← Chapters

(နဂါးချီစွမ်းအင်)

Vol. 15 Ch. 209

(နဂါးချီစွမ်းအင်)

Vol. 15 Ch. 209

ဟူယူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။

"ကျွန်‌တော် ဘယ်လိုလုပ် ပြောရဲမှာလဲ။ အရှင်မင်းကြီးကို ဘယ်လိုမှ မကောင်းမပြောရဲပါဘူး။ အကယ်လို့ သခင်ကျောက် ကျွန်တော့်ကို သတ္တိပေါင်း တစ်သောင်းလောက် ချီးမြှင့်မယ်ဆိုရင်တောင်မှ ကျွန်တော်လုံးဝ မပြောရဲပါဘူး”

"ဒါပေမဲ့ ကျွန်တော်တင်ပြခဲ့တဲ့ ကိစ္စက အမှန်အတိုင်းပါပဲ။ ဒါကြောင့် ကျွန်တော့်ကို ယုံကြည့်‌‌ပေးပါ သခင်ကျောက်”

ဟူယူရဲ့အနာဂတ်သည်‌ ‌ကျောက်ကောင်းအပေါ်မှာပဲ မူတည်နေ၏။

ထိုအချိန်မှာ‌ ကျောက်ကောင်းအနေနဲ့ မယုံကြည်သော်ငြား သူ့ရဲ့နှလုံးသားထဲမှာ သံသယတစ်ချို့ကို ခံစားနေရ၏။

ဘာကြောင့်များ ဟူယူက ဒီလောက်ထိ ထိတ်လန့်နေခဲ့ရတာလဲ။

"ဒါဆိုရင်သူတို့ရဲ့ တောင်ခြေတပ်စခန်းမှာ တတိယအဆင့်ကျင့်ကြံသူ ဘယ်လောက်တောင် ရှိနေတာလဲ မင်းမြင်လိုက်သလား”

ကျောက်ကောင်း ထိုလူအုပ်ရဲ့သန်မာမှုကို စိတ်ဝင်စားလာပြီ။

ပထမ နှင်းနဂါးမြို့ရဲ့ တပ်သားတစ်သောင်းကို စေလွှတ်ခဲ့သည်။ ဒါပေမဲ့ ထိုတပ်သားတစ်သောင်းလုံး ဆုံးရှုံးသွားရ၏။ ဒါပေမဲ့ ထိုအရာကို ချန်ယုယန်ရဲ့ ပုန်ကန်လိုတဲ့ အတွေးကြောင့် ကိစ္စတွေက မှားယွင်းသွားခဲ့တာဟူ၍ ဖြေသိမ့်နိုင်သေးသည်။ ဒုတိယတစ်ကြိမ်မှာ လက်ရွေးစင်တပ်သား သုံးထောင်ကို စေလွှတ်ခဲ့သည်။ ထိုတပ်သားသုံးထောင်လုံးလည်း ရှင်းပစ်ခံလိုက်ရပြန်သည်။

ထိုအရာကတော့ သူ့ရဲ့လက်ခံနိုင်စွမ်းကို ကျော်လွန်သွားခဲ့ပြီ။

ဒါ့အပြင် ဟူယူကလည်း ထိတ်လန့်နေသေး၏။ နှင်းနဂါးတောင်ရဲ့ တောင်ခြေတပ်စခန်းမှာ ရှိနေတဲ့ ဘယ်အရာကများ ဟူယူကို ထိတ်လန့်စေခဲ့တာလဲ။ ဘာကြောင့်များ ခုလောက်ထိများပြားတဲ့ သေကြေပျက်စီးမှုကို ဖြစ်ပေါ်စေရတာလဲ။

"သခင်ကျောက် ကျွန်တော်အဲ့ဒီနေ့က အာရုံခံခဲ့ပါတယ်။ တတိယအဆင့်ထက်မြင့်တဲ့ ကျင့်ကြံသူတွေက အယောက်တစ်ရာနီးပါး ရှိနေတယ်။ ဒါ့အပြင် ပထမအဆင့်ကျင့်ကြံသူက ဆယ်ယောက်ကျော်ရှိမယ်လို့ မှန်းဆရပါတယ်”

