← Chapters

ထူးဆန်းသော ဓားမြှောင်....

Vol. 48 Ch. 718

ထူးဆန်းသော ဓားမြှောင်....

Vol. 48 Ch. 718

" အခု ငါတို့ဘာလုပ်ကြမလဲ။ " ဒုခန်းမသခင်က ပြောလိုက်သည်။

" ဘာလုပ်ရမှာလဲ။ " ဖေးရှန်းခန်းမသခင်က ဒုခန်းမသခင်ကို ကြည့်ပြီး ပြောလိုက်သည်။ " သခင်ယွင်ကျန်းဇီက ငါတို့ ကန်ဝူအင်မော်တယ်မြို့တော်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်ပဲ။ "

လင်းယွမ်က ခန့်မှန်းရခက်သော ခွန်အားကို ပြသခဲ့သော်လည်း ယခုအချိန်ထိ ကန်ဝူအင်မော်တယ်မြို့တော်ကို ထိခိုက်စေမည့် လုပ်ဆောင်မှုများကို မလုပ်ခဲ့ပေ။ လင်းယွမ်၏ လက်ထဲတွင် သေဆုံးခဲ့သော ကျောက်စိမ်းအင်မော်တယ်များမှာ သူတို့ ကန်ဝူအင်မော်တယ်မြို့၏ ကျင့်ကြံခြင်းနေရာကို ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး လင်းယွမ်က သူတို့ကို မသတ်လျှင်တောင် ကန်ဝူအင်မော်တယ်မြို့က သူတို့ကို နှိမ်နင်းမည်ဖြစ်သည်။

ထို့ကြောင့် ဖေးရှန်းခန်းမသခင်က လှုပ်ရှားရန် အစီအစဉ်မရှိသကဲ့သို့ စုံစမ်းစစ်ဆေးရန်လည်း စိတ်မဝင်စားပေ။ ကျောက်စိမ်းအင်မော်တယ်များက သူတို့၏ ကိုယ်ပိုင်လျို့ဝှက်ချက်များ ရှိကြသည်။ ကျောက်စိမ်းအင်မော်တယ်တစ်ယောက်၏ လျို့ဝှက်ချက်ကို စုံစမ်းခြင်းက သူတို့ကို ဆန့်ကျင်ခြင်းပင်ဖြစ်သည်။ ဖေးရှန်းခန်းမသခင်က လင်းယွမ်၏ ရန်သူဖြစ်လာရန် ရည်ရွယ်ချက်မရှိပေ။

ကျင့်ကြံခြင်းနယ်မြေတွင် လင်းယွမ်က အကျိုးအမြတ်များကို စစ်ဆေးနေသည်။

" အားလုံးပေါင်းရင် အဆင့်မြင့် အင်မော်တယ်သလင်းကျောက် သန်း ၇၀၊ ၈၀ လောက် ရှိလောက်တယ်။ " လင်းယွမ်က ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။

သာမန်ကျောက်စိမ်းအင်မော်တယ်၏ ကြွယ်ဝချမ်းသာမှုက အဆင့်မြင့် အင်မော်တယ်သလင်းကျောက် တစ်သန်းဝန်းကျင် ရှိမည်ဖြစ်သည်။ ထိပ်တန်း ကျောက်စိမ်းအင်မော်တယ်တစ်ယောက်၏ ပိုင်ဆိုင်မှုက အဆင့်မြင့် အင်မော်တယ်သလင်းကျောက် သန်း ၇၀မှ ၈၀ဝန်းကျင်ရှိသည်။

" ဟမ် " လင်းယွမ်က ပစ္စည်းများကို စစ်ဆေးနေစဉ် သူ၏ အကြည့်က ဓားမြှောင်တစ်ခုပေါ်တွင် ရ​ပ်တန့်သွားသည်။

