← Chapters

ပုံစံတူ တွင်းနက်များ..

Vol. 24 Ch. 334

ပုံစံတူ တွင်းနက်များ..

Vol. 24 Ch. 334

လူအုပ်စုက ထိုနေရာတွင် ငြိမ်သက်စွာ ရပ် နေကြသည်။

အလွန်ကို တိတ်ဆိတ်နေခဲ့သည်။

မူလက အလွန်စည်ကားနေတဲ့ စားသောက် ဆိုင်ဟာ ရုတ်တရက် တိတ်ဆိတ်သွား ခဲ့ သည်။ လူတိုင်းက ကားများထွက်ခွာသွား တာကို ကြောင်တောင်တောင်နဲ့ ကြည့်နေကြ သည်။ အထူးသဖြင့် ချန်းဟူက ယာဉ်မောင်း အဖြစ် လုပ်ကိုင်နေတာကို မြင်တဲ့အခါ ဒီလူ တွေ ပိုပြီး ကြောင်တောင်တောင် ဖြစ်သွား ခဲ့ သည်။

"ဒါက ဘယ်လိုဖြစ်တာလဲ..."

လူအများအပြားရဲ့စိတ်ထဲတွင် ဒီ မေးခွန်း များဖြင့်သာ ပြည့်နှက်နေကြသည်။ အ ချို့လူများက ချန်းဟူ ကိုယ်တိုင်ပင် ထို လူငယ်လေးအတွက် ကိုယ်တိုင်ယာဉ်မောင်း အဖြစ် လုပ်ချင်နေတာလားဟု တွေးမိကြ သည်။

ကားထဲတွင်စီးနေရင်း လျူယောင် နောက် ပြောင်ကာ ပြောလိုက်သည်။

"ချန်းဟူ မင်းက ပါရမီရှင် ဖြစ်နေပြီး..မင်းက အခုနာမည်ကြီးနေပြီဆိုတော့ စီးပွားရေး တစ်ခုခု လုပ်ချင်ရင် လုပ်နိုင်တယ်"

လျူယောင် စကားမဆုံးခင် ချန်းဟူက ချက် ချင်းဝင်ပြောလိုက်သည်။

"သူဋေး ကျွန်တော် ဘာမှမလုပ်တတ်ဘူး.. ကျွန်တော် အနားယူတဲ့အထိ သူဋေးရဲ့ ယာဉ်မောင်းပဲ လုပ်ပါ့မယ်.."

ဒီစကား ကြားတဲ့အခါ လျူယောင် အလွန် ကျေနပ်ခဲ့သည်။

သူက ကမ္ဘာ့စံချိန်များစွာ တင်ပြီး ရွှေတံဆိပ် များစွာကို ရရှိခဲ့ပေမဲ့ စိတ်ဓာတ်ကတော့ ပြောင်းလဲသွားခြင်းမရှိဘဲ ယခင်လိုပင် သစ္စာရှိနေဆဲပဲ ဖြစ်၏ ။

လျူယောင် ပြောလိုက်သည် ။

"ကုမ္ပဏီကိုသွား"

"ချန်းဟူ...ရှောင်ကျိုးကို ကား ပါကင် ထိုးခို င်းလိုက် မင်းနဲ့ငါ ရုံးခန်းထဲ သွားမယ်..."

နှစ်ဦးသား ရုံးခန်းထဲသို့ ဝင်လာကြပြီး သူ ဋေးကုလားထိုင်တွင် လျူယောင် ထိုင်လိုက် ကာ သူ့ရဲ့ စားပွဲ အံဆွဲကြီးကိုဖွင့်ပြီး ပုလင်းဝါလေးတစ်လုံးကို ထုတ်လိုက်သည်။

"ချန်းဟူ ဒါက ‘မျိုးရိုးဗီဇပြောင်းဆေး’ ရဲ့ အဆင့်မြင့်ဗားရှင်း..မင်း အခုပဲ သောက် လိုက်..."

"မျိုးရိုးဗီဇပြောင်းဆေးရဲ့ အဆင့်မြင့် ဗားရှ င်းလား.."

