← Chapters

ကြီးမားလွန်းတဲ့ ပုံရိပ်ကြီး..

Vol. 24 Ch. 335

ကြီးမားလွန်းတဲ့ ပုံရိပ်ကြီး..

Vol. 24 Ch. 335

လျူယောင် အမှန်တကယ် သံသယ ဖြစ်နေပြီး စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမတွင်းများ စသဖြင့်​​ ရှိကောင်းရှိနိုင်လောက်သည်။

"လိပ်ကြီးရေ ..မင်း ပိုကြိုးစားပါ ဒီရက်ပိုင်း ဒီတွင်းကြီးသုံးခုကို အာရုံစိုက်ပြီး နောက် ထပ်တွင်းကြီးတစ်ခု ထပ်တွေ့မလားဆိုတာ ကြည့်ထားလိုက်အုံး..."

" ပြဿနာမရှိဘူး သခင်"

လိပ်ကြီးက တွန့်ဆုတ်မနေဘဲ သဘော တူလိုက်သည်။

မီတာ ၄,၀၀၀ ကျော်အနက်က လိပ်ကြီး အတွက် ကစားနေရသလို ဖြစ်ပြီး ဖိအား ဒဏ် ခံစားရခြင်းမရှိပေ။ သူ ဒီလိုအနက် တွင် ရက်အတော်ကြာ ဆက်တိုက် နေထိုင် တာက ပြဿနာမရှိပေ။

နောက်ထပ်တွင်းကြီးတစ်တွင်းကို ဆက် လက်ရှာဖွေရန် သဘောတူပြီးနောက် ခုန လေးတင် ရှာဖွေတွေ့ရှိထားတဲ့ တွင်းအသ စ်ကို လိပ်ကြီး စိတ်ဝင်စားနေသည်။

"သခင်ရေ ကျွန်တော် ဒီတွင်းထဲကို ဝင်ပြီး ကြည့်လို့ရမလား.."

လျူယောင် ပြောလိုက်သည် ။

"ရတယ် အခုဝင်ပြီး ကြည့်လို့ရတယ်..."

"အရင်က ရှာတွေ့ခဲ့တဲ့ တွင်းကြီးနှစ်တွင်း ထဲ ဝင် တုန်းက အောက်ခြေတော့ မရောက် ခဲ့ဘူး.."

"ခုနလေးတင် ရှာတွေ့ခဲ့တဲ့ ဒီတွင်းကရော အလားတူပဲလား.."

ဘာတွင်းလဲဆိုတာ သိချင်စိတ်ရှိပေမဲ့ လျူ ယောင်လည်း ဘာမှ မတတ်နိုင်ခဲ့ပေ။ ရှေ့မှ တွင်းနှစ်တွင်းတွင် ဘာ အန္တရာယ်မှ မရှိ တာကို တွေးပြီးနောက် လိပ်ကြီးရဲ့ တောင်း ဆိုမှု့ကို လျူယောင် ချက်ချင်းသဘော တူ လိုက်သည်။

ခွင့်ပြုချက်ရရှိပြီးနောက် လိပ်ကြီးက အသစ် ရှာဖွေတွေ့တဲ့ တွင်းထဲ ကူးခတ် ဝင်ရောက် ကာ ပိုနက်ရှိုင်းတဲ့ နေရာဆီကို ဖြည်းဖြည်း ချင်း သွားနေသည်။

လျူယောင်လည်း တတိယအမြင်ကိုဖွင့်ကာ နက်ရှိုင်းတဲ့နေရာတွင် ဖြည်းဖြည်းချင်း ကူးခ တ်နေသည့် လိပ်ကြီးကို ကြည့်နေခဲ့သည်။ ဒီ တွင်းသစ်၏ ပတ်လည်ကိုလည်း ကိုလည်း ကြည့်ခဲ့သည်။ဒါက ယခင် နှစ်တွင်းနဲ့ တစ်ပုံစံတည်း ဖြစ်နေသည်။

လိပ်ကြီးက တဖြည်းဖြည်းနဲ့ မီတာ ၆,၀၀၀ ကျော်အနက်ကို ရောက်ရှိလာခဲ့သည်။ ဒီနေရာတွင် ဖိအားကို သိသိသာသာ ခံစားလာရပေမဲ့ မရပ်တန့်ခဲ့ပေ။ အနက်ဆုံးနေရာ ရောက်တဲ့အထိ လိပ်ကြီးက မရပ်တန့်ခဲ့ပေ။

