← Chapters

( ပုန်ကန်သူ အရှင်မင်းကြီး)

Vol. 15 Ch. 208

( ပုန်ကန်သူ အရှင်မင်းကြီး)

Vol. 15 Ch. 208

ရှကျိုးယွီရဲ့ အစွမ်းကို အကုန်လုံး ထိတ်လန့်နေခဲ့ကြသည်။ အထူးသဖြင့် မကြာသေးခင်ကမှ ရောက်ရှိလာခဲ့တဲ့ နှင်းနှဂါးမြို့ရဲ့ တပ်သားတွေပဲ။ သူတို့ရဲ့ တစ်ဘဝလုံးမှာ မမြင်တွေ့ဖူးတဲ့မြင်ကွင်းကို ကြုံတွေ့နေရ၏။

"ငါ့ရဲ့ကျင့်ကြံမှုက အဆင့်လေးကို တက်သွားပြီထင်တယ်"

"ငါရောပဲ… ငါ အဆင့်ငါးမှာ ပိတ်မိနေခဲ့တာ ဆယ်နှစ်တောင် ကြာခဲ့ပြီ၊ ဒါပေမဲ့ အခုလို အဆင့်တက်သွားမယ်လို့ မမျှော်လင့်ခဲ့မိဘူး”

"ဒီလိုမျိုး အင်အားကြီးမားလှတဲ့ ပုဂ္ဂိုလ်တစ်ယောက်က နှင်းနှဂါး တောင်ထဲမှာ တည်ရှိနေတာပါလား။ ကြောက်ဖို့ကောင်းလိုက်တာ"

ဒီလိုနဲ့ တပ်သားတွေကြားမှာ အံ့ဩဖွယ်ရာ ရေရွတ်သံများ ထွက်ပေါ်လာ၏။ ကျောက်ကောင်းနဲ့ ရင်ဆိုင်ရတုန်းက သူတို့ရဲ့ နှလုံးသားထဲမှာ ကြောက်ရွံ့မှုတစ်ခုသာ ရှိခဲ့၏။

အခု တပ်စခန်းကို ရောက်လာချိန်မှသာ ရက်ရောတဲ့ ကမ်းလှမ်းမှုဆိုတဲ့ အကြောင်းအရာကို ကောင်းမွန်စွာ နားလည်သွားခဲ့သည်။

ဒါပေမဲ့ ထိုတပ်သားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် အရင်လူဟောင်းတွေက ပိုမို တည်ငြိမ်၏။

"မင်းတို့က အသစ်လေးတွေပဲ။ ကြည့်လိုက်ကြပါဦး ကမ္ဘာ‌ကြီးကို မမြင်တွေ့ဖူးတဲ့ လူတွေ"

"တကယ်ကို လူသစ်လေးတွေက အတွေ့အကြုံ နုနယ်လိုက်တာ၊ ငါတို့ရဲ့ခေါင်းဆောင် ဟွမ်ပထျန်းနဲ့ ခေါင်းဆောင် လီယုဟန်တို့ အဆင့်တက်တုန်းက အချိန်ကို မမြင်ဖူးဘူးမလား”

“အဲ့ဒီတုန်းကဆိုရင် ကမ္ဘာကြီးက လုံးဝပြောင်းလဲသွားသလိုပဲ ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေကြီးကပါ တုံ့ပြန်နေခဲ့တာ"

တပ်စခန်းရဲ့ လူဟောင်းတွေရဲ့ မျက်နှာထက်မှာ ဂုဏ်ယူတဲ့အပြုံးများ ရှိနေ၏။ ဘေးကနေကြည့်နေတဲ့ ဟွမ်ပထျန်းလဲ လွန်စွာ ကျေနပ်နေခဲ့သည်။ ဟွမ်ပထျန်းရဲ့ မျက်လုံးတွေက စကားပြောနေဟန်ရှိသည်။

'တွေ့လား အရင်လာတဲ့သူက အရင်စားရမှာဘဲ နောက်ကျမှ လာရင် နောက်ကျမှ အဆင့်တက်မှာပေါ့’