ထိုပုလင်းဝါလေးကို မြင်တဲ့အခါ ချန်းဟူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှု့ကြောင့် အနည်းငယ်တောက်ပလာသည်။ သူ တစ် ချိန်က မျိုးရိုးဗီဇပြောင်းဆေးကို သောက်ခဲ့ ပြီး ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု့က အလွန် တိုး တက် လာခဲ့သည်။ ဒါ့ကြောင့် ရွှေတံဆိပ်မျ ားစွာကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

"ဒီ မျိုးရိုးဗီဇပြောင်းဆေးရဲ့ အဆင့်မြင့်ဗား ရှင်းကိုသာ သောက်ပါက ငါ ဘယ်လိုဖြစ် လာ မလဲ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု့ ဘယ်လောက် အထိ တိုးတက်လာမလဲ "

ချန်းဟူက ဘာမှမေးခွန်းထုတ်ခြင်းမရှိဘဲ ပုလင်းဝါလေးကိုယူပြီး တစ်ကြိုက်တည်း ကုန်အောင်သောက်လိုက်သည်။

"သူဋး ကျေးဇူးတင်ပါတယ် တကယ် ကျေးဇူးတင်ပါတယ်ခဗျာ.."

သူက ကျေးဇူးတင်စကားကို နှစ်ကြိမ် တိုင်တိုင် ပြောခဲ့သည်။ဒါက ခိုင်မာတဲ့ ကျေးဇူးတင်စိတ်ကို ပြသနေသည်။

"ရပါတယ်ကွာ ကျိန့်ကန်းနဲ့ ဟီချန်းတို့လည်း မျိုးရိုးဗီဇဆေးပြောင်းရဲ့ အဆင့်မြင့်ဗားရှင်း ကို သောက်ထားကြတယ်.. ငါ့မှာ ပိုပြီးစွမ်းအားမြင့်တဲ့ဗားရှင်းရှိသေးတယ်..မင်း ကောင်းကောင်းလုပ်ဆောင်ရင် နောင်တစ်ချိန်မှာ မင်းကို ပေးမယ်.."

"အဆင့်မြင့်ဗားရှင်းထက် ပိုပြီးစွမ်းအားရှိ တာ ရှိသေးတယ်ပေါ့..."

"သူဋေးက အရမ်းမိုက်တာပဲ.. ငါ ပိုပြီးသစ္စာ ရှိရမယ်..ဒီ့ထက် ပိုကောင်းအောင်လုပ် ဆောင်ရမယ် အနာဂတ်မှာ ပိုပြီးစွမ်းအား ရှိတဲ့ မျိုးရိုးဗီဇပြောင်းဆေးကို ငါ ရအောင် ကြိုးစားရမယ်"

ချန်းဟူ စိတ်ထဲကနေ တွေးလိုက်၏။

ကျေးဇူးတင်စကား ထပ်ပြောပြီးနောက် လျူ ယောင် စားပွဲပေါ်ရှိ စာရွက်စာတမ်းများနှင့် အစီရင်ခံစာများကို ကြည့်ရှု့နေတာကို မြင် တဲ့ အခါ ချန်းဟူ ညင်သာစွာနောက်ဆုတ်ပြီး တံခါးကို ညင်သာစွာပိတ်လိုက်သည်။

အိမ်မွေးတိရိစ္ဆာန် ချပ်ပြားကိုဖွင့်ပြီး ချန်း ဟူကို စွမ်းအင်အမှတ် ၈၀၀ စီ လျူယောင် ပေးလိုက်သည်။ ဆိုလိုတာက ဂုဏ်သတ္တိ တစ်ခုစီအတွက် အမှတ် ၈၀၀ ဖြစ်၏။ သူ့ရဲ့မူရင်းအမှတ် ၂၀၀ စီကို ပေါင်းလိုက် တဲ့အခါ ချန်းဟူရဲ့ စွမ်းအင်တွေက အမှတ် ၁,၀၀၀ ခန့်အထိ ရောက်လာခဲ့သည်။

