မီးတောက်လောင်ခြင်း နှလုံးသား
Vol. 19 Ch. 257
"အင့်... အင့်..."
တဲထဲတွင် မုကျိုရီ ဖြည်းညင်းစွာ မျက်လုံး ဖွင့်လိုက်ပြီးနောက် လန့်နိုးသွားကာ ထထိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ၏ တစ်ကိုယ်လုံး နာကျင်နေသည်ကို ခံစားလိုက်ရသည်။
"ခဏလောက် ဆက်လှဲနေလိုက်ဦး။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ အရိုး တစ်ချောင်းမှ အကောင်း မရှိတော့ဘူး ပြီးတော့ မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေအားလုံးက အထုံးတစ်လုံးလို လိမ်ကျစ်နေပြီ။ ငါ မင်းအတွက် ဆေး နည်းနည်း လိမ်းပေးထားတယ်။ မင်း ဒီညနေလောက်ဆို လှုပ်ရှားနိုင်သင့်ပြီ"
ဝူချင်းစစ်၏ ပေါ့ပါးသော လေသံကို ကြားသောအခါ မုကျိုရီ၏ တုန်လှုပ်နေသော နှလုံးက နောက်ဆုံးတွင် အနည်းငယ် ငြိမ်သက်သွားသည်။
အနည်းဆုံးတော့ သူတို့ နှစ်ယောက်လုံး အဖမ်းခံရပြီး ချုပ်နှောင် ခံထားရပုံ မပေါ်ပေ။
မုကျိုရီ အနည်းငယ် သက်သာလာပြီးနောက် အံ့ဩတကြီး မေးလိုက်သည်။
"မင်း အဲ့ဒီ သားသတ်သမား လေးဖော်ကို တကယ် အနိုင်တိုက်ခဲ့တယ်ပေါ့"
သူ သတိလစ်သွားသည့် အခိုက်အတန့်တွင် မုကျိုရီက သူတို့ နှစ်ယောက်လုံး သေပြီဟု သေချာပေါက် ထင်ခဲ့သည်။
နောက်ဆုံးတွင် ဝူချင်းစစ် တစ်ယောက်တည်း အထွတ်အထိပ် အနက်ရောင်သခင်ကြီး လေးဦးကို အနိုင်တိုက်နိုင်လိမ့်မည်ဟု သူ အမှန်တကယ် စိတ်ကူးကြည့်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။
ဝူချင်းစစ်က အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေသည်။
"အင်း မင်း... မင်း ပြောနိုင်တာကတော့ ငါ သူတို့ကို အနိုင်တိုက်ခဲ့တယ်လို့ ဆိုရမှာပေါ့"
သူ၏ အကိုကြီး ပေးသော ဝိညာဉ်ဆေးလုံး၏ အကူအညီဖြင့် ဝူချင်းစစ်၏ ခန္ဓာကိုယ်ပေါ်မှ ကြောက်မက်ဖွယ် ဒဏ်ရာများ အားလုံး လုံးဝ ပျောက်ကင်းသွားရန် လက်ဖက်ရည် တစ်ခွက် သောက်စာ အချိန်မျှသာ ကြာမြင့်ခဲ့သည်။
နောက်ဆက်တွဲ တစ်ဦးချင်း တိုက်ခိုက်ပွဲများ အတွက်မူ သူ၏ ပြိုင်ဘက်က အရည်အသွေးပိုင်းအရ ခုန်တက်သွားသော အနက်ရောင်ဝိညာဉ် နယ်ပယ်တွင် မရှိသရွေ့ ဝူချင်းစစ်က တစ်ဦးချင်း တိုက်ခိုက်မှုတွင် သူ့ကို အနိုင်ယူနိုင်မည့် အနက်ရောင်သခင်ကြီး တစ်ဦးကို မတွေ့ဆုံဖူးသေးပေ။
ကျန်ရှိသော သားသတ်သမား လေးဖော်ကို ရှင်းလင်းပြီးနောက် ဝူချင်းစစ်က အဆူအဆဲ ခံရပြီးမှ သတိလစ်နေသော မုကျိုရီကို သူတို့၏ စခန်းသို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။
ဒီလိုပဲ ဆိုရမှာပေါ့…..
