← Chapters

( ငွေလေးပြား ပုံပြင်)

Vol. 15 Ch. 200

( ငွေလေးပြား ပုံပြင်)

Vol. 15 Ch. 200

ကျောက်ကောင်း ကောင်းမွန်စွာ​ နားလည်ထားသည်။ သူကအရှင်မင်းကြီးရဲ့​ နောက်လိုက်တစ်ယောက်ပဲ။ အရှင်မင်းကြီးမရှိနေချိန်မှာ​ သူက​ သူရဲ့နေအိမ်ကိုကာကွယ်‌ပေးဖို့​ တာဝန်ရှိ၏။ တစ်ကမ္ဘာလုံးနဲ့ ရန်ဖြစ်ရမယ်ဆိုရင်တောင် ဘာဖြစ်သလဲ? သူသာရှိနေသရွေ့ သေချာပေါက်​ ဘာမှမထိခိုက် စေရဘူး။

ယူလျိုရှားရဲ့မျက်လုံးထဲက လေးစားမှုတွေလည်း အချိန်နဲ့အမျှ ပိုမိုကြီးထွားလာခဲ့သည်။

"ဒါဆိုရင် မိန်းမစိုးကျောက်၊ တကယ်လို့ အရှင်မင်းကြီးက နင့်ကို အပြစ်တင်ရင်ဘယ်လိုလုပ်မလဲ"

"တရှားတိုင်းပြည်ရဲ့​ စစ်ရေးအင်အားသန်မာမှု​နဲ့ အရည်အချင်းကိုအကုန်လုံးသိကြပါတယ်၊ သူကတစ်ကမ္ဘာလုံးအပေါ်မှာ​ သက်ရောက်မှုရှိတယ်၊ ဒါပေမဲ့ အဲ့လိုဖြစ်တိုင်း ပြုမူချင်သလို ပြုမူနေလို့မရဘူး၊ အခုနင်က အရှင်မင်းကြီး​ ကိုယ်စားပြုလုပ်နေတာ။ နောက်ပိုင်းအရှင်မင်းကြီး အပြစ် တင်မှာ မကြောက်ဘူးလား၊ အဲလိုဆိုရင် နင်ရဲ့ရာထူးတင်မဟုတ်ဘူး။ အသက်ပါဆုံးရှုံးနိုင်တယ်နော်"

ယူလျိုရှား သိ​​​ ပြီးသားပင်။​ တရှားရဲ့ဘုရင်အနေနဲ့ ရှကျိုးယွီ အကုန်လုံးကို သိသည်။ ကျောက်ကောင်းရဲ့လုပ်ရပ်တွေကို မသိကျိုးကျွန်ပြုပေးထားခြင်းကလည်း လက်ခံနိုင်တဲ့အနေအထားတွင်းမှာ ရှိနေလို့ပဲ။ ကျောက်ကောင်းသာ စည်းကျော်လိုက်တာနဲ့​ သေချာပေါက် သေဆုံးရလိမ့်မည်။

ဝိညာဉ်သုံးခုလုံးပြိုကွဲပြီး​ ခုနှစ်ဘဝလုံး​ ပြန်လည်ဝင်စားလို့မရတော့တဲ့ထိ​ ပျက်ဆီးမှုကို ကြုံတွေ့ရနိုင်သည်။

"ဒါဆိုရင်ရော ဘာဖြစ်လဲ”​

ကျောက်ကောင်းရဲ့ မျက်နှာကတော့ ခံစားချက်မရှိဆဲပေ။ ဒါပေမဲ့ သူရဲ့စကားလုံးထဲမှာ မတတ်နိုင်မှုများ​ အနည်းငယ်ပါဝင်နေသည်။

သူလည်းပဲသိပါသည်။ ဘယ်‌လောက်ပဲသန်မာနေပါစေ ဘယ်လောက်ပဲ ဉာဏ်နီဉာဏ်နက်များနေပါစေ​ အရှင်မင်းကြီးရဲ့အရှေ့မှာ သူကမှန်တစ်ခုလိုမျိုးဘဲ ဘာကိုမှ ဖုံးကွယ်ထားလို့ မရဘူး။ အရှင်မင်းကြီးက လူတိုင်းရဲ့အတွေးကို ဖောက်မြင်နိုင်သလိုမျိုးပဲ။

