( အပီအပြင် တိုက်ခိုက်မယ်)
Vol. 15 Ch. 205
“သခင်ကျောက် ကျွန်တော်တစ်ကယ်ပဲ မြို့ရဲ့အုပ်ချုပ်ရေးမှူး ဖြစ်မလာချင်ပါဘူး။ ကျွန်တော်ရဲ့အတွေ့အကြုံက အရမ်းကို နုနယ်လွန်းသေးပါတယ်။ ကျွန်တော်ကို အုပ်ချုပ်ရေးမှူးတစ်ယောက်အဖြစ် ခန့်အပ်လိုက်မယ်ဆိုရင် ပြည်သူတွေအတွက် ကောင်းမွန်တဲ့ ကိစ္စတစ်ခုဖြစ်မလာနိုင်ပါဘူး”
ကျန်းလင်ချွမ်သည် လွန်စွာငြင်းဆိုချင်နေခဲ့သည်။ ကျောက်ကောင်းရဲ့ရှေ့မှာ အဆက်မပြတ်ဒူးထောက်နေလိုက်၏။
ဒါပေမယ့် ကျောက်ကောင်းရဲ့မျက်လုံးတွေကတော့ အရူးတစ်ယောက်ကိုကြည့်နေသလိုမျိုးသာ ကြည်နေခဲ့သည်။ သူရဲ့ မျက်လုံးတွေက စကားပြောနေဟန်ပဲ…ငါ မင်းကို မြို့အရှင်ဖြစ်လာခိုင်းတာနဲ့ပဲ မင်းကမင်းရဲ့တာဝန်တွေကို တကယ်ယူရတော့မယ်လို့ ထင်နေတာလား….
ကျောက်ကောင်းနှစ်ကြိမ်ခန့် ချောင်းဟန့်လိုက်သည်။
“ကောင်းပြီ။ မင်းက အရင်အုပ်ချုပ်ရေးမှူးဟောင်း ချန်ယုယန်ရဲ့အနောက်ကို လိုက်လာတဲ့နှစ်တစ်ချို့ကြာပြီ။ ဒါကြောင့် မင်းအနေနဲ့သင်ယူခဲ့ရမယ်။ ဒါကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်ဖို့မမေ့နဲ့”
ကျောက်ကောင်းရဲ့မေးခွန်းထုတ်လို့မရသော လေသံသည် ကျန်းလင်ချွမ်အတွက် ရွေးချယ်စရာမရှိဖြစ်စေခဲ့သည်။
ကျောက်ကောင်း စိတ်ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။
“ကောင်းပြီ။ မင်းတို့ရဲ့ရှေ့တစ်ခေါက်သွားခဲ့တဲ့ ခရီးစဉ်ကမအောင်မြင်ခဲ့ဘူးဆိုမှတော့ ငါမင်းအတွက် ခက်ခဲအောင်မလုပ်တော့ဘူး”
“ဒီလိုဆိုရင်ကော၊ မင်းကိုတပ်သားသုံးထောင်ပေးမယ်။ သူတို့အားလုံးကလက်ရွေးစင်တပ်သားတွေပဲ။ နှင်းနဂါးတောင် ပတ်ပတ်လည်မှာရှိတဲ့ လူတွေကို မြို့ထဲကိုပြောင်းရွှေ့ပေးရမယ်။ ဒီလိုဆိုရင် အဲဒီပုန်ကန်တဲ့တပ်ဖွဲ့အတွက် တပ်သား အသစ်တွေ ထပ်မံမရရှိနိုင်တော့ဘူး။ အရင်းအမြစ်မရှိတဲ့ တပ်ဖွဲ့တစ်ခုက အချိန်ကြာလာတာနဲ့အမျှ ပျက်ဆီးရမှာပဲ”
ကျောက်ကောင်းတည်ငြိမ်စွာ ပြောလိုက်သည်။
သူအနေနဲ့ နည်းလမ်းနောက်တစ်ခု ပြောင်းလဲအသုံးပြုဖို့ရန် စဉ်းစားလိုက်သည်။
နှင်းနဂါးမြို့ရဲ့ ပတ်ပတ်လည်မှာ နေထိုင်ကြသော လူတွေအားလုံးသည် ကျင့်ကြံဆင့်မရှိသော သာမန်ပြည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ကျန်းလင်ချွမ်အနေနဲ့ ဖမ်းဆီးမယ်ဆိုရင်တောင်မှ ပြဿနာမရှိနိုင်ပေ။
ကျန်းလင်ချွမ်အနည်းငယ် အံ့ဩနေခဲ့သည်။
“ဒါပေမဲ့ နှင်းနဂါးတောင်ရဲ့အနီးတဝိုက်ကို ထပ်သွားရဦးမှာမလား?”
