← Chapters

အရဲကိုး၍ စွန့်စားခြင်း

Vol. 1 Ch. 107

အရဲကိုး၍ စွန့်စားခြင်း

Vol. 1 Ch. 107

"ဝှစ်  ....  "

ဒူးလေးမှ မြားသည် ထွက်ပေါ်လာခဲ့ပြီး လုပ်ကြံသူ၏ တင်ပါးတွင် စိုက်သွားခဲ့လေသည်။

"လောင်စန်း  ....  "

အခြားလုပ်ကြံသူသည်လည်း ကျောက်တုံး အပိုင်းအစများကို ရှောင်တိမ်းရန် ကြိုးစား နေခဲ့သည်။ သူသည် လေတိုးသံတစ်ခုကို ကြားလိုက်ရပြီး အတွင်းအား အချို့ကိုပါ ခံစားမိ၍ အံ့အားသင့် သွားခဲ့သည်။ သူသည် ဘေးရှိ လုပ်ကြံသူကို ကြည့်လိုက်သောအခါ မျက်လုံးများ ပြူးကျယ်နေ၍ ပါးစပ်မှ သွေးများ စီးကျနေသည်ကို တွေ့လိုက်ရသည်။ ကိုယ်သည်လည်း ပျော့ခွေကာ လဲကျသွားခဲ့သည်။

"ဘန်း  ....  "

မြေပြင်သည် တုန်ခါသွားခဲ့ပြီး ရွှံ့များပေနေသော အစိမ်းရောင် ဓားသည် လုပ်ကြံသူ၏ အလောင်းကို ပိုင်းဖြတ် သွားခဲ့ပေသည်။ သွေးများသည် ပန်းထွက် လာခဲ့လေသည်။

ကျန်းရီ၏ မျက်နှာသည် သွေးများဖြင့် ရွှဲနေ၍ မျက်လုံးတွင် ကြောက်စရာ အရိပ်အယောင်များ ပြည့်နှက် နေခဲ့သည်။ သူသည် ငရဲပြည်မှ တက်လာခဲ့သော နတ်ဆိုး တစ်ကောင် အလားပင်။ လုပ်ကြံသူသည် ကျန်းရီကို မြင်သောအခါ တုန်လှုပ်သွားခဲ့သည်။

ကျန်းရီသည် နေရာမှ ထွက်လာခဲ့ပြီ ဖြစ်သည်။ လုပ်ကြံသူသည် ရုတ်တရက် ဖြစ်ရပ်များကြောင့် မှင်တက် နေခဲ့သည်။ သို့သော် သတိထားမိသည်နှင့် အမြန် တုံ့ပြန် လိုက်သည်။ သူ့လက်တွင် အတွင်းအားများ ထွက်ပေါ်လာပြီး ကျန်းရီ၏ ဦးခေါင်းပေါ်သို့ ရိုက်ချလာခဲ့သည်။

"နတ်ဘုရား သတ်ဖြတ်ခြင်း ဒူးလေး  ....  "

ကျန်းရီသည် အော်ဟစ်လိုက်ပြီး ဘယ်ဘက်လက်ကို မြှောက်လိုက်သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း လေးမှ အနက်ရောင်အလင်း တောက်ပလာသော အချိန်တွင် လုပ်ကြံသူသည် လက်ကို အမြန်ရုပ်ကာ နောက်ဆုတ်လိုက်သည်။

"မင်းက လှည့်စားရဲတယ်  ....  "

ကျန်းရီသည် ရယ်မောလိုက်သည်။ ကံတရား၏ ဓားစိမ်းသည် မိုးရွာသည့်နှယ် လုပ်ကြံသူထံ ကျဆင်း သွားခဲ့သည်။ ဓားသည် ဓားပျံတစ်ခုနှယ် လုပ်ကြံသူထံ ပျံသန်း သွားခဲ့သည်။ ၎င်းသည် မိုးစက်ဓားသိုင်း၏ တတိယမြောက် သိုင်းကွက် ဆောင်းဦး မိုးစက်ဓား ဖြစ်လေသည်။