"မီတာ ၆၅၀၀ အနက်"

"မီတာ ၆၆၀၀"

"မီတာ ၆၈၀၀"

ထိုအနက် ရောက်ပြီးနောက် လိပ်ကြီး ရဲ့ အမြန်နှုန်းက နှေးလာပြီး အနည်းငယ် တွန့်ဆုတ်နေပုံရသည်။

"သခင်ရေ ဖိအားက အရမ်းများနေတယ် ဒါပေမဲ့ ကျွန်တော် နောက်ထပ် မီတာ ၁၀၀ လောက်တော့ ဆက်ဆင်းနိုင်မယ် လို့ထင် တယ်..."

လွန်ခဲ့တဲ့ ရက်အနည်းငယ်ကထက် လိပ်ကြီး ကအလေးချိန် တန် ၂၀ ကျော်တိုးလာပြီး သူ့ရဲ့ဂုဏ်သတ္တိအမျိုးမျိုးကလည်း အနည်းငယ်စီတိုးလာခဲ့သည်။ တစ်ခုစီတွင် အမှတ် ၁၀၀ ကျော်တိုးလာခဲ့၏ ။

လျူယောင် ပြန်ပြောလိုက်သည်။

"ဒါဆို မီတာ ၁၀၀ လောက် ဆက်ဆင်း ကြည့်လိုက်"

တတိယ အမြင်မှတစ်ဆင့် မီတာ ၇,၈၀၀ ခန့်အနက်ကို လျူယောင် အမှန် တကယ် မြင်ခဲ့ရသည်။ဒါပေမဲ့ ဒီတွင်းရဲ့ အောက်ခြေ ကိုတော့ သူ လုံးဝမမြင်ရသေးပေ။

လျူယောင် စိတ်ထဲကနေ ခန့်မှန်းကြည့် လိုက်၏။ ဒီတွင်းက ပထမတွင်းကြီးနှစ်ခုနှင့် အများစုတူညီနေပြီး အောက်ခြေမရှိတာ သေချာလှသည်။ အနက်ဘယ်‌လောက် ရှိလဲဆိုတာကို မသိနိုင်ပေ။

သူ ဘာမှမတွေ့ရသေးပေ။ဒီ ကြီးမားတဲ့ တွင်းထဲတွင် ပင်လယ်ရေနက်ပိုင်းမှာနေတဲ့ အလင်းထုတ်လွှတ်သည့် သတ္တဝါများပင် ရှိ မနေ ပေ။ တခြားအရာများလည်း ရှိမနေ ပေ။

လိပ်ကြီး ဖြည်းဖြည်းချင်း ကူးခတ်သွားရာ မီတာ ၆,၉၀၀ ခန့် အနက်ကို ရောက်လာ ခဲ့ သည်။ တတိယအမြင်မှတစ်ဆင့် မီတာ ၇,၉၀၀ အနက်က အခြေအနေကို လျူ ယောင် မြင်လိုက်ရသည်။

ပင်လယ်ရေမှလွဲပြီး အောက်ခြေမရှိပဲ ကြီး မားတဲ့ တွင်းသာ ရှိ၏။

"ဒါက အရင်တွင်းကြီးနှစ်တွင်းနှင့် အတူတူ ပဲဖြစ်ပုံရတယ် .. ကွဲပြားမှု့ လုံးဝမရှိဘူးပဲ.."

လျူယောင် စိတ်ထဲတွင် တွေးမိလိုက်သည်။

လိပ်ကြီး ပြောလိုက်၏။

"သခင်.. ဒီအနက်မှာ ပင်လယ်ရေဖိအားက အရမ်းများနေတယ် ကျွန်တော် အများဆုံး တစ်မိနစ် နှစ်မိနစ်လောက်ပဲ ခံနိုင်တယ်.."

