← Chapters

ငတုံး

Vol. 1 Ch. 106

ငတုံး

Vol. 1 Ch. 106

ပေငါးဆယ် .... ပေလေးဆယ် .... ပေသုံးဆယ် ....

ကျန်းရီ၏ ကိုယ်သည် တစ်လက်မလေးတောင် မလှုပ်ရှားခဲ့ပေ။ သူ့မျက်လုံးများသည် ရှေ့ရှိ တိုက်ပွဲဆီသို့သာ စူးစိုက်နေခဲ့သည်။ သူသည် နတ်ဆိုး သားရဲကြီးကို ဆရာများသည် အစောင့်များ၏ အကူအညီနှင့် တိုက်ခိုက် နေကြသည်ကို ကြည့်နေခဲ့သည်။ တောင်ဖြိုခွင်း ကြွက်ကြီးသည် ဖိနှိပ်ခံထားရပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းသည် မသေခင်တွင် အော်ဟစ်နေခဲ့သည်။

လုပ်ကြံသူသည် အနောက်ဘက်မှ ချည်းကပ် လာခဲ့သည်။ ကျန်းရီသည် အန္တရာယ်ကို မေ့လျော့ နေသည်ကို သူတွေ့လိုက်ရသည်။ သူ့မျက်မှာထက်ရှိ အပြုံးသည် ပိုပီပြင်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သူသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်ရှိ ကျောင်းသား သုံးယောက်ကို တစ်ချက်တည်းနှင့်  သတ်ခဲ့ပြီး ဖြစ်သည်။ ဒီကျောင်းသားသည်လည်း ကျန်းရီ ဟုတ်ဟုတ် မဟုတ်ဟုတ် ကိစ္စမရှိပေ။ သူသည် သေလူဖြစ်သွားပြီ ဖြစ်သည်။

နယ်မြေ၏ အကောင်းဆုံး လုပ်ကြံသူ အဖွဲ့အစည်း ဆယ်ခုထဲမှ 'သေမင်းနတ်ဘုရား'၏ လုပ်ကြံသူတစ်ဦး ဖြစ်သည်နှင့် အညီ သူ့လှုပ်ရှားမှုများသည် ထူးချွန် ကောင်းမွန်သည့် အဆင့်အတန်းတွင် ရှိသည်။ သူလှုပ်ရှားချိန်တွင် အသံတစ်စတောင် မထွက်ပေ။ ထို့ပြင် သူသည် လူသတ်တော့မည် ဖြစ်သော်လည်း သတ်ဖြတ်ခြင်း အရှိန်အဝါ စိုးစဉ်းသော်မျှ ထွက်မလာပါချေ။ သူသည် သာမန် သိုင်းသမား တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပါလျှင် ထိုလူသည် အော်ပင် မအော်နိုင်ဘဲ အဆုံးသတ် သွားလိမ့်မည် ဖြစ်သည်။

ကံမကောင်းစွာနှင့် .... .သူသည် ကျန်းရီနှင့် တွေ့ဆုံခဲ့ရပေသည်။

အခြားလူများသည် ထိုလုပ်ကြံသူ၏ ခြေသံကို ကြားလိမ့်မည် မဟုတ်သော်လည်း ကျန်းရီကမူ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ သူ၏ မျက်လုံးများသည် အေးစက် နေခဲ့သည်။ သူသည် အသက်အောင့် ထား၍ သတ်ဖြတ်ခြင်း အရှိန်အဝါကို ထိန်းထား လိုက်ရသည်။ သူ၏ ဝတ်ရုံလက် အတွင်းတွင်တော့ အနက်ရောင် အလင်းတစ်စသည် တစ်လက်လက် တောက်ပ နေခဲ့သည်။

ပေသုံးဆယ်...ပေနှစ်ဆယ်...ဆယ်ပေ .... သူရောက်လာပြီ  ....

ကျန်းရီသည် လှည့်မကြည့်ပါဘဲနှင့် သူ့ကျောထံ ကျရောက်လာသော လက်သည်းများကို ခံစားမိလိုက်သည်။ သူသည် ရုတ်တရက် ခေါင်းကိုမော့ကာ အော်ဟစ်လိုက်သည်။

"ကျောင်းအုပ်ချီ  ....  "

လုပ်ကြံသူသည် ခေါင်းမော့ ကြည့်လိုက်သော်လည်း ကောင်းကင်ကြီးကိုသာ မြင်လိုက်ရသည်။ သူသည် တစ်ချက် ကြောင်သွားခဲ့သည်။ စက္ကန့်ဝက် အတွင်းမှာပင် ကျန်းရီသည် ကိုယ်ကို လှည့်ကာ တိုက်ခိုက်လာခဲ့သည်။