“ကျွန်တော်...”
အဲ့ဒီနေရာက သူ့အတွက် မှတ်ဉာဏ်ဆိုးများစွာတည်ရှိသည်။ ကျန်းလင်ချွမ် အနေနဲ့သူရဲ့တစ်ဘဝလုံး ပြန်လည်မဖော်ဆောင်ချင်တဲ့ မှတ်ဉာဏ်ဆိုးများဖြစ်၏။
“ဘာလဲ အုပ်ချုပ်ရေးမှူးကျန်းက မသွားချင်လို့လား”
ကျောက်ကောင်းက လက်တဖက်ကို ညင်သာစွာ မြောက်လိုက်သည်။ သူ့ရဲ့ခန္ဓာကိုယ်အနောက်ကနေ ချက်ချင်းပဲ ပျံဝဲနေတဲ့ဓါးတစ်ချောင်း ထွက်ပေါ်လာ၏။ ထိုဓါးက ဝင်ပေါက်ရဲ့ဘေးရှိ ကျောက်တိုင်တစ်ခုမှာ စိုက်သွားခဲ့သည်။
ထိုအရာက ချိလန်ရှန်ရဲ့ ကျောက်တိုင်…။
“ဘုရားရေ”
ငယ်ရွယ်တဲ့ ကျန်းလင်ချွမ်တစ်ယောက် ထိုမြင်ကွင်းကြောင့် ချက်ချင်းပဲ တုန်ယင်သွားခဲ့သည်။ အရင်သခင်ဟောင်းဆီက စိုက်ကြည့်ခံနေရတဲ့ခံစားချက်က သူရဲ့နှလုံးသားကို အထိန်းအချုပ်မဲ့စေ၏။
“ကျွန်တော်လုပ်ပါ့မယ်။ သခင်ကျောက် ကျွန်တော်သွားပါ့မယ်”
ကျောက်ကောင်းရဲ့နှုတ်ခမ်းတွေက ကျေနပ်မှုကြောင့် အနည်းငယ်အပေါ်တက်သွားခဲ့သည်။
“အုပ်ချုပ်ရေးမှူးကျန်းက ငါ့ရဲ့လက်ရှိအခြေအနေကို နားလည်ပေးမယ်လို့ ယုံကြည်ပြီးသားပါ။ ဘယ်လိုလုပ် ငါ့ကို စိတ်ပူစေ ရမှာလဲ၊ ဟုတ်တယ်မလား။ အုပ်ချုပ်ရေးမှူးကျန်း”
ကျောက်ကောင်းသည် ပြောပြီးတာနဲ့ခြေချိတ်လိုက်ပြီး လက်တဖက်ကို သူ့ရဲ့ နဖူးပြင်ပေါ်တင်လိုက်သည်။ သူ့ရဲ့ပုံစံက အလွန်ဆွဲဆောင်မှုရှိနေ၏။
ဒါပေမဲ့ တုန်လှုပ်နေတဲ့ ကျန်းလင်ချွမ်ကတော့ မော့မကြည့်ရဲပေ။
အမိန့်လက်ခံပြီးတာနဲ့ ချက်ချင်းပဲအခန်းအပြင်သို့ ထွက်သွားဖို့ ပြင်လိုက်သည်။
အပြင်ရောက်တာနဲ့ စောင့်ဆိုင်းနေတဲ့လူများစွာကို ကျန်းလင်ချွမ် ကြုံလိုက်ရ၏။
“အုပ်ချုပ်ရေးမှူးကျန်း ချက်ချင်းပဲထွက်ခွာကြရအောင်။ သခင်ကျောက်က အမိန့်ပေးထားပါတယ်။ ကျွန်တော်တို့ တစ်ရက်မှ အချိန်ဆွဲလို့မရဘူးတဲ့”
ခပ်ဝဝလူတစ်ယောက် အရှေ့ထွက်လာတာနဲ့ ကျန်းလင်ချွမ်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့သည်။
“ဘာလဲ မင်းက ငါ့ကို အိမ်ပြန်ဖို့အတွက် အခွင့်အရေးလေးတောင်မပေးဘူးလား”
