( ပြေးကြဟေ့)
Vol. 15 Ch. 206
ကျန်းလင်ချွမ် ရှုပ်ထွေးစွာဖြင့် ဆက်ပြောလိုက်သည်။
"ဘာလဲ ငါးရာက မလုံလောက်ဘူးလား။ ဒါဆိုရင် တပ်သားတစ်ထောင် စေလွှတ်လိုက်။ ဒီကိစ္စက နည်းနည်းမှ လွဲမှားစေလို့မရဘူး"
ကျန်းလင်ချွမ်ရဲ့စကားလုံးတွေကြောင့် ထိုခေါင်းဆောင်ငယ် ပိုမိုအံ့သြသွားဟန်ပဲ။
"အဲ့ဒီ တပ်သား တစ်ထောင်လုံးကို မင်းကိုယ်တိုင် ဦးဆောင်ရမယ်။ သံသယဝင်စရာ အချက်တစ်ခုတွေ့တာနဲ့ လွှတ်ပေးလို့မရဘူး။ မင်းနားလည်သလား"
ကျန့်လင်ချွမ် တိုက်ရိုက်အမိန့်ပေးလိုက်သည်။ သူ့ရဲ့မျက်နှာထားက လွန်စွာတည်ငြိမ်နေ၏။
ခေါင်းဆောင်ငယ် ချက်ချင်းဘဲ သဘောပေါက်သွားသည်။
အရင်တစ်ခေါက် တိုက်ပွဲကနေ သူတို့ရဲ့ အုပ်ချုပ်ရေးမှူး ဘယ်လောက်တောင်မှ စိတ်ဒဏ်ရာရသွားခဲ့တာလဲ…
ထို့ကြောင့် သူ ချက်ချင်းပဲ ခေါင်းညိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့ ကျွန်တော်အမိန့်နာခံပါ့မယ်"
ဒါပေမဲ့ တပ်သားတစ်ထောင်ကို စေလွှတ်ပြီးတာတောင်မှ ကျန့်လင်ချွမ်ရဲ့ နှလုံးသားက တည်ငြိမ်မှုကို မရရှိသေးပေ။
အရိပ်ထဲကနေ သူ့ကိုစောင့်ကြည့်နေတဲ့ လူတွေရှိသလိုမျိုး ခံစားနေရ၏။
ထို့ကြောင့် လူကိုယ်တိုင် တဲအပြင်ထွက်ကာ စောင့်ကြည့်တော့သည်။ တစ်ညလုံး မအိပ်တော့ဖို့ ဆုံးဖြတ်ထား၏။
ဒီလိုဆိုမှ တစ်စုံတစ်ခုကြုံတွေ့လာတာနဲ့ ချက်ချင်းထွက်ပြေးနိုင်မှာဖြစ်သည်။
ညနက်လာတာနဲ့အမျှ ကောင်းကင်အထက်မှာ လရောင်က နေရာယူလာခဲ့သည်။ဖျော့တော့တဲ့ အလင်းရောင်က မြေပြင်ပေါ်ကို ဖြန့်ကျက်ပေးနေ၏။
ကျန့်လင်ချွမ်သည် မြင်းနက်ပေါ်မှာမှီနေရင်း အိပ်မှုန်စုံဝါး အခြေအနေမှာရှိနေသည်။
ထိုအချိန်မှာပဲ တိတ်တဆိတ်ချဉ်းကပ်လာတဲ့ အမဲရောင်ဝတ်စုံနဲ့ လူတစ်စုကို အာရုံခံမိလိုက်သည်။
ချက်ချင်းပဲ သူ့ရဲ့ပင်ကိုယ်အသိစိတ်က နိုးကြားလာခဲ့သည်။ကြောက်ရွံမှုက နှလုံးသားထဲ ဝင်ရောက်လာသည်မို့ သူ့ရဲ့ခြေထောက်တွေက အားအင်ပြည့်ဝသွားတော့သည်။
"ပြေးကြ"
"ရန်သူတွေ တိုက်ခိုက်လာနေပြီ"
အော်ဟစ်ပြီးတာနဲ့ ကျန့်လင်ချွမ်သည် တပ်သားတွေအားလုံးကို ဂရုမစိုက်တော့ပဲ ရှေ့ကနေ ဦးဆောင်ပြီး ပြေးလေတော့သည်။ မြင်းနက်ကြီးပေါ် ချက်ချင်းပဲ ခုန်တက်လိုက်လေကာ.. လက်တစ်ဖက်က ဓားကိုလည်း ကိုင်ဆောင်ထားသေးသည်။ မိုးကြိုးလို လျင်မြန်မှုနဲ့ အသက်တစ်ရှူစာ အချိန်မှာဘဲ ကျန့်လင်ချွမ်ရဲ့ မြင်းက ပျောက်ကွယ်သွားခဲ့သည်။ပြင်းထန်တဲ့ အရှိန်ကြောင့် ဖုန်မှုန့်များကိုသာမြင်နိုင်သည်။