ထိုဓားမြှောင်က လုံးဝ နက်မှောင်နေပြီး ၎င်း၏ စွမ်းအားကို ဖုံးကွယ်ထားသည်။ လင်းယွမ်ပင် မည်သည့်စွမ်းအားလှုပ်ခတ်မှုကိုမှ မခံစားမိပေ။

လင်းယွမ်က ခိုးဝင်လာသော ကျောက်စိမ်းအင်မော်တယ်များကို ချက်ချင်း ဖယ်ရှားလေ့ရှိပြီး သူတို့၏ အသက်ကယ်နည်းလမ်းများကို ဖျက်ဆီးရန် နတ်ဆိုးချောက်နက်၏ မှတ်ဉာဏ်ညစ်ညမ်းစေသော နည်းစနစ်များကို အသုံးပြုလေ့ရှိသည်။

သို့မှသာ သူတို့က ပြန်လည်ရှင်သန်လာပြီးနောက် အဖြစ်အပျက်များကို ပြန်လည်ပြောပြနိုင်ခြင်းမရှိမည်ဖြစ်သည်။ လွန်ခဲ့သော နှစ်ငါးရာအတွင်း လင်းယွမ်က နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့ပြီး သူတို့၏ မှတ်ဉာဏ်ညစ်ညမ်းစေသော နည်းစနစ်များနှင့် အလွန်ရင်းနှီးခဲ့သည်။

သူတို့က ယွင်ကျန်းဇီကဲ့သို့ ကြောင်းကျိုးဆက်နွယ်မှုများကို ဖြတ်တောက်နိုင်သော နည်းလမ်းများကို အသုံးပြုပြီး ပြန်လည်ရှင်သန်လိုလျှင်တောင် နောက်ထပ် နှစ်ပေါင်းများစွာ စောင့်ရဦးမည်ဖြစ်သည်။ ထိုအချိန်ကျလျှင် လင်းယွမ်က ဆင်းသက်မှုပြီးဆုံးပြီး ပင်မစကြာဝဠာသို့ ပြန်လည်ရောက်ရှိနေလောက်ပြီဖြစ်သည်။

" ဒီဓားမြှောင်က.... " လင်းယွမ်က သားရဲဝတ်ရုံနှင့် လူကို မသတ်မီ သူ၏ မှတ်ဉာဏ်များကို ကြည့်ရှုခဲ့ပြီး ထိုဓားမြှောင်က ပိုင်ကျိုးမြို့သခင်၏ မျိုးဆက်တစ်ယောက်ကို သတ်ဖြတ်ပြီး ရရှိခဲ့ခြင်းဖြစ်သည်။

ထိုဓားမြှောင်က အလွန်ထက်ရှပြီး မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်သည်။ ထို့ကြောင့် သားရဲဝတ်ရုံနှင့်လူက ဓားမြှောင်ကို ရရှိပြီးနောက် သူ၏ ခွန်အားက များစွာတိုးတက်လာသည်ဟု ယုံကြည်ခဲ့သည်။စ

" အရမ်းထက်ရှတာလား။ " လင်းယွမ်က ဓားမြှောင်ကို ကိုင်ပြီး သူ၏ ညာလက်ကို လှီးဖြတ်လိုက်သည်။

ရုတ်တရက် ဒဏ်ရာတစ်ခုပေါ်လာပြီး လျင်မြန်စွာ ပြန်လည်ပျောက်ကင်းသွားသည်။

" တကယ်ထက်တာပဲ။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။

လက်ရှိ ထိုက်ယန်မူလစိတ်ဝိညာဉ်၏ ခန္ဓာကိုယ်က မူလခန္ဓာကိုယ်လောက် မသန်မာသော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ အတွင်းကမ္ဘာ၏ အရွယ်အစားကို ကြည့်ခြင်းဖြင့် ကျောက်စိမ်းအင်မော်တယ်ထက် မြင့်မားနေဆဲ ဖြစ်သည်။