ထိုခပ်ဝဝပုဂ္ဂိုလ်က ခေါင်းငြိမ့်ပြလိုက်၏။
“တဆိတ်လောက်ပါ။ အခုဆိုရင် အုပ်ချုပ်ရေးမှူးကျန်းက မြို့ရဲ့အုပ်ချုပ်ရေးမှူးတစ်ယောက်ဖြစ်လာခဲ့ပြီ။ ကျွန်တော်က အုပ်ချုပ်ရေးမှူးကျန်းရဲ့ လက်ထောက်စစ်သူကြီးပဲ။ ကျွန်တော်တို့သွားကြရအောင်”
ကျန်းလင်ချွမ်ရဲ့ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်သွား၏။ သူ့ရဲ့နှလုံးသားထဲကို ခံစားချက်တွေဝင်ရောက်လာခဲ့သည်။
အဲ့ဒီကျောက်ကောင်းက အုပ်ချုပ်ရေးမှူးတွေကို ကစားစရာတစ်ခုလို သဘောထားနေတာလား…
“ငါက အုပ်ချုပ်ရေးမှူးတစ်ယောက်ဆိုတာ မင်းသိတယ်မလား”
ကျန်းလင်ချွမ်သည် ချက်ချင်းပဲသူ့ရဲ့ဂုဏ်ပုဒ်ကို ဖော်ကျူးလိုက်သည်။ ဒါပေမဲ့ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ သူ့ရဲ့ ပုံစံကအနည်းငယ် ရီချင်စရာကောင်းနေ၏။
ခပ်ဝဝပုဂ္ဂိုလ်က ခေါင်းငြိမ့်လိုက်လေကာ..
“မှန်ပါတယ်”
ကျန်းလင်ချွမ် ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ အခုကစပြီးမင်းက လက်ထောက်စစ်သူကြီးမဟုတ်တော့ဘူး။ ငါ ကျန်းလင်ချွမ်က လက်ထောက်စစ်သူကြီး မလိုအပ်ဘူး။ အခုကစပြီး မင်းကတပ်ဖွဲ့ခေါင်းဆောင်ပဲ”
ကျန်းလင်ချွမ်တစ်ယောက် သူ့ရဲ့ခန္ဓာကိုယ်ကနေ အဆက်မပြတ်ဖိအားတွေ ထုတ်လွတ်လိုက်သည်။
မျက်စိရှေ့က ခပ်ဝဝပုဂ္ဂိုလ်က အနည်းငယ်အံ့ဩသွားပုံပဲ။
“အုပ်ချုပ်ရေးမှူးကျန်း တစ်ကယ်ပြောနေတာလား။ လက်ထောက်စစ်သူကြီး မရှိဘူးဆိုရင် တပ်သားသုံးထောင်လုံးကို အုပ်ချုပ်ရေးမှူးကျန်းက ကိုယ်တိုင်အမိန့်ပေးမလို့လား”
ကျန်းလင်ချွမ် ချက်ချင်းပဲမျက်မှောင်ကြုတ်သွားခဲ့သည်။
“မင်းက ငါ ဘာလုပ်ရမလဲဆိုတာကို ပြောပြနေတာလား”
“လာကြစမ်း”
“ဒီလူက အုပ်ချုပ်ရေးမှူးတစ်ယောက်ရဲ့ အမိန့်ကိုမနာခံဘဲ ဝေဖန်ဖို့ကြိုးစားရဲတယ်။ အခုပဲ သူ့ကို ကြိမ်ဒဏ်အချက်နှစ်ရာ ပေးစေ။ ငါ့မျက်စိရှေ့က ခေါ်ထုတ်သွားကြစမ်း”