"သေစမ်း၊ ငါတို့ရဲ့အုပ်ချုပ်ရေးမှူးက စောက်ရမ်းမြန်တာပဲ"
ကျန်တဲ့ခေါင်းဆောင်ငယ်တွေအားလုံး ပြေးမလို့ ကြံနေချိန်မှာပဲ အမှောင်ထဲကနေ မမြင်နိုင်တဲ့ ဖိအားကို ခံစားလိုက်ရသည်။သူတို့ရဲ့ ခန္ဓာကိုယ်တွေက လှုပ်ရှားလို့မရတော့ပေ။
"ဒီနေရာကို ရောက်လာပြီဆိုမှတော့ ထွက်မပြေးနဲ့တော့။ ငါတို့ရဲ့ကြီးမြတ်တဲ့အစီအစဉ်ထဲ ဝင်ပါလိုက်ကြလေ"
အမှောင်ထဲကနေ လူရိပ်နှစ်ခုထွက်လာခဲ့သည်။ ထိုသူနှစ်ယောက်က ချန်ပန်နှင့် လီရှီပင်။
နှင်းတံခါးတောင်ပေါ်ကို ရောက်လာပြီးတာနဲ့ သူတို့ရဲ့ သန်မာမှုကလည်း များစွာမြင့်တက်ခဲ့ရသည်။သူတို့က အခုဆိုရင် ဒုတိယအဆင့် နောက်ဆုံးပိုင်းကို ရောက်နေပြီ။ မကြာခင်မှာပဲ ပထမအဆင့်ကျင့်ကြံသူအဖြစ် တက်လှမ်းနိုင်တော့မည် ဖြစ်သည်။
သူတို့အနေနဲ့ ခေါင်းဆောင်ဖူမဲ့ကိုလည်း လွန်စွာ ကျေးဇူးတင်မိ၏။ ထို့ကြောင့် ဖူမဲ့ရဲ့နောက်ကနေ တစ်သက်လုံး သစ္စာရှိစွာ အမှုထမ်းဖို့ ဆုံးဖြတ်ထားကြသည်။
တောင်ခြေတပ်စခန်းအတွက် တပ်သားစုဆောင်းပေးရတဲ့ တာဝန်တွင် အပြည့်အဝအာရုံ စိုက်ထားကြသည်။
ခေါင်းဆောင်ငယ်တွေကတော့ လွန်စွာကြောက်ရွံနေကြ၏။သူတို့ရဲ့ ဓားတွေကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကြသည်။သူတို့ရဲ့ မျက်နှာတွေက လွန်စွာ တည်ငြိမ်နေကြသည်။စိတ်လှုပ်ရှားမှုကြောင့် နှလုံးသားကလည်း အဆက်မပြတ် ခုန်ပေါက်နေ၏။
"မင်းဘယ်သူလဲ ငါတို့ကိုအရှုံးပေးစေချင်တာလား အတွေးမှားမနေနဲ့”
ချန်ပန် သက်ပြင်းသာ ချလိုက်သည်။ သူ့ရဲ့လက်နှစ်ဖက်ကိုလည်း ပွေ့ဖက်တော့မတတ် ဆန့်တန်းလိုက်၏။ ထို့နောက်မှာ မျက်စိရှေ့က တပ်ဖွဲ့ရှိရာကို ခြေတစ်လှမ်းချင်း တိုးသွားလိုက်သည်။
"မင်းတို့နားမလည်ပါဘူး။ ဒီကမ္ဘာပေါ်မှာ တည်ငြိမ်တဲ့ဘဝထက် ပိုပြီး အဓိပ္ပာယ်ရှိတဲ့ လမ်းကြောင်းတွေအများကြီးရှိတယ်"
"အခုလိုမျိုး အကျိုးမဲ့တဲ့ ဘဝထက် လူပေါင်းများစွာရဲ့ အကျိုးကျေးဇူးအတွက် ကြိုးစားရခြင်းက ဘယ်လောက်တောင် ကြီးမြတ်လဲ မင်းတို့ နားမလည်ဘူးမလား"
ဟွမ်ပထျန်းရဲ့ တိုက်ရိုက်ထိန်းချုပ်ပေးမှုကြောင့် ချန်ပန်လည်း စကားကြီး စကားကျယ် အများစုကို တက်မြောက်လာခဲ့သည်။ ဒါ့အပြင် တပ်စခန်းအတွင်းမှာရှိတဲ့ နေ့စဉ်ဖြစ်ရပ်တွေက သူ့အပေါ်ကို များစွာ လွှမ်းမိုးထား၏။
