← Chapters

အချိန်လေဟာနယ်၏ သတ္တမအဆင့်...

Vol. 48 Ch. 721

အချိန်လေဟာနယ်၏ သတ္တမအဆင့်...

Vol. 48 Ch. 721

" ထွက်ပြေးချင်တာလား။ " လင်းယွမ်က သူ၏ လက်ထဲရှိ နတ်ဆိုးဧကရာဇ်တစ်ပါးကို ဖျက်ဆီးလိုက်သည်။

" အင်မော်တယ်ဘိုးဘေးဆီက တုန့်ပြန်မှုမရှိသေးဘူးလား။ "

လင်းယွမ်က စတင်လှုပ်ရှားကတည်းက သူ၏ အာရုံမှာ နတ်ဆိုးများအပေါ်တွင် မဟုတ်ဘဲ အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်မှ အင်မော်တယ်ဘိုးဘေးကို စောင့်ကြည့်နေခြင်းဖြစ်သည်။ သူက လက်ဖဝါးဖြင့် ကောင်းကင်မှ နတ်ဆိုးအားလုံးကို ဖမ်းဆုပ်ခဲ့ပြီး အလွှာဆယ့်နှစ်နှင့် နီးစပ်သော ခွန်အားကို ထုတ်ဖော်ခဲ့ရာ အင်မော်တယ်ဘိုးဘေး၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။

" ထားလိုက်တော့။ " ခဏစောင့်ကြည့်ပြီးနောက် အင်မော်တယ်ဘိုးဘေးက တုန်ပြန်မှုမရှိသည်ကို မြင်သောအခါ လင်းယွမ်က ကျင့်ကြံခြင်းနယ်မြေသို့ ပြန်သွားလိုက်ပြီး အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို တက်လှမ်းရန် ပြင်ဆင်လိုက်သည်။

ကန်ဝူအင်မော်တယ်မြို့တော်အတွင်း အင်မော်တယ်ကျင့်ကြံသူများက ထိတ်လန့်တကြားထွက်ပြေးနေကြစဉ် ရုတ်တရက် မြို့တော်ကို ဖျက်ဆီးမည့် အဆုံးမရှိသော နတ်ဆိုးများက ပျောက်ကွယ်သွားသည်ကို တွေ့ခဲ့ကြသည်။ ၎င်းက အနည်းငယ် ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ လုံးဝ ပျောက်ကွယ်သွားကြခြင်းဖြစ်သည်။ မြို့အတွင်းမှ အပျက်အဆီးများသာ ကျန်မနေခဲ့လျှင် သူတို့ကြုံတွေ့ခဲ့သည်မှာ ပုံရိပ်ယောင်တစ်ခုဟု ထင်ကြပေလိမ့်မည်။

" နတ်ဆိုးတွေ ဘယ်ရောက်သွားတာလဲ။ "

" ဘာဖြစ်သွားတာလဲ။ "

" အဲ့ဒီနတ်ဆိုးတွေ ဘယ်ရောက်သွားတာလဲမသိဘူး။ "

" သူတို့ ဆုတ်ခွာသွားတာလား။ "

အင်မော်တယ်ကျင့်ကြံသူများစွာက အချက်အလက်များကို လျင်မြန်စွာ ဖလှယ်လိုက်ကြသည်။ စိတ်ရှုပ်ထွေးနေသော အင်မော်တယ်ကျင့်ကြံသူများနှင့်ယှဉ်လျှင် ကန်ဝူအင်မော်တယ်မြို့တော်၏ အဆင့်မြင့် ခေါင်းဆောင်များစွာက တုန်လှုပ်ခြောက်ခြားသွားကြသည်။

" နတ်ဆိုးတွေ ဆုတ်ခွာသွားတာလား။ "

" သူတို့ ဆုတ်ခွာသွားတာ လုံးဝမဖြစ်နိုင်ဘူး။ "

