စက်ဝိုင်းပုံစံ တွင်းနက်ကြီးရဲ့ လျို့ဝှက်ချက်
Vol. 24 Ch. 331
"ဒီတွင်းနံရံမှာ ပုံမှန်မဟုတ်တာတွေ ရှိနေ တာလား သခင်ရ.."
စူးစမ်းတတ်တဲ့ ကလေးတစ်ဦးလို လိပ်ကြီး က စူးစမ်းလိုစိတ်အပြည့်နဲ့ မေးလိုက် သည်။
လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် ၏။
"မင်း တွင်းနံရံကို ကြည့်လိုက်တော့ ထူး ဆန်းတာတွေ့လား.."
တွင်းနံရံရှေ့ကို လိပ်ကြီး ကူးခတ် သွား သည်။ အလွန်အာရုံခံနိုင်တဲ့ အစွမ်းရှိတာ ကြောင့် တွင်းနံရံရဲ့ ကွဲပြားမှု့ကို ခွဲခြား သိနိုင် ပေ သည်။
လျူယောင်တွင် တတိယ အမြင်အာရုံ ရှိသည်။ ပင်လယ်ကြမ်းပြင် မှောင်မိုက်တဲ့ နေရာများကိုပင် နေ့အလင်းရောင်လို ရှင်းလင်းစွာ မြင်နေရသည်။
အခုလေးတင် တွင်းနံရံတွင် ပုံမှန်မဟုတ်တဲ့ ဟာကို လျူယောင် တွေ့ခဲ့သည်။ ပိုတိကျစွာ ပြောရရင် တွင်းနံရံက အလွှာလိုက် ရှိနေ သည်။ အချို့အလွှာများက အနက်ရောင် ဖြစ်ပြီး အချို့မှာတော့ မီးခိုးရောင်ဖျော့ဖျော့ ဖြစ်ကာ အချို့မှာမူ မီး ခိုးရောင် ဖြစ်နေ သည်။သေချာ ရှင်းလင်းတဲ့ အလွှာများရှိနေ သည်။
ဒီဟာက တွင်းအလွှာတစ်ခုနှင့် တူနေ၏။
" ဒီစက်ဝိုင်းတွင်းကြီးက မိုင်းတွင်းတစ်ခု ဖြစ်နေတာလား..ရှေးခေတ်လူတွေ ဒါမှ မဟုတ် ဂြိုဟ်သားများက ဒီနေရာမှာ နေပြီး သတ္တုတစ်မျိုးမျိုးကို တူးဖော်ခဲ့တာလား..."
လျူယောင် ဝေခွဲမရဖြစ်နေ ခဲ့သည်။သေချာ စဉ်းစားပြီးနောက် ဒီဟာက ဖြစ်နိုင်တယ်လို့ သူ ခံစားရသည်။
လိပ်ကြီး ငယ်နေသေးတာက ဝမ်းနည်းစရာ ပင်။ ဒီကောင်သာ ပိုကြီးပါက ဒီစက်ဝိုင်းပုံစံ တွင်းကြီးထဲကို ပိုနက်ရိူင်းစွာ ဝင်ရောက်နိုင် ပြီး မီတာ ၈,၀၀၀ ဒါမှမဟုတ် မီတာ ၉,၀၀၀ ကျော်ထိ ရောက်နိုင်မှာပဲ ဖြစ်၏။ဒီ လိုသာ ဆို အံ့သြစရာကောင်းတဲ့ တွေ့ရှိချက်များ လည်း ရှိလာနိုင်သည်။
"သခင်ရေ.. တွင်းနံရံရဲ့ အရောင်က ကွဲပြား ပြီး အလွှာလိုက် အလွှာလိုက်ဖြစ်နေတာ ပိုလှနေတယ်..."
လျူယောင် ပြန်ပြောလိုက်၏။
"ဒီပုံစံက မိုင်းအလွှာနဲ့ နည်းနည်းတူနေ တယ်.. ဒီတွင်းကြီးက သတ္တုတစ်မျိုးမျိုး တူးဖော်ထားတာကြောင့် ကျန်ရစ်ခဲ့တာ ဖြစ်နိုင်တယ်..."
