← Chapters

ချန်းဟူ အနားယူပြီ

Vol. 24 Ch. 332

ချန်းဟူ အနားယူပြီ

Vol. 24 Ch. 332

"လွန်ခဲ့တဲ့ နှစ်ရက်ခန့်က.. "

"အမျိုးသားအားကစားစင်တာတွင် ချန်းဟူ က ခရီးဆောင်အိတ်များကို ထုပ်ပိုးနေ သည်။ အမျိုးသားအပြေးသမား စူးထျန်းလို ရင်းနှီးတဲ့ အသင်းဖော်အချို့က သူ့ကို ကူညီ ပေးနေခဲ့သည်။

"အစ်ကိုချန်း အကို တကယ်ထွက်တော့မှာလ ား.. မင်းက အခုမှ အကောင်းဆုံး အချိန် ရောက်နေတာကိုကွာ.."

ချန်းဟူ ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

"ဟုတ်တယ် ငါထွက်တော့မယ် မနက်ဖန်မ နက်မှာ တရားဝင်ကြေညာပြီး အနားယူ မယ်..."

စူးထျန်း ဝမ်းနည်းစွာ ပြောလိုက်သည်။

"ဝမ်းနည်းစရာပဲ အကိုချန်းရာ.. မင်းရဲ့စွမ်းရည်နဲ့ Diamond League မှာဖြစ်စေ နောက်အိုလံပစ်ပွဲမှာဖြစ်စေ ပြိုင်ဘက်တွေကို အနိုင်ရနိုင်တယ်..."

ချန်းဟူ ပြုံးလိုက်ကာ ပြန်ဖြေလိုက်၏။

"ငါက အမြင့်မှာ ပညာရှင်တစ်ယောက် အနေနဲ့ အထီးကျန်မှု့ကို ခံစားရတယ် မင်းနားလည်မှာမဟုတ်ဘူး ငါကွင်းထဲမှာ ဆက်နေဖို့ မလိုအပ်ဘူးလို့ထင်တယ်.. တခြားတစ်ခုခုကို ငါ လုပ်သင့်တယ်..."

"အစ်ကိုချန်း အနားယူပြီးရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ .. စီးပွားရေးလုပ်မလား.. နည်းပြလုပ်မလား ဒါမှမဟုတ် တခြား တစ်ခုခု လုပ်မှာလား..."

ချန်းဟူက ဆုံးဖြတ်ပြီးသားဖြစ်တာကြောင့် ဘာမှ ဖုံးကွယ်မထားခဲ့ပေ။

"ငါ ယာဉ်မောင်းတစ်ယောက်လုပ်မှာ.."

"ဗျာ .."

"အကိုက ယာဉ်မောင်းလုပ်မယ် ဟုတ်လား."

"အစ်ကိုချန်းကို ယာဉ်မောင်းလုပ်ဖို့ ဘယ်သူ က ဒီလောက်အရေးပါပြီး မျက်နှာကြီး ရ တာလဲ.."

"ငါများ နားကြားမှားနေတာလား"

စူးထျန်း အချိန်အတော်ကြာအောင် ကြောင် အသွားခဲ့သည်။ သူတစ်ဦးတည်းသာမက ချန်ဟူးပစ္စည်းများကို ထုပ်ပိုးရာတွင် ကူညီ ပေးတဲ့ အသင်းဖော်များလည်း ကြောင်အ သွားသည်။ ချန်းဟူ အနားယူပြီးနောက် တ ခြားတစ်ယောက်ရဲ့ ယာဉ်မောင်း ဖြစ်လာ လိမ့်မယ်လို့ သူတို့ဘယ်တော့မှ မမျှော် လင့်ထားခဲ့ပေ။

သတိ ပြန်ဝင်လာတဲ့အခါ အသင်းဖော် တစ် ဦးက ပြောလိုက်သည်။

"အစ်ကိုချန်း ဒါမဖြစ်နိုင်ဘူးမို့လား.. ကျွန် တော်တို့ကို နောက်ပြောင်နေတာ မဟုတ် လား..."