" ဟုတ်တယ်။ ကန်ဝူအင်မော်တယ်မြို့တော်ရဲ့ ကာကွယ်မှု ခြောက်ဆယ်ရာခိုင်နှုန်းက ပျက်ဆီးသွားပြီ။ သူတို့က ဘယ်လိုလုပ်ဆုတ်ခွာသွားမှာလဲ။ "

ကန်ဝူအင်မော်တယ်မြို့တော်၏ အဆင့်မြင့်ခေါင်းဆောင်များက အခြေအနေကို ပို၍ နားလည်ကြသည်။ သူတို့က လက်မခံချင်သော်လည်း ကန်ဝူအင်မော်တယ်မြို့တော်၏ ကံကြမ္မာက အဆုံးမဲ့သော နတ်ဆိုးများ၏ ဝါးမျိုခြင်းကို ခံရမည်မှာ သေချာသည်။ ထိုကျောက်စိမ်းအင်မော်တယ်များကလည်း နတ်ဆိုးဧကရာဇ်များ၏ စားသောက်ခြင်းကို ခံရပေလိမ့်မည်။

သို့သော် နောက်ဆုံးအခိုက်အတန့်တွင် နတ်ဆိုးများအားလုံးက ပျောက်ကွယ်သွားကြသည်။ သူတို့က နတ်ဆိုးများ၏ သဘာဝကို ကောင်းစွာသိကြပြီး သူတို့က လက်ထဲရှိ အစားအစာကို စွန့်လွှတ်ကြမည်မဟုတ်ပေ။

" နတ်ဆိုးတွေဆုတ်ခွာသွားတာမဟုတ်ရင် ရှင်းလင်းခံလိုက်ရတာ ဖြစ်နိုင်လား။ "

" ရှင်းလင်းတာ... အင်မော်တယ်ဘိုးဘေးက လှုပ်ရှားလိုက်တာလား။ " အင်မော်တယ်မြို့သခင်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

နတ်ဆိုးဧကရာဇ်ခြောက်ပါးက အတူတကွ လှုပ်ရှားလျှင် အင်မော်တယ်မြို့တော်၏ အကာအကွယ်ကို ထိုးဖောက်နိုင်လေသည်။ မြင့်မြတ်သော အင်မော်တယ်ဘိုးဘေးမှလွဲ၍ ဤအခြေအနေကို အလွယ်တကူ ဖြေရှင်းနိုင်သူမရှိပေ။

" ငါ့ရဲ့ ဘိုးဘေးက..." ကျောက်စိမ်းအင်မော်တယ်များထဲမှ လူငယ်တစ်ယောက်က အနည်းငယ် တုန့်ဆိုင်းသွားပြီး ခေါင်းခါလိုက်သည်။

အင်မော်တယ်ဘိုးဘေး၏ တပည့်ဖြစ်သောကြောင့် အင်မော်တယ်ဘိုးဘေးက လှုပ်ရှားမည်မဟုတ်သည်ကို သူသိလေသည်။ မဟုတ်လျှင် အင်မော်တယ်မြို့တော်သုံးခုက ချိုးဖောက်ခံလိုက်ရမည်မဟုတ်ပေ။

" အင်မော်တယ်ဘိုးဘေး လှုပ်ရှားခဲ့တာမဟုတ်ဘူးလား။ " မြို့သခင်နှင့် အခြားသူများက တိတ်ဆိတ်သွားကြပြီး အများစုက ယုံကြည်ခဲ့ကြသည်။

အင်မော်တယ်ဘိုးဘေးသာ လှုပ်ရှားခဲ့လျှင် အင်မော်တယ်ဘိုးဘေး၏ စွမ်းအားက အင်မော်တယ်ကမ္ဘာတစ်ခုလုံး ဖုံးလွှမ်းပြီး နတ်ဆိုးများအားလုံး ပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့သော် ယခု ကန်ဝူအင်မော်တယ်မြို့တော်မှ လွဲ၍ အခြားမြို့တော်များက တိုက်ခိုက်ခံနေရဆဲ ဖြစ်သည်။

