အခန်း (၁၅၆၄-၁၅၆၆)
Vol. 112 Ch. 1564-1566
အခန်း(၁၅၆၄)
အသူရာကောင်းကင်ဘုံမှ မဟာစစ်တပ်၏ စွမ်းအားက သူတို့တစ်ဦးချင်းစီ၏ ခွန်အား မဟုတ်ပေ။ ယင်းအစား သူတို့ဝတ်ဆင်ထားသော စစ်ချပ်ဝတ်များထဲမှ ပြီးပြည့်စုံသော မူလစွမ်းအား ဖြစ်သည်။
အဆင့်နိမ့်ဘုံများထဲမှ လက်နက်များနှင့် စစ်ချပ်ဝတ်များက အသူရာကောင်းကင်ဘုံမှ စစ်သည်တော်များ၏ လက်နက်များနှင့် စစ်ချပ်ဝတ်များကို မနှိုင်းယှဉ်နိုင်ပေ။
ပြီးပြည့်စုံသော မူလစွမ်းအားရှိသည့် ကမ္ဘာဦးဘုံမှ သန့်စင်ထားသော တိုက်ပွဲလက်နက်များဖြင့်သာ အသူရာကောင်းကင်ဘုံမှ ထိုမဟာစစ်တပ်ကို ရင်ဆိုင်နိုင်လိမ့်မည်။
မီးတောက်နတ်ဘုရားရုံးတော်၏ ဖွင့်ဖြိုးတိုးတတ်မှုက အလွန်မြန်ဆန်လေရာ အသစ်ဖွဲ့စည်းထားသော စစ်တပ်များက ကမ္ဘာဦးလောက၏ စစ်ချပ်ဝတ်အသစ်များနှင့် တိုက်ပွဲလက်နက်အသစ်များကို မပိုင်ဆိုင်ထားကြချေ။ သူတို့က ဟန်မူယဲ့ ထောက်ပံ့ထားသော အရင်းအမြစ်များကိုသာ အသုံးပြုနိုင်ကြသည်။
တိုက်ပွဲချပ်ဝတ်များနှင့် စစ်ပွဲရုပ်သေးရုပ်အများစုကို ကြယ်စင်စုစကြာဝဠာမှ တိုက်ရိုက် ရရှိလာခဲ့ခြင်း ဖြစ်သည်။
နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို ဝိုင်းရံတိုက်ခိုက်နေသည့် ဤအတောအတွင်း အကယ်၍ သူတို့ဘက်မှ တိုက်ပွဲဝင်္ကပါအများအပြားက ပြီးပြည့်စုံသော မူလစွမ်းအားရှိသည့် လက်နက်များနှင့် ချပ်ဝတ်များကို မပိုင်ဆိုင်ထားကြလျှင် သူတို့က အသူရာကောင်းကင်ဘုံမှ မဟာစစ်တပ်၏ တန်ပြန်တိုက်ခိုက်မှုအောက်မှာ အစောကြီးကတည်းက ကျဆုံးသွားကြလိမ့်မည်။
“ ဝီး ”
အဝေးတွင် ခရာမှုတ်သံက ဓားဝင်္ကပါအောက်မှ ခန်းဆောင်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် စစ်ချပ်ဝတ်အပြည့်အစုံကို ဝတ်ဆင်ထားသော စစ်သည်တော်များက ခန်းဆောင်ထဲမှ ညီညီညာညာ ထွက်လျှောက်လာကြသည်။
ပြီးပြည့်စုံသော မူလစွမ်းအားရှိသည့် သူတို့၏ လက်နက်များကို ဝှေ့ယမ်းလိုက်သည့်အခါ လေထဲမှ ဓားပျံအများစုက တိုက်ရိုက် အက်ကွဲသွားကြသည်။
အသူရာကောင်းကင်ဘုံမှ စစ်တပ်၏ တိုက်ခိုက်မှုအောက်မှာ ဓားဝင်္ကပါများက တဖြည်းဖြည်း အနောက်ဆုတ်သွားကြသည်။ သို့သော်လည်း ဓားဝင်္ကပါများ၏ အနောက်မှ မိစ္ဆာသားရဲစစ်သည်တော်များက အရှေ့သို့ ချီတတ်သွားကြသည်။
ထိုမိစ္ဆာသားရဲစစ်သည်တော်များ အသုံးပြုသော တိုက်ပွဲလက်နက်များနှင့် စစ်ချပ်ဝတ်များက အကြမ်းထည်သာဖြစ်ပြီး ယင်းတို့ပေါ်မှာ နတ်ဘုရားအင်းသင်္ကေတ အနည်းစုကိုသာ ထွင်းထုထားသော်လည်း ယင်းတို့ကို ကမ္ဘာဦးလောက၏ ပြီးပြည့်စုံသော မူလစွမ်းအားဖြင့် သန့်စင်ထားခြင်း ဖြစ်သည်။ သို့ဖြစ်၍ မိစ္ဆာသားရဲစစ်သည်တော်များက အသူရာကောင်းကင်ဘုံမှ မဟာစစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်နိုင်ကြသည်။
“ ကျုပ်တို့တွေ ဒီတစ်ကြိမ် ဆရာဟန်ကို ဖိတ်ခေါ်ရတာက ဆုံးဖြတ်ခိုင်းဖို့ပါ ”
ကျူးရုန်က အရှေ့သို့ လှမ်းကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ ကျုပ်တို့တွေ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို ဖျက်ဆီးဖို့ အင်အားအကုန် အသုံးပြုရမလား… ဒါမှမဟုတ် ဆက်စောင့်ရမလား ”
ကျူးရုန်၏ ပြောစကားအရ အကယ်၍ သူတို့သာ အင်အားအကုန် ထုတ်သုံးမည်ဆိုလျှင် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို သေချာပေါက် အနိုင်ယူနိုင်လိမ့်မည်။ သို့သော်လည်း အသူရာကောင်းကင်ဘုံမှ စစ်တပ်ကို ထိပ်တိုက် ရင်ဆိုင်မည်ဆိုလျှင် သူတို့၏ ကမ္ဘာဦးစစ်တပ်သည်လည်း ကြီးမားသော ဆုံးရှုံးမှုများကို တွေ့ကြုံရလိမ့်မည်။
သို့သော်လည်း အကယ်၍ သူတို့က အင်အားအကုန် ထုတ်မသုံးဘဲ အခွင့်အရေးကို စောင့်ဆိုင်းမည်ဆိုလျှင် အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်များက အဆက်မပြတ် ရောက်လာကြလိမ့်မည်။
သို့ဖြစ်၍ ထိုသို့အရေးကြီးကိစ္စကို ဆုံးဖြတ်ရန် သူတို့က ဟန်မူယဲ့ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
ဟန်မူယဲ့က အရှေ့သို့ လှမ်းကြည့်လိုက်သည်။
“ လော့ခွန်း… နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို တစ်ချက်သွားကြည့်ရအောင် ”