ချန်းဟူ ခေါင်းညိတ်ကာ အတည်ပြု ပြန် ဖြေလိုက် ၏။

"ငါ တကယ်မနောက်ပြောင်ပါဘူး.. ငါ တ ကယ်ယာဉ်မောင်း လုပ်မှာ..မနက်ဖန် အနား ယူကြောင်းကြေညာပြီးရင် သဘက်ခါ အ လုပ်စဝင်မယ် ငါ့ရဲ့အလုပ်ဟောင်းကို ပြန် လုပ်ပြီး ယာဉ်မောင်းအဖြစ် ဆက်လုပ် မယ်..."

လူတိုင်း ခဏ ကြောင်အသွားပြီး ဒါကို လက် မခံနိုင်ကြပေ။ အကိုချန်းက ဘာကြောင့် ယာဉ်မောင်း လုပ်ချင်တာလဲ ဆိုတာကို မတွေးတတ်ကြပေ။

ဒါကို ချန်းဟူတစ်ဦးတည်းသာ နားလည် ပေသည်။ သူဋေးအတွက် ယာဉ်မောင်းနှင့် ကိုယ်ရံတော်လုပ်ရခြင်းက ကောင်းတဲ့ကိစ္စပဲ ဖြစ်သည်။ သူ ဒီ ရွှေ တံဆိပ်များစွာကို ဆွတ်ခူးနိုင်ခြင်းကလည်း သူဋေးကြောင့်သာ ဖြစ်သည်။

"သူဋေးဆီက မျိုးရိုးဗီဇပြောင်းဆေးသာ မရှိရင် ဒီလောက်ကောင်းမွန်တဲ့ ရလဒ် တွေကို ငါ ဘယ်လို ရနိုင်မှာလဲ"

ယူသင့်တဲ့ ရွှေတံဆိပ်ကိုလည်း ရရှိခဲ့ပြီး ကမ္ဘာ့စံချိန်ကိုလည်း တင်နိုင်ခဲ့သည်။ ပုံမှန်နေရာကို ပြန်သွားရန် အချိန်တန်ပြီလေ။ ယာဉ်မောင်းအဖြစ် ဆက်လုပ်ပြီး သူဋေး အတွက် ကား ဆက်မောင်းပေးရန်ပဲ ဖြစ်သည်။

...

Universal အဆောက်အအုံရှေ့တွင်

လျူယောင် သူ့ဘေးနားက လူငယ်များစွာရဲ့ အံ့အားသင့်တဲ့ အသံများကို သတိထား မိ သည်။ သူ ပထမတွင် အနည်းငယ် စူးစမ်းချ င်ပေမဲ့ ဘာဖြစ်နေလဲဆိုတာကို ကြားရန် နားစွင့်ပြီးနောက် မပြုံးဘဲမနေနိုင်တော့ပေ။

လူငယ်များစွာက သူတို့ ဖုန်းများထဲတွင် ချန်းဟူအနားယူကြောင်းသတင်းကို မြင်တွေ့ခဲ့ရတာကြောင့် အလွန်အံ့အားသင့် နေကြတာပဲ ဖြစ်၏။

"ဒါ အတုအယောင်သတင်းပဲနေမှာ.. ချန်းဟူက အခုမှ အကောင်းဆုံးအချိန် ရောက်နေတာလေ ဘာလို့ရုတ်တရက် အနားယူကြောင်းကြေညာတာလဲကွာ..."

"ချန်းဟူက ကျွန်တော့်ရဲ့ idol ပဲ အနားယူဖို့ မတွေးထားခဲ့ဘူး.. သူသာ တကယ် အနားယူရင် ဝမ်းနည်းစရာပဲဗျာ.."

"ရသင့်တဲ့ရွှေတံဆိပ်အားလုံးကို ရခဲ့ပြီပဲ ချန်း ဟူ တင်ထားခဲ့တဲ့ ကမ္ဘာ့စံချိန်တွေကလည်း ရှိနေတာပဲ.. ဒီစံချိန်တွေက တည်ငြိမ်စွာ ရပ်နေတဲ့ တောင်တစ်ခုလိုပဲ .. ငါဆိုရင် လည်း အနားယူပြီး ဘဝကို ပျော်ပျော်ပဲ ဖြတ်သန်းတော့မယ်.."

