ယွင်ကျန်းဇီ၏ အတွေး...
Vol. 48 Ch. 715
" အင်မော်တယ်ရင်းမြစ်....အင်မော်တယ်ရင်းမြစ်က ငါ့ကို ဖရိုဖရဲနိယာမကို နားလည်ဖို့ ကူညီပေးနိုင်တယ်။ " လင်းယွမ်က စိတ်ထဲမှ တွေးလိုက်သည်။
အလွှာဆယ့်တစ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက သူ၏ စွမ်းရည်များကို ကြီးမားစွာ မြှင့်တင်ပေးနိုင်ရုံသာမက ကြီးမြတ်သူအဆင့်သို့ ရောက်ရှိရန် ဖြစ်နိုင်ခြေကိုပါ တိုးမြှင့်ပေးနိုင်သည်။
" ကံမကောင်းတာက အင်မော်တယ်ရင်းမြစ်က မြန်မြန်ကုန်ဆုံးသွားတယ်။ " လင်းယွမ်က သူ၏ ရှေ့မှ သစ်သားသေတ္တာကို ကြည့်လိုက်သည်။
၎င်းက နေ့တစ်ဝက်ဖွင့်ထားရုံနှင့် အနည်းငယ် သေးငယ်သွားခဲ့သည်။ သူက ထိန်းချုပ်ခြင်းမရှိဘဲ ဆက်လက်လေ့လာခဲ့လျှင် ဆယ်ရက်ကျော်အတွင်း အင်မော်တယ်ရင်းမြစ်က လုံးဝပျံ့လွင့်သွားပေလိမ့်မည်။
" ဖေးရှန်းခန်းမသခင်က ကျင့်ကြံနေချိန်မှ သစ်သားသေတ္တာကို ဖွင့်ဖို့ ပြောတာ အံ့ဩစရာမရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။
" လာမယ့်ကျင့်ကြံမှုမှာ အရေးကြီးတဲ့ အခိုက်အတန့်တွေရောက်မှပဲ အင်မော်တယ်ရင်းမြစ်ကို အားကိုးနိုင်လိမ့်မယ်။ ကျန်တဲ့အချိန်တွေမှာ ပုံမှန်လေ့လာမှုပဲ လုပ်တော့မယ်။ " လင်းယွမ်က ကောင်းကင်မှ အက်ကြောင်းကို ကြည့်လိုက်သည်။
" ပြီးတော့ အင်မော်တယ်ရင်းမြစ်တွေ ပိုရရှိအောင်လည်း ကြိုးစားရမယ်။ "
အင်မော်တယ်ရင်းမြစ်ကိုသာ လုံလောက်စွာ ရရှိလျှင် လင်းယွမ်၏ ကျင့်ကြံမှုအရှိန်က လက်ရှိထက် ပိုမိုမြန်ဆန်ပြီး ဖရိုဖရဲနိယာမကို နားလည်ခြင်းကလည်း စိတ်ကူးတစ်ခုသာ ဖြစ်နေမည်မဟုတ်တော့ပေ။
" ကောင်းကင်ရေနန်းတော်ကလည်း သခင်ကို ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးတွေ ဖော်စပ်စေချင်ပေမယ့် သူတို့က အဆင့်မြင့် အင်မော်တယ်သလင်းကျောက် သန်းနှစ်ဆယ်ပဲ ပေးနိုင်တယ်။ အရမ်းတွန့်တိုတယ်။ လက်ခံလို့မရဘူး။ "
" ကန်လျိုနန်းတော်က သခင်ကို သေခြင်းရှင်ခြင်း ပြန်လည်မွေးဖွားခြင်းဆေးလုံးဖော်စပ်ဖို့အတွက် အဆင့်မြင့် အင်မော်တယ်သလင်းကျောက် သန်းသုံးဆယ် ပေးမှာလား။ "