သူက ခြေတစ်လှမ်းနှင့်အတူ နေရာမှ ပျောက်ကွယ်သွားသည်။ နောက်အခိုက်အတန့်မှာ သူက နန်းတော်၏ ကောင်းကင်ယံမှာ ပြန်ပေါ်လာသည်။
လော့ခွန်း၏ ပုံရိပ်က အနောက်မှ လိုက်သွားသည်။ သူက ဟန်မူယဲ့၏ အနောက်မှာ တိတ်တဆိတ် ရပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ယဲ့မင်တန်… အပြင်ထွက်လာပြီး ငါတို့ကို လာတွေ့စမ်း ”
လော့ခွန်း၏ အသံက အလွန်ကျယ်လောင်လေရာ အချင်းမိုင်တစ်ထောင်အတွင်းမှ ဟင်းလင်းပြင်က တုန်ယင်သွားသည်။
ဘေးပတ်ဝန်းကျင်မှ မိုးမြေပြင်သည်ပင် အနည်းငယ် ဖရိုဖရဲဖြစ်သွားသည်။ ဤသည်မှာ မိုးမြေက လော့ခွန်း၏ အော်သံကြောင့် အက်ကွဲသွားတော့မည့်အလားပင်။
လော့ခွန်း၏ ကျင့်ကြံခြင်းစွမ်းအားက အတိတ်ဘဝမှ အထွတ်အထိပ်သို့ ပြန်ရောက်သွားပြီး အုပ်ချုပ်သူအဆင့်ထိ မြင့်တတ်သွားသည်။ သို့ဖြစ်၍ သူ၏ အော်သံကြောင့် အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ ကျင့်ကြံသူအားလုံးက မျက်နှာဖြူဖျော့သွားကြသည်။
အဆင့်နိမ့်ကျင့်ကြံသူများသည်တော့ သူတို့က တိုက်ပွဲဝင်္ကပါများ၏ အကူအညီဖြင့်သာ ထိုအသံလှိုင်းကို တောင့်ခံနိုင်ကြသည်။
နတ်ဘုရားကမ္ဘာမှ လက်ရှိစစ်ပွဲသည် သန်မာကျင့်ကြံသူများ ဝင်ပါနိုင်သောအရာ မဟုတ်ပေ။
တိုက်ပွဲတိုင်းမှာ ထိပ်တန်းလက်ရွေးစင်များ ပါရှိကြသည်။
ကမ္ဘာဦးလောကမှာ မိစ္ဆာသားရဲစစ်တပ်ရှိသော်လည်း ကမ္ဘာဦးလောက၏ စစ်မှန်သော ကျွမ်းကျင်ပညာရှင်များက အင်အားယုတ်လျော့နေကြသည်။ အဘယ့်ကြောင့်ဆိုသော် အတိတ်မှ တိုက်ပွဲတွင် ထိုစစ်မှန်သောပညာရှင်များက သူတို့၏ မူလစွမ်းအားကို ဟန်မူယဲ့၏ မူလဝိညာဉ်ဓားဆီသို့ ပေးလှူခဲ့သောကြောင့် ဖြစ်သည်။ မဟာပန်သွန်ယဇ်ပလ္လင်၏ ချိပ်ပိတ်စွမ်းအားကြောင့် မူလဝိညာဉ်ဓားက သာမန်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားပြီး မဟာပန်သွန်ဘုံဆီသို့ ပြုတ်ကျသွားခဲ့သည်။
ထို့ကြောင့် ကမ္ဘာဦးလောကထဲတွင် အုပ်ချုပ်သူနတ်သားရဲများက အရေအတွက် အလွန်နည်းပါးသွားသည်။
ကံကောင်းစွာဖြင့် ကမ္ဘာဦးလောကဆီမှာ အစွမ်းထက် တိုက်ပွဲဝင်္ကပါများနှင့် ဓားဝင်္ကပါများ ရှိသည်။
“ လော့ခွန်း… ဟွန့်… အတိတ်မှာ မင်းရှုံးနိမ့်သွားတာကို အမှတ်မရှိသေးဘူးလား… မင်းလို အရှုံးသမားကများ ငါ့ရဲ့ နန်းတော်အရှေ့မှာ လာအော်ရဲတယ် ”
အသံတစ်သံက ဟင်းလင်းပြင်ထဲမှာ ပဲ့တင်ထပ်သွားသည့်အခါ အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ နန်းတော်သခင်က လက်နောက်ပို့လျက် အပြင်သို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။
ဟင်းလင်းပြင်ထဲမှာ သူလမ်းလျှောက်နေစဉ် မိုးမြေ၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံသွားသည်။
ထို့ကြောင့် သူက အပြင်သို့ တစ်ယောက်တည်း ထွက်လာဝံ့ခြင်း ဖြစ်သည်။
ယဲ့မင်တန်က ကောင်းကင်စက်ဝန်းစစ်မြေပြင်နှင့် နတ်ဘုရားကမ္ဘာ၏ ကိုယ်စားလှယ်ဖြစ်လေရာ မိုးမြေ၏ မျက်နှာသာပေးခြင်းကို ခံထားရသည်မှာ မထူးဆန်းပေ။
“ ဟန်မူယဲ့ ”
ယဲ့မင်တန်က ဟန်မူယဲ့ကို ကြည့်လိုက်လေရာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပြန်ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာက တည်ကြည်သွားသည်။
ဟန်မူယဲ့က နတ်ဘုရားကမ္ဘာကို ပြောင်းလဲပစ်ခဲ့သော အလိုရှိရာဇဝတ်သားတစ်ဦးဖြစ်ပြီး မိုးမြေကြားမှ အတားအဆီးများနှင့် နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ နှစ်ရှည်လကြာ အကြံအစည်များကို ဖျက်ဆီးပစ်ခဲ့သော်လည်း ယခု ဟန်မူယဲ့နှင့် ပြန်တွေ့ဆုံသည့်အခါ ယဲ့မင်တန်က ဝမ်းသာခြင်းနှင့် ဒေါသထွက်ခြင်းကို တစ်ပြိုင်နက် ခံစားမိသွားသည်။
အမှန်မှာ သူက ဟန်မူယဲ့ကိုပင် ကျေးဇူးတင်ရမည်။ အကယ်၍ ဟန်မူယဲ့သာ ကမ္ဘာဦးဘုံ၏ စွမ်းအားကို မလှုံ့ဆော်ခဲ့လျှင် သူက ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ မျက်လုံးထဲမှာ နယ်ရုပ်တစ်ရုပ်အဖြစ်သာ ဆက်ရှိနေလိမ့်မည်။
ကမ္ဘာဦးလောကထံမှ ခြိမ်းခြောက်မှုမရှိလျှင် ယဲ့မင်တန်က ယခုကဲ့သို့ မိုးမြေ၏ ကောင်းချီးပေးခြင်းကို ခံရလိမ့်မည် မဟုတ်ချေ။
“ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်က နန်းတော်သခင်… အတိတ်မှာ ကျုပ်ပြောခဲ့ဖူးတယ်မလား… ကျုပ် ဒီနေရာကို ပြန်ရောက်လာတဲ့နေ့က ခင်ဗျားရဲ့ နန်းတော် ဖျက်ဆီးခံရမယ့်နေ့ပဲလို့ ”
ဟန်မူယဲ့က သူ့အရှေ့မှ ယဲ့မင်တန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
ဤခန္ဓာကိုယ်က သူ၏ ကိုယ်ပွားတစ်ခုသာဖြစ်ပြီး ၎င်းကို ကမ္ဘာဦးလောက၏ မူလစွမ်းအားဖြင့် ပြီးပြည့်စုံစွာ သန့်စင်ထားခဲ့သည်။ သို့တိုင် သူက စိတ်ခံစားချက်များကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပေ။
မဟာပန်သွန်ဘုံတွင် ကျင့်ကြံခြင်းနည်းစနစ်များဖြစ်စေ သို့မဟုတ် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များဖြစ်စေ ယင်းတို့က ကြမ်းတမ်းခြင်းဂုဏ်သတ္တိကို အထူးပြုသည်။ သူတို့ဆီမှာ သိမ်မွေ့ညင်သာသော ကျင့်ကြံခြင်းနည်းစနစ်များ မရှိပေ။
သူ၏ စကားလုံးများနောက်တွင် ဥပဒေသက လိုက်ပါလာသည်။
ဟန်မူယဲ့၏ စကားသံက ပဲ့တင်ထပ်သွားပြီး သူ၏ စိတ်ခံစားချက်များနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပျံ့လွင့်သွားသည့်အခါ ယဲ့မင်တန်၏ ဘေးပတ်ဝန်းကျင်မှ မူလစွမ်းအားက သဏ္ဍာန်မဲ့အားလှိုင်းတစ်ခုဖြင့် တွေ့ဆုံသွားပြီး အပြင်းအထန် တုန်ယင်သွားသည်။
ဟန်မူယဲ့၏ စကားလုံးများထဲမှာ ကိန်းဝပ်နေသော စွမ်းအားက ဘုံတစ်ခုကို တုန်လှုပ်သွားစေရန် လုံလောက်သည်။
ဟန်မူယဲ့၏ စွမ်းအားက ယဲ့မင်တန်၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားသည်။
သူ၏ နောက်ကွယ်မှ ထိုအစွမ်းထက်ပုဂ္ဂိုလ်များသည်ပင် သူ့အား ထိုသို့ဖိအားကို မပေးနိုင်ကြချေ။
ယဲ့မင်တန်၏ တည်ငြိမ်သော မျက်နှာက ချက်ချင်း ဖြူဖျော့သွားပြီး ကြောက်ရွံ့မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး အော်ပြောလိုက်သည်။
“ ဟန်မူယဲ့… တုံထျန်းအင်မော်တယ်ဘုရင်နဲ့ နောက်တစ်ကြိမ် မင်းမတွေ့ချင်ဘူးလား”
တုံထျန်းအင်မော်တယ်ဘုရင်… ။
၎င်းက နဂါးမီကျောင်း၏ နတ်သားရဲကိုယ်ပွားတစ်ခုလော သို့မဟုတ် ဓားနတ်ဘုရားလုယွဲ့၏ ဝိညာဉ်အပိုင်းအစတစ်ခုလော။
ထိုအဖြေကို ဟန်မူယဲ့ သိချင်သည်။
လျှပ်တစ်ပြက်အတွင်းမှာ စွမ်းအင်မုန်တိုင်းက ပျောက်ကွယ်သွားပြီး ဟန်မူယဲ့၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက လွင့်ပြယ်သွားသည်။
သူက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်လေရာ ဘေးပတ်ဝန်းကျင်၌ ပရမ်းပတာ လှုပ်ခါနေသော တိမ်တိုက်များက ပျောက်ကွယ်သွားကြသည်။
“ ငါ့ကို သူ့ဆီ ခေါ်သွားပေး ”
…..
နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အပြင်ဘက်၊ ကောင်းကင်ယံမှ တိုက်ပွဲက ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။
ကမ္ဘာဦးလောကမှ စစ်တပ်များက တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းလိုက်ကြစဉ် မရေမတွက်နိုင်သော ဓားဝင်္ကပါများနှင့် မိစ္ဆာသားရဲစစ်တပ်များက နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်၏ အပြင်ဘက်မှာ တိတ်ဆိတ်စွာ စောင့်ဆိုင်းလိုက်ကြသည်။
ဟန်မူယဲ့က နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲသို့ တစ်ယောက်တည်း ဝင်သွားသည်။
“ တကယ်လို့ ဆရာဟန် တစ်ခုခုဖြစ်သွားမယ်ဆိုရင် ငါ့ရဲ့ ကမ္ဘာဦးလောကစစ်တပ်က ဘာကိုမှဂရုမစိုက်ဘဲ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ကို ဖျက်ဆီးပစ်မယ်… သက်ရှိတစ်ယောက်ကိုမှ အသက်ချမ်းသာခွင့်မပေးဘူး ”
စစ်တပ်အရှေ့မှာ မတ်တတ်ရပ်နေသော ကျူးရုန်က တည်ကြည်လေးနက်သော အမူအရာဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ဟွမ်ကျစ်ဟူက မည်သည့်စကားမှ မပြောပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ လှည့်ပတ်နေသော ဓားအလင်းက လေထဲမှာ စုဝေးသွားပြီး ဓားတစ်လက်အဖြစ် ဖွဲ့စည်းသွားသည်။ ထိုဓားက သာမန်ဖြစ်ဟန်ထင်ရသော်လည်း အမှန်မှာ ယင်းကို ဓားဝင်္ကပါအားလုံးနှင့် ချိတ်ဆက်ထားသည်။
အကယ်၍ ထိုဓားကိုသာ ဝှေ့ယမ်းလိုက်မည်ဆိုလျှင် ဤနေရာမှ ဓားဝင်္ကပါအားလုံးက ချက်ချင်း အသက်ဝင်လာလိမ့်မည်။
…..