သိုင်းသမားများ၏ တိုက်ပွဲတွင် ထိန်းချုပ်နိုင်မှုသည် အရေးကြီးသည်။ ရန်သူကို သာမက မိမိကိုယ်ကိုပါ ထိန်းချုပ်နိုင်ရမည်။ လုပ်ကြံသူသည် တစ်ချက် တွေဝေ သွားသောကြောင့် ကျန်းရီ၏ တိုက်ခိုက်ရာ လမ်းကြောင်းကို ရှုပ်ထွေးသွားရသည်။

မိုးစက်ဓားသိုင်း၏ တတိယမြောက် သိုင်းကွက် ဆောင်းဦးမိုးစက်ဓားသည် အတွင်းအားကို လက်နက်တွင် ထည့်သွင်း၍ လက်နက်ကို အားကုန် ပစ်ထုတ်ရသော တိုက်ကွက် ဖြစ်သည်။ ထိုတိုက်ခိုက်မှုသည် ရန်သူကို ထိခိုက်အောင် မလုပ်နိုင်လျှင် လက်နက် ဆုံးရှုံးခြင်းက အလျော်အစား ဖြစ်သည်။

လုပ်ကြံသူသည် ကျန်းရီ သူ့လက်နက်အား ပစ်ထုတ် လိုက်သည်ကို တွေ့သောအခါ ပျော်သွားခဲ့သည်။ သူသည် လက်ကို အားကုန်လွှဲ၍ အစိမ်းရောင်ဓားကို ရိုက်ထုတ်လိုက်သည်။ သို့သော် ကျန်းရီ၏ အဆုံးအဖြတ် တိုက်ကွက်သည် ထိုတိုက်ကွက် မဟုတ်မှန်း သူမသိခဲ့ပေ။

အတွင်းအား ပေါက်ကွဲလက်ဝါး  ....

အတွင်းအား ပေါက်ကွဲဝါးသည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ အပြာရောင်နှင့် အနက်ရောင် အလင်းများ လက်နေသော လက်ဝါးသည် လုပ်ကြံသူထံ ကျရောက် သွားခဲ့လေသည်။

"ဗုန်း  ....  "

ပေါက်ကွဲသံကြီးသည် ထွက်ပေါ်လာခဲ့ပြီး လုပ်ကြံသူသည် လွင့်စဉ် သွားခဲ့လေသည်။ ကျန်းရီသည် သဏ္ဌာန် သုံးဆင့် အသွင်ပြောင်းခြင်း သတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူသာ အင်အား အကုန်သုံးလျှင် ခရမ်းရောင်နန်းတော်ရှင် တတိယ အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်ပေသည်။

ကျန်အချိန်များတွင်မူ လုပ်ကြံသူသည် ခရမ်းရောင်နန်းတော်ရှင် တတိယအဆင့်၏ တိုက်ခိုက်မှုကို ကြောက်လန့်နေမည် မဟုတ်ဘဲ အလွယ်တကူ အနိုင်ယူလိုက်နိုင်မည် ဖြစ်သည်။ သို့သော် ကျန်းရီ၏ ဖိနှိပ်ခြင်း ခံထားရသောကြောင့် သူသည် တိုက်ခိုက်မှုကို မရှောင်တိမ်း နိုင်တော့ပေ။

"အား .... "

လုပ်ကြံသူသည် ချောက်ချားဖွယ် အော်ဟစ် လိုက်ချိန်တွင် ရထားလုံး တစ်ခုတွင်းရှိ ကျောင်းသူ တစ်ယောက်ထံမှ အော်သံကလည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ ကျန်းရီသည် သွေးအစအနများ အလယ်သို့ လျှောက်သွားလိုက်ကာ ကံတရား၏ ဓားစိမ်းကို ခြေထောက်ဖြင့် ကော်၍ ပင့်မြှောက် လိုက်သည်။ သူသည် ဓားကို အလွယ်တကူပင် ဖမ်းလိုက်ပြီး ပုံရိပ်ယောင် တစ်ခုနှယ် ပြေးထွက် လာခဲ့သည်။ လုပ်ကြံသူ မတုံ့ပြန် နိုင်ခင်မှာပင် ကျန်းရီ၏ ဓားသည် သူ့ရင်ဘတ်ထံ ထိုးစိုက် သွားခဲ့လေသည်။

