← Chapters

( မင်းကမြို့သခင်ပဲ)

Vol. 15 Ch. 204

( မင်းကမြို့သခင်ပဲ)

Vol. 15 Ch. 204

ကျန်လင်းချွမ် တစ်ယောက် တိုက်ပွဲကွင်းပြင်ကနေ ထွက်လာခဲ့ပေမဲ့ ဝေဝါးနေဆဲပင်။ နှင်းနဂါးမြို့ရဲ့ လမ်းကို သေချာမမှတ်မိဘူး။ သူက သာမန် အဆင့်လေးရှိသော ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် မြို့လမ်းတွေနဲ့ မရင်းနှီးပေ။ နှင်းနဂါးမြို့ဆီ ပြန်သွားဖို့က သူ့အတွက် ခဲယဥ်းတဲ့ တာဝန်တစ်ခု ဖြစ်နေတော့၏။

ထိုအချိန်မှာ နှင်းနဂါးမြို့ရဲ့ အုပ်ချုပ်သူ စံအိမ်အတွင်းမှာ ရှိနေတဲ့ ကျောက်ကောင်းရဲ့ မျက်နှာထားသည် လွန်စွာ ပုံပျက်နေခဲ့သည်။ ဘေးမှာရှိနေတဲ့ အစောင့် တစ်ယောက်ကို ချက်ချင်းပဲ လှည့်ပြောလိုက်၏။

“ဟူယူ နှင်းနဂါးတောင်ပေါ်က ရေခဲပုစဉ်း ရှာဖွေတဲ့ ကိစ္စကို အရှင်မင်းကြီး ညွှန်ကြားတဲ့ အတိုင်းပဲ မင်းဆက်လုပ်ရမယ်။ ဒါပေမဲ့ တောင်ပေါ်က အခြေအနေတွေက မသေချာသေးဘူး။ဒါကြောင့်ငါတို့ အဲ့ဒီကိစ္စကို မဆောင်ရွက်ခင် ဓားပြ တွေကို အရင်ဆုံး ဖမ်းရမယ်”

“တရှားတိုင်းပြည်ထဲကို ဝင်လာပြီးတော့ ထျန်းလင်ဂိုဏ်းက ဘယ်လောက်တောင် ရဲတင်းရဲလဲ ဆိုတာကို ငါသိချင်တယ်”

ဟူယူက ကျောက်ကောင်းရဲ့ ယုံကြည်ရတဲ့ အကူအညီ တစ်ယောက် ဖြစ်သည်။ နန်းတော်ထဲကနေ ခေါ်ဆောင်လာခဲ့တဲ့ ယုံကြည်ရတဲ့ တပ်သားတစ်ယောက်ပင်။

ကျောက်ကောင်းရဲ့ စကားကို ကြည့်လို​က်တာနဲ့ သူ့ရဲ့ အလေးအနက် ထားမှုကို မြင်တွေ့နိုင်သည်။ ကျောက်ကောင်းက မဖြစ်နိုင်လို့သာ ကိုယ်တိုင်သွားရောက် မစုံစမ်းခဲ့တာ ဖြစ်သည်။ သူ့အနေနဲ့ ကိုယ်တိုင် သွားရောက်ပြီး ဝင်ပါလိုက်မယ် ဆိုရင် အရှင်မင်းကြီးရဲ့ အနီးကပ် မိန်းမစိုး တစ်ယောက်အဖြစ် အရှင်မင်းကြီးရဲ့ အမိန့်ကို ကိုယ်စားပြုနိုင်သည်။ ထို့ကြောင့် ထျန်းလင်ဂိုဏ်းနဲ့ တိုက်ရိုက်ပဲ ပြဿနာတက် သွားနိုင်သည်။

ထို့ကြောင့် အရမ်းကြီး မလိုအပ်သေးသ၍ ကျောက်ကောင်းအနေနဲ့ ထျန်းလင်ဂိုဏ်းနဲ့ ပြဿနာမတက် ချင်ခဲ့ပေ။

“သခင်ကျောက် ဒါဆိုရင် ချန်ယုယန်နဲ့ ကျန်တဲ့သူတွေကို ဘယ်လိုလုပ်လိုက်ရမလဲ”

ဟူယူက သတိကြီးစွာဖြင့် မေးလိုက်သည်။

ကျောက်ကောင်းက လက်တဖက်သာ ယမ်းပြလိုက်၏။

“သူတို့အားလုံးကို သတ်ပစ်လိုက်”

