( ဟွမ်အားတန့်)
Vol. 15 Ch. 201
ထိုစူးရှတဲ့အသံကို နှင်းနဂါးမြို့ရဲ့ မြို့ခံတပ်ဖွဲ့အားလုံး ကြားလိုက်ရသည်။ သူတို့ရဲ့နှလုံးသားထဲကို ဒေါသတင်မကဘူး၊ ထိတ်လန့်မှုတို့ပါ ဝင်ရောက်လာ၏။
ကျန်းလင်ချွမ်လည်း ထိုနည်းလည်းကောင်း ခံစားလိုက်ရသည်။
"စစ်သူကြီးချန်"
"ဒီလူတွေက အသက်မရှင်ချင်ကြတော့ဘူးလား။ ကျွန်တော်တို့ကို စိန်ခေါ်ရဲတယ်၊ ဘာလုပ်လိုက်ရမလဲ။ ကျွန်တော်တို့ရဲ့ မြို့တပ်ကိုများ သေးငယ်တဲ့တပ်ဖွဲ့တစ်ခုလို့ ထင်နေသလား"
ကျန်းလင်ချွမ်သည် ချက်ချင်းပဲ သူ့ရဲ့လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ သုံးပေခန့်မြင့်မားသော ဓားမကြီးကို ဆွဲမလိုက်သည်။ သူ့ရဲ့မျက်လုံးတွေက စူးလက်နေ၏။ မြင်းပေါ်ကခုန်ဆင်းကာ တိုက်ရိုက်တိုက်ခိုက်တော့မလို့ လုပ်နေချိန်မှာပဲ ချန်ယုယန်ရဲ့ တားမြစ်ခြင်းကို ခံလိုက်ရသည်။
ကျန်းလင်ချွမ်သည် အဲဒီပညာမတတ်တဲ့ ဓားပြတွေကို သင်ခန်းစာပေးဖို့အတွက် ပြင်ဆင်နေပြီပင်။
"ခဏနေဦး"
"အဲဒီအသံကို အရမ်းရင်းနှီးနေတယ်"
ချန်ယုယန် အသည်းအသန် စဉ်းစားလိုက်သည်။ နောက်ဆုံးမှာတော့ သူ့ရဲ့အမြင်အာရုံထဲသို့ ပုံရိပ်တစ်ခု ခပ်ဖြည်းဖြည်း ဝင်ရောက်လာ၏။ ချက်ချင်းပဲ စွမ်းအင်တွေအားလုံးကို စုဆောင်းကာ အော်ဟစ်လိုက်သည်။
"ဟွမ်အားတန့်၊ မင်းလား ကောင်လေး"
ဟွမ်အားတန့်ဆိုသော ခေါ်သံကြောင့် တစ်ဖက်က လုံးဝကို တိတ်ဆိတ်သွားလေ၏။
ချန်ယုယန်ကတော့ မြင်းပေါ်မှာ ထိုင်ရင်း ဆက်လက်ပြောဆိုခဲ့သည်။
"အားတန့်..၊ မင်း ဘာလို့ ပုန်းနေတာလဲ။ မင်းရဲ့အစ်ကိုကြီးချန်ကို မမှတ်မိဘူးလား"
တပ်သားတွေအားလုံး ဆူညံကုန်တော့သည်။
"ငါတို့ရဲ့စစ်သူကြီးချန်က အဲဒီဓားပြကို သိတဲ့ပုံပဲ၊ ဘယ်လိုလုပ် ဒီလောက်တောင် တိုက်ဆိုင်ရတာလဲ။ ဖြစ်နိုင်တာ ငါတို့ တိုက်ခိုက်စရာမလိုဘဲနဲ့ ဒီတိုက်ပွဲကို အနိုင်ရတော့မှာလား။ ငါ အဲဒီလို ခံစားချက်ရနေတယ်"
ထိုသူတွေအားလုံးသည် ချန်ယုယန် သေချာရွေးချယ်ထားတဲ့သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့တွေက မတုံးအကြဘူး။ နာမည်ကိုကြားလိုက်တာနဲ့ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ အခြေအနေကို တိုက်ရိုက်ပဲမှန်းဆနိုင်၏။