"ဟုတ်တယ်.. ဒီလိုပြောတာလည်း အဓိပ္ပာ ယ်ရှိတာပဲ..."

ထိုလူငယ်များရဲ့ စကားများကို ကြားတဲ့အခါ လျူယောင် ညင်သာစွာပြုံးပြီး လွန်ခဲ့တဲ့ နှစ်ရက်က မြင်ကွင်းကို စိတ်ထဲကနေ ပြန် အမှတ်ရမိခဲ့သည်။

လွန်ခဲ့တဲ့နှစ်ရက်က ချန်းဟူ သူ့ဆီ ဖုန်းဆက် ကာ အနားယူဖို့နဲ့ ယာဉ်မောင်းနှင့် ကိုယ်ရံ တော်အဖြစ် သူ့ထံ ပြန်လာလုပ်ကိုင်ရန် ဆုံး ဖြတ်ထားကြောင်း ပြောပြခဲ့သည်။

လျူယောင်က နောက်ထပ် အိုလံပစ်ပွဲ တစ်ခု တွင် ပါဝင်ရန် အကြံပြုကာ သူ့ကို စည်းရုံး ခဲ့ပေမဲ့ချန်းဟူ က ပြန်လာပြီး သူဋေးအတွက် ယာဉ်မောင်းအဖြစ် လုပ်ရခြင်းကသာ ပိုပျော် ရွှင်ရတယ်လို့ အခိုင်အမာပြောခဲ့သည်။

ဒါ့ကြောင့် လျူယောင်လည်း ဘာမှမပြော တော့ဘဲ ဘယ်အချိန်မဆို ပြန်လာနိုင်တယ် လို့သာ ပြောလိုက်သည်။

အလွန်စိတ်လူပ်ရှားနေတဲ့ လူငယ်များကို ကြည့်ပြီး Universal အဆောက်အအုံကို လျူယောင် ပြန်ကြည့်ကာ အချိန်ကို စစ် ဆေးရန် လက်ကိုမြှောက်လိုက် သည်။ ပြီး နောက် လမ်းရဲ့အဝေးတစ်ဖက်တွင် ရပ် ထားသည့် ကားဆီသို့ သူ လျှောက်လာခဲ့ သည်။

"ပြန်ဖို့ အချိန်တန်ပြီပဲ.. လအနည်းငယ် အတွင်း Universal အဆောက်အအုံကို အသုံးပြုဖို့ အဆင်သင့်ဖြစ်​တော့မယ်.."

ဒီနေရာသို့ စောစောပြောင်းရွှေ့ပြီး အလုပ် လုပ်ရန် လျူယောင် စောင့်မျှော်နေခဲ့သည်။

......

နောက်တစ်နေ့…

နံနက်ကိုးနာရီကျော်မှသာ လျူယောင် ဗီလာ အိမ်ကြီးထဲမှ ထွက်လာခဲ့သည်။ သူဋေး တစ် ယောက်အနေဖြင့် သူ အလိုရှိတဲ့အချိန်တိုင်း ကုမ္ပဏီကို သွားနိုင်ပြီး မသွားပဲ နေလည်း ရပေသည်။

Rolls -Royce ကားတစ်စီးမှာ ဗီလာအိမ်ကြီး ရဲ့ ဝင်ပေါက်တွင် ရပ်စောင့်နေသည်။

ဒီကားက လျူယောင်ကို လာကြိုတဲ့ ကားပဲ ဖြစ်၏။ ပုံမှန်အားဖြင့် ကုမ္ပဏီရဲ့ လုံခြုံ ရေး ဌာနမှ တစ်ယောက်ယောက် မောင်းနှင်ကာ ယခုရက်ပိုင်းတွင် ရှောင်ကျိုး မောင်းဖြစ် သည်။

လျူယောင် ထွက်လာတာကို မြင်တဲ့အခါ ရှောင်ကျိုးက ကားပေါ်မှ အမြန်ဆင်းလာပြီး လျူယောင်အတွက် ကားတံခါးကို ဖွင့်ပေး ခဲ့သည်။

လျူယောင် ကားထဲဝင်လိုက်ပြီးနောက် ပေါ့ ပေါ့ပါးပါး ပြောလိုက်သည်။

"စက်ရုံနံပါတ် ၁ ရဲ့ ဆောက်လုပ်ရေး နေရာ ကို အရင်သွား..."