ပေါက်ကွဲသံကြီးသည် ဆရာများနှင့် အစောင့်များကို အသိပေးလိုက် သကဲ့သို့ပင်။ သူတို့သည် ခပ်လှမ်းလှမ်းမှ ပုံရိပ်နှစ်ခုကို ကြည့်လိုက်ကြသည်။ ဆရာ တစ်ယောက်သည် မျက်နှာပျက် သွားကာ အော်ပြောလိုက်သည်။

"ငါသွားပြီး ကြည့်လိုက်မယ်  ....   .... မင်းတို့တွေ ဒီတောင် ဖြိုခွင်းကြွက်ကို သတ်လိုက်ကြ  ....  "

တောင်ဖြိုခွင်း ကြွက်သည် သေဆုံးတော့မည် ဖြစ်သော်လည်း ဒုတိယအဆင့် နတ်ဆိုးသားရဲ ဖြစ်သည်။ ဆရာများသည် မပေါ့ဆရဲဘဲ အင်အားအပြည့် ဆက်တိုက်ခိုက် လိုက်ကြသည်။

"ဆရာရှောင် .... ငါတို့လည်း မင်းနဲ့ အတူလိုက်မယ်  ....  "

အခြားဆရာနှစ်ယောက်သည်လည်း အော်ပြောလိုက်သည်။ ဆရာရှောင်၏ မျက်လုံး များသည် တောက်ပ သွားခဲ့ပြီး ခေါင်းညိတ် လိုက်သည်။ သူတို့ သုံးယောက်သည် ကျန်းရီထံ အလျင်အမြန် ပြေးလာကြသည်။

"ကျွန်မလည်း ကြည့်သင့်တယ်လေ"

ကြည်လင်သော အသံတစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး လှပသော ဆရာမ တစ်ယောက်သည် ပြေးထွက် လာခဲ့သည်။ ဆရာရှောင်နှင့် အခြားဆရာ နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် မျက်မှောင်ကြုတ် လိုက်ကြပြီး ဆရာရှောင်သည် ပြန်ပြော လာခဲ့သည်။

"မလိုဘူးမလား  ....   .... .ဆရာမစု .... ပြဿနာ မရှိလောက်ပါဘူး"

အဖြူဝတ်ထားသော စုလောရွှယ်သည် မည်သည့် စကားကိုမှ နားမထောင်ဘဲ ကျန်းရီထံ ပြေးသွား လိုက်သည်။ ဆရာရှောင်နှင့် အခြားဆရာ နှစ်ယောက်သည် မျက်နှာမသာမယာနှင့် လိုက်လာ ကြသည်။

"ဘာတွေဖြစ်နေတာလဲ  ....  "

သူတို့လေးယောက် ကျန်းရီရှိသော နေရာသို့ ရောက်လာသောအခါ ဆရာရှောင်သည် ကြည့်ကာ အေးစက်စက် ပြောလာခဲ့သည်။ အခြားဆရာ နှစ်ယောက်သည်လည်း သွေးများရွှဲနေသော ကျန်းရီကို ကြည့်နေကြသည်။

"လူသတ်သမား  ....   .... သူက အစောင့်အဖွဲ့က လူတစ်ယောက်ကို သတ်လိုက်တယ်  ....  "

ရထားလုံး တစ်ခုအတွင်း ပုန်းနေသော ကျောင်းသူ တစ်ယောက်သည် ကျန်းရီကို လက်ညှိုး ထိုး၍ ချောက်ချားစွာ အော်ဟစ်လိုက်သည်။

