အခန်း (၁၅၅၈-၁၅၆၀)
Vol. 112 Ch. 1558-1560
အခန်း(၁၅၅၈)
အုပ်ချုပ်သူနတ်သားရဲများ၏ မျက်လုံးက သွေးရောင်လွှမ်းသွားသည်။
တစ်စုံတစ်ယောက်က သွေးမျိုးဆက်တစ်ခု၏ မူလအုပ်ချုပ်သူတစ်ပါးဖြစ်လာမည်ဆိုလျှင် ၎င်းက ကမ္ဘာဦးလောက၏ အုပ်ချုပ်သူများအနက် အစွမ်းထက်ဆုံးတည်ရှိမှု ဖြစ်လာလိမ့်မည်။ မူလအုပ်ချုပ်သူတစ်ပါးကို ကမ္ဘာဦးလောကသည်ပင် ကြီးကြီးမားမား ဖိနှိပ်နိုင်လိမ့်မည် မဟုတ်ချေ။
ထိုသို့သွေးဆောင်မှုကို မည်သူက လွန်ဆန်နိုင်မည်နည်း။
အထူးသဖြင့် အုပ်ချုပ်သူနတ်သားရဲများသည် ထိုသို့အခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။
ကျင့်ကြံခြင်းလောကတွင် မည်သူက နောက်ထပ်အမြင့်ဆီသို့ မတတ်လှမ်းချင်ဘဲ နေမည်နည်း။
အကယ်၍ ယနေ့ ၎င်းတို့က ထိုမဟာအခွင့်အရေးကို လက်လျော့လိုက်မည်ဆိုလျှင် ယင်းကို ဤဘဝမှာ နောက်တစ်ကြိမ် ထပ်ရနိုင်တော့မည် မဟုတ်ချေ။
“ အပြင်ထွက်ကြမယ် ”
အုပ်ချုပ်သူနတ်သားရဲသုံးပါးက တုံ့ဆိုင်းသော အသံဖြင့် အော်ပြောလိုက်ကြပြီး ထွက်ခွာသွားကြသည်။
သို့သော်လည်း တခြားအုပ်ချုပ်သူနတ်သားရဲများက မည်သူမှ မပိုင်ဆိုင်ရသေးသော မူလအုပ်ချုပ်သူခန္ဓာကိုယ်ကိုးခုဆီသို့ ပြေးသွားကြသည်။
ဟန်မူယဲ့နှင့် မနီးမဝေးမှာ ရပ်နေသော ခွန်ပန်သည်ပင် လိုချင်တပ်မက်သော စိတ်ဆန္ဒကို ထုတ်ဖော်လိုက်သည်။
ဟန်မူယဲ့က မလှုပ်မယှက် ရှိနေသည်။ သူက မူလအုပ်ချုပ်သူခန္ဓာကိုယ်များထံသို့ တစ်ဟုန်ထိုး ပြေးသွားနေကြသော ထိုအုပ်ချုပ်သူနတ်သားရဲများကို ကြည့်လိုက်သည်။
ထို့နောက် သူက ကောင်းကင်ကို မော့ကြည့်လိုက်သည်။
ယင်းက ကမ္ဘာဦးလောက၏ အကြံအစည်ဖြစ်ကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။
ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲသို့ သူဝင်ရောက်လာသည့်အခိုက်မှာ ကံတရားလှည်းဘီးက စတင်လှည့်ပတ်ခဲ့သည်။
လူသားမျိုးနွယ်က ပြန်လည်မြင့်တတ်သွားပြီး အုပ်ချုပ်သူနတ်သားရဲများက ရှေးဦးအပျက်အစီးကုန်းမြေဆီသို့ ပြန်ရောက်လာကြသည်။
နတ်ဘုရားသုတ်သင်ခြင်းလှံထဲမှ ဝိညာဉ်တစ်သန်း၏ ပြန်ရောက်လာမှုသည်ပင် ကမ္ဘာဦးလောက၏ အကြံအစည် ဖြစ်နိုင်၏။
“ မင်းက ငါ့ကို နယ်ရုပ်တစ်ခုလို အသုံးချနေတာလား ”
“ ဒါပေမဲ့… မဟာပန်သွန်ဘုံက ကိုယ်ပွားကို ငါသန့်စင်နိုင်လိမ့်မယ်လို့ မင်းမမျှော်လင့်ထားဘူးမလား ”
အပြုံးက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူက ကမ္ဘာဦးလောက၏ အသုံးချခံခဲ့ရသော်လည်း ဤအတောအတွင်းမှာ ကြီးမားသော အကျိုးအမြတ်များကို ရရှိခဲ့သည်။
မဟာပန်သွန်ကျောက်တုံးများဖြစ်စေ၊ သွေးမျိုးဆက်ကျောက်တုံးများဖြစ်စေ၊ သို့မဟုတ် ကမ္ဘာဦးလောကမှ ဝိညာဉ်သတ္ထုများဖြစ်စေ ယင်းတို့က မည်သည့်စကြာဝဠာတွင်မဆို ရှားပါးရတနာများ ဖြစ်ကြသည်။
ထိုသို့ရတနာများဖြင့်ဆိုလျှင် တစ်စုံတစ်ယောက်က စကြာဝဠာအဆင့် ကျွမ်းကျင်ပညာရှင်တစ်သောင်း သို့မဟုတ် အုပ်ချုပ်သူအဆင့် ကျွမ်းကျင်ပညာရှင်များကိုပင် မွေးထုတ်နိုင်လိမ့်မည်။
မှန်ပေသည်။ ကမ္ဘာဦးလောကတွင် သူရရှိခဲ့သော အကြီးမားဆုံး အကျိုးအမြတ်က မဟာပန်သွန်ဘုံမှ ကိုယ်ပွားဖြစ်သည်။
မဟာပန်သွန်ဘုံမှ ထိုဘီလူးကို ကမ္ဘာဦးလောကသည်ပင် မဖိနှိပ်နိုင်ပေ။ ၎င်းကို သွမ့်ဟူရေကန်ထဲမှာ ချိပ်ပိတ်ထားရန်ပင် ရှေးခေတ်မှ မရေမတွက်နိုင်သော အုပ်ချုပ်သူနတ်သားရဲများက အသက်စတေးခဲ့ကြရသည်။
“ ဗုန်း ”
ယခု အုပ်ချုပ်သူနတ်သားရဲတစ်ရာက မူလအုပ်ချုပ်သူခန္ဓာကိုယ်များအတွက် အပြန်အလှန် တိုက်ခိုက်လိုက်ကြလေရာ ကမ္ဘာဦးလောကတစ်ခုလုံး ပရမ်းပတာ တုန်လှုပ်သွားသည်။
အုပ်ချုပ်သူအဆင့်အောက်မှ နတ်သားရဲများသည် ထိုတိုက်ပွဲမှာ ပါဝင်ရန် အရည်အချင်းမပြည့်မီကြချေ။ ၎င်းတို့က အဝေးသို့ အမြန်ထွက်ပြေးသွားကြသည်။
တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းထားကြသော လူသားမျိုးနွယ်က ထွက်ပြေးသွားကြသော ထိုနတ်သားရဲများကို လိုက်ဖမ်းကြသည်။
အဝေးတွင် ရေသွေးမျိုးဆက်၏ မူလအုပ်ချုပ်သူတစ်ပါးဖြစ်သော ကုန်းကုန်းနှင့် ကိုယ်ပိုင်စွမ်းအားကို ဖုံးကွယ်ထားသော ကျူးရုန်က အမြန်ရောက်ရှိလာကြပြီး တိုက်ပွဲမှာ ကျရှုံးသွားကြသော အုပ်ချုပ်သူနတ်သားရဲများကို ဖိနှိပ်လိုက်ကြသည်။
ဟန်မူယဲ့က မလှုပ်ရှားပေ။
မူလအုပ်ချုပ်သူခန္ဓာကိုယ်ကိုးခုက လုယက်ခံလိုက်ရပြီး ထိုအုပ်ချုပ်သူနတ်သားရဲများ၏ သန့်စင်ခံလိုက်ရသည်ကို သူက အေးဆေးတည်ငြိမ်စွာ ကြည့်နေသည်။
“ ဘန်း ”
“ ဘန်း ”
စွမ်းအင်အလင်းတန်းများက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြသည်။
ယင်းက မူလအုပ်ချုပ်သူတစ်ပါး ထွက်ပေါ်လာမှု၏ အသွင်လက္ခဏာ ဖြစ်သည်။
ကောင်းကင်ပေါ်တွင် ဝဲကတော့များက စတင်ထွက်ပေါ်လာကြသည်။
“ ဝီး ”
အသင်္ချေအလင်းတန်းများက ထိုဝဲကတော့များထဲမှ ပျံသန်းထွက်လာကြသည်။
လူသားများ… ။
သူတို့က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ လူများဖြစ်ကြသည်။
ကမ္ဘာဦးအုပ်ချုပ်သူနတ်သားရဲများနှင့် မရေမတွက်နိုင်သော အဆင့်မြင့်နတ်သားရဲများသည် မူလအုပ်ချုပ်သူခန္ဓာကိုယ်နှင့် မဟာပန်သွန်ကျောက်တုံးများအတွက် အပြင်းအထန် တိုက်ခိုက်နေကြလေရာ တခြားကိစ္စများကို အာရုံမထားနိုင်ကြပေ။
ထိုသို့အချိန်မှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူတစ်သန်းက ကမ္ဘာဦးလောကဆီသို့ ဆင်းသက်လာကြသည်။
သူတို့ကို ဦးဆောင်လာသော ကျင့်ကြံသူက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကြီးမြတ်သော ဂုဏ်ကျက်သရေကို ထုတ်လွှတ်နေသည့် လူသားတစ်ယောက် ဖြစ်သည်။
ကျူးလီမြို့တော်မှ ကျူးဟဲအင်မော်တယ်ဘုရင်… ။
သူ၏ အနောက်တွင် ပုံရိပ်တစ်ခုပြီးတစ်ခုက ဆင်းသက်လာကြပြီး အံ့ဖွယ်ကောင်းသော ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရားအလင်းကို ကိုယ်စီထုတ်လွှတ်လိုက်ကြသည်။
သူတို့အားလုံးက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ အစွမ်းထက်လက်ရွေးစင်များသာ မဟုတ်ကြချေ။ သူတို့ထဲတွင် မျက်လုံးသုံးလုံး၊ လက်လေးဖက်နှင့် အတောင်ပံနှစ်စုံရှိသော ကန်အန်းမျိုးနွယ်ဝင်များလည်း ပါဝင်ကြသည်။
ကန်အန်းမျိုးနွယ်စုမှ ကျင့်ကြံသူများသည် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်နှင့် မဟာမိတ်ဖွဲ့လိုက်ကြသည်။
အချိန်အတော်ကြာ မဟာရန်သူဖြစ်ခဲ့ကြသော အင်အားစုနှစ်ခုက အတူတကွ ပူးပေါင်းသွားလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