တပ်စခန်းသည် မိသားစုကြီး တစ်ခုလိုမျိုး ခံစားရစေသည်။ ထိုထဲတွင် ပြိုင်ဆိုင်မှုတွေမရှိပေ။ အချင်းချင်း အားပေးအားမြှောက်မှုသာရှိသည်။ ထို့ကြောင့် တောပုန်းဓားပြအလုပ်ကို သူ့အနေနဲ့ လွန်စွာ စွဲလမ်းနေတော့၏။
သူ့ရဲ့ တစ်ဘဝလုံးကိုလည်း ဖူမဲ့အနောက်ကိုသာ လိုက်ဖို့ စဉ်းစားထားသည်။
ချန်ပန်ရဲ့ ကြီးမြတ်တဲ့ စကားလုံးတွေကြောင့် တပ်သားများစွာ အံ့ဩသွားခဲ့သည်။ သူတို့ ဘာပြန်ပြောရမလဲ မသိတော့ပေ။ သစ်သားရုပ်ထုကြီးတွေလိုမျိုး နေရာမှာဘဲ မလှုပ်မယှက် ရပ်နေကြတော့သည်။ချန်ပန်က ဆက်လက်ပြောဆိုလိုက်၏။
"မင်းတို့တောက်ပဖို့ ရွေးချယ်မယ်ဆိုရင် မင်းတို့က ငကြောက်မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကို သက်သေပြလိုက်ကြတာပဲ။ မျှတမှုအတွက် တိုက်ပွဲဝင်တာက သေချာပေါက် သစ္စာဖောက်တာ မဟုတ်ဘူး"
"ငါတို့တွေက တရှားရဲ့ပြည်သူတွေကို ကိုယ်စားပြုတယ်။ မင်းတို့က ဓားမြှောက်ပြီး ငါတို့နဲ့ ရန်သူဖွဲ့မလို့လား"
ချန်ပန်က ချက်ချင်းပဲ ရှေ့တစ်လှမ်း တိုးလိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေက
နေရာတစ်ခုလုံးကို တိတ်တဆိတ် လွှမ်းမိုးသွား၏။ တပ်သားတွေအားလုံးကို ဝေဝါးသွားစေခဲ့သည်။ ချန်ပန်ရဲ့ စကားလုံးတွေမှာ သူတို့တွေ မျောပါသွားတော့၏။
"ငါတို့..."
ထိုသူတွေ ခပ်တိုးတိုးရေရွတ်လိုက်ကြသည်။ သူတို့ရဲ့မျက်နှာတွေက ရှုပ်ထွေးနေဟန်ပဲ။
"ငါတို့တွေ တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်"
ချန်ပန် ထိုအချိန်မှသာ ကျေနပ်စွာဖြင့် ပြုံးလိုက်သည်။ ထို့နောက်မှာ အနောက်မှာ ရပ်နေတဲ့ လီရှီ ရှိရာသို့ လှည့်ကြည့်လိုက်ပြီး
"ငါတို့အောင်မြင်ပြီ။ တွေ့လား ငါပြောပါတယ် လွယ်တယ်မှတ်လား"
ထိုအချိန်မှာ သစ်ပင်နောက်မှာ ပုန်းကွယ်နေတဲ့ အနက်ရောင်ဝတ်စုံနဲ့ လူတစ်ယောက်လည်း အရှေ့တိုးလိုက်သည်။ အမှောင်ထဲမှာ ရှိနေတဲ့ ဟူယူရဲ့ မျက်လုံးတွေက အဖြစ်အပျက်အားလုံးကို အသေးစိတ် စိုက်ကြည့်နေခဲ့သည်။သူ့ရဲ့ နှလုံးသားက လွန်စွာ ကြောက်ရွံနေ၏။ ခန္ဓာကိုယ် တစ်ခုလုံးလည်း တင်းကြပ်နေခဲ့သည်။ အသံတစ်ချက်တောင် မထွက်ရဲပေ။
ချန်ပန်ရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ စိတ်ဝိဉာဉ်စွမ်းအင်တွေကို ဖိနှိပ်ဖို့ရန် သူ့ရဲ့ သန်မာမှုတွေအားလုံးကို အသုံးပြုထားခဲ့သည်။ ဒါပေမဲ့ ဘယ်လိုပဲ တောင့်ခံထားပါစေ တပ်သားတွေအားလုံးနဲ့အတူ တိုက်ခိုက်ပါမည်ဆိုသော စကားလုံးကို မနေနိုင်စွာ ရေရွတ်မိသွား၏။