မုကျိုရီ၏ မျက်ခုံးများ အနည်းငယ် ကျုံ့သွားသည်။ "ဆိုရမှာပေါ့" က ဘာကို အဓိပ္ပာယ် ရမှန်း သူ သိပ် နားမလည်ပေ။
အပြင်းအထန် ပြန်လည် သတိရရန် ကြိုးစားရင်း မုကျိုရီက သူ သတိမလစ်မီလေးမှာ အနည်းငယ် ရင်းနှီးသော အသံတစ်သံကို ကြားခဲ့မိသည်ဟု ရုတ်တရက် သတိရလိုက်သည်။ သို့သော် သူ ၎င်းကို အရင်က ဘယ်မှာ ကြားခဲ့ဖူးမှန်း မမှတ်မိနိုင်တော့ပေ။
မုကျိုရီက အဲ့ဒီကိစ္စကို ဆက်မမေးတော့တာ မြင်တော့ ဝူချင်းစစ်က အကြောင်းအရာ ပြောင်းလိုက်သည်။
"မင်း ဒီကို ဘာလာလုပ်တာလဲ"
"မြစ်လယ် ခရိုင်မှာ အဆိပ်ဖလံ ဂိုဏ်းရဲ့ အကြွင်းအကျန်တွေ ရှိနေတယ်လို့ သတင်းပေးတစ်ယောက်က အစီရင်ခံတယ် ဒါကြောင့် ငါ စုံစမ်းဖို့ လူတချို့ စုပြီး လာခဲ့တာ။ မြစ်ကျောက်ရဲ့ သားသတ်သမား ငါးဖော်ရဲ့ ထောင်ချောက်ထဲ ကျသွားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး။ ရိုးရိုးသားသား ပြောရရင် တော်တော် ရှက်စရာ ကောင်းတယ်"
မုကျိုရီကလည်း အသေးစိတ်ကို ထုတ်ဖော်ဖို့ ရည်ရွယ်ချက် မရှိဘဲ ဝိုးတဝါး ပြောနေတာကို ကြားတော့ ဝူချင်းစစ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး အလားတူ ထပ်မမေးတော့ပေ။
တဲထဲတွင် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မုကျိုရီက ပြောလိုက်သည်။
"ငါ မင်းကို ငါ့အသက် အကြွေးတင်သွားပြီ"
"ဟုတ်တယ် မင်း တင်သွားတာပဲ။ မင်း ဒါကို ဘယ်လို ပြန်ဆပ်မလဲ ဆိုတာ သေချာ စဉ်းစားထား"
"အင်း"
တစ်ခဏမျှ တဲအတွင်း တစ်ဖန် တိတ်ဆိတ်သွားပြန်သည်။
အခြား တစ်ဖက်တွင် ကျန်းပေရန်ကို ကူချင်းဟွမ်းက ထို ခြောက်သွေ့သော မြေကွက်ဆီသို့ ခေါ်ဆောင်သွားသည်။ မြေအောက်သို့ သူ၏ ဝိညာဉ်အာရုံဖြင့် စူးစမ်းကြည့်ရာ ကျန်းပေရန်က မြေကြီးအောက် နက်ရှိုင်းသော နေရာတွင် အားကောင်းသော အပူစွမ်းအင် ထုတ်လွှတ်နေသည့် အရာဝတ္ထု တစ်ခု အမှန်တကယ် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။
ဒါပေမယ့် ဒါက နည်းနည်း နက်လွန်းနေတယ်...
စိတ်ထဲမှ တိုးတိုးလေး ရေရွတ်ရင်း ကျန်းပေရန်က ချူယန်ဇယ်ကို ကြည့်ပြီး ပြောလိုက်သည်။
"ယန်ဇယ် ငါ ရပ်နေတဲ့ နေရာကနေ အောက်ကို တူးဆင်း။ မင်းရဲ့ ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တော့တဲ့အခါ ရပ်လိုက်။ အတင်း မလုပ်နဲ့"
"ဟုတ်ကဲ့"
ချူယန်ဇယ်က သဘောတူသည်။ တစ်ချိန်ချိန်တွင် ချွန်ထက်သော လက်သည်းများ အဖြစ်သို့ ပြောင်းလဲသွားသော သူ၏ လက်များက နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ အောက်သို့ ချက်ချင်း စတင် တူးဆွတော့သည်။ အလွန် လျင်မြန်သော အရှိန်ဖြင့် ဖြစ်သည်။
"ဂျူနီယာညီငယ်ချူက တကယ် အရည်အချင်း ရှိတာပဲ"
ချူယန်ဇယ် တစ်ခဏအတွင်း ကျန့် ဒါဇင်ပေါင်းများစွာ နက်သော မြောင်းတစ်ခု တူးလိုက်သည်ကို ကြည့်ရင်း ကူချင်းဟွမ်းက လေးစားစွာ အော်ပြောလိုက်သည်။
"သူ့ရဲ့ စိတ်က ငယ်သေးပြီး သူက နုံအပြီး အပြစ်ကင်းတာပဲ ရှိသေးတယ်။ အနာဂတ်မှာ သူ့ကို ပို သင်ကြားပေးဖို့ မင်းကိုပဲ အားကိုးရတော့မယ်"
ကူချင်းဟွမ်းက ချက်ချင်း အရိုအသေပြုကာ ပြောလိုက်သည်။
"ကျွန်တော် သူ့ကို သင်ကြားပေးနိုင်ပါတယ်လို့ မဝံ့ရဲပါဘူး ဂျူနီယာညီငယ်နဲ့ အတူတကွ တိုးတက်ဖို့ ကျွန်တော် ဆန္ဒရှိပါတယ်"
"အင်း"
ကျန်းပေရန်က ခေါင်းညိတ်သည်။ ထို့နောက် အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"မင်းတို့အားလုံး ဒီနေရာကို ဘယ်လို ရှာဖွေတွေ့ရှိခဲ့တာလဲ" ဒီထူးဆန်းတဲ့ ဖြစ်စဉ်က အရမ်း နက်ရှိုင်းစွာ ပုန်းကွယ်နေတာ ရှာဖွေဖို့ လွယ်ကူမှာ မဟုတ်ဘူး။
ကူချင်းဟွမ်းက သူ၏ အာရုံ ငါးပါး ကိစ္စနှင့် ပတ်သက်၍ သူ၏ အကိုကြီးကို မည်သို့ပင် ဖြစ်စေ မေးချင်နေခဲ့သည်။ သူ၏ အကိုကြီး၏ မေးခွန်းကို ကြားသောအခါ သူ သူ့အပေါ် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် အပြည့်အစုံ ဖော်ပြလိုက်သည်။
ကျန်းပေရန်က မေးသည်။
"မင်းရဲ့ အာရုံ ငါးပါးကို သူတို့ရဲ့ အကြွင်းမဲ့ အဆုံးစွန် အခြေအနေအထိ တွန်းတင်ဖို့ ကြိုးစားခဲ့ဖူးလား"
"ကျွန်တော် ကြိုးစားဖူးပါတယ်" ကူချင်းဟွမ်းက ခေါင်းညိတ်သည်။
"ကမ္ဘာကြီးက လုံးဝ ပြောင်းလဲသွားသလို ခံစားခဲ့ရတယ်။ ကျွန်တော် ပုံမှန် မမြင်နိုင်တဲ့ မရေမတွက်နိုင်တဲ့ အလင်း အစက်အပြောက်လေးတွေက ကျွန်တော့်ကို ဝန်းရံနေခဲ့တယ်"
မရေမတွက်နိုင်တဲ့ အလင်း အစက်အပြောက်လေးတွေ... မင်းက ကွမ်တမ် မက္ကင်းနစ် နယ်ပယ်ထဲ ဝင်တော့မလို့ပဲ မဟုတ်လား။
ကူချင်းဟွမ်း၏ ဖော်ပြချက်မှ ကျန်းပေရန်က သူ အဏုကြည့် မှန်ပြောင်းဖြင့်သာ လေ့လာနိုင်သော အရာများကို သူ၏ အာရုံ ငါးပါးကို အားကိုးရုံမျှဖြင့် သိမြင်နိုင်သော မိုက်ခရိုစကုပ် နယ်ပယ် တစ်မျိုးမျိုးထဲသို့ ဝင်ရောက်သွားပုံရသည်ဟု ခံစားမိသည်။
'သဘာဝမူလ ကောင်းကင်ဝင်ရိုး နည်းစနစ်' မှာ တကယ် ဒီအာနိသင် ရှိတာပဲ...