မီတာ ၅,၀၀၀ ၆,၀၀၀ အနက်သို့ ပြန်သွားဖို့ လိပ်ကြီးကို ရေပေါ်တက်ရန် လျူယောင် အမိန့်ပေးတော့မှာပဲ ဖြစ်သည်။

ရုတ်တရက် လျူယောင် တုန်လှုပ်သွား သည်။

"ငါ့ မျက်စိတွေ ဝါးသွားတာလားဟ "

ခုနလေးတင် သူရဲ့ တတိယ အမြင်အာရုံ၏ အစွန်းတွင် နှိုင်းယှဉ်လို့မရလောက်အောင် ကြီးမားတဲ့ အရိပ်တစ်ခုကို မြင်လိုက် ရ သည်။ သို့ပေမဲ့ ဒီအရိပ်က တစ်စက္ကန့် နှစ်စက္ကန့်သာ ပေါ်လာတာပဲ ဖြစ်၏။

အချိန် အလွန်တိုတောင်းတာကြောင့် ဒီ အရာကဘာလဲဆိုတာကို လျူယောင် သဲသဲ ကွဲကွဲ မမြင်နိုင်ခဲ့ပေ။ ဒါပေမဲ့ ဒီအရိပ်က ကြီးမားတယ်လို့ပဲ သူ ခံစားနေရသည်။

"ငါ မျက်စိတွေ ဝါးသွားတာလား ဒါမှမဟုတ် တကယ်ကြီးမားတဲ့ အရိပ်တစ်ခု ခုနလေး တင် ပေါ်လာခဲ့တာလားဟ..."

လျူယောင် နေရာတွင်ပင် ငြိမ်သက် သွား ခဲ့သည်။

"ငါ တကယ် အမြင်အာရုံဝါးသွားတာလား"

လျူယောင် စိတ်ထဲတွင် ဝေခွဲမရ တွေးနေ သည်။ သို့သော် သူ အမြင်အာရုံဝါးနေတာ လို့ မထင်ခဲ့ပေ။

လိပ်ကြီးက အားတင်းကာ ပြောလိုက်၏။

"သခင်ရ ကျွန်တော် မခံနိုင်တော့ဘူး ကျွန် တော် အပေါ်ကို တက်ဖို့လိုနေပြီလို့ ..."

ထိုအခါမှ လျူယောင် သတိပြန်ဝင်လာပြီး အလျင်စလို ပြောလိုက်သည်။

"အပေါ်ကိုမြန်မြန်တက် ဒီတွင်းကြီးက အ ရင်နှစ်တွင်းနဲ့ အတူတူပဲ..အောက်ခြေမရှိဘူး မင်း ပိုကြီးလာဖို့လိုတယ်..."

လိပ်ကြီး စိတ်သက်သာရာရသွားပြီး တွင်း ပေါက်ဝကို ကူးခတ်သွားသည်။ရေအနက်က တ ဖြည်းဖြည်းနဲ့ မီတာ ၆,၉၀၀ မှ ၆,၀၀၀ ရောက်သွားပြီးနောက် မီတာ ၅,၀၀၀ ကျော် ရောက်သွားသည်။

​ဒီကြီးမားတဲ့ စက်ဝိုင်းပုံစံတွင်းထဲမှ ထွက် လာ ယပြီးနောက် လိပ်ကြီးက စိတ်အေး လက်အေးခံစားရပြီး ပင်လယ် ရေဖိအား ဒဏ်ကို မခံစားရတော့ပေ။

လျူယောင် အမိန့်ပေးလိုက်သည်။

"လိပ်ကြီး မင်းရဲ့နောက်တာဝန်က ဒီလွင် ပြင်ကို ပိုမိုစူးစမ်းပြီး တခြားတွင်းကြီးတွေ ရှိမလားဆိုတာ စစ်ဆေးဖို့ပဲ..."

"ကောင်းပါပြီ သခင်"

လိပ်ကြီး ပြန်​ဖြေလိုက်၏ ။

"ဒါ့အပြင် မင်း ပိုကြီးအောင် ကြိုးစား ရမယ်.. မင်း တန် ၁,၀၀၀ အထိ စောစော ရောက်နိုင်ဖို့ ဒါမှမဟုတ် တန် ၁,၀၀၀ ကျော်နိုင်ဖို့ ငါ မျှော်လင့်တယ်..."

"အင်းပါ.. ကျွန်တော် ပိုကြီးအောင် ကြိုး စားပါ့မယ် သခင်ရ.."