လျူယောင်၏ ဒီရဲရင့်တဲ့ ခန့်မှန်းချက်ကို ကြားတဲ့အခါ လိပ်ကြီး အလွန်အံ့သြသွား သည်။ဒါကအမှန်တကယ်ပင် သူ့ရဲ့ သိနိုင် မှု့စွမ်းရည်ကို အနည်းငယ် ပြောင်းပြန်လှန် လိုက်သလို ဖြစ်နေသည်။
ဒါပေမဲ့ ဒီရဲရင့်တဲ့ ခန့်မှန်းချက်ကို လျူ ယောင် စိတ်ထဲတွင်သာ ထားခဲ့သည်။ အ ထူးသဖြင့် ဒီကြီးမားတဲ့တွင်းကို သူ ကြည့် လေလေ သဘာဝအတိုင်း ဖြစ်ပေါ်လာ ပုံ မပေါက်လေလေပဲ ဖြစ်သည်။
"လိပ်ကြီး နည်းနည်းကြီးအောင် ကြိုးစားကွာ ..မင်း ပိုနက်တဲ့နေရာကို ရောက်နိုင်တဲ့အခါ ဒီတွင်းထဲထပ်ဝင်ပြီး ကြည့်ကြမယ်..."
အလိုလိုသိစိတ်က လျူယောင်အား ပြောပြ နေပုံရသည်။ဒီ့ထက် ပိုနက်တဲ့ နေရာ ရောက်နိုင်ပါက တစ်ခုခုကို ရှာတွေ့နိုင်ပေ လိမ့်မည်။
လိပ်ကြီးက ခေါင်းညိတ်ကာ ပြန်ဖြေ လိုက် ၏။
"ဟုတ်ကဲ့ပါသခင်ရ ..ကျနော် ..ပိုကြီးအောင် ကြိုးစားပါ့မယ်..ကျနော် တန် ၁,၀၀၀ ကျော် အောင် ကြီးချင်တယ်"
"ကောင်းပြီ မင်းကို ငါ ယုံတယ် သွားကြ စို့..."
လျူယောင် ပြောလိုက်သည်။
လိပ်ကြီး ရေပေါ်ကူးခတ်လာပြီး မကြာမီ မှာပဲ စက်ဝိုင်းပုံစံတွင်းကြီးထဲမှ ထွက် လာ ကာ ကျယ်ပြောလှတဲ့ ပင်လယ်ကြမ်းပြင် အောက်က လွင်ပြင်ကို ပြန်ရောက်လာခဲ့ သည်။
ပြင်ပအမြင်ကို ပိတ်ပြီး အိမ်မွေးတိရစ္ဆာန် ချပ်ပြားကို လျူယောင် ပိတ်လိုက်သည်။
.......
နောက်တစ်နေ့...
လျူယောင် ကားဖြင့် Universal ကို ရောက် လာခဲ့သည်။
ရုံးခန်းထဲတွင် စာရွက်စာတမ်းများနဲ့ အစီရင်ခံစာအချို့ကို ဖတ်ရန် ဖြစ်၏။ ထို့နောက် Universal အဆောက်အအုံကို သွားရောက်ကြည့်ရှုမည်ဖြစ်သည်။
Universal အဆောက်အအုံက အပေါ်ထပ်ကို အမိုးမိုးပြီးစီးပြီဖြစ်လို့ မြေပေါ်တွင် ၉၈ ထပ်နှင့် မြေအောက်တွင် သုံးထပ် ရှိပေ သည်။ ယခုအခါ ပြင်ပနံရံအလှဆင်ခြင်း၊ အတွင်းပိုင်းရေနှင့်လျှပ်စစ်မီးတပ်ဆင်ခြင်းနှင့် အတွင်းပိုင်းအလှဆင်ခြင်းအချို့ကို စတင်လုပ်ဆောင်နေပြီပဲ ဖြစ်သည်။
ဆောက်လုပ်ရေးစတင်တာ တစ်နှစ်မပြည့်မှီ အပေါ်ဆုံး အမိုးကို ကို အောင်မြင်စွာ ပြီး စီး ခဲ့သည်။ ဒီအမြန်နှုန်းကို စံချိန်တစ်ခုအဖြစ် သတ်မှတ်နိုင်သည်။ အဓိကအားဖြင့် Universal ရဲ့ ပေါများတဲ့ ငွေကြေးနဲ့လည်း သက်ဆိုင်နေသည်။
စာရွက်စာတမ်းများစွာကို လျူယောင် ဖတ် နေစဉ် ကော်ဖီတစ်ခွက်ဖျော်ပြီး တစ်ငုံ သောက်ရန် ပြင်လိုက်ရာ လိပ်ကြီး၏ အသံက သူ့ စိတ်ထဲတွင် ပေါ်လာသည်။
"သခင်ရေ ကျနော် အလားတူ တွင်းကြီးတစ်တွင်းကို ထပ်တွေ့တယ်.."