ကောင်းကင်နန်းတော်ထဲတွင် အသူရာကောင်းကင်ဘုံမှ စစ်တပ်များက တိုက်ပွဲဝင်္ကပါများကို ဖွဲ့စည်းလိုက်ကြပြီး သတိကြီးစွာထားလိုက်ကြသည်။ နတ်သားရဲများက ညီညာစွာ စီတန်းရပ်လိုက်ကြပြီး ကောင်းကင်ကို လေးနက်စွာ စိုက်ကြည့်လိုက်ကြသည်။
အကယ်၍ ကမ္ဘာဦးလောကသာ အင်အားကုန်သုံး၍ တိုက်ခိုက်မည်ဆိုလျှင် ကောင်းကင်နန်းတော်က သေချာပေါက် ဖျက်ဆီးခံရလိမ့်မည်။ ထိုအခါကျလျှင် ၎င်းတို့သည်လည်း အသတ်ခံကြရလိမ့်မည်။
ဖြစ်နိုင်မည်ဆိုလျှင် ဤအခိုက်အတန့်မှာ ၎င်းတို့ထဲမှ မည်သူမှ စစ်ပွဲထဲမှာ မပါဝင်ချင်ကြချေ။ ဤစစ်ပွဲမှာ ၎င်းတို့က လုံးဝ အသာစီးမရရှိထားချေ။
“ ဟန်မူယဲ့ နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲမှာ မသေဆုံးသွားဖို့ ငါမျှော်လင့်တယ် ”
မုတ်ဆိတ်ဖြူအကြီးအကဲတစ်ဦးက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
နတ်သားရဲအများအပြားက ၎င်းတို့၏ အရှိန်အဝါကို ပြန်ရုပ်သိမ်းလိုက်ကြပြီး နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ထဲသို့ ဝင်ရောက်သွားသော ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
နန်းတော်များကြားထဲတွင် ဧရာမယဇ်ပလ္လင်တစ်ခု တည်ရှိသည်။ ထိုယဇ်ပလ္လင်ပေါ်တွင် ရွှေရောင်နဂါးမီကျောင်း၏ ဦးခေါင်းတစ်လုံး ရှိသည်။ ဦးခေါင်းကို မရေမတွက်နိုင်သော သံကြိုးများက ချုပ်နှောင်ထားကြသည်။
သံကြိုးများ၏ အပြင်ဘက်လေဟာနယ်ထဲတွင် ပုံရိပ်တစ်ခုက ရွှေရောင်အလင်းထဲမှာ အကျဉ်းချခံထားရသည်။
ရွှေရောင်လျှပ်စီးတန်းများက အဆက်မပြတ် ယှက်ထွေသွားနေပြီး ထိုပုံရိပ်ကို ဖောက်ထွင်းသွားနေသည်။
“ စီနီယာအကိုတုံ… ဒီလူကို ကြည့်ပါဦး… မင်းသူ့ကို မှတ်မိသေးလား ”
အသံတစ်သံက ယဇ်ပလ္လင်နားမှ ထွက်ပေါ်လာသည်။
လျှပ်စီးတန်းများဖြင့် ထိုးဖောက်ခံနေရသော ပုဂ္ဂိုလ်က ဖြည်းဖြည်းချင်း ခေါင်းငုံ့လိုက်သည်။
ဟန်မူယဲ့က ခြေလှမ်းအနည်းငယ် လျှောက်သွားပြီး ယဇ်ပလ္လင်၏ အရှေ့မှာ ရပ်လိုက်သည်။
“ ဟန်မူယဲ့ ”
အက်ရှရှအသံတစ်သံက ယဇ်ပလ္လင်မှ ထွက်ပေါ်လာသည်။
“ တုံထျန်းအင်မော်တယ်ဘုရင်၊ ဓားနတ်ဘုရားလုယွဲ့၊ ကမ္ဘာဦးနဂါးမီကျောင်း… ”
ဟန်မူယဲ့က လျှပ်စီးတန်းများကြားထဲမှ ပုံရိပ်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ကျုပ် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ ”
တုံထျန်းအင်မော်တယ်ဘုရင်သည် နတ်ဘုရားကမ္ဘာ၏ အင်မော်တယ်ဘုရင်တစ်ပါးဖြစ်ပြီး အတိတ်မှာ သူက ဟန်မူယဲ့ကို ပညာတချို့ သင်ကြားပေးခဲ့ဖူးသည်။ သူ၏ ကောင်းကင်စက်ဝန်းဝင်္ကပါက မိုးမြေကို လွှမ်းမိုးဖိနှိပ်နိုင်သည်အထိ အလွန်အားကောင်းသည်။
ဓားနတ်ဘုရားလုယွဲ့သည် ဓားတစ်လက်နှင့်အတူ မရေမတွက်နိုင်သော စကြာဝဠာများကို ဖြတ်သန်းသွားလာခဲ့ပြီး ဟန်မူယဲ့၏ အချိန်ဖြတ်သန်းသွားလာမှုနှင့် ရှုပ်ထွေးနက်နဲသော ပတ်သတ်မှုရှိသည်။
ကမ္ဘာဦးနဂါးမီကျောင်းသည်တော့ ဟန်မူယဲ့၏ မူလန္ဓာကိုယ်က ၎င်း၏ ခန္ဓာကိုယ်နှင့် အမြှီးကို သန့်စင်ပြီးပြီ ဖြစ်သည်။
ဟန်မူယဲ့၏ စကားကို ကြားသောအခါ လျှပ်စီးတန်းများကြားထဲမှ ပုံရိပ်က အနည်းငယ် တုန်ယင်သွားသည်။ ထို့နောက် သူက အောက်သို့ ညင်သာစွာ ဆင်းသက်လာသည်။
ထိုသူက ပါးလွှာသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အချိန်မြစ်ကို ဟန်မူယဲ့ နှစ်ငါးသန်းကြာ ဖြတ်သန်းသွားခဲ့စဉ်က မြင်တွေ့ခဲ့သော ပုဂ္ဂိုလ်နှင့် အတူတူဖြစ်သည်။
တုံထျန်းအင်မော်တယ်ဘုရင်… ။
“ တကယ်ပဲ နောက်ဆုံးအကြိမ် ငါတို့တွေ့ဆုံခဲ့တာ နှစ်တွေ မရေမတွက်နိုင်အောင် ကြာသွားခဲ့ပြီ ”
တုံထျန်းအင်မော်တယ်ဘုရင်က ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူက သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
“ မင်းကို ဟန်မူယဲ့လို့ ငါခေါ်ရမလား ဒါမှမဟုတ် အံ့ဖွယ်ကိုးပါးတောင်သခင်လို့ ခေါ်ရမလား ”
ဟန်မူယဲ့၏ ဝိညာဉ်အပိုင်းအစတစ်ခုက ကြယ်စင်စုစကြာဝဠာထဲတွင် ထိပ်တန်းပန်းပဲပညာရှင်တစ်ဦးဖြစ်လာခဲ့ပြီး အထွတ်အမြတ်ရတနာခုနစ်ပါးကို ကိုယ်တိုင်ဖန်တီးသန့်စင်ခဲ့သည်။
ဓားနတ်ဘုရားလုယွဲ့နှင့် အံ့ဖွယ်ကိုးပါးတောင်သခင်ကြားမှ ဆက်ဆံရေးက အလွန်နက်နဲသည်။