"ငါရဲ့ အသက်ကို အရှင်မင်းကြီးအပေါ်မှာ မြုပ်နှံထားတယ်ဆိုမှတော့ သေချာပေါက်အားလုံး​ကို​ တာဝန်ယူရဲတယ်၊ ငါအခု လုပ်ဖို့လိုတာက​ ငါမှန်တယ်လို့ထင်တဲ့အရာပေါ်မှာ​ တစ်သွေမသိမ်းလိုက်ပါလုပ်ဆောင်ဖို့ပဲ၊ သမိုင်းရေးရာမှာ​ ငါက​ တိုင်းပြည်ကိုသစ္စာဖောက်တဲ့​ မိန်းမစိုးတစ်‌ယောက်ဖြစ်ခဲ့ရင်တောင်မှ ဘာအရေးကြီးလဲ။ တရှားတိုင်းပြည်အတွက်၊ တရှားရဲ့ဘုရင်အတွက် ငါအရာအားလုံးကိုပေးဆပ်နိုင်တယ်”

ယူလျိုရှားရဲ့မျက်လုံးထဲမှာ ‌ကျောက်ကောင်းက ပိုပြီးနားလည်ရ ခက်လာသလိုဘဲ။

ကျောက်ကောင်းရဲ့ပုံစံက မိန်းမဆန်တဲ့ မျက်နှာအသွင်ပြင်နဲ့ အသံကလည်း နူးညံ့၏။ ဒါပေမဲ့​ သူရဲ့ သန်မာမှုက တိုင်းပြည်ထဲက လူတွေအားလုံးထက်ပိုမြင့်သည်။

စိတ်ဓာတ်ပြတ်သားမှုကလည်း ထိုနည်းလည်းကောင်းပင်။

ကျောက်ကောင်းက ယူလျိုရှားကို ခပ်ဖြည်းဖြည်း လှည့်ကြည့်လိုက်သည်။ ထို့နောက်မှာမှ ပြောလိုက်၏။

"ငါ့မှာတေားင်ဆိုချက် တစ်ခုရှိတယ်၊ မင်လုပ်ပေးနိုင်မလား​"

ယူလျိုရှား​ အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။

"ငါ့ကိုတောင်းဆိုမှာလား။ ငါ နင့်ကို ဘယ်လိုကူညီပေးနိုင်မှာ မလို့လဲ၊ ငါကရုံးတော်က အမတ်တစ်ယောက်လည်းမဟုတ်ဘူး၊ ပြီးရင်ငါ့မှာ ဘာမှလုပ်နိုင်စွမ်းမှလဲ မရှိဘူး၊ ငါကသာမန်သူတစ်ယောက်ပဲ"

ကျောက်ကောင်း ခေါင်းယမ်းလိုက်သည်။

"မဟုတ်ဘူး ငါလိုချင်တာက အဲလောက်ကြီးထိ မမြင့်မားဘူး၊ အခုငါ့ရဲ့ဘဝက ပျက်ဆီးရတော့မယ်၊ ငါနောက်ဆုံး ဆုံးဖြတ်ချက်ကို ချချင်တယ်"

"အကယ်လို့ ထျန်းလင်ဂိုဏ်း​နဲ့ တိုက်ရိုက်ရန်စမိပြီး အခြေအနေ​တွေ ဆိုးဝါးလာခဲ့ရင် ငါ့ရဲ့အသက်ကိုစတေးရနိုင်တယ်၊ ဒါကြောင့် ဒီစာစောင်လေးကို ငါ့အမေဆီပို့ပေးနိုင်မလား၊ သူမက ကျောင်းကျားကျေးရွာမှာ နေထိုင်တယ်၊ သူမရဲ့နာမည်က လီချွမ်လန်"

"ပြောပေးပါ၊ ငါကကျေးဇူးမသိတတ်ဘဲနဲ့ ကျောက်မိသားစုရဲ့အမွေကို ဆက်လက်မထိန်းသိမ်းနိုင်ခဲ့ဘူး၊ဒါပေမဲ့ ငါရဲ့တစ်ဘဝလုံးကို တရှားအတွက်ပဲနေထိုင်ခဲ့ပြီး တိုင်းပြည်အပေါ်မှာ​ သစ္စာရှိခဲ့တယ်၊ ဒါကြောင့် ငါရဲ့ဘဝမှာ နောင်တမရှိဘူး”