ကံကောင်းမည်ဆိုရင် ဟွမ်ပထျန်းကို ချက်ချင်းပဲ သိမ်းဆည်းနိုင်မယ့် အခြေအနေမှာ ရှိနေသည်။ ထို့ကြောင့် ဤတိုက်ပွဲကို တိုက်ခိုက်စရာမလိုဘဲ အနိုင်ရနိုင်၏။
ထိုအချိန်မှာပဲ တစ်ဖက်ခြမ်းကနေ ကြမ်းရှတဲ့အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်းဟာမင်းဘယ်လိုပဲ ရူးနေပါစေ၊ ငါဂရုမစိုက်ဘူး။ ဒီနေ့ မင်းတို့တွေအကုန်လုံး ငါ့လက်ထဲရောက်လာပြီးမှတော့ အသက်ရှင်ရက် ထွက်မသွားစေရဘူး”
ဟွမ်ပထျန်း ဘယ်လိုပဲကြိမ်းဝါးနေပါစေ၊ လီယုဟန်ကတော့ မထိန်းနိုင်စွာ ရယ်မောနေလေ၏။ တောင်ခြေစစ်စခန်းအတွင်းမှာ အရှေ့နဲ့အနောက်သွားနေရင်း ကျယ်လောင်စွာ ရယ်မောနေခဲ့သည်။ ရယ်ရလွန်းလို့ မျက်ရည်ကျတော့မတတ်ပင်။
ပုံမှန်အားဖြင့် တည်ငြိမ်တတ်သော လီရှီပင် မနေနိုင်စွာ သူ့ရဲ့ပါးစပ်ကို လက်နဲ့ကာလိုက်တော့သည်။ မျက်နှာပေါ်က ခံစားချက်ကို အတင်းအကြပ် ထိန်းချုပ်လိုက်၏။
ချန်ပန်က နေရာမှာတင် အူလည်လည်နဲ့ ကျန်ခဲ့သည်။ အခြေအနေကို ကောင်းစွာနားမလည်သေးတာမို့ သူ့ရဲ့မျက်နှာက ရှုပ်ထွေးနေ၏။
"ဟွမ်ပထျန်း၊ နင် အဲဒီလူနဲ့ သိနေမယ်လို့ ငါထင်တောင်မထားဘူးဟာ ဟားဟား"
လီယုဟန် စနောက်လိုက်သည်။ သူမရဲ့မျက်လုံးတွေက အလွန်ပျော်ရွှင်နေဟန်ပဲ။
ဟွမ်ပထျန်းရဲ့မျက်နှာက နီရဲလွန်းလို့ ကြေးနီရောင်သန်းနေပြီပင်။
"မင်းဘာကိုဆိုလိုတာလဲ။ ငါမသိဘူး အဲဒီကောင်ကို”
"သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့”
ဒါပေမယ့် လီယုဟန်ရဲ့ရယ်သံက ပိုမိုကျယ်လောင်လာ၏။
"ဘာ၊ အားတန့်ဟုတ်လား။ နင်မသိဘူးလို့ပြောတာကို ငါမယုံချင်နေဘူးနော်"
နောက်ဆုံးတော့ လူကြားထဲအရှက်ခွဲခံရခြင်းဆိုတဲ့ အဖြစ်အပျက်ကို ဟွမ်ပထျန်း မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီပင်။ အားတန့်ဆိုတဲ့နာမည် ထွက်လာတာနဲ့ အရာအားလုံး ပျက်ဆီးသွားခဲ့သည်။
သူ့ရဲ့ဒေါသတွေက ထိန်းမရနိုင်အောင် ကြီးမားလာတော့၏။ ထို့ကြောင့် လီယုဟန်ကို မနေနိုင်စွာ မေးလိုက်တော့သည်။
"ဒါနဲ့ မင်းရဲ့ ပုံရိပ်ယောင်အစီအရင်ကို စွမ်းအားတိုးမြှင့်ပြီး အဲဒီကောင်တွေကို ခံစားရအောင် လုပ်ပေးလို့ရလား? စောက်ရမ်းမုန်းဖို့ကောင်းတယ်”
"ငါသည်းမခံနိုင်တော့ဘူး”
လီယုဟန်ရဲ့မျက်နှာက ချက်ချင်းပဲ ခက်ထန်သွားခဲ့သည်။
