← Chapters

နတ်ဆိုးဘိုးဘေး နိုးထလာခြင်း....

Vol. 48 Ch. 722

နတ်ဆိုးဘိုးဘေး နိုးထလာခြင်း....

Vol. 48 Ch. 722

" ငါ့ရဲ့လက်ရှိခွန်အားက... " လင်းယွမ်က သူ၏ ခွန်အားကို ပြန်လည်သုံးသပ်လိုက်သည်။

ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ချန်ခဲ့သော အချက်အလက်များအရ အလွှာဆယ့်နှစ်များသာ အချိန်လေဟာနယ်ပေါင်းစပ်နိယာမ၏ သတ္တမအဆင့်ကို ရောက်ရှိနိုင်သည်။

အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များက ၎င်းကို ထိတွေ့ရန် အခွင့်အရေးရှိသည်။ အချိန်လေဟာနယ်အပေါ် လင်းယွမ်၏ နားလည်မှုက အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များထက် ကျော်လွန်သွားပြီဖြစ်သည်။

အချိန်လေဟာနယ်အပေါ် နားလည်မှုဖြင့် တိုက်ရိုက်တိုက်ခိုက်ရာတွင် လင်းယွမ်က အလွှာဆယ့်နှစ်များနှင့် မယှဉ်နိုင်သော်လည်း သူက အချိန်လေဟာနယ်အပေါ် နားလည်မှုကို အသုံးပြုပြီး အလွှာဆယ့်နှစ်များကို ကစားနိုင်လေသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကဲ့သို့ပင် ၎င်းက ပင်မစကြာဝဠာတွင် ဖွင့်လှစ်ခဲ့သော်လည်း အလွှာဆယ့်နှစ် ကြီးမြတ်သူများက ၎င်း၏ တည်နေရာကို ရှာဖွေနိုင်ခြင်းမရှိပေ။

" ဒါက အချိန်လေဟာနယ်ရဲ့ သတ္တမအဆင့်ပဲ။ " လင်းယွမ်၏ အတွေးများက လျင်မြန်စွာ လှုပ်ရှားနေသည်။

သက်ရှိအားလုံးနီးပါးအတွက် အချိန်လေဟာနယ်၏ သတ္တမအဆင့်ကို နားလည်ခြင်းက ကြီးမြတ်သူအဆင့်ကို ရရှိခြင်းထက် ပိုမိုခက်ခဲသည်။ ပုံမှန်အားဖြင့် အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်မှ သက်ရှိများက သူတို့၏ အချိန်လေဟာနယ်အပေါ် နားလည်မှုမှာ သတ္တမအဆင့်သို့ မရောက်ရှိသေးပေ။

လင်းယွမ်က အချိန်လေဟာနယ်ကို သတ္တမအဆင့်သို့ နားလည်ပြီးနောက် မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားများက အချိန်လေဟာနယ်၏ နက်ရှိုင်းရာသို့ ပေါင်းစပ်သွားကြသည်။ လင်းယွမ်ကိုယ်တိုင်သာ ထွက်ပေါ်ရန် မရွေးချယ်လျှင် အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် သူ့ကို ရှာဖွေနိုင်မည်မဟုတ်ပေ။

" အချိန်လေဟာနယ်ကို ဒီလိုနည်းလမ်းနဲ့လည်း အသုံးပြုလို့ရတာပဲ။ " လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို ဆက်လက်ခံစားနေခဲ့သည်။

လင်းယွမ်၏ မျက်စိရှေ့မှ ကျယ်ပြောသော အချိန်လေဟာနယ်က ၎င်း၏ ပုံသဏ္ဍန်ပြောင်းလဲသွားပုံရပြီး ယခင်က နားမလည်ခဲ့သော အချိန်လေဟာနယ်၏ လျို့ဝှက်ဆန်းကြယ်မှုများက ယခုအခါ အလွယ်တကူ ဖော်ထုတ်နိုင်သွားသည်။