လူအားလုံးထဲတွင် ချန်းဟူက စွမ်းရည် အ မှတ် ၁,၀၀၀ အထိ ရောက်ရှိလာတဲ့ ပထမ ဆုံးလူပဲ ဖြစ်ပေသည်။ ကျိန့်ကန်း နဲ့ဟီချန်း တို့တွင်မူ ဂုဏ်သတ္တိသုံးခုစလုံး အမှတ် ၈၀၀ ခန့် ရှိသည်။ အမှန်ပါပဲ ဂုဏ်သတ္တိတစ်ခုစီက အမှတ် ၂၀၀ ခန့်သာရှိသည်။

သူတို့က စွမ်းရည်အမှတ် ၂၀၀ စီရှိတာ ကြောင့် စူပါလူသားလေးတစ်ဦးလို ဖြစ် နေခဲ့သည်။ဝံပုလွေကြေးစား အဖွဲ့ဝင်များရဲ့ လုပ်ဆောင်ချက်များကိုကြည့်ရင် သူတို့ တစ်ဦးစီတွင် ပေါက်ကွဲတတ်တဲ့ တိုက်ခိုက် ရေးစွမ်းရည်ရှိတာကို မြင်နိုင်ပေသည်။

ချန်းဟူ၊ကျိန့်ကန်းနဲ့ ဟီချန်းတို့ကို စူပါ လူသားများမှာ ရုပ်မြင်သံကြားထဲမှ Captain America၊ Wolverine နှင့် Black Panther လို ဇာတ်ကောင်များထက် အားနည်းမှာ မဟုတ်တာတော့ သေချာသည်။

...

လိပ်ကြီးက မြောက်အတ္တလန္တိတ် သမုဒ္ဒရာ တွင် ရှိနေဆဲဖြစ်သည်။ ပိုမို တိကျစွာ ပြော ရရင် သူက လွန်ခဲ့တဲ့ ရက်အနည်းငယ်က မီတာ ၄,၀၀၀ ကျော်အနက်ရှိ ပင်လယ် ရေ အောက်လွင်ပြင်ကို ငုပ်လျှိုးသွားပြီး စက် ဝိုင်းပုံစံ တွင်းထဲတွင် ရှာဖွေနေခဲ့သည်။

ပုံမှန်အားဖြင့် လိပ်ကြီးက စက်ဝိုင်းပုံစံ တွင်းထဲကို နည်းနည်းလေးမှမဆင်းဘဲ မီတာ ရာဂဏန်းတွင်သာ နေနေခဲ့သည်။

ဒီနေ့တွင်လည်း လိပ်ကြီးက ဒီပင်လယ် ကြမ်း ပြင်အောက်မှ လွင်ပြင်ကို ထပ်မံ ရောက်လာခဲ့သည်။ ဒီရက်များအတွင်း လိပ်ကြီးက ပင်လယ်ကြမ်းပြင်လွင်ပြင်ကို အခြေခံအားဖြင့် နားလည် သွားခဲ့သည်။ ဒီပင်လယ်ကြမ်းပြင်လွင်ပြင်ရဲ့ ဧရိယာက စတုရန်းကီလိုမီတာ သောင်းနှင့်ချီ ရှိနေတာ သေချာပေသည်။

မီတာ ၄,၀၀၀ ကျော်အနက်မှာ ရှိတဲ့ ပင် လယ် ကြမ်းပြင်တွင် အနက်ရောင် အမှောင် ထုနဲ့အတူ တိတ်ဆိတ်နေခဲ့သည်။ ရံဖန်ရံခါ ဖြည်းဖြည်းချင်းရွေ့လျားနေတဲ့ အလင်း အစက်အပြောက်များကို လည်း တွေ့နေ ရသည်။ဒါတွေက ပင်လယ်ရေနက်ပိုင်းမှာ နေထိုင်တဲ့ အလင်းထုတ်လွှတ်တတ်တဲ့ သတ္တဝါများဖြစ်ကြသည်။

လိပ်ကြီးရဲ့ အမြန်နှုန်းက အတော်လေး နှေး နေပြီး အာရုံခံနိုင်စွမ်းကို အပြည့်အဝအ သက်သွင်းထားကာ မီတာ ၅၀၀ အကွာ အ ဝေးတွင်သာ ထားခဲ့သည်။