"ဘာလဲ၊ နင်က ခေါင်းဆောင်ဖူမဲ့ရဲ့အမိန့်ကို မနာခံချင်တာလား။ အသက်မရှင်ချင်တော့ဘူးလား”
လီယုဟန်က ဖူမဲ့ကို ဒိုင်းကာအဖြစ် အသုံးချပြီး ဟွမ်ပထျန်းကို ပြောစရာစကားပျောက်ဆုံးအောင် လုပ်လိုက်လေသည်။ ဟွမ်ပထျန်းရဲ့ အရှက်ကွဲမှုကို သူမ ဆက်လက်ကြည့်ရှုချင်သေးသည်။
အဲဒီကောင် ခံစားနေပလေ့စေ။
"မင်းတို့ အကျင့်မကောင်းတဲ့ကောင်တွေ…”
"ကောင်းပြီ၊ ငါသည်းခံလိုက်မယ်”
ဟွမ်ပထျန်း ချက်ချင်းပဲ သူ့ရဲ့ငယ်ဘဝကို စဉ်းစားမိသွားသည်။ အကုန်လုံးရဲ့နာမည်သည် ခမ်းနားကြပါ၏။ ယူဟန်၊ ထျန်းယန် စသဖြင့် အကုန်လုံးရဲ့နာမည်သည် ထည်၀ါကောင်းမွန်ကြသည်။ ဒါပေမယ့် သူ့ရဲ့မိဘတွေက ရိုးအတဲ့ လယ်သမားများသာ ဖြစ်သည်။ သူတို့က ပညာမတတ်ကြဘူး။ ထို့ကြောင့် နာမည်ပေးသောအခါမှာ လွယ်ကူပြီးရိုးရှင်းတဲ့ နာမည်ကိုသာပေးခဲ့သည်။ ထိုနာမည်ကတော့ အားတန့်….
ဟွမ်ပထျန်းသည် နှစ်ပေါင်းများစွာ အရှက်ကွဲမှုကို ခံခဲ့ရသည်။ အသက်ကြီးလာတာနဲ့ ချက်ချင်းပဲ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နာမည်တစ်ခုကို ပြောင်းလဲလိုက်၏။ ကောင်းမွန်လှတဲ့နာမည်နဲ့ သူ့ရဲ့ဘဝကို ပြန်လည်စတင်ခဲ့သည်။ ဒါပေမယ့် အခုတော့ အားတန့်ဆိုသော နာမည်က ငယ်ဘဝရဲ့ မှတ်ဉာဏ်ဆိုးများကို ပြန်လည်ခေါ်ဆောင်လာ၏။
ထိုအချိန်တွင် ဟွမ်ပထျန်းရဲ့ မျက်လုံးတွေက စူးရှနေခဲ့သည်။ လက်သီးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ထား၏။ ထိုနောက်မှာ အဆုတ်ထဲမှတက်လာတဲ့ လေသံအပြည့်နဲ့ အော်ဟစ်လိုက်သည်။
"မင်းတို့ရဲ့တပ်ထဲမှာ လူအယောက်တစ်သောင်းရှိနေတယ် ဆိုရင်တောင်မှ ငါတို့မျက်စိထဲမှာတော့ မင်းတို့က ကြက်တစ်ကောင်လိုပဲ အသုံးမကျဘူး။ ဒါကြောင့် ရုန်းကန်နေတာ ရပ်လိုက်တော့"
"ငါပြောတာမယုံဘူးဆိုရင် လာတိုက်ကြည့်လေ”
ဟွမ်ပထျန်း ချက်ချင်းပဲ တွေးလိုက်သည်။ သူတို့ကို ဘာမှလုပ်လို့မရဘူးဆိုမှတော့ ဘာကိစ္စ ရန်မရမှာလဲ။
သူတို့ဘက်က တိုက်ခိုက်လာပြီဆိုရင် လီယုဟန် ငြိမ်နေမှာမဟုတ်ဘူး။ အစီအရင်ကို စွမ်းအင်တိုးမြှင့်လိုက်တာနဲ့ အဲဒီလူတွေအားလုံး ခံစားကြရလိမ့်မည်။ ဒါဆိုရင် သူလိုချင်တာကိုလည်း ရနိုင်ပြီလေ။
ဒါပေမယ့် မထင်ထားစွာပဲ ချန်ယုယန်ရဲ့မျက်နှာက မည်းမှောင်သွားခဲ့သည်။
