မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ခြင်း
Vol. 24 Ch. 337
မြောက်အတ္တလန္တိတ် တစ်နေရာ...
မီတာ ၄,၀၀၀ ကျော်အနက်မှာ ရှိတဲ့ ပင် လယ်ရေအောက်လွင်ပြင်တွင် လိပ်ကြီးက ဖြည်းဖြည်းချင်း ကူးခတ်နေသည်။သူက ဒီရက်ပိုင်းအတွင်း အနားယူခြင်း နဲ့အစာရှာ ခြင်းမှလွဲ၍ ဒီလွင်ပြင် ထဲကိုသာ ရှာဖွေ နေခဲ့သည်။
တွင်းကြီးသုံးတွင်းကို ဗဟိုပြု၍ ပတ်ပတ် လည်ကို လိပ်ကြီးက ရှာဖွေခဲ့၏။ဒါက အခြားတွင်းကြီးများ ရှိမရှိကို ဆုံးဖြတ်ရန်ပဲ ဖြစ်သည်။
ရေမိုင် ၂၀၀ မှ ၃၀၀ အချင်းဝက်အတွင်းရှိ နေရာအားလုံးကို ရက်အတော်ကြာအောင် ရှာခဲ့ပေမဲ့ လိပ်ကြီးက ဘာမှ ရှာမတွေ့ခဲ့ပေ။
တွင်းက အရမ်းကြီးမားပြီး ပစ်မှတ်က ရှင်း လင်းနေတာကြောင့် အခက်အခဲတချို့ လျော့နည်းသွားခဲ့သည်။ ပင်လယ် ကြမ်း ပြင်တွင် လည်ဆွဲတစ်ကုံး ရှာဖွေခြင်းလိုမျိုး မခက်ခဲတော့ပေ။
လိပ်ကြီးက အခု တွင်းကြီးသုံးတွင်းနဲ့ ရေမိုင် ၃၀၀ အကွာအဝေးတွင် ရှိနေ၏။ ဒီနေရာက ညီညာတဲ့ ပင်လယ် ရေအောက်လွင်ပြင် မဟုတ်ဘဲ တောင်တန်းများ ဖြစ်နေသည်။
တောင်စောင်းက တဖြည်းဖြည်းမြင့် တက် လာပြီး ရှေ့တွင် တက်ရန် တောင်စောင်းတ စ်ခုရှိပေသည်။ လိပ်ကြီးက ဆက်မတက် တော့ဘဲ လျူယောင်နှင့် ဆက်သွယ် လိုက် သည်။
"သခင်ရေ သခင်ရဲ့ညွှန်ကြားချက်အရ ကျွန်တော် ရေမိုင် ၂၀၀ ကနေ ၃၀၀ အ ချင်းဝက်အတွင်း ရှာဖွေခဲ့ပြီးပြီ ...ဒီပင် လယ်ရေအောက် လွင်ပြင်မှာ ဒီတွင်းကြီး သုံးတွင်းပဲ ရှိတယ်ဆိုတာ အခြေခံအားဖြင့် သေချာပါတယ်ဗျာ...."
ဒီအချိန်တွင် လျူယောင် ရုံးခန်းထဲတွင် ရှိနေသည်။ကျုံးဟိုင် ဆက်သွယ်ရေး ကုမ္ပဏီမှ အဖွဲ့တစ်ဖွဲ့ ရောက်နေတာကြောင့် ဟူဂျွန်းရှီက ကုမ္ပဏီကိုယ်စား သူတို့ကို လက်ခံခဲ့သည်။ အခု ဒီလူတွေအားလုံး ဧည့်ခံခန်းထဲတွင် ထိုင်နေကြသည်။
ဒီအချိန်တွင် သူတို့ စတင် ဆွေးနွေးခဲ့ကြ သည်။ လျူယောင်က အသေးစိတ် အ ကြောင်းအရာကို မသိပေမဲ့ နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်မှု့အကြောင်းကို အရင် ဆွေးနွေးမယ်ဆိုတာ အ ခြေခံအားဖြင့် ခန့်မှန်းနိုင်ခဲ့သည်။
Universal က ချပ်ပြားထုတ်လုပ်ရေးစက်ရုံ ကို အခုမှ တည်ထောင်တာဖြစ်ပြီး စက် ရုံအဆောက်အအုံကလည်း ဆောက် လုပ် နေတုန်းပဲရှိသေးတဲ့အချိန်မှာ စီးပွားရေး လုပ်ငန်းက သူ့ဘာသာ လာရှာနေ၏။
ဒီကိစ္စကို လျူယောင် တွေးနေစဉ် စိတ်ထဲ ကနေ လိပ်ကြီးရဲ့ အသံ ပေါ်လာတာကြောင့် ချက်ချင်းပင် ဆက်သွယ်လိုက်သည်။
"အမ် မင်း ဘာမှ ရှာမတွေ့ခဲ့ဘူးပေါ့.. "
"မတွေ့ခဲ့ဘူး သခင်ရ ..ကျွန်တော် ရေမိုင် ၂၀၀ ကနေ ၃၀၀ အချင်းဝက်အတွင်း ရှာဖွေ ခဲ့ပြီးပြီ စတုတ္ထတွင်းကြီး မရှိဘူးဆိုတာ ၁၀၀% သေချာပါတယ်..."