“ ကမ္ဘာဦးလောကက ကန်အန်းမျိုးနွယ်ဝင်တွေကြောင့် ပျက်စီးသွားခဲ့တယ်… ဒါကို နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ကန်အန်းမျိုးနွယ်စုနဲ့ ပူးပေါင်းလိုက်တယ်… ရယ်စရာကောင်းလိုက်တာ ”
ဟန်မူယဲ့က သူ၏ ဘေးပတ်ဝန်းကျင်မှ ပုံရိပ်များကို ကြည့်နေရင်း ရယ်လိုက်ပြီး ရွဲ့စောင်းပြောသည်။
“ ဟန်မူယဲ့… မင်းကို နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က အလိုရှိနေတာ အတော်ကြာပြီ… ဒီနေ့တော့ မင်းသေချာပေါက် အညံ့ခံရမယ် ”
ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အရှေ့ဆုံးမှ ပုံရိပ်တစ်ခုက သူ၏ လက်ထဲမှ လှံကို ကိုင်မြှောက်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဟန်မူယဲ့က သူ့ကို စကားပြန်မပြောပေ။ သူက သူ့အရှေ့မှ ကျူးဟဲအင်မော်တယ်ဘုရင်ကို ကြည့်လိုက်သည်။
ကျူးဟဲအင်မော်တယ်ဘုရင်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ ဆရာဟန်… ကျုပ်တို့တွေ မိတ်ဆွေဖြစ်နိုင်ပါတယ်… မဟာမိတ်တောင်မှ ဖြစ်နိုင်ပါတယ်… ဒါပေမဲ့ စိတ်မကောင်းစရာက ခင်ဗျားက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို ဆန့်ကျင်ခဲ့တယ်… ဒီတော့ ခင်ဗျားကို ကျုပ်လက်လွှဲပေးရလိမ့်မယ် ”
“ ဒါပေမဲ့ စိတ်ချပါ… ကမ္ဘာဦးလောကမှာ ခင်ဗျားတည်ဆောက်ခဲ့တဲ့ အရာအားလုံးကို ကျုပ်တို့တွေ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းပါ့မယ် ”
“ ကမ္ဘာဦးအုပ်ချုပ်သူတွေ၊ လူသားမျိုးနွယ်စုတွေ… တကယ်လို့ သူတို့ဆန္ဒရှိတယ်ဆိုရင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ရဲ့ ယဇ်ပလ္လင်ကို အသုံးပြုပြီးတော့ ဒီကနေ ထွက်ခွာနိုင်ကြလိမ့်မယ် ”
ယင်း၏ အဓိပ္ပာယ်က ဟန်မူယဲ့ကို သတ်ပြီး ကမ္ဘာဦးလောကထဲမှာ ဟန်မူယဲ့ တည်ဆောက်ခဲ့သော အရာအားလုံးကို သိမ်းယူမည်ဟု ဆိုလိုပေသည်။
ထိုသို့အကြံအစည်က အလွန်အံ့ဖွယ်ကောင်းပြီး အသေးစိတ်ကျသည်။
ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။ သူစကားပြောလိုက်သည့်အခါ နက်နဲသိမ်မွေ့သော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ကျုပ်တကယ်ပဲ သိချင်မိတယ်… ကျုပ်က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က လိုက်ဖမ်းနေတဲ့လူဆိုတာ ခင်ဗျား ဘယ်အချိန်တုန်းက သိသွားတာလဲ ”
သူ့စကားက ကျူးဟဲအင်မော်တယ်ဘုရင်နှင့် သူ့အနောက်မှ တခြားအင်မော်တယ်ဘုရင်များကို တစ်ခဏ အံ့ဩသွားစေသည်။ ထို့နောက် သူတို့အားလုံးက အော်ရယ်လိုက်ကြသည်။
ဝတ်စုံဖြူဝတ်ဆင်ထားပြီး မုတ်ဆိတ်ဖြူရှိသော အကြီးအကဲတစ်ယောက်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ ကမ္ဘာဦးလောကထဲမှာ နှစ်တွေကို ရေတွက်လို့ မရဘူး… နတ်ဘုရားကမ္ဘာရဲ့ အချိန်နဲ့ တွက်ဆကြည့်မယ်ဆိုရင် အဲ့ဒီသတင်း ကမ္ဘာဦးရှေးဟောင်းအပျက်အစီးကုန်းမြေဆီ ရောက်လာတာ လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းကပဲ ”
“ တိမ်မြူဓားအင်မော်တယ်က မှတ်မိမှာ မဟုတ်ပေမဲ့ နတ်ဘုရားကမ္ဘာရဲ့ အတားအဆီးတွေကို ခင်ဗျားချိုးဖြတ်ခဲ့တုန်းက ဒီအင်မော်တယ်က ခင်ဗျားကို တားဆီးခဲ့ဖူးပါတယ် ”
“ တိမ်မြူဓားအင်မော်တယ်ရဲ့ ကျင့်ကြံခြင်းစွမ်းအားက အရမ်းသန်မာပါတယ်… ဒါကြောင့် ကျုပ်လို သာမညောင်ည အင်မော်တယ်အရှင်သခင်တစ်ပါးကို ခင်ဗျားက ဘယ်ဂရုစိုက်မှာလဲ ”
ထိုပုဂ္ဂိုလ်က နတ်ဘုရားကမ္ဘာနှင့် အင်မော်တယ်ကမ္ဘာ၏ ပေါင်းစည်းမှုစစ်ပွဲမှာ ဟန်မူယဲ့ကို တားဆီးခဲ့ဖူးသည်။
တစ်နည်းဆိုရလျှင် ထိုကိစ္စများက လွန်ခဲ့သော နှစ်တစ်ထောင်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုစစ်ပွဲပြီးနောက် ဟန်မူယဲ့က နတ်ဘုရားကမ္ဘာမှ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ မဟာရန်သူတော်တစ်ယောက်ဖြစ်လာခဲ့ပြီး ကြယ်စင်စုစကြာဝဠာဆီသို့ ထွက်သွားရန် တွန်းအားပေးခြင်းခံခဲ့ရသည်။
သူက ကြယ်စင်စုစကြာဝဠာထဲမှာ သူ့ကိုယ်ပိုင်တိုက်ပွဲစွမ်းအားကို မြှင့်တင်ခဲ့ပြီး လက်နက်သန့်စင်ခြင်းပညာရပ်အသစ်များကို တတ်ကျွမ်းခဲ့သည်။ ထို့ပြင် ကြယ်စင်စုစကြာဝဠာမှ စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များက သူ့အတွက် အခြေခံအုတ်မြစ် ဖြစ်လာခဲ့သည်။
မူလစကြာဝဠာဆီသို့ ပြန်ရောက်လာသည့်အခါ သူ၏ တိုက်ပွဲစွမ်းအားနှင့် သူ့လက်အောက်ငယ်သားများ၏ တိုက်ပွဲစွမ်းအားက အကြီးအကျယ် တိုးမြှင့်သွားခဲ့သည်။ သို့ဖြစ်၍ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်သည်ပင် သူတို့ကို မဆန့်ကျင်ဝံ့တော့ချေ။
သို့သော်လည်း ထိုသတင်းများကို ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေမှ လူများက မသိထားကြဟန် ရ၏။
ထို့ကြောင့် ဟန်မူယဲ့က အစောနက ထိုသို့မေးခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ဟန်မူယဲ့က ကန်အန်းစကြာဝဠာတစ်ခုလုံးကိုပင် သိမ်းပိုက်နိုင်သည်အထိ အလွန်သန်မာနေကြောင်း ထိုလူသားများနှင့် ကန်အန်းမျိုးနွယ်ဝင်များက မသိထားကြချေ။
ဟန်မူယဲ့က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ လိုက်ဖမ်းမှုကြောင့် ထွက်ပြေးနေရသော ဓားအင်မော်တယ်ဖြစ်နေဆဲဟု သူတို့က ထင်မှတ်နေကြသည်။
အကျဉ်းချုပ်ရသော် သူတို့ရရှိထားသော သတင်းများက အလွန်ခေတ်နောက်ကျနေ၏။
“ ဒီတော့ အဲ့ဒီလိုကို ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ၏ ဘေးပတ်ဝန်းကျင်မှ လူသားသန်းပေါင်းများစွာနှင့် ကန်အန်းမျိုးနွယ်ဝင်များကို ကြည့်လိုက်သည်။
သူတို့က ကမ္ဘာဦးအပျက်အစီးကုန်းမြေမှာ မွေးဖွားလာခဲ့ကြသောကြောင့် ကမ္ဘာဦးစွမ်းအား၏ ဆန့်ကျင်ခြင်းမခံရချေ။
သူတို့က အလွန်မသန်မာရုံမှလွဲလျှင် မည်သည့်ပြစ်ချက်မှ မရှိကြပေ။
သူတို့ထဲမှ အများစုက အင်မော်တယ်အရှင်သခင်အဆင့်မှာ ဖြစ်ကြသည်။ ထိုကျင့်ကြံခြင်းအဆင့်က ကမ္ဘာဦးလောကထဲမှာ မည်သည့်စွမ်းအားကို ထုတ်လွှတ်နိုင်လိမ့်မည်နည်း။
သူတို့က ကမ္ဘာဦးလောကထဲမှာ ပုရွတ်ဆိတ်သာသာ တည်ရှိမှုများ ဖြစ်ကြသည်။
ဟန်မူယဲ့က ခေါင်းမော့လိုက်ပြီး မိုးမြေကြားမှ ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။
ကောင်းကင်ထက်တွင် ဝဲကတော့အများအပြားက လှည့်ပတ်နေကြဆဲပင်။
လူသားများ ရောက်ရှိလာပြီးသော်လည်း ဝဲကတော့များက မပျောက်ကွယ်သွားကြသေးပေ။
“ မင်းတို့က… ရှေးဦးအပျက်အစီးကုန်းမြေကနေ တန်းတန်းမတ်မတ် ရောက်လာကြတာလား ”
ဟန်မူယဲ့က ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး တည်ကြည်လေးနက်စွာ ပြောသည်။
