စွမ်းအားမှ ငါးဆယ်ပုံတစ်ပုံသာ ရှိသည်။ သို့သော် ၎င်းကပင် ထိုရုပ်ခန္ဓာနတ်စွမ်းရည်က မည်မျှထူးခြားသည်ကို ပြသနေသည်။
" နတ်စွမ်းရည် ကောင်းကင်ဆုတ်ဖြဲခြင်း...." လင်းယွမ်က သူ၏ လက်ချောင်းများတွင် ရစ်ဝဲနေသော အငွေ့အသက်ကို ကြည့်လိုက်သည်။
ကောင်းကင်ဆုတ်ဖြဲခြင်း ရုပ်ခန္ဓာနတ်စွမ်းရည်က တိုက်ခိုက်ခြင်းနတ်စွမ်းရည်ဖြစိသည်။ ငါးခုမြောက် ကမ္ဘာ ရုပ်ခန္ဓာနတ်စွမ်းရည်ကလည်း တိုက်ခိုက်ရေးနတ်စွမ်းရည်တစ်ခုဖြစ်သော်လည်း ၎င်းက ပြင်ပကမ္ဘာအတွင်းရှိ ရန်သူအားလုံးကို ဖိနှိပ်စေနိုင်သော စွမ်းရည်ပါဝင်လေသည်။
သို့သော် ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်က အရာအားလုံးကို ဆုတ်ဖြဲရန် အရာအားလုံးကို ချေမှုန်းရန်သာ ဖြစ်သည်။ တစ်ယောက်ချင်းသတ်ဖြတ်နိုင်စွမ်းအရ ကောင်းကင်ဆုတ်ဖြဲခြင်းစွမ်းရည်က ကမ္ဘာစွမ်းရည်ထက်ပင် သာလွန်သည်။
ကမ္ဘာနတ်စွမ်းရည်က နောက်ဆုံး ပြင်ပကမ္ဘာကို ဖောက်ခွဲခြင်းကပင် အုပ်စုလိုက် နယ်ပယ်တစ်ခုကို ပစ်မှတ်ထားသောကြောင့် ဖြစ်သည်။ ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က အမှတ်တစ်ခု သို့မဟုတ် မျဉ်းကြောင်းတစ်ခုကိုသာ ပစ်မှတ်ထားပြီး ၎င်း၏ သတ်ဖြတ်နိုင်စွမ်းက လင်းယွမ်ကိုပင် အနည်းငယ် ထိတ်လန့်စေသည်။
လင်းယွမ်က ထိုရုပ်ခန္ဓာနတ်စွမ်းရည်ကို နိုးထပြီးနောက် ၎င်း၏ ဖျက်ဆီးနိုင်စွမ်းက အလွန်ကြီးမားသောကြောင့် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေး အာရုံစိုက်ခံရမည်ကို စိုးရိမ်ပြီး အပြည့်အဝ အသုံးမပြုခဲ့ပေ။
" ပင်မစကြာဝဠာရဲ့ တိုက်ခိုက်ရေးစွမ်းအား စံနှုန်းအရဆို ဒီနတ်စွမ်းရည်ရဲ့ စွမ်းအားကန့်သတ်ချက်က လေးသိန်းကနေ ငါးသိန်းကြားမှာ ရှိလောက်တယ်။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။
ဤနေရာတွင် တိုင်းတာသော စံနှုန်းများက အလွှာဆယ့်တစ် အထွတ်အထိပ်၏ အခြေခံစွမ်းအားကို တစ်အဖြစ် သတ်မှတ်သည်။ လင်းယွမ် အလွှာဆယ့်တစ်သို့ ရောက်ရှိပြီးနောက် သူ၏ စွမ်းအား အမြင့်ဆုံးကန့်သတ်ချက်မှာ တစ်သောင်းဖြစ်ပြီး နောက်ပိုင်း စွမ်းအားတိုးတက်လာသော်လည်း အများဆုံး သောင်းဂဏန်းထိသာ ရှိခဲ့သည်။
ပြင်ပကမ္ဘာ၏ ဖောက်ခွဲမှုမှ စွမ်းအားက ခန့်မှန်းခြေအားဖြင့် သုံးသိန်းရှိသည်။ သို့သော် ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်၏ စွမ်းအားက လေးသိန်းမှ ငါးသိန်းကြားတွင် ရှိနေသည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အခြေခံတိုက်ခိုက်ရေးစွမ်းအားက တစ်သန်းသာရှိသည်။
" အရမ်းစွမ်းအားကြီးတယ်။ " လင်းယွမ်က ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်၏ အနှစ်သာရကို ဆက်လက်လေ့လာနေသည်။ ယခင်ရုပ်ခန္ဓာနတ်စွမ်းရည်ငါးခုက ကဏ္ဍအမျိုးမျိုးကို မြှင့်တင်ပေးခဲ့သော်လည်း ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က ဖျက်ဆီးခြင်းသက်သက်သာဖြစ်သည်။
" ကံမကောင်းတာက အချိန်တိုအတွင်း ငါက ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကို တစ်ကြိမ်ပဲ အသုံးပြုနိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။