" သေခြင်းရှင်းခြင်း ပြန်လည်မွေးဖွားခြင်းဆေးလုံးက ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးထက်တောင် ပိုရှားတယ်။ ဆေးပညာရှင်ကလည်း ဖော်စပ်ဖို့အတွက် သေခြင်းရှင်ခြင်းအန္တာရယ်ကို ဖြတ်ကျော်ရမယ်။ ဒါကို အဆင့်မြင့် အင်မော်တယ်သလင်းကျောက်သန်းသုံးဆယ်ပဲလား။ ငြင်းဖို့တောင် မထိုက်တန်ဘူး။ "
" နေလဂိုဏ်းက သခင်ကို ဆေးမီးဖိုတစ်ဖို သန့်စင်ပေးရင် အင်မော်တယ်ရင်းမြစ်တစ်တုံးပေးမယ်လို့ တောင်းဆိုထားတယ်။ အင်မော်တယ်ရင်းမြစ်နဲ့ ပက်သက်ရင် လွယ်လွယ်မငြင်းရဘူးလို့ သခင်က မှာထားတယ်။ "
ခန်းမတစ်ခုအတွင်း ယွင်ကျန်းဇီက အဖွဲ့အစည်းအမျိုးမျိုးမှ ပေးပို့သော တောင်းဆိုချက်များကို ကြည့်ပြီး အချို့ကို ငြင်းပယ်လိုက်သည်။ လင်းယွမ်က ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးကို အောင်မြင်စွာ ဖော်စပ်ပြီးနောက် အဆင့်အမြင့်ဆုံး ဆေးပညာရှင်အဖြစ် ကျော်ကြားခဲ့သည်။
ထို့ကြောင့် အင်မော်တယ်နယ်မြေ ၃၃ ခုမှ အင်အားစုများသာမက အင်မော်တယ်နယ်မြေများထက် ကျော်လွန်သော ဒေသများမှ အင်အားစုများကပါ လင်းယွမ်ကို ဆေးဖော်စပ်ရန် တောင်းဆိုခဲ့ကြသည်။ အင်မော်တယ်ဆေးများက ကျင့်ကြံသူများအတွက် မရှိမဖြစ် လိုအပ်သောကြောင့် အင်မော်တယ်ကမ္ဘာတွင် ဆေးပညာရှင်များ၏ အဆင့်အတန်းက မြင့်မားလှသည်။
" သခင်က.... ဘယ်လိုတည်ရှိမှုမျိုးလဲ။ " ယွင်ကျန်းဇီက စာများကို လျင်မြန်စွာ ဖတ်ပြီးနောက် သူက လင်းယွမ်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန်ကြိုးစားခဲ့ပုံနှင့် လင်းယွမ်၏ စိတ်ဝိညာဉ်ကမ္ဘာထဲတွင် မြင်တွေ့ခဲ့ရသော ပုံရိပ်ကို တွေးမိသွားသည်။
ထိုအချိန်က သူပထမဆုံး တွေးမိသည်မှာ တာအိုဘိုးဘေးတစ်ယောက်၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ရန် ကြိုးစားခဲ့မိသလားဟူ၍ ဖြစ်သည်။ အကြောင်းမှာ တာအိုဘိုးဘေးမှ လွဲ၍ ကျောက်စိမ်းအင်မော်တယ်အဆင့်တွင် မည်သူ၏ စိတ်စွမ်းအားက ထိုမျှအထိ သန်မာနိုင်မည်နည်း။
" ဒါပေမယ့် သခင့်ရဲ့ လက်အောက်မှာ နေပြီးတဲ့နောက် ငါ့ရဲ့ ခွန်အားနဲ့ အဆင့်အတန်းက အများကြီး တိုးတက်လာခဲ့တာပဲ။ " ယွင်ကျန်းဇီက သူ၏ စိတ်ကို စုစည်းလိုက်သည်။
လွန်ငါးခဲ့သော နှစ်ငါးရာအတွင်း လင်းယွမ်၏ လက်အောက်တွင် နေ၍ သူက အကျိုးအမြတ်များစွာ ရရှိခဲ့သည်။ အထူးသဖြင့် လင်းယွမ်က မသန့်စင်သော ဆေးလုံးများကို ဖော်စပ်မိသော အချိန်တွင် ဖြစ်သည်။ လင်းယွမ်သတ်မှတ်ထားသော ထိုမသန့်စင်သည့် ဆေးလုံးများကပင် သူ၏ မျက်လုံးထဲတွင် အရည်အသွေးကောင်းမွန်လှသည်။
