( အရောင်မဲ့ကမ္ဘာကြီး)
Vol. 15 Ch. 207
နှင်းနဂါးမြို့ရဲ့ ပုံမှန်တပ်သား တစ်သောင်းအပြင် အခုလက်ရွေးစင်တပ်သား သုံးထောင်ကိုပါ ရရှိလိုက်သည့်အတွက် တောင်ခြေတပ်စခန်း၏ သန်မာမှုကို လွန်စွာ မြင့်တက်သွားခဲ့သည်။
ထိုအချက်က လူတိုင်းရဲ့ ရင်ထဲမှာ ယုံကြည်ချက်များ ပေါက်ဖွားလာစေ၏။ တရှားတိုင်းပြည်ကို သိမ်းပိုက်ဖို့ရန်အတွက် အားအင် တက်ကြွနေတော့သည်။
တပ်စခန်းအတွင်းမှာရှိနေတဲ့ ဟွမ်ပထျန်းရဲ့ နေ့ရက်တွေကတော့ ကောင်းမွန်နေ၏။ တစ်ခါတရံ သီချင်းညည်းသံများပင် ကြားရလိမ့်မည်။
ထိုမျှသာ မကသေးဘဲ ဟွမ်ပထျန်းက ခေါင်းဆောင်ဖူမဲ့ရဲ့ ကိုယ်စားအကုန်လုံးကို ညွှန်ကြားနေသေးသည်။
“ချန်ပန် မင်းဒီမှာ ဘာလုပ်နေတာလဲ။ ဒီလောက် နေသာနေတာမမြင်ဘူးလား။ သွားလေ့ကျင့်ချည်”
ဟွမ်ပထျန်းက တပ်စခန်းအတွင်းက လူတွေကို အော်ဟစ်ကာဖြင့် အမိန့်များ ပေးကြားနေသည်။ ပိုမိုများပြားသော တပ်သားတွေ ဝင်ရောက်လာကတည်းက သူ့ရဲ့အပြုအမူ၊ အပြောအဆိိုတို့ကလည်း ပိုမိုမောက်မာလာ၏။
ချန်ပန်နဲ့ လီရှီသည် အချင်းချင်း လှည့်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ ဒါပေမယ့် ဘေးမှာရှိနေတဲ့ လီယုဟန်ကတော့ ကြည့်မနေနိုင်တော့ဘူး။ သူမ ချက်ချင်းပဲ မတ်တပ်ထရပ်ကာ ဟွမ်ပထျန်းကို လက်ညိုးငေါက်ငေါက်ထိုးလိုက်တော့သည်။
“ဟွမ်ပထျန်း၊ ခေါင်းဆောင်ဖူမဲ့က နင့်ကို ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် သန်မာမှုတိုးပေးလိုက်တာက အခုလိုမျိုး သူများတွေကိုလိုက်ဗိုလ်ကျနေဖို့ အတွက်လား”
“ဘာလဲ နင့်ကိုယ်နင် အရမ်းအင်အားကြီးနေပြီ ထင်နေတာလား”
ဟွမ်ပထျန်းရဲ့ အများနဲ့ မတူတဲ့ ကျင့်ကြံမှုကြောင့် လူအများက ကြောက်ရွံ့ကြသည်။ ဒါပေမယ့် ထိုအထဲတွင်တော့ လီယုဟန် မပါဝင်ပေ။
တပ်စခန်းအတွင်းမှာ တကယ်ပဲ တိုက်ပွဲဖြစ်ပေါ်ခဲ့မယ်ဆိုရင် လီယုဟန်နဲ့ ယှဥ်ပြိုင်တိုက်နိုင်မယ့်လူက တကယ်ပဲ ရှကျိူးယွီတစ်ယောက်သာ ဖြစ်သည်။
လီယုဟန်ရဲ့ အော်ငေါက်မှုကြောင့် ဟွမ်ပထျန်း ချက်ချင်းပဲ ဇက်ပုသွား၏။ မျက်စိရှေ့က ကျားမကိုတော့ ဟွမ်ပထျန်းကြောက်ရွံ့သည်။
“မင်းက ဘာတွေ မောက်မာနေတာလဲ။ ခေါင်းဆောင်ဖူမဲ့ ရောက်လာတာနဲ့ မင်းကို ငါတိုင်ပြောပစ်မယ်..ခေါင်းဆောင်ရှေ့မှာကော မင်းဒီလိုမျိုးမောက်မာရဲမလားဆိုတာ ငါကြည့်မယ်”
လီယုဟန် စခန်းအတွင်းသို့ စတင်ရောက်လာခဲ့စဥ်က ပုံစံကို ဟွမ်ပထျန်းကောင်းစွာ မှတ်မိနေခဲ့သည်။