"ဘာ.."
လျူယောင် တစ်ခဏ အံ့အားသင့်သွား သည်။ဒီလို စက်ဝိုင်းတွင်းကြီးကို တွေ့တာက မယုံနိုင်စရာ ကောင်းတာကို လိပ်ကြီးက နောက်ထပ် တစ်တွင်းတောင် တွေ့လိုက်သေး သည်။
တတိယအမြင်ကို လျူယောင် ချက်ခြင်း ဖွင့်လိုက်ရာ လိပ်ကြီးကို ချက်ချင်း မြင်လိုက် ရသည်။ ဒီကောင်ကြီးက ပင်လယ်ကြမ်း ပြင်မှ လွင်ပြင်တွင် ရှိနေသေးပြီး သူ့ရှေ့တွင် အောက်ခြေမရှိ ကြီးမားတဲ့ တွင်းကြီး တစ် တွင်း ရှိနေသည်။
ဒီတွင်းက ယခင်တွင်းကြီးနဲ့ ပုံစံ တူညီ နေသည်။ စံစက်ဝိုင်းပုံစံ ဒေါင်လိုက် အောက်ဘက် ဦးတည်ချက်နဲ့အချင်းမီတာ ၁,၀၀၀ ခန့် အကုန် တူညီပေသည်။
လိပ်ကြီးရဲ့ မလှမ်းမကမ်းမှာတော့ တန်ချိန် ထောင်ပေါင်းများစွာ အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးများစွာသာ မရှိရင် သူ့ရှေ့မှ တွင်းကို မနေ့ကတစ်ခု ဖြစ်မယ်လို့ လျူ ယောင် သံသယရှိမိပေလိမ့်မည်။
ဒုတိယ အလားတူ စက်ဝိုင်းပုံစံ တွင်းကြီး တစ်တွင်း ရှိနေသည်။ ဒီထဲကို ဝင်ကြည့်ရမှာ သေချာပေသည်။
လျူယောင် စိုးရိမ်စွာ မှာလိုက်၏။
"မင်း သတိလည်းထားအုံး .. ဖြည်းဖြည်း ချင်းဝင်.."
