← Chapters

နာမည်ကြီးခြင်းရဲ့ ဆိုးကျိုး

Vol. 24 Ch. 333

နာမည်ကြီးခြင်းရဲ့ ဆိုးကျိုး

Vol. 24 Ch. 333

ချန်းဟူ သတိပေးလိုက်ကာ ပြောလိုက်၏။

"သူဋေး ဟိုမှာ လူတစ်စု လာနေတယ်..."

လျူယောင် ခေါင်းညိတ် ပြလိုက်သည်။ ဦး ဆောင်လာသူက Universal ချပ်ပြား ထုတ် လုပ်ရေးစက်ရုံရဲ့ ဒုတိယတာဝန်ခံ လင်း ကျွင်းဖြစ်နေတာကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဒီလူက ချပ်ပြားဖောင်ဒရီ ထုတ်လုပ်ရေးနယ်ပယ်မှ ကျွမ်းကျင် ပညာ ရှင်ဖြစ်ပြီး အလုပ်ရှာဖွေရေး ကုမ္ပဏီတစ်ခု ကနေ လျူယောင် ခေါ်ယူခဲ့တာပဲ ဖြစ် သည်။

လင်းကျွင်းက ရှေ့မှလျှောက်လာပြီး အနည်း ဆုံး ဆယ်မီတာ အကွာကနေ စိတ်အား ထက် သန်စွာ အကျယ်ကြီး အော်ပြောလိုက် သည်။

" သူဋေး ရောက်နေပြီပဲ"

အစက ဒီလူတွေကို လျူယောင် အနှောင့် အယှက်မပေး လိုခဲ့ပေ။ဒါပေမဲ့ အခု အနား ရောက်လာတဲ့အခါ အရေးမစိုက်လို့ မရတာကို သိလိုက်တာကြောင့် ပြုံးပြီး ပြန်ပြောလိုက်သည်။

"အားလုံးကြိုးစားကြတယ်.. ကျွန်တော် ခန လာကြည့်တာပါ..."

လင်းကျွင်း အနည်းငယ်စိတ်လှုပ်ရှားနေပြီး လျူယောင့်၏ လက်ကိုတင်းကျပ်စွာ ဆွဲ ကာ နှုတ်ဆက်လိုက်သည်။ ကျန်သူများ လည်း အနည်းငယ် စိတ်လှုပ်ရှားနေ ကြ သည်။ သူတို့ရှေ့မှ သူဋေးကြီးကို တစ်ခါ တစ်ရံမှသာ မြင်ရတာပဲ ဖြစ်သည်။

လင်းကျွင်းက လျူယောင်ကို စိတ်လှုပ် ရှားစွာလက်ဆွဲနှုတ်ဆက်ပြီးနောက် တခြား သူများကိုလည်း တစ်ဦးချင်းစီ မိတ်ဆက် ပေးကာ လျူယောင်နဲ့လက်ဆွဲနှုတ်ဆက် ခိုင်းခဲ့သည်။

သူတို့ အလွန်စိတ်လှုပ်ရှားနေကြတာကို မြင်နိုင်ပေသည်။ လျူယောင်နဲ့လက်ဆွဲ နှုတ်ဆက်စဉ် အချို့က စိတ်လှုပ်ရှားလွန်း လို့ အနည်းငယ်တုန်ယင် နေကြသည်။

လင်းကျွင်းက လျူယောင်နဲ့အတူ လူအုပ်စု နောက်မှ လိုက်ပြီး ဆောက်လုပ်ရေးနေရာကို စစ်ဆေးခဲ့ကြသည်။

"သူဋေး ကျွန်တော်တို့ရဲ့ ပြင်ဆင်မှု့တွေ ပြီးလုနီးပါးဖြစ်နေပါပြီ.. မနေ့က ပထမဆုံး အုတ်မြစ်တိုင်ကို စပြီးတည်ဆောက် ခဲ့ပါ တယ်..အခုဆိုရင် အုတ်မြစ်တိုင် ခြောက် လုံး ဆောက်ပြီးပါပြီ. ..ကျွန်တော်တို့က စုစုပေါင်း အုတ်မြစ်တိုင် ၆၂၈ ခုကို တစ် လခွဲအတွင်း အပြီးသတ်ဖို့ စီစဉ်ထားပါ တယ်"