ယခု ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေက ရှေးဦးအပျက်အစီးကုန်းမြေ၏ သိမ်းပိုက်ခံလိုက်ရသော စစ်မြေပြင် ဖြစ်လာသည်။
ထိုနေရာတွင် ကမ္ဘာဦးလောကထဲမှ နတ်သားရဲများက အုပ်စုနှစ်စု ကွဲသွားကြပြီး အပြန်အလှန် ဆန့်ကျင်နေကြသည်။
“ တိမ်မြူဓားအင်မော်တယ်က တကယ် အံ့ဩစရာပဲ… ဒီလိုလျှို့ဝှက်ချက်တွေကိုတောင် ရှာတွေ့နိုင်တယ် ”
ကျူးဟဲအင်မော်တယ်ဘုရင်၏ ဘေးမှ မုတ်ဆိတ်ဖြူအကြီးအကဲက စိတ်ကျေနပ်စွာ ပြောသည်။
“ အညံ့ခံလိုက်ပါ… ရှေးဦးအပျက်အစီးကုန်းမြေက အခု ကျုပ်တို့ရဲ့ ထိန်းချုပ်မှုအောက်ကို ကျရောက်သွားပြီ… ရှေးဦးအပျက်အစီးကုန်းမြေကို ကမ္ဘာဦးရှေးဟောင်းအပျက်အစီးကုန်းမြေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် ကျုပ်တို့က ကမ္ဘာဦးလောကရဲ့ မူလစွမ်းအားသုံးဆယ်ရာခိုင်နှုန်းကို ရရှိကြလိမ့်မယ်… မိုးမြေက ပေါင်းစပ်သွားတဲ့အခါ ကျုပ်တို့က မရေမတွက်နိုင်တဲ့ နတ်သားရဲတွေ၊ အုပ်ချုပ်သူနတ်သားရဲတစ်ရာနဲ့ မူလအုပ်ချုပ်သူတစ်ပါးကိုတောင် မွေးထုတ်ပေးနိုင်လိမ့်မယ် ”
အစတွင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ကမ္ဘာဦးလောကထဲမှ နတ်သားရဲများကို အပြင်လောကသို့ ထွက်ပြေးစေရန်သာ ကြံစည်ခဲ့သည်။
နောက်ပိုင်းမှာ သူတို့က ရှေးဦးအပျက်အစီးကုန်းမြေကို ကမ္ဘာဦးအပျက်အစီးကုန်းမြေက သိမ်းပိုက်နိုင်ရန် အစီအစဉ်ဆွဲခဲ့ကြသည်။
ရှေးဦးအပျက်အစီးကုန်းမြေကို စတေးခြင်းဖြင့်၊ ကမ္ဘာဦးအပျက်အစီးကုန်းမြေက ရှေးဦးအပျက်အစီးကုန်းမြေကို ဝါးမျိုလိုက်သည့်အခါ သူတို့က ကြီးမားသော အကျိုးအမြတ်များကို ရရှိကြလိမ့်မည်။
ထို့ကြောင့် တခြားနေရာများမှ ရောက်လာကြသော ထိုလူသားများသည် ကမ္ဘာဦးအပျက်အစီးကုန်းမြေ၏ ဖိနှိပ်မှုကို မခံကြရချေ။
ကမ္ဘာဦးအပျက်အစီးကုန်းမြေက ရှေးဦးအပျက်အစီးကုန်းမြေကို သိမ်းပိုက်ချင်သည်ဆိုလျှင် သူတို့၏ အကူအညီကို လိုအပ်လိမ့်မည်။ ထို့ကြောင့် ကမ္ဘာဦးအပျက်အစီးကုန်းမြေက သူတို့ကို မဖြစ်မနေ ကာကွယ်ပေးရလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့် သူတို့က အကြောက်အရွံ့မဲ့စွာ ပြုမူနေကြခြင်း ဖြစ်သည်။
ကမ္ဘာဦးအပျက်အစီးကုန်းမြေက သူတို့ကို နယ်ရုပ်များသဖွယ် ဆက်ဆံခဲ့သည်။
ဟန်မူယဲ့က နယ်ရုပ်တစ်ခုဖြစ်သလို ထိုလူသားများသည်လည်း နယ်ရုပ်များ ဖြစ်ကြသည်။
သို့သော်လည်း မည်သူမှ နယ်ရုပ်ဖြစ်ရန် ဆန္ဒမရှိကြချေ။
ဟန်မူယဲ့က ကမ္ဘာဦးအပျက်အစီးကုန်းမြေ၏ မူလစွမ်းအားကို အသုံးပြု၍ သူ့ကိုယ်ပိုင်စွမ်းအားကို တိုးမြှင့်ခဲ့သည်။ ထို့ပြင် ဤအတောအတွင်းမှာ သူက ရတနာအများအပြားကိုလည်း ရရှိခဲ့သည်။
အခြားတစ်ဖက်မှာတော့ ထိုလူသားများနှင့် ကန်အန်မျိုးနွယ်ဝင်များက ကမ္ဘာဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားကို အသုံးပြု၍ တိတ်တဆိတ် ဆင်းသက်လာခဲ့ကြသည်။
စည်းမျဉ်းများထဲမှာ အပြန်အလှန် ကန့်သတ်ချက်များ ရှိသည်။
“ ဗုန်း ”
အခြားတစ်နေရာတွင် မူလအုပ်ချုပ်သူခန္ဓာကိုယ်တစ်ခုက ပြီးမြောက်စွာ သန့်စင်ခံလိုက်ရသည်။ နောက်အခိုက်အတန့်မှာ အနီရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ဟန်မူယဲ့၏ အရှေ့သို့ ပျံသန်းလာသည်။
ဝေဝါးသော အရိပ်တစ်ခုက ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် လွင့်မျောသွားသည်။
ကောင်းကင်ဝါးမျိုမြွေ… ။
“ ဆရာဟန် သန့်စင်ပေးထားတဲ့ ခန္ဓာကိုယ်က တကယ်အံ့ဖွယ်ပဲ… သွေးမျိုးဆက်တစ်ခုရဲ့ မူလစွမ်းအားကို တကယ်ပဲ ထိန်းချုပ်နိုင်တယ် ”
အခန်း(၁၁၅၉)
ဟန်မူယဲ့ကို ကြည့်လိုက်သည့်အခါ အေးတိအေးစက် အပြုံးက ကောင်းကင်ဝါးမျိုမြွေ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ခင်ဗျားကို ကျေးဇူးတင်တဲ့အနေနဲ့… ဒီဘုရင်က ခင်ဗျားကို ဝါးမျိုပြီး ခင်ဗျားရဲ့ စွမ်းအားကို ကျုပ်ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲပစ်မယ် ”
ဟန်မူယဲ့က သွေးမျိုးဆက်နှစ်ခုကို အမိန့်ပေးနိုင်သော မူလအုပ်ချုပ်သူဖြစ်သည်။ အကယ်၍ ဟန်မူယဲ့ကိုသာ ဝါးမျိုနိုင်မည်ဆိုလျှင် ၎င်းက စိတ်ကူးမယဉ်နိုင်သော အကျိုးအမြတ်များကို ရရှိလိမ့်မည်။
ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း နတ်ဘုရားအလင်းက ကောင်းကင်ဝါးမျိုမြွေ၏ ဘေးပတ်ဝန်းကျင်မှ လူသားများထံမှ ထွက်ပေါ်လာသည်။
“ လှုပ်ရှားကြတော့… ဆရာဟန်က မူလအုပ်ချုပ်သူခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ကြောင်း ငါတို့သိပြီးကတည်းက ဒီလိုဖြစ်လာဖို့ ကြိုတင်ကြံစည်ထားခဲ့တာ… ”
“ တကယ်တော့… မူလအုပ်ချုပ်သူခန္ဓာကိုယ်တွေ သန့်စင်ဖို့အတွက်တောင် ငါတို့က ရင်းနှီးမြှုပ်နှံပေးခဲ့သေးတာ ”
ကျူးဟဲအင်မော်တယ်ဘုရင်က စကားပြောနေရင်း မိုးမြေကြားမှ အဆုံးမဲ့သော မူလစွမ်းအားကို ဆွဲဆောင်လိုက်သည်။
ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအား… ။
ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ စွမ်းအားက ဒလဟော ပေါ်လျှိုးလာသည်။
ကမ္ဘာဦးလောကက ထိုစွမ်းအားကို မဆန့်ကျင်ပေ။
အပျက်အစီးနယ်မြေတစ်ခု၏ စွမ်းအားက ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ကျဆင်းလာပြီး သူ့ကို ပစ်မှတ်ထားလိုက်သည်။
မင်းက မူလအုပ်ချုပ်သူတစ်ပါးဖြစ်တော့ရော ဘာအရေးလဲ… ။
မင်းက သွေးမျိုးဆက်နှစ်ခုရဲ့ မူလစွမ်းအားကို ထိန်းချုပ်နိုင်တော့ရော ဘာအရေးလဲ… ။
ဆရာဟန်က မည်မျှသန်မာပါစေ အပျက်အစီးနယ်မြေတစ်ခု၏ စွမ်းအားကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ချေ။
ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားက တန်းမတ်စွာ ဆင်းသက်လာပြီး ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်မှ အချင်းမိုင်တစ်ရာပတ်လည်ဧရိယာကို ချိပ်ပိတ်လိုက်သည်။
ကမ္ဘာဦးလောကသည် ဟန်မူယဲ့ကို ကူညီရန် လက်တစ်ချောင်းပင် မမြှောက်နိုင်ပေ။ အစောနက ၎င်းချီးမြှောက်ထားသော မူလစွမ်းအားသည်ပင် ကန့်သတ်ခံလိုက်ရသည်။
ကမ္ဘာဦးလောကသည် ရှေးဦးအပျက်အစီးကုန်းမြေမှ စွမ်းအားကို မငြင်းဆန်ပေ။
အကယ်၍ ဟန်မူယဲ့က ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားကြောင့် သေဆုံးသွားမည်ဆိုလျှင် ယင်းက ဟန်မူယဲ့၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်လိမ့်မည်။
ကျူးဟဲအင်မော်တယ်ဘုရင်က ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားကို ဆင့်ခေါ်ရင်း ပြုံးလိုက်သည်။