ချက်ချင်းပဲ တပ်သားနှစ်ယောက်ပေါ်လာလေကာ ထိုခပ်ဝဝပုဂ္ဂိုလ်ကို ဆွဲခေါ်သွားကြသည်။
“အုပ်ချုပ်ရေးမှူးကျန်း ကျေးဇူးပြုပြီးမလုပ်ပါနဲ့”
“ကျွန်တော်က ရိုးသားပါတယ်”
ဒါပေမဲ့ ကျန်းလင်ချွမ်ရဲ့နှလုံးသားကတော့ ခံစားရခက်နေဆဲပဲ။
“ဘာကိစ္စအာကျယ်နေရတာလဲ။ အပြစ်ပေးခံရတာတောင်မှ မင်းက အပြစ်ကင်းပါတယ်ဆိုပြီး အော်ရဲသေးတာလား”
“နောက်ထပ် အချက်ငါးဆယ်တိုးမယ်”
“ငါ့ကိုများ တိုက်ခိုက်ရဲရတယ်လို့”
ဒါပေမယ့် ကျန်းလင်ချွမ်ရဲ့ နောက်ဆုံးစကားတစ်ခွန်းသည် ပုဂ္ဂိုလ်ရေးဆန်ခဲ့သည်။ စစ်တပ်ရဲ့စည်းမျဉ်းအရဆိုရင် လူ တစ်ယောက်ကို ရိုက်နှက်အပြစ်ပေးရာမှာပုံစံနှစ်မျိုးရှိ၏။ သာမန်ကြိမ်ဒဏ်သည် လက်စားချေဖို့အတွက်သာဖြစ်သည်။
ဒါပေမဲ့ ကျန်းလင်ချွမ်ရဲ့အခုအမိန့်က ထိုပုဂ္ဂိုလ်အတွက် အသက်ရှင်စရာ သေချာပေါက်ရာခိုင်နှုန်းမရှိဘူး..
သနားစရာ ခပ်ဝဝပုဂ္ဂိုလ်ခမျာ လက်ထောက်စစ်သူကြီးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ချက်ချင်းပဲ ကျန်းလင်ချွမ်ရဲ့အမျက်ဒေါသကို လက်ခံရရှိလိုက်သည်။ လက်ထောက်စစ်သူကြီးဖြစ်လာတဲ့ သူရဲ့ကံမကောင်းမှုလို့ပဲပြောရမှာပေါ့။
ဒီလိုနဲ့မကြာခင်မှာပဲ တပ်သားသုံးထောင်လုံး ပြင်ဆင်စရာရှိတာများကို ပြင်ဆင်ပြီးသွားခဲ့သည်။ မြို့ကနေ စတင်ထွက်ခွာ လာပေမယ့် လမ်းတစ်လျှောက်လုံးမှာ ကျန်းလင်ချွမ်ရဲ့နှလုံးသားက ရေထဲနစ်မွန်း နေသလိုမျိုး ခံစားရခက်နေ၏။ ရင်းနှီး နေတဲ့ အဝင်လမ်းတွေက ကျန်းလင်ချွမ်ရဲ့နှလုံးသားကို ရိုက်ခတ်နေခဲ့သည်။
အတိတ်တုန်းကပေါ်ပေါက်လာခဲ့တဲ့ နှင်းနဂါးတောင်ပေါ်က ဆန်းကြယ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ကို စဉ်းစားမိသွားသည်။ အဲ့ဒီလူဆီကနေ သူရဲ့တစ်ဘဝလုံးမှာ တစ်ကြိမ်မှ မခံစားခဲ့ဖူးတဲ့ ဖိနှိပ်နိုင်တဲ့ အရှိန်အဝါကိုခံစားရ၏။
စဉ်းစားမိတာနဲ့ပဲ ကျန်းလင်ချွမ်ရဲ့လက်နှစ်ဖက်လုံး အနည်းတုန်ယင်သွားခဲ့သည်။
“ဘာမှားလို့လဲ၊ အုပ်ချုပ်ရေးမှူးကျန်း”