ကျောက်ကောင်းရဲ့ မျက်လုံးတွေက တည်ငြိမ်နေခဲ့သည်။

သူရဲ့မျက်လုံးထဲမှာ ခံစားချက်တစ်စုံတစ်ရာကိုမှ အာရုံခံလို့မရဘူး။

ဒီအခြေအနေသည် ဘာမှပြောစရာမရှိတော့ပေ။မသိတတ်သော သားတစ်ယောက်ရဲ့ နောက်ဆုံးစကားများပဲ။

ကျောက်ကောင်းလိုမျိုး အဆင့်မြင့်အရာရှိတစ်ယောက်က သူမလို သာမန်လူတစ်ယောက်ကို အခုလိုစကားတွေ​ ပြောလာလိမ့်မည်ဟု ယူလျိုရှား မထင်မိခဲ့ပေ။အချိန်တစ်ခဏကြာသည်အထိ သူမရဲ့ မျက်လုံးတွေက အနည်းငယ်ပြူးကျယ်သွားခဲ့သည်။ လက်ရှိအ‌ခြေအနေကို သူမအနည်းငယ် လက်မခံနိုင်ဖွယ်ဖြစ်နေ၏။

"မိန်းမစိုးကျောက် နင်ဘာလုပ်နေတာလဲ”

ကျောက်ကောင်းကပြုံးလိုက်ကာ…

"ဘဝမှာ မလုပ်ချင်ဘဲ လုပ်ရတဲ့ အရာဆိုတာရှိတယ်၊ အပြင်ပိုင်းမှာ ဘယ်လောက်ပဲ ပြတ်သားနိုင်ပေမဲ့ အဆုံးမှာ‌ ကိုယ့်ရဲ့ စိတ်ထဲက ခံစားချက်ကို မထိန်းချုပ်နိုင်ဘူး”

ယူလျိုရှား နောက်ဆုံးတော့ စာစောင်ကို လက်ခံလိုက်သည်။သူ​မခန္ဓာကိုယ်ရဲ့ အနီးဆုံးမှာ ထိန်းသိမ်းလိုက်၏။

"အရှင်မင်းကြီးက နင့်လိုမျိုးလူကို လက်ခံထားတာ တကယ်ပဲ ကံကောင်းတယ်”

ကျောက်ကောင်းသည် ဒေါသတကြီးပြုမူတတ်ပြီး ဘာကိုမှ ဂရုမစိုက်တတ်ပေမဲ့ တရှားတိုင်းပြည်‌အပေါ် သစ္စာဖောက်တဲ့ လုပ်ရပ်မျိုးတစ်ခါမှမလုပ်ခဲ့ဖူးပေ။

"ဒီလိုဆိုမှတော့ ငါစိတ်သက်သာရာရပါပြီ"

ကျောက်ကောင်း တည်ညိမ်စွာ‌ခေါင်းငြိမ့်လိုက်၏။ထို့‌နောက်မှာ သူရဲ့ မိန်းမဆန်တဲ့သွင်ပြင်များ ပြန်လည် ပေါ်ထွက်လာခဲ့သည်။ သူရဲ့အသံကလည်း မိန်းမတစ်ယောက်လိုမျိုး နူးညံ့လာ၏။ ထိုဖျော့တော့တဲ့အသံကြောင့် ယောက်ျားအသံလား မိန်းမအသံလားပင် ဝေခွဲရခက်စေသည်။

"ဒီအချိန်တွင်းမှာ နှင်းနဂါးတောင်ရဲ့ တောင်‌ခြေက ဓားပြတွေနဲ့ပတ်သတ်ပြီး ငါလေ့လာထားမယ်၊ မိန်းကလေးယူ ကျေးဇူးပြုပြီး မင်းလည်းပြန်လိုက်တော့၊ ဒီနေရာက မလုံခြုံဘူး၊ မကြာခင်မှာ တိုက်ပွဲကြီးဖြစ်လာနိုင်တယ်၊ မင်းဒီစစ်ပွဲမှာ မပါချင်ဘူးဆိုရင် ထွက်သွားလိုက်တာ အကောင်းဆုံးပဲ”​

ထိုစာစောင်ကိုပေးပြီးတာနဲ့ ကျောက်ကောင်းရဲ့ရင်ထဲက ခံစားချက်တွေအားလုံး ပေါ့ပါးသွားသလိုမျိုး ခံစားနေရသည်။ သူရဲ့နှလုံးသားကို ဆွဲငင်နေတဲ့ နောက်ဆုံး ကန့်သတ်ချက်လည်း ပျောက်ကွယ်သွားခဲ့ရပြီ။ သူရဲ့စိတ်ပျက်ဖွယ်ဘဝကိုလည်း စိတ်ပူနေစရာမလိုအပ်တော့ဘူး။ နောက်ဆုံးတော့ ကျောက်ကောင်းရဲ့ နှလုံးသားက ဒီအတားအဆီးတွေအားလုံးထံမှ လွတ်မြှောက်သွားလေ၏။

