မျှော်လင့်ချက် အလင်းရောင်ကို မြင်ရပြီ
Vol. 24 Ch. 336
" ဥက္ကဋ္ဌ ကျွန်တော်..."
ရှိီရှင်းယွမ်က စကား ဆက်ပြောရန် တွန့် ဆုတ်နေ၏။
ဝေ့ကျိန်း နောက်ဆုံးတွင် သတိထားမိပြီး မေးလိုက်သည်။
"ရှင်းယွမ် ဘာဖြစ်လို့လဲ..."
ရှိီရှင်းယွမ်ရဲ့ လေသံက အလွန်နှိမ့်ချနေပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ဥက္ကဋ္ဌ ကျွန်တော်တို့ရဲ့ ချပ်ပြားဒီဇိုင်းနှင့် သု တေသနဖွံ့ဖြိုးတိုးတက်မှု့က ကောင်းမွန်စွာ တိုးတက်နေပါတယ်..ဒါပေမဲ့ ကျွန်တော်တို့ ပထမဆုံးအကြိမ်အဖြစ် ၈ နာနိုမီတာ ချပ် ပြားဒီဇိုင်းပြီးစီးပြီးနောက် OEM ထုတ်လုပ် မှု့က ပြဿနာရှိနိုင်တယ်..."
ဥက္ကဌဝေကျိန်းက ချက်ခြင်း ပြန်ဖြေ လိုက် ၏။
"Coffey ကုမ္ပဏီ၊ Becky ကုမ္ပဏီ နဲ့ Polar ကုမ္ပဏီ တို့က နာမည်ကျော် ချပ်ပြား ဖောင် ဒရီကုမ္ပဏီတွေပဲ... ချပ်ပြားဒီဇိုင်းပြီး စီးပြီး ရင် သူတို့ကို ထုတ်လုပ်ပေးဖို့ လွှဲပြောင်း ပေး လိုက်ရင်ရပြီကို ဒါက ပြဿနာကြီးကြီး မားမားတော့ မဟုတ်ပါဘူး.."
ရှီရှင်းယွမ် သက်ပြင်းချလိုက်သည်။
"ကျွန်တော် ခုနလေးတင် အဲ့ဒီ့ကုမ္ပဏီတွေက အဆင့်မြင့်အရာရှိတွေနဲ့ ဖုန်းပြောခဲ့တယ်.. M နိုင်ငံ ရဲ့ဖိအားကြောင့် သူတို့က ချပ်ပြား ဖောင်ဒရီထုတ်လုပ်မှု့ကို မလုပ်ပေးဘူးလို့ ပြောပါတယ်..."
"ဘာ..."
ဥက္ကဌ ဝေ့ကျိန်း၏မျက်နှာက ချက်ခြင်း ပြောင်းလဲသွားသည်။ ဒီလိုသာ တကယ် ဖြစ်ပါက ကိစ္စများမှာ ခက်ခဲမူ့ ရှိလာတော့ မည်။ ချပ်ပြားကို ဒီဇိုင်းထုတ်ရန် အသုံး မဝ င်ပေ။ ဒါက ထုတ်ကို ထုတ်လုပ်ရမှာ ဖြစ် သည်။
သူက ချပ်ပြားဖောင်ဒရီ ကုမ္ပဏီများစွာ ရှိ တာကြောင့် ဘယ်ကုမ္ပဏီ မဆို ဖောင်ဒရီ တစ်ခု ထုတ်လုပ်ပေးမယ်လို့ အစက ထင် ထားခဲ့သည်။
အခုဆို ဒီအတွေးက လုံးဝမဟုတ်မှန် ကြောင်း ထင်ရှားနေသည်။
"ပေါ့ဆမိတာ ငါ ပေါ့ဆမိတာ ဟူး ..."
ဥက္ကဌဝေ့ကျိန်း မျှော်လင့်ချက်နဲ့ မေးလိုက် ၏။
"အဲဒါဆို ဂျီဂျီ ကရော သူတို့က ငါ တို့ရဲ့ ချပ်ပြားတွေ.. ထုတ်လုပ်ဖို့ကိုတော့.. ငြင်းဆန်မှာမဟုတ်ဘူးမလား..."