ကျောက်ကောင်းရဲ့ မျက်လုံးထဲမှာ မြို့အရှင်ဆိုတာ ပုရွတ်ဆိတ်လိုမျိုး အရေးမပါတဲ့ သူတွေပင်။

ဒါပေမဲ့ သူ့ရဲ့ စကားလုံးတွေက ဟူယူအတွက်တော့ ထိတ်လန့်ဖွယ်ရာ စကားလုံးများ ဖြစ်ခဲ့သည်။

“ဒါဆိုရင် ကျွန်တော် အခုပဲ ထွက်သွား လိုက်ပါ့မယ်”

ကျောက်ကောင်းက တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်သည်။

“ဒါပေမဲ့ ဘာကိစ္စပဲ ဖြစ်လာပါစေ။ မင်း အသက်ရှင်လျက် သေချာပေါက် ပြန်လာရမယ်”

ကျောက်ကောင်းရဲ့ စိုးရိမ်တဲ့ စကားကြောင့် ဟူယူရဲ့ နှလုံးသားထဲမှာ နွေးထွေး‌မှု အနည်းငယ်ကို ခံစားလိုက်ရသည်။

“သခင်ကျောက် စိတ်ပူပေးလို့ ကျေးဇူးပါ။ ကျွန်တော်သေချာပေါက် မှတ်သားထားပါ့မယ်”

ထို့နောက်မှာ ချက်ချင်းပဲ ဟူယူက မြင်းနက်ကြီးပေါ် ခုန်တက်လိုက်ပြီး မြို့ပြင်ကို ထွက်သွားတော့သည်။

တောင်အဝင်လမ်းကို ရောက်တဲ့ အချိန်မှာပဲ ထူးဆန်းတဲ့အရာကို ဟူယူ ခံစားမိလိုက်၏။

ချက်ချင်းပဲ မြင်းပေါ်က ခုန်ဆင်းလိုက်ကာ အနီးအနားမှာရှိတဲ့ ချုံပုတ်တွေကြားထဲ ဝင်ရောက် ပုန်းကွယ်လိုက်သည်။

များစွာတဲ့ အစောင့် တပ်သားတွေ ကင်းလှည့် လာတာပင်။

“ငါတို့ ဒီတစ်ခေါက် အချီကြီး အနိုင်ရသွားတာနော်။ ဒါတွေ အားလုံးက သခင်ဖူမဲ့ရဲ့ ကျေးဇူးကြောင့်ပဲ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အခြေအနေတွေ ဆိုးရွားသွားမှာ”

“မင်းပြောတာ အမှန်ပဲ။ ခေါင်းဆောင် ဖူမဲ့သာ ဒီနေရာမှာ ရှိနေသ၍ ငါတို့သေချာပေါက် အနိုင်ရလိမ့်မယ်”

“အမှန်တိုင်းပြောရရင် ဒီတစ်ခေါက် တိုက်ပွဲမှာ ငါတို့တွေ တပ်သားတစ်သောင်းကိုတောင် အနိုင်ရခဲ့တယ်။ ငါတို့ရဲ့ သန်မာမှုက အရမ်းကို မြင့်တက်သွားတာပဲ!”

“မင်းကလည်း ဒါလေးကိုများ လာပြောနေသေးတယ်။ တပ်သားတစ်သောင်းလောက်ကို အနိုင်ရတာက အုပ်ချုပ်ရေးမှူး တစ်ယောက်ကို ခေါင်းဖြတ် လိုက်ရတာနဲ့ ခံစားချက်ချင်း ဘယ်တူပါ့မလဲ။ ငါတို့က တရှားတိုင်းပြည်ရဲ့ အကျင့်ပျက်တဲ့ အမတ် တစ်ယောက်ကို သတ်ပစ်နိုင်ခဲ့ပြီ။ ငါဒါမျိုး မြင်ကွင်းကို စောင့်စားနေခဲ့တာ အရမ်း ကြာခဲ့ပြီကွ”

ထိုအစောင့် တပ်သားတွေရဲ့ စကားသံက ဟူယူရဲ့ နားထဲကို တိုက်ရိုက်ပဲ ဝင်ရောက်လာခဲ့သည်။ သူ့ရဲ့ နှလုံးသားက မနေနိုင်စွာ တုန်ယင်သွား၏။

ဒါဆိုရင် ချန်းယုယန်က သေဆုံးသွားပြီလား….