တစ်ခဏမျှ စဉ်းစားပြီးနောက် ကျန်းပေရန်က မြေပြင်မှ ကျောက်စရစ်ခဲ တစ်လုံးကို ပေါ့ပေါ့ပါးပါး ကောက်ယူပြီး ကူချင်းဟွမ်းဆီသို့ ပစ်ပေးလိုက်သည်။
"ဒီကျောက်တုံးက ဘာနဲ့ ပြုလုပ်ထားလဲ ဆိုတာ မင်း သိမြင်နိုင်မလား"
ဒီမေးခွန်းက ကူချင်းဟွမ်းကို ကြောင်သွားစေသည်။
ကျောက်တုံး... ဒါက ကျောက်တုံးနဲ့ပဲ ပြုလုပ်ထားတာ မဟုတ်ဘူးလား။
သို့သော် ကူချင်းဟွမ်းက သူ၏ အကိုကြီးက ဒီလောက် ပျင်းစရာ ကောင်းတဲ့ မေးခွန်းမျိုး ဘယ်တော့မှ မမေးဘူးဆိုတာ သိသည်။ ဒါကြောင့် သူ ချက်ချင်း သူ၏ အာရုံ ငါးပါးကို အစွမ်းကုန် စူးစိုက်လိုက်ပြီး စတင် လေ့လာတော့သည်။
တစ်ခဏအတွင်းမှာပင် သေးငယ်သော ကျောက်စရစ်ခဲက သူ၏ ရှေ့မှောက်တွင် ကြီးမားသော တောင်ကြီးတစ်လုံးပမာ ပေါ်လာသည်။ ကူချင်းဟွမ်း ၎င်းကို ဂရုတစိုက် လေ့လာကြည့်သောအခါ ကျောက်တုံး၏ မျက်နှာပြင်တွင် သာမန် မျက်စိဖြင့် သေချာပေါက် မမြင်နိုင်သော ဖွဲ့စည်းပုံ အမျိုးမျိုး ရှိနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ အချို့က တင်းကျပ်စွာ စုစည်းပြီး သိပ်သည်းနေသလို အချို့က ကြီးမားသော ကွာဟချက်များ ရှိနေသည်။
ကမ္ဘာသစ် တစ်ခုကို ရှာဖွေ တွေ့ရှိသွားသလို ခံစားရရင်း ကူချင်းဟွမ်းက သူ၏ 'သဘာဝမူလ ကောင်းကင်ဝင်ရိုး နည်းစနစ်' ကို ချက်ချင်း ရုတ်သိမ်းလိုက်ပြီး သူ၏ အကိုကြီးကို ကြည့်လိုက်သည်။
"အကိုကြီးကို လျှောက်တင်ရရင် ကျောက်တုံးက အလွန် သေးငယ်တဲ့ အရာပေါင်း မြောက်မြားစွာနဲ့ ဖွဲ့စည်းထားပါတယ်"
မဆိုးဘူး...