ဟူယူသည် သတိကြီးစွာဖြင့် ပြောလိုက်သည်။ သူ့အနေနဲ့ လိမ်ညာ မထွက်ဆိုရဲပေ။

တမန်ညက မြင်တွေ့လိုက်ရတဲ့ တပ်သားတွေကို ထိန်းချုပ်သွားသော စွမ်းအင်သည် အလွန်မြင့်မား၏။ သာမန်ပထမအဆင့် ကျင့်ကြံသူတစ်ယောက် ပြုလုပ်နိုင်တဲ့အရာမျိုး မဟုတ်ပေ။ ပထမအဆင့်ကျင့်ကြံသူကိုမှ ကျင့်ကြံဆင့်နှောင်းပိုင်း ရောက်နေပြီဖြစ်သောသူ သို့မဟုတ် ပထမအဆင့်ထက် ကျော်လွန်တဲ့ကျင့်ကြံမှုကို ရရှိထားတဲ့သူမှသာလျှင် အခုလိုမျိုး ဆန်းကြယ်တဲ့ဖြစ်ရပ်ကို ဖန်တီးနိုင်လိမ့်မည်။

ဒါပေမဲ့ ပထမအဆင့်ထက်မြင့်တဲ့ ကျင့်ကြံသူများသည် ကမ္ဘာပေါ်မှာ ရှားပါးတဲ့ပုဂ္ဂိုလ်များ ဖြစ်၏။ သူတို့အားလုံးက လူတွေနဲ့ဝေးကွာတဲ့ နေရာမှာနေထိုင်ကြသည်။ လောကကြီးရဲ့ အရေးမှာ ဝင်ရောက်မစွက်ဖက်ကြဘူး။

ထို့ကြောင့် အလွန်အလွန်မြင့်မားတဲ့ ကျင့်ကြံဆင့်ရှိသော ဆရာကြီးတစ်ယောက်က ဖန်တီးခဲ့တာဆိုတာ မဖြစ်နိုင်တော့ပေ။ ပထမအဆင့်ကျင့်ကြံသူတွေ ပေါင်းစည်းပြီး ဖန်တီးထားတဲ့ သိုင်းပညာတစ်ခုပဲ ဖြစ်ရမည်။ ဒါကတစ်ခုတည်းသော ဖြေရှင်းချက်ပဲ။

ကျောက်ကောင်းအနည်းငယ် အံ့ဩသွားခဲ့သည်။

"မင်းပြောချင်တာ ပထမအဆင့်ကျင့်ကြံသူက ဆယ်ယောက်ထက် ကျော်လွန်နေတယ်လို့လား။ အဓိပ္ပာယ်မရှိလိုက်တာ။ သိုင်းလောကရဲ့ မြင့်မားလွန်းတဲ့ ဂိုဏ်းတွေမှသာ အဲ့လိုမျိုးများပြားတဲ့ ပထမအဆင့်ကျင့်ကြံသူတွေကို ပိုင်ဆိုင်နိုင်တာ”

"မင်းအခုပြောချင်နေတာက တောင်ခြေတစ်ခုမှာဖွဲ့စည်းထားတဲ့ သေးငယ်တဲ့ ဓါးပြတစ်ဖွဲ့က ပထမအဆင့်ကျင့်ကြံသူ ဆယ်ယောက်တောင်ရှိနေတယ်လို့လား။ မင်းငါ့ကိုအဲ့ဒီအဖြေပေးနေတာလား”

ကျောက်ကောင်း အလွန် ဒေါသထွက်သွားခဲ့သည်။ ဟူယူရဲ့ ထွက်ဆိုမှုတွေက လွန်စွာချဲ့ကားထားသည်ဟု ခံစားနေရ၏။

"သခင်၊ ကျေးဇူးပြုပြီးယုံကြည်ပေးပါ”

"ဒီလိုကိစ္စမျိုးကို ကျွန်တော်လုံးဝ မှားယွင်းမပြောဆိုရဲပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့သစ္စာရှိမှုကို ယုံကြည်ပေးပါ”

ဟူယူရဲ့မျက်နှာသည် လွန်စွာပူဆွေးဝမ်းနည်းနေဟန် ရှိသည်။

"ကောင်းပြီ”

ကျောက်ကောင်း စိတ်ထဲကနေ သက်ပြင်းချလိုက်တော့သည်။ သူ့ရဲ့မျက်နှာက ပျက်ယွင်းနေ၏။

လေပြေတစ်ချက်က ခန်းဆီးလိုက်ကာတွေကို တိုက်ခတ်သွားခဲ့သည်။

အုပ်ချုပ်သူစံအိမ်တစ်ခုလုံးက တိတ်ဆိတ်နေ၏။ နှင်းနဂါးတောင်ဆီ လာရောက်ပြီး ရေခဲပုစင်းရှာဖွေတဲ့ကိစ္စက အခုလောက်ထိ ကြီးမားသွားလိမ့်မယ်လို့ ကျောက်ကောင်း မမျှော်လင့်ထားမိပေ။