ဘာကြောင့်များ ဒီလောက်ထိ မောက်မာလာရတာလဲ… ဟွမ်ပထျန်းရှုပ်ထွေးသွားခဲ့သည်။ သူနားမလည်နိုင်တော့ဘူး။
အဆုံးမှာတော့ စဥ်းစားလို့မရတော့တဲ့ အတွက် ဒီတိုင်းပဲ ထားလိုက်သည်။
တကယ်တော့ ရှကျိုးယွီက အားလုံးကို လိုက်မဖြေရှင်းတတ်ပေ။
သူက နားလည်ရခက်သည့် လူမျိုးဖြစ်သည်။ ထို့ကြောင့် အချိန်ကြာလာသည်နဲ့အမျှ လုပ်နိုင်စွမ်းရှိတဲ့ လီယုဟန်က တပ်စခန်းရဲ့ အိမ်ရှင်မရာထူးကို အပိုင်သိမ်းနိုင်ခဲ့သည်။
သူမက အရာအားလုံးရဲ့ တာဝန်ကို ထမ်းဆောင်လိုက်သည်။ ဒါကြောင့်မလို့လည်း အခုလိုမျိုး အမိန့်ပေးနိုင်တဲ့ လူတစ်ယောက်ဖြစ်လာတာပဲ။
ဟွမ်ပထျန်းရဲ့ စောဒက တက်လိုသော စကားများကြောင့် လီယုဟန်ဒေါသထွက်သွားခဲ့သည်။ ချက်ချင်းပဲ စိတ်ဝိညာဥ်ကျောက်တုံးနှစ်တုံးက သူမရဲ့ ခန္ဓာကိုယ်အနောက်ကနေ ပျံထွက်လာ၏။
ထို့ကျောက်တုံး နှစ်တုံးက ဟွမ်ပထျန်း ရဲ့ရင်ဘတ်ကို တိုက်ရိုက်ပဲ ရိုက်ခတ်သွားခဲ့သည်။ ဟွမ်ပထျန်းရဲ့ ခေါင်းနဲ့ မြေပုံပေါ်က နှင်းပုံနဲ့ မိတ်ဆက်သွားတော့၏။
“ချီးပဲ၊ မင်းရူးနေတာလား။ မင်းတိုက်ခိုက်ချင်နေတာလား”
“လာလေ မင်းကိုဘယ်သူက ကြောက်နေလို့လဲ”
ဟွမ်ပထျန်းချက်ချင်းပဲ အင်္ကျီလက်စကို ပင့်တင်ကာ စိန်ခေါ်လိုက်တော့သည်။ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ဖျော့တော့တဲ့ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။
လေထုက တဖြည်းဖြည်း ပြင်းထန်လာပြီး အဆုံးမှတ်ကို ရောက်တော့မယ့်အချိန်မှာပဲ အရိပ်တစ်ခုက ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။
“မင်းတို့နှစ်ယောက် ဘာတွေဖြစ်နေတာလဲ”
ရှကျိူးယွီက ထိုနှစ်ယောက်ရဲ့ ကြားမှာ ပေါ်ပေါက်လာတာပင်။
တပ်စခန်းအတွင်းမှာ ရှိနေတဲ့လူတွေအားလုံး ထိတ်လန့်သွားကြသည်။
“ဘာလဲ၊ တိုက်ခိုက်နေကြတာလား။ ဒါဆိုရင် ငါ့ဆီ အရင်လာကြပါလား”
ရှကျိုးယွီရဲ့ အကြည့်က အားလုံးအပေါ်ကို ဖြည်းညင်းစွာကျရောက်သွားခဲ့သည်။ အားလုံး အသက်မရှူရဲကြတော့ပေ။
ရှကျိုးယွီက အတွေးတစ်ချက်နဲ့ပဲ သူတို့ရဲ့ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်တဲ့ သူတစ်ယောက်လိုမျိုး ခံစားရ၏။ တကယ်တော့ ရှကျိုးယွီရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတဲ့ ဖိအားက ပိုမိုပြင်းထန်လာတာပင်။
ရှိကျိုးယွီသည် ပထမအဆင့်ကျင့်ကြံမှုရဲ့ ထိပ်ဆုံးပိုင်းကို ရောက်နေခဲ့ပြီဖြစ်သည်။ အတွေးတစ်ချက်နဲ့တင် ပထမဆင့်ရဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်၏။ ဒါပေမယ့် အချိန်မတန်သေးဘူးလို့ ယူဆတာကြောင့် သန်မာမှုအစစ်အမှန်ကို ထုတ်မပြခဲ့ပေ။
