( ဂျောင်ပိတ်ခံရရင် ဘယ်သူမဆို ပြန်တိုက်ခိုက်လိမ့်မယ်)
Vol. 15 Ch. 199
“မင်းကများ အမိန့်ကို အကောင်းဆုံး နာခံမယ်။ ဟုတ်လား”
ချန်ယုယန်သည် အသက်သုံးဆယ်အရွယ်ကို ရောက်လုနီးပါးရှိပြီ။ ထို့ကြောင့် ကျန်းလင်ချွမ်ကို သူ့ရဲ့ သားတစ်ယောက်ပမာ ဆက်ဆံ၏။ အပျော်စံအိမ်ကို သွားမယ်ဆိုတာကလည်း စကားအဖြစ် ပြောခဲ့ခြင်းသာဖြစ်သည်။ အတည်ပေါက် ပြောခဲ့ခြင်း မဟုတ်ဘူး။
ဒါပေမဲ့ ကျန်းလင်ချွမ် ပြန်ပြောလာသော စကားကြောင့် ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
“ခင်များပဲ ကျွန်တော့်ကို အပျော်စံအိမ်ကို ခေါ်သွားမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား။ အခုကြမှ ဘာလို့လာအော်နေတာလဲ”
“ကျွန်တော် ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်မှာ။ အဲ့ကျမှ ဟိုကိုရောက်ရင် အပျော်စံအိမ်ကို သွားလို့ရမှာ”
ချန်ယုယန် ပိုမိုဒေါသထွက်လာခဲ့သည်။
“မင်းကများ။ မင်းအမွှေးတွေတောင် စုံပြီမို့လို့လား။ ငါ့ကိုလာ စိန်ခေါ်ရဲသေးတယ်။ အသုံးမကျတဲ့ တပည့်ပဲ”
ကျန်းလင်ချွမ်ကလည်း တည့်တိုးဆန်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ချက်ချင်းပဲ သူ့ရဲ့ခေါင်းကို မော့လိုက်သည်။ နီရဲနေတဲ့ မျက်နှာနဲ့ပဲ သံချပ်ကာ ဝတ်ရုံကို ဆွဲချွတ်ကာ ချန်ယုယန်နဲ့ ဆိုဒ်တိုင်းဖို့ ပြင်လိုက်၏။
ဒီလိုနဲ့ပဲ နှင်းနဂါးမြို့ရဲ့ တပ်ဖွဲ့သည် လျှင်မြန်စွာ မရွေ့လျားခဲ့ကြပေ။ သူတို့က အေးဆေး သက်သာစွာဖြင့် အချိန်ယူနေကြ၏။
ဒါပေမဲ့ ဟွမ်ပထျန်းတို့ အုပ်စုကတော့ မနားရပါချေ။
အရှေ့က အုပ်စုရဲ့ အလုပ်ကြိုးစားနေမှုကို နှင်းနဂါးမြို့ရဲ့ တပ်သားတွေ သိကြပါ့မလား..။
“ခေါင်းဆောင်ဟွမ် ကျွန်တော်တို့ဒီပုံစံအတိုင်းသာ လိုက်လုပ်နေမယ်ဆို ဘယ်အချိန်မှ ပြီးတော့မှာလဲ။ ကျွန်တော်တို့ ညီကိုတွေ မောလွန်းလို့ သေတော့မယ်”
အလုပ်သမားခေါင်းဆောင်က ဟွမ်ပထျန်းကို မနေနိုင်စွာ ငြီးငြူလိုက်တော့သည်။ သူတို့က မကြိုးစားချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့အားလုံးက သေမျိုးတွေသာဖြစ်သည်။ ထို့ကြောင့်သူတို့ရဲ့ သန်မာမှုက ကျင့်ကြံသူတွေနဲ့ နှိုင်းယှဉ်လို့မရဘူး။ အခုလိုမျိုး ကြမ်းတမ်းတဲ့ အလုပ်တွေက သူတို့ကို အလွန်မောပမ်းစေ၏။