"မင်းက ဘာကိစ္စ အဲလောက်တောင် မောက်မာနေရတာလဲ”
"ညီကိုတို့၊ ငါနဲ့ပူးပေါင်းပြီး ဒီပုံရိပ်ယောင်ကို ဖျက်ဆီးကြမယ်။ အဲ့ဒီကောင်တွေအားလုံးကို တစ်ယောက်မကျန်သတ်ပစ်ကြ”
ချန်ယုယန်ရဲ့ အမိန့်သံ ဆုံးတာနဲ့ ထိန်းမထားနိုင်လောက်အောင် များပြားတဲ့ စွမ်းအင်လိုင်းကြီး ထွက်ပေါ်လာခဲ့သည်။ ထိုအရာက တားမြစ်လို့မရနိုင်အောင် မြင့်မားလာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ လူသတ်ငွေ့တို့ ပြည့်နှက်လာ၏။
တပ်သားအားလုံးရဲ့ စွမ်းအင်စုပေါင်းမှုကြောင့် လီယုဟန်ရဲ့ အစီအရင်သည် မှန်တစ်စလိုမျိုး အဘက်ဘက်သို့ ကွဲကြေသွား၏။
လီယုဟန် ဒေါသထွက်စွာဖြင့် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူမရဲ့အနောက်မှာရှိတဲ့ ကျင့်ကြံသူအယောက်တစ်ရာခန့်သည် ချက်ချင်းပင် မေ့လဲသွားကြပြီ။ လီယုဟန်ရဲ့မျက်လုံးတွေက မယုံကြည်နိုင်မှုတို့ ပြည့်နေ၏။
"သူတို့ဆီမှာ ဘာကြောင့်များ ဒီလောက်များပြားတဲ့ စွမ်းအင်တွေရှိနေရတာလဲ။ တရှားဘုရင်ရဲ့စစ်တပ်က ကြောက်ဖို့ကောင်းလိုက်တာ”
ဟွမ်ပထျန်းပင် အနည်းငယ် ကြောက်ရွံ့လာခဲ့သည်။ ဒီအခြေအနေကို သူ မမျှော်လင့်ထားမိဘူး။ သူ့ရဲ့ရန်စမှုက ဒီလိုမျိုးထိန်းမရနိုင်တဲ့ အကျိုးဆက်ကို ဖြစ်ပေါ်စေခဲ့သည်။
"ငါ..."
"ဘာတွေဖြစ်နေတာလဲ”
ထိုအချိန်မှာပဲ လီယုဟန် မျက်မှောင်ကြုတ်သွားခဲ့သည်။
"နင့်ကြောင့်မဟုတ်ဘူး၊ ဒါက သူတို့ အုပ်စုဖွဲ့တိုက်ခိုက်မှုကြောင့်ပဲ။ သူတို့တွေက စွမ်းအင်စုပေါင်းရင်းနဲ့ သိမ်မွေ့တဲ့ အစီအရင်တစ်ခုကို ဖန်တီးလိုက်တယ်။ အဲဒီအစီအရင်နဲ့ ငါ့ရဲ့ပုံရိပ်ယောင်အစီအရင်ကို ထိုးဖောက်ခဲ့တာပဲ။ ဒီနည်းလမ်းကို တရှားရဲ့ဘုရင်က သင်ပြပေးထားတာဖြစ်ရမယ်”
ခန္ဓာကိုယ်အတွင်းက အတွင်းဒဏ်ရာကို လီယုဟန် ချက်ချင်းပဲအတင်းအကြပ် တားဆီးလိုက်သည်။ အားကုန်သုံးကာ မတ်တပ်ထရပ်လိုက်ပြီး အစီအရင်ကို ပြန်အသက်သွင်းဖို့ ကြိုးစားလိုက်၏။
ဒါပေမယ့် အခုချိန်မှာတော့ ကျင့်ကြံသူအယောက်တစ်ရာရဲ့ ပံ့ပိုးမှုမရှိတော့ပေ။ ထို့ကြောင့် သူမ အစီအရင်ကို ပြန်လည်အသက်မသွင်းနိုင်ခဲ့ဘူး။
"ချန်ပန်၊ လီရှီ။ ခေါင်းဆောင်ဖူမဲ့ကို ချက်ချင်း တင်ပြလိုက်”