အဆင့်တက်နိုင်တဲ့အခြေအနေကို သူ့ရဲ့ လှည့်ကွက်တစ်ခုအဖြစ် သိမ်းဆည်းထား၏။ အခုချိန်မှာတော့ ရှကျိုးယွီရဲ့ ဝင်ရောက်လာမှုကြောင့် ဟွမ်ပထျန်းကော လီယုဟန်ကော ရပ်တန့်သွားသည်။
သူတို့နှစ်ယောက်လုံး အသံမထွက်လာကြတော့ပေ။ ဒါပေမယ့် အချင်းချင်းရဲ့ကြားမှာ ရှိတဲ့ ဒေါသမီးတောက်တွေကတော့ မငြိမ်းသက်သေးပေ။
သူတို့နှစ်ယောက်စလုံးက အနည်းငယ်မကျေနပ်သေးပုံပဲ။ ဒါပေမယ့် ရှကျိုးယွီကတော့ ဘာကိုမှ ဂရုမစိုက်ပါ။
“ဒီအချိန်အတွင်းမှာ အကုန်လုံးအလုပ်ကြိုးစားခဲ့ကြတယ်၊ အားလုံးရဲ့ ကြိုးစားပုံကို ငါလည်းကိုယ်တိုင် မြင်တွေ့ခဲ့ရတယ်၊ ဒါကြောင့် ကျေးဇူးလည်းတင်တယ်”
ကျယ်လောင်တဲ့အသံသည် တပ်စခန်းအတွင်းမှာရှိနေတဲ့ လူတွေအားလုံးကို လွှမ်းမိုးသွားခဲ့သည်။ တပ်စခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
ရှကျိုးယွီကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ ခနတာ ရပ်နားပြီးမှသာ သူဆက်ပြောလိုက်သည်။
“တရှားတိုင်းပြည်ဘက်ကလည်း တပ်သားတွေ ဖြန့်ကျက်နေတယ်လို့ ငါကြားခဲ့တယ်၊ သူတို့ရဲ့ အသုံးမကျတဲ့ ရည်ရွယ်ချက်က သိသာလွန်းတယ်”
“အခုငါတို့အတွက် အချိန်ကျပြီ၊ ငါတို့နှင်းနဂါးတောင်ရဲ့ တောင်ခြေတပ်စခန်းက လက်ဦးမှု ရယူပြီး တိုက်ခိုက်မယ်”
“ငါတို့သာ ဒီနေရာမှာ သေဖို့စောင့်နေမယ်ဆိုရငိ အခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်”
တပ်စခန်းရဲ့ အလယ်ဗဟိုမှာရှိနေတဲ့ ရှကျိုးယွီကို အားလုံးက စိုက်ကြည့်နေခဲ့သည်။
ဆန်းကြယ်လှတဲ့ သူတို့ရဲ့ ခေါင်းဆောင်ပေါ်မှာ အကုန်လုံးက လေးစားကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ရှကျိူးယွီရဲ့ ဖိအားကလည်း ပိုမိုပြင်းထန်လာ၏။ အကုန်လုံး မခံမရပ်နိုင်တော့သည့် အနေအထားကို ရောက်ရှိလာခဲ့သည်။
“ခေါင်းဆောင်ဖူမဲ့ ကျွန်တော်တို့ညီအစ်ကိုတွေက သေတဲ့အထိ ခေါင်းဆောင်နောက်ကို လိုက်ပါ့မယ်၊ ခေါင်းဆောင်လိုချင်တာကိုသာ ပြောလိုက်ရင် ကျွန်တော် ဟွမ်ပထျန်းက စကားတစ်ခွန်းမပြောဘဲ ခေါင်းဆောင်ရဲ့ အမိန့်အတိုင်း ဆောင်ရွက်မှာပါ”
အခွင့်အရေးရတာနဲ့ ဟွမ်ပထျန်းက ချက်ချင်းပဲ မြောက်ပင့်ပြောဆိုလိုက်သည်။ ရှကျိုးယွီကို ဖိနပ်လျက်ဖို့ကြိုးစားလိုက်၏။ ရှကျိုးယွီထံကနေ အမြင်ကောင်းရဖို့အတွက် ဟွမ်ပထျန်းအသည်းအသန် လိုအပ်နေခဲ့သည်။