ဟွမ်ပထျန်းလည်း ထိုအချက်ကို ကောင်းစွာ နားလည်ထားသည်။ သူလည်းပဲ ခက်ခဲတဲ့ အခြေအနေကို ကြုံတွေ့နေရသည်။
ထို့ကြောင့် သူ့ရဲ့မျက်နှာက အနည်းငယ် နူးညံ့နေ၏။ အကျည်းတန်တဲ့ မျက်နှာပေါ်တွင် အနေခက်နေတဲ့ အပြုံးတစ်ပွင့်ကို သယ်ဆောင်လိုက်သည်။
“ညီကိုတို့ ငါတို့အားလုံးက အလုပ်ကြိုးစားနေရတာပဲ။ မင်းတို့ကို ပေးတဲ့ပိုက်ဆံက မလောက်ဘူးမလား။ ငါမင်းတို့ကို နှစ်ဆပေးမယ်။ ဒီလိုဆိုရင်ကော ဘယ်လိုသဘောရသလဲ”
ဟွမ်ပထျန်းရဲ့ စကားဆုံးတာနဲ့ အနားမှာရှိနေတဲ့သူတွေအားလုံး ချက်ချင်းပဲ အားအင်းတွေ ပြည့်ဝသွားသလို ခံစားလိုက်ရသည်။ သူတို့ရဲ့ ခြေတွေလက်တွေက ပြန်လည်ကောင်းမွန်သွားပြီး ပေါက်တူးကိုကိုင်ကာ အားအင်အပြည့်နဲ့ အလုပ်လုပ်ကြလေတော့၏။
“ခေါင်းဆောင်ဟွမ် ကျွန်တော်က အဲ့လိုဆိုလိုတာ မဟုတ်ပါဘူး။ ကျွန်တော်က ခေါင်းဆောင်မောမှာဆိုးလို့ ပြောလိုက်တာပါ”
အလုပ်သမားခေါင်း၏ မျက်နှာသည် ပန်းပွင့်များပွင့်လန်းသလို ပွင့်လန်းလာခဲ့သည်။
ဟွမ်ပထျန်း ချက်ချင်းပဲ ကျယ်လောင်စွာ ရယ်မောလိုက်၏။
“ကောင်းပြီ။ အလုပ်ကြိုးစားကြပါ။ မင်းကို ရုပ်ဆိုးတယ်လို့ ငါမထင်ပါဘူး။ ငါတို့ရဲ့ တပ်စခန်းမှာ ချောမောမှုနဲ့ ပတ်သက်လာရင် ခေါင်းဆောင်ဖူမဲ့က ပထမတန်းပဲ။ ငါကဒုတိယ။ အဲ့လိုဆိုရင် မင်းကတတိယနေရာတော့ ရနိုင်တယ်”
ထိုစကားက အလုပ်သမားခေါင်းကို ပိုမိုပျော်ရွှင်သွားစေခဲ့သည်။ သူ့ရဲ့ခန္ဓာကိုယ်ထဲကို အဆုံးမဲ့တဲ့ စွမ်းအင်တွေ ဝင်ရောက်လာသလိုမျိုး ခံစားနေရ၏။
“တကယ်ပြောတာလား လက်ထောက် ခေါင်းဆောင်ဟွမ်”
“ငါဘယ်လိုလုပ် မဟုတ်တာ ပြောရမှာလဲ? ငါအပျော်အိမ်ကို သွားတိုင်း အဲ့ဒီကမိန်းကလေးတွေက ငါ့ကို ချောမောမှုနဲ့ ပြည့်စုံတယ်လို့ ချီးကျုးကြတယ်။ ဒါပေမဲ့ ချောမောမှုတစ်ခုထဲက မလုံလောက်ဘူး။ ငါတို့ရဲ့ ရှေးလူကြီးတွေ ပြောသလိုပဲ ချောမောရမယ်၊ အလုပ်ကြိုးစားရမယ်၊ ဝီရိယရှိရမယ် အဲ့ဒီအချက်တွေနဲ့ ပြည့်စုံမှ ယောကျာ်းကောင်းတစ်ယောက် ဖြစ်လာနိုင်မယ်။ မိန်းမတယောက် ရှာဖို့ဆိုရင် မင်းအလုပ်ကြိုးစားဖို့ လိုအပ်တယ်”
ဟွမ်ပထျန်း တစ်ယောက် အထီးကျန်စွာ ပြောလိုက်သည်။ တစ်နေရာက ကြားဖူးတဲ့ ဆိုရိုးစကားကိုပါ ထည့်ပြောလိုက်တဲ့အတွက် ရိုးအသော အလုပ်သမားတွေ အားလုံးရဲ့ စိတ်ဓာတ်ကို လွန်စွာမြှင့်တင်နိုင်ခဲ့သည်။ သူတို့ရဲ့ လုပ်အားက ကောင်းကင်ကို ထိလုမတက် မြင့်မားသွား၏။