ဤအခိုက်အတန့်မှာ ပုံရိပ်နှစ်ခုက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြသည်။ ဤသည်မှာ နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့သော မိတ်ဆွေဟောင်းများက ပြန်လည်ဆုံစည်းသွားသည့်အလားပင်။
အခန်း(၁၅၆၅)
အဝေးတွင် နန်းတော်သခင်ယဲ့မင်တန်နှင့် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော ပုံရိပ်အများအပြားက မတ်တတ်ရပ်နေကြပြီး ဟန်မူယဲ့နှင့် အင်မော်တယ်ဘုရင်ကို ကြည့်နေကြသည်။ စိတ်ရှုပ်ထွေးသော အမူအရာက သူတို့အားလုံး၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။
“ တုံထျန်းအင်မော်တယ်ဘုရင်က ကတိမဖျက်လောက်ဘူးမလား ”
ဝတ်စုံနက်ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦးက တီးတိုးရေရွတ်လိုက်သည်။
“ မဖျက်ဘူး… သူရှာဖွေနေတဲ့အရာက ငါတို့နဲ့ ကွာခြားတယ် ”
တခြားအကြီးအကဲတစ်ယောက်က ခေါင်းခါလိုက်ပြီး ယဲ့မင်တန်ကို လှည့်ကြည့်လိုက်သည်။
ယဲ့မင်တန်က နှုတ်ဆိတ်နေသည်။ ရွှေရောင်အလင်းတန်းတစ်ခုက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ အင်မော်တယ်ဘုရင်… ခင်ဗျားရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဟိုအရင်ကတည်းက ခင်ဗျား တတ်လှမ်းသွားခဲ့သင့်တယ်… ဘာလို့ ဒီကို ရောက်လာတာလဲ ”
ဟန်မူယဲ့က သူ့အရှေ့မှ တုံထျန်းအင်မော်တယ်ဘုရင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
သာမန်အင်မော်တယ်ဘုရင်တစ်ပါးသည်ပင် ဤနေရာမှာ အချိန်အတော်ကြာအောင် အကျဉ်းချခံရလိမ့်မည် မဟုတ်ချေ။
အတိတ်မှာ သူက ယင်းကို မစဉ်းစားမိခဲ့ပေ။ သို့သော်လည်း ယခု သူပြန်တွေးကြည့်လိုက်သည့်အခါ တစ်စုံတစ်ခု လွဲမှားနေကြောင်း အာရုံခံမိသွားသည်။
ထို့ကြောင့် ဟန်မူယဲ့က အမှန်တရားကို ရှာဖွေရန် စိတ်အားထက်သန်နေခြင်း ဖြစ်သည်။
“ တကယ်တော့ မင်းဆီမှာ စဉ်းစားထားတာ ရှိတယ်မလား ”
တုံထျန်းအင်မော်တယ်ဘုရင်က အမူအရာမပြောင်းလဲသွားပေ။ လျှပ်စီးတန်းများက သူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားဆဲပင်။
“ ဓားနတ်ဘုရားလုယွဲ့ဖြစ်စေ ဒါမှမဟုတ် ကမ္ဘာဦးနဂါးမီကျောင်းဖြစ်စေ အဲ့ဒါတွေအားလုံးက အန္တိမစွမ်းအားအပေါ် ရှာဖွေမှုတစ်ခုပဲ ဖြစ်တယ် ”
“ သွေးချီစွမ်းအား… ဓားလမ်းစဉ်… နောက်ဆုံးမှာ အဲ့ဒါတွေအားလုံးက အစိတ်အပိုင်းတစ်ခုပဲ ဖြစ်လာနိုင်တယ် ”
ကမ္ဘာဦးနဂါးမီကျောင်းသည် ကမ္ဘာဦးလောကကို လွှမ်းမိုးဖိနှိပ်ခဲ့ပြီး အသန်မာဆုံးတည်ရှိမှုတစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း နောက်ဆုံးမှာ ၎င်းက ၎င်း၏ သွေးချီစွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သောကြောင့် ဖိနှိပ်ခံလိုက်ရသည်။
ဓားနတ်ဘုရားလုယွဲ့၏ စွမ်းအားက ဓားတာအိုဖြစ်ပြီး သူက သူ့ကိုယ်ပိုင်အကန့်အသတ်ကို မည်သည့်အခါမှ မချိုးဖြတ်နိုင်ခဲ့ပေ။ ထို့ကြောင့် သူက ခေးအော့ထံမှ အချိန်နောက်ပြန်ဆုတ်ခြင်းစွမ်းအားကို ချေးငှား၍ အင်မော်တယ်သုတ်သင်ခြင်းဓားတစ်လက်အသွင် ပြောင်းလဲခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် သူက သူကိုယ်တိုင် သတ်မှတ်ထားသော ကန့်သတ်ချက်များကို မချိုးဖြတ်နိုင်သောကြောင့် ဖြစ်သည်။
“ ဒီတော့ တုံထျန်းအင်မော်တယ်ဘုရင်ပဲဖြစ်ဖြစ် ဓားနတ်ဘုရားလုယွဲ့ပဲဖြစ်ဖြစ် ကမ္ဘာဦးနဂါးမီကျောင်းပဲဖြစ်ဖြစ် သူတို့အားလုံးက ဒီလောကရဲ့ စွမ်းအားပြယုဂ်တွေပဲ မဟုတ်ဘူးလား ”
ဟန်မူယဲ့က တုံထျန်းအင်မော်တယ်ဘုရင်ကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။
သူ၏ စကားဆုံးသွားသည့်အခါ စိတ်ရှုပ်ထွေးသော အမူအရာက တုံထျန်းအင်မော်တယ်ဘုရင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က သူ့ကို စိုက်ကြည့်လိုက်ပြီး ထပ်မံ ပြောသည်။
“ ခင်ဗျားက ခေးအော့ဆီမှာ ရှာတွေ့ခဲ့တဲ့ အချိန်နောက်ပြန်ဆုတ်ခြင်းစွမ်းအားကို အသုံးပြုပြီး အင်မော်တယ်သုတ်သင်ခြင်းဓားကို သန့်စင်ခဲ့တယ်… အဲ့ဒါက အတိတ်ကို ပြောင်းလဲဖို့အတွက် မဟုတ်ဘူး… အဲ့ဒါက အနာဂတ်ကို ပြောင်းလဲဖို့ပဲ ”
အနာဂတ်ကို ပြောင်းလဲဖို့… ။