သူ့ရဲ့နှလုံးသားက မထိန်းချုပ်နိုင်စွာ စိတ်ပျက်နေတော့သည်။ တောင်ခြေတပ်စခန်းက အချိန်နှင့်အမျှ အင်အကြီးလာနေ၏၊ ထို့ကြောင့်အနာဂတ်မှာ မထိန်းချုပ်နိုင်လောက်အောင် အင်အားကြီးမားလာမယ်ဆိုရင် တိုင်းပြည်ကို တော်လှန်လာမည်ကိုပါ စိုးရိမ်ရသည်။

"ထားလိုက်တော့”

"အခုခနနားလိုက် မင်းငါနဲ့ အတူသွားရမယ်။ နှင်းနဂါးတောင်ရဲ့ တောင်ခြေတပ်စခန်းက အဲ့ဒီလူတွေက မင်းပြောသလိုမျိုး အင်အားကြီးလွန်း‌နေတာလားဆိုတာ ငါကိုယ်တိုင်ကြည့်မှ ဖြစ်တော့မယ်”

ကျောက်ကောင်းရဲ့ မျက်နှာက မဲမှောင်နေခဲ့သည်။ ဒီအချိန်မှာ ဒါကတစ်ခုတည်းသော ဖြေရှင်းချက်ပဲ။

ဟူယူထွက်သွားမလို့ လုပ်နေစဉ်မှာပဲ ကျောက်ကောင်းက တားမြစ်လိုက်၏။

"ရက်အနည်းငယ် နားပြီးတာနဲ့ ရုံးတော်ကို သွားရောက်သတင်းပို့”

"မြို့တော်မှာရှိနေတဲ့ တော်ဝင်ဆရာမကြီးကို‌ ပြောလိုက်။ ဒီနှင်းနဂါးတောင်ရဲ့ အဖြစ်အပျက်တွေအားလုံးကို တစ်လုံးမကျန်တင်ပြထားခဲ့ရမယ်”

‌ကျောက်ကောင်းသည် အလုံခြုံဆုံးသော ရွေးချယ်မှုကို ဆုံးဖြတ်လိုက်၏။ ဟူယူပြောသလိုမျိုး ဖြစ်နေခဲ့လျှင် တစ်ယောက်ထဲသွားရောက်ခြင်းက အခြေအနေတွေကို ထိန်းချုပ်မှု လွတ်ကင်းစေနိုင်သည်။

ကျောက်ကောင်းရဲ့ အမိန့်ကြောင့် ဟူယူရဲ့မျက်နှာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက်မှာ ချက်ချင်းပဲ အရိုအသေပေးကာ ထွက်ခွာသွား၏။

ခမ်းမတစ်ခုလုံးမှာ ကျောက်ကောင်းတစ်ယောက်ပဲ ကျန်ရစ်ခဲ့တော့သည်။

ယောက်ျားခန္ဓာကိုယ်နဲ့ မိန်းမအသွင်ပြင်ကို ရရှိထားတဲ့ သူ့ရဲ့မျက်လုံးတွေက နက်ရှိုင်းနေခဲ့သည်။

...

‌‌တောင်ခြေတပ်စခန်းအတွင်းမှာ ရှကျိုးယွီရဲ့ ရွှေရောင်နတ်ဘုရားစာရင်းစာချုပ်ကို အသုံးပြုမှုက မရပ်နားသေးပေ။ ရွှေရောင်အလင်းတန်းတွေက တပ်စခန်းတစ်ခုလုံးကို အချိန်အကြာကြီး လွှမ်းမိုးထားခဲ့သည်။

ထိုစွမ်းအင်ပြောင်းလဲမှုက တပ်စခန်းရဲ့တပ်သားအားလုံးကို ကြုံတွေ့ခံစားစေခဲ့သည်။ ဖမ်းဆီးလာတဲ့ တပ်သားတစ်သောင်းလုံးရဲ့ ကျင့်ကြံမှုသည် အဆင့်ခြောက်နဲ့အဆင့် ခုနစ် အဖြစ် မြင့်တက်သွား၏။ လက်ရွေးစင်တပ်သားသုံး‌ထောင်ရဲ့ ကျင့်ကြံမှုကလည်း အဆင့်လေးနှင့်အဆင့်ငါးကို ရောက်ရှိသွားခဲ့သည်။