'ခေါင်းဆောင်ဖူမဲ့ရဲ့ နောက်ကိုသာ လိုက်နေသရွေ့ မင်းတို့ အ‌စားကောင်း အသောက်ကောင်းတွေ စားရဖို့ အာမခံနိုင်တယ်’

ဒါပေမဲ့ ဟွမ်ပထျန်းရဲ့ ဂုဏ်မောက်နေတဲ့ အကြည့်က ဘေးမှာ ရပ်ကြည့်နေသော လီယုဟန်ကို အလွန် မသက်မသာ ဖြစ်စေသည်။

"ဟွမ်ပထျန်း နင့်ကြည့်ရတာ တော်တော်လေး ဂုဏ်ယူနေပုံပဲ ဘာလဲ ငါနဲ့ ယှဉ်ပြိုင်ချင်တာလား"

ချက်ချင်းပဲ လီယုဟန်ရဲ့ခန္ဓာကိုယ်တွင် စိတ်ဝိဉာဉ် စွမ်းအင် ကျောက်တုံးတွေ ဝန်းရံသွားခဲ့သည်။ ဆန်းကြယ်ပြီး လှပတဲ့ အရှိန်အဝါ တစ်ခုကို ထုတ်ဖော်လိုက်၏။ ရှကျိုးယွီရဲ့ မြှင့်တင်ပေးမှုကြောင့် သူမရဲ့ ကျင့်ကြံမှုသည်လည်း လွန်စွာ မြင့်တက်သွားခဲ့သည်။

သူမရဲ့ခန္ဓာကိုယ်အတွင်းမှာ သိမ်းဆည်းထားတဲ့ စိတ်ဝိဉာဉ် စွမ်းအင် ကျောက်တုံးတွေကိုပင် နှေးကွေးစွာ ဖုံးလွှမ်းသွားဟန်ရှိ၏။

ရှကျိုးယွီရဲ့ ဆန်းကြယ်တဲ့ အရှိန်အဝါကြောင့် ပြောင်းလဲသွားသော စိတ်ဝိဉာဉ် စွမ်းအင်ကျောက်တုံးတွေကိုသာ မြင်တွေ့မယ်ဆိုရင် ထျန်းလင်ဂိုဏ်းမှာ ရှိတဲ့ အကြီးအကဲတွေအားလုံး လွန်စွာ ထိတ်လန့်သွားလောက်သည်။

ဟွမ်ပထျန်း ကောင်းမွန်စွာ နားလည်၏။ လီယုဟန်နဲ့ တိုက်ခိုက်မယ်ဆိုရင် အချိန်ကုန်တာဘဲ ရှိမည်။ သူ့အနေနဲ့ ဘယ်လိုမှ ကျေနပ်မှုရရှိနိုင်မှာ မဟုတ်ဘူး။ ထို့ကြောင့် မျက်နှာသေနဲ့ဘဲ ပြောလိုက်တော့သည်။

"ဘာကိစ္စတိုက်နေရမှာလဲ။ မင်းအဲ့လောက်ထိ ရဲတင်းနေတယ်ဆိုရင် တခြားနေရာမှာ အပျော်သွားရှာချည်"

"လီယုဟန် မင်းက မကြာခင်ကမှ တောင်ပေါ်က ဆင်းလာတာမလား။ ကမ္ဘာကြီးကိုမြင်တွေ့ဖူးလို့လား။ မင်းရဲ့အမြင်ကျယ်သွားအောင် ဒီအကိုကြီးက လိုက်ပြပေးရမလား"

ဟွမ်ပထျန်း ပြောဆိုတဲ့နေရာကို လီယုဟန် နားမလည်ပေမဲ့ ထိုနေရာက နေရာကောင်းတစ်ခု မဟုတ်နိုင်တာကိုတော့ သိသည်။ ချက်ချင်းဘဲ ရွံရှာစွာဖြင့် သူမ၏ မျက်လုံးကို လှည့်လိုက်တော့သည်။

" နင်က လိုက်ပို့မှာလား။ နင့်လိုမျိုးအပြောဘဲရှိပြီး မလုပ်ရဲတဲ့ ကောင်ကများ ငါ့ရဲ့အရှေ့မှာ အဲ့လိုစကားပြောရဲတယ်ပေါ့"