အနာဂတ်လောကက လုံးဝ ပြိုကွဲပျက်စီးသွားခဲ့သည်။ ထို့ကြောင့် တုံထျန်းအင်မော်တယ်ဘုရင်က အင်မော်တယ်သုတ်သင်ခြင်းဓားစွမ်းအားနှင့်အတူ အချိန်နှင့် လေဟာနယ်ကို ပြောင်းပြန်လှန်၍ ကစားပွဲအား ဖျက်ဆီးပစ်နိုင်သော ဟန်မူယဲ့ကို ရှာဖွေခဲ့သည်။
တစ်ကြိမ်က မလုံလောက်သောကြောင့် သူက အချိန်နှင့် လေဟာနယ်ကို ထပ်မံ ဖြတ်သန်း၍ ဟန်မူယဲ့ကို ပညာသင်ကြားပေးခဲ့သည်။
“ ကြယ်စင်စုစကြာဝဠာက ကျင့်ကြံခြင်းအတတ်ပညာတွေနဲ့ အံ့ဖွယ်ကိုးပါးတောင်ပေါ်က အမွေအနှစ်က ခင်ဗျားစီစဉ်ထားတာတွေ မဟုတ်လား ”
ဟန်မူယဲ့က မထူးမခြားနား ပြောသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ရွှေရောင်အလင်း ပေါ်လျှိုးလာသည်။
“ တကယ်တော့… ကျုပ်က အံ့ဖွယ်ကိုးပါးတောင်သခင် မဟုတ်ဘူး ”
“ အဲ့ဒီလက်နက်သန့်စင်ခြင်းပညာရပ်တွေက ကျုပ်ဂုဏ်ယူရတဲ့အရာတွေ မဟုတ်ဘူး ”
သွေးချီစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ပေါ်မှာ စတင်ပေါ်လျှိုးလာသည်။
တုံထျန်းအင်မော်တယ်ဘုရင်၏ မျက်နှာပေါ်မှ အပြုံးက ပိုပြီးထင်ရှားလာသည်။
ဟန်မူယဲ့က တုံထျန်းအင်မော်တယ်ဘုရင်ကို ကြည့်လိုက်ပြီး တစ်လုံးချင်းစီ ရှင်းလင်းပီသစွာ ပြောသည်။
“ အံ့ဖွယ်ကိုးပါးတောင်သခင်က ခင်ဗျား ”
“ ဓားနတ်ဘုရားလုယွဲ့က ကျုပ် ”
ဓားနတ်ဘုရားလုယွဲ့ မထွက်သွားခင် ပြောကြားခဲ့သော စကားက သူ၏ စိတ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
“ ငါ့ရဲ့ ဓားက မင်းရဲ့ ဓား ”
ထိုဓားက အင်မော်တယ်သုတ်သင်ခြင်းဓား မဟုတ်ပေ။ ယင်းအစား ဟန်မူယဲ့၏ အနှစ်သာရဖြစ်သော မူလဝိညာဉ်ဓားသာ ဖြစ်သည်။
မရေမတွက်နိုင်သော စကြာဝဠာများကို ဓားတစ်လက်ဖြင့် ဖြတ်သန်းသွားခဲ့သော ဓားနတ်ဘုရားလုယွဲ့က ကမ္ဘာမြေမှ ရောက်လာသူ ဖြစ်သည်။
ကမ္ဘာမြေတွင် ဟန်မူယဲ့၏ နာမည်က လုယွဲ့ဖြစ်သည်။
သူ့ကိုယ်ပိုင်စွမ်းအားက ကမ္ဘာဦးလောက၏ အကန့်အသတ်ထက် ကျော်လွန်သွားသည့်အခါမှ ထိုအတွေးများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ယခင် သူ၏ စိတ်ထဲမှာရှိနေသော မြူခိုးထုက လွင့်ပြယ်သွားသည်။
အံ့ဖွယ်ကိုးပါးတောင်သခင်သည် ရှေးခေတ်မှ ကမ္ဘာဦးဘုံ၏ အမွေအနှစ်ကို သယ်ဆောင်၍ ကမ္ဘာဦးဘုံ ပြန်လည်ဖွဲ့စည်းနိုင်မည့် နည်းလမ်းများကို ရှာဖွေခဲ့သည်။
သို့သော်လည်း သူက ထိုအရာကို တစ်ယောက်တည်း မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် သူက အချိန်နှင့် လေဟာနယ်ကို အကြိမ်ပေါင်းများစွာ ဖြတ်သန်း၍ အင်အားစုအသီးသီးကို တည်ဆောက်ခဲ့သည်။
သူတို့ထဲတွင် ကမ္ဘာမြေမှ ဤနေရာဆီသို့ ဖြတ်သန်းလာခဲ့သော လုယွဲ့ဆီမှာ ကစားပွဲကို ဖျက်ဆီးပစ်နိုင်သော အရည်အချင်းရှိလေရာ လုယွဲ့က အံ့ဖွယ်ကိုးပါးတောင်သခင်၏ တန်ဖိုးထားခြင်းခံရသည်။
သို့ဖြစ်၍ ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်သခင်ထံမှ အမွေအနှစ်အားလုံးကို ဆက်ခံခွင့်ရရှိခဲ့သည်။
“ ဒီတော့ အဲ့ဒီအထွတ်အမြတ်ရတနာခုနစ်ပါးက အံ့ဖွယ်ကိုးပါးတောင်သခင် အချိန်လေဟာနယ်ကို တစ်ကြိမ်ဖြတ်သန်းသွားတိုင်း ပြင်ဆင်ထားခဲ့တဲ့ ရတနာတွေမဟုတ်လား ”
“ ချိပ်ပိတ်ခံထားရတဲ့ ရတနာတွေ၊ နတ်ဘုရားမီးတောက်တွေ ပြီးတော့ အစွမ်းထက်တဲ့ သိုးကျောင်းသားကြယ်မျိုးနွယ်စု… ”
ဟန်မူယဲ့၏ စကားများထဲမှာ စိတ်ခံစားချက်အပြည့် ပါဝင်နေသည်။
အကယ်၍ သူက အံ့ဖွယ်ကိုးပါးတောင်သခင်၏ နေရာမှာ ရှိနေမည်ဆိုလျှင်ပင် ထိုထက် ပိုကောင်းမွန်အောင် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ဟု ဟန်မူယဲ့ အမြဲတမ်း ခံစားရမိသည်။
ထိုသို့ဖြစ်ရခြင်းမှာ အံ့ဖွယ်ကိုးပါးတောင်သခင်က သူ၏ ဝိညာဉ်အပိုင်းအစတစ်ခု တကယ် မဟုတ်သောကြောင့် ဖြစ်သည်။
“ ဟုတ်တယ်… ငါလုပ်သမျှအရာအားလုံးက ကမ္ဘာဦးဘုံ အထွတ်အထိပ်အခြေအနေကို ပြန်ရောက်သွားဖို့ပဲ… ငါ့ရဲ့ အန္တိမရည်မှန်းချက်က ကမ္ဘာဦးဘုံကို ဒီလောကရဲ့ အသန်မာဆုံးဘုံတွေထဲကတစ်ခု ဖြစ်လာစေဖို့ပဲ ”
“ မင်းသိလား… အသူရာကောင်းကင်ဘုံက အတိတ်မှာ ကမ္ဘာဦးဘုံရဲ့ အစိတ်အပိုင်းတစ်ခုသာသာပဲ ဖြစ်ခဲ့တယ် ”
တုံထျန်းအင်မော်တယ်ဘုရင်က သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ အလင်းရောင်က ပိုပြီးထွန်းလင်းတောက်ပလာသည်။