ထိုအချိန်တွင် လင်းယွမ်၏ ကျင့်ကြံခြင်းနေရာရှေ့၌ မြို့သခင်နှင့် အဆင့်မြင့်ခေါင်းဆောင်များက စုဝေးနေကြသည်။ လင်းယွမ်က နတ်ဆိုးများကို ရှင်းလင်းခဲ့သူနှင့် ဆက်စပ်နေနိုင်သောကြောင့် သူတို့က အနည်းငယ် စိတ်မသက်မသာဖြစ်နေကြသည်။

သူတို့က ကန်ဝူအင်မော်တယ်မြို့တော် ငြိမ်သက်သွားပြီးနောက် ပထမဆုံး လင်းယွမ်ကို လာရောက်တွေ့ဆုံခဲ့ကြသည်။ သူတို့တွင် ရွေးချယ်စရာမရှိပေ။ လင်းယွမ်က နတ်ဆိုးများကို ရှင်းလင်းခဲ့သူနှင့် အမှန်တကယ် ဆက်စပ်နေလျှင် သူတို့က လိုအပ်ချက်များ ရှိနိုင်သောကြောင့် လေးစားမှုကို ပြသရမည်ဖြစ်သည်။

" မြို့သခင်..." ယွင်ကျန်းဇီက အပြင်ထွက်လာခဲ့သည်။

ယခင်ကဆိုလျှင် သူက မြို့သခင်နှင့် အဆင့်မြင့်ခေါင်းဆောင်များကို ရင်ဆိုရလျှင် မော့ကြည့်ရန်ပင် မတတ်နိုင်သောကြောင့် ယွင်ကျန်းဇီက စိုးရိမ်နေပေလိမ့်မည်။ ကျောက်စိမ်းအင်မော်တယ်များကြားတွင် ကွာခြားချက်များရှိပြီး ယခင် ယွင်ကျန်းဇီက ထိပ်တန်းကျောက်စိမ်းအင်မော်တယ်များထက် များစွာ နိမ့်ကျလှသည်။

ယခုမူ လင်းယွမ်က နတ်ဆိုးများအားလုံးကို လက်တစ်ဖက်တည်းနှင့် ရှင်းလင်းပစ်သည်ကို မြင်ရပြီးနောက် ယွင်ကျန်းဇီက ဂုဏ်ယူမှုများနှင့် ယုံကြည်မှုများ ရှိလာခဲ့သည်။

" လူကြီးမင်းတို့ ဒီကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ။ "

" သခင် အထဲမှာရှိလား။ " မြို့သခင်က ရှေ့ထွက်ပြီး ပြောလိုက်သည်။

" သခင်က တံခါးပိတ်ကျင့်ကြံနေပါတယ်။ " ယွင်ကျန်းဇီက ပြန်ဖြေလိုက်သည်။

လင်းယွမ်က ကျင့်ကြံခြင်းမပြုမီ ညွှန်ကြားခဲ့သောကြောင့် သူ့ကို လာရောက်တွေ့ဆုံသူများကို ထိုအကြောင်းပြချက်ဖြင့် ငြင်းပယ်နိုင်လေသည်။

" တံခါးပိတ်ကျင့်ကြံနေတယ်။ " မြို့သခင်နှင့် အခြားသူများက အံ့အားသင့်သွားကြသည်။

ဤကဲ့သို့ အချိန်မျိုးမှာ ကျင့်ကြံနေတာလား။ အင်းမော်တယ်မြို့တော်က ပျက်ဆီးမည့်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး မြို့သခင်နှင့် အခြားသူများအားလုံးကလည်း နတ်ဆိုးများ၏ စားသောက်ခြင်းကို ခံရနိုင်ဖွယ်ရှိသည်။ ယခုအချိန်တွင် ကျင့်ကြံသူများအားလုံးက သေမင်း၏ တံခါးဝမှ လွတ်မြောက်လာရုံသာရှိပြီး ချက်ချင်း ကျင့်ကြံနိုင်မည်မဟုတ်ပေ။