ဒါပေမယ့် ထိုအချိန်မှာ နှင်းနဂါးမြို့အတွင်းက အခြေအနေက အနည်းငယ် ထူးဆန်းနေခဲ့သည်။ အုပ်ချုပ်ရေးမှူးစံအိမ်အတွင်းမှာ ယူအိမ်တော်ရဲ့ မိန်းကလေးနှစ်ယောက်သည် ရပ်နေကြသည်။ သူတို့ရဲ့ အရှေ့မှာ အေးစက်တဲ့ မျက်နှာနဲ့ ကျောက်ကောင်း ရှိနေ၏။ ကျောက်ကောင်းက အုပ်ချုပ်သူစံအိမ်ရဲ့ အုပ်ချုပ်သူ ထိုင်ခုံပါ်တွင် မာန်အပြည့်နဲ့ ထိုင်နေခဲ့သည်။
“မင်းတို့နှစ်ယောက် ပြောလိုက်တဲ့စကားက အမှန်ပဲဆိုတာ သေချာလား”
ကျောက်ကောင်းရဲ့ ပုံစံက အရိုးမရှိသလိုမျိုး ထိုင်ခုံကို မှီထားသည်။ သူ့ရဲ့ မျက်နှာကလည်း မဲမှောင်နေ၏။
“အမှန်ပဲ။ ငါတို့ရဲ့ မျက်လုံးနဲ့ ကိုယ်တိုင် မြင်တွေ့ခဲ့တာ။ ချန်ယုယန်က အဲ့ဒီပုံရိပ်ယောင်ထဲကို ဝင်သွားခဲ့တယ်။ ပြီးတော့ ငါ့ရဲ့ ကျင့်ကြံမှုနဲ့တောင်မှ ပုံရိပ်ယောင်ကို အတည်ပြုနိုင်ဖို့ ခဲယဉ်းခဲ့တယ်။ ငါတို့သာ သတိမထားခဲ့ဘူးဆိုရင် အဲ့တာကို ပုံရိပ်ယောင်မှန်း သိခဲ့မှာတောင် မဟုတ်ဘူး”
ယူလျိုရှားက လက်နှစ်ဖက် ပိုက်လိုက်ကာ မာန်အပြည့်နဲ့ ပြောလိုက်သည်။
ကျောက်ကောင်းက တစ်ချက်သာ လှည့်ကြည့်လိုက်၏။ ဒါပေမဲ့ လုံးဝ စိတ်မဝင်စားပေ။ သူ့ရဲ့အကြည့်က အခန်းထဲကိုသာ ပြန်လည်ရောက်ရှိသွားခဲ့သည်။
“ဒါဆိုရင် အခု ချန်ယုယန်နဲ့ ပတ်သက်ပြီး ဘာသတင်းမှ မရှိဘူးပေါ့။ သူထွက်ပြေးသလား ရှုံးသွားသလားအပြင် အသက်ရှင်လား သေလားကိုပါ မသိရဘူးပေါ့”
ကျောက်ကောင်းသည် ပထမအုပ်ချုပ်ရေးမှူးကို သတ်ခဲ့ပြီးပြီ။ ဒုတိယ အုပ်ချုပ်ရေးမှူးကလည်း အခုလိုမျိုး လွယ်ကူစွာ သေသွားလိမ့်မည်လို့ မထင်ထားမိပေ။
အုပ်ချုပ်သူတစ်ယောက် လုပ်ရတာ မလွယ်ကူပါလားဟု ချက်ချင်းပဲ စဉ်းစားမိသွား၏။
“အုပ်ချုပ်ရေးမှူး ချန်ယုယန် သာမကဘူး သူ့ရဲ့ တပ်သားတစ်သောင်းလည်း ပုံရိပ်ယောင်ထဲကို ဝင်ရောက်သွားတယ်။ အဲ့လိုပုံရိပ်ယောင်ကို ဖန်တီးချင်ရင် ပထမအဆင့်ကျင့်ကြံမှုထက် မနည်းတဲ့ ကျင့်ကြံမှုရှိဖို့ လိုအပ်တယ်လို့ ငါထင်တယ်။ ပထမအဆင့်ကို ရောက်ပြီးတာတောင်မှ လုံလောက်တဲ့ ပစ္စည်းတွေရှိမှ ဖန်တီးနိုင်မှာ၊ ဘာလို့လဲဆိုရင် အဲ့ဒီပုံရိပ်ယောင်က အလွန် အဆင့်မြင့်တယ်”
ပုံရိပ်ယောင်ကို မြင်လိုက်တာနဲ့ နောက်ကွယ်ကလူရဲ့ ကျင့်ကြံဆင့်ကို ယူလျိုရှား ချက်ချင်းပဲ ခန့်မှန်းမိသွားသည်။ ထို့ကြောင့် နှင်းနဂါးမြို့ကို ပြန်လာခဲ့တာပင်။ သူမအနေနဲ့ အသက်စွန့်တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး။