သူ၏ ခန္ဓာကိုယ်နှင့် သူ့အနောက်မှ နဂါးမီကျောင်းဦးခေါင်းပေါ်တွင် ရွှေရောင်အလင်းက စတင်သိပ်သည်းသွားသည်။
“ ဒီတစ်ခေါက်မှာ ကမ္ဘာဦးဘုံက တဖန် မြင့်တတ်သွားဖို့ အကြီးမားဆုံး အခွင့်အရေးကို ပိုင်ဆိုင်ထားတယ် ”
“ အဲ့ဒီအတွက် ငါမင်းကို ကျေးဇူးတင်ရမယ် ”
တုံထျန်းအင်မော်တယ်ဘုရင်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုစဉ် သူ့အနောက်မှ နဂါးမီကျောင်းဦးခေါင်း၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်သွားသည်။
“ မင်းမှာရှိသမျှအကုန် ငါ့ကို ပေးပါ… မိုးမြေကို ပေါင်းစည်းဖို့ ငါကူညီပေးမယ်… ကမ္ဘာဦးလောကကို ဘုံအဆင့်ထိ ပြန်ရောက်သွားအောင် ငါလုပ်ပေးမယ် ”
“ မင်းကို ငါမှတ်ထားပါ့မယ် ”
တုံထျန်းအင်မော်တယ်ဘုရင်က လက်မြှောက်လိုက်လေရာ နတ်ဘုရားအလင်းတန်းတစ်ခုက ဟန်မူယဲ့ဆီသို့ ပျံသန်းသွားသည်။
ခန္ဓာကိုယ်လုယက်ခြင်းလား… ။
ဝါးမျိုခြင်းလား… ။
ဒါမှမဟုတ် ပေါင်းစပ်ခြင်းလား… ။
တုံထျန်းအင်မော်တယ်ဘုရင်က ဟန်မူယဲ့အပေါ် အမြဲတမ်း ထိန်းချုပ်ထားခဲ့သည်။ ဤသည်မှာ ဟန်မူယဲ့က သူ၏ လက်ခုပ်ထဲမှ ရေအလားပင်။
အချိန်နှင့် လေဟာနယ်ကို ပေါင်းစည်းသော နည်းလမ်းနှင့်အတူ ကောင်းကင်စက်ဝန်းဝင်္ကပါက သူတို့နှစ်ယောက်ကြားမှ ထွက်ပေါ်လာသည်။ ယင်းက သူတို့၏ စွမ်းအားများကို အပြန်အလှန် ပွတ်တိုက်သွားစေသည်။
မည်သို့ဖြစ်ပါစေ ကောင်းကင်စက်ဝန်းဝင်္ကပါက မိုးမြေကို ဖွဲ့စည်းနိုင်သော နည်းလမ်းများအနက် တစ်ခုဖြစ်သည်။
တစ်ချိန်တည်းမှာ နဂါးမီကျောင်းဦးခေါင်း၏ စွမ်းအားက သူတို့နှစ်ယောက်ထံမှ သွေးချီမူလစွမ်းအားများနှင့် တိုက်ရိုက် ပေါင်းစပ်သွားသည်။
ပေါင်းစပ်မှုက ပိုပြီးကြာမြင့်လေ မူလစွမ်းအားများက ပိုပြီးလိုက်လျောညီထွေလေ ဖြစ်၏။
အကယ်၍ တစ်စုံတစ်ယောက်က ဤစွမ်းအားနှစ်မျိုး၏ ပေါင်းစပ်မှုက ရုပ်ခန္ဓာကိုယ်နှင့် ကျင့်ကြံခြင်းစွမ်းအားသာ ဖြစ်သည်ဟုဆိုလျှင် အံ့ဖွယ်ကိုးပါးတောင်သခင်နှင့် ပေါင်းစပ်သော ထိုနည်းလမ်းက ဟန်မူယဲ့ကို သူ့ကိုယ်ပိုင်သရုပ်အား ရှင်းလင်းစွာ နားလည်စေသည်။
ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်သခင် ဖြစ်သည်။
တုံထျန်းအင်မော်တယ်ဘုရင်သည်လည်း အံ့ဖွယ်ကိုးပါးတောင်သခင် ဖြစ်သည်။
အကယ်၍ သူတို့နှစ်ယောက် ပေါင်းစည်းသွားမည်ဆိုလျှင် မည်သည့်ခြားနားမှု ထွက်ပေါ်လာမည်နည်း။
ဤအခိုက်အတန့်မှာ တုံထျန်းအင်မော်တယ်ဘုရင်၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်တိမ်စိုင်ခဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို လွှမ်းခြုံသွားသည်။ သူ့အနောက်တွင် နဂါးမီကျောင်းဦးခေါင်းက ကျယ်လောင်စွာ ပါးစပ်ဟလိုက်ပြီး ဟန်မူယဲ့နှင့် တိမ်စိုင်ခဲကို ဝါးမျိုလိုက်သည်။
ယဇ်ပလ္လင်ပေါ်တွင် အဆုံးမဲ့သော နတ်ဘုရားအလင်းက စတင်ပေါက်ကွဲသွားပြီး ယှက်ထွေသွားသည်။
အဝေးတွင် မတ်တတ်ရပ်နေကြသော ယဲ့မင်တန်နှင့် တခြားလူများက ထိုနတ်ဘုရားအလင်း၏ အရှေ့မှာ ခြေထောက်ပျော့ခွေသွားကြသည်။
“ ဗုန်း ”
ဧရာမလက်ဝါးတစ်ခုက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ယဇ်ပလ္လင်ပေါ်သို့ ကျဆင်းသွားသည်။ သို့သော်လည်း လက်ဝါးက ယဇ်ပလ္လင်ပေါ်မှ နတ်ဘုရားအလင်းကြောင့် ပျက်စီးသွားသည်။
ကောင်းကင်ယံမှ ဆင်းသက်လာသော အနက်ရောင်ချပ်ဝတ်နှင့် ပုဂ္ဂိုလ်က မျက်နှာသုန်မှုန်သွားသည်။
ထိုပုဂ္ဂိုလ်၏ နဖူးပေါ်မှာ ဒေါင်လိုက်အမှတ်အသားတစ်ခု တည်ရှိသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မူလစွမ်းအားက အလွန်သိပ်သည်းလေရာ သူထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ ဟင်းလင်းပြင်က အေးခဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားက သူဆုပ်ကိုင်ထားသော လှံ၏ ထိပ်ဖျားမှ ပေါ်လျှိုးနေသည်။
“ မင်းတို့ ကမ္ဘာဦးလောကက လူတွေက အရမ်းဉာဏ်များတယ်ဆိုတာ ငါသိတယ် ”
“ မင်းက ငါတို့ရဲ့ အသူရာကောင်းကင်ဘုံနဲ့ မဟာမိတ်ဖွဲ့ဖို့ တောင်းဆိုခဲ့တယ်… အခု မင်းက ကမ္ဘာဦးလောကရဲ့ မူလစွမ်းအားနဲ့ ပေါင်းစပ်လိုက်တယ် ”
အသူရာကောင်းကင်ဘုံ… ။