"ငါသာနင်ဆိုရင် စောစောကတည်းက ကျောက်ကောင်းကိုအတွေ့အကြုံယူလိုက်ပြီ။ အသုံးမလိုတဲ့ အရာတွေကို လွှင့်ပစ်လိုက်တာ အကောင်းဆုံးပဲမဟုတ်ဘူးလား။ ဘာကိစ္စ မိန်းမဆိုး လုပ်ဖို့ စဉ်းစားမကြည့်ရတာလဲ"

ဟွမ်ပထျန်းရဲ့ မျက်လုံးက ချက်ချင်း ပြူးကျယ်သွားခဲ့သည်။သူ့ရဲ့ လည်ပင်းတစ်ခုလုံး တင်းကြပ်လာ၏။

အချိန် တစ်ခဏ ကြာသည်အထိ ဟွမ်ပထျန်စကားမပြောနိုင်တော့ပေ။

နေရာမှာပဲ ရှုံးနိမ့်မှုကို ခံစားလိုက်ရ၏။ အချိန်အကြာကြီးနေပြီးမှသာ ဟွမ်ပထျန်းစိတ်တိုစွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ မင်းမစမ်းကြည့်ဘဲ ဘာကိစ္စပြောရတာလဲ"

လီယုဟန် တိတ်ဆိတ်နေဆဲပင်။ ဒါပေမဲ့ ထိုအချိန်မှာပဲ စိတ်ဝိဉာဉ်စွမ်းအင် ကျောက်တုံးတစ်တုံးက ဟွမ်ပထျန်ရဲ့ ချက်အောက်ပိုင်းရှိသုံးလက်မခန့်နေရာတွင် ရပ်တန့်သွားခဲ့သည်။ ထိုအရာက သေစေနိုင်လောက်တဲ့ ရိုက်ချက်ဘဲ။

ဟွမ်ပထျန်း လုံးဝဆွံအသွားလေ၏။ ချက်ချင်းဘဲ မြေပြင်ပေါ်ကို လှိမ့်ချကာ တိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။ သူ့ရဲ့မျက်နှာတစ်ပြင်လုံး ဖြူဖွေးသွား၏။

...

နှင်းနှဂါးတောင်ရဲ့ တောင်ခြေတပ်စခန်း၏ လျင်မြန်စွာ တိုးတက်လာမှုကြောင့် ဟူယူ လွန်စွာ ထိတ်လန့်နေခဲ့သည်။

အခုလိုမျိုး အခြေအမြစ်မရှိတဲ့ တောပုန်းဓားပြတွေစုပေါင်းပြီး ဖြစ်ပေါ်လာတဲ့ အဖွဲ့အစည်းတစ်ခုက တိုက်ပွဲစွမ်းရည် အရမ်းမြင့်မားနေမယ်လို့ မမျှော်လင့်ထားမိဘူး။

ထိုအဖွဲ့ရဲ့ သန်မာမှုကို ရှင်းလင်းစွာခံစားမိ၏။ထို့ကြောင့် ရက်ပေါင်းများစွာ ခရီးနှင်ပြီး နှင်းနှဂါးမြို့ရဲ့ အုပ်ချုပ်သူ စံအိမ်သို့သာ ပြန်လာခဲ့သည်။ ကျောက်ကောင်းကို မြင်တွေ့တာနဲ့ အရင်ဦးဆုံးပြောလိုက်၏။

"သခင်ကျောက် တောင်ခြေတပ်စခန်းကို တိုက်ခိုက်လို့မရ‌သေးပါဘူး”

"အရင်ဆုံးမြို့တော်ကို ပြန်သွားပြီး အကူအညီတောင်းမှ ဖြစ်ပါမယ်"

ဟူယူရဲ့ နောက်ထပ်စကားလုံးက….