လျူယောင်ရဲ့ ညွှန်ကြားချက်အရ လိပ်ကြီး က တွင်းကြီးထဲ ဖြည်းဖြည်း ချင်းဝင် သွား ကာ တွင်းအောက်ခြေကို ကူးခတ်လာခဲ့ သည်။
တတိယအမြင်မှတစ်ဆင့် လျူယောင် ဂရု တစိုက်စောင့်ကြည့်နေသည်။ ဒီကြီးမားတဲ့ တွင်းကလည်း အရင်တစ်ခုနှင့် တူညီသည်။ အလွန်စံ ပုံစံဖြစ်နေတာနဲ့ ဒေါင်လိုက် အောက်ဘက် တည့်တည့်ရှိနေခြင်းက တူညီ နေသည်။
ဒါကို ဂြိုဟ်သားများက အချင်းမီတာ ၁,၀၀၀ ရှိတဲ့ မြေတူးစက်ဖြင့် တူးထားတာ ဖြစ်လိမ့်မယ်လို့ လျူယောင် ပြင်းပြင်းထန် ထန် သံသယရှိနေ သည်။
မဟုတ်ပါက ဘာကြောင့် ဒီလောက် ညီညာ နေရပါသနည်း။ ဒီတွင်းက ရိုးရိုး စက်ဝိုင်း တစ်ခုဖြစ်ပြီး ဒေါင်လိုက်ရှိနေတာကလည်း အလွန်တိကျကာ စောင်းသွားခြင်းပင် မရှိ ပေ။
မကြာမှီ ၆,၈၀၀ မီတာ ရေအနက်ကို လိပ် ကြီး ရောက်လာခဲ့ပြီး နောက်ထပ် ဆက်မ သွားနိုင်တော့ပေ။
ဒီနေရာလည်းအလားတူပင် လျူယောင်၏ တတိယအမြင်အာရုံနဲ့ပင် မီတာ ၁,၀၀၀ ထိပဲ မြင်ရသည်။ ဒီကြီးမားတဲ့ တွင်း အောက်ခြေ က ဘယ်လောက်နက်လဲဆိုတာ မမြင်နိင်ခဲ့ ပေ။
"ရေဖိအားက အရမ်းများတယ်... ကျွန်တော် ပြန်တက်မှ ရတော့မယ် သခင်ရ.."
"ကောင်းပြီ အပေါ်ကို ပြန်တက်လိုက် မင်း အခု ဒီတွင်းကြီးရဲ့အောက်ခြေကို လုံးဝ ရောက်နိုင်မှာ မဟုတ်သေးဘူး.."
"ကျနော့်ရဲ့ နောက်တာဝန်က နေ့တိုင်းစား ပြီး ပိုမြန်မြန်ကြီးထွားအောင် ကြိုးစားဖို့ပဲ.. ဒါမှသာ ကျနော် ပိုနက်နက်ရှိုင်းရှိုင်း ဝင်နိုင် မှာ ကျွန်တော် ကြီးလာတဲ့အခါ ဒီတွင်းထဲကို သေချာပေါက်ပြန်လာခဲ့မယ်..."
လျူယောင် ခေါင်းညိတ်ကာ ထောက်ခံ လိုက်၏။
"ဟုတ်တယ် မင်းရဲ့တာဝန်က ကြီးထွားဖို့ပဲ ပိုကြီးလာအောင် ကြိုးစား..."
လိပ်ကြီးနဲ့ စကားအနည်းငယ်ပြောပြီးနောက် လျူယောင် တတိယ အမြင်ကို ပိတ်လိုက် သည်။ သူကုလားထိုင်တွင် ထိုင်ပြီး နွေး ထွေးတဲ့ကော်ဖီကို သောက်နေကာ စဉ်းစား နေခဲ့သည်။
"မီတာ ၄,၀၀၀ ကျော်အနက် ပင်လယ် ကြမ်း ပြင်တွင် ဒီလို စံပုံစံတွင်းကြီးတစ်ခု ဘယ်လို ရှိနေနိုင်တာလဲ... ငါ ဒီအကြောင်းကို ပြော ရင် ဘယ်သူက ယုံမှာလဲ.. "
"ဒါက ရှေးခေတ်လူတွေ လုပ်ထားတာလား ..ဒါမှမဟုတ် ဂြိုဟ်သားတွေ ကျန်ရစ်ခဲ့တဲ့ လက်ရာ အမှန်တကယ်ပဲလား.. ဒီလို ကြီး မားတဲ့တွင်းတစ်ခု ဖန် တီးရခြင်း ရည်ရွယ် ချက်က ဘာလဲ.. သတ္တုတူးဖော်ရေးအတွက် လား ဒါမှမဟုတ် အခြားရည်ရွယ်ချက်များ လား.. "