ပြီးတော့ တပ်သား တစ်သောင်းလုံး ဖမ်းဆီးခံလိုက်ရတာလား…

ဟူယူရဲ့ နှလုံးသားက အချိန်နဲ့အမျှ ပိုမို ကြောက်ရွံ့လာခဲ့သည်။

တပ်သား တစ်သောင်းသည် သေးငယ်တဲ့ ပမာဏတစ်ခု မဟုတ်ဖူး။ ကမ္ဘာပေါ်က ဘယ်လိုလူကများ တပ်သား တစ်သောင်းလုံးကို အနိုင်ယူနိုင်မှာလဲ။ ဒါ့အပြင် ချန်ယုယန်တွင် ပေးအပ်ထားတဲ့ တိုက်ပွဲအစီအရင်လည်း ရှိနေသေးသည်။ တပ်သား တစ်သောင်း ဝန်းရံထားတဲ့ တိုက်ပွဲ အစီအရင်ရဲ့ ကြားမှာ ချန်ယုယန်ကို ဘယ်သူကများ သတ်ပစ်နိုင်ခဲ့တာလဲ။

“မကောင်းတော့ဘူး”

ဟူယူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

တရှားတိုင်းပြည်၏ စစ်တပ် စွမ်းအား တိုးမြှင့်ပေးသော အစီအရင်ကို ဟူယူ ကောင်းမွန်စွာ နားလည်သည်။ တပ်သား တစ်ယောက်ရဲ့ ထောက်ပံ့မှုသာ ရှိမယ်ဆိုရင် စစ်သူကြီး ချန်ယုယန်က သေချာပေါက် ပထအဆင့် ကျင့်ကြံသူအဖြစ် တိုးမြှင့်သွားလိမ့်မည်။ ဒါပေမဲ့ အဲ့လိုတိုးမြှင့် သွားတာတောင်မှ သူတို့က ချန်ယုယန်ကို သတ်နိုင်ခဲ့သည်…။

ဟူယူရဲ့ နှလုံးသားထဲမှာ ရှင်းလင်းတဲ့ အဖြေတစ်ခု ရောက်လာခဲ့သည်။

ဟူယူ လှည့်ထွက်ဖို့ ပြင်နေချိန်မှာပဲ ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရ၏။

“ဟေ့ ဘယ်သူများလဲလို့၊ ဒါက နှင်းနဂါးမြို့ရဲ့ ကြီးကျယ်လှတဲ့ လက်ထောက် စစ်သူကြီး မဟုတ်ဘူးလား”

“စစ်သူကြီးက ဘာလို့ တစ်ယောက်ထဲ သွားနေတာလဲ။ ငါတို့ လိုက်ပို့ပေးရမလား”

ထိုအထီးကျန်စွာ ရပ်နေတဲ့ ပုံရိပ်ကို များစွာတဲ့ အစောင့် တပ်သားတွေက လှောင်ပြောင်နေကြသည်။

ဟူယူ သေချာစွာ စစ်ဆေးလိုက်၏။ ထိုမျက်နှာကို သူရင်းနှီးနေသည်။

“မင်းတို့ကို မလိုအပ်ဘူး။ ငါ့ဟာငါ သွားနိုင်တယ်”

ကျန်းလင်ချွမ် ချက်ချင်းပဲ ပြောလိုက်သည်။ အရှက်ကွဲ ခံရမှုကြောင့် သူ့ရဲ့ တက်ကြွတဲ့ ပုံရိပ်လည်း ပြောင်းလဲသွားခဲ့ပြီ။ ချန်ယုယန် သေဆုံးသွားကတည်းက သူ့ရဲ့ဘဝက အဓိပ္ပာယ်မဲ့ သွားသလိုပင်။

အုပ်ချုပ်ရေးမှူး ချန်အတွက် သူ့ရဲ့ နှလုံးသားက ဘယ်လောက်ပဲ မုန်းတီးနေခဲ့ပါစေ ဒေါသတွေကို ထုတ်ပြလို့ မရနိုင်ခဲ့ဘူး။ ဒါ့အပြင် စစ်သားများစွာရဲ့ လှောင်ပြောင်မှုကိုလည်း ကြုံတွေ့ခဲ့ရသေးသည်။

ကျန်းလင်ချွမ်အတွက် ခြေလှမ်းတစ်လှမ်း လှမ်းဖို့တောင် လွန်စွာခဲယဥ်းနေရ၏။

ဟူယူက ရှေ့မထွက်ပဲ အခြေအနေကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။ ဘယ်သူမှ မရှိတော့တဲ့ အချိန်ကျမှ ကျန်းလင်ချွမ်ကို ချုံပုတ်ထဲသို့ ဆွဲခေါ်လိုက်တော့၏။

“မင်းက ချန်ယုယန်ရဲ့ အုပ်စုထဲက မဟုတ်လား။ ဘာလို့ တစ်ယောက်ထဲ ဖြစ်နေတာလဲ။ ကျန်တဲ့ တပ်သားတွေကော”

“ငါ့ရဲ့ စစ်သူကြီးကော ကျန်တဲ့ တပ်သားတွေကော အားလုံးသွားပြီ..”