လိပ်ကြီးကို ညွှန်ကြားချက် အနည်းငယ် ပေးပြီးနောက် လျူယောင် တတိယ အမြင် ကို ပိတ်လိုက်သည်။

လျူယောင် တစ်ယောက်တည်း တွေးနေ မိသည်။

"ဒီပင်လယ်ကြမ်းပြင်အောက်က လွင်ပြင်မှာ တကယ်ပဲ နက်ရှိုင်းတဲ့ တွင်းသုံးတွင်း ရှိ နေပြီး...ဒီတွင်း‌တွေက တြိဂံပုံစံနဲ့ ဖွဲ့စည်း ထားတာပဲ.."

"ခုနလေးတင်.. တတိယတွင်းကြီးထဲမှာ ကြီး မားတဲ့ပုံရိပ်တစ်ခု လျှပ်တစ်ပြက်ဖြတ်သွား တာကို ငါ မြင်လိုက်ရသလိုပဲ... ငါ မဝါးရင် ဘာဖြစ်မလဲ အဲဒီ့ ကြီးမားတဲ့ပုံရိပ်က ဘာလဲ..."

…..

ကျုံးဟိုင် နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီ...

ဒီကုမ္ပဏီက ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ဖြစ်ပြီး ဆက်သွယ်ရေးဖြေရှင်းချက်များ ပေးနိုင်တဲ့ ကုမ္ပဏီဖြစ်သည်။ ဒီကုမ္ပဏီက ဆက်သွယ် ရေးနယ်ပယ်တွင် ချင်းယွန်နိုင်ငံတကာ ကုမ္ပဏီနဲ့ ယှဉ်ပြိုင်နိုင်ပေသည်။ အနည်း ငယ်နိမ့်တယ် ဆိုပေမဲ့ သူ့အကန့်နဲ့ နဲ့ သူတော့ ရှိနေသည်။

သူတို့က cloud computing, big data, data centers စသည်တိုကလည်း ကမ္ဘာ့ထိပ်ဆုံး တွင် ရှိနေသည်။

ကမ္ဘာပေါ်တွင် အကြီးဆုံးနှင့် အစွမ်း အ ထက်ဆုံး ဆက်သွယ်ရေးပစ္စည်းများ ထောက်ပံ့ပေးတဲ့ကုမ္ပဏီများထဲမှ တစ်ခု အနေဖြင့် ကြိုးမဲ့အခြေစိုက်စခန်းများ အဆင့်မြင့် router များ smart switch ထုတ်ကုန်များတွင် ထူးခြားတဲ့ နည်း ပညာဆိုင်ရာ အားသာချက်များရှိနေ၏။

အမှန်ပါပဲ ချင်းယွန် လိုပင် သူတို့ကလည်း M နိုင်ငံ၏ အရေးယူပိတ်ဆို့ခြင်းခံခဲ့ရသည်။ လွန်ခဲ့သည့် ခြောက်လကတည်းက ချပ်ပြား ထောက်ပံ့မှုနှင့်ပတ်သက်ပြီး ပြဿနာများ ရှိခဲ့ကာ အခုဆို ချပ်ပြား ထောက်ပံ့မှု့ ပြတ်တောက် လုနီးပါးဖြစ်နေခဲ့သည်။

ကျုံးဟိုင် ဆက်သွယ်ရေးကုမ္ပဏီရဲ့ဥက္ကဋ္ဌ ဝေ့ကျိန်းက ရုံးခန်းထဲတွင် ခေါင်းကိုငုံ့ကာ ဖိအားများစွာဖြင့် စီးကရက် သောက်နေ ခဲ့သည်။

ခုနလေးတင် ပြီးသွားတဲ့ ကုမ္ပဏီရဲ့ အဆင့် မြင့်အစည်းအဝေးတွင် ကုမ္ပဏီ အမှု့ဆောင် များက ဒီ M နိုင်ငံကို အရင်းအမြစ် ကုဒ် ထုတ်ပေးပြီး M နိုင်ငံကနေ ချပ်ပြားထော က်ပံ့မှု့ကို ရယူကာ M နိုင်ငံကို နည်းပညာ ပံ့ပိုးရန် အဆိုပြုခဲ့ကြသည်။