လှံကိုင်ထားသော ထိုပုဂ္ဂိုလ်က အသူရာကောင်းကင်ဘုံမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူ၏ အရှိန်အဝါက လှုပ်ခါသွားသည့်အခါ အဝေးမှ အသူရာကောင်းကင်ဘုံ၏ မဟာစစ်တပ်က လှုပ်ရှားလိုက်သည်။ သူတို့၏ ဦးခေါင်းပေါ်တွင် အဖြူရောင်အလင်းက စတင်ရွေ့လျားသွားသည်။
ထိုအဖြူရောင်အလင်းက ကီလိုဂရမ်သန်းပေါင်းများစွာ လေးလံသည့်အလား နတ်ဘုရားရင်းမြစ်ကောင်းကင်နန်းတော်ပေါ်သို့ တိုက်ရိုက် ဖိချလိုက်သည်။
မရေမတွက်နိုင်သော နန်းတော်များက ထိုအဖြူရောင်အလင်းအောက်မှာ ပြိုကျပျက်စီးသွားကြသည်။ သူတို့၏ ရုပ်ခန္ဓာကိုယ်က ဖုန်မှုန့်ဖြစ်သွားပြီး သူတို့၏ အသက်ဓာတ်နှင့် မူလစွမ်းအားက လေထဲမှာ လွင့်ပြယ်သွားသည်။
မိုးမြေ၏ အစွမ်းတိုးမြှင့်ပေးမှုနှင့် မူလစွမ်းအား၏ လှုံ့ဆော်အောက်မှာ နတ်ဘုရားကမ္ဘာမှ နတ်ဘုရားသလင်းကျောက်များက အဆက်မပြတ် သန့်စင်ခံလိုက်ရပြီး သွေးမျိုးဆက်ကျောက်တုံးများအဖြစ် ဖွဲ့စည်းသွားသည်။
မရေမတွက်နိုင်သော သွေးမျိုးဆက်ကျောက်တုံးများက အက်ကွဲသွားသည့်အခါ မူလစွမ်းအားက မိုးမြေဆီသို့ ပြန်ရောက်သွားသည်။
ကောင်းကင်ယံတွင် ရွှေရောင်အလင်းတန်းတစ်ခု ဆင်းသက်လာသည်။
အသူရာကောင်းကင်ဘုံ၏ စွမ်းအားကို ထိုအလင်းတန်းထဲမှာ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။
နတ်ဘုရားရင်းမြစ်ကောင်းကင်နနန်းတော်၏ နန်းတော်သခင်ဖြစ်သော ယဲ့မင်တန်က စိတ်ရှုပ်ထွေးသော အမူအရာဖြင့် အလင်းတန်း၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေသည်။
သူတစ်ယောက်တည်း မဟုတ်ပေ။ သူ့အား နောက်ကွယ်မှ စေခိုင်းခဲ့ကြသော ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ အစွမ်းထက်ပုဂ္ဂိုလ်များသည်လည်း အလင်းတန်း၏ အပြင်ဘက်မှာ ရပ်နေကြသည်။ သူတို့က စကြာဝဠာကပ်ဘေးကို တိမ်းရှောင်ရန် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပုန်းအောင်းနေခဲ့ကြသော ကျင့်ကြံသူများ ဖြစ်ကြသည်။
“ နှစ်တွေဘယ်လောက်ပဲ ကြာသွားပါစေ ကမ္ဘာဦးလောက ကပ်ဘေးနဲ့ တွေ့ကြုံရတဲ့အခါတိုင်း ကျုပ်တို့က မထူးမခြားနား ဆက်ရှိနေခဲ့ကြတယ် ”
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ရွှေသရဖူကို ဆောင်းထားသော လူငယ်တစ်ယောက်က ခေါင်းခါလိုက်ပြီး တိုးညင်းစွာ ပြောသည်။
သူက လောကီကိစ္စအားလုံးကို စွန့်လွှတ်ထားသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ မိုးမြေကြားထဲမှ မည်သည့်အဖြစ်အပျက်ကမှ သူ့အား မဆွဲဆောင်နိုင်တော့ပေ။
ကောင်းကင်စက်ဝန်းစစ်မြေပြင်ထဲမှာ ပုန်းအောင်းပြီး စကြာဝဠာကပ်ဘေး အဆုံးသတ်သွားသည်ကို စောင့်ဆိုင်းခြင်းက ထိုအစွမ်းထက်ပုဂ္ဂိုလ်အားလုံး စဉ်းစားနေရာအရာ ဖြစ်သည်။
“ သွားကြစို့… ကမ္ဘာဦးလောက ဖျက်ဆီးခံရတာပဲဖြစ်ဖြစ် ကမ္ဘာဦးလောက နိမ့်ကျသွားတာပဲဖြစ်ဖြစ် အဲ့ဒါက ကျုပ်တို့နဲ့ ဘာဆိုင်လို့လဲ ”
အဖြူရောင်ဆံပင်နှင့် အကြီးအကဲတစ်ယောက်က ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး အဝေးသို့ ပျံသန်းသွားသည်။
သို့သော်လည်း သူရွေ့လျားပြီး တစ်ခဏအကြာမှာ သူ၏ အမူအရာက ပြောင်းလဲသွားသည်။
အဘယ့်ကြောင့်ဆိုသော သူ့အရှေ့မှ မိုးမြေက ရေခဲအလွှာများသဖွယ် ဒြပ်ထည်ရှိလာပြီး သူ့အား တားဆီးလိုက်သောကြောင့် ဖြစ်သည်။
“ လေဟာနယ်က ချိပ်ပိတ်ခံလိုက်ရပြီ ”
ယဲ့မင်တန်က အော်ပြောလိုက်လေရာ သူ၏ မျက်နှာက ဖြူဖျော့သွားသည်။
လေဟာနယ်ချိပ်ပိတ်ခြင်းကို စကြာဝဠာကပ်ဘေးအတွင်းမှာ တစ်ခါ သူမြင်ဖူးသည်။
ထိုအချိန်တုန်းက အထက်ဘုံတစ်ခုမှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးက လှုပ်ရှားလိုက်သည့်အခါ ဘုံစွမ်းအားက အောက်သို့ တိုက်ရိုက် ဆင်းသက်လာပြီး ကမ္ဘာဦးလောက၏ နယ်မြေအများစုကို ဖျက်ဆီးပစ်လိုက်သည်။
လေဟာနယ်ထဲမှာ ချိပ်ပိတ်ခံထားရသော သက်ရှိကိုးဆယ့်ကိုးရာခိုင်နှုန်းက ပြာဖြစ်သွားကြသည်။
“ မဟုတ်ဘူး… အဲ့လိုမဖြစ်နိုင်ဘူး ”
အင်မော်တယ်ဘုရင်အဆင့်ထက် ကျော်လွန်သွားပြီး ခြေလှမ်းဝက်အုပ်ချုပ်သူအဆင့်သို့ ရောက်ရှိနေသော ကောင်းကင်စက်ဝန်းစစ်မြေပြင်မှ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်က မျက်လုံးပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။