တောင်ခြေတပ်စခန်းက ပုန်ကန်သူတွေရဲ့ သန်မာမှုကို ထိတ်လန့်သည်ဆိုတာထက် ဟူယူ ပိုမိုပြီး ကြောက်လန့်လာခဲ့တာပင်။
ကျန်းလင်ချွမ် တစ်ယောက် လွတ်မြောက်လာခဲ့ပေမဲ့ သူ့ရဲ့ နှလုံးသားက မတည်ငြိမ်သေးဘူး။ အချိန်မရွေး ပြန်အဖမ်းခံလိုက်ရမဲ့ အဖြစ်အပျက်ကို ကြောက်ရွံနေခဲ့သည်။
ကျန်းလင်ချွမ် စိတ်ပိုင်းဖြတ်ပြီးတာနဲ့ သူ့ရဲ့ ခေါင်းပေါ်မှာ ရှိတဲ့ ဆံပင်တွေ အားလုံးကို ချက်ချင်းပဲ ဖြတ်တောက်ပစ်လိုက်သည်။ စစ်ဝတ်ရုံကိုလည်း ချွတ်ပစ်ပြီး မြေပြင်ပေါ်ကို လွှင့်ပစ်ထားခဲ့သည်။ မြင်းကိုပါ ပစ်ထားခဲ့ရမလားဟု စဉ်းစားသေး၏။ ဒါပေမဲ့ အဆုံးမှာတော့ မြင်းကို မထားခဲ့ပေ။ ရူးသွပ်စွာပင် နှင်းတံခါးမြို့ထဲကို ကြောက်လန့်တကြား ဝင်ရောက်လာခဲ့သည်။
" သေစမ်း အဲ့ဒီကောင်တွေက ငါ့ကို ခြောက်လှန့်နေတာပဲ"
"ဘာကိစ္စငါ့ကို အမြဲတမ်း စောင့်ကြည့်နေရတာလဲ၊ ငါ့ကို လွှတ်ပေးလို့မရဘူးလား"
ကျန်းလင်ချွမ် စိတ်ပျက်စွာ ရေရွတ်လိုက်သည်။
"ငါ့ရဲ့ဘဝမှာ ဒီလောက်ဆိုးတဲ့ပုန်ကန်သူတွေ မတွေ့ဖူးဘူး ငါ့ကိုသတ်ချင်နေကြတာပဲ”
“ဘယ်လိုနတ်ဘုရားကများ အဲ့ဒီအုပ်စုကို ခေါင်းဆောင်ထားတာလဲ”
"အဲ့လို ဦးဆောင်နိုင်စွမ်းရှိနေမှတော့ ဘာကိစ္စ တော်ဝင်ရုံးတော်မှာ အဆင့်မြင့် အရာရှိတစ်ယောက် လာမလုပ်လိုက်လဲ ဘာကိစ္စ ဒီနေရာအထိ ရောက်လာပြီး အားနည်းတဲ့ငါကိုပဲ ပြဿနာရှာနေရတာလဲ ချီးပဲ"
ကျန်းလင်ချွမ်ရဲ့ နှလုံးသားက ပြိုလဲလုနီးနီး ဖြစ်နေခဲ့သည်။အစောပိုင်းက မြင်တွေ့လိုက်ရတဲ့ အရိပ်က သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခုခံမှုကို လုံးဝ ချိုးဖောက်သွားခဲ့၏။
အနာဂတ်မှာ နှင်းတံခါးတောင်ပေါ်က လူတွေကို မြင်တာနဲ့ သေချာပေါက် ရှောင်ကြဉ်နေတော့မည်ပင်။
တစ်ဖက်မှာတော့ များစွာတဲ့ တပ်သားတွေကို ဖမ်းမိခဲ့သည့်အတွက် ချန်ပန် လွန်စွာ ပျော်ရွှင်နေခဲ့သည်။
"လီရှီ ငါပြောမယ် တရှားတိုင်းပြည်ရဲ့ တပ်သားတွေအားလုံးက အရူးတွေပဲ ဒီလိုအရူးတွေနဲ့ တရှားတိုင်းပြည်က ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ၊ ငါတို့ခေါင်းဆောင်ဖူမဲ့ရဲ့ အကြံအစည်က သေချာပေါက် မေးခွန်းထုတ်စရာမရှိဘူး”