ဒါက သူတို့တပ်စခန်းရဲ့ လုံးဝမဖြစ်နိုင်တဲ့ တိုးတက်မှုတစ်ခုပဲ။

လီယုဟန် ကိုယ်တိုင်တောင် အံ့ဩတကြီး ရေရွတ်မိ၏။ သူမတို့ရဲ့ ထျန်းလင်ဂိုဏ်းအတွင်းမှာ ဆိုရင်တောင်မှ ဒီလိုမျိုး တပ်ဖွဲ့တစ်ခုကို တည်ဆောက်နိုင်ဖို့က လွယ်ကူတဲ့တာဝန်တစ်ရပ် မဟုတ်ဘူး။

"အကုန်လုံး နားထောင်ကြ။ အခုဆိုရင် အားလုံးရဲ့ကျင့်ကြံမှုကလည်း မြင့်တက်သွားခဲ့ပြီ။ ငါတို့အနေနဲ့ တိုက်ခိုက်ဖို့အတွက် အချိန်ရောက်လာခဲ့ပြီ။ ငါဖူမဲ့က ဒီတရှားရဲ့ မကောင်းတဲ့ဘုရင်ရဲ့ လုပ်ရပ်တွေ အားလုံးကို တစ်ခုမကျန် မှတ်မိတယ်။ ကြမ်းတမ်းတဲ့အမိန့်တွေနဲ့ များပြားတဲ့အခွန်ငွေတွေက ပြောင်းလဲဖို့ အချိန်တန်ပြီ”

ရှကျိုးယွီရဲ့ ပုံရိပ်က ချက်ချင်းပဲ လူအုပ်အလယ်မှာ ထွက်ပေါ်လာခဲ့သည်။ အကုန်လုံးရဲ့ မျက်လုံးထဲတွင် လေးစားမှုနှင့် တက်ကြွမှုတို့ ဝင်ရောက်လာ၏။

အရင်က အကုန်လုံးရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုများရှိခဲ့သည်။ အခုတော့ သူတို့အားလုံးသည် လွန်စွာ လေးစားနေတော့၏။ ထိုအချိန်မှာပဲ တပ်ဖွဲ့အတွင်းမှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။

"ခေါင်းဆောင်ဖူမဲ့ရဲ့ နောက်ကိုလိုက်မယ်။ တရှားတိုင်းပြည်အတွက် စစ်မှန်မှုကို ပြန်လည်ယူဆောင်မယ်”

ချက်ချင်းပဲ တပ်ဖွဲ့တစ်ခုလုံး စိတ်ဓာတ်များ မြင့်မားသွားခဲ့သည်။

ရှကျိုးယွီ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။

"ရက်တစ်ချို့နေတာနဲ့ ငါတို့ရဲ့ တောင်ခြေတပ်စခန်းက နှင်းနဂါးမြို့ကို စတင်သိမ်းပိုက်မယ်။ ဒါက တရှားတိုင်းပြည်ကို တိုက်ခိုက်ဖို့အတွက် ငါတို့ရဲ့ ပထမဦးဆုံးခြေလှမ်းပဲ”

ရှကျိုးယွီရဲ့ ပထမဦးဆုံး အစီအစဉ်ကြေညာခြင်း ဖြစ်သည်။

အကုန်လုံး နားလည်လိုက်၏။ သူတို့ရဲ့ ကြီးမားတဲ့ အစီအစဉ်ကြီး စတင်ခဲ့လေပြီ...

များပြားတဲ့ လူအုပ်ရဲ့အရိပ်အတွင်းမှာ မြင့်မြတ်တဲ့ နဂါးစွမ်းအင်တစ်ချို့ ကိန်းခိုနေသည်။ ထိုစွမ်းအင်တွေက ရှကျိုးယွီရှိရာကို လှည့်ပတ်ဝင်ရောက်လာ၏။

လီယုဟန် ထိတ်လန့်သွားခဲ့သည်။

"ဟေး ဟွမ်ပထျန်း ငါတို့ခေါင်းဆောင်ဖူမဲ့ဆီကနေ ထွက်ပေါ်နေတဲ့ နဂါးစွမ်းအင်ကို နင်အရင်က မြင်ဖူးလား”