လင်းယွမ်က ခြေချိတ်ထိုင်နေပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်က တွန့်လိမ်နေသည်။ နိယာမများနှင့် မဟာတာအိုကို လေ့လာနေချိန်တွင် လင်းယွမ်က ပတ်ဝန်းကျင်ပေါ် သက်ရောက်မှုကို တတ်နိုင်သမျှ ထိန်းချုပ်ထားသော်လည်း အပြည့်အဝ ရပ်တန့်နိုင်ခြင်းတော့မရှိပေ။
လွန်ခဲ့သော နှစ်ငါးရာအတွင်း လင်းယွမ်၏ လွှမ်းမိုးမှုအောက်တွင် ကျင့်ကြံခြင်းနယ်မြေတစ်ခုလုံး၏ လေဟာနယ်က များစွာ ကျယ်ပြန့်လာခဲ့သည်။ ကြီးမားသော အချိန်လေဟာနယ်ဝင်္ကဘာက လင်းယွမ်ကို ဗဟိုပြု၍ နေရာအနှံ့ပျံ့နှံ့နေသည်။
တစ်နေ့တွင် ဖေးရှန်းခန်းမသခင်က လင်းယွမ်ထံသို့ လာရောက်လည်ပတ်ခဲ့သည်။
" သခင်ယွင်ကျန်းဇီ နောက်ထပ် ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးတစ်သုတ် ဖော်စပ်ပေးဖို့ စိတ်ဝင်စားလားမသိဘူး။ " ဖေးရှန်းခန်းမသခင်က ပြုံး၍ မေးလိုက်သည်။ လင်းယွမ် ယခင် ဖော်စပ်ခဲ့သေည ကိုးကြိမ်လည်ပတ်ခြင်းရွှေဆေးလုံးများ၏ အာနိသင်က စိတ်ကူးထားသည်ထက်ပင် ပိုမိုကောင်းမွန်ခဲ့သည်။
" သေချာတာပေါ့။ " လင်းယွမ်ကလည်း ပြုံးလိုက်သည်။
ဖေးရှန်းခန်းမသခင်နှင့် ကုန်သွယ်ခြင်းက အလွန်ရိုးရှင်းပြီး ဆေးဖော်စပ်ပြီးသည်နှင့် မူလရင်းမြစ်များကိုသာ ပေးချေခဲ့သည်။
ထို့နောက် သူတို့က ဆေးဖော်စပ်ခြင်းအကြောင်းများကို ဆွေးနွေးခဲ့ကြသည်။
" ခန်းမသခင်မှာ အင်မော်တယ်ရင်းမြစ်ကို ဝယ်ယူနိုင်တဲ့ အဆက်အသွယ်တွေများရှိလား။ " လင်းယွမ်က မေးလိုက်သည်။
ဖေးရှန်းခန်းမသခင်နှင့် အင်အားစုအနည်းငယ်ကသာ အင်မော်တယ်ရင်းမြစ်များကို ပေးချေခဲ့ကြပြီး အခြားအင်အားစုများက အဆင့်မြင် အင်မော်တယ်သလင်းကျောက် သို့မဟုတ် တန်ဖိုးကြီးအရင်းအမြစ်များနှင့်သာ ကမ်းလှမ်းခဲ့ကြသည်။
" သခင်ယွင်ကျန်းဇီက အင်မော်တယ်ရင်းမြစ်ကို လိုချင်လို့လား။ " ဖေးရှန်းခန်းမသခင်၏ မျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