ကျန်းပေရန်က သူ ရုတ်တရက် သဘာဝ မှတ်တမ်းရုပ်ရှင် တစ်ခုထဲ ခုန်ဝင်သွားသလို ခံစားရပြီး စိတ်ဝင်စားမှု ကြီးထွားလာသည်။
ချင်းဟွမ်းက လူသား မိုက်ခရိုစကုပ် တစ်လုံး ဖြစ်လာတာလား။ ဒါက တော်တော် အသုံးဝင်တာပဲ။
အနာဂတ်တွင် အမျိုးမျိုးသော မှော်ရတနာများ၏ ဖွဲ့စည်းပုံကို လေ့လာရန် ချင်းဟွမ်းကို ခိုင်းနိုင်ပုံကို တွေးတောရင်း ကျန်းပေရန်က သူ၏ ပစ္စည်း သွင်းလုပ်ခြင်း လမ်းကြောင်းပေါ်တွင် ဒီအထောက်အကူကောင်းကို သူ တကယ် လက်လွှတ်လို့ မဖြစ်ဟု ရုတ်တရက် ခံစားလိုက်ရသည်။
"မင်း အခု ဒီအခြေအနေကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်လဲ" ကျန်းပေရန်က မေးသည်။
"အမွှေးတိုင် တစ်ဝက်စာလောက် အချိန် ကြာပါတယ်။ အဲ့ဒီအတွင်းမှာ ကျွန်တော် ရုတ်တရက် သတိလစ်သွားနိုင်ပါတယ်"
"ပြန်ကောင်းလာဖို့ ဘယ်လောက် ကြာမလဲ"
"ဒါ... ကျွန်တော် မစမ်းကြည့်ရသေးဘူး"
"ဒါဆို ဒီနေ့ကစပြီး မင်းရဲ့ အဓိက တာဝန်က မင်းရဲ့ အာရုံ ငါးပါးကို အသုံးပြုခြင်းကို အကြိမ်ကြိမ် လေ့ကျင့်ပြီး မင်း ဒီအခြေအနေကို ထိန်းထားနိုင်တဲ့ အချိန်ကို တိုးမြှင့်ဖို့ပဲ"
"ဟုတ်ကဲ့"
"ဒါ့အပြင် မင်း လေ့ကျင့်တဲ့အခါ အရာဝတ္ထု မျိုးစုံကို လေ့လာပါ အထူးသဖြင့် သတ္တုရိုင်းတွေကိုပေါ့။ ဒါက မင်းရဲ့ သွင်းလုပ်ခြင်း ကျွမ်းကျင်မှုတွေအတွက် ကြီးမားတဲ့ အကူအညီ ဖြစ်လိမ့်မယ်"
သွင်းလုပ်ခြင်းပညာဟု ခေါ်ဆိုကြသည်မှာ အမှန်တကယ်တော့ သတ္တု၏ ပျော့ပျောင်းမှုကို အသုံးပြုပြီး ၎င်း၏ ဖွဲ့စည်းပုံကို ပြောင်းလဲခြင်း ဖြစ်သည်။ အကယ်၍ ကူချင်းဟွမ်းက မော်လီကျူး ဖွဲ့စည်းပုံများကို မြင်နိုင်သည့် အဆင့်အထိ တကယ် ဖွံ့ဖြိုးလာနိုင်မည် ဆိုလျှင်... သိပ္ပံပညာနဲ့ ကျင့်ကြံခြင်းရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုလား။ ဒါ တော်တော် ပန့်ခ် (punk) ကျတာပဲ။ (ဘာပြောတာလဲ နားမလည်လို့ မူရင်းအတိုင်းရေးပေးထားတယ်)
"ဟုတ်ကဲ့ ကျွန်တော် အကိုကြီးရဲ့ သင်ကြားမှုတွေကို နာခံပါ့မယ်" ကူချင်းဟွမ်းက အရိုအသေပြုရင်း ပြောလိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင် ချူယန်ဇယ်၏ အသံက တွင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဆရာ... အောက်မှာ တကယ် ပူတယ်"
"မင်း မခံနိုင်တော့ဘူး ဆိုရင် အပေါ် တက်လာခဲ့" ကျန်းပေရန်က တွင်း၏ ဝင်ပေါက်ဆီသို့ အော်ပြောလိုက်သည်။
"ဟုတ်ကဲ့"
ခဏအကြာတွင် ချူယန်ဇယ်က တွင်းထဲမှ တက်လာသည်။ သူ၏ မျက်နှာက နီရဲနေပြီး ပြောလိုက်သည်။
"ဆရာ ကျွန်တော့် အဝတ်တွေ မီးလောင်တော့မလို ခံစားရတယ်"
"အင်း သွား ဆေးကြောလိုက်ဦး"
"ဟုတ်ကဲ့"
ခန်းမသခင်ရှီ သူ့ကို ပေးခဲ့သော 'ဓာတ်ငါးပါး လွတ်မြောက်ဝတ်ရုံ' ကို ပြောင်းလဲ ဝတ်ဆင်လိုက်ပြီး ကျန်းပေရန်က တွင်းထဲသို့ ခုန်ဆင်းလိုက်သည်။
ကျဆင်းမှုက လျင်မြန်ပြီး မကြာမီမှာပင် ကျန်းပေရန်က ပူလောင်သော အပူရှိန် တစ်ချက်ကို ခံစားလိုက်ရသည်။ သို့သော် သူ သူ၏ ခန္ဓာကိုယ်၏ အပူချိန် မြင့်မားမှုကို ခံနိုင်ရည် ရှိမှုအပေါ် အလွန် ယုံကြည်မှု ရှိသည်။ ဒါကို ပန်းပဲဖို အလုပ်ရုံတွင် အစွမ်းပြခဲ့ပြီး ဖြစ်သည်။ ထိုနေရာတွင် နီရဲနေသော သံကို လက်ဗလာဖြင့် ကိုင်ခြင်းက အခြေခံ လုပ်ဆောင်မှု တစ်ခု ဖြစ်နေပြီ။
တွင်း၏ အောက်ခြေ အလွန်ထိ ဆင်းသက်လိုက်ပြီး ကျန်းပေရန်က သူ အပူရှိန် အရင်းအမြစ်နှင့် မဝေးတော့ကြောင်း ခံစားမိနိုင်သည်။ သူ သူ၏ ဘေးရှိ နီရဲနေသော မြေကြီးကို လက်ဆန့်တန်းပြီး တို့ထိလိုက်သည်။ အထိအတွေ့က အရည် အခြေအနေနီးပါး ဖြစ်နေသည်ဟု ခံစားမိသည်။