Universal ချပ်ပြား ကော်ပရေးရှင်းကို တည်ထောင်ပြီးပြီပဲ ဖြစ်သည်။ ကုမ္ပဏီ ရဲ့ ဖွဲ့စည်းပုံက အခြေခံအားဖြင့် ပြည့်စုံနေပြီး ချပ်ပြားထုတ်လုပ်ရေးစက်ရုံ နှစ်ရုံ ဆောက် လုပ်ရေးကိုလည်း စတင် ဆောက် လုပ်ခဲ့ သည်။ ဥပမာ စက်ရုံနံပါတ် ၁ က ဟွာဟိုင်း မြို့ရဲ့ ဆင်ခြေဖုံးနဲ့ အနည်းငယ်နီးသော နေ ရာတွင်ရှိပြီး ဧရိယာ ၃၀၀ မှ ၄၀၀ စတုရန်းမီ တာ ကျယ်ပေသည်။

စက်ရုံနံပါတ် ၁ ကို လျူယောင် သွားရော က်ကြည့်ရှု့ ချင်ခဲ့သည်။ဒါပေမဲ့ သူ ဒီစကား ကို ပေါ့ပေါ့ပါးပါးပြောလိုက်ပြီးနောက် တစ် စုံတစ်ခု မှားယွင်းနေတယ်လို့ ခံစားလိုက် ရ သည်။

မောင်းတဲ့သူနေရာတွင် ချန်းဟူဖြစ်နေတာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရပြီးနောက် သူ ပျော်ရွှင်သွားခဲ့သည်။

"ချန်းဟူ မင်းပါလား ဘာမှမပြောဘဲနဲ့ကွာ.."

ချန်းဟူ ပြုံးလိုက်ပြီး အလွန်ပျော်ရွှင် နေတဲ့ မျက်နာနဲ့ ခေါင်းလှည့်ကာ ပြောလိုက်သည်။

"သူဋေး..ကျွန်တော်ချန်းဟူ ဒီနေ့ အလုပ် ပြန်ဝင်ကြောင်း သတင်းပို့တာပါ..."

လျူယောင် ချက်ချင်း စိတ်ကောင်း ဝင်သွား ခဲ့သည်။

"ကောင်းပြီ ပြန်လာတာ ကြိုဆိုပါတယ်.. မင်းမောင်းတာဆိုရင်တော့ စိတ်ပူစရာ မရှိပါဘူး.."

နှစ်ဦးသား ပျော်ရွှင်စွာစကားပြောပြီးနောက် ချန်းဟူ ကားကိုစမောင်းကာ စက်ရုံနံပါတ် ၁ ရဲ့ တည်နေရာကို သွားခဲ့သည်။

အကွာအဝေးမှာ အနည်းငယ်ဝေးတာကြောင့် ထိုနေရာကိုရောက်ရန် တစ်နာရီခန့် မောင်းရ ၏။

ကားရပ်တဲ့အခါ ရှောင်ကျိုး ကားပေါ်မှ အ မြန်ဆင်းပြီး တံခါးဖွင့်ပေးခဲ့သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူက ယာဉ်မောင်း ဖြစ်ပေမဲ့ ချန်းဟူရောက်လာပြီးနောက် ကိုယ်ရံတော်အဖြစ် ပြန်လုပ်ခဲ့သည်။

လျူယောင် ကားပေါ်မှဆင်းလာပြီး သူ့ နောက်မှ ချန်ဟူနှင့် ရှောင်ကျိုးတို့လည်း လိုက်လာခဲ့သည်။ ဆောက်လုပ်ရေးနေရာ ရဲ့တာဝန်ခံအား အချိန်မကုန်စေဘဲ ကြီး မားတဲ့ ဆောက်လုပ်ရေးနေရာကို တစ်ခါတ ည်း လျူယောင် ဝင်လာခဲ့သည်။ သူတို့ သုံး ဦးလုံး ဦးထုပ်မာများ ဆောင်းထား ခဲ့သည်။