ကြီးမားတဲ့ စက်ဝိုင်းပုံစံ တွင်းများထဲမှ တစ်တွင်းရဲ့ဝင်ပေါက်ထဲသို့ လိပ်ကြီးက ဖြည်းဖြည်းချင်း ကူးခတ်လာခဲ့သည်။ဒါက ပုံမှန်စက်ဝိုင်းပုံစံ တွင်းဖြစ်ပြီး အောက်ခြေ မရှိတဲ့ တွင်းလိုမျိုး ဒေါင်လိုက်အောက်ဘက် တည့်တည့် ရှိနေ၏။ဘယ်လောက် နက်တာကို ဘာသာပြန်သူလည်း မသိပေ။

ဒီကြီးမားတဲ့တွင်းရဲ့ ဝင်ပေါက်ကိုကြည့်ပြီး လိပ်ကြီး နက်ရှိုင်းစွာဝင်ရန် ရည်ရွယ်ချက် မရှိပေ။ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အရွယ်အ စားက တန် ၈၀၀ ကျော်သာရှိပြီး တန် ၉၀၀ မပြည့်သေးတာကြောင့် အမြင့်ဆုံးရောက် နိုင်တဲ့ အနက်မှာ မီတာ ၇,၀၀၀ မပြည့်ပေ။

ဒီကြီးမားတဲ့ စက်ဝိုင်းပုံစံတွင်းဝင်ပေါက်ကို ကြည့်ပြီးနောက် လိပ်ကြီးက ဝင်ပေါက်ထဲ သို့ ကူးခတ်ဝင်လိုက်သည်။

တွင်းကြီးနှစ်တွင်းက အခြေခံအားဖြင့် အတိ အကျတူညီသည်။ နှစ်တွင်းစလုံးက ပုံမှန် စက်ဝိုင်းပုံစံများဖြစ်၏ နှစ်တွင်းစလုံးက အချင်းမီတာ ၁,၀၀၀ ရှိပြီး ဒေါင်လိုက် အောက်ဘက်ကို တည့်တည့်ရှိနေကာ အောက်ခြေ ရှိမနေပေ။

တွင်းကြီးနှစ်ခုကြားအကွာအဝေးက ၁၀ ကီလိုမီတာခန့်သာ ရှိပြီး သိပ်မဝေးခဲ့ပေ။

လိပ်ကြီး၏ စိတ်ထဲတွင် ဒီအကြံပေါ်လာ ပြီးနောက် သူက အနည်းငယ်အား တက် လာပြီး ပင်လယ်ကြမ်းပြင် အနှံ့ စတင်ရှာဖွေ တော့သည်။

အမှန်ပါပဲ တစ်နာရီမပြည့်မှီတွင် တတိယ စက်ဝိုင်းပုံစံတွင်းကြီးကို လိပ်ကြီးက ရှာဖွေ တွေ့ရှိခဲ့သည်။ အဲဒါက ယခင်နှစ်တွင်းနှင့် အတိအကျတူညီပြီး အချင်းမီတာ ၁,၀၀၀ ရှိတဲ့ ပုံမှန်စက်ဝိုင်းဖြစ်ကာ ဒေါင်လိုက်အော က်ဘက်သို့ တည့်တည့်ရှိနေသည်။

"ဒီတတိယမြောက် စက်ဝိုင်းပုံစံတွင်းက လည်း အောက်ခြေမရှိဘူးလား..."

လိပ်ကြီး ဝင်ကြည့်ချင်လာ၏။ဒါ့ကြောင့် သူ လျူယောင်ကို ဆက်သွယ်လိုက်သည်။

" သခင်ရေ.. ကျနော် တတိယတွင်းကို တွေ့ပြန်ပီ.."

လိပ်ကြီးရဲ့အသံက စိတ်ထဲတွင် ပေါ်လာတာ ကြောင့် ချက်ချင်းပဲ တတိယအမြင်ကို လျူ ယောင် ဖွင့်ကြည့်လိုက်သည်။ ပင်လယ် ကြမ်းပြင်အောက်က လွင်ပြင်တွင် လဲ လျောင်းနေတဲ့ လိပ်ကြီးကို တွေ့လိုက်ရပြီး လိပ်ကြီးရှေ့တွင် ကြီးမားတဲ့တွင်းကိုလည်း လျူ​ယောင် တွေ့လိုက်ရသည်။