ကောင်းကင်ဝါးမျိုမြွေ၏ မျက်လုံးထဲမှာလည်း မျှော်လင့်သော အရိပ်အယောင် ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ ခန္ဓာကိုယ်က ပြိုကွဲပျက်စီးသွားပြီး သူ၏ မူလစွမ်းအားက လေထဲမှာ ပြန့်ကျဲသွားမည်ဆိုလျှင် ၎င်းက တစ်ဖက်လူ၏ မူလစွမ်းအားကို အေးအေးလူလူ ဝါးမျိုနိုင်လိမ့်မည်။
အပျက်အစီးနယ်မြေတစ်ခု၏ စွမ်းအားဖြင့် ပစ်မှတ်ထားခံရသည့်အခါ ထိုလူက သေချာပေါက် သေဆုံးသွားရလိမ့်မည်။
“ ရှေးဦးအပျက်အစီးကုန်းမြေ… ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်သည်။
ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားက အရှိန်အဟုန်ပြင်းစွာ ဆင်းသက်လာနေစဉ် ရွှေကျီးကန်းစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။
ယင်းက ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေ၏ အထောက်အပံ့စွမ်းအားဖြစ်သော မဟာနေမင်းရွှေကျီးကန်းစွမ်းအား ဖြစ်သည်။
အတိတ်မှာ မဟာနေမင်းရွှေကျီးကန်းသည် ကိုယ့်ကိုယ်ကိုယ် စတေး၍ နေလုံးအဖြစ် ပြောင်းလဲခဲ့ပြီး ရှေးဦးအပျက်အစီးကုန်းမြေကို အလင်းရောင်ပေးခဲ့သည်။ ထို့ကြောင့်သာ ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေက မြဲမြံစွာ ဆက်လက် တည်ရှိနိုင်နေခြင်း ဖြစ်သည်။
အတိတ်မှာ ဟန်မူယဲ့က ကမ္ဘာဦးရှေးဟောင်းအပျက်အစီးနယ်မြေထဲတွင် ရွှေကျီးကန်း၏ စစ်မှန်သော အရိုးကို ဖွဲ့စည်းနိုင်ခဲ့သည်။ နောက်ပိုင်းမှာ သူက ရွှေကျီးကန်း၏ စစ်မှန်သော ခန္ဓာကိုယ်ကို အသုံးပြု၍ သူ့ကိုယ်သူ မူလဝိညာဉ်ဓားအဖြစ် ပြောင်းလဲခဲ့သည်။
ယင်းက ဟန်မူယဲ့၏ လက်ရှိခန္ဓာကိုယ် ဖြစ်သည်။
ဟန်မူယဲ့က ဖြည်းညင်းစွာ မျက်လုံးမှိတ်လိုက်လေရာ သူ၏ ခန္ဓာကိုယ်က စတင်ဝေဝါးလာသည်။
ကောင်းကင်ဝါးမျိုမြွေက ဟက်ဟက်ပက်ပက် ရယ်မောနေစဉ် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ လူများက ပြုံးလိုက်ကြသည်။
ဟန်မူယဲ့ သေဆုံးသွားလျှင် သူတို့ရရှိလာမည့် အကျိုးအမြတ်များကို တွေးမိသောအခါ ထိုလူများက စိတ်လှုပ်ရှားလာကြသည်။
“ အဲ့ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ… ”
အဝေးမှာ ရပ်နေသော ခွန်ပန်က တဖြည်းဖြည်း အရည်ပျော်သွားနေဟန်ရသော ဟန်မူယဲ့၏ ခန္ဓာကိုယ်ကို မြင်သွားသောအခါ မယုံကြည်နိုင်ဖြစ်သွားသည်။
သူ၏ တွက်ချက်မှုအရ ဟန်မူယဲ့က မိုးမြေ၏ မျက်နှာသာပေးခြင်းခံရသူဖြစ်ပြီး ကမ္ဘာဦးလောက၏ စစ်မှန်သောအုပ်ချုပ်သူ ဖြစ်သည်။
သို့သော် ယခု ကမ္ဘာဦးလောကက ဟန်မူယဲ့ကို စွန့်ပစ်သွားသည်။
“ မိုးမြေက တကယ်ပဲ အကြင်နာမဲ့တယ်… သက်ရှိအားလုံးက ကိုယ့်ကျိုးအတွက်ပဲ ကြည့်တယ်… ”
နက်နဲသိမ်မွေ့သော အလင်းက ခွန်ပန်၏ မျက်လုံးထဲမှာ ဝင်းလက်သွားသည်။
ယင်းကို အစောကြီးကတည်းက သူကြိုသိထားသင့်သည်။
အကယ်၍ ကမ္ဘာဦးလောကသာ သူတို့ကို အမှန်တကယ် ဂရုစိုက်သည်ဆိုလျှင် မရေမတွက်နိုင်သော နတ်သားရဲများ သေကြေပျက်စီးနေသည်ကို ၎င်းက ခွင့်ပြုလိမ့်မည်လော။
အကယ်၍ ကမ္ဘာဦးလောကသာ သက်ရှိများကို အမှန်တကယ် ဂရုစိုက်သည်ဆိုလျှင် မည်သို့ကြောင့် ၎င်းက မူလစွမ်းအားကို ထပ်ခါထပ်ခါ ဝါးမျိုပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်လိမ့်မည်နည်း။
ကမ္ဘာဦးလောက၏ မျက်လုံးထဲတွင် သက်ရှိအားလုံးက သူ့အတွက် အသုံးချခံပစ္စည်းများ ဖြစ်ကြသည်။
“ ဝီး ”
ကျူးရုန်နှင့် ကုန်းကုန်းက ကောင်းကင်ပေါ်သို့ ပျံတတ်သွားကြပြီး လည်ပတ်နေသော အလင်းဝဲကတော့ကို တိုက်ခိုက်လိုက်ကြသည်။
သို့သော် သူတို့၏ တိုက်ခိုက်မှုများက ဝဲကတော့များကို မလှုပ်ခါပစ်နိုင်ပေ။
သွေးမျိုးဆက်တစ်ခု၏ မူလအုပ်ချုပ်သူတစ်ပါးသည်ပင် ထိုဝဲကတော့များကို မဖျက်ဆီးပစ်နိုင်ပေ။
ကျူးရုန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ အနောက်တွင် ပေတစ်သောင်းရှည်လျားသော မီးတောက်စစ်ဗိုလ်ချုပ်တစ်ဦး ထွက်ပေါ်လာပြီး ၎င်း၏ လက်ထဲမှ လှံဖြင့် အရှေ့သို့ ထိုးစိုက်လိုက်သည်။
အခြားတစ်ဖက်တွင် ကုန်းကုန်းက ရေနဂါးတစ်ကောင်အသွင် ပြောင်းလဲလိုက်ပြီး ခေါင်းမော့လိုက်ကာ ဟိန်းဟောက်လိုက်သည်။ သူ၏ ဟိန်းသံအောက်မှာ လေနှင့် တိမ်တိုက်များက ပရမ်းပတာ လှုပ်ခတ်သွားကြသည်။
ရေသွေးမျိုးဆက်နှင့် မီးသွေးမျိုးဆက်မှ အုပ်ချုပ်သူနှစ်ပါးသည် သူတို့၏ မူလစွမ်းအားကို လှုံ့ဆော်၍ ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအင်ဝဲကတော့များကို ဖျက်ဆီးပစ်ရန် ကြိုးစားလိုက်ကြသည်။
“ ဝီး ”
သို့သော်လည်း မိုးမြေကြားထဲတွင် မရေမတွက်နိုင်သော သံကြိုးများ ထွက်ပေါ်လာကြပြီး သူတို့၏ ခန္ဓာကိုယ်ကို ရစ်ပတ်ချုပ်နှောင်လိုက်ကြသည်။
ရှေးဦးအပျက်အစီးကုန်းမြေနှင့် ပေါင်းစည်းရန် ဆုံးဖြတ်ခဲ့သည်မှာ ကမ္ဘာဦးလောက ဖြစ်သည်။ သို့ဖြစ်၍ ကမ္ဘာဦးလောကသည် ဤအခိုက်အတန့်မှာ မည်သူ့ကိုမှ ဝင်ရောက်နှောင့်ယှက်ရန် ခွင့်မပြုနိုင်ပေ။
ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားအောက်မှာ ဟန်မူယဲ့၏ ခန္ဓာကိုယ်က ဝေဝါးလာပြီး မတည်မငြိမ်ဖြစ်လာသည်။
ကမ္ဘာဦးစွမ်းအားက ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားဖြင့် ပေါင်းစပ်သွားနေသည်။
ယင်းက ကမ္ဘာဦးလောက လိုချင်သောအရာ ဖြစ်သည်။ ၎င်းက အပျက်အစီးနယ်မြေတစ်ခုလုံးကို ဝါးမျိုပြီး မိုးမြေကို ပြန်ဖွဲ့စည်းချင်သည်။
ထို့ကြောင့် ၎င်းက ဟန်မူယဲ့၏ စွမ်းအားကို မြှင့်တင်ပေးခဲ့ပြီး နတ်သားရဲများကြားတွင် သွေးထိုးလှုံ့ဆော်ခဲ့သည်။ ထို့ပြင် ၎င်းက ရှေးဦးအပျက်အစီးကုန်းမြေထဲမှ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်နှင့် တခြားအင်အားစုများကြားတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာရန် လုပ်ဆောင်ခဲ့သည်။ ထိုသို့အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် ယခုကဲ့သို့ အခြေအနေသို့ ရောက်ရှိလာသည်။
၎င်း၏ အန္တိမရည်မှန်းချက်က ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားဖြင့် ပေါင်းစည်းရန် ဖြစ်သည်။
“ ဗုန်း ”
မိုးမြေကြားတွင် ဝဲကတော့များက ပိုမိုကျယ်ပြန့်လာပြီး ဝဲကတော့အားလုံးတွင် ရှေးဦးအပျက်အစီးကုန်းမြေမှ စွမ်းအားဖြင့် ပြည့်နှက်သွားသည်။ ကမ္ဘာဦးလောကက ယင်းတို့ကို လွှမ်းခြုံလိုက်ပြီး ဝါးမျိုလိုက်သည်။
တစ်ချိန်တည်းမှာ ထိုစွမ်းအင်အားလုံး၏ ဖိအားက ဟန်မူယဲ့ပေါ်သို့ ကျဆင်းလာသည်။
စွမ်းအားဖိနှိပ်မှုက စိတ်ကူးမယဉ်နိုင်သော အဆင့်ထိ ရောက်ရှိသွားသည်။
ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားကို လမ်းဖွင့်ပေးထားကြသော နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ လူသားကျင့်ကြံသူများနှင့် ကန်အန်းမျိုးနွယ်ဝင်များသည်လည်း ကြီးမားသော နာကျင်မှုကို ခံစားနေကြရသည်။ သူတို့အားလုံးက အံကြိတ်ထား၍ တောင့်ခံနေကြသည်။
သူတို့က ဟန်မူယဲ့၏ ခန္ဓာကိုယ် ပြိုကွဲပျက်စီးသွားပြီး မူလစွမ်းအားအဖြစ် ပြောင်းလဲသွားမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။
သို့သော်လည်း ဟန်မူယဲ့ အသွင်ပြောင်းလဲထားသော ပုံရိပ်ယောင်ခန္ဓာကိုယ်က တစ်နည်းနည်းဖြင့် ဆက်လက် တောင့်ခံထားနေဆဲပင်။
ထိုသို့တောင့်ခံနိုင်ခြင်းက အံ့ဖွယ်ကောင်းသော်လည်း ယခု သူ့မှာ အရိပ်တစ်ခုသာ ကျန်ရှိတော့သည်။
“ ရှေးဦးအပျက်အစီးကုန်းမြေရဲ့ မူလစွမ်းအားကို ပိုပြီးဆွဲဆောင်ပါ… မဟုတ်ရင် ငါတို့ ဆက်ပြီး တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး ”
ကျူးဟဲအင်မော်တယ်ဘုရင်က အံကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။
ကောင်းကင်ဝါးမျိုမြွေက ပါးစပ်ဟလိုက်လေရာ ရက်စက်ကြမ်းကြုတ်သော အကြည့်က ၎င်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကောင်းကင်ထက်မှ ဝဲကတော့များက ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားကို ဒလဟော သွန်းလောင်းလိုက်သည်။
ကမ္ဘာဦးလောကက စတင်လှုပ်ခါသွားသည်။
ယင်းက ကမ္ဘာဦးလောကနှင့် ရှေးဦးပျက်အစီးကုန်းမြေ၏ ပေါင်းစည်းမှု ဖြစ်သည်။
ကမ္ဘာဦးလောကနှင့် ရှေးဦးအပျက်အစီးကုန်းမြေက ခေတ်တစ်ခေတ်တည်းမှာ မွေးဖွားလာကြခြင်း မဟုတ်ချေ။ ၎င်းတို့က ယခင်ခေတ်အဆက်ဆက်တွင် တစ်ခါမှ မဆက်သွယ်ခဲ့ဖူးကြချေ။ သို့သော်လည်း ယခု ၎င်းတို့က အချိန်မြစ်ကို ဖြတ်သန်း၍ ပေါင်းစည်းသွားကြသည်။
ကမ္ဘာဦးလောကက တုန်ယင်သွားသည်။ အဆုံးမဲ့သော နတ်ဘုရားအလင်းက လေထဲမှာ ပြန့်ကျဲသွားပြီး ထွန်းလင်းတောက်ပလာသည်။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောကက ပြန်ရှင်သန်လာသည်။
တစ်ချိန်တည်းမှာ ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားက ဟန်မူယဲ့ပေါ်သို့ ဒလဟော ကျဆင်းလာသည်။
ထိုသို့စွမ်းအားဖြင့် ရင်ဆိုင်ရသည့်အခါ အုပ်ချုပ်သူနတ်သားရဲများသည်ပင် ပုရွက်ဆိတ်များကဲ့သို့ တုန်ယင်သွားကြလိမ့်မည်။
“ ဘန်း ”
နောက်ဆုံးမှာ ဟန်မူယဲ့၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားသည်။
သို့သော်လည်း ထိုနေရာတွင် သုံးပေရှည်လျားသော ဓားတစ်လက်က ထွက်ပေါ်လာသည်။
အနက်ရောင်ဓားက အနည်းငယ် တုန်ယင်သွားသည့်အခါ အနီရောင်အလင်းတန်းတစ်ခု ပေါ်လျှိုးလာသည်။
အစတွင် ရောင်ခြည်အလင်းက အနည်းငယ် မှေးမှိန်သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း လင်းထိန်လာသည်။
ဓားကိုယ်ထည်ပေါ်တွင် မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက အတူတကွ ယှက်ထွေသွားကြပြီး မီးတောက်များကို ဖန်တီးလိုက်သည်။
“ ကျီး ”
ကျယ်လောင်သော အော်မြည်သံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ဓားက ရွှေကျီးကန်းတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ခြေသုံးချောင်းရွှေကျီးကန်းသည် ကမ္ဘာဦးနတ်သားရဲတစ်ကောင် ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်မှာ ရွှေကျီးကန်းထွက်ပေါ်လာသည်နှင့်ချက်ချင်း မိုးမြေကြားမှ မူလစွမ်းအင်အားလုံးက ရွှေကျီးကန်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။
“ ကျီး ”
ကောင်းကင်အပြင်ဘက်တွင် တခြားရွှေကျီးကန်းတစ်ကောင်၏ အော်သံက ပဲ့တင်ထပ်သွားသည်။
ကောင်းကင်ကို ဖုံးလွှမ်းနိုင်သော၊ နေလုံးကို ဖုံးကွယ်နိုင်သော မဟာနေမင်းရွှေကျီးကန်းက ဤအခိုက်အတန့်မှာ ထွက်ပေါ်လာသည်။
“ ရှေးဦးအပျက်အစီးကုန်းမြေရဲ့ မူလဇစ်မြစ်အထောက်အပံ့… မဟာနေမင်းရွှေကျီးကန်း ”
“ ဟန်မူယဲ့… သူ… သူက မဟာနေမင်းရွှေကျီးကန်းရဲ့ မူလစွမ်းအားကိုလည်း ပိုင်ဆိုင်ထားတယ်လား ”
“ ဒါဆိုရင် ရှေးဦးအပျက်အစီးကုန်းမြေထဲက မူလစွမ်းအင်အားလုံးက ဟန်မူယဲ့နဲ့ ဇစ်မြစ်တစ်ခုတည်း မဟုတ်ဘူးလား ”
ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ဟန်မူယဲ့ကို သတ်ဖြတ်ရန် ဝိုင်းရံထားကြသော ပုံရိပ်အားလုံးက တုန်ယင်သွားကြသည်။ အံ့ဩထိတ်လန့်မှုက သူတို့၏ မျက်လုံးထဲမှာ ထင်ရှားစွာ ပေါ်လွင်နေသည်။
ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားနှင့် ဟန်မူယဲ့က ဇစ်မြစ်တူညီလေရာ ရှေးဦးအပျက်အစီးကုန်းမြေက ဟန်မူယဲ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။
ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားက မည်မျှအားကောင်းပါစေ ၎င်းက ဟန်မူယဲ့ကို ထိခိုက်နာကျင်အောင် မလုပ်နိုင်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားက ဟန်မူယဲ့၏ တိုက်ပွဲစွမ်းအားကို တိုးမြှင့်ပေးလိမ့်မည်။
“ မတွေ့တာကြာပြီ ”
ဟန်မူယဲ့မှ အသွင်ပြောင်းလဲသွားသော ရွှေကျီးကန်းက ခေါင်းမော့လိုက်ပြီး နူးညံ့စွာ ပြောသည်။
သူ၏ အသံက အလွန်နက်ရှိုင်းပြီး ကြီးမြတ်သော စိတ်ဆန္ဒကို သယ်ဆောင်သွားသည်။
“ မတွေ့တာကြာပြီ ”
ကောင်းကင်အပြင်ဘက်မှ မဟာနေမင်းရွှေကျီးကန်းက ပြန်ပြောသည်။
“ အခုကစပြီး အနာဂတ်က မင်းရဲ့ လက်ထဲမှာပဲ ”
မဟာနေမင်းရွှေကျီးကန်းက စိတ်ကျေနပ်စွာ ပြောသည်။
မရေမတွက်နိုင်သော နတ်သားရဲများက ပြန်ရောက်လာကြပြီး ရွှေကျီးကန်းကလန်သည်လည်း ပြန်ရောက်လာသည်။ ထို့ပြင် ယခုအချိန်မှာ မိုးမြေက ပေါင်းစည်းသွားပြီး ကမ္ဘာဦးလောကက ပြန်ရှင်သန်လာသည်။
နတ်သားရဲများအတွက်တော့ ထိုအဖြစ်အပျက်အားလုံးက စိတ်ကျေနပ်ဖွယ်ရာကိစ္စများ ဖြစ်ကြသည်။
အတိတ်မှာ ၎င်းတို့စတေးခဲ့သော အရာများက ထိုအတွက်မဟုတ်ပေဘူးလား။
ကောင်းကင်အပြင်ဘက်တွင် မဟာနေမင်းရွှေကျီးကန်း၏ ခန္ဓာကိုယ်က လွင့်ပြယ်သွားပြီး မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ရွှေကျီးကန်းအသွင် ပြောင်းလဲထားသော ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေသည်။ ရှေးဦးအပျက်အစီးကုန်းမြေ၏ အဆုံးမဲ့သော မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာနေသည်ကို သူက ခွင့်ပြုပေးထားသည်။
“ ကျီး ”