ကျန်းလင်ချွမ်ရဲ့ စကားလုံး‌ထဲမှာ စစ်သားတစ်ယော်ရဲ့ အားမာန်တွေ မကျန်ရှိတော့ပေ။ ချက်ချင်းပဲ ဟူယူရဲ့ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ ငိုကြွေးလေတော့၏။

ဟူယူနေရာမှာတင် တုန်လှုပ် သွားခဲ့သည်။

တိုက်ပွဲထဲမှာ အသက်ရှင် ကျန်ခဲ့တာကို ဒီကောင်က ဘာကိစ္စ လာငိုနေရတာလဲ..

ဟူယူ ချက်ချင်းပဲ ပိတ်ရိုက်လိုက်တော့သည်။

“ငိုနေတာ ရပ်လိုက်တော့ ချီးလိုမှပဲ”

“ဟိုမှာ ငါ့မြင်းရှိတယ် မင်းစီးသွားပြီး နှင်းနဂါးမြို့ကို ပြန်တော့။ သခင်ကျောက်ကို သတင်းပေးချေ”

“ငါပြန်မလာ နိုင်ခဲ့ဘူးဆိုရင် သခင်ကျောက်ကို တခါထဲပြောထားလိုက်။ ဒီကိစ္စမှာ ထျန်းလင်ဂိုဏ်းက လူတွေ ပါဝင်ပတ်သက်နေတယ်”

ကျန်းလင်ချွမ် အကြိမ်ကြိမ် ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရဲ့ ရင်ထဲက ကြောက်ရွံ့မှုတွေကို ဖိနှိပ်ရင်း မြင်းကိုယူလိုက်ကာ နှင်းနဂါးမြို့ဆီ ဦးတည်လေတော့သည်။

ကျန်းလင်ချွမ်ရဲ့ နောက်ကျောကို ဟူယူ ကြည့်နေရင်း သူ့ရဲ့ နှလုံးသားထဲမှာ ချက်ချင်းပဲ ခံစားလိုက်ရ၏။ ဒီတစ်ခေါက် ခရီးစဉ်က မရိုးရှင်းလောက်ဘူး…

ကိစ္စတွေက သူထင်ထားတာထက် ပိုပြီးခက်ခဲ နေလောက်သည်။

နေ့တစ်ဝက်လောက် မရပ်မနား ခရီးနှင်ပြီးနောက်မှာ ကျန်းလင်ချွမ် နောက်ဆုံးတော့ နှင်းနဂါးမြို့ရဲ့ အုပ်ချုပ်သူ စံအိမ်သို့ ရောက်လာခဲ့သည်။ ကျောက်ကောင်းကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ ဒူးထောက်ချလိုက်သည်။ မျက်ရည်များလည်း စီးကျလာတော့၏။

“သခင်ကျောက်၊ ကျွန်တော်သေဖို့ ထိုက်တန်ပါတယ်။ နှင်းနဂါးမြို့အစား ကျွန်ဝောာ်တို့သွားပြီး တိုက်ခဲ့တဲ့ တိုက်ပွဲမှာ တပ်သားတွေ အားလုံး ရှင်းလင်းခံလိုက်ရတယ်”

“အဆုံးမှာတော့ ကျွန်တော် တစ်ယောက်ပဲ လွှတ်မြောက်လာခဲ့တာ။ သခင်ကျောက် ကျွန်တော့်ကို အပြစ်ပေးပါ”

ထိုသို့ဆိုနေပေမဲ့ ကျန်းလင်ချွမ်ရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက် ရောင်ခြည်လေးသန်းနေခဲ့သည်။ သခင်ကျောက်သူ့ကို ခွင့်လွှတ်ပေးတာကို လိုချင်၏။

ဒါပေမဲ့ ကျောက်ကောင်းက ဒေါသမထွက်ခဲ့ပါချေ။ သူကတည်ငြိမ်စွာပင် ခေါင်းငြိမ့်ပြလိုက်သည်။

“ကောင်းပြီ ဒီလိုဆိုမှတော့ အခုကစပြီး မင်းကမြို့ရဲ့ အုပ်ချုပ်ရေးမှူးပဲ”

ကျန်းလင်ချွမ် ပထမတော့ အံ့ဩသွား၏။ သူ့ရဲ့ မျက်နှာကို လက်ညိုးထိုးပြလိုက်ကာ..