ဟွန်ပထန်လည်း ထပ်တူညီမျှ ထိတ်လန့်သွားခဲ့သည်။

"နဂါးစွမ်းအင် ဟုတ်လား။ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲ့ဒီလိုစွမ်းအင်မျိုးက လူသားရှင်ဘုရင်တွေပဲ ပိုင်ဆိုင်တဲ့အရာ မဟုတ်ဘူးလား”

လီယုဟန် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါအမှန်ပဲ ကြည့်ရတာ ငါတို့ခေါင်းဆောင်ဖူမဲ့ရဲ့ စိတ်စွမ်းအားက မျှော်လင့်ထားတာထက်ကို မြင့်မားနေပုံရတယ်”

လီယုဟန်သည် ထျန်းလင်ဂိုဏ်းအတွင်းမှာ မွေးဖွားခဲ့သည်။ ထို့ကြောင့် ကောင်းကင်နဲ့ မြေကြီးကနေ ထွက်ပေါ်လာတဲ့ စိတ်ဝိဉာည်စွမ်းအင်အပေါ်မှာ မြင့်မားတဲ့ တုန့်ပြန်မှုရှိ၏။

ခေါ်ငးဆောင်ဖူမဲ့ဆီကနေ ထွက်ပေါ်လာတဲ့ ခမ်းနားတဲ့ အရှိန်အဝါကြောင့် တရှားတိုင်းပြည်အပေါ် တိုက်ခိုက်မယ့်အစီအစဉ်နဲ့ ပတ်သတ်ပြီး သူမရင်ထဲမှာ များပြားတဲ့ ယုံကြည့်မှု ဖြစ်ပေါ်လာခဲ့သည်။

အတွေးတစ်ခုတည်းနဲ့တင် နဂါးစွမ်းအင်ကို ထွက်ပေါ်စေတယ်ဆိုကတည်းက သေချာနေပြီ..။ ကမ္ဘာပေါ်မှာရှိတဲ့ စိတ်ပိုင်းဖြတ်နိုင်ပြီး ကိုယ့်ရဲ့စိတ်ဆန္ဒအပေါ်မှာ ရဲ့ဝံ့စွာရပ်တည်နိုင်တဲ့ သူမှသာလျှင် နဂါးစွမ်းအင်ကို စုစည်းနိုင်သည်။ ထိုအချက်ကို ကြည့်လိုက်တာနဲ့တင် သိသာနေပြီဖြစ်၏။ ဖူမဲ့က ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။

လီယုဟန်ရဲ့ မျက်လုံးတွေက မထိန်းနိုင်စွာ တောက်ပလာခဲ့သည်။ ရှကျိုးယွီကို သူမရဲ့ အရေးကြီးပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်ပုံပဲ။ သူမမှာပိုင်ဆိုင်သမျှအားလုံးကို ရှကျိုးယွီအတွက် ပေးဆပ်ဖို့ ဆန္ဒရှိလာခဲ့သည်။ သူမတို့ရဲ့ အနာဂတ်အတွက် ပိုမိုမျှော်လင့်မိတော့၏။

"ဟွမ်ပထျန်း ငါတော့ ဒီတောင်ပေါ်ကို ရောက်လာတာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုလို့ ထင်တယ်”

သူမ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ဒါပေမဲ့ သူမရဲ့ဘေးမှာရှိနေတဲ့ ဟွမ်ပထျန်းရဲ့ မျက်နှာက ပြောင်းလဲသွားခဲ့တာကိုတော့ မမြင်လိုက်ရချေ။

ဟွမ်ပထျန်း လုံးဝအံ့ဩသွား၏။ ရှကျိုးယွီကို မဖော်ပြနိုင်တဲ့ မျက်နှာထားတစ်ခုနဲ့ ကြောင်အစွာ စိုက်ကြည့်နေခဲ့သည်။ ဒါပေမဲ့ ဟွမ်ပထျန်း ဆက်လက်ပြောဆိုလိုက်သော စကားကြောင့် လီယုဟန်အံဩလွန်းလို့ မေ့လဲမတတ် ဖြစ်သွားခဲ့သည်။

"ဒါဆိုရင် ငါအနာဂတ်မှာ မိန်မဆိုးတစ်ယောက် ဖြစ်လာမှာတော့ မဟုတ်ဘူးမလား”

……..

All Chapters