ရွှေကျီးကန်းက ဆွဲငင်စွာ အော်မြည်လိုက်လေရာ ၎င်း၏ ခန္ဓာကိုယ်က မိုင်တစ်သောင်းအရွယ်အစားထိ ကြီးထွားသွားသည်။ ထိုမှတဖန် ၎င်းက မိုင်သန်းပေါင်းများစွာအထိ ကြီးထွားသွားပြီး ကောင်းကင်ယံတွင် နေလုံးအဖြစ် အသွင်ပြောင်းလဲသွားသည်။ နေလုံးက ကမ္ဘာဦးလောကတစ်ခုလုံးကို အလင်းရောင်ထွန်းလင်းပေးလိုက်သည်။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောက၏ မူလစွမ်းအားက ရှေးဦးအပျက်အစီးကုန်းမြေ၏ မူလစွမ်းအားနှင့် ပေါင်းစည်းသွားသည်။
နေလုံးက ကောင်းကင်ယံတွင် ထွန်းလင်းစွာ တောက်ပနေသည်။
“ ပြီးသွားပြီ ”
စူးရှတောက်ပသော နေရောင်ခြည်က သက်ရှိအားလုံးအပေါ်သို့ ကျရောက်လာသည့်အခါ နတ်သားရဲတချို့က တိုးညင်းစွာ ရေရွတ်လိုက်ကြသည်။
ထိုနေရောင်ခြည်ထဲမှာ ကိန်းဝပ်နေသော မူလစွမ်းအားက မဖော်ပြနိုင်အောင် အံ့ဖွယ်ကောင်းသည်။
“ မဖြစ်နိုင်တာ… သူ့ရဲ့ စွမ်းအားက မူလအုပ်ချုပ်သူထက်တောင် ကျော်လွန်သွားပြီ ”
ကောင်းကင်ဝါးမျိုမြွေက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ပျံသန်းသွားသည်။
“ တကယ်လို့ ဒီနေ့ သူမသေရင် ငါတို့အားလုံး သေသွားလိမ့်မယ် ”
ကျူးဟဲအင်မော်တယ်ဘုရင်က အံကြိတ်လိုက်ပြီး ပြောသည်။ သူက သူ၏ ဘေးပတ်ဝန်းကျင်မှ မူလစွမ်းအင်အားလုံးကို ဆွဲယူလိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်ရှိ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများနှင့် ကန်အန်းမျိုးနွယ်ဝင်များကို လှုံ့ဆော်လိုက်သည်။ ထို့နောက် သူတို့အားလုံးက နေလုံးအသွင် ပြောင်းလဲထားသော ဟန်မူယဲ့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။
ဟင်းလင်းပြင်ထဲတွင် ဟန်မူယဲ့၏ ရွှေကျီးကန်းပုံရိပ်က သုံးပေရှည်လျားသော အနက်ရောင်ဓားတစ်လက်အဖြစ် ပြန်ပြောင်းလဲသွားသည်။
သွမ့်ဟူရေကန်ထဲတွင် လှိုင်းလုံးများက ပရမ်းပတာ လှုပ်ခတ်သွားသည်။ ဤသည်မှာ ရှေးခေတ်ဘီလူးတစ်ကောင်က ရေကန်အပြင်သို့ ထွက်လာတော့မည့်အလားပင်။
မဟာပန်သွန်ယဇ်ပလ္လင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့၏ ကိုယ်ပွားက မျက်လုံးဖွင့်လိုက်သည်။
အခန်း(၁၅၆၀)
မဟာပန်သွန်ဘုံမှ ဘီလူးကိုယ်ပွား… ။
ဟန်မူယဲ့၏ ကိုယ်ပွား မျက်လုံးဖွင့်လိုက်သည့်အခိုက် ကမ္ဘာဦးလောကတစ်ခုလုံး လှုပ်ခါသွားသည်။ ဟင်းလင်းပြင်ထဲတွင် အဆုံးမဲ့သော မူလစွမ်းအားက တုန်ယင်သွားပြီး မိုးမြေကြားထဲမှ လေဟာနယ်က ပရမ်းပတာဖြစ်သွားသည်။
“ ဗုန်း ”
ကမ္ဘာဦးလောကက ကိုယ်ပွားကို မဖိနှိပ်နိုင်ပေ။ မရေမတွက်နိုင်သော မူလစွမ်းအားများက လွင့်ပြယ်သွားကြသည်။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောကကို ဖျက်ဆီးပစ်နိုင်သော ကိုယ်ပွားက သွမ့်ဟူရေကန်ထဲမှ ထွက်လျှောက်လာသည်။
“ အဲ့ဒါ… အဲ့ဒါ ကမ္ဘာဦးလောကကို ဖျက်ဆီးပစ်ခဲ့တဲ့ ဘီလူးမဟုတ်လား ”
“ သူက ချိပ်ပိတ်ခံထားရတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ ”
“ အတိတ်မှာ အဲ့ဒီဘီလူးက အစွမ်းထက် စစ်တပ်တစ်တပ်ကို ဦးဆောင်ပြီး ကမ္ဘာဦးလောကကို ဖျက်ဆီးပစ်ခဲ့တာ… ”
ဘေးပတ်ဝန်းကျင်မှ အုပ်ချုပ်သူနတ်သားရဲများက အလန့်တကြား အော်ပြောလိုက်ကြသည်။
ဤအခိုက်အတန့်မှာ ၎င်းတို့၏ အုပ်ချုပ်သူအရှိန်အဝါများက တုန်ယင်သွားကြသည်။ ဤသည်မှာ ၎င်းတို့က ပြိုကွဲပျက်စီးသွားတော့မည့်အလားပင်။
ယနေ့အဖြစ်အပျက်များက ၎င်းတို့ကို အတော်လေး ကြောက်ရွံ့စေခဲ့သည်။ ထို့ပြင် ၎င်းတို့ မည်သည့်အခါမှ မေ့မသွားမည့် အကြောက်တရားက ဤအခိုက်အတန့်မှာ ပြန်ပေါ်လာသည်။
ကမ္ဘာဦးလောကက အတိတ်မှာ ထိုဘီလူး၏ ကျူးကျော်မှုကြောင့် ပျက်စီးသွားခဲ့သည်။
မည်သို့ကြောင့် ထိုဘီလူးက အသက်ရှင်နေသေးသနည်း။
ခြေတစ်လှမ်းနှင့်အတူ ဘီလူးကိုယ်ပွားက ဟန်မူယဲ့၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားသည်။
သူက လက်ဆန့်ထုတ်လိုက်ပြီး ဟန်မူယဲ့၏ မူလခန္ဓာကိုယ်ဖြစ်သော မူလဝိညာဉ်ဓားကို ဖမ်းဆုပ်လိုက်သည်။
ဓားသွားပေါ်တွင် နေမီးတောက်စွမ်းအားက ပေါ်လျှိုးလာပြီး အကြမ်းပတမ်း ပေါက်ကွဲသွားသည်။
“ ဗုန်း ”
ဓားတစ်ချက်နှင့်အတူ အချင်းမိုင်သန်းပေါင်းများစွာအတွင်းမှ မိုးမြေက အက်ကွဲသွားသည်။
နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်မှ ကျင့်ကြံသူများနှင့် ကန်အန်းမျိုးနွယ်ဝင်အားလုံးက သေကြေပျက်စီးသွားကြသည်။
ဓားအလင်းဖြတ်သန်းသွားသည့်အခါ ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားဖြင့် ဖိနှိပ်ခံထားရသော ခန္ဓာကိုယ်များက မူလစွမ်းအားအဖြစ် လွင့်ပြယ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာ မိုးမြေကြားထဲမှ မူလစွမ်းအားက လှုံ့ဆော်ခံလိုက်ရပြီး ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။
ကမ္ဘာဦးလောက၏ ကန့်သတ်ချုပ်နှောင်မှုများက ဤအခိုက်အတန့်မှာ ချက်ချင်း ဖျက်ဆီးခံလိုက်ကြရသည်။
အဆုံးမဲ့သော မူလစွမ်းအားက ပေါက်ကွဲသွားပြီး ကမ္ဘာဦးလောကတစ်ခုလုံးက ပွက်ပွက်ဆူနေသော ပင်လယ်တစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ မူလစွမ်းအားက နေရာတိုင်းမှ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောက၏ မူလစွမ်းအားပမာဏက အံ့မခန်းအဆင့်ထိ မြင့်တတ်သွားသည်။
“ အဲ့ဒါ… အဲ့ဒါက ဘာလဲ… ကမ္ဘာဦးလောကက ဘာလို့ အဲ့လောက်သိပ်သည်းတဲ့ မိုးမြေမူလစွမ်းအားကို ထုတ်လွှတ်နိုင်ရတာလဲ ”
ခွန်ပန်၊ ရွှေရောင်ဖီးနစ်နှင့် တခြားအုပ်ချုပ်သူနတ်သားရဲများက အံ့ဩစွာ ရေရွတ်လိုက်ကြသည်။
ကမ္ဘာဦးလောကထဲ၌ မူလစွမ်းအားက အမြဲခမ်းခြောက်နေသည်။ သို့ဖြစ်၍ အုပ်ချုပ်သူနတ်သားရဲများသည် မူလစွမ်းအားကို အလုံအလောက် အသုံးမပြုနိုင်ကြချေ။
သို့သော်လည်း ယခု ကမ္ဘာဦးလောက ထုတ်လွှတ်လိုက်သော မူလစွမ်းအားပမာဏက ၎င်းတို့၏ စိတ်ကူးယဉ်နိုင်စွမ်းထက် သာလွန်သွားသည်။
“ ကမ္ဘာဦးလောကထဲမှာ ဘယ်တုန်းကမှ မူလစွမ်းအား မခမ်းခြောက်ခဲ့ဘူး… အဲ့ဒီအစား ကမ္ဘာဦးလောကက မူလစွမ်းအားကို သူ့ကိုယ်ပိုင်အရာလို့ သတ်မှတ်ထားတာကြောင့် တခြားသက်ရှိတွေကို ဘယ်တုန်းကမှ ဝေမျှမပေးခဲ့ဘူး ”
ခွန်ပန်က ရေရွတ်လိုက်လေရာ နာကျင်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
၎င်းတို့ဖြစ်စေ သို့မဟုတ် ရှေးခေတ်၌ အသက်စတေးသွားခဲ့ကြသော နတ်သားရဲများဖြစ်စေ ၎င်းတို့အားလုံးက ကမ္ဘာဦးလောကကို ၎င်းတို့၏ အန္တိမဒိုင်းကာအဖြစ်၊ အန္တိမအထောက်အပံ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ကမ္ဘာဦးလောက ဆက်လက် တည်ရှိနိုင်ရန်အလို့ငှာ ၎င်းတို့၏ အသက်ကို မနှမြောဘဲ စတေးခဲ့ကြသည်။
သို့သော်လည်း ကမ္ဘာဦးလောကက ၎င်းတို့ကို နယ်ရုပ်များသဖွယ် တစ်ချိန်လုံး အသုံးပြုနေခဲ့ကြောင်း ယခု နားလည်သွားကြသည်။
“ ဝီး ”