"ဒီကိစ္စကို အရှင်မင်းကြီးဆီ တင်ပြမှ ဖြစ်ပါတော့မယ်"

ထိုစကားလုံးသုံးလုံးကြောင့် ကျောက်ကောင်းရဲ့ မျက်နှာသည် ဒေါသရဲ့ လွှမ်းမိုးမှုကို ခံလိုက်ရသည်။သူ့ရဲ့မျက်နှာက ချက်ချင်းပဲ ပြာနှမ်းသွား၏။

"အရှင်မင်းကြီးကို တင်ပြရမယ် ဟုတ်လား မင်းက အဲ့ဒီကောင်တွေကို အထင်ကြီးနေတာလား၊ အသုံးမကျတဲ့ပုန်ကန်သူ အနည်းငယ်လောက်က ခုလောက်ထိ အရေးတယူ လုပ်နေစရာ လိုအပ်လို့လား။ ငါမင်းကို အထင်မှားခဲ့တာပဲ"

ဟူယူ ရဲ့စကားလုံးတွေကို ကျောက်ကောင်း မထိတ်လန့်ပေ။ သူ့ရဲ့မျက်လုံးတွေက မြွေတစ်ကောင်လိုမျိုး စူးရှစွာဖြင့် ဟူယူကို စိုက်ကြည့်နေ၏။

ကျောက်ကောင်းရဲ့ စိုက်ကြည့်မှုကြောင့် မသက်မသာ ခံစားရလို့လည်းဖြစ်နိုင်သည်။ ဒါမှမဟုတ် တောင်ခြေ‌မှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကြောင့်လဲ ဖြစ်နိုင်သည်။ဟူယူရဲ့ ခြေထောက်နှစ်ဖက်က ချက်ချင်းဘဲ တုန်ယင်လာသည်။ သူ့ရဲ့အသံကလည်း မထိန်းနိုင်စွာ တုန်ယင်လာ၏။

"သခင်ကျောက် ကျွန်‌တော့်ရဲ့ လက်အောက်ခံလူတွေက အရည်အချင်း မပြည့်မှီတာ မဟုတ်ဘူး။ အဲ့ဒီ တပ်စခန်းကိုက ရိုးရှင်းမနေတာပါ"

"သူတို့ရဲ့နောက်ကွယ်မှာ ထျန်းလင်ဂိုဏ်းတစ်ခုဘဲ ရှိနေတာမဟုတ်ဘူး နောက်ထပ် သခင် တစ်ယောက်ရှိနေတယ်”

ဟူယူရဲ့ စကားဆုံးတာနဲ့ ကျောက်ကောင်းရဲ့ မျက်နှာက ချက်ချင်းဘဲ သံသယများ ပြည့်နှက်သွားခဲ့သည်။

"နောက်ထပ်သခင်တစ်ယောက်ဟုတ်လား။။ ငါတို့ရဲ့ တရှားတိုင်းပြည်ကို ဘယ်သူကရန်စရဲတာလဲ”

"ဒါ့အပြင် နှင်းနှဂါးမြို့ရဲ့ တပ်သားတွေကို အသုံးမကျတဲ့လူတွေလို့ မင်းထင်နေတာလား”

“မင်းကြောက်နေမယ်ဆိုရင် ငါ့ကိုတိုက်ရိုက်ပဲပြောလိုက်။ မင်းရဲ့အလောင်းကို ပုံမပျက်စေရဘူး”

ထိုအချိန်မှာကျောက်ကောင်းရဲ့ မိန်းမဆန်တဲ့ရုပ်အသွင်သည် ချက်ချင်းပဲထွက်ပေါ်လာခဲ့သည်။

သူ့ရဲ့မျက်လုံးတွေက မိန်းမလားယောက်ျားလား ဝေခွဲလို့မရနိုင်အောင်နူးညံ့နေ၏။ အသံကလဲ‌ ဖျော့တော့ နေခဲ့သည်။ ဒါပေမဲ့ထိုအရာက ဟူယူကို မမြင်နိုင်တဲ့ဖိအားများစွာ ခံစားရစေသည်။