ဒါ့အပြင် ကျောက်ကောင်းကလည်း သူမကို ချန်ယုယန်အား စောင့်ကြည့်ဖို့သာ စေလွှတ်ခဲ့သည်။ ချန်ယုယန် အစားတိုက်ခိုက်ပေးဖို့အတွက် မလိုအပ်ဘူး။
သူမဒီနေရာကို လာခဲ့တာတောင်မှ အရှင်မင်းကြီးကြောင့်ပဲ။
ကျောက်ကောင်းရဲ့ မျက်နှာက ချက်ချင်းပဲ ခက်ထန်သွားခဲ့သည်။ သူ့ရဲ့ မျက်နှာထားကလည်း လွန်စွာ ရုပ်ဆိုးသွား၏။
“အသုံးမကျဘူး။ ငါသာသိခဲ့မယ်ဆိုရင် အဲ့ဒီကောင်ကို ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားစေခိုင်းမှာတောင် မဟုတ်ဘူး”
ကျောက်ကောင်းရဲ့ ဓားပျံသည် အခန်းအတွင်းကို လှည့်ပတ်သွားလာနေခဲ့သည်။ ထိုဓားပျံ ဖြတ်သွားတဲ့နေရာတိုင်းမှာ ဖိအားတစ်ခုကို ဖြစ်ပေါ်စေ၏။ အဆုံးမှာတော့ ထိုဓားပျံက ချိလန်ရှန် လဲလျောင်းခဲ့တဲ့ မြေပြင်နေရာကို အင်အားနဲ့ ရိုက်ခတ်သွားခဲ့သည်။ မြေပြင်အောက်မှာ တွင်းငယ်တစ်ခု ဖြစ်ပေါ်သွား၏။
ယူလျိုရှားပင် အနည်းငယ် တုန်ယင်သွားခဲ့သည်။
သူမ ဒီမိန်းမစိုးကို လုံးဝမကြိုက်ဘူး..။
ဒီမိန်းမဆိုးက အပြုမူကောင်းတွေ မရှိရုံသာမကဘူး။ဒေါသကလည်း ထိန်းမရဘူး..။
သူမသာပထမအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ရင် အဲ့ဒီကောင်သတ်လို့ သေနေတာကြာပြီ..
“ဒါပေမဲ့ အဲ့လိုမျိုး ထိပ်တန်းပုံရိပ်ယောင် အစီရင်ကို ဖန်တီးနိုင်တယ် ဆိုမှတော့ မိန်းမစိုးကျောက် တစ်ခုခုကို မတွေးမိဘူးလား”
ယူလျိုရှား အရှင်မင်းကြီးကို တွေးမိသွားသည့်အတွက် ကြင်နာစွာဖြင့် သတိပေးလိုက်သည်။
ကျောက်ကောင်း ချက်ချင်းပဲ မျက်မှောင် ကြုတ်သွား၏။
“ပုံရိပ်ယောင်နဲ့ ပတ်သက်ပြီးဘာက ထူးဆန်းနေလို့လဲ”
“ငါပြောချင်တာက…”
ယူလျိုရှားရဲ့ မျက်နှာထက်မှာ နူးညံ့ညင်သာတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“တစ်ချို့အရာတွေက ထုတ်ပြောမလား ထုတ်မပြောဘူးလားဆိုတာ မိန်းမစိုးကျောက် အပေါ်မှာပဲမူတည်တယ်။ ဒါပေမဲ့ ပြောလိုက်ပြီဆိုတာနဲ့ အဲ့ဒီစကားကို ပြန်ရုတ်သိမ်းလို့ မရတော့ဘူးနော်”
ထျန်းလင်ဂိုဏ်းရဲ့ ပုံရိပ်ယောင် သိုင်းပညာသည် တစ်ကမ္ဘာလုံးအသိမှတ်ပြုရတဲ့ သိုင်းပညာတစ်ခု ဖြစ်၏။
ကျောက်ကောင်းသာ ထျန်းလင်ဂိုဏ်းအပေါ် သံတယဝင်ရဲမည်ဆိုရင်….တရှားတိုင်းပြည် တစ်ခုလုံးအတွက် အလွန်အင်အားကြီးမားတဲ့ ရန်သူတစ်ခုကို ဖန်တီးလိုက်တာပဲ!
ဒါဆိုရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကိုလည်း သေချာပေါက် ရင်ဆိုင်နိုင်ရမည်။
တကယ်တော့ ယူလျိုရှားက စမ်းသပ်လိုက်တာပင်။ ကျောက်ကောင်းရဲ့ သစ္စာရှိမှုနဲ့ ပတ်သက်ပြီး သူမ သိချင်၏။ တကယ်လို့ ကျောက်ကောင်းကသာ ဒီကိစ္စကို လျှို့ဝှက်ချက်တစ်ခုလိုမျိုး ဖုံးကွယ်ခဲ့မယ်ဆိုရင် သူမအနေနဲ့ ဒီနေရာမှာ ဆက်နေမှာ မဟုတ်တော့ပေ။ ဘယ်လိုပဲဆိုဆို သူမကျေးဇူးကြွေး တင်နေတာက အရှင်မင်းကြီးကိုသာဖြစ်သည်။ ကျောက်ကောင်းကို မဟုတ်ဘူး။
ဒါပေမဲ့ မထင်ထားစွာပင် ကျောက်ကောင်းက ကျယ်လောင်စွာဖြင့် ပြောလိုက်၏။
“ထျန်းလင်ဂိုဏ်းများ ဖြစ်နေမလား။ တရှားကို ထိခိုက်အောင် လုပ်သ၍ ဘယ်သူပဲ ဖြစ်နေပါစေ သေချာပေါက် ပြန်ပေးဆပ်ရမယ်”
ပြန်ပေးဆပ်ရမယ်ဆိုတဲ့ စကားလုံးကို ကျယ်လောင်စွာဖြင့် ပြောလိုက်၏။ ထို့နောက်မှာ ကျောက်ကောင်းက ခပ်ဖြည်းဖြည်း ထရပ်လိုက်သည်။ သူ့ရဲ့ မျက်နှာထက်မှာ ဖိအားများရှိနေသည်။
“မြွေတစ်ကောင် ဆိုရင်တောင်မှ အခက်ခဲကြုံလာရင် ပြန်ကိုက်တတ်တယ်။ ထျန်းလင်ဂိုဏ်း ဖြစ်နေရင်ကော ဘာဖြစ်သလဲ။ ငါတို့ကို ထိခိုက်အောင်လုပ်သ၍ ပြန်ပေးဆပ်ရမှာပဲ။ ငါကျောက်ကောင်းက အရှင်မင်းကြီးအတွက် အမြဲတမ်း ရပ်တည်ပေးမယ်”
ယူလျိုရှား ကျောက်ကောင်းကို အနည်းငယ် လေးစားမိသွား၏။ အမှန်တော့ ကျောက်ကောင်းကို ရှကျိုးယွီ ဘေးမှာကပ်နေတဲ့ ခွေးတစ်ကောင်လို့သာ သူမ ထင်မှတ်ခဲ့သည်။ ဒါပေမဲ့ ထိုခွေးက အခုလောက်ထိ သစ္စာရှိမယ်လို့ မမျှော်လင့်ခဲ့မိဘူး။
“ကျွန်မအနည်းငယ် ရိုင်းပြမိသွားတယ်။ မိန်းမစိုးကျောက်ကို တောင်းပန်ပါတယ်”
ယူလျိုရှားရဲ့ မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။ သူမရဲ့ မျက်နှာပေါ်မှာ နွေးထွေးမှု အနည်းငယ် ဖြစ်ပေါ်လာ၏။ အေးစက်ပြီး လှပတဲ့ မျက်နှာထက်တွင် နွေးထွေးမှုများ ဝင်ရောက်လာခဲ့သည်။
ကျောက်ကောင်းက လက်တစ်ဖက်သာ ရမ်းပြလိုက်သည်။
“အခုချိန်က လှပတဲ့ ခံစားချက်တွေအကြောင်း ဖွဲ့နွှဲ့ ပြောဆိုနေရမဲ့ အချိန်တစ်ခု မဟုတ်ဘူး။ ထျန်းလင်ဂိုဏ်းကသာ လျှို့ဝှက်ပြီး ကူညီနေမယ်ဆိုရင် ငါဒီကိစ္စကို ရုံးတော်ပြန်ပြီး အရှင်မင်းကြီးစီ တင်ပြမှ ဖြစ်တော့မယ်။ ဒီတိုက်ပွဲကို မဖြစ်မနေ တိုက်ခိုက်ရမယ်”
……….