ကျန်းရီသည် မြေပေါ်သို့ ထိုင်ချလိုက်ပြီး ဆေးတစ်လုံး ထုတ်ကာ ဝါးစားနေလိုက်သည်။ သူသည် စုလောရွှယ်နှင့် အခြားဆရာများ ရောက်လာသည်ကို မြင်သောအခါ သူသည် အရေပြားအတု မျက်နှာဖုံးကို ချွတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်တော်က ကျန်းရီ .... အပြင်ဆောင် ကျောင်းသားတစ်ယောက်ပဲ .... အများကြီး ဖြစ်မသွားပါဘူး .... မျိုးမစစ်လေးတွေက ကျွန်တော့်ကို သတ်ဖို့ ကြိုးစားနေလို့ နည်းနည်း ပြန်သတ်လိုက်ရုံပဲ"

"ဒီလိုရဲတင်းမှု  ....   .... အစောင့်တစ်ယောက်ကို သတ်လိုက်တယ်လား  ....   .... မင်းသေရမယ်  ....  "

ဆရာရှောင်သည် ကျန်းရီထံ ပြေးသွားခဲ့သည်။ ဘေးရှိ ဆရာနှစ်ယောက်သည်လည်း လက်နက်များ ထုတ်လိုက်ကြကာ မျက်လုံးမှ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ် လာခဲ့သည်။ စုလောရွှယ်သည် ရုတ်တရက် အေးစက်စွာ ပြောလာခဲ့သည်။

"ဆရာရှောင် .... ရှင်က သေချင်နေတာလား  ....   .... .ရှင်က စည်းကမ်းကို ချိုးဖောက်ပြီး ကျောင်းသား တစ်ယောက်ကို သတ်မလို့လား  ....   .... ဒါမှမဟုတ် ကျွန်မကိုပါ နှုတ်ပိတ်မလို့လား  ...."

ဆရာရှောင်သည် ရပ်တန့်လိုက်ပြီး စုလောရွှယ်ကို လှည့်ကြည့်လိုက်သည်။

"ဆရာမစု .... ဘာတွေ ပြောနေတာလဲ  ....   .... ဒီကျောင်းသားက အစောင့်တစ်ယောက်ကို ရဲတင်းပြီးတော့ သတ်လိုက်တယ် .... သူ့ကို နေရာမှာတင် ကွပ်မျက် လိုက်တာက မသင့်တော်ဘူးလား  ....  "

"ရှင်က သူ့ကို ကွပ်မျက် ချင်တယ်ဆိုရင်တောင် ကျောင်းအုပ်ချီ ပြန်အလာကို စောင့်ရမယ် မဟုတ်လား  ....  "

စုလောရွှယ်၏ မျက်လုံးများသည် လှောင်ပြောင်လိုသော အရိပ်အယောင်များနှင့် တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျွန်မ ရှင့်ကို အကြံ တစ်ခုလောက် ပေးလိုက်မယ် .... ရှင်က ကျွန်မကို နှုတ်ပိတ်နိုင်တာ မသေချာရင် ဘာမှမလုပ်တာ အကောင်းဆုံးပဲ .... မဟုတ်ရင်တော့ .... ရှင့်ကို သေမင်းက စောင့်နေလိမ့်မယ်"

ကျန်းရီသည်လည်း ရယ်မောလိုက်သည်။

"မစိုးရိမ်ပါနဲ့ .... ကျွန်တော့်ကို သတ်ခိုင်းလိုက်စမ်းပါ .... ကျွန်တော်ကျန်းရီက ခရမ်းရောင် နန်းတော်ရှင် အဆင့် အစောင့် သုံးယောက်ကို ဆက်တိုက် သတ်ပြီးပြီပဲ .... ဆရာသုံးယောက်ကို ထပ်သတ်ပေးရမှာ ကြောက်မနေတော့ပါဘူး .... ခင်ဗျားတို့ မကြောက်ရင်လာလေ .... ချစ်လှစွာသော ဆရာသုံးယောက်ရေ .... ခင်ဗျားတို့ ခရမ်းရောင်ရွှေတွေ ရထားတယ်ဆိုတာ ကျွန်တော်သိတာပေါ့ .... ဒါပေမဲ့ အဲဒါတွေကို သုံးဖို့ အသက်ရော ရှိသေးရဲ့လား  ....  "