သို့သော် အင်မော်တယ်ဘိုးဘေးသာ မလှုပ်ရှားခဲ့လျှင် ဘယ်သူလှုပ်ရှားခဲ့တာလဲ။ အင်မော်တယ်ဘိုးဘေးမှလွဲ၍ ဘယ်သူက နတ်ဆိုးဧကရာဇ်ခြောက်ပါးကို ချက်ချင်း ရှင်းလင်းနိုင်တာလဲ။ မြို့သခင်နှင့် အခြားသူများက နားမလည်နိုင် ဖြစ်နေကြသည်။

" ငါတို့အင်မော်တယ်မြို့တော်ရဲ့ ကျင့်ကြံခြင်းနေရာတွေမှာ တစ်ခုခုမှားယွင်နေတာကို သတိထားမိကြလား။ "

မြို့တော်၏ ဒုခေါင်းဆောင်က အခြေအနေတစ်ခုလုံးကို စတင်စစ်ဆေးလိုက်ကြသည်။ နတ်ဆိုးဧကရာဇ်ခြောက်ပါးနှင့် နတ်ဆိုးများ၏ ဝန်းရံတိုက်ခိုက်မှုအောက်တွင် အင်မော်တယ်မြို့တော်၏ ကာကွယ်ရေးမှော်အင်းကွက်များစွာ ပြိုလဲသွားကြပြီး အတွင်းပိုင်းမှော်အင်းကွက်များကလည်း ထိခိုက်ပျက်ဆီးခဲ့သည်။ ယခုအခါ အင်မော်တယ်မြို့တော်၏ မှော်အင်းကွက်များက ဇကာပေါက်ကဲ့သို့ ဖြစ်နေပြီး မြို့တော်၏ ခေါင်းဆောင်များက အင်မော်တယ်မြို့တော်တစ်ခုလုံးကို စောင့်ကြည့်နိုင်ကြသည်။

ယခုအခါ ကန်ဝူအင်မော်တယ်မြို့တော်က တစ်ဝက်နီးပါး ဖျက်ဆီးခံထားရပြီး မှော်အင်းကွက်အများစု ပျက်စီးသွားသောကြောင့် မည်သည့်လျို့ဝှက်ချက်မှ ဖုံးကွယ်ထားနိုင်ခြင်းမရှိတော့ပေ။ ထိုသို့သော အခြေအနေများအောက်တွင် ကျင့်ကြံခြင်းနေရာတစ်ခုက အခြားနေရာများနှင့်မတူဘဲ ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။

ထိုနေရာက ကံကောင်းပြီး ထိခိုက်မှုမရှိခြင်းဖြစ်နိုင်သည်။ သို့သော် ယခု ဒုမြို့သခင်က အင်မော်တယ်မြို့တော်၏ မှေယ်အင်းကွက်များကို ထိန်းချုပ်ပြီး ထိုကျင့်ကြံခြင်းနေရာကို ကြည့်ရှုနိုင်ခြင်းမရှိခဲ့ပေ။

ထို့အပြင် မြို့တော်ကို နတ်ဆိုးများ ဝန်းရံတိုက်ခိုက်နေစဉ် ကျင့်ကြံခြင်းနေရာများမှ အင်မော်တယ်ကျင့်ကြံသူများက ထွက်ပြေးသွားကြပြီဖြစ်ပြီး ထိုကျင့်ကြံခြင်းနေရာတစ်ခုသာ ကျန်ရှိနေသည်။

" အဲ့ဒီကျင့်ကြံခြင်းနေရာက... " မြို့သခင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

အခြားကျင့်ကြံခြင်းနေရာများမှ ထိတ်လန့်တကြားထွက်ပြေးသွားကြသော ကျင့်ကြံသူများနှင့်မတူဘဲ ထိုကျင့်ကြံခြင်းနေရာက အလွန်တည်​ငြိမ်နေပြီး ထွက်ပြေးမည့်အရိပ်အယောင်လည်း မပြပေ။ ၎င်းက မြို့အပြင်ရှိ နတ်ဆိုးများအားလုံး ရှင်းလင်းခံရမည်ကို ကြိုသိနေသကဲ့သို့ ဖြစ်သည်။

" အဲ့ဒါ သခင်ယွင်ကျန်းဇီရဲ့ နေရာပဲ။ " ဖေးရှန်းခန်းမသခင်က အနည်းငယ် မယုံကြည်နိုင်ဖြစ်နေသည်။

" မင်းက အဲ့ဒီနေရာရဲ့ ပိုင်ရှင်ကို သိနေတာလား။ " မြို့သခင်နှင့် အခြားသူများက ဖေးရှန်းခန်းမသခင်ကို ကြည့်လိုက်သည်။

ကျင့်ကြံခြင်းနေရာတွင် လင်းယွမ်က ကျင့်ကြံလျက်ရှိပြီး သူ၏ စိတ်ထဲတွင် အသိအမြင်များ လင်းလက်နေသည်။ အပြင်ဘက်ရှိ အနှောက်အယှက်များ မရှိသောကြောင့် လင်းယွမ်က အချိန်လေဟာနယ်ကို လေ့လာရာတွင် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

" အချိန်လေဟာနယ် ဒါက အချိန်လေဟာနယ်ပဲ...." လင်းယွမ်က မျက်လုံးများဖွင့်ပြီး ပြုံးလိုက်သည်။

ဉာဏ်အလင်းများစုစည်းလာသောအခါ လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမ သတ္တမအဆင့်၏ အနှစ်သာရကို နားလည်ခဲ့သည်။ ၎င်းက အထူးကျင့်ကြံရေးပတ်ဝန်းကျင်နှင့် အင်မော်တယ်ရင်းမြစ်တို့အပြင် လင်းယွမ်၏ အခြေခံက အလွန်နက်ရှိုင်းသောကြောင့် ဖြစ်သည်။

အရေးကြီးဆုံးမှာ လင်းယွမ်၏ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြစ်သည်။ အင်မော်တယ်ကမ္ဘာအတွင်း အင်မော်တယ်ဘိုးဘေး၏ တိုက်ရိုက်တပည့်များက လင်းယွမ်ထက် သာလွန်သော ကျင့်ကြံခြင်းပတ်ဝန်းကျင်နှင့် အရင်းအမြစ်များကို ရရှိကြသည်။ အချို့ဆိုလျှင် အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်ထဲသို့ တိုက်ရိုက်ဝင်ရောက် ကျင့်ကြံနိုင်ကြသည်။

သို့သော် ယခုအချိန်ထိ အင်မော်တယ်ဘိုးဘေး၏ တပည့်များက အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို ခြေချနိုင်ခြင်းမရှိကြသေးပေ။ တပည့်များမပြောနှင့် အင်မော်တယ်ဘိုးဘေးကိုယ်တိုင်ပင်လျှင် သတ္တမအဆင့်ကို ထိတွေ့နိုင်ခြင်းမရှိသေးပေ။

" ဒီလိုကိုး။ " လင်းယွမ်က အချိန်လေဟာနယ်ပေါင်းစပ်နိယာမကို သတ္တမအဆင့်ထိ နားလည်ပြီးနောက် သူခံစားရသော အချိန်လေဟာနယ်က အသက်ဝင်လာသကဲ့သို့ ဖြစ်နေသည်။

အမှန်တော့ အချိန်လေဟာနယ်က အမြဲတမ်းအသက်ဝင်နေပြီး အဆက်မပြတ် ပြောင်းလဲနေသည်။ လင်းယွမ်က ယခင်က ၎င်းကို မြင်နိုင်ခြင်းမရှိခဲ့ခြင်းသာဖြစ်သည်။

" အချိန်လေဟာနယ်။ " လင်းယွမ်က အင်မော်တယ်ကမ္ဘာ၏ အချိန်လေဟာနယ်ကို မြင်နိုင်လာခဲ့သည်။ အင်မော်တယ်ကမ္ဘာထက် ကျော်လွန်သော နတ်ဆိုးချောက်နက်၏ အချိန်လေဟာနယ်ပင် လင်းယွမ်၏ မျက်စိထဲတွင် ထင်ရှားလာခဲ့သည်။

" အင်မော်တယ်ကမ္ဘာနဲ့ နတ်ဆိုးချောက်နက်တို့က တူညီတဲ့ ကမ္ဘာဖြစ်ပေမယ့် အခြေခံနိယာမတွေမတူတော့ ထင်ရှားတဲ့ကွာခြားမှုတွေ ဖြစ်ပေါ်လာတယ်။ " လင်းယွမ်က ရုတ်တရက် နားလည်လိုက်သည်။

ယခင် သူက နတ်ဆိုးချောက်နက်ကို အင်မော်တယ်ကမ္ဘာ၏ လေဟာနယ်အတွင်းရှိ အလွှာတစ်ခုဖြစ်သည်ဟု ထင်ခဲ့သော်လည်း အမှန်တွင် နတ်ဆိုးချောက်နက်က အင်မော်တယ်ကမ္ဘာ၏ အဓိကလေဟာနယ်နှင့် သက်ဆိုင်ပြီး နတ်ဆိုးချောက်နက်ကို အင်မော်တယ်ကမ္ဘာက လွှမ်းမိုးနိုင်သော အခြေအနေတွင် မရှိပေ။ အင်မော်တယ်ကမ္ဘာနှင့် နတ်ဆိုးချောက်နက်က တူညီသော အဆင့်တွင် ရှိသည်။

" ဟမ် အင်မော်တယ်ကမ္ဘာရဲ့ လက်အောက်ခံကမ္ဘာတွေက... " လင်းယွမ်က အချိန်လေဟာနယ်၏ စွမ်းအားနောက်လိုက်၍ အင်မော်တယ်ကမ္ဘာ၏ အလွန်သို့ ကြည့်လိုက်သည်။

အင်မော်တယ်ကမ္ဘာက အလွန်မြင့်မားသော ကမ္ဘာတစ်ခုဖြစ်ပြီး ထိုဒိုင်မန်းရှင်း၏ ထိပ်ဆုံးတွင် တည်ရှိသည်။ သို့သော် အင်မော်တယ်ကမ္ဘာ၏ အောက်တွင် ကမ္ဘာပေါင်း ၃၃၃၃ခု တည်ရှိပြီး ဖြစ်ပေါ်ခြင်းနှင့် ပျက်ဆီးခြင်းများ ဖြစ်ပျက်နေသည်။

ထိုကမ္ဘာများထဲတွင် တစ်ချိန်က လင်းယွမ် ဆင်းသက်ခဲ့သော စိတ်ဝိညာဉ်ကမ္ဘာလည်း တည်ရှိသည်။ ထိုကမ္ဘာ ၃၃၃၃ခုက ကမ္ဘာပေါင်းတစ်သန်းကျော်နှင့် ချိတ်ဆက်ထားပြီး အင်မော်တယ်တာအိုကမ္ဘာလည်း ပါဝင်သည်။

" ၃၃၃၃.... ဒီနံပါတ်က ထပ်ပေါ်လာပြန်ပြီလား..." လင်းယွမ်က ခဏစဉ်းစားပြီး သူ၏ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။

အချိန်လေဟာနယ်အပေါ် သူ၏ လက်ရှိနားလည်မှုဖြင့် ထိုဒိုင်မန်းရှင်းထဲတွင် မည်သည့်ကမ္ဘာကိုမဆို ဆင်းသက်နိုင်သည်။ သို့သော် ထိုနိမ့်ကျသော ကမ္ဘာများက လင်းယွမ်ကို လက်ခံရန်ပင် ရုန်းကန်ရပေလိမ့်မည်။ ထိုကမ္ဘာများသို့ ဆင်းသက်ခြင်းကလည်း အကျိုးမရှိပေ။

All Chapters