သူက လင်းယွမ်နှင့် ကုန်သွယ်ခဲ့သော အင်မော်တယ်ရင်းမြစ်များက ပုံမှန်ကျောက်စိမ်းအင်မော်တယ်တစ်ယောက် ကျင့်ကြံရန်အတွက် လုံလောက်သင့်ပေသည်။ အင်မော်တယ်ရင်းမြစ်အများအပြားကို အသုံးပြုခြင်းက ကောင်းသောအရာမဟုတ်ပေ။ အင်မော်တယ်ရင်းမြစ်ပျံ့လွင့်နေချိန်တွင် ခဏတာ ဖြစ်ပေါ်လာသော ပတ်ဝန်းကျင်က ကျောက်စိမ်းအင်မော်တယ်တစ်ဦးကိုပင် တာအိုဖြစ်သွားစေနိုင်သည်။
တာအိုဖြစ်သွားခြင်းဆိုသည်မှာ အရာအားလုံး ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုသို့ ပြန်လည်ရောက်ရှိသွားခြင်းကို ဆိုလိုသည်။ တာအိုဖြစ်သွားခြင်းကို အချိန်ကြာမြင့်စွာ ခုခံနိုင်ရန်အတွက် ကိုယ်ပိုင်စိတ်စွမ်းအားကို မှီခိုရသည်။ သို့သော် ပုံမှန်အားဖြင့် ကျောက်စိမ်းအင်မော်တယ်အထွတ်အထိပ်များပင် ထိုသို့သော ပတ်ဝန်းကျင်တွင် အချိန်ကြာမြင့်စွာ ကျင့်ကြံရဲခြင်းမရှိကြပေ။
" ဒီလိုဆိုရင် ကျုပ် သခင်ယွင်ကျန်းဇီအတွက် စုံစမ်းပေးပါမယ်။ " ဖေးရှန်းခန်းမသခင်က ခေါင်းညိမ့်လိုက်သည်။
" ကျေးဇူးပါ။ " လင်းယွမ်က ပြောလိုက်သည်။
" ဒါနဲ့ သခင်ယွင်ကျန်းဇီက လုံခြုံရေးအတွက် ကျောက်စိမ်းအင်မော်တယ်အချို့ ငှားရမ်းဖို့ စိတ်ဝင်စားလား။ " ဖေးရှန်းခန်းမသခင်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။
" ကျုပ်ကို ကာကွယ်ဖို့လား။ " လင်းယွမ်က အံ့အားသင့်သွားသည်။
" မှန်တယ်။ " ဖေးရှန်းခန်းမသခင်က ရှင်းပြလိုက်သည်။ " သခင်ယွင်ကျန်းဇီရဲ့ ဆေးပညာအရည်အချင်းက ဆေးလုံးရှာဖွေသူတွေကို ဆွဲဆောင်နေသလိုပဲ။ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ သူတွေလည်း သေချာပေါက်ရှိလိမ့်မယ်။ "
ဖေးရှန်းခန်းမသခင်က ပွင့်ပွင့်လင်းလင်း မပြောသော်လည်း သူ၏ ဆိုလိုရင်းက ရှင်းလင်းနေသည်။ ထိပ်တန်းဆေးပညာရှင်များက ချမ်းသာကြွယ်ဝကြသည်မှာ သံသယဝင်စရာမလိုပဲ သူတို့စုဆောင်းထားသော အရင်းအမြစ်များက အချို့သော ကျောက်စိမ်းအင်မော်တယ်များကို ဆွဲဆောင်မိပေလိမ့်မည်။
ထိပ်တန်းဆေးပညာရှင်တစ်ယောက်ကို သတ်နိုင်လျှင် သူတို့ရရှိသောအရင်းအမြစ်များက သူတို့၏ ကျင့်ကြံမှုကို အချိန်တစ်ခုအထိ ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။
လုယက်ခြင်းက ချမ်းသာကြွယ်ဝလာရန် ဖြတ်လမ်းတစ်ခုဖြစ်သည်။ လင်းယွမ်က လုယက်ခြင်းကို စိတ်မဝင်စားသည့် အကြောင်းရင်းမှ ဆေးဖော်စပ်ခြင်းက လုယက်ခြင်းထက် အကျိုးအမြတ် ပိုရရှိသောကြောင့် ဖြစ်သည်။