"ဝှစ်  ....  "

ကျန်းရီ၏ ညာဘက် လက်သီးသည် ပုံရိပ်သုံးခုအသွင်နှင့် လုပ်ကြံသူ၏ လက်သည်းထံ တိုးဝင်သွားခဲ့သည်။ ကျန်းရီ၏ လက်သီးတွင် ဓားတစ်ချောင်း ပါနေခဲ့ပြီး လုပ်ကြံသူ၏ လက်ကောက်ဝတ်ကို ထိုးချလိုက်သည်။

ကံတရားရဲ့ ဓားစိမ်း  ....

"ဟမ့်  ....  "

ကျန်းရီ၏ ရုတ်တရက် တိုက်ခိုက်မှုသည် လုပ်ကြံသူအား ဆွံ့အ သွားစေသည်။ သေမင်းနတ်ဘုရား အဖွဲ့အစည်းမှ မွေးထုတ်လိုက်သော လုပ်ကြံသူဖြစ်ရာ သူ၏ တုံ့ပြန်မှုများကလည်း နောက်မကျပေ။ သူ၏ လက်သည်းသည် ပုံရိပ်ယောင်များ အသွင်သို့ ပြောင်းလဲ သွားခဲ့သည်။

လုပ်ကြံသူသည် ခရမ်းရောင်နန်းတော်ရှင် ပဉ္စမအဆင့် ဖြစ်သည်။ ထိုသို့ လျင်မြန်သော တိုက်ခိုက်မှုကို ကျန်းရီက မည်သို့ ရှောင်နိုင်လိမ့်မည်နည်း  ....   .... သူသည် ကျန်းရီကို အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု ထင်နေခဲ့သည်။

"ကျွတ်စ် .... ကျွတ်စ်  ....  "

အသံတိုးတိုးသည် ထွက်ပေါ်လာခဲ့သည်။ လုပ်ကြံသူ၏ လက်သည်းများသည် ကျန်းရီ၏ မျက်နှာနှင့် နီးကပ် သွားခဲ့ပေပြီ .... ရုတ်တရက် သူ့ကိုယ်သည် နောက်သို့ လွင့်စဉ်သွားကာ ရင်ဘတ်မှ သွေးများ ပန်းထွက်လာ၍ ကျန်းရီကိုပါ ရွှဲသွားစေသည်။

"ငတုံး  ....  "

ကျန်းရီသည် အေးစက်စွာ ပြုံးလိုက်ပြီး အနက်ရောင်လေးကို သိမ်းဆည်း လိုက်သည်။ ၎င်းသည် ချမ်ဝမ်ကွမ် သူ့ကို ပေးထားသော လက်နက် တစ်ခုဖြစ်သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း လေးဟု ခေါ်လေသည်။ ထိုလေးသည် လုပ်ကြံရာတွင်သုံးသော လက်နက်တစ်မျိုး ဖြစ်သည်။ နီးကပ်လွန်းသေယ အနေအထားတွင် ဆိုလျှင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တောင် မရှောင်တိမ်းနိုင်ပေ။ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေသော ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့် ဆိုလျှင်တော့ ပြောနေရန်ပင် မလိုပေ။

ကျန်းရီသည် လုပ်ကြံသူနောက် လိုက်သွားခဲ့ပြီး ကံတရား၏ ဓားစိမ်းဖြင့် ဓားမိုးများ ရွာသွန်းစေလိုက်သည်။ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသော လုပ်ကြံသူသည် နောက်ကို ဆုတ်၍သာ နေရသည်။ တစ်ချိန်တည်း၌ ကျန်းရီ၏ လက်တွင်းရှိ နတ်ဘုရား သတ်ဖြတ်ခြင်း လေးသည် အနက်ရောင် တောက်ပလာခဲ့သည်။

"အာ့"

လုပ်ကြံသူ၏ ရင်ဘတ်သည် မြားတစ်ဆုံး စိုက်ဝင်သွားခဲ့သည်။ ကျန်းရီသည် နောက်ထပ် မြားတစ်စင်း ပစ်လွှတ်ရန် ပြင်နေသည်ကို သူမြင်သောအခါ အံ့အားသင့် သွားရသည်။ သူသည် လွတ်မြောက်ရန် မကြိုးစားတော့ဘဲ ထူးဆန်းစွာ အော်ဟစ်လိုက်သည်။

ကျန်းရီသည် သေခါနီး လူကို လှောင်ပြောင် လိုက်ပြီး ကံတရား၏ ဓားစိမ်းနှင့် ပစ်လိုက်သည်။ ဓားသည် ရန်သူ၏ ခည်ချောင်းကို ထိုးစိုက်သွားခဲ့ပြီး အော်သံများ အဆုံးသတ် သွားခဲ့သည်။

သေစမ်း  ....    ....