ယူလျိုရှား​ ခေါင်းငြိမ့်လိုက်သည်။

"ဒီလိုဆိုမှတော့ ငါယဉ်ကျေးမနေတော့ပါဘူး၊ ဓားမှာ မျက်လုံးမရှိဘူး၊ ဒါကြောင့် ဂရုစိုက်ပါ မိန်းမစိုးကျောက်၊ နောက်မှတွေ့ကြမယ်"

သူမကချက်ချင်းပဲ အရိုအသေပေးလိုက်သည်။ ထို့နောက်မှာ လှည့်ထွက်သွားလိုက်၏။

ယူလျိုရှားရဲ့နောက်ကျောကို ကြည့်နေရင်း ကျောက်ကောင်း အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့သည်။ ဒါပေမဲ့ ဘယ်သူမှ သတိမထားမိလိုက်ချိန်မှာပဲ သူရဲ့မျက်နှာက အနည်းငယ်ပြုံးသွား၏။

ထိုအချိန်တွင် နှင်းနဂါးမြို့ရဲ့ တပ်ဖွဲ့ကတော့ မီတာပေါင်းများစွာကို ရှေ့ဆက်သွားပြီးဖြစ်သည်။ထို့ကြောင့် အရူးတစ်ယောက်တောင်မှ လမ်းကြောင်းနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေမှန်း သတိထားမိနိုင်၏။ ဦးတည်ရာနေရာနှင့် လွဲမှားနေသလိုမျိုးခံစားနေရသည်မို့ ကျန်းလင်ချွမ် မနေနိုင်စွာမေးလိုက်သည်။

"စစ်သူကြီး ကျွန်‌တော်တို့ လမ်းကြောင်းမှားလာတာများလား။ ဒီနေရာက တောင်ခြေရဲ့ တပ်စခန်းဆီဦးတည်နေတယ်နော်"

ကျန်းလင်ချွမ်သည် ခပ်ဖွဖွခေါင်းကုတ်ရင်းမြေပုံကို ပြန်လည်ကြည့်ရှုလိုက်သည်။ ဒီလမ်းကြောင်းက အနည်းငယ်မှားယွင်းနေသလိုမျိုး ခံစားနေရ၏။

"ပြောရရင် အရှေ့ကနေရာမှာ စားသောက်ဆိုင်ဟောင်း တစ်ခုရှိနေသင့်တယ်၊ အဲဒီစားသောက်ဆိုင်ရဲ့ သူဌေးက ကျွန်တော့်အဖေနဲ့ မိတ်ဆွေတွေပဲ၊ ဒါပေမဲ့အခု အဲ့ဒီစားသောက်ဆိုင်မရှိတော့ဘူး"

ချန်ယုယန်သည် ပျင်းရိစွာလိုက်ပါလာခဲ့၏။ မြက်တစ်ပင်ကို ပါးစပ်မှာကိုက်ထားရင်း ခပ်ပေါ့ပေါ့ပြောလိုက်၏။

"မင်းရဲ့စားသောက်ဆိုင်ကို​ မတွေ့ရတာနဲ့ဘဲ ဘာတွေကြောက်ရွံ့နေတာလဲ။ ဘာကြောင့်များ​ မြေပုံက မှားယွင်းနိုင်မှာလဲ။ အခုငါတို့ ခေါ်လာတဲ့တပ်သားထဲမှာ အများစုကဒီတောင်နဲ့ ရင်းနှီးတဲ့လူတွေပဲ သေချာရွေးထားခဲ့တာ။ ဒါကြောင့် လမ်းကြောင်း မှားစရာအကြောင်းမရှိဘူး၊ သူတို့ပါနေတဲ့အတွက် ငါတို့ခရီးစဉ်က ပိုမိုချောမွေ့လိမ့်မယ်"

ချန်ယုယန်က အလွန်ကျေနပ်စွာဖြင့် တည်ငြိမ်စွာပြောလိုက်၏။

သူက မြင်းကုန်းနှီးပေါ်ကနေ အလွန် သက်တောင့်သက်သာဖြင့် လိုက်ပါလာခဲ့သည်။

"ဪ အဲလိုတောင်ခေါ်လာခဲ့တာလား။ စစ်သူကြီးက တော်တော်လေး အကွက်စေ့တာဘဲ"

ကျန်းလင်ချွမ် ခေါင်းညိတ်လိုက်ရင်း မှတ်သားသင့်သည်ကို မှတ်သားထားလိုက်သည်။ထို့နောက်မှာ ဆက်ပြောလိုက်၏။