အနီးအနားမှာရှိနေတဲ့ တပ်သားတစ်ယောက်က ကျန်းလင်ချွမ်ရဲ့ပုခုံးကို စိတ်ပူစွာဖြင့်ပုတ်လိုက်သည်။
“ငါ အဆင်ပြေတယ်။ ဒါပေမယ့် ငါတို့ရဲ့လမ်းကြောင်းကို ပြောင်းကြရအောင်။ ရွာထဲမှာရှိနေတဲ့ ပြည်သူတွေဘက်ကို အရင် သွားကြမယ်။ ငါတို့အချိန်ဆွဲလိုက်မိတာနဲ့ မထင်ထားတဲ့အရာတွေဖြစ်လာနိုင်တယ်”
အမှန်တော့ ကျန်းလင်ချွမ်သည် နှင်းနဂါးတောင်ပေါ်ကို ထပ်မံမတက်ချင်တော့ပေ။ ဒါကြောင့် ချက်ချင်းပဲနောက်ကြောင်း ပြန်လှည့်ဖို့ပြင်လိုက်သည်။
ဘယ်လိုအကျိုးဆက်ကိုပဲရင်ဆိုင်ရပါစေ မြို့ရဲ့အုပ်ချုပ်ရေးမှူး သေချာပေါက်မလုပ်တော့ဘူး။
သူ့ရဲ့တစ်ဘဝလုံးကို လယ်စိုက်ပြီးရှင်သန်ရမယ်ဆိုရင်တောင်မှ အခုလိုမျိုးအကြောက်တရားထဲမှာ မရှင်သန်နိုင်ဘူး။
အနောက်မှာရှိနေတဲ့တပ်သားတွေ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။
သူတို့ရဲ့မျက်လုံးတွေက အံ့ဩနေကြ၏။
“ငါတို့ရဲ့အုပ်ချုပ်ရေးမှူးအသစ်က ဘာဖြစ်တာလဲ”
“ငါ ဘယ်လိုလုပ်သိမှာလဲ၊ ဒါပေမယ့် ဒီနေရာကြီးက အရမ်းထူးဆန်းနေတယ်။ ငါတို့အတွက် နေရာကောင်းတစ်ခု မဟုတ်ဘူး။ ဒါကြောင့် ပြန်လှည့်တာလည်း ကောင်းမွန်တဲ့ကိစ္စတစ်ခုပဲ”
“ငါ ဒီနှင်းနဂါးတောင်ပေါ်ကို မရောက်တာနှစ်တစ်ချို့ကြာခဲ့ပြီ။ ဒါပေမဲ့ အခုလိုခံစားချက်ကြီးကိုတော့ မမျှော်လင့်ထားခဲ့ဘူး။ ဒီနေရာကို ဘယ်သူကများ သိမ်းပိုက်ထားတာလဲမသိဘူး။ အရမ်းကျောချမ်းဖို့ကောင်းတာပဲ”
အနောက်မှာ လိုက်ပါလာတဲ့ တပ်သားတွေ အချင်းချင်းတီးတိုးဆွေးနွေးနေကြသည်။
ဘာကြောင့်ရယ်မသိဘူး။ သူတို့တွေကို စောင့်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံရှိနေသလိုမျိုးပဲ။ သူတို့တွေက တိုင်းပြည်ရဲ့ တပ်သားတွေ ဖြစ်ပါရက်နဲ့ သူခိုးတစ်ကောင်လိုမျိုး စောင့်ကြည့်ခံနေရသည်။
အနည်းငယ်ကြောက်ရွံ့နေတဲ့စိတ်ကြောင့် သူတို့ရဲ့အပြန်ခရီးလမ်းက ပိုမိုမြန်ဆန်နေတော့၏။