မိုးမြေကြားထဲတွင် ကြီးမြတ်သော စွမ်းအားတစ်မျိုး ပေါ်လျှိုးလာသည်။
ယင်းက ရှေးဦးအပျက်အစီးကုန်းမြေတစ်ခုလုံး၏ မူလစွမ်းအား ဖြစ်သည်။
ဤဖြစ်စဉ်ပြီးဆုံးသွားလျှင် မိုးမြေကြားထဲမှာ ရှေးဦးအပျက်အစီးကုန်းမြေက နောက်ထပ် တည်ရှိတော့မည် မဟုတ်ချေ။
ရှေးဦးအပျက်အစီးကုန်းမြေက ကမ္ဘာဦးလောကနှင့် ပေါင်းစည်းသွားလိမ့်မည်။
သက်ရှိအားလုံးက သူတို့၏ အရှေ့မှ အဖြစ်အပျက်များကို မျက်တောင်မခတ်တမ်း အံ့ဩစွာ ကြည့်နေကြသည်။
ကမ္ဘာဦးလောကကို ဖျက်ဆီးပစ်ခဲ့သော ဘီလူးက မည်သို့ကြောင့် ဟန်မူယဲ့ဖြစ်လာသနည်း။
ထိုဘီလူးက ကမ္ဘာဦးလောက၏ ရန်သူမဟုတ်ပေဘူးလော။
အစောနက ဓားချက်က မည်မျှအစွမ်းထက်လိုက်သနည်း။
သက်ရှိသန်းပေါင်းများစွာက ဓားတစ်ချက်အောက်မှာ သေကြေပျက်စီးသွားခဲ့ကြသည်။
အကယ်၍ ထိုဓားချက်သာ ကမ္ဘာဦးလောကကို ဖျက်ဆီးပစ်ရန် ဆန္ဒရှိမည်ဆိုလျှင် ကမ္ဘာဦးလောကက နောက်ထပ် တည်ရှိနိုင်ဦးမည်လော။
မိုးမြေက ပေါင်းစည်းသွားသည့်အခါ မူလစွမ်းအားက ၎င်းတို့၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာနေကြောင်း သက်ရှိအားလုံးက ခံစားမိသွားကြသည်။
ယင်းက မမျှော်လင့်ထားသောအရာ ဖြစ်သည်။
သို့သော်လည်း ကမ္ဘာဦးလောကကို သစ္စာဖောက်ခဲ့ကြသော နတ်သားရဲများက အကြောက်တရားကို စတင်ခံစားမိလာကြသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်းတို့က မူလစွမ်းအား၏ စီးဝင်မှုကို မခံစားရသောကြောင့် ဖြစ်သည်။ ယင်းအစား ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ မူလစွမ်းအားက အပြင်သို့ ဆွဲထုတ်ခံလိုက်ရသည်။
ရှေးဦးအပျက်အစီးကုန်းမြေ၏ မူလစွမ်းအားဖြစ်စေ ကမ္ဘာဦးလောက၏ မူလစွမ်းအားဖြစ်စေ ယင်းတို့က ၎င်းတို့ကို စွန့်ပစ်လိုက်သည်။
၎င်းတို့က စတေးခံကြရတော့မှာလား… ။
“ ဗုန်း ”
ဟင်းလင်းပြင်ထဲတွင် ဧရာမယဇ်ပလ္လင်တစ်ခု ထွက်ပေါ်လာသည်။
ယဇ်ပလ္လင်က မိုးမြေ၏ အချင်းမိုင်တစ်သန်းအတွင်းမှာ လှည့်ပတ်သွားပြီး ကမ္ဘာဦးလောကကို ဖုံးလွှမ်းသွားသည်။
ရွှေရောင်အလင်းက ယဇ်ပလ္လင်ပေါ်မှာ ထွက်ပေါ်လာသည့်အခါ မရေမတွက်နိုင်သော နတ်ဘုရားအင်းသင်္ကေတများက အတူတကွ ယှက်ထွေသွားကြသည်။ ထို့နောက် အံ့ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
နတ်ဘုရားအင်းသင်္ကေတအားလုံး အတူတကွ ယှက်ထွေသွားကြသည့်အခါ ဧရာမလှေကားတစ်ခုက လေထဲမှာ ထွက်ပေါ်လာသည်။
လှေကားက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး အောက်ဘက်သို့ ဆန့်တန်းသွားသည်။
“ ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားပေါ် တတ်ပြီး ခန္ဓာကိုယ်ပြန်တည်ဆောက်ကြပါ… ပြီးသွားရင် ငါ့ရဲ့ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲ ဝင်ရောက်ပြီး အနှစ်တစ်သိန်း အမှုထမ်းကြပါ… အနှစ်တစ်သိန်းပြီးသွားရင် လွတ်လပ်မှုကို မင်းတို့ပြန်ရကြလိမ့်မယ် ”
“ အသက်တစ်ရာရှူချိန်ကြာပြီးရင် ဒီလှေကားက ပျောက်ကွယ်သွားလိမ့်မယ်… အဲ့ဒီအခါကျရင် မင်းတို့က ဒီနေရာမှာ ထာဝရ ချုပ်နှောင်ခံကြရလိမ့်မယ် ”
ဟင်းလင်းပြင်ထဲတွင် ကြီးမြတ်သော အသံတစ်သံ ထွက်ပေါ်လာသည်။
မိုးမြေကြားတွင် စွမ်းအင်လှိုင်းဂယက်များက ဖရိုဖရဲ တုန်ယင်သွားပြီး ကမ္ဘာဦးလောက၏ မူလစွမ်းအားက လွင့်ပြယ်သွားသည်။
ဟန်မူယဲ့က ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားကို ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက တောက်ပသွားသည်။
ထိုလှေကားကို အသူရာကောင်းကင်ဘုံမှ လက်နက်သန့်စင်ခြင်းပညာရပ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်းထဲမှာ ကိန်းအောင်းနေသော မူလစွမ်းအားက ကမ္ဘာဦးလောကထက် မနိမ့်ကျပေ။
ယခုအချိန်မှာ ယဇ်ပလ္လင်က ကောင်းကင်နှင့် မြေပြင်ကြားမှ မိုးမြေစွမ်းအားကြောင့် ဒြပ်ထည်ဖွဲ့စည်းသွားပြီး ကမ္ဘာဦးလောကကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က ယခုအချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် ထိုယဇ်ပလ္လင်က သူတို့၏ အရံအစီအစဉ်ဖြစ်နိုင်သည်။
ထိုယဇ်ပလ္လင်၏ ဇစ်မြစ်ကိုတော့ မသိရပေ။
အကယ်၍ ကမ္ဘာဦးလောကက ရှေးဦးအပျက်အစီးကုန်းမြေနှင့် ချောချောမွေ့မွေ့ ပေါင်းစပ်သွားပြီး သစ္စာဖောက်နတ်သားရဲများက ရှေးဦးအပျက်အစီးကုန်းမြေ၏ စွမ်းအားမှတဆင့် အပြင်လောကသို့ ထွက်သွားကြမည်ဆိုလျှင် ဤယဇ်ပလ္လင်ကို အသုံးပြုရန် လိုအပ်လိမ့်မည် မဟုတ်ချေ။
အကယ်၍ ကမ္ဘာဦးလောကက ပျက်စီးသွားပြီး ရှေးဦးအပျက်အစီးကုန်းမြေက ကမ္ဘာဦးလောကကို ပြန်လည်ဝါးမျိုလိုက်မည်ဆိုလျှင်၊ ထိုသစ္စာဖောက်နတ်သားရဲများက ကမ္ဘာဦးလောက၏ မူလစွမ်းအားကို ဝါးမျိုနိုင်ကြမည်ဆိုလျှင် ထိုယဇ်ပလ္လင်က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်အတွက် ဂိတ်တံခါးတစ်ခု ဖြစ်လာလိမ့်မည်။
ထိုသို့ဆိုလျှင် အပြင်လောကမှ ကျင့်ကြံသူများက ထိုဂိတ်တံခါးမှတဆင့် ဤနေရာသို့ ဝင်ရောက်လာနိုင်ကြလိမ့်မည်။
သို့သော်လည်း နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အစီအစဉ်များက တစ်ခုမှ မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံးမှာ သူတို့က ရွေးချယ်စရာမရှိတော့သည့်အဆုံး ယဇ်ပလ္လင်ကို ထုတ်သုံးလိုက်ကြသည်။
သူတို့က ယဇ်ပလ္လင်၏ အစွမ်းဖြင့် ကမ္ဘာဦးလောကမှ နတ်သားရဲများကို အပြင်လောကသို့ ပို့ဆောင်ပေးကြလိမ့်မည်။
အသက်တစ်ရာရှူချိန်ကြာ အချိန်ရလိမ့်မည်။
ယင်းက ယဇ်ပလ္လင်၏ နောက်ဆုံးအကန့်အသတ် ဖြစ်သည်။
ဟင်းလင်းပြင်ထဲတွင် နတ်သားရဲပုံရိပ်များက တဖြည်းဖြည်း ထွက်ပေါ်လာကြသည်။
၎င်းတို့မှာ ရွေးချယ်စရာနှစ်ခု ရှိသည်။ ရွေးချယ်စရာတစ်ခုက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ ကျေးကျွန်များအဖြစ် အသက်ရှင်ခြင်းဖြစ်ပြီး တခြားရွေးချယ်စရာတစ်ခုက ကမ္ဘာဦးလောကထဲမှာ ဖျက်ဆီးခံရခြင်း ဖြစ်သည်။
“ ဂရောင်း ”
ပေတစ်ရာရှည်လျားသော နတ်သားရဲတစ်ကောင်က ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားပေါ်သို့ ပျံသန်းသွားပြီး အလင်းထောင့်တိုင်ပေါ်သို့ ခြေချလိုက်သည်။
အလင်းထောင့်တိုင်ပေါ်တွင် အဆုံးမဲ့သော နတ်ဘုရားအလင်းက ပေါ်လျှိုးလာပြီး ထိုနတ်သားရဲ၏ ရုပ်ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပေးလိုက်သည်။
ထိုနတ်သားရဲသည် ခန္ဓာကိုယ်ပြန်ဖွဲ့စည်းပြီး ကမ္ဘာဦးလောကမှ ထွက်သွားကာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ ကျေးကျွန်တစ်ယောက်ဖြစ်လာရန် ရွေးချယ်လိုက်သည်။