ပုံမှန်လေ့ကျင့်တာထက် နတ်ဘုရားစာရင်းစာချုပ်ကို ထိန်းချုပ်ပြီး အဆင့်မြှင့်တင်မယ်ဆိုရင် အချိန်ကုန်မြန်တာလည်း သက်သာသလို ပင်ပန်းမှုလည်း သက်သာစေမည်။
ကျင့်ကြံမှုက ပိုမိုမြန်ဆန်စွာဖြင့် မြှင့်တက်နိုင်၏။ ထို့ကြောင့် အခုလိုမျိုး ကြိုးစားနေတာပင်။
ဟွမ်ပထျန်းရဲ့ စကားလုံးတွေကြောင့် လီယုဟန်လည်း မနေနိုင်စွာ ဝင်ပြောလိုက်သည်။
“စိတ်မပူနဲ့ ခေါင်းဆောင်ဖူမဲ့၊ ကျွန်မက နောက်တန်းကို ကာကွယ်ပေးထားပါမယ်၊ ဒါကြောင့် ခေါင်းဆောင်အနေနဲ့ ရှေ့မှာ စိတ်ချလက်ချ တိုက်ခိုက်လို့ရပါတယ်၊ ကျွန်မတို့က တောင်ခြေတပ်စခန်းရဲ့ အကြီးမားဆုံး အထောက်အပံ့အဖြစ် အမြဲတမ်းရှိနေမှာပါ”
သူမက ပြောပြီးတာနဲ့ ဟွမ်ပထျန်းကို ငြိုငြင်စွာ ကြည့်လိုက်သည်။ သူမရဲ့ မျက်နှာထားက ရိုးရှင်းသည်။
ငါကလုပ်ရက်နဲ့ သက်သေပြတဲ့သူပဲ။ နင်က စကားများပြီး အာချောင်ရုံပဲ လုပ်နိုင်တာ..။
သူမရဲ့ အကြည့်ကနေ စကားလုံးတွေကို နားလည်နိုင်လိုက်တာနဲ့ ဟွမ်ပထျန်းချက်ချင်းပဲ ဒေါသူပုန်ထသွားလေရဲ့။
သူတို့နှစ်ယောက်လုံးက ရှကျိုးယွီရဲ့ အရှေ့မှာ ရှိနေသည်။ ထို့ကြောင့် ဘယ်သူကမှ လက်လွှတ်စပယ် မပြုမူရဲကြပေ။ ထို့ကြောင့် သူ့ရဲ့ဒေါသတွေ အားလုံးကို မြိုချရင်း နောက်ကြုံလာမယ့်အခွင့်အရေးတစ်ခု အတွက်သာ တေးမှတ်ထားလိုက်သည်။
ဒါပေမယ့် ရှကျိုးယွီကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါချေ။ ထိုအစားသူက မျက်စိရှေ့က လူအုပ်ကြီးကို မျက်နှာချင်းဆိုင်လိုက်သည်။
ချက်ချင်းပဲ ရှိကျိုးယွီရဲ့ လက်ဖဝါးတစ်ဖက်ကနေ ရွှေရောင်စာရင်းစာချုပ် ထွက်ပေါ်လာ၏။ ထိုအလင်းတန်းက တဖြည်းဖြည်းမြှင့်တက်လာကာ ကောင်းကင်ဘုံအထိ ရောက်ရှိသွားသည်။
အဆုံးမှာတော့ ထိုအလင်းတန်းက ကောင်းကင်ကို ရောက်ရှိလာပြီး ကောင်းကင်တစ်ခွင်ကို လွှမ်းမိုးသွားခဲ့သည်။ ထို့နောက်မှာ မြေပြင်ပေါ်သို့ ဆင်းသက်လာပြီး တပ်စရင်းရှေ့က လူတွေကို လွှမ်းခြုံသွားသည်။
“ဒါက ငါတို့ခေါင်းဆောင်ရဲ့ မှော်လက်နက်မလား။ ငါဒါမျိုး ဘဝမှာ မမြင်ဖူးခဲ့ဘူး။ ဒါဘယ်လိုအလင်းတန်းမျိုးလဲ။ ဘာကြောင့် ငါ့စိတ်ဝိညာဥ်စွမ်းအားက တုံ့ပြန်နေရတာလဲ”
“ငါလည်းပဲ ခံစားနေရတယ်၊ ငါ့ရဲ့ ခန္ဓာကိုယ်အတွင်းက စွမ်းအင်က မတည်ငြိမ်တော့ဘူး”
အကုန်လုံး ထိတ်လန့်ကုန်ကြသည်။ ချက်ချင်းပဲ ကြာပန်းပုံထိုင်ကာ ကျင့်ကြံလိုက်ကြသည်။
ကိုယ်အတွင်းမှာရှိနေတဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို တည်ငြိမ်စေဖို့ အတင်းအကျပ် ကြိုးစားနေကြသည်။ ထိုအချိန်မှာပဲ ရှိကျိုးယွီရဲ့ အသံထွက်ပေါ်လာ၏။