ကျန်းရီသည် လုပ်ကြံသူကို သတ်လိုက်ပြီး အကူအညီတောင်းသံ ထွက်မလာစေရန် ကြိုးစား လိုက်သော်လည်း သူ၏ ထူးထူးဆန်းဆန်း အော်သံတို့သည် ခပ်လှမ်းလှမ်းမှ လူနှစ်ယောက်ကို သတိထားမိ သွားစေသည်။ ကျန်းရီသည် အလျင်အမြန် ဓားကို ဆွဲနှုတ်ကာ ထွက်ပြေးလိုက်သည်။ တောင်ဖြိုခွင်းကြွက်သည် သေခါနီး၍ ပိုမိုသွေးရူးသွေးတန်း ဖြစ်နေခဲ့သည်။ ကျန်းရီသည် တိုက်ပွဲနေရာကို ဖြတ်ပြေး သွားရန် မဖြစ်နိုင်ပေ။

ဒီဘက်  ....

ကျန်းရီသည် နတ်ဘုရား သတ်ဖြတ်ခြင်း ဒူးလေးကို မြားပြန်ထည့်ရင်း ပြေးနေခဲ့သည်။ သူသည် ကျောက်တုံးကြီး တစ်ခုထံ ရောက်သောအခါ ဓားကို သုံး၍ ပုန်းအောင်းရန် ချိုင့်လေးတစ်ခု အမြန် တူးလိုက်သည်။ ထို့နောက် သူသည် ရွှံ့များကို ယူကာ ကိုယ့်ကိုယ်ကို အရှင်လတ်လတ် မြေမြှုပ်တော့သည်။

ကျန်းရီတွင် မရှိဆုံးအရာသည်ကား အချိန်ဖြစ်သည်။ အမှောင်ထုက ကြီးစိုးနေရာ လုပ်ကြံသူများသည် အနီးရှိ ဆရာများနှင့် အစောင့်များကို သတိမထားမိစေဘဲ သူ့ကို ရှာဖွေရန် ခက်ခဲပေလိမ့်မည်။

ကျန်းရီတွင် ပုန်းအောင်းရန် နောက်ထပ် နည်းလမ်းတစ်ခု ရှိပေသေးသည်။ သူသာ ဆရာအုပ်ထဲသို့ ပြေးဝင် သွားလိုက်လျှင် လုပ်ကြံသူများသည် လှုပ်ရှားရဲတော့မည် မဟုတ်ပေ။ သို့သော် လုပ်ကြံသူများသည် အစောင့်ဝတ်စုံများ ဝတ်ဆင်ထားသောကြောင့် ကျန်းရီသည် အလောင်းအစား မလုပ်ဝံ့ပေ။ ယခုအချိန်တွင် သူမည်သူ့ကိုမှ မယုံကြည်နိုင်ပေ။ သူပြေးသွားသော အချိန်တွင် တစ်ယောက်ယောက်က တိုက်ခိုက်လာပါလျှင် မည်သို့ လုပ်မည်နည်း  ....   .... သူသည် ကိုယ့်ကိုယ်ကိုယ်သာ အားကိုးရပေမည်။

ကျန်းရီသည် မြေအောက်တွင် ပုန်းအောင်းနေခဲ့သည်။ သူ့မျက်လုံးများသာ ပိတ်နေခဲ့ပြီး အသက်အောင့်ကာ အနီးရှိ အသံများကို နားစွင့် နေလိုက်သည်။ နေရာတစ်ခုလုံးသည် မြင်းဟီသံများ၊ ကျောင်းသူတို့၏ ငိုကြွေးသံများ၊ ဆရာများနှင့် နတ်ဆိုးသားရဲများ၏ တိုက်ခိုက်သံများနှင့် ပြည့်နေခဲ့သည်။ ကျန်းရီသည် လုပ်ကြံသူ နှစ်ယောက်၏ ခြေသံများကို ကြားနေရသည်။ သူသည် သတ်ဖြတ်ခြင်း အရှိန်အဝါများကို ချိုးနှိမ်ကာ လုပ်ကြံသူများ အရောက်ကို စောင့်နေလိုက်သည်။

"အမ်  ....   .... လောင်ဝူ သေသွားပြီလား  ....  "