ရှိရှင်းယွမ်က ခေါင်းခါကာ ပြန်ဖြေလိုက် သည်။
"ဂျီဂျီကုမ္ပဏီကိုတော့ ကျွန်တော် မဆက် သွယ်ရသေးတာကြောင့်.. သူတို့ရဲ့ သဘောထားကို အခု မသိရသေးပါဘူး.."
ဝေ့ကျိန်း ချက်ခြင်း ဖုန်းကိုကောက် ယူလိုက် သည်။ကျုံးဟိုင် ဆက်သွယ်ရေးကုမ္ပဏီ နဲ့ ဂျီဂျီကုမ္ပဏီ တို့က အစိမ်းသက်သက် မ ဟုတ်ပေ။ နှစ်ဖက်စလုံးက ပူးပေါင်းဆော င်ရွက်မှု့ အချို့ကြောင့် ဆက်ဆံရေး အချို့ ရှိပေသည်။ M နိုင်ငံ တွင် အချို့ချပ်ပြား များကို ဂျီဂျီ ကုမ္ပဏီက ထုတ်လုပ်ပြီးနောက် ကျုံးဟိုင် ဆက်သွယ်ရေး ကုမ္ပဏီ ကို လွှဲ ပြောင်းပေးခဲ့ဖူးသည်။
ဖုန်းဆက်ပြီး စကားအနည်းငယ် ပြောပြီး နောက် ဥက္ကဌဝေ့ကျိန်း၏ မျက်နှာက ပို လို့ပင် တည်ကြည်လေး နက်လာခဲ့သည်။
ဖုန်းချပြီးနောက် သူ အချိန်အတော် ကြာ အောင် စကားမပြောနိုင်ခဲ့ပေ။ အခြား တစ် ဖက်မှ ဖုန်းထဲတွင် အလွန်သတိထား ပြော ခဲ့ပေမဲ့ သူတို့ ကုမ္ပဏီအတွက် ချပ်ပြား များကို ထုတ်လုပ်ရန် လုံးဝမဖြစ်နိုင်ကြောင်း ကိုသာ ဖော်ပြခဲ့သည်။
"ဘာလုပ်ရမလဲ ငါ ဘာလုပ်ရမလဲ"
ဥက္ကဌဝေ့ကျိန်းရဲ့ နှလုံးတစ်ခုလုံးက ပူပြင်း တဲ့ ဒယ်အိုးပေါ်မှ မြင်းတစ်ကောင်လို စိုးရိမ် ပူပန်နေမိသည်။ဒီလောက် စိတ်ပျက် အား ငယ်ရခြင်းမှာ သူ့ရဲ့ ပထမဆုံးအကြိမ်ပဲ ဖြစ် ၏။
"အမှန်တကယ် လမ်းပိတ်သွားတော့မှာလား ဒီ M နိုင်ငံကို ငါ တကယ် လက်နက်ချရ တော့မှာလား ..."
ရုံးခန်းထဲက ပတ်ဝန်းကျင်မှာ အလွန်ပျင်းရိ စရာ ကောင်းနေသည်။ ရှီရှင်းယွမ်လည်း ဘာပြောရမှန်းမသိပေ။ နှစ်သိမ့်ပေးချင်ပေမဲ့ ဒီလို အခြေအနေမျိုးတွင် ဘယ်စကားလုံး မဆို အသုံးမဝင်ကြောင်း သူ ခံစားနေ ရသည်။
"ဒုန်း.. ဒုန်း.. ဒုန်း .."
တံခါးခေါက်သံက ထိုပျင်းရိမှု့ကို ချိုးဖျက် လိုက်၏။ တံခါးဖွင့် ဝင်လာသူမှာ ကျုံးဟိုင် ဆက်သွယ်ရေးကုမ္ပဏီမှ အမှု့ဆောင် တစ်ဦး ပဲ ဖြစ်သည်။
အမှု့ဆောင် ဝင်လာတာနဲ့ စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။
"ဥက္ကဋ္ဌ သတင်းကောင်း သတင်းကောင်း ကြီးဗျ.. "
ဥက္ကဌဝေ့ကျိန်း စိတ်ရှုပ်ထွေးစွာနဲ့ ထို အမူ့ဆောင်ကို ကြည့်ပြီး မေးလိုက်သည်။
"ဒုတိယဥက္ကဋ္ဌဖန်း ဘာလို့ဒီလောက် ပျော် နေတာလဲ.."