လျူယောင်လည်း ယုံကြည်သည်။ တွင်းက အလွန်ကြီးမားပြီး အချင်းမီတာ ၁,၀၀၀ ရှိတာကြောင့် ရှာဖွေရမှာ လွယ်ကူပေသည်။
လျူယောင် စိုးရိမ်စွာ မေးလိုက်၏။
" အင်း မင်း အဲ့ဒီမှာနေရာတာရော အဆင် ပြေရဲ့လား.."
" ကျွန်တော် အဆင်ပြေပါတယ် သခင်ရ ..ဒါပေမဲ့ ဒီနေရာမှာ ကြီးမားတဲ့ သတ္တဝါ များကို မတွေ့ရဘူး.. အကြီးဆုံးကောင်က ငါးမန်းတွေပဲ..တစ်ခါတစ်လေ ဝေလငါး တွေကိုလည်း တွေ့တယ်...ကျွန်တော် အိန္ဒိယ သမုဒ္ဒရာကို သတိရလိုက်တာ ဒါမှမဟုတ် ပစိဖိတ်သမုဒ္ဒရာကို ပြန်သွားရမလား..."
လိပ်ကြီးက ညိုးငယ်စွာ ပြန်ဖြေလိုက်သည်။
"ပြဿနာမရှိဘူး ..ဒါဆိုရင် မင်း ပစိဖိတ် သမုဒ္ဒရာကို ပြန်သွားလို့ရတယ်.. ဒါပေမဲ့ လမ်းမှာ တွင်းကြီးတစ်တွင်းထဲ သွားပြီး ဂူနံရံကနေ ကျောက်တုံးတစ်တုံး ယူလာခဲ့..."
လိပ်ကြီးက အနည်းငယ်စူးစမ်း လိုခဲ့သည်။
" သခင်က ဒီကျောက်တုံးကို ဘာကြောင့် လိုချင်တာလဲ.. ဒီအရာက ဘာမှ တန်ဖိုး မရှိတဲ့ဟာကို.. "
လိပ်ကြီး မြင်ယောင် ကြည့်လိုက်သည်။ ဂူနံ ရံက အလွှာလိုက်ဖြစ်နေပြီး အလွှာ တစ်ခု စီ တွင် မတူညီတဲ့အရောင်များရှိတာကြောင့် ဒါက သတ္တုရိုင်း မဖြစ်နိုင်ပေ။
လျူယောင် ရှင်းပြလိုက်သည်။
"ကျောက်တုံးတစ်တုံးသာ ယူလာခဲ့ပါ.. ငါက ဒြပ်စင်ကို တိုင်းတာပြီး တွင်းကြီးသုံးတွင်း ဘယ်အချိန်က ဖြစ်ပေါ်ခဲ့လဲဆိုတာ ဆုံး ဖြတ်ချင်လို့..."
"အိုး.. ဒီ တွင်းသုံးတွင်း ဘယ်အချိန်က ပေါ်လာခဲ့လဲဆိုတာ သိချင်လို့ပေါ့.. "
လိပ်ကြီး နောက်ဆုံးတော့ နားလည် သွား ခဲ့သည်။
"ပြဿနာမရှိဘူး သခင်..ကျွန်တော် အခုပဲ တွင်းဆီကိုသွားလိုက်မယ်.."