ကျယ်ပြန့်သော အတွင်းကမ္ဘာ၏ ခန္ဓာနှင့် စိတ်ဝိညာဉ်ကို အားဖြည့်ပေးမှုက မည်သည့်ရတနာမှ နှိုင်းယှဉ်၍ မရပေ။ သို့သော် ထိုဓားမြှောင်က သူ၏ အရေပြားက်ု လွယ်ကူစွာ လှီးဖြတ်နိုင်ဆဲဖြစ်သည်။

" အလွှာဆယ့်နှစ် လက်နက်လား။ " လင်းယွမ်က အနက်ရောင်ဓားမြှောင်ကို သေချာစစ်ဆေးလိုက်သော်လည်း မသေချာပေ။

ဓားမြှောင်က အလွှာဆယ့်နှစ် လက်နက်တစ်ခုကဲ့သို့ ရိုးရှင်းသည်မဟုတ်ဟု လင်းယွမ်ကို ခံစားရစေသည်။ ၎င်းက အလွှာဆယ့်နှစ်လက်နက်ဖြစ်ခဲ့လျှင်တောင် မည်သည့်စွမ်းအားမှ မပါဘဲ ထက်ရှမှုတစ်ခုတည်းနှင့်ပင် သူ၏ အရေပြားကို လှီးဖြတ်နိုင်ခဲ့သည်။

လင်းယွမ်၏ အဆင့်တွင် အလွှာဆယ့်နှစ်လက်နက်များက ကိုင်ဆောင်သူအပေါ်တွင် မူတည်သွားသည်။ ကြီးမြတ်သူများ၏ လက်ထဲတွင် အလွှာဆယ့်နှစ် လက်နက်များက မည်သည့်အရာကိုမဆို ဖျက်ဆီးနိုင်သော်လည်း အလွှာဆယ့်တစ်များ၏ လက်ထဲတွင် သာမန်သာဖြစ်သည်။

" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က အနက်ရောင်းဓားမြှောင်တစ်ခုကို လေ့လာရန် စိတ်အသိအပိုင်းအစတစ်ခုကို မြှုပ်နှံလိုက်သည်။

အချိန်များကုန်လွန်လာပြီး နှစ်တစ်ရာကြာသွားခဲ့သည်။

" အချိန်လေဟာနယ်ပေါင်းစပ်နိယာမရဲ့ သတ္တမအဆင့်...." လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို ရာစုနှစ်တစ်ခုကြာအောင် ​လေ့လာခဲ့ပြီး အင်မော်တယ်ရင်းမြစ်၏ အကူအညီဖြင့် သတ္တမအဆင့်နှင့် အလွန်နီးစပ်နေပြီဟု ခံစားနေရသည်။ ထို့အပြင် အခြားအဓိကပေါင်းစပ်နိယာမများကလည်း သတ္တမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။

" ဖြည်းဖြည်းပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

" လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းမှာ..." လင်းယွမ်က ရာစုနှစ်အတွင်း အဖြစ်အပျက်များကို တွေးလိုက်သည်။

လင်းယွမ်က ကျင့်ကြံနေချိန်အတွင်း အင်မော်တယ်ကမ္ဘာမှ အဓိကအဖြစ်အပျက်များကိုလည်း အာရုံစိုက်ထားခဲ့သည်။ လွန်ခဲ့သောနှစ်တစ်ရာအတွင်း အင်မော်တယ်နယ်မြေ ၃၃ ခုတွင် မတည်မငြိမ်ဖြစ်နေခဲ့သည်။ နတ်ဆိုးချောက်နက်မှ နတ်ဆိုးများစွာ ကျူးကျော်လာခြင်းကြောင့် အင်မော်တယ်ကျင့်ကြံသူများ မရေတွက်နိုင်အောင် သေဆုံးခဲ့ရသည်။