" သူတို့က အင်မော်တယ်မြို့တော်မှာ လုပ်ကြံရဲပါ့မလား။ " လင်းယွမ်က မေးလိုက်သည်။
ကန်ဝူအင်မော်တယ်မြို့တော်တွင် သတ်ဖြတ်ခြင်းမှော်အင်းကွက်များ မရေတွက်နိုင်အောင်ရှိပြီး ကျောက်စိမ်းအင်မော်တယ်များပင် သတိထား၍ သွားလာရသည်။ အထူးသဖြင့် ကျင့်ကြံခြင်းနေရာများတွင် ပို၍ အန္တရာယ်များလေသည်။
" အင်မော်တယ်မြို့တော်က သတ်ဖြတ်ခြင်းမှော်အင်းကွက်တွေ ဖုံးလွှမ်းထားတာ မှန်တယ်။ ဒါပေမယ့် အဲ့ဒါတွေက လုံးဝ ပြည့်စုံတာတော့မဟုတ်ဘူး။ အဲ့ဒါတွေက ကျောက်စိမ်းအင်မော်တယ်တွေပဲ ဖန်တီးထားတာဖြစ်လို့ ကျောက်စိတ်အင်မော်တယ်တွေအတွက် ဖြတ်ကျော်ဖို့ ဖြစ်နိုင်တယ်။ " ဖေးရှန်းခန်းမသခင်က ပြောလိုက်သည်။
အင်မော်တယ်မြို့တော်၏ နောက်တွင် အင်မော်တယ်လမ်းစဉ်၏ ဘိုးဘေးရှိသော်လည်း သူက အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်နှင့် ဆက်သွယ်ထားသော အက်ကြောင်းများ ဖန်တီးပြီးနောက် အုပ်ချုပ်ရေးများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိခဲ့ပေ။
မြို့တော်ကို တည်ထောင်ခြင်းနှင့် အုပ်ချုပ်ခြင်းက ကျောက်စိမ်းအင်မော်တယ်များပေါ်တွင် မူတည်သည်။ ထိုသတ်ဖြတ်ခြင်းမှော်အင်းကွက်များက ကျောက်စိမ်းအင်မော်တယ်များ ဖန်တီးထားခြင်းဖြစ်သောကြောင့် ဖေးရှန်းခန်းမသခင်၏ သတိပေးချက်က ဆီလျော်ပေသည်။
" အဲ့လိုကိုး..." လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ " ကျုပ်စဉ်းစားပါမယ်။ "
အမှန်တော့ လင်းယွမ်က သူ့ကို ကာကွယ်ရန်အတွက် ကျောက်စိမ်းအင်မော်တယ်များ ငှားရမ်းရန် ရည်ရွယ်ချက် မရှိပေ။ ၎င်းက ရှုပ်ထွေးပြီး သူ၏ လျှို့ဝှက်ချက်များ ဖော်ထုတ်မည်ကိုလည်း စိုးရိမ်ရသည်။
ဖေးရှန်းခန်းသခင်က ကျောက်စိမ်းအင်မော်တယ်များ ငှားရမ်းရန် အကြံပေးခြင်းမှာ လင်းယွမ်၏ အစစ်အမှန်ခွန်အားကို မသိသောကြောင့် ဖြစ်သည်။ ပြင်ပကမ္ဘာတွင် လင်းယွမ်က ဆေးဖော်စပ်ရာတွင် ကျွမ်းကျင်သော ဆေးပညာရှင်တစ်ယောက်သာ ဖြစ်သည်။ အမှန်တော့ လင်းယွမ်၏ ကျွမ်းကျင်မှုမှာ တိုက်ခိုက်ခြင်းဖြစ်ပြီး ကောင်းကင်ဆုတ်ဖြဲခြင်း နတ်စွမ်းရည်ကို နိုးထလာပြီးနောက် သူက ပို၍ပင် သန်မာလာခဲ့သည်။