ထို့အပြင် မြို့အပြင်မှ လက်ရှိအခြေအနေက မရှင်းလင်းသေးပေ။ နတ်ဆိုးများ၏ နောက်ဆက်တွဲတိုက်ခိုက်မှုများ ရောက်လာလျှင် ကန်ဝူအင်မော်တယ်မြို့က တစ်ဖန် အန္တရာယ်ရှိနိုင်လေသည်။ သို့သော် လင်းယွမ်က တံခါးပိတ်ကျင့်ကြံနေသည်။

မြို့သခင်နှင့် အခြားသူများက ကိစ္စများကို ပြန်လည်စဉ်းစားနေကြသည်။ သူတို့မရောက်မီ လင်းယွမ်က နတ်ဆိုးများကို ရှင်းလင်းခဲ့သူနှင့် ဆက်စပ်နေနိုင်သည်ဟု ထင်ခဲ့ကြသည်။ ဖြစ်နိုင်ခြေမှ လေးဆယ်မှ ငါးဆယ်ရာခိုင်နှုန်းသာ ရှိသည်။

သို့သော် ယခုအခါ ထိုဖြစ်နိုင်ခြေက ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ဖြစ်သွားခဲ့သည်။ ယခုအချိန်တွင် နတ်ဆိုးများကို မျက်စိထဲထည့်မထားသူသာ အေးအေးဆေးဆေး ကျင့်ကြံနိုင်ပေလိမ့်မည်။

" ငါ့ကို မေးခွင့်ပြုပါ။ မြို့ပြင်က နတ်ဆိုးတွေကို ဘယ်သူရှင်းလင်းခဲ့လဲဆိုတာ သိလား။ " မြို့သခင်က သတိထားပြီးမေးလိုက်သည်။

" နတ်ဆိုးတွေကို ဘယ်သူရှင်းလင်းခဲ့လဲ။ " ယွင်ကျန်းဇီက အနည်းငယ် တုန့်ဆိုင်းသွားသည်။

ဘယ်သူရှင်းလင်းခဲ့လဲဆိုတာ သူသေချာသိနေပါသည်။ သူက လင်းယွမ်ဖြစ်ပြီး လက်တစ်ဖက်မြှောက်ရုံနှင့် နတ်ဆိုးများအားလုံးကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ သို့သော် လင်းယွမ်က ထိုကိစ္စကို ပြောဆိုရန် သူ့ကို ခွင့်ပြုခြင်းမရှိသကဲ့သို့ တားမြစ်ခြင်းလည်း မရှိပေ။ ထို့ကြောင့် သူက တုန့်ဆိုင်းနေခြင်းဖြစ်သည်။

" ကျုပ် သခင်ကို မေးကြည့်လိုက်ပါမယ်။ " ယွင်ကျန်းဇီက ခဏစဉ်းစားပြီးနောက် လင်းယွမ်ကို မေးရန်သာ ဆုံးဖြတ်လိုက်သည်။

မြို့သခင်နှင့်အခြားသူများက တဖန် တုန်လှုပ်သွားရပြန်သည်။ ယွင်ကျန်းဇီက မသိကြောင်း​ ပြန်မဖြေဘဲ သခင်ကို သွားမေးမည်ဟုပြောခဲ့လေသည်။ ၎င်းမှာ သူတို့၏ ရှေ့မှ လူက နတ်ဆိုးများအား ရှင်းလင်းခဲ့သူကို သိနေသည်ဟု ဆိုလိုသည်။ သူက ပြင်ပလူများကို ထုတ်ပြောရန် သူ၏ သခင်ကို သွားရောက်မေးမြန်းမည်သာ ဖြစ်သည်။

" ကောင်းပါပြီ။ ကျုပ်တို့ ဒီကပဲစောင့်နေလိုက်ပါမယ်။ " မြို့သခင်က အတင်းအကျပ် ပြုံး၍ ပြန်ပြောလိုက်သည်။

အင်မော်တယ်ကမ္ဘာ၏ အခြားတစ်ဖက်။ ထိုနေရာက အလွန်မှောင်မိုက်နေပြီး ဆိုးယုတ်သော နတ်ဆိုးချီများနှင့် ပြည့်နှက်နေသည်။ အဆုံးမရှိသော နတ်ဆိုးများက ထိုနေရာတွင် မွေးဖွားလာကြပြီး တိုက်ခိုက်ခြင်းနှင့် သေဆုံးခြင်းများက အဆက်မပြတ် ဖြစ်ပေါ်နေသည်။

၎င်းက နတ်ဆိုးဘိုးဘေး၏ အနားယူရာ နတ်ဆိုးချောက်နက် ဖြစ်သည်။ ချောက်နက်၏ နက်ရှိုင်းရာမှ ကြီးမားသော စိတ်အသိတစ်ခုက ဖြည်းညင်းစွာ နိုးထလာသည်။ ၎င်းက သာမန်ထုတ်လွှတ်လိုက်သော နတ်ဆိုးချီများက နတ်ဆိုးများအဖြစ် စုစည်းသွားပြီး သူတို့က အချင်းချင်း တိုက်ခိုက်စားသောက်၍ နတ်ဆိုးဧကရာဇ်များ ထွက်ပေါ်လာကြသည်။

" ငါ့ရဲ့ ကလေးတစ်ယောက် သေသွားတာလား။ " ကြီးမားသော စိတ်အသိက တစ်စုံတစ်ခုကို သတိပြုမိသွားသည်။

နတ်ဆိုးချီများက ပြင်းထန်စွာ စုစည်းလာကြီး ပလ္လတစ်ခု ဖြစ်ပေါ်လာသည်။ ထိုပလ္လင်ပေါ်တွင် ပုံရိပ်တစ်ခု ထိုင်နေသည်။ သူက နတ်ဆိုးဘိုးဘေးပင်ဖြစ်၏။ နတ်ဆိုးဘိုးဘေးအတွက် သာမန်နတ်ဆိုးများ၏ သေခြင်းရှင်းက အရေးမကြီးပေ။ အင်မော်တယ်ကမ္ဘာကို ကျူးကျော်နေချိန်တွင်သာမက နတ်ဆိုးချောက်နက်မှာပင် နတ်ဆိုးများ မရေတွက်နိုင်အောင် သေဆုံးနေကြသည်။

သို့သော် နတ်ဆိုးဧကရာဇ်များက နတ်ဆိုးဘိုးဘေး၏ ကိုယ်ပွားများအဖြစ် သတ်မှတ်နိုင်ပြီး သူ၏ ကလေးများလည်း ဖြစ်သည်။ နတ်ဆိုးချောက်နက်တွင် နတ်ဆိုးဧကရာဇ်များက နတ်ဆိုးချောက်နက်၏ ကောင်းချီးပေးခြင်းနှင့် အကာအကွယ်ပေးခြင်းကို ခံရပြီး သေဆုံးနိုင်ခြင်းမရှိပေ။

" ငါ့ရဲ့ ကလေးတွေကို သတ်ခဲ့တာဘယ်သူလဲ။ " နတ်ဆိုးဘိုးဘေးက ဟင်းလင်းပြင်ရှိ ခြေရာလက်ရာများကို စုစည်းပြီး သေဆုံးသွားသော နတ်ဆိုးဧကရာဇ်များ၏ နောက်ဆုံးမှတ်ဉာဏ်များကို ထိန်းချုပ်လိုက်သည်။

" တွေ့ပြီ။ " နတ်ဆိုးဘိုးဘေး၏ မျက်လုံးများထဲတွင် နတ်ဆိုးဧကရာဇ်များ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက လင်းလက်သွားပြီး တစ်နေရာတွင် ရပ်တန့်သွားသည်။

သို့သော် နတ်ဆိုးဘိုးဘေးက နေရာအတိအကျကို သတ်မှတ်ရန် ပြုလုပ်နေစဉ် အချိန်လေဟာနယ်က မှုန်ဝါးသွားပြီး သူသတ်မှတ်ထားသော တည်နေရာများက နှစ်ပိုင်း၊ လေးပိုင်း၊ ရှစ်ပိုင်း စသည်ဖြင့် ခွဲထွက်သွားသည်။ ၎င်းတို့က အချိန်အားလုံးတွင် တည်ရှိသကဲ့သို့ သို့မဟုတ် မတည်ရှိသကဲ့သို့ ဖြစ်နေသည်။

" ဒါက..." နတ်ဆိုးဘိုးဘေးက စိတ်ရှုပ်ထွေးသွားသည်။

နတ်ဆိုးဘိုးဘေးအတွက် အင်မော်တယ်ကမ္ဘာဖြစ်စေ နတ်ဆိုးချောက်နက်ဖြစ်စေ အခြေခံအားဖြင့် လျို့ဝှက်ချက်များမရှိပေ။ သူက သက်ရှိတစ်ယောက်ကို ပစ်မှတ်ထားလျှင် အင်မော်တယ်ကမ္ဘာ၏ မူလနယ်မြေသို့ ဝင်ရောက်သွားလျှင်တောင် လွတ်မြောက်နိုင်မည်မဟုတ်ပေ။

သို့သော် ယခု နတ်ဆိုးဘိုးဘေးက လင်းယွမ်ကို ရှာဖွေရန် တည်နေရာများကို သတ်မှတ်နိုင်ခြင်းမရှိပေ။ ၎င်းက တစ်စုံတစ်ယောက်က ရှေ့တွင် ရှိနေပြီး ထိတွေ့နိုင်ခြင်းမရှိသကဲ့သို့ ဖြစ်သည်။

" ဘာဖြစ်တာလဲ။ " နတ်ဆိုးဘိုးဘေး၏ အမူအရာက လေးနက်လာပြီး တစ်စိတ်တစ်ပိုင်းသာ နိုးထလာသော စိတ်အသိက ပို၍ အားကောင်းလာသည်။

အစတွင် သူက သူ၏ ကလေးများ သေဆုံးသွားသည်ကို သိချင်ရုံသာဖြစ်ပြီး ကျူးလွန်သူကို ရှာဖွေပြီးနောက် လက်စားချေပြီးလျှင် ပြန်လည်အိပ်စက်ရန် ရည်ရွယ်ခဲ့သည်။ ယခု နတ်ဆိုးဘိုးဘေးက ပို၍ စိတ်ဝင်စားလာခဲ့သည်။

" ကြောင်းကျိုးဆက်နွယ်မှု..." ကံကြမ္မာ၏ ကြိုးမျှင်များက နတ်ဆိုးဘိုးဘေး၏ ရှေ့တွင် ပေါ်လာသည်။

တာအိုဘိုးဘေးအဆင့် သို့မဟုတ် အလွှာဆယ့်နှစ်သို့ ရောက်ရှိနေသော နတ်ဆိုးဘိုးဘေးက ကြောင်းကျိုးနိယာမကို နက်ရှိုင်းစွာ နားလည်ထားသည်။ သူက လင်းယွမ်က တစ်ခါမှ မတွေ့ဘူးသော်လည်း လင်းယွမ်က နတ်ဆိုးဧကရာဇ်များနှင့် နတ်ဆိုးများစွာကို သတ်ဖြတ်ခဲ့သည်။

နတ်ဆိုးဧကရာဇ်များနှင့် နတ်ဆိုးများက နတ်ဆိုးဘိုးဘေး၏ အစိတ်အပိုင်းများဖြစ်ကြသောကြောင့် လင်းယွမ်နှင့် နတ်ဆိုးဘိုးဘေးကြားတွင် ကြောင်းကျိုးဆက်နွယ်မှုတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

All Chapters