၎င်းက ပုံမှန်သာဖြစ်သည်။ ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်က လင်းယွမ်၏ ကိုယ်ပိုင်စွမ်းအားထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအားကို ထုတ်ပေးနိုင်သည်။
" ဆိုးတာက ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်ကို ကမ္ဘာစွမ်းရည်နဲ့ ပေါင်းစပ်လို့မရဘူး။ မဟုတ်ရင်...." လင်းယွမ်က သက်ပြင်းချလိုက်သည်။
ထိုနတ်စွမ်းရည်နှစ်ခုလုံးက တိုက်ခိုက်ခြင်းဖြစ်ပြီး တစ်ခုနှင့်တစ်ခု ပေါင်းစပ်၍ မရနိုင်ပေ။ ကမ္ဘာနတ်စွမ်းရည်ဖြစ်စေ ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ဖြစ်စေ ၎င်းတို့၏ စွမ်းအားက သတ်မှတ်ထားခြင်းမရှိဘဲ လင်းယွမ်ကိုယ်တိုင်အပေါ်တွင် မူတည်နေသည်။
ကမ္ဘာနတ်စွမ်းရည်က လင်းယွမ်က အတွင်းကမ္ဘာအပေါ် မူတည်ပြီး ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်က လင်းယွမ်၏ အသက်အနှစ်သာရ အပေါ်တွင် မူတည်နေသည်။ ၎င်းတို့၏ စွမ်းအားက လင်းယွမ်တိုးတက်လာသည်နှင့်အမျှ အားကောင်းလာပေလိမ့်မည်။
ခြောက်လကြာပြီးသောအခါ ဖေးရှန်းခန်းမသခင်က ထပ်မံလာရောက်တွေ့ဆုံခဲ့သည်။
" ဟားဟားဟား သခင်ယွင်ကျန်းဇီက ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးတွေ အားလုံး ဖော်စပ်ပြီးလို့ ကျုပ်ကို ခေါ်လိုက်တာလား။ " ဖေးရှန်းခန်းမသခင်က ရယ်မောပြောဆိုလိုက်သည်။
လင်းယွမ်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ဖော်စပ်ပြီးသည့်အချိန်တိုင်း နတ်ဘုရားပစ်ဒဏ်ဆင်းသက်လာသောကြောင့် ဖေးရှန်းခန်းသခင်က ဆေးလုံးများ၏ အရည်အသွေးကို ခန့်မှန်းနိုင်လေသည်။
" ပြီးသွားပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး အစိမ်းရောင် ဆေးပုလင်းတစ်ခုက ဖေးရှန်းခန်းမသခင်၏ ရှေ့တွင် ပေါ်လာသည်။
ဖေးရှန်းခန်းမသခင်က ဆေးပုလင်းထဲမှ ရွှေရောင်ဆေးလုံးတစ်လုံးကို ထုတ်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။
" အရမ်းကောင်းတယ်။ ဒီကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးက ငါမြင်ဖူးသမျှထဲမှာ အမြင့်ဆုံးအရည်အသွေးတွေထဲက တစ်ခုပဲ။ " ဖေးရှန်းခန်မသခင်က ကျေနပ်စွာ ပြောလိုက်သည်။
သူက ယွင်ကျန်းဇီ၏ ဆေးပညာမှာ ထင်သလောက် မရိုးရှင်းကြောင်း ယူဆပြီး အလဲအလှယ်အတွက် အင်မော်တယ်ရင်းမြစ်သုံးတုံးကို ရင်းနှီးခဲ့သည်။ ယခုအချိန်တွင် ဖေးရှန်းခန်းမသခင်၏ လောင်းကြေးထပ်မှုက မှန်ကန်သွားသည်မှာ ထင်ရှားသည်။
သူ၏ ရှေ့မှ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို ကြည့်ခြင်းဖြင့် လင်းယွမ်၏ ဆေးပညာမှာ သာမန်ဆေးပညာရှင်များထက် သာလွန်နေသည်မှာ ထင်ရှားနေသည်။
" အထဲမှာ ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးဆယ်ပါတယ်။ ခန်းမသခင် စစ်ဆေးကြည့်ပါဦး။ " လင်းယွမ်က ပြောလိုက်သည်။
အစိမ်းရောင်ဆေးပုလင်းထဲတွင် ဖေးရှန်းခန်းမသခင်နှင့် သဘောတူခဲ့သည့်အတိုင်း ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ငါးဆယ်ပါဝင်လေသည်။ လင်းယွမ်က စုစုပေါင်း ဆေးလုံး ၁၃၀ကို ဖော်စပ်နိုင်ခဲ့သည်။ ထိုဆေးလုံးငါးဆယ်အပြင် လင်းယွမ်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံး ၈၂လုံးကို ရရှိသွားခဲ့သည်။