၎င်းက ကမ္ဘာဦးလောကကို သစ္စာဖောက်ရန် ရွေးချယ်ခဲ့လေရာ ယခု အနောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
ဤအခိုက်အတန့်မှာ ကမ္ဘာဦးလောက၏ မူလစွမ်းအားက ပြိုကွဲနေပြီး မတည်မငြိမ်ဖြစ်နေသည်။ ထို့ကြောင့် ၎င်းက သစ္စာဖောက်နတ်သားရဲများကို မတားဆီးနိုင်ပေ။ ထိုနတ်သားရဲများက ခန္ဓာကိုယ်ပြန်ဖွဲ့စည်းပြီး ကမ္ဘာဦးလောကမှ ထွက်သွားနေသည်ကို ၎င်းက စောင့်ကြည့်နေရန်သာ လုပ်ဆောင်နိုင်သည်။
နတ်သားရဲတစ်ကောင်က ကမ္ဘာဦးလောကမှ ထွက်သွားသည့်အခါ မရေမတွက်နိုင်သော နတ်သားရဲများက ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားပေါ်သို့ အမြန်ပြေးသွားကြသည်။
နတ်သားရဲတစ်ကောင်ပြီးတစ်ကောင်က ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားပေါ်သို့ တတ်လှမ်းသွားသည့်အခါ ရွှေရောင်နတ်ဘုရားအလင်းက ပေါ်လျှိုးလာပြီး ၎င်းတို့၏ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းပေးလိုက်သည်။
“ အသင်္ချေလောကရဲ့ စွမ်းအားနဲ့ ခန္ဓာကိုယ်ကို ပြန်ဖွဲ့စည်းတာလား… အဲ့ဒီအတွက် မိုးမြေစွမ်းအား ဘယ်လောက်များများ လိုအပ်လိမ့်မလဲ ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်ပြီး ဆင့်ခေါ်ခံထားရသော မိုးမြေစွမ်းအားကို ကြည့်လိုက်သည်။
နတ်သားရဲတစ်ကောင်ကို ခန္ဓာကိုယ်ဖွဲ့စည်းပေးရန် အနည်းဆုံး ကြယ်တစ်လုံးက ပြိုကွဲပျက်စီးသွားရလိမ့်မည်။
အဆင့်မြင့်နတ်သားရဲအမြောက်အများအတွက် ရာထောင်ချီသော ကြယ်များက ပြိုကွဲပျက်စီးသွားရလိမ့်မည်။ သို့မှသာ ထိုနတ်သားရဲများအတွက် ရုပ်ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်လိမ့်မည်။
တစ်နည်းဆိုရလျှင် ဤလုပ်ငန်းစဉ်သည် နတ်သားရဲများအတွက် ရုပ်ခန္ဓာကိုယ်ကို ဖွဲ့စည်းပေးနေခြင်းသာ မဟုတ်ပေ။ ယင်းက မူလစကြာဝဠာထဲမှ ကြယ်များကို ဖျက်ဆီးပစ်နေခြင်းလည်း ဟုတ်သည်။
ကြယ်အများအပြား ပြိုကွဲပျက်စီးသွားမည်ဆိုလျှင် မိုးမြေကို ဖွဲ့စည်းထားသော ဟင်းလင်းပြင်တစ်စိတ်တစ်ပိုင်းက ပြိုကျအက်ကွဲသွားလိမ့်မည်။ ယင်းက နောက်ထပ် စကြာဝဠာကပ်ဘေးကို ဖြစ်ပေါ်စေလိမ့်မည်။
ဖြစ်နိုင်သည်မှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က နောက်ထပ် စကြာဝဠာကပ်ဘေးကို လှုံ့ဆော်ရန် တစ်ချိန်လုံး ကြံစည်နေခဲ့ခြင်းလော။
နတ်ဘုရားအလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက လက်ထဲမှ ဓားကို ဖြည်းဖြည်းချင်း မြှောက်တင်လိုက်သည်။
ကြည့်ရသည်မှာ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က အရာအားလုံးကို တွက်ချက်ထားဟန် ရ၏။ သူ၏ တည်ရှိမှုသည်ပင် ထိုထဲမှာ ပါဝင်နိုင်သည်။
ကမ္ဘာဦးလောက၏ ရည်ရွယ်ချက်သည်လည်း ထိုထဲမှာ ပါဝင်နိုင်သည်။
ကမ္ဘာဦးလောကက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အစီအစဉ်ကို ဖျက်ဆီးပစ်မည့် တစ်စုံတစ်ယောက်ကို ဖန်တီးလိမ့်မည်ဖြစ်ကြောင်း သူတို့သိထားကြသည်။ ကမ္ဘာဦးလောကက ထိုလူကို နှစ်ဖက်ဓားသွားတစ်လက်အဖြစ် အသုံးပြုလိမ့်မည်ကိုလည်း သူတို့က သိထားကြသည်။
သို့သော်လည်း သူတို့မှာ နောက်ထပ် ရွေးချယ်ရန် အခွင့်အရေးမရှိတော့ပေ။
မိုးမြေက စတင်ပြောင်းလဲသွားသည့်အခါ အနောက်လှည့်ရန် လမ်းမရှိတော့ပေ။
“ ရွှီး ”
ဓားကို အောက်သို့ ပိုင်းချလိုက်သည်။
ဓားအလင်းတန်းတစ်ထောင်က အောက်သို့ ပျံသန်းသွားပြီး ရွှေရောင်လှေကားကို ဖျက်ဆီးပစ်လိုက်သည်။
နတ်သားရဲများသည် ရှောင်တိမ်းရန် အချိန်မရဘဲ နေရာမှာတင် သေကြေပျက်စီးသွားကြသည်။ ထို့နောက် ၎င်းတို့၏ ခန္ဓာကိုယ်က မူလစွမ်းအားအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာဦးလောကဆီသို့ ပြန်ရောက်သွားသည်။
ဤအခိုက်အတန့်မှာ ဟန်မူယဲ့က စိတ်ခံစားချက်ကင်းမဲ့သော နတ်ဘုရားတစ်ပါးသဖွယ် ဖြစ်လာသည်။ သူက ဓားကို ထပ်ခါထပ်ခါ လွှဲယမ်းလိုက်ပြီး ကောင်းကင်ဘုံတတ်လှမ်းခြင်းလှေကားကို အပိုင်းပိုင်းအစစ ဖြတ်တောက်လိုက်သည်။ ထို့နောက် သူက လေထဲသို့ ခုန်လိုက်ပြီး ယဇ်ပလ္လင်ပေါ်သို့ ခြေချလိုက်သည်။
“ ဘန်း ”
ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားအင်းသင်္ကေတများက ကွန်ချာတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ဟန်မူယဲ့ကို တားဆီးလိုက်သည်။
သို့သော်လည်း ဟန်မူယဲ့က ဓားတစ်ချက်ဖြင့် နတ်ဘုရားအလင်းကွန်ချာကို အလွယ်တကူ ဖျက်ဆီးပစ်လိုက်သည်။
အသက်တစ်ရာရှူချိန်အတွင်း နတ်သားရဲများကို အပြင်လောကဆီသို့ ပို့ဆောင်ပေးနိုင်သော ယဇ်ပလ္လင်က အသက်အခါနှစ်ဆယ်ရှူချိန်ကြာပြီးနောက် လွင့်ပြယ်သွားသည်။
ထိုအသက်အခါနှစ်ဆယ်ရှူချိန်အတွင်းမှာ နတ်သားရဲတစ်သိန်းက ကမ္ဘာဦးလောကထဲမှ ထွက်သွားနိုင်ခဲ့ကြသည်။
“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်… ငါဟန်မူယဲ့ကိုယ်တိုင် မင်းတို့ဆီ လာခဲ့မယ် ”
ယဇ်ပလ္လင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ရွှေရောင်နတ်ဘုရားအလင်းက လေထဲမှာ ပြန့်ကျဲသွားသည့်အခါ ဟန်မူယဲ့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ယဇ်ပလ္လင်ပေါ်တွင် ပုံရိပ်ဒါဇင်ခန့် ထွက်ပေါ်လာကြပြီး နောက်အခိုက်အတန့်မှာ ပျောက်ကွယ်သွားကြသည်။
ကမ္ဘာဦးလောကထဲတွင် ကျန်ရစ်ခဲ့ကြသော သစ္စာဖောက်နတ်သားရဲများက ယခု အရပ်မျက်နှာအသီးသီးဆီသို့ ပရမ်းပတာ ထွက်ပြေးသွားကြသည်။
ဟန်မူယဲ့က သုံးပေရှည်လျားသော ဓားကို ဆုပ်ကိုင်ထားလျက် လေထဲမှာ မတ်တတ်ရပ်နေသည်။ သူက တည်ကြည်လေးနက်သော မျက်နှာဖြင့် အရှေ့သို့ ကြည့်လိုက်သည်။
ဖီးနစ်၊ ခွန်ပန်၊ ရွှမ်ဝူလိပ်နှင့် တခြားအုပ်ချုပ်သူနတ်သားရဲများ၏ ခန္ဓာကိုယ်ပေါ်တွင် နတ်ဘုရားအလင်းများ ပေါ်လျှိုးလာသည်။ ၎င်းတို့က မူလအုပ်ချုပ်သူခန္ဓာကိုယ်တစ်ခုစီကို ယူဆောင်လိုက်ကြပြီး ကိုယ့်ဘာသာ သန့်စင်လိုက်ကြသည်။ သန့်စင်မှုပြီးမြောက်သွားလျှင် ၎င်းတို့က မူလအုပ်ချုပ်သူအဆင့်သို့ မြင့်တတ်သွားကြလိမ့်မည်။
ကုန်းကုန်းနှင့် ကျူးရုန်က ဟန်မူယဲ့၏ ဘေးသို့ ရောက်လာကြသည်။
“ ဆရာဟန် ”
ကျူးရုန်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ဟန်မူယဲ့ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက အလွန်အားကောင်းလေရာ သူက တစ်ဖက်လူကို တိုက်ရိုက် မကြည့်ဝံ့ချေ။ သို့သော်လည်း စိတ်လှုပ်ရှားမှုက သူ၏ မျက်နှာပေါ်မှာ အထင်အရှား ထွက်ပေါ်နေသည်။
ဟန်မူယဲ့က ပိုပြီးသန်မာလေ ရှေးဦးအပျက်အစီးတောအုပ်ထဲမှ လူသားမျိုးနွယ်က ပိုပြီးသန်မာလေ ဖြစ်သည်။