"သူတို့က သစ္စာလဲမရှိကြဘူး ဒီလိုပုံစံအတိုင်းဆိုရင် တရှားတိုင်းပြည်က မကြာခင်မှာပဲ ပျက်စီးလိမ့်မယ်"
ချန်ပန် တစ်ယောက် စိတ်အားထက်သန်စွာပြောလိုက်သည်။ ထို့နောက်မှာ မနေနိုင်စွာဖြင့် သက်ပြင်းချလိုက်သေး၏။
လီရှီလည်း ထိုနည်းလည်းကောင်းခံစားရသည်။
ဖူမဲ့ရဲ့လုပ်ရပ်တွေကို မျက်မြင်တွေ့ပြီးနောက်မှာ တောင်ခြေတပ်စခန်းနဲ့ ပက်သက်ပြီး သူတို့အနေနဲ့ မကောင်းတဲ့ထင်မြင်ချက်တွေမရှိတော့ပေ။ အခုလိုမျိုး အထင်ကရပုဂ္ဂိုလ်တစ်ယောက်ရဲ့အနောက်မှာ လိုက်ရတာ ပျော်ရွှင်မိကြသည်။
"ငါတို့အနေနဲ့ တရှားကို သိမ်းပိုက်ဖို့ အချိန်တစ်ခုပဲ လိုတော့တယ်။ ခေါင်းဆောင်ဖူမဲ့ရဲ့ အနောက်မှာ လိုက်ရတာ ငါတို့အတွက် ကောင်းချီးတစ်ခုပဲ။ ကြည့်လိုက် အခုဆိုရင် ဟွမ်ပထျန်း ပထမအဆင့်ကို ရောက်လာခဲ့ပြီ။ သူကအရင်တုန်းက သာမန် ဓားပြတစ်ယောက်ပဲ"
"ငါတို့ရဲ့ခေါင်းတောင်ဖူမဲ့က ဘယ်လောက်တောင် ပြင်းအားကြီးလိုက်သလဲ။ တကယ်ပဲ ပထမအဆင့် ကျင့်ကြံသူ တစ်ယောက်ကို မွေးထုတ်ပေးနိုင်ခဲ့တယ်"
"ဒါ့အပြင် ထျန်းလင်ဂိုဏ်းရဲ့ ပင်မတပည့်တစ်ယောက်ဆီက ထောက်ပံ့မှုကိုပါ ရထားသေးတယ်။ ဘယ်လိုလုပ် အခုလိုမျိုး အောင်မြင်မှုအများကြီးကို ဆွတ်ခူးနိုင်ခဲ့ရတာလဲ"
လီရှီတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် သူ့ရဲ့စကားတွေကို မရပ်တန့်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ချန်ပန်က တပ်ဖွဲ့တွေအားလုံးကို ရှေ့မှ ဦးဆောင်ပြီး ခေါ်ဆောင်နေခဲ့သည်။ ထိုတပ်သားတွေအားလုံးကို စက်ဆုပ်စွာဖြင့် ကြည့်လိုက်၏။
"တပ်သားတွေအားလုံးကိုတော့ မိသွားခဲ့ပြီ ဒါပေမဲ့ ခေါင်းဆောင်ကို လွတ်သွားခဲ့တယ်။ အဲ့ဒီကောင် ဘယ်ကို ပြေးသွားတာလဲ မသိဘူး”
"ဒါပေမဲ့ သူ့ရဲ့မျက်နှာက အရမ်းရင်းနှီးနေတယ်။ ဘယ််မှာ တွေ့ဖူးတာလဲ မသိဘူးနော်"
"ငါတို့ ထပ်တွေ့လို့ကတော့ သေချာပေါက် အပိုင်းပိုင်း ခုတ်ပစ်ရမယ်”
"သေစမ်း၊ ဒီတရှားတိုင်းပြည်ရဲ့ အသုံးမကျတဲ့ အမတ်တွေကို မြင်ရတာ ဒေါသထွက်စေတယ်”
ဟွမ်ပထျန်းရဲ့ မြင့်မားတဲ့ လွှမ်းမိုးမှုကြောင့် ချန်ပန်လည်း စကားကြီးစကားကျယ် ပြောဆိုခြင်း အနုပညာမှာ ဆရာတစ်ဆူ ဖြစ်နေခဲ့ပြီ။ တကယ်တော့ ထိုသို့သော စကားလုံးများကို ပြောလိုက်ရင် သူ့ရဲ့နှလုံးသားက ပေါ့ပါးသွားသလိုမျိုး ခံစားရ၏။ ထိုခံစားချက်က ထူးခြားပေမဲ့ ဆန်းကြယ်သည်။
……….