မြေအောက် အခြေအနေကို အတည်ပြုပြီးနောက် ကျန်းပေရန်က သူ၏ သိုလှောင်လက်စွပ်ထဲမှ အဆောင်လက်ဖွဲ့ အများအပြားနှင့် ရတနာ အဆောင်လက်ဖွဲ့များကို ထုတ်ယူပြီး 'ကောင်းကင်ဘုံ အစောင့်အရှောက် အစီအရင်' တစ်ခုကို တည်ဆောက်လိုက်သည်။
ဒီအစီအရင်၏ အာနိသင်က အတော်လေး နက်ရှိုင်းသည်။ ၎င်းတွင် နေရာဒေသကို သီးခြား ခွဲထုတ်ခြင်း အာနိသင် ရှိသည်။ ၎င်းကို လေဟာနယ်မှ ပေါ်ထွက်လာသော ပွင့်လင်းမြင်သာသော အိမ်တစ်လုံး အဖြစ် နားလည်နိုင်သည်။ အတွင်းထဲတွင် ဖြစ်ပျက်သမျှက အပြင်ဘက်ကို မထိခိုက်စေသလို အပြင်ဘက်တွင် ဖြစ်ပျက်သမျှကလည်း အတွင်းဘက်ကို မထိခိုက်စေပေ။
'ကောင်းကင်ဘုံ အစောင့်အရှောက် အစီအရင်' ကို တည်ဆောက်ပြီးနောက် ကျန်းပေရန်က အဝါရောင်အဆင့် မှော်ရတနာ 'ဝိညာဉ်စုစည်းအလံ' ကို သူ၏ သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူပြီး အစီအရင်၏ အလယ်ဗဟိုတွင် စိုက်ထူလိုက်သည်။
"ချန် အချုပ်အခြာ ဝိညာဉ်ဖြင့် တောက်ပစေ ခွင်း လက်ခံသူ အတွင်း၌ သိုလှောင်စေ"
"နိယာမ နှစ်ခု သဟဇာတ ဖြစ်စွာ အပြန်အလှန် သက်ရောက်စေ သူတို့၏ ပေါင်းစည်းမှုက သာယာဝပြောမှုနှင့် ဖြောင့်မတ်မှုကို ပျိုးထောင်စေ"
"ကောင်းကင်နှင့် မြေကြီးကို ယှဉ်တွဲလျက် ထာဝရ ငြိမ်းချမ်းမှုနှင့် ကြည်လင်မှုကို ယူဆောင်လာစေ"
နောက်ဆုံး စကားလုံး "ကြည်လင်မှု" ကျဆင်းသွားသည်နှင့် လေနံရံ တစ်ခုက အပေါ်နှင့် အောက် မြေဆီလွှာ အလွှာများကို ချက်ချင်း ခွဲခြားလိုက်ပြီး လွတ်လပ်သော နေရာတစ်ခု ဖွဲ့စည်း ဖြစ်ပေါ်သွားသည်။
"ဒါက ဘယ်လို ရတနာမျိုးလဲ ဆိုတာ ကြည့်ခွင့်ပေး"
စကားပြောပြီးနောက် ကျန်းပေရန်က သူ၏ ခြေထောက် အောက်မှ မြေဆီလွှာပေါ်သို့ လက်သီး တစ်ချက် ထိုးချလိုက်ပြီး လမ်းကြောင်း တစ်ခုကို တိုက်ရိုက် ပေါက်ကွဲ ဖွင့်ထုတ်လိုက်သည်။ ပေါ့ပေါ့ပါးပါး အောက်သို့ ခုန်ဆင်းလိုက်ပြီး ကျန်းပေရန် မကြာမီ ပူလောင်သော အဖြူရောင် အလင်းတန်းဖြင့် တလက်လက် တောက်ပနေသော သတ္တုရိုင်း တစ်တုံးကို တွေ့လိုက်ရသည်။
"ဒါက..."
ကျန်းပေရန် ရှေ့သို့ လျှောက်သွားပြီး ၎င်းကို တို့ထိလိုက်ရာ အမှန်တကယ်ပင် လက်ကို အနည်းငယ် ပူလောင်စေသည်ကို တွေ့ရှိလိုက်ရသည်။
ဒါ... မီးတောက်လောင်ခြင်း နှလုံးသား ဖြစ်နိုင်မလား။
ကျန်းပေရန် သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်ကြောင့် တုန်လှုပ်ကာ မျက်လုံးများ မပြူးကျယ်ဘဲ မနေနိုင် ဖြစ်သွားသည်။ 'မီးတောက်လောင်ခြင်း နှလုံးသား' က 'ထူးဆန်း ပန်းပွင့် အဆင့်သတ်မှတ်ချက်များ' ထဲမှ ကျော်ကြားသော ထိပ်တန်း အဆင့် သတ္တုရိုင်း တစ်ခု ဖြစ်သည်။
၎င်းက ကမ္ဘာမြေ၏ အတွင်းဘက် အူတိုင်မှ အပူနှင့် စွမ်းအင်ကို အဆက်မပြတ် စုပ်ယူလိမ့်မည်ဟု ကောလာဟလ ထွက်ရှိခဲ့သည်။ ၎င်း စွမ်းအင်ကို အပြည့်အဝ စုပ်ယူပြီးသည်နှင့် ၎င်းက အံ့ဩဖွယ် အပူရှိန်ဖြင့် ပေါက်ကွဲ ထွက်ပေါ်လာမည် ဖြစ်ပြီး ဒီအပူရှိန်က ပို၍ ပို၍ ကြောက်မက်ဖွယ် ကောင်းလာကာ မိုင်ပေါင်း ထောင်ချီသော မြေပြင်ကိုပင် သဲကန္တာရ အဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။
ဗေဒင် ဟောချက်အရ ဒီ 'မီးတောက်လောင်ခြင်း နှလုံးသား' အပိုင်းအစက အပူ စုပ်ယူခြင်းကို ယခုလေးတင် ပြီးဆုံးသွားသင့်ပြီး ၎င်း၏ စွမ်းအားကို အခုမှ စတင် ပြသနေပုံပဲ။
အကယ်၍ ၎င်းကို စောစော မတွေ့ရှိခဲ့ပါက ၎င်း ပေါက်ကွဲ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အပူရှိန်က မကြာမီ အစွမ်းထက်သော ကျင့်ကြံသူများကို ဆွဲဆောင် လာလိမ့်မည်။
ဒါပေမယ့် အခု ဒါက ငါ့အပိုင်ပဲ။
"ဟူး..."