"အမ်  ....  "

ဆရာရှောင်နှင့် အခြား ဆရာနှစ်ယောက်သည် မျက်နှာများ ပျက်သွားကြသည်။ သူတို့သည် မြေပြင်ပေါ်မှ အလောင်းများကို ကြည့်လိုက်ပြီး အလောင်းတစ်ခုသည် တစ်စစီ ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ တွန့်ဆုတ် သွားကြသည်။ အရေးအကြီးဆုံး သည်ကား သူတို့သည် စုလောရွှယ်ကိုပါ ရှင်းပစ် နိုင်မည်လား ဆိုသည်မှာ မသေချာ ....

သူတို့သုံးယောက် တွန့်ဆုတ်နေသော အချိန်တွင် ပုံရိပ်နှစ်ခုသည် ပျံသန်းလာခဲ့သည်။ သူတို့သည် အစောင့်ဝတ်စုံများ ဝတ်ဆင် ထားကြသည်။ သူတို့သည် ကျန်းရီကို သတ်ဖြတ်ချင်စိတ် အပြည့်ဖြင့် စိုက်ကြည့် နေကြသည်။

သေစမ်းကွာ  ....

ကျန်းရီနှင့် စုလောရွှယ်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြသည်။ ပြိုင်ဘက်၏ စစ်ကူများ ရောက်လာမှတော့ ဆရာသုံးယောက်သည် အရဲ စွန့်ကြပေတော့မည်။

ထင်ထားတဲ့ အတိုင်းပဲ  ....

စုလောရွှယ်ဘေးရှိ ဆရာနှစ်ယောက်သည် ဓားများ ထုတ်လိုက်ကာ စုလောရွှယ်ကို တိုက်ခိုက် လာကြလေသည်။ တစ်ဖက်တွင် ဆရာရှောင်သည် အော်ဟစ်ရင်း ကျန်းရီထံ ပြေးဝင် လာခဲ့သည်။

"ကျန်းရီ  ....   .... မင်းက အစောင့် တစ်ယောက်ကို သတ်ပစ်တယ် .... ငါဆရာက မင်းကို စည်းမျဉ်း အတိုင်း ကွပ်မျက် ပေးမယ်  ....  "

"သတ်  ....  "

လုပ်ကြံသူ နှစ်ယောက်သည် ဘာဖြစ်နေသည်ကို ချက်ချင်း နားလည်လိုက်သည်။ ဒီသုံးယောက်သည် သူတို့ အလုပ်ရှင်ပြောသော သူလျှိူများ ဖြစ်ရပေမည်။ သူတို့သည် ချက်ချင်း လူခွဲလိုက်ကာ တစ်ယောက်က ကျန်းရီအား သတ်ရန် ဆရာရှောင်အား ကူညီလိုက်သည်။ အခြားတစ်ယောက်သည် စုလောရွှယ်ထံ သွားလိုက်သည်။

"လူသတ်သမား .... လူသတ်သမား .... "

ရထားလုံးအတွင်း ပုန်းနေသော ကျောင်းသူသည် ဖြစ်နေသည်များကို နားမလည်ပေ။ သူမ၏ ကိသည် တဆတ်ဆတ် တုန်ယင်နေကာ အဆက်မပြတ် အော်ဟစ်နေခဲ့သည်။ သူမ၏ ကြောက်လန့်နေသော မျက်နှာသည် လရောင်အောက်တွင် ဖြူဖျော့ နေခဲ့သည်။

*****

All Chapters