ဒုတိယဥက္ကဋ္ဌဖန်း ကျယ်လောင်စွာ ပြန်ပြော လိုက်သည်။
"ကျွန်တော် သိထားတဲ့ နောက်ဆုံးသတင်း ကတော့ Universal က လျှပ်ကူးပစ္စည်း ကော်ပိုရေးရှင်း စက်ရုံတည်ဆောက်ပြီး ချပ်ပြားဖောင်ဒရီနယ်ပယ်ထဲကို ဝင်ရောက်ဖို့ ပြင်ဆင်နေပါတယ်"
"ဘာ ချပ်ပြားဖောင်ဒရီနယ်ပယ်ထဲကို ဝင်ရောက်မှာလား..."
ဝေ့ကျိန်းနဲ့ ရှိီရှင်းယွမ်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြပြီး သတိပြန်ဝင်လာရန် စက္ကန့်အနည်းငယ်ကြာခဲ့သည်။
"တကယ် ဒီလိုကိစ္စမျိုး ရှိနေတာလား..."
"လုံးဝ အမှန်ပါပဲ ဥက္ကဋ္ဌ "
"ကျွန်တော် အထူးတလည် စုံစမ်းကြည့်တော့ သူတို့ရဲ့ မှတ်ပုံတင်ထားတဲ့ မတည်ရင်းနှီး ငွေက ၁၅ ဘီလီယံအထိ ရှိပြီး စက်ရုံကြီး နှစ်ရုံရဲ့ ဆောက်လုပ်ရေးကိုလည်း စတင် နေပါပြီ..."
ဝေ့ကျိန်းရဲ့ မျက်နှာပေါ်တွင်မျှော်လင့်ချက် အလင်းရောင် ရုတ်တရက် ပေါ်လာခဲ့သည်။
ရှီရှင်းယွမ်ပင် မယုံကြည်နိုင်စွာ မေးလိုက် သည်။
"သူတို့ရဲ့ ဖောင်ဒရီစွမ်းရည်က ဘယ်လိုလဲ ၈ နာနိုမီတာ ချစ်ပ်လုပ်ငန်းစဉ်မှာ ပြဿနာရှိ လား"
ဒုတိယဥက္ကဋ္ဌဖန်းက အလျင်အမြန် ပြန်ဖြေ လိုက်၏။
"ပြဿနာမရှိလောက်ဘူး ကျွန်တော် အထူး တလည် ဖုန်းဆက်ပြီး အတည်ပြုပြီး သား ပါ...သူတို့ဆီမှာ ၅ နာနိုမီတာ စက်တွေနဲ့ ၈ နာနိုမီတာ လစ်သိုဂရက်ဖီစက်တွေ ရှိပါတယ် ခဗျ.."
"မယုံနိုင်စရာပဲ သူတို့က ဒီစက်တွေကို.. ဘယ်ကရတာလဲ"
"၅ နာနိုမီတာ စက်တောင် ရှိနေတာ ဒါ အ ရမ်းမိုက်တာပဲ..."
ဥက္ကဌဝေ့ကျိန်း အနည်းငယ်အား တက်လာ ခဲ့သည်။ပြီးနောက် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။
" ပြင်ဆင်လိုက် Universal က ချပ်ပြား ထုတ်လုပ်တဲ့ သူဋေးကို ငါ သွားတွေ့မယ်..."
ဒုတိယဥက္ကဋ္ဌဖန်းက ပြန်မေးလိုက်၏။
"ဥက္ကဋ္ဌ ရက်အနည်းငယ်အတွင်းလား ခဗျ.."
"စောနိုင်သမျှ စောလေကောင်းလေပဲ ငါ အခုတောင် ထသွားချင်နေပြီ..."
......