“ကျွန်တော်ကလား”

“ကျွန်တော်ကမြို့ရဲ့ အုပ်ချုပ်ရေးမှူး ဖြစ်လာရမှာလား”

ကျောက်ကောင်း ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

“ဒီနှင်းနဂါးမြို့ရဲ့ အခြေအနေတွေကို မင်းရင်းနှီးပြီးသားပဲ။ မင်းမှ မဟုတ်ဘူးဆိုရင် ဘယ်သူဖြစ်နိုင်မှာလဲ”

ကျေနပ်ပျော်ရွှင်မှုက ကျန်းလင်ချွမ်ရဲ့ နှလုံးသားတစ်ခုလုံးကို တိုက်စားသွားခဲ့သည်။ တစ်နေ့မှာ အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ဒါပေမဲ့ ချက်ချင်းပဲ သူ့ရဲ့နှလုံးသားက မထိန်းနိုင်အောင် တုန်ယင်သွားသည်။

ချိလန်ရှန်ရဲ့ သေဆုံးမှုကို ပြန်မြင်ယောင် လာခဲ့သည်။ ထို့နောက်မှာ ချန်ယုယွင်ရဲ့ အကြည်းတန်တဲ့ သေဆုံးမှုကလည်း ပြန်လည်ဝင်ရောက်လာ၏။

ရုတ်တရက်သူ သတိထားမိသွားသည်။

မြို့အရှင် ဖြစ်လာရတဲ့ ခံစားချက်က ကြောက်ဖို့ကောင်းတယ်…

“သခင်ကျောက်၊ သခင်ကျောက်”

“ကျွန်တော်က အရမ်းငယ်ပါသေးတယ်။ မြို့ရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက် ဖြစ်လာဖို့ မသင့်တော်သေးပါဘူး”

“ကျွန်တော့်ကို ကျေးဇူးပြုပြီး မြို့အရှင်အဖြစ် မခန့်အပ်ပါနဲ့”

“ကျွန်တော်မှာ အသက်ရှစ်ဆယ် အရွယ်အမေအိုကြီး ရှိနေသေးတယ်။ ကျွန်တော် ဂရုစိုက်ပေးဖို့ လိုအပ်နေသေးတယ်”

ကျန်းလင်ချွမ် ချက်ချင်းပဲ မြေပြင်ပေါ်မှာ ဒူးထောက်လျက်နဲ့ တွားသွားပြီး ကျောက်ကောင်းရှိရာကို တိုးသွားလိုက်သည်။ အဆက်မပြတ် တောင်းပန်နေတော့၏။

ဒါပေမဲ့ ကျောက်ကောင်းရဲ့ မျက်နှာပေါ်က အပြုံးတို့ မပျောက်ကွယ်သေးပေ။

“ဘာလဲမင်းက ငါ့ရဲ့ခန့်အပ်ပေးမှုကို မကျေနပ်တာလား၊ မင်းငါ့ကို အထင်သေး လိုက်တာလား”

ကျန်းလင်ချွမ်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားရပြန်သည်။

“ကျွန်တော် မလုပ်ရဲပါဘူး”

ကျောက်ကောင်းက ခန္ဓာကိုယ်ကို ခုံမှာမှီလိုက်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် မင်းက ဘာကိစ္စ စောဒက တက်နေရတာလဲ။ မင်းမှာ ရာထူးလွှဲစရာ လက်အောက်ခံ တပ်သားရှိလို့လား”

ကျန်းလင်ချွမ် အံ့ဩသွားခဲ့သည်။

အခုဆိုရင် သူ့ရဲ့ လက်အောက်ခံ တပ်သားတွေ အားလုံးက နှင်းနဂါးမြို့မှာ မရှိတော့ဘူး။ တိုက်ပွဲကွင်းပြင်မှာ ကျန်ရစ်နေခဲ့ပြီ။

သူ့ရဲ့ မျက်လုံးတွေက အသက်မပါတော့ပေ။

“ကျွန်တော်......”

ကျောက်ကောင်း ‌ပြုံးလိုက်လေကာ

“ကောင်းပြီ မြို့အရှင်ရာထူးက မင်းအတွက်ပဲ”

………

All Chapters