တကယ်တော့ သူတို့ကိုစောင့်ကြည့်နေတဲ့မျက်လုံးတွေက ရှိနေခဲ့ပါသည်။ နှင်းတောင်တန်းဂိုဏ်းရှိ ချန်ပန်ရဲ့လက်အောက် က အကြီးအကဲများစွာသည် တောင်ခြေမှစောင့်ကြပ်တဲ့ တာဝန်ကိုယူထားခဲ့ကြသည်။ သူတို့က တောင်ရဲ့အနီးတဝိုက်မှာ နေထိုင်တဲ့ နေထိုင်သူတွေကို တိတ်ဆိတ်စွာဖြင့်ကြည့်ရှုပေးရ၏။
သူတို့ရဲ့ထူးချွန်တဲ့ကျင့်ကြံမှုကြောင့် လီယုဟန်က ထိုတာဝန်ကိုပေးအပ်ခဲ့တာပင်။ အခုတာဝန်ထမ်းဆောင်နေချိန်မှာ နှင်းနဂါးမြို့ရဲ့ ထပ်မံရောက်ရှိလာခဲ့သောတပ်ဖွဲ့ကို သူတို့သတိထားမိသွားခဲ့ကြသည်။ ထိုကြောင့် ချက်ချင်းပဲတပ်စခန်းသို့ သတင်းပို့လိုက်၏။
ဒါပေမယ့် လျင်မြန်စွာပြန်လည်ဆုတ်ခွာသွားတဲ့ နှင်းနဂါးမြို့ရဲ့တပ်ဖွဲ့သုံးထောင်ကတော့ သတင်းပေးခံလိုက်ရတာကို မသိခဲ့ကြပေ။
ကျန်းလင်ချွမ် မြို့ထဲကိုရောက်ရှိချိန်မှာ ညနေခင်းရောက်နေခဲ့ပြီပင်။
“အုပ်ချုပ်ရေးမှူးကျန်း ဒီအချိန်ကျမှလူတွေကို ပြောင်းရွေ့ဖို့လုပ်ရင် နောက်ကျသွားပြီ။ ဒါကြောင့် ဒီနေရာမှာ တစ်ညမနား ချင်ဘူးလား?”
ခေါင်းဆောင်ငယ်တစ်ယောက်ကသတင်းပို့လာခဲ့သည်။ သူတို့ရဲ့သန်မာမှုက ပျှမ်းမျှသာဖြစ်သည်။ တနေ့လုံးခရီးနှင်လာခဲ့ရ သည့်အတွက် သူတို့ရဲ့သက်လုံတွေက မကောင်းမွန်တော့ဘူး။ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့စွမ်းအင်တွေလည်း ကုန်ခန်းလု နီးနီးဖြစ်နေခဲ့ပြီ။ လူသားတွေက စက်ပစ္စည်းတစ်ခုမှမဟုတ်တာပဲ။ တနေ့ခင်းလုံးခရီးနှင်စေခဲ့တာက သူတို့ရဲ့စွမ်းအင်တွေကို အလွယ်တကူကုန်ဆုံးစေသည်။
ကျန်းလင်ချွမ်လည်း ထိုစကားလုံးထဲမှာ အနည်းငယ်မျောပါသွားခဲ့ပြီး ခေါင်းငြိမ့်ပြလိုက်တော့သည်။
“ကောင်းပြီ ဒီနေရာမှာနားကြတာပေါ့”
“တပ်သားငါးရာကို စေလွှတ်ပြီး အဆက်မပြတ်စောင့်ကြည့်ခိုင်းထား။ အန္တရာယ်တွေ့တာနဲ့ သေချာပေါက် သတင်းပို့ရမယ်”
ထိုခေါင်းဆောင်ငယ်က အနည်းငယ်အံ့ဩသွားခဲ့သည်။
“အုပ်ချုပ်ရေးမှူးကျန်း၊ တပ်သား ငါးရာတောင်စေလွတ်ရမာလား”
“အုပ်ချုပ်ရေးမှူး နောက်နေတာမလား”
………