နူးညံ့ပျော့ပြောင်းသော လေသံတစ်ခုကို ကျန်းရီ ကြားလိုက်ရသည်။ မကြာခင်မှာပင် လူတစ်ယောက်သည် အသံကိုနှိမ့်ကာ ပြောလာခဲ့သည်။

"ဒီနေရာကိုရှာကြ .... လောင်ဝူရဲ့ အချက်ပြမှုက နှောင့်ယှက် ခံလိုက်ရတယ် .... သူပစ်မှတ်ကို တွေ့သွားတာ သေချာတယ်"

ထိုနှစ်ယောက်သည် အလျင်အမြန် လူစုခွဲလိုက်ကြသည်။

သူတို့တွေက ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်ထက် ပိုမြင့်တာပဲ  ....    ....

ကျန်းရီ၏ စိတ်သည် ချောက်ချား သွားခဲ့သည်။ သူသာ ချောင်းမြောင်း တိုက်ခိုက်ခြင်း ခံရလျှင် သေသွားပေလိမ့်မည်။ လုပ်ကြံသူနှစ်ယောက်သည် သူ့ကို ရှာမတွေ့ရန်သာ ဆုတောင်း နေရသည်။

သူတို့က အရမ်း...နီးနေပြီ  ....

လုပ်ကြံသူနှစ်ယောက် နီးကပ်လာသည်နှင့် ကျန်းရီ၏ နှလုံးသည် ပြုတ်ထွက်မတတ် ခုန်နေခဲ့သည်။

"ဂူး...ဂူး  ....  "

သူတို့သည် ကျောက်တုံးကြီးနား ရှာဖွေနေချိန်တွင် နတ်ဆိုးသားရဲကြီး၏ အော်သံသည် ပေါ်ထွက် လာခဲ့သည်။ မကြာခင်၌ ဆရာများ၏ အော်သံပါ ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုး သားရဲကြီးသည် သေခါနီး၍ နတ်ဆိုး ပညာရပ်များ သုံးတော့မည်မှာ သေချာသည်။

"ဝှစ်  ....  "

နတ်ဆိုးသားရဲကြီး၏ မျက်လုံးနှစ်ခုသည် အဝါရောင် အလင်းများ တောက်ပလာခဲ့သည်။ ထိုအဝါရောင် အလင်းသည် ဆရာတစ်ယောက်ထံ ကျရောက်သွားခဲ့ပြီး ထိုဆရာသည် အမှုန့်များ ဖြစ်သွားခဲ့သည်။ ထိုအဝါရောင် အလင်းသည် ရထားလုံးနှစ်ခု၏ အမိုးများထက်သို့ပါ ကျရောက်သွားရာ အမှုန့်များ ဖြစ်သွားခဲ့ပြန်သည်။

"လောင်စန်း .... မြန်မြန်ရှောင်လိုက်  ....  "

ကျန်းရီသည် လုပ်ကြံသူ တစ်ယောက်၏ အော်သံကို ကြားလိုက်ရပြီး သူ့ခေါင်းပေါ်မှ ဖြတ်သန်းသွားသော အလျင်စလို ခြေသံများကိုပါ ကြားလိုက်ရသည်။ လုပ်ကြံသူနှစ်ယောက်သည် ကျန်းရီပုန်းနေသော ထောင့်နားတွင် ပုန်းရန် ပြင်နေကြသည်။

"ဘုန်း  ....  "

ထိုနှစ်ယောက်နောက် ပါလာသော အဝါရောင် အလင်းနှစ်ခုသည် ကျောက်တုံးကြီးပေါ် ကျရောက်ပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့လေသည်။ ကျောက်တုံးများသည် နေရာအနှံ့ ပြန့်ကျဲ သွားခဲ့သည်။

အခွင့်ကောင်းပဲ  ....

ကျန်းရီသည် အပေါ်တွင် ဘာဖြစ်နေသည်ကို သေသေချာချာ မသိပေ။ သို့သော် သူဤအခွင့်အရေးကို မယူလျှင် ဝက်တစ်ကောင်လို တုံးလွန်းနေ၍ပဲ ဖြစ်ပေလိမ့်မည်။

ကျန်းရီ၏ လက်အတွင်းမှ ဒူးလေးသည် အနက်ရောင် တောက်လာခဲ့သည်။ မြားတစ်စင်းသည် ကျန်းရီ၏ ရှေ့တည့်တည့်တွင် ရပ်၍ ကျောက်တုံးများကို လက်မောင်းနှင့် ကာနေသော လုပ်ကြံသူထံ ပျံသန်း သွားခဲ့လေသည်။

*****

All Chapters