Universal ကုမ္ပဏီတွင် ဟူဂျွန်းရှီရဲ့ အစီရင် ခံစာကို လျူယောင် နားထောင်နေသည်။
"အစ်ကိုယောင် ကျွန်တော်တို့ရဲ့ စက်ရုံ နှစ်ရုံ စလုံးရဲ့ ဆောက်လုပ်ရေးကို စတင်နေပြီး ...ဆောက်လုပ်တဲ့ လျင်မြန်မူ့က အလွန် ကျေနပ်စရာကောင်းပါတယ်..."
လျူယောင် ခေါင်းညိတ်ကာ ပြန်ပြောလိုက် သည်။
"အင်း ငါ လည်း စက်ရုံနံပါတ် ၁ ကို လွန်ခဲ့တဲ့ နှစ်ရက်က သွားကြည့်ခဲ့တယ် ဆောက်လုပ် ရေးတိုးတက်မှု့က တကယ်ကောင်း ပါ တယ်..."
နှစ်ဦးလုံး စက်ရုံနှစ်ရုံရဲ့ ဆောက်လုပ်ရေး တိုးတက်မှု့အကြောင်း ခဏပြောပြီးနောက် ဟူဂျွန်းရှီက နောက်ထပ်ကိစ္စတစ်ခုကို အစီရင်ခံလိုက်သည်။
"အစ်ကိုယောင် ခုနလေးတင် ကျုံးဟိုင် ဆက်သွယ်ရေးကုမ္ပဏီတွေက တရားဝင် စာတစ်စောင် ပို့ခဲ့ပါတယ်... သူတို့ရဲ့ဥက္ကဋ္ဌ ဝေ့ကျိန်းက ကျွန်တော့်တို့ဆီကို လာရော က်တွေ့ဆုံချင်တယ်တဲ့..."
"ဒါဆိုရင် မင်းပဲ သူတို့ကို လက်ခံလိုက်ပေါ့ ချပ်ဖောင်ဒရီကြောင့် ဖြစ်မယ်လို့ ငါ ထင် တယ်.."
"ချင်းယွန်ကုမ္ပဏီနဲ့ ကျုံးဟိုင်ကုမ္ပဏီက ပြင်းထန်စွာ အရေးယူ ပိတ်ဆို့ခံထားရ ကြောင့်နေမှာ "
လျူယောင်က အချက်ကျကျ ပြောလိုက် သည်။
"အစ်ကိုယောင်... အဲ့ဒီ့ ကုမ္ပဏီ ရဲ့ နှစ်စဉ် ဝင်ငွေက ဘီလီယံရာနဲ့ချီအထိ ရှိတယ် ...ဒီလောက်ကြီးမားတဲ့ကုမ္ပဏီဥက္ကဋ္ဌကို ကျွန်တော်လက်ခံ တွေ့ဆုံဖို့ သင့်တော်ပါ့ မလား..."
လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်၏။
" ဘာလို့မသင့်တော်ရမှာလဲ မင်းက အခု Universal ချပ်ပြားထုတ်လုပ်ရေးကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာပဲလေ... "
"ဟုတ်တယ် ငါက Universal ရဲ့ အထွေ ထွေမန်နေဂျာပဲလေ.. ငါ စိတ်ပူနေစရာမ လိုဘူး "
စိတ်ထဲတွင် ယုံကြည်မှု့အချို့ရပြီးနောက် ဟူဂျွန်းရှီက ထပ်မံပြောလိုက်သည်။
"အကိုယောင် ကျွန်တော်တို့ရဲ့ ဘလူးဝေးလ် က မလက္ကာရေလက်ကြားကို ဖြတ်သွား ပြီ လား"
"'အင်း ဘလူးဝေးလ်ရဲ့ ကပ္ပတိန်ရမ်ဇီ ကွမ်း ဆီက ခုနလေးတင် ဖုန်းလာတယ်.. သူတို့ မလက္ကာရေလက်ကြားကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီး နှစ်ရက်အတွင်း တောင် တ ရုတ်ပင်လယ်ကို ဝင်ရောက်တော့ မယ်လို့ ငါ့ကို ပြောတယ်..."
လျူယောင် ပြန်ဖြေလိုက်သည်။
ဒီစကားကြားတဲ့အခါ စက်လေးလုံးက မ ကြာမီတွင် ဟွားဟိုင်မြို့ကို ရောက်တော့မှာ ဖြစ်ကြောင်း ဟူဂျွန်းရှီ သိလိုက်သည်။
….