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ကျန်းပေရန်က ကျောက်ခြင်္သေ့ တစ်ကောင် အရွယ်အစား ရှိသော 'မီးတောက်လောင်ခြင်း နှလုံးသား' ပေါ်သို့ သူ၏ လက်ဝါးကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ "ချလွင်" ကြည်လင်သော အသံတစ်ချက်နှင့်အတူ 'မီးတောက်လောင်ခြင်း နှလုံးသား' က အပိုင်းအစ ရှစ်ခုအဖြစ် ညီတူညီမျှ ကွဲထွက်သွားသည်။
'မီးတောက်လောင်ခြင်း နှလုံးသား' ၏ ကွဲအက်သွားသော အပိုင်းအစများကို သီးခြား သိုလှောင်လက်စွပ် ရှစ်ကွင်းထဲသို့ ထည့်လိုက်ပြီး ကျန်းပေရန်က အစီအရင်ကြီးကို ဖျက်သိမ်းကာ တွင်းထဲမှ ခုန်ထွက်လိုက်သည်။
"ငါ ပစ္စည်းကို ရပြီ။ မင်းတို့အားလုံး တော်တော် ကောင်းကောင်း လုပ်ခဲ့ကြတယ်"
ကျန်းပေရန်က တွင်း၏ ဝင်ပေါက်တွင် ရိုသေစွာ စောင့်ဆိုင်းနေသော တပည့် သုံးဦးကို ကြည့်ရင်း ပြောလိုက်သည်။
"ဆရာ (အကိုကြီး) ရဲ့ ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်" သုံးဦးသား တစ်ပြိုင်နက်တည်း အရိုအသေပြုလိုက်ကြသည်။
ခေါင်းညိတ်လိုက်ပြီး ကျန်းပေရန်က မြေပုံ တစ်ချပ်ကို ထုတ်ယူကာ ကူချင်းဟွမ်းထံ ကမ်းပေးလိုက်သည်။
"မြေပုံပေါ်မှာ အမှတ်အသား လုပ်ထားတဲ့ နေရာက 'မိုးပြာရောင် လွမ်ငှက်' တစ်ကောင် နားခိုခဲ့တဲ့ နေရာလို့ ကောလာဟလ ထွက်ရှိတယ်။ သွားပြီး စုံစမ်း"
"မိုးပြာရောင် လွမ်ငှက်"
ဆိုသော စကားလုံးများကို ကြားသောအခါ ကူချင်းဟွမ်း သိသိသာသာ မှင်သက်သွားသည်။ ဒါက ဒဏ္ဍာရီလာ ဖီးနစ်ငှက် ငါးမျိုးထဲမှ တစ်မျိုး ဖြစ်ပြီး မင်္ဂလာ ရှိခြင်း၏ သင်္ကေတ တစ်ခု ဖြစ်သည်။ ဒီလို နတ်ဘုရား ငှက်တစ်ကောင် နားခိုခဲ့သော နေရာက ရှားပါး ရတနာများကို သေချာပေါက် ပိုင်ဆိုင်ထားလိမ့်မည်။
"ဟုတ်ကဲ့" ကူချင်းဟွမ်းက မြေပုံကို ယူပြီး အရိုအသေပြုလိုက်သည်။
"အင်း ချင်းစစ်ကို သွားရှာ ငါ မင်းတို့ရဲ့ သတင်းကို စောင့်နေမယ်"
"ဟုတ်ကဲ့"
ကျန်းပေရန်ကို တစ်ပြိုင်နက်တည်း အရိုအသေပြုပြီးနောက် သူတို့ သုံးဦးသား တဲဆီသို့ လျှောက်သွားကြသည်။ ကျန်းပေရန် အတွက်မူ သူ သူ၏ ကောင်းကင်တိမ်တိုက်ကို စီးနင်းပြီး နန်းတော်ဆီသို့ ပျံသန်းသွားသည်။
လမ်းတစ်လျှောက်လုံး ကျန်းပေရန်က ဒီ 'မီးတောက်လောင်ခြင်း နှလုံးသား' ကို ဘယ်လို ကောင်းကောင်း အသုံးချရမလဲ ဆိုတာကို ဆက်တိုက် တွေးတောနေသည်။
ဒီလောက် ကြီးမားတဲ့ အပိုင်းအစကြီး လက်နက်တွေ ထုလုပ်ဖို့ အားလုံး သုံးပစ်လိုက်ရတာ နှမြောစရာပဲ ငါ ပစ္စည်း သွန်းလုပ်ခြင်းကို စမ်းကြည့်သင့်တယ်။
နန်းတော်သို့ ရောက်ရှိပြီး ကျန်းပေရန်က ပထမဦးစွာ နောက်ဘက် ခြံဝင်းသို့ သွားပြီး အမြီးခြောက်ခု မြေခွေးကို ပုံဆောင်ခဲ တစ်တုံး ပစ်ပေးလိုက်သည်။ မြေခွေးက သူ၏ သရုပ်ဆောင်မှုကို စတင်ရန်ပင် မမီလိုက်ခင် သူ ထွက်ခွာသွားပြီး နန်းတွင်းစာကြည့်ခန်းသို့ ပြန်လာခဲ့သည်။
"အရှင်မင်းကြီး"
ဧကရာဇ် တံခါး တွန်းဖွင့်လိုက်သည်ကို မြင်သောအခါ မုယောင်နှင့်အတူ စာ ဖတ်နေသော ခုံချန်ချန်က ချက်ချင်း ပြေးလွှားလာပြီး အရိုအသေပြုလိုက်သည်။
"ဒီအစေခံ ဧကရာဇ်မင်းကို ဂါရဝပြုပါတယ်"
ခုံချန်ချန်ကို အကဲခတ်လိုက်ပြီး ကျန်းပေရန်က ရုတ်တရက် မေးလိုက်သည်။
"ငါကိုယ်တော် မေးမယ် မင်း နောက်ဆုံး ကျင့်ကြံခဲ့တာ ဘယ်လောက် ကြာပြီလဲ"
အကယ်၍ မုယောင်က နန်းတော်ထဲတွင် ရှိနေစဉ် အတော်လေး များစွာ သင်ယူခဲ့ရသည်ဟု ဆိုနိုင်လျှင် ခုံချန်ချန်ကတော့ အစမှ အဆုံး အမှန်တကယ် စားလိုက်သောက်လိုက် ပျော်ပါးလိုက်သာ လုပ်နေခဲ့သည်။ သူမက နန်းတော်၏ ဟင်းလျာများကို ကျန်းပေရန် ကိုယ်တိုင်ထက်ပင် ပို၍ မြည်းစမ်းဖူးလောက်သည်။
"အဲ..."