"နှင်းနဂါးတောင်ရဲ့ တောင်ခြေတပ်စခန်း မလုံခြုံနိုင်တော့ဘူး။ ငါတို့ အချိန်ဖြုန်းနေလို့မရဘူး”
အခြေအနေတွေက အရေးကြီးလာသည်မို့ လီယုဟန် သူမကိုယ်သူမ တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်သည်။ သူမတွေးမိတဲ့ တစ်ခုတည်းသောအရာက ခေါင်းဆောင်ဖူမဲ့ကို အမြန်ဆုံးခေါ်ဆောင်ဖို့ပဲ။
ခေါင်းဆောင်ဖူမဲ့ရှိမှပဲ ဒီအခြေအနေကို ပြန်လည်ပြောင်းလဲနိုင်လိမ့်မည်။ သူမဖန်တီးထားတဲ့ အစီအရင်က လုံးဝပျက်စီးသွားခဲ့ပြီ။
ဟွမ်ပထျန်း မနေနိုင်စွာ ကြောက်ရွံ့နေ၏။
"ငါတို့ အခု ဘယ်လိုလုပ်ကြတော့မလဲ။ ခေါင်းဆောင်ဖူမဲ့သာသိရင် ငါ့ကိုသတ်တော့မှာပဲ”
ဟွမ်ပထျန်းသည် ပုရွက်ဆိတ်တစ်ကောင်လိုမျိုး စိတ်လှုပ်ရှားနေ၏။ နေရာမှာတင်ပဲ လှည့်ပတ်သွားလာနေခဲ့သည်။ သူ့ရဲ့ပုံစံက အလွန်ဂနာမငြိမ်ဖြစ်နေ၏။ ပထမအဆင့်ကျင့်ကြံမှု ရှိနေပေမယ့် အသုံးမကျတဲ့သူတစ်ယောက်လိုမျိုးပဲ။
"နင်အောက်ဆင်းပြီး သူတို့ကိုသွားတိုက်ရင် မရလို့လား။ သူတို့ကိုမတိုက်ဘဲနဲ့ ဘာကိစ္စ နောက်ဆက်တွဲကိစ္စတွေကို စိတ်ပူနေရတာလဲ။ စိတ်ပူနေရမယ့် အချိန်မလို့လား”
လီယုဟန်ရဲ့ ရှင်းလင်းတဲ့အသံက ဟွမ်ပထျန်းရဲ့ နှလုံးသားကို တိုက်ရိုက်ရိုက်ခတ်သွားခဲ့သည်။
"အိုး၊ ဟုတ်သားပဲ”
အရေးပါသော အခြေအနေတွင် ဟွမ်ပထျန်းသည် လွန်စွာကြောက်ရွံ့နေခဲ့သည်။ လီယုဟန်က သူ့ကို ပထမဦးဆုံး တည်ငြိမ်စေခဲ့တဲ့သူပဲ။
ဟွမ်ပထျန်း ချက်ချင်းပဲ ချောက်ကမ်းပါးအောက်ကို ခုန်ဆင်းသွားခဲ့သည်။ တစ်ယောက်တည်းအင်အားနဲ့ တပ်သားတစ်သောင်းရှိရာသို့ အလုံးအရင်း ပြေးဝင်သွား၏။
သေစမ်း..
လီယုဟန် မနေနိုင်စွာ ဆဲရေးလိုက်သည်။ သူမအနေနဲ့ ရဲရင့်သောသူတွေကို မြင်ဖူးပါ၏။ ဒါပေမယ့် ဒီလောက်ထိ မိုက်ရူးရဲဆန်တဲ့သူကိုတော့ မတွေ့ခဲ့ဖူးပေ။
ဘွန်း..
ဟွမ်ပထျန်း ပြုတ်ကျတဲ့နေရာမှာ ကျယ်လောင်တဲ့ အသံတစ်ခုနဲ့အတူ ဖုန်မှုန့်လှိုင်းလုံးကြီး ဖြစ်ပေါ်သွားခဲ့သည်။ မြို့တပ်ရဲ့ မျက်စိရှေ့ကမြင်ကွင်းကို ဝေဝါးသွားစေ၏။
"စစ်သူကြီးချန်၊ ကျွန်တော်သွားမယ်”
ကျန်းလင်ချွမ်သည် ချက်ချင်းပဲ သူ့ရဲ့သုံးပေမြင့်တဲ့ ဓားမကြီးကို ကိုင်ဆောင်လိုက်သည်၊ ဖုန်မှုန့်တွေကြားထဲကို ဝင်ပြေးသွားလေ၏။
"မင်းရဲ့အသက်ကို ငါ့ကိုပေးစမ်း”
………..