လျူယောင် အချိန်အကြာကြီး စဉ်းစား ခဲ့ပေမဲ့ နားမလည်ခဲ့ပေ။ လိပ်ကြီးသာ ပိုကြီးလာပြီး ပိုနက်တဲ့နေရာ သွားနိုင်မှပဲ အဖြေကို ရှာတွေ့နိုင်ပေလိမ့်မည်။
သူ့ လက်ထဲရှိ ကော်ဖီကို သောက်ပြီးနောက် လျူယောင် ထကာ Universal အဆောက် အအုံကို သွားလိုက်သည်။
Universal အဆောက်အအုံ ဆောက်လုပ် ရေးမှာတစ်ဝက်ကျော်နေပြီဖြစ်သည်။ အဓိကစီမံကိန်း ပြီးစီးသွားပြီဖြစ်ကာ အမိုး ကို အောင်မြင်စွာ မိုးပြီးသွားပြီပဲ ဖြစ်၏။ ပြင်ပနံရံက မှန်အများစု တပ်ဆင်ပြီးဖြစ်လို့ အလွန်လှပနေခဲ့သည်။
အဆောက်အအုံရှေ့တွင် ရပ်နေရင်း လျူ ယောင် ၉၈ ထပ် အဆောက်အအုံကို မော့ ကြည့်လိုက်သည်။ ဒီအဆောက်အအုံက အ မှန်တကယ် ထင်ရှားတဲ့ အဆောက် အအုံ တစ်ခုဖြစ်ပြီး ခမ်းနားထည်ဝါကြောင်း စိတ် ထဲတွင်တွေးမိသည်။
အဆောက်အအုံ၏ ရှေ့တွင် လူများစွာ ကူး လူးသွားလာနေဆဲဖြစ်ပြီး ဒီနေရာက နာ မည်ကျော် အင်တာနက်ဆယ်လီများ လာ ရောက်ရန် သင့်တော်သည့်နေရာပဲ ဖြစ် သည်။ လူငယ်များစွာက ဗီဒီယိုရိုက်ကူး ပြီး တိုက်ရိုက်ထုတ်လွှင့်ခြင်းများကို ဒီနေရာမှာ လုပ်နေတာကို မြင်နေရသည်။
လျူယောင် စိတ်ထဲကနေ တွေးလိုက် မိ သည်။
သူ့ ရုံးခန်းက အဆောက်အအုံရဲ့ အပေါ်ဆုံး ထပ်တွင်ဖြစ်သည်။ ဒီနေရာတွင် အလုပ် လုပ်ခြင်းက တောင်ပေါ်ကနေ အရာအားလုံး ကို တစ်ချက်ကြည့်ရုံဖြင့် မြင်ရတဲ့ ခံစားချ က်ကို ပေးနိုင်မှာ သေချာပေသည်။
ရုံးခန်းလိုက်ကာများကို ဖွင့်လိုက်ပြီး အပြင် ဘက်ကြည့်လိုက်ရုံဖြင့် ဟွာဟိုင်းမြို့ရဲ့ နေရာမျိုးစုံကို မြင်ရပေသည်။
လျူယောင် အဆောက်အအုံကို မော့ကြည့် နေပြီး စိတ်ထဲမှ တွေးနေစဉ် ရုတ်တရက် ဘေးနားမှ လူများစွာက အံ့အားသင့်ကာ တစ်စုံတစ်ခု ပြောနေတာကို လျူယောင် ကြားလိုက်ရသည်။
အံ့အားသင့်တဲ့ အသံအမျိုးမျိုးကိုလည်း သူ ကြားလိုက်ရသည်။
လျူယောင် လှည့်ပြီး ကြည့်လိုက်ရာ အ ဆောက်အအုံရှေ့တွင် ဗီဒီယိုရိုက်ကူးနေတဲ့ လူငယ်အချို့ရှိတာကို ဘာကြောင့် ဒီလို ရုတ်တရက်ဖြစ်သွားရသနည်း။
လျူယောင် အနည်းငယ် စိတ်ရှုပ်ထွေးသွား ၏။
ခဏကြာအောင် ကြည့်ကာ သူတို့ပြောတဲ့ စကားများကို ရှင်းရှင်းလင်းလင်း ကြားရပြီး နောက် ဘာဖြစ်နေလဲဆိုတာကို လျူယောင် ချက်ချင်းနားလည်သွားသည်။