ဥက္ကဋ္ဌဝေ့ကျိန်းက သဘောမတူကြောင်း ပြသခဲ့သည်။ သူက ကျောရိုးရှိတဲ့ စီးပွား ရေးသမားတစ်ဦးဖြစ်တာကြောင့် ခြိမ်း ခြောက်ခံရတာနဲ့ ချက်ချင်းခေါင်းငုံ့ခံမှာ မဟုတ်ပေ။

ဝေ့ကျိန်း စိတ်ထဲကနေ တွေးလိုက်မိသည်။

"ကျောက်စိမ်းကွဲသွားတာက ကုဒ်ပျက်စီး သွားတာထက် ပိုကောင်းမယ်..."

လွန်ခဲ့တဲ့ ခြောက်လကတည်းက သူဟာ ချပ် ပြားဒီဇိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စင်တာ တစ်ခုကို ထူထောင်ရန် အစွမ်းကုန် ကြိုးစား ခဲ့သည်။

သူ့ရဲ့ ကုမ္ပဏီက ချပ်ပြားများကို လိုအပ် နေသည်။ ဒါ့ကြောင့် မိမိဘာသာ ဒီဇိုင်း ထုတ်လုပ်ပြီးနောက် ချပ်ပြား ဖောင်ဒရီ ကုမ္ပဏီများကို ထုတ်လုပ်ရန်အတွက် လွှဲပြောင်းပေးခဲ့သည်။

သူ့ကို M နိုင်ငံ မှလူများက လည်ပင်းကို ကိုင် ထားရခြင်းနဲ့ပတ်သက်ပြီး အတော်လေး စိတ်ကုန်နေမိသည်။ မိမိကိုယ်တိုင် update လုပ်ရန် ဆုံးဖြတ်ခဲ့၏။ M နိုင်ငံမှ ချပ်ပြား များ မတင်သွင်းရခြင်းကလည်း အကောင်း ဆုံးဖြစ်ပေလိမ့်မည်။

"ဒုန်း ဒုန်း ဒုန်း... "

တံခါးခေါက်သံကြားရပြီးနောက် ဝင်လာ သူက ကျုံးဟိုင်နည်းပညာပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ရှိီရှင်းယွမ်ဖြစ်သည်။

ဝင်လာသူက ရှိီရှင်းယွမ်ဖြစ်တာကို မြင် တဲ့ အခါ ဝေ့ကျိန်း လက်ထဲက စီးကရက်တိုကို ဖျောက်လိုက်ပြီး သူ မျက်မှောင် ကြုတ် ထားတာ အနည်းငယ်ပြေလျော့သွားသည်။

"ဥက္ကဋ္ဌရှိီ... ငါတို့ ဒီဇိုင်းထုတ်လုပ်ထားတဲ့ ချပ်ပြားတွေ ဘယ်လိုဖြစ်သွားလဲ..."လို့ မေးလိုက်သည်။

ရှိီရှင်းယွမ်က ပြန်ဖြေလိုက်၏။

"ဒီဇိုင်းက ကောင်းမွန်စွာတိုးတက်နေပါတယ် နောက်သုံးလဆိုရင် အားလုံးအဆင် ပြေပါ ပြီ... ကျွန်တော်တို့ရဲ့ ပထမဆုံးဒီဇိုင်း အသုတ် စုစုပေါင်း OEMs ချပ်ပြားသုံးခုကို ထုတ်လုပ်ဖို့ လွှဲပြောင်းပေးနိုင်ပါတယ်..."

ဝေ့ကျိန်းက ဒီစကားကိုကြားတဲ့အခါ အော င်ပွဲရဲ့အရုဏ်ဦးကို မြင်တွေ့လိုက်ရသလို စိတ်အေးလက်အေးခံစားခဲ့ရသည်။

သူ စိတ်ထဲကနေ တွေးလိုက်မိသည်။

"ငါ အစကတည်းက ချပ်ပြားဒီဇိုင်းနဲ့ R&D စင်တာကို ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံဖို့ အစွမ်းကုန်ကြိုးစားခဲ့တာ အရမ်းမှန်တယ်လို့ ထင်ထားခဲ့တယ်...."

All Chapters