အစောပိုင်းက ပျော်ရွှင်နေသော ခုံချန်ချန်၏ မျက်နှာအမူအရာက ရုတ်တရက် တွန့်ကွေးသွားသည်။ သူမက မိုက်မဲသော အပြုံးတစ်ချက်ဖြင့် ပြန်ဖြေသည်။
"ဒီအစေခံရဲ့ တစ်ခုတည်းသော ဆန္ဒက ဧကရာဇ်ကို အမှုထမ်းဖို့ပါပဲ ပြီးတော့ ကျင့်ကြံဖို့ စိတ် မရှိပါဘူး"
ခုံချန်ချန်၏ အဖြေကို ဥပေက္ခာပြုလိုက်ပြီး ကျန်းပေရန်က မုယောင်ကို ကြည့်ကာ မေးလိုက်သည်။
"သူ့ရဲ့ ကျင့်ကြံမှု အရည်အချင်းက အရမ်း ညံ့ဖျင်းနေလို့လား"
"ဒါက ညံ့ဖျင်းတာ မဟုတ်ဘူး သူက ပျင်းတာ" မုယောင်က အလွန် တိုက်ရိုက် ပြန်ဖြေသည်။
"အစ်မကြီး"
ခုံချန်ချန်က တွန့်လိမ်ကာ ညည်းတွားရင်း သူမ၏ မကျေနပ်မှုကို ဖော်ပြသည်။
"ဘာလဲ ငါပြောတာ တစ်ခုခု မှားသွားလို့လား" မုယောင်က ခုံချန်ချန်ကို ကြည့်လိုက်သည်။
"အဲ မမှားပါဘူး ဒါပေမယ့် အစ်မ နောက်တစ်ခါ နည်းနည်း ပိုပြီး ပါးနပ်လို့ မရဘူးလား"
"ဥပမာ"
"ဥပမာ..."
ခုံချန်ချန်က မျက်နှာကြက်ကို စိုက်ကြည့်ရင်း အချိန်အကြာကြီး အပြင်းအထန် စဉ်းစားနေသည်။ သူမ ဘေးနားမှ ဧကရာဇ်က "မင်းက အချိန်အခါသင့်တာကို စောင့်နေတယ်လို့ ပြောရင် ဘယ်လိုလဲ"
"ဟုတ်တယ်။ ဒါပဲ အချိန်အခါသင့်တာကို စောင့်နေတာ"
ခုံချန်ချန်က ဒီလို ကြားပြီးနောက် သူမ၏ လက်များကို အကြိမ်ကြိမ် ရိုက်ခတ်လိုက်သည်။
"ဧကရာဇ်က အရမ်း ပါးနပ်တာပဲ"
ဟူး သူကတော့ ကယ်တင်လို့ မရတော့ဘူး။
ကျန်းပေရန်က ခေါင်းခါလိုက်ပြီး နဂါးပလ္လင် စားပွဲတွင် ထိုင်ချလိုက်သည်။
သူ ဘာ ရေးရမည်ကို စဉ်းစားနေစဉ်မှာပင် ကျန်းပေရန်က မုယောင် သူ့အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောသည်ကို တွေ့လိုက်ရသည်။
"ချန်ချန်က ကျင့်ကြံ မနေဘူး ဒါပေမယ့် ကျွန်မကတော့ ကျင့်ကြံသင့်တယ်။ အရှင်မင်းကြီး အရှင်မင်းကြီးက ဒီနေ့ ကျွန်မကို ပညာရပ်တွေ သင်ပေးသင့်တယ် မဟုတ်လား"
သူ ယခင် 'ရေခဲငွေ လက်စွပ်' ကို အတော်လေး ကျေနပ်သောကြောင့် ကျန်းပေရန်က မုယောင်၏ သူမကို ပညာရပ်တစ်ခု သင်ပေးရန် တောင်းဆိုမှုကို သဘောတူခဲ့သည်။ သို့သော် သူ သူမကို ဘာ ပညာရပ် သင်ပေးရမည်ကို ရုန်းကန်နေခဲ့ရသည်။ ဒါကြောင့် သူ ဒါကို ရွှေ့ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။
"ငါကိုယ်တော် မင်းကို ဘာသင်ပေးရမလဲ ဆိုတာ အခုထိ မစဉ်းစားရသေးဘူး။ လောလောဆယ် စောင့်နေဦး" ကျန်းပေရန်က ပြန်ဖြေသည်။
"စောင့်နေရတုန်းလား။ လဝက်တောင် ရှိနေပြီ" မုယောင်က နှုတ်ခမ်းစူလိုက်သည်။
"မင်း မစောင့်ချင်ဘူး ဆိုရင် မင်း ငါကိုယ်တော်ကို သင်ပေးဖို့ တောင်းဆိုစရာ မလိုဘူး"
"ဒါက ကျွန်မ မစောင့်ချင်တာ မဟုတ်ပါဘူး ကျွန်မ စောင့်ပါ့မယ် ကျွန်မ စောင့်ပါ့မယ် ဟုတ်ပြီလား" သက်ပြင်းချရင်း မုယောင်က ပြန်ထိုင်မည် အပြုတွင် ကျန်းပေရန် ပြောသည်ကို ကြားလိုက်ရသည်။
"ငါကိုယ်တော် မင်းကို ပညာရပ်တစ်ခု သင်ပေးဖို့ အချိန် မရှိသေးပေမယ့် မင်း တကယ် ကျင့်ကြံခြင်း စတင်သင့်ပြီ"
ဒီလို ကြားသောအခါ မုယောင်က ထပ်မံ သက်ပြင်းချမိပြီး မေးလိုက်သည်။
"ဒါပေမယ့် ကျွန်မ ကျင့်ကြံခြင်း စတင်လိုက်ရင် စာအုပ်တွေ ဖတ်ဖို့နဲ့ လျှောက်လွှာတွေ အတည်ပြုဖို့ အချိန် အများကြီး ရှိတော့မှာ မဟုတ်ဘူး"
"မင်းရဲ့ အချိန်ကို ဘယ်လို စီမံခန့်ခွဲရမလဲ ဆိုတာ မင်း သင်ယူဖို့ လိုအပ်တယ်"
"ကျွန်မ ဒါကို ဘယ်လို စီမံခန့်ခွဲရမလဲ"
"မင်းကိုယ်မင်း မေး"
"ဟုတ်ကဲ့..."
မုယောင် ပြန်ထိုင်သွားသည်ကို ကြည့်ရင်း ကျန်းပေရန်က သူ၏ စုတ်တံကို ယခုလေးတင် ကောက်ကိုင်လိုက်စဉ် ကျောက်စိမ်းငှက် တစ်ကောင် ရောက်ရှိလာသည်ကို ကြားလိုက်ရသည်။
ဒီနေ့ တော်တော် အလုပ်များတဲ့ နေ့ပဲ။
စုတ်တံကို ချလိုက်ပြီး ကျန်းပေရန်က နန်းတွင်းစာကြည့်ခန်းထဲမှ ထွက်လာကာ သူ၏ လက်ညှိုးကို ဆန့်တန်းပြီး ချဉ်းကပ်လာသော ကျောက်စိမ်းငှက်ကို ဖမ်းယူလိုက်ပြီး ၎င်း၏ အမွေးများထဲမှ သတင်းစကားပြွန်ကို ပြန်လည် ထုတ်ယူလိုက်သည်။
ကျောက်စိမ်းငှက်က သူ၏ မြည်ကြွေးသံကို မစတင်မီ ကျန်းပေရန်က သားရဲ အသား တစ်တုံးကို ၎င်း၏ ပါးစပ်ထဲသို့ အရင် ပစ်ထည့်လိုက်သည်။ သတင်းစကားပြွန်ကို ဖွင့်လိုက်ပြီး ကျန်းပေရန်က အတွင်းမှ စာကို ဆွဲထုတ်လိုက်ရာ ၎င်းက လီဖူချန်ထံမှ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
အကြောင်းအရာ၏ အထွေထွေ အကျဉ်းချုပ်မှာ သူ၏ အမှားကို နားလည်သွားပြီ ဖြစ်ကြောင်း သူ စာမျက်နှာသစ်တစ်ရွက် လှန်လိုက်ပြီ ဖြစ်ကြောင်း ယခင်ကကဲ့သို့ သူ့အပေါ် မှီခိုတော့မည် မဟုတ်ကြောင်းနှင့် သူ ကိစ္စကို သူ၏ ကိုယ်ပိုင် အစွမ်းအစဖြင့် ဖြေရှင်းပြီး ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
"ကြည့်ရတာ 'ငါကိုယ်တော် မင်းကို အရမ်း စိတ်ပျက်မိတယ်' ဆိုတာက တကယ် ထိုးနှက်ချက် ပြင်းခဲ့ပုံပဲ"
သို့သော် ဒီရလဒ်က ကျန်းပေရန် ပျော်ရွှင်စွာ တွေ့မြင်လိုသော တစ်ခုလည်း ဖြစ်သည်။ နောက်ဆုံးတွင် မရေမတွက်နိုင်သော ရွေးချယ်စရာများက သူ့ကို ပြောကြားခဲ့သည်။ အကယ်၍ သူ တကယ် လီဖူချန်၏ အစ်ကိုကြီး သို့မဟုတ် အကာအကွယ်ပေးသူ ဖြစ်လာခဲ့ပါက ဒုက္ခက မကြာမီ သို့မဟုတ် နောက်ကျ သေချာပေါက် တံခါး လာခေါက်လိမ့်မည်။
ဒါ့အပြင် ကျန်းပေရန်က လီဖူချန်ကဲ့သို့ ဇာတ်လိုက် ကံကြမ္မာ ရှိသူ တစ်ဦးက သူ၏ ကိုယ်ပိုင် ခြေထောက် နှစ်ချောင်းပေါ် ရပ်တည်နိုင်စေရန်လည်း မျှော်လင့်သည်။ သူက အမြဲတမ်း တခြားသူတွေကို အားကိုးဖို့ တွေးနေမယ် ဆိုရင် သူ ဘယ်လိုလုပ် ဇာတ်လိုက်တစ်ယောက် ဖြစ်နိုင်မှာလဲ။
အကြောင်းပြန်စာ မရေးဘဲ ကျန်းပေရန်က လီဖူချန် သူ၏ ဆိုလိုရင်းကို နားလည်လိမ့်မည်ဟု ယုံကြည်ရင်း ကျောက်စိမ်းငှက်ကို လွှတ်လိုက်သည်။