ဧရာမလှံကိုကိုင်ကာ လိပ်ကြီး ထွက်ခွာ လာ ခဲ့သည်။ ရေမိုင် ၃၀၀ ကျော်အကွာအ ဝေးရောက်ရန် တစ်နာရီခန့် ကြာပေသည်။
လိပ်ကြီး၏ ရှေ့တွင် အချင်းမီတာ ၁,၀၀၀ ရှိတဲ့ စက်ဝိုင်းပုံစံ တွင်းကြီးတစ်တွင်း ရှိ နေသည်။သူက လမ်းကို ကျွမ်းကျင် တာ ကြောင့် ချက်ချင်းပဲ ဝင်သွားကာ အသက် တစ်ရိူက်ဖြင့် မီတာ ၆,၀၀၀ ကျော် အနက်ထိ ကူးခတ်သွားပြီးနောက် ဧရာမ လှံကိုသုံးကာ တွင်းနံရံကို ကျပန်း ထိလိုက် သည်။
ကျောက်တုံးအနည်းငယ် ကွဲထွက် လာတဲ့ အခါ ပို ကြည့်ကောင်းတဲ့ တစ်ခုကို လိပ်ကြီး ရွေးလိုက်၏။
ဒီကျောက်တုံးက ပေါင်တစ်ရာ နှစ်ရာခန့် ရှိပေမဲ့ လိပ်ကြီးရဲ့ ရှေ့မှာတော့ ကျောက် စရစ်ခဲလေးတစ်တုံးနဲ့ တူနေသည်။ အဲဒါကို ပါးစပ်ဖြင့် ကိုက်ထားပြီး တွင်းထဲမှ လိပ် ကြီး ထွက်လာခဲ့သည်။
ဒီအချိန်တွင် လိပ်ကြီးက အရမ်း စိတ်လှုပ် ရှားနေသည်။ မြောက်အတ္တလန္တိတ်တွင် တစ်လကျော်.နှစ်လနီးပါးနေပြီးနောက် ပစိဖိတ်သမုဒ္ဒရာကို ပြန်သွားနိုင်တာ ကြောင့် ပဲ ဖြစ်သည်။
အိန္ဒိယသမုဒ္ဒရာထက် ပစိဖိတ်သမုဒ္ဒရာမှာ နေရတာကို လိပ်ကြီးက ပိုနှစ်သက် ပေ သည်။
မီတာ ၄,၀၀၀ ကျော် ရေအနက်ကနေ ပင် လယ်ကြမ်းပြင်မှ မီတာ ၂၀၀ မှ ၃၀၀ အ နက် ရောက်လာတဲ့အခါ လိပ်ကြီးက အရှိန် မြန်မြန်နဲ့ ကူးခတ် လာခဲ့သည်။ ရေမိုင် ၃၀၀ ကျော်အမြန်နှုန်းဖြင့် တောင်အတ္တလန္တိ တ်သမုဒ္ဒရာဆီသို့ ကူးခတ် လာခဲ့၏။
လိပ်ကြီးက ဆူးအက်တူးမြောင်းကို ဖြတ် သန်းရန် အစီအစဉ်မရှိဘဲ အာဖရိက မှ တစ်ဆင့် အိန္ဒိယသမုဒ္ဒရာထဲသို့ ဝင်ပြီး နောက် အိန္ဒိယသမုဒ္ဒရာမှတစ်ဆင့် ပစိဖိတ် သမုဒ္ဒရာကို ဖြတ်ကာ ဟွာဟိုင်းမြို့သို့ သွားရန် အစီအစဉ်ရှိခဲ့သည်။
သူက ရေအောက်မီတာ ၂၀၀ မှ ၃၀၀ ခန့် တွင် အာဖရိကတိုက်ရဲ့ တောင် ဘက် အစွန်း ကို အပြည့်အဝအရှိန်ဖြင့် ဦးတည်သွား နေ သည်။
......
Universal တွင်..
ဟွာဟိုင်းမြို့ကို မနေ့ကမှ ဝေ့ကျန်းတို့အဖွဲ့ ရောက်လာခဲ့ကြသည်။ နှစ်ဖက်စလုံး မနက် ခင်း တစ်ခင်းလုံး ဆွေးနွေးခဲ့ပြီး နေ့လယ် ပိုင်းတွင် ဆောက်လုပ်ဆဲဖြစ်တဲ့ စက်ရုံနံ