မူလက ဟူယူက ကျောက်ကောင်းရဲ့ယုံကြည်ရတဲ့ အစောင့် တစ်ယောက်ဖြစ်သည်။ ဒါပေမဲ့ အခုချိန်မှာသူ နားလည်သွား၏။ ကျောက်ကောင်းက သူ့ကို ပိုမိုအရေးကြီးတဲ့ တာဝန်တွေပေးအပ်တော့မယ် ဆိုတာပဲ။ သူ့အနေနဲ့အသက်ရှင်ချင်ရင် ကျောက်ကောင်းကို စည်းရုံးမှဖြစ်တော့မယ်။

"သခင်ကျောက် တစ်ကယ်ပဲ အခြေအနေတွေက ဆိုးရွားနေပါပြီ။ ကျွန်တော် တို့ရဲ့ မြို့ရှင်အသစ်ကျန်းက ကြောက်ရွံ့ပြီးထွက်ပြေးသွားခဲ့ပြီ။ ကျန်ရှိနေတဲ့ လက်ရွေးစင်တပ်သား သုံးထောင်လုံးလည်း အသတ်ခံလိုက်ရပြီ”

"ဒါကြောင့် ကျွန်တော်တောင်းပန်နေတာပါ သခင်ကျောက်။

ထပ်ပြီးတော့ တပ်သားတွေ မစေလွှတ်ပါနဲ့တော့”

“အခုချိန်မှာ အကောင်းမွန်ဆုံးဖြေရှင်းချက်က သခင်ကျောက် ကိုယ်တိုင် တာဝန်ယူပြီးရှေ့ထွက်လိုက်တာပဲ"

"ဒီလိုမှမဟုတ်ရင် လူတွေပိုလွှတ်မိတာနဲ့ ကျွန်တော်တို့ဘက်က ထပ်မံပြီးလူတွေ ဆုံးရှုံးရလိမ့်မယ်!"

ဟူယူ တစ်ယောက် နှလုံးသားထဲက လာတဲ့ စစ်မှန်မှုများနဲ့ ပြောဆိုလို​က်သည်။ သူ့ရဲ့သစ္စာရှိမှုကို ကောင်းကင်နဲ့မြေကြီးက စမ်းသပ်ပါစေ။

ဒါပေမယ့်ကျောက်ကောင်းက သံသယများတတ်တဲ့ လူတစ်ယောက်ဖြစ်၏။ သူ့ရဲ့စူးရှတဲ့အကြည့်က ဟူယူထံမှ မဖယ်သေးပေ။

"ပုန်ကန်သူဆိုတာ ဓားပြသာသာပဲ။ သူတို့ကဘယ်လောက်ပဲ အင်အား ကြီးနေပါစေ တိုင်းပြည်ရဲ့ သေချာလေ့ကျင့်ထားတဲ့ တပ်သားတွေကိုမနှိုင်းယှဉ်နိုင်ဘူး”

ထို့ကြောင့် ဟူယူရဲ့ စကားလုံးတွေက ကျောက်ကောင်းအပေါ်မှာ အလုပ်မဖြစ်ခဲ့ပေ။ ဒ့ါအပြင်သူ့မှာ အမိန့်ပေးနိုင်စွမ်းလည်းရှိနေပါလျက်နဲ့ ဘာကြောင့်ဒီဓားပြတွေကို မဖြေရှင်းနိုင်ရမှာလဲ?

"ငါ့ကိုပြောစမ်း အဲ့လိုဓားပြတွေထဲမှာ အင်အားကြီးနေတဲ့သူက ဘယ်ကောင်လဲ… ဒါမှငါအရှင်မင်းကြီးကို ကောင်းမွန်စွာရှင်းပြပေးလို့ရမှာ"

ကျောက်ကောင်းရဲ့ မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းနေခဲ့သည်။ သူက ဖော်ရွေတဲ့ အသံနဲ့ပြောလိုက်၏။

ဟူယူ အလွန် နာကျင်စွာဖြင့် ခေါင်းငုံ့သွားခဲ့သည်။ အတိတ်ကမြင်ကွင်းကို ပြန်လည်စဉ်းစားလိုက်မိလို့ပင်။