“လောကရဲ့ စည်းမျဥ်းက မတည်ငြိမ်ဘူး၊ သဘာဝတရားကသာ ထာဝရ တည်နိုင်မယ့်အရာပဲ၊ ငါ့ရဲ့ နှလုံးသားက ကြီးမားတယ်၊ ငါ့နှလုံးသားနောက်ကို လိုက်ပါတဲ့သူတိုင်း ရှင်သန်ရမယ်”
တော်ဝင်အမိန့်သဖွယ် ထွက်ပေါ်လာတဲ့ ထိုစကားလုံးတွေက ရွှေရောင်အလင်းတွေကို ပိုအားပြင်းသွားစေခဲ့သည်။
အကုန်လုံးရဲ့ ကိုယ်အတွင်းမှာရှိနေတဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေက ရူးသွပ်စွာ တုံ့ပြန်လာကာ ရွှေရောင်အလင်းတွေကို စုပ်ယူတော့၏။
စုပ်ယူမှု ပိုမိုများပြားလာသည်နှင့်အမျှ လူတိုင်းရဲ့ဘေးကို ဖျော့တော့တဲ့ ရွှေရောင်အလင်းတန်းတွေ ဝန်းရံသွားတော့၏။
“ခေါင်းဆောင်ဖူမဲ့က ငါတို့ရဲ့ကျင့်ကြံရေးစွမ်းအားကို မြှင့်တက်လာအောင် ကူညီပေးနေတာပဲ။ အကုန်လုံး မျက်စိမှတ်လိုက်ကြ”
လီယုဟန် အားကုန်သုံးကာ စုပ်ယူလိုက်သည်။ စာချုပ်ပေါ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့ နေ့ကလိုမျိုး စွမ်းအင်တွေကို သူမခံစားမိလိုက်သည်။
သူမရဲ့ စိတ်ဝိညာဥ်စွမ်းအင်နဲ့ ရွှေရောင်အလင်းတွေက တိုက်ရိုက်ကျစွာ ပေါင်းစပ်သွားခဲ့၏။
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဖူမဲ့”
“ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဖူမဲ့”
ထိုသို့ဖြင့် တပ်စခန်း၏ ကွင်းပြင်တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းမားဖြင့် ပြည့်နှက်သွားခဲ့သည်။
“ချီးပဲ ဒါကြီးက အရမ်းများတယ်။ ခေါင်းဆောင်ဖူမဲ့ရဲ့ သန်မာမှုက ဘယ်လောက်တောင် မြှင့်တက်နေတာလဲ။ ငါ့ကိုလွမ်းခြုံပစ်လိုက်နိင်တယ်”
“စကားပြောနေတာ ရပ်တော့။ မင်းရဲ့မျက်စိကို ပိတ်ပြီး လေ့ကျင့်နေလိုက်။
ဒါမျိုးအခွင့်အရေးက နောက်တစ်ခါမရဘူး”
“ငါတိုသာ ဒီလိုခေါင်းဆောက်မျိုး ရှိခဲ့ရင် ဘာကြောင် တရှားတိုင်းပြည်မှာ ငြိမ်သက်ပြီး နေခဲ့ရမှာလဲ။ ငါဒါမျိုး စောစောကတည်းက ကြုံတွေ့ခဲ့သင့်တာ”
လက်ရှိတပ်စခန်းအတွင်းတွင် လူဟောင်းတွေသာ မကဘဲ နှင်းတောင်တန်းဂိုဏ်းရဲ့ ကျင့်ကြံသူများလည်း ရှိသည်။
ထို့အပြင် နင်းနှဂါးမြို့ရဲ့ အသစ် ရောက်လာတဲ့ တပ်သားများလည်း ရှိ၏။
ရှကျိုးယွီရဲ့ ခန္ဓာကိုယ်ကို ဗဟိုပြုပြီး ထွက်ပေါ်လာသော စိတိဝိညာဥ် စွမ်းအင်တွေက အကုန်လုံးကို ကြောက်မယ်ဖွယ်ကောင်းလောက်အောင် လွှမ်းခြုံထားခဲ့သည်။
အချိန်တစ်ခဏ ကြာသည်အထိ အကုန်လုံးရဲ့ ကမ္ဘာကြီးသည် ရွှေရောင်အရောင်တစ်ရောင်တည်းသာ ရှိနေတော့၏။
………