ဒီနေရာက စက်မှု့ဇုန်မြေဖြစ်ပြီး မြေပြင်ကို အချိန်အတော်ကြာကတည်းက ညှိထားကာ ဧရိယာ ၃၀၀ ၄၀၀ စတုရန်းမီတာခန့် ရှိ၏။

ယခုအခါ ဆောက်လုပ်ရေးပစ္စည်းအချို့ ရောက်ရှိနေပြီဖြစ်ရာ စုပုံထားတဲ့ ဘိလပ် မြေ၊ သံချောင်းများ မြစ်သဲ ကျောက်စရစ် တို့ကို မြင်နေရသည်။

ချန်းဟူက သိလိုစိတ်နဲ့ မေးလိုက်၏။

"သူ​ဋေး ဒါက ကျွန်တော်တို့ရဲ့ ချပ်ပြား ထုတ် လုပ်ရေး စက်ရုံနံပါတ် ၁ လား ဧရိယာက တ ကယ်ကြီးတာပဲ.."

လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက် သည်။

"ဟုတ်တယ် ဒါက ငါတို့ရဲ့ စက်ရုံနံပါတ် ၁ ပဲ အကြီးဆုံးတော့ မဟုတ်ဘူး ငါတို့ရဲ့ စက်ရုံနံ ပါတ် ၂ က ဒီ့ထက် ဧရိယာပိုကြီးတယ် ဧရိယာ ၆၀၀ မူကျော်ရှိတယ် ဒါက ၃၈၀ မူပဲ ရှိသေးတယ်.."

စက်ရုံနှစ်ရုံရဲ့ စုစုပေါင်းဧရိယာမှာ ၁,၀၀၀ မူနီးပါးရှိ၏။ဒီလိုမျိုး ဧရိယာနဲ့ဆို အနာဂတ် တွင်ထုတ်လုပ်နိုင်စွမ်းက အထူးပြောစရာ မလိုပေ။

ချန်းဟူကတော့ ဘာမှနားမလည်ခဲ့ပေ။ သူ တိတ်တိတ်လေးနေပြီး စိတ်ထဲတွင်သာ တွေး လိုက်သည်။

"သူဋေး ဖြစ်ထိုက်ပါတယ် ဒီလောက် ကြီး ကျယ်ခမ်းနားတာ.."

ဆောက်လုပ်ရေးနေရာ ပတ်ပတ်လည်ကို လျူယောင် ကြည့်ပြီး အလွန်ကျေနပ် ခဲ့ရ သည်။ ရက်အနည်းငယ်အတွင်းမှာပဲ ဆောက်လုပ်ရေးပစ္စည်းများနှင့် အင်ဂျင်နီ ယာသုံးပစ္စည်းများ အများအပြား ရောက်ရှိ နေပြီပဲ ဖြစ်သည်။

ဒါ့အပြင် ဆောက်လုပ်ရေးလုပ်သားများစွာ ကလည်း ဒီဆောက်လုပ်ရေးနေရာတွင် အလုပ်များနေကြသည်။

မလှမ်းမကမ်းမှာတော့ လူတစ်ဒါဇင် ကျော် ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့က လျူယောင်ဆီ အမြန် လျှောက်လာခဲ့သည်။ ဒီဆောက်လုပ်ရေး တာဝန်ခံကို အသိပေးရန် လျူယောင် မ ရည်ရွယ်ခဲ့ပေမဲ့ အခြားတစ်ဖက်မှ သူရောက် ရှိနေပြီဖြစ်ကြောင်း သိသွားလောက်မည်။

ဒီလူအုပ်စုက လျူယောင်ဆီ အမြန် လျှောက် လာနေ၏။

အဝေးကနေ ဦးဆောင်လာသူ နှစ်ဦး သုံးဦး ရဲ့ ခြေလှမ်းများက မြန်ဆန်နေပြီး ကျန်လူ များကလည်း လိုက်မှီရန် ခြေလှမ်းအကျဲဖြင့် လျှောက်လာခဲ့ကြသည်။

All Chapters