ကျုံးဟိုင် ဆက်သွယ်ရေးလည်းကုမ္ပဏီ
လွန်ခဲ့တဲ့ နှစ်ရက် သုံးရက်ကနဲ့နှိုင်းယှဉ်ရင် ဥက္ကဌ ဝေ့ကျိန်းက လုံးဝကွဲပြားခြားနားပြီး သူက စွမ်းအင်အပြည့်ရှိနေကာ အရင်ကလို ညိုးငယ်နေခြင်းမရှိတော့ပေ။
အခုဆိုရင် သူ့အပေါ်မှ ဖိအားများက များစွာ လျော့နည်းသွားပြီပဲ ဖြစ်၏။
ရုံးခန်းထဲတွင် သူ လည်စည်းကို ကိုယ်တိုင် တပ်လိုက်သည်။ မှန်ကိုကြည့်ပြီး ဘာမှ မ မှားကြောင်း ခံစားရကာ ကျေနပ်သွားခဲ့ သည်။
"ရှင်းယွမ် ဒီတစ်ခါ ငါတို့သွားရောက် တွေ့ဆုံ တဲ့အခါ Universal က ငါတို့နဲ့ ပူးပေါင်း ဆောင်ရွက်လောက်မယ် မို့လား.. "
ရှီရှင်းယွမ် ချက်ခြင်း ပြန်ဖြေလိုက်၏။
"ပြဿနာကြီးကြီးမားမားတော့ မရှိ လောက် ပါဘူး ဒီကိစ္စကို ကျွန်တော် မျှော် လင့်ချက် အပြည့်နဲ့ ယုံကြည်မှု့အပြည့် ရှိပါတယ် ဥက္ကဋ္ဌ... "
" ဟား ဟားဟား..."
နှစ်ယောက်သား ပျော်ရွှင်စွာရယ်မောကြပြီး ဟွာဟိုင်းမြို့ခရီးစဥ်အတွက် မျှော်လင့်ချက် အပြည့် ရှိနေခဲ့ကြသည်။
သူတို့က Universal တွင် ၅ နာနိုမီတာနှင့် ၈ နာနိုမီတာ စက်များရှိကြောင်း အတည် ပြု ပြီးသား ဖြစ်၏။ဒါ့ကြောင့် ၈ နာနိုမီတာ ချပ်ပြားများကို OEM ဖြင့် ထုတ်လုပ်ရာတွင် ပြဿနာကြီးကြီးမားမားမရှိတော့ပေ။
ခဏအကြာတွင် ဥက္ကဌဝေ့ကျိန်း ဦးဆောင် ကာ လူတစ်ဒါဇင်ကျော်ပါဝင်တဲ့ အဖွဲ့က သေသပ်စွာ ဝတ်ဆင်ထားပြီး ကုမ္ပဏီ ရုံး ခန်းအဆောက်အအုံရှေ့ကနေ ကားပေါ် တက်ကာ လေဆိပ်ကို ဦးတည် သွား ခဲ့ကြ သည်။
သူတို့က နာမည်အရ လာရောက်လည် ပတ်ခြင်းဖြစ်ပေမဲ့ အဓိကရည်ရွယ်ချက်မှာ ပူးပေါင်းဆောင်ရွက်မှု့အကြောင်း ဆွေးနွေး ရန်ပင် ဖြစ်သည်။ သူတို့ ကိုယ်တိုင် ဒီဇိုင်း ထုတ်ထားတဲ့ ချပ်ပြားများကို Universal မှ ထုတ်လုပ်ပေးနိုင်ရန် မျှော်လင့်ခဲ့ကြသည်။
ဒီကိစ္စကိုသာ ပူးပေါင်းဆောင်ရွက်နိုင်ပါက ပြဿနာအားလုံး ရှင်းသွားမှာဖြစ်ပြီး M နိုင်ငံရဲ့ အရေးယူပိတ်ဆို့မှု့ကလည်း အ ချည်းအနှီးဖြစ်သွားမှာပဲ ဖြစ်၏။