"ဒါပေမဲ့ အဲဒီစားသောက်ဆိုင်မရှိတော့တာကို ကျွန်တော် သိပ်မကျေနပ်ဘူး။ ပြောရရင် အဲဒီစားသောက်ဆိုင်ရဲ့ ပိုင်ရှင်က ကျွန်တော့်အဖေဆီမှာ အကြွေးတင်နေခဲ့တာ၊ အဲ့ဒီငွေလေးပြားကို အခုထိ ပြန်မပေးခဲ့ဘူး၊ ကျွန်တော်အဖေ့ရဲ့ ပိုက်ဆံဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဖြစ်နေခဲ့ရတာ၊ အခု သူတို့ပျောက်ကွယ်သွားတာလည်း ကောင်းတဲ့ ကိစ္စတစ်ခုပဲ"

ကျန်းလင်ချွမ်က ဆင်းရဲတဲ့မိသားစုက​ပင်။ သူရဲ့လက်ရှိလစာက လက်ထောက်စစ်သူကြီးတစ်ယောက်အနေနဲ့​ ငွေလေးပြားထက်အများကြီး ရနေပြီ ဆိုသော်ငြား ထိုဆုံးရှုံးမှုကို နှလုံးသားက လက်မခံနိုင်သေးချေ။ ထိုအရာက သူရဲ့စွဲလမ်းမှုတစ်ခုလိုမျိုးဖြစ််နေ၏။

"ငွေလေးပြားပဲမဟုတ်ဘူးလား။ ငါပြောမယ် မင်းအခုစီးနေတဲ့မြင်းရဲ့ အစားသောက်ကတောင်မှ ငွေလေးပြားထက်​ ပိုဈေးကြီးတယ်၊ ကောင်လေးရာ အကြီးကြီးတွေးစမ်းပါ။

ငါတို့​ အိမ်နီးချင်းတိုင်းပြည်ကို ရောက်သွားတာနဲ့ ငွေးလေးပြားမပြောနဲ့။ ငါမင်းကို ငွေပြားလေးရာပေးမယ်”

ချန်ယုယန်ကတော့ သူရဲ့ သာယာလှပတဲ့ဘဝအတွက် ပျော်ရွင်နေခဲ့သည်။ ကောင်းမွန်တဲ့အရက်နဲ့ လှပတဲ့ ရှုခင်းတွေကို ကြည့်ရှုရမဲ့အပြင် လှပတဲ့မိန်းကလေးတွေရဲ့ အပြုစုကိုလည်းခံရဦးမည်။ တပ်သားတစ်သောင်းကို ခေါ်ဆောင်လာမှတော့ ဘယ်သူ့ကိုကြောက်ရွံ့နေရဦးမှာလဲ။

ကျန်းလင်ချွမ်ကတော့ မကျေနပ်သေးပေ။ သူရဲ့ခေါင်းကို ကိုင်ကာ ခပ်တိုးတိုးရေရွတ်နေလိုက်၏။

ချန်ယုယန် မနေနိုင်စွာ​ ပိတ်ရိုက်လိုက်တော့သည်။

"မင်း ငါ့နောက်ကိုလိုက်လာပြီးတော့​ အဲဒီငွေလေးပြားကို စိတ်ပူနေတာလား။ ငါ​ မင်းအစားရှက်တယ်။ ငါ့ကိုစစ်သူကြီးလို့လာမခေါ်နဲ့။ မင်းရဲ့ ရည်မှန်းချက်က အဲဒီတောပုန်းဓားပြတွေထက် ဘာမှမသာတော့ဘူး”

စစ်သူကြီးချန်ယုယန်​ စကားပြောပြီးတာနဲ့ အရှေ့တပ်သားတွေဆီကနေ ဆူညံသံတစ်ချို့ထွက်ပေါ်လာတာကို ကြားလိုက်ရသည်။ ထို့ကြောင့် ချက်ချင်းဘဲ အရှေ့သို့ သွားလိုက်၏။ ထို့အချိန်မှာပဲ ရင်းနှီးတဲ့ အသံတစ်ခုကိုကြားလိုက်ရသည်။

"နှင်းနဂါးမြို့ရဲ့ အစုတ်ပလုတ်ကောင်တွေ ငါတို့ရဲ့တပ်စခန်းထဲကိုဝင်လာမယ်လို့ မင်းတို့ မထင်ထားမိဘူးမလား”

………

All Chapters