တာဝန်ခံလင်းကျွင်းက အသေးစိတ် မိတ်ဆက် ပေးလိုက်၏။

လျူယောင် ဂရုတစိုက်နားထောင်ခဲ့သည်။ လင်းကျွင်းရဲ့လုပ်ဆောင်မှု့များက အလွန် တိကျတာကို သိနိုင်ပေသည်။ မိတ်ဆက် နေစဉ် အသေးစိတ်အချက်အလက်များက အစ တိကျပြီး ရှင်းလင်းနေခဲ့သည်။ သတင်း အချက်အလက်များကို လုံးဝဖတ်ဖို့ မလို ခဲ့ ပေ။

လျူယောင် ခေါင်းညိတ်ကာ ပြန်ပြောလိုက် ၏။

"စက်ရုံနံပါတ် ၁ အတွက်လိုအပ်တဲ့ ၅ နာနို မီတာ ပုံစက်နှစ်လုံးက လမ်းပေါ်မှာ ရှိနေပြီ.. အခု သူတို့က အိန္ဒိယသမုဒ္ဒရာကနေ မလ က္ကာရေလက်ကြားကိုသွားတဲ့ နိုင်ငံ တကာ ရေလမ်းကြောင်းမှာ ရှိနေတယ် ..နောက် ရက် ၂၀ လောက်ဆိုရင် ဟွာဟိုင်းမြို့ကို ရောက်လိမ့်မယ်..."

"ကောင်းလိုက်တာ"

လင်းကျွင်းက အလွန်ပျော်ရွှင်နေပုံရသည်။ ၅ နာနိုမီတာ စက်နှစ်လုံးနဲ့အတူ အနာဂတ် တွင် ချပ်ပြား အများအပြားကို ထုတ်လုပ်နို င်တော့မှာပဲ ဖြစ်သည်။

ဒီအဓိက စက်နှစ်လုံးအပြင် ချပ်ပြားထုတ် လုပ်ရေးအတွက် တခြားထုတ်လုပ်ရေးပစ္ စည်းအများအပြားလည်း လိုအပ်ပေသည်။ ထိုပစ္စည်းများကို ဝယ်ယူနေပြီဖြစ်လို့ တစ်လ နှစ်လအကြာတွင် ရောက်လာတော့မှာပဲ ဖြစ်၏။

လင်းကျွင်းနဲ့အခြားသူများရဲ့ လိုက်ပါ ပို့ ဆောင်ပေးမှုဖြင့် လျူယောင် ဆောက် လုပ် ရေးနေရာကို မိနစ် ၃၀ မှ ၄၀ ကြာ အောင် ထပ်မံ ကြည့်ရှုခဲ့သည်။

နေ့လယ်စာစားချိန် နီးလာတာကြောင့် ၁၁:၃၀ ကျော်တွင် လင်းကျွင်းက သတိပေးကာ ပြောလိုက်သည်။

"နေ့လယ်စာစားပြီးမှ ပြန်ပါ့လား သူဋေး "

"ပြဿနာမရှိဘူး အဆင့်မြင့်တဲ့စားသောက် ဆိုင်တစ်ဆိုင် ရှာလိုက်.. ကျွန်တော် ကျွေး မယ်.."

လင်းကျွင်း အလွန်ပျော်ရွှင်သွားကာ ပြော လိုက်၏။

"သူဋေး ကျွန်တော်တို့ပဲ ကျွေးပါရစေ"

လျူယောင် မငြင်းတော့ပေ။

"ကောင်းပြီ..ဒီအစားအစာအတွက် ကုမ္ပဏီရဲ့အကောင့်ကနေ ပေးချေလိုက်.. ဘယ်သူမှ ကိုယ်ပိုင်ငွေနဲ့ မပေးချေရဘူး.."

လူအုပ်စုက ဆောက်လုပ်ရေးနေရာမှ ထွက်လာပြီး တံခါးဝတွင် တစ်ဦးချင်းစီ ကားထဲ ဝင်လာခဲ့ကြသည်။ လျူယောင်နဲ့ကျန်နှစ်ဦးအပါအဝင် စုစုပေါင်းလူ ၁၉ ဦးနီးပါး ရှိပေသည်။

လင်းကျွင်းက အနီးနားရှိ ကောင်းမွန်တဲ့ စားသောက်ဆိုင်တစ်ခုကို ရှာလိုက်သည်။ စက်ရုံက ကားနဲ့ဆို မိနစ် ၂၀ ခန့် မောင်းခဲ့ရ သည်။

ဒီစားသောက်ဆိုင်ရဲ့ ပတ်ဝန်းကျင်က ကောင်းမွန်လှသည်။ တစ်ခုတည်းသော အားနည်းချက်မှာ နေ့လယ်စာစားချိန် ဖြစ် တာကြောင့် စားပွဲများပြည့်နေတာပဲ ဖြစ် ၏။

နေရာက ကောင်းမွန်တာကိုမြင်တဲ့အခါ လျူယောင် တခြားစားသောက်ဆိုင်များကို ပြောင်းရန်မလိုဘဲ လက်ဝှေ့ယမ်းကာ ပြော လိုက်သည်။

"ဒီမှာပဲစားတော့မယ် ဒုတိယထပ်မှာ စား ပွဲနှစ်လုံးယူလိုက်..."

လူတိုင်းက ဒုတိယထပ်ရှိ ခန်းမတွင် ထိုင်ခဲ့ ကြသည်။

ထိုင်ပြီးနောက် လျူယောင် မီနူးကိုယူပြီး ဟင်းပွဲများကို မှာယူလိုက်သည်။ ဟင်းပွဲ အချို့က ဒီစားသောက်ဆိုင်ရဲ့ အထူးဟင်းပွဲ များဖြစ်ပုံရပြီး လုံးဝဈေးမပေါပေ။

လျူယောင် မှာယူစဉ်တွင် ဒီဆိုင်က အဆင့် မြင့်စားသောက်ဆိုင်ဖြစ်တာကို သိနိုင် ပေ သည်။ ဟင်းပွဲများက အတော် လေး ဈေး ကြီးလှသည်။ ဒီစားပွဲအတွက် အအေးများ မပါပဲနဲ့ ဟင်းပွဲများနဲ့တောင် ဒေါ်လာ သောင်း နှင့်ချီကုန်ကျပေသည်။

တကယ်လို့သာ ငွေကြေးအင်အားမရှိပါက အမှန်တကယ် ဒီမှာ လာစားဖို့ မတတ်နိုင်ပေ။ ဒါပေမဲ့ ဟွာဟိုင်းမြို့တွင် ပိုက်ဆံနဲ့ ဂုဏ်ပုဒ်ရှိ သူများစွာရှိပြီး ဒီစားသောက်ဆိုင်ရဲ့ စီးပွား ရေးက ကောင်းမွန်နေပေသည်။

ဟင်းပွဲများမှာယူပြီးနောက် လျူယောင် စား ပွဲတစ်ခုစီအတွက် မောက်ထိုင် အရက် တစ် ပုလင်းစီ မှာလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

"အသင့်အတင့်လေးသောက်ပါ စားပွဲတစ် ဝိုင်းအတွက်... တစ်ပုလင်းပဲ ရှိတယ် အားလုံးက ပြီးရင် အလုပ်သွားရဦးမယ်..."

ပထမစားပွဲတွင် လူ ၁၀ ဦးနှင့် ဒုတိယစားပွဲ တွင် လူ ၉ ဦးရှိ၏။ စုစုပေါင်း ၁၉ ဦးရှိပြီး အားလုံးနီးပါးအမျိုးသားများဖြစ်ကာ အမျိုးသမီးသုံးဦးသာရှိသည်။မောက်ထိုင် နှစ်ပုလင်းက အမှန်တကယ် မလုံလောက်ခဲ့ ပေ။

စားသောက်ဆိုင်က ဟင်းပွဲများကို လျင်မြ န်စွာ ချပေးခဲ့သည်။ တစ်ချက်ကြည့် လိုက်တာ ယနဲ့ အလွန်ကောင်းမဲ့ပုံရသည်။ လျူယောင် တူကိုကောက်ယူပြီး ကျယ် လောင်စွာပြောလိုက်သည်။

"လာ အားလုံးပဲ ဟင်းပွဲတွေကို အရင်စားရ အောင် ပြီးမှ သောက်ကြ..."

စားပွဲတစ်ခုစီတွင် မောက်ထိုင် အရက်တစ် ပုလင်းစီ ရှိနေသည်။ အမျိုးသားများက ခွဲဝေသောက်ခဲ့ကြပြီး ယနေ့တွင် အဓိက အားဖြင့် ဟင်းသီးဟင်းရွက်များသာ စားကာ အရက်ကို ဖြည့်စွက်အနေဖြင့် သောက်ခဲ့ သည်။

ဒီနေရာက သီးသန့်ခန်းမဟုတ်ဘဲ ခန်းမ ဖြစ်တာကြောင့် ပတ်ဝန်းကျင်မှာ အလွန် နွေးထွေးနေခဲ့သည်။

အားလုံးက လျူယောင်နှင့်အတူ နေ့လည် စားရန် အလွန်ခက်ခဲနေ ကြသည်။ဒီ ကောင်း မွန်တဲ့ အခွင့်အရေးရတာကြောင့် တစ်ဦးပြီး တစ်ဦး လျူယောင်ကို ဦးဆောင်ကာ နှုတ် ဆက် ယခဲ့သည်။

လျူယောင်ကို နှုတ်ဆက်ပြီးနောက် သူတို့ က ချန်းဟူအား နှုတ်ဆက်လိုက်ကြသည်။ အားလုံးက ချန်းဟူကို အသိအမှတ်ပြုပြီး သား ဖြစ်၏။

အချို့လူများက စိတ်ထဲတွင်တွေးနေ ကြသည်။

"ဘာ ဒီလူက ချန်းဟူဖြစ်နေတာပဲ သူက သူဋေးအတွက် ကားမောင်းပေးနေတာ လား.."

ခန်းမတွင် လူအများအပြားရှိပြီး လူများစွာ ကဒီဆိုင်တွင် စားသောက်ခဲ့ကြသည်။ တဖြည်းဖြည်းနဲ့ အခြားလူများကလည်း ချန်ဟူကို တွေ့သွားကြသည်။

"ကြည့် အဲ့လူက ချန်းဟူနဲ့တူတယ်..."

"ချန်းဟူလား ဘယ်က ချန်းဟူလဲ.."

"ချန်းဟူ နောက်တစ်ယောက်ရှိ သေးလို့လား ကွာ ဒီအိုလံပစ်ပွဲမှာ ကမ္ဘာ့စံချိန်ရှစ်ခုတင်ပြီး ရွှေတံဆိပ်ရှစ်ခုရခဲ့တဲ့လူလေ..."

"အာ တကယ်သူပဲ ချန်းဟူဟုတ်တယ်.. "

"ဘုရားရေ ချန်းဟူက ဘာလို့ဒီမှာရှိ နေတာ လဲ.."

ချန်းဟူကို ကြည့်နေတဲ့ လူများက ပိုများလ ာကြသည်။ အချို့က ထရပ်လိုက်ကြ၏။ တဖြည်းဖြည်းစားသောက်ဆိုင်တစ်ခုလုံး ပေါက်ကွဲသံကြီး ထွက်လာသလို ဖြစ်လာခဲ့ သည်။

ပထမထပ်နဲ့ ဒုတိယထပ်ရှိ ခန်းမများက လူများသာမက သီးသန့်အခန်းများမှ လူအချို့ပင် သတင်းကြားတဲ့အခါ ပတ်ပတ်လည်လာကြည့် နေကြသည်။

ဒီအခြေအနေကိုမြင်တဲ့အခါ လျူယောင် စိတ်ထဲကနေ တွေးမိလိုက်သည်။

"မင်းတို့ရဲ့ တုံ့ပြန်မှု့က အရမ်းကြီးကျယ် လွန်းတာ ပဲ.."

ဒီနေရာတွင် စားနိုင်သူများက အခြေခံ အား ဖြင့် ချမ်းသာပြီး ဂုဏ်ပုဒ်အချို့ ရှိသူများ ဖြစ်ကြသည်။

"ဒါတောင် အနည်းငယ် မတည်ညိမ် နိုင်ပါ့လား .."

"မင်းတို့ရဲ့ ဂုဏ်ပုဒ်တွေ မင်းတို့ရဲ့ အခြေ အနေတွေ အားလုံးပျောက်သွားပြီပဲ..."

ဒီလို ကြီးမားတဲ့ တုံ့ပြန်မှု့ကိုမြင်တဲ့အခါ လျူယောင် ပြုံးလိုက်သည်။

ရဲရင့်တဲ့ လူအချို့က ဝိုင်ခွက်များဖြင့် ချန်း ဟူအား နှုတ်ဆက်ရန် စတင်ခဲ့ကြသည်။ ချန်းဟူက သစ်သီးဖျော်ရည်ကိုသာ သောက် နေပြီး တစ်စုံတစ်ဦးလာ နှုတ်ဆက်တဲ့အခါ တိုင်း မာနမထားဘဲ ဖန်ခွက်ချင်း တိုက်ခဲ့ သည်။

နှုတ်ဆက်ရန် လာသူများအပြင် လက်မှတ် ထိုးရန် လာသူအချို့လည်းရှိ ၏။ချက်ချင်း ပင် ဒီနေရာက ဆယ်လီများကို လိုက်တဲ့ နေရာတစ်ခုလို ဖြစ်လာခဲ့သည်။

ဒါပေမဲ့ ဒီလို နာမည်ကြီးခြင်းက ရုပ်ရှင်နဲ့ ဖျော်ဖြေရေးနာမည်ကြီးများနောက်ကို လိုက်ခြင်းထက် ပိုကောင်းပေသည်။ ချန်းဟူက အားကစားလောက၏ နာမည် ကြီးတစ်ဦးဖြစ်ပြီး နိုင်ငံအတွက် ရွှေတံဆိ ပ်များစွာကို ဆွတ်ခူးပေးခဲ့သည်လေ။ ဒါက ဖျော်ဖြေရေးမှ မည်ကြီးများနှင့် နှိုင်းယှဉ်လို့ မရပေ။

နေရာတစ်ခုလုံးက အလွန်စည်ကားနေပြီး စားသောက်ဆိုင်ပိုင်ရှင်ပင် သတင်းကြား သွားခဲ့သည်။ သူကိုယ်တိုင် ရောက်လာပြီး လက်မှတ်ထိုးခိုင်းကာ စားပွဲနှစ်လုံးကို ၅၀% လျှော့ပေးမယ်လို့ ကတိပေးနေသည်။

"ဒါက ပိုပြီး အစွမ်းထက်တာပဲ.."

ပုံမှန်အားဖြင့် ဒီဆိုင်က ၂၀% လျှော့ပေးရင် တောင် အလွန်ကံကောင်းလှသည်။အခုတော့ ၅၀% လျှော့ပေးတာဖြစ်လို့ တစ်ပြိုင်နက် တည်း ယွမ် ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ချွေ တာနိုင်ခဲ့သည်။

နေရာက ပိုပို စည်ကားလာပြီး အနည်းငယ် ထိန်းချုပ်မှု့ မရှိတော့ပေ။

လူတိုင်း ဗိုက်ပြည့်သွားတဲ့အခါ လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"သွားကြစို့ မဟုတ်ရင် အခြေအနေက ထိန်းချုပ်လို့မရှိတော့ဘူး... "

လျူယောင်တို့အဖွဲ့ စားသောက်ဆိုင်မှ ထွက်လာတဲ့အခါ လူအများအပြား လိုက်လာခဲ့ကြသည်။

Roll-Royce ကားထဲ လျူယောင် ဝင်ထိုင် ပြီးနောက် ချန်းဟူက တံခါးကိုဆွဲဖွင့်ကာ ယာဉ်မောင်းထိုင်ခုံဘက် ထိုင်နေတာကို မြင်တဲ့အခါ လူအများအပြား တုန်လှုပ်သွား ကြသည်။

"ဘာတွေဖြစ်နေတာလဲ... "

"ချန်းဟူက ဘာလို့ယာဉ်မောင်းတစ် ယောက်လို ဖြစ်နေရတာလဲ..."

"ခုနက လူငယ်လေးက ဘယ်သူလဲဟ.. ချန်း ဟူကတောင် သူ့အတွက် ကားမောင်းပေး ရလောက်အောင် အစွမ်းထက်နေတာ.."

All Chapters