"အဲဒီအချိန်တုန်းက ကျွန်တော့်ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့တာပါ… တပ်သားသုံးထောင် စခန်းချပြီးနားနေတဲ့ အချိန်မှာပဲရန်သူက ဝင်ရောက်လာခဲ့တယ်”

“ဒါပေမဲ့သွေးတစ်စက်တောင်မကျစေဘဲနဲ့ ထူးဆန်းတဲ့စိတ်ဝိညာဉ်စွမ်းအင်ကို ထုတ်သုံးခဲ့တယ်”

“အဲ့စွမ်းအင်ကအနီးနားမှာ ရှိနေတဲ့တပ်သားတွေ အားလုံးကိုထိန်းချုပ်ပစ်လိုက်တာပဲ။

အုပ်ချုပ်ရေးမှူးကျန်းက ဒီအခြေအနေကို မျှော်လင့်ထားပုံရတယ်”

ဒါကြောင့် သူတစ်‌ယောက်ပဲ ထွက်ပြေးလွတ်မြောက်ခဲ့တာ"

"ဒါပေမယ့် အခုအုပ်ချုပ်ရေးမှုကျန်းလည်း ဘယ်မှာမှန်းမသိဘူး ပျောက်ကွယ်နေတယ်။ သေလား ရှင်လားဆိုတာမသိရသေးပါဘူး”

ဟူယူ ပြန်လည်စဉ်းစားလိုက်သည်။ ထိုအချိန်မှာ တပ်သားတွေအားလုံးကို နတ်ဆိုးတစ်ယောက်က ထိန်းချုပ်ထားသလိုမျိုးပဲ။ သူကိုယ်တိုင်တောင်မှ ဆန်းကြယ်တဲ့ ကျိန်စာထဲမှာ မိလုမတတ်ဖြစ်ခဲ့ရသည်။

ဟူယူရဲ့ စကားတွေကြောင့် ကျောက်ကောင်းရဲ့ သံသယက ပိုမိုကြီးထွားလာသည်။

"တပ်သားသုံးထောင်လုံးကို တစ်ပြိုင်နက်တည်း သတိမေ့သွားစေတယ်ပေါ့။ မင်းလာနောက်နေတာလား။ ဒါကလုံးဝမဖြစ်နိုင်ဘူး"

ကျောက်ကောင်းက ထိုင်ခုံမှာထိုင်နေဆဲပဲ။ သူ့ရဲ့မျက်နှာက တစ်ဖြည်းဖြည်းနဲ့ အေးစက်လာခဲ့သည်။

တစ်ကယ်တော့ အမှန်တရားကို ဘယ်သူမှ မသိကြပေ။

ထိုနေ့က ချန်ပန်သည် ရှကျိုးယွီပေးအပ်ထားတဲ့ နတ်ဘုရားစာရင်း စာချုပ်ကို ယူသွားခဲ့တာပင်။

ထိုနတ်ဘုရားစာရင်းစာချုပ်ရဲ့အစွမ်းနဲ့ ချန်ပန်ရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ တာအိုစွမ်းအင်ကို ပေါင်းစပ်လိုက်တဲ့အခါမှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့စွမ်းအင်တခုကို ဖြစ်ပေါ်စေခဲ့သည်။

ထိုအရာကို ဟူယူကြုံတွေ့ခဲ့တာပဲ။ ဒါပေမယ့်‌‌ ကျောက်ကောင်းက ဘယ်လိုလုပ်နားလည်နိုင်မှာလဲ?

"ငါသိသလောက်ဆိုရင် အဲ့လိုမျိုးဆန်းကြယ်တဲ့ စွမ်းအင်ကိုပိုင်ဆိုင်နိုင်တဲ့ ပုဂ္ဂိုလ်ကတစ်ယောက်ပဲရှိတယ်…အဲ့ဒီပုဂ္ဂိုလ်ကအရှင်မင်းကြီးပဲ”

"ဒါဆိုရင်မင်းက အရှင်မင်းကြီးကို ပုန်ကန်နေတဲ့လူလို့ စွပ်စွဲချင်တာလား”

ကျောက်ကောင်းရဲ့ မျက်နှာက ရေခဲတမျှ အေးစက်နေ၏။

……..

All Chapters