ဒီတွင်းကြီးကို မြင်ပြီးနောက် လျူယောင် ပြောလိုက်သည်။

"လိပ်ကြီး ဒါ မင်းရှာတွေ့တဲ့ တတိယမြောက် တွင်းကြီးဆိုတာ သေချာရဲ့လား"

"သေချာတယ် သခင်ရ.. ဒါက တတိယ တွင်းပါပဲ"

လိပ်ကြီးက သေချာစွာ ပြန်ဖြေခဲ့သည်။

ဒီ တတိယတွင်းနဲ့ ယခင်နှစ်တွင်းကြားတွင် အနည်းငယ်မှ ကွဲပြားမှု့မရှိပေ။ဒါ့ကြောင့် လျူယောင် ဒီမေးခွန်းကို မေးရခြင်းပဲ ဖြစ်သည်။

"ဒါက တကယ့်ကို တတိယတွင်းဖြစ်နေ တာပဲ.."

ဒီပင်လယ်ရေအောက်လွင်ပြင်တွင် တတိယ တွင်းကြီးတစ်တွင်း အမှန်တကယ် ရှိနေသည်။ တစ်တွင်းကို တွေ့ခြင်းကပင် အလွန်အံ့အားသင့်စရာကောင်းနေတာကို ယခု တတိယတစ်တွင်း ထပ်တွေ့ခဲ့သည်။

"သခင်ရ ဒီတွင်းသုံးခုကြားက အကွာ အဝေးက တစ်ခုနဲ့တစ်ခု ၁၀ ကီလိုမီတာ သာရှိပြီး သူတို့က တြိဂံပုံစံကို ရှိနေတယ်လို့ ကျွန်တော်ခံစားရတယ်"

"ဒါက တြိဂံပုံစံကိုပဲ ပြသနေတာလား "

ဒီဟာက သဘာဝ ဖြစ်လာတာ မဟုတ်ဘဲ လူလုပ်တာဖြစ်ကြောင်းကို ထပ်မံသက်သေ ပြနေခဲ့သည်။ သဘာဝအတိုင်းဖြစ် ပေါ် လာပါက ဒီလို တြိဂံပုံစံ အညီအမျှ ရှိနေနိုင် မှာမဟုတ်ပေ။

"ငါ့ကောင်..မင်း တခြားတွင်းကြီး နှစ်တွင်း ဆီကိုသွားလိုက်..ငါ အကွာအဝေးကို တွက်ချက်ကြည့်မယ်"

လိပ်ကြီးက ညွှန်ကြားချက်များကို လိုက်နာပြီး တခြားတွင်းကြီးနှစ်တွင်းဆီကို ဖြည်းဖြည်းချင်း ကူးခတ်လာခဲ့သည်။

လျူယောင်ရဲ့ တောင်းဆိုမှု့အရ လိပ်ကြီးရဲ့ ကူးခတ်နှုန်းက အတော်လေးတူညီနေသည်။ အချိန်ကို တွက်ချက်ခြင်းဖြင့် လိပ်ကြီး တွင်းတစ်ခုမှ တခြားတွင်းတစ်တွင်းကို သွားတဲ့အချိန်က အတော်လေးတူညီတာကို လျူယောင် တွေ့ခဲ့ရသည်။

ဒီတွင်းကြီးသုံးတွင်းက ပုံမှန်တြိဂံပုံစံ ဖြန့်ဝေ မှု့ကို ပြသနေကြောင်း သေချာစေခဲ့သည်။

ဒီတွင်းကြီးသုံးတွင်းက လူလုပ်တဲ့ တွင်းများ ဖြစ်ကြောင်း လျူယောင် အပြည့်ဝ သေချာ သွားပြီပဲ ဖြစ်၏။ဒါပေမဲ့ ဒီတွင်းကြီး သုံး တွင်းကို ဘယ်သူက ဘယ်အချိန်တွင် ဖန်တီးခဲ့တာကိုတော့ လျူယောင် မသိပေ။

" ဒီကြီးမားတဲ့ စက်ဝိုင်းပုံစံ တွင်းသုံးတွင်း အပြင် အခြားနေရာမှာရော အလား တူတွင်း တွေ ရှိနေမလား "

All Chapters