အင်မော်တယ်နှင့်နတ်ဆိုးစစ်ပွဲက ဆယ်စုနှစ်များကြာအောင် တိုက်ခိုက်နေပြီဖြစ်သည်။ အတိတ်မှစစ်ပွဲများနှင့်ယှဉ်လျှင် ဤစစ်ပွဲ၍ ရက်စက်ကြမ်းကြုတ်မှုက ပို၍ ပြင်းထန်လှသည်။ ယခင်စစ်ပွဲများတွင် အင်မော်တယ်မြို့တော်များက ချိုးဖျက်မရသော ခံတပ်များဖြစ်ခဲ့သ​ည်။ သို့သော် ဤစစ်ပွဲတွင် ဆယ်စုနှစ်အနည်းငယ်အတွင်း အင်မော်တယ်မြို့တော် သုံးခုချိုးဖောက်ခံခဲ့ရပြီး အင်မော်တယ်ကျင့်ကြံသူများ မရေတွက်နိုင်အောင် သေဆုံးခဲ့ရသည်။

" အင်မော်တယ်ဘိုးဘေးက ဝင်မပါသေးဘူးလား။ " လင်းယွမ်က မျက်ခုံးများပင့်သွားပြီး ကောင်းကင်ရှိ အက်ကြောင်းကို တစ်ချက်ကြည့်လိုက်သည်။

လက်ရှိ လင်းယွမ်၏ အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ် နားလည်မှုဖြင့် ထိုအက်ကြောင်းမှ အင်မော်တယ်ဘိုးဘေး၏ အော်ရာကို အာရုံခံမိလေသည်။

" သူက တံခါးပိတ်ကျင့်ကြံနေလို့လား။ " လင်းယွမ်က စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

" ဒါပေမယ့် ငါနဲ့တော့ သိပ်မသက်ဆိုင်ပါဘူး။ "

ခဏစဉ်းစားပြီးနောက် လင်းယွမ်က ယွင်ကျန်းဇီကို ခေါ်ပြီး အမိန့်ပေးလိုက်သည်။ " ငါမကြာခင် တံခါးပိတ်ကျင့်ကြံတော့မယ်။ အရေးပေါ်အခြေအနေမဟုတ်ရင် ငါ့ကို မနှောက်ယှက်နဲ့။ "

လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်နှင့် ခြေတစ်လှမ်းသာဝေးသောကြောင့် သူ၏ အာရုံစိုက်မှုအားလုံးကို အချိန်လေဟာနယ်ပေါင်းစပ်နိယာမအပေါ်တွင် အာရုံစိုက်ထားပြီး ကျန်ရှိသော အင်မော်တယ်ရင်းမြစ်များကို ထိုကာလအတွင်း သုံးစွဲသွားမည်ဖြစ်သည်။

" ဟုတ်ကဲ့။ " ယွင်ကျန်းဇီက ရိုသေစွာ ပြန်ပြောလိုက်သည်။

ကန်ဝူအင်မော်တယ်မြို့တော်၏ အလယ်ရှိ ခန်းမတစ်ခုထဲတွင် အင်မော်တယ်မြို့တော်၏ ထိပ်တန်းခေါင်းဆောင်များအားလုံး စုဝေးနေကြသည်။

" ကောင်းပြီ။ စိတ်ပျက်နေဖို့မလိုဘူး။ နတ်ဆိုးအုပ်စုတစ်ခုက ငါတို့ ကန်ဝူအင်မော်တယ်မြို့တော်ဆီ ဦးတည်လာနေတာပဲ။ ငါတို့က သူတို့ကို မခုခံနိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူး။ " အင်မော်တယ်မြို့သခင်က ဖြည်းညင်းစွာ ပြောလိုက်သည်။

မကြာသေးမီက ကန်ဝူအင်မော်တယ်မြို့တော်က သတင်းတစ်ခုရရှိခဲ့သည်။ ရွှမ်ထျန်းအင်မော်တယ်နယ်မြေအတွင်းရှိ နတ်ဆိုးများ၏ ခုနှစ်ဆယ်ရာခိုင်နှုန်းက ကန်ဝူအင်မော်တယ်မြို့ရှိရာသို့ တဖြည်းဖြည်း ဦးတည်လာနေခဲ့သည်။ ထိုနတ်ဆိုးများက ကန်ဝူအင်မော်တယ်မြို့တော်ကို ပစ်မှတ်ထားနေခြင်းဖြစ်နိုင်ပြီး မကြာမီ ကန်ဝူအင်မော်တယ်မြို့တော်က ရုန်းကန်ရတော့မည်ဖြစ်သည်။

ယခင်က အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲများဆိုလျှင် မြို့တော်၏ ထိပ်တန်းခေါင်းဆောင်များက အလေးအနက် ထားမည်မဟုတ်သော်လည်း စစ်ပွဲစတင်ပြီး ဆယ်စုနှစ်အနည်းငယ်အတွင်း အင်မော်တယ်မြို့တော် သုံးခုက နတ်ဆိုးများ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။

ကန်ဝူအင်မော်တယ်မြို့တော်၏ မြို့သခင်က ကြီးမားသော ယုံကြည်မှုရှိပြီး ကန်ဝူအင်မော်တယ်မြို့တော်၏ အခြေခံနှင့် ယခင်အင်မော်တယ်မြို့တော် သုံးခု၏ ကံကြမ္မာမျိုး ရင်ဆိုင်ရမည်မဟုတ်ဟု ယုံကြည်သော်လည်း အင်မော်တယ်မြို့တော်၏ ထိပ်တန်းခေါင်းဆောင်များက စိုးရိမ်နေဆဲ ဖြစ်သည်။

ဖေးရှန်းခန်းမတွင် ခန်းမသခင်က ပြန်ရောက်လာပြီးနောက် သူ၏ အမူအရာက လေးနက်နေဆဲ ဖြစ်သည်။ သူက ခန်းမထဲမှ ထွက်ပြီး ကျင့်ကြံခြင်းနေရာတစ်ခုသို့ ဦးတည်သွားခဲ့သည်။

" ကျုပ် သခင်ယွင်ကျန်းဇီနဲ့ တွေ့ချင်ပါတယ်။ " ဖေးရှန်းခန်းမသခင်က သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။

နတ်ဆိုးများ စုစည်းလာခြင်းကြောင့် ကန်ဝူအင်မော်တယ်မြို့တော်က ပျက်စီးမည့်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ပြီး ခန်းမသခင်က လင်းယွမ်ကို သတိပေးရန် ဆုံးဖြတ်ခဲ့သည်။

သူက ကန်ဝူအင်မော်တယ်မြို့တော်၏ ခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် မြို့တော်မှ မထွက်သွားနိုင်သော်လည်း လင်းယွမ်က မတူပေ။ သူက ကန်ဝူအင်မော်တယ်မြို့တော်နှင့် ပက်သက်မှုမရှိသဖြင့် မြို့တော်မှ ထွက်သွားနိုင်လေသည်။

" ကျုပ်သခင်က တံခါးပိတ်ကျင့်ကြံနေပါတယ်။ ခန်းမသခင်မှာ ပြောစရာရှိရင် ကျုပ်ကို ပြောခဲ့လို့ရပါတယ်။ ကျုပ်သခင်ကို အသိပေးပေးပါမယ်။ " ယွင်ကျန်းဇီက ပြောလိုက်သည်။

လွန်ခဲ့သော နှစ်များအတွက် ဖေးရှန်းခန်းမသခင်က လင်းယွမ်ဆီသို့ မကြာခဏ လာရောက်လည်ပတ်ခဲ့ပြီး သူတို့ကြား ကောင်းမွန်သော ဆက်ဆံရေးရှိသည်ကို ယွင်ကျန်းဇီက သိထားလေသည်။

" မင်းကို ပြောရမှာလား။ " ဖေးရှန်းခန်းမသခင်က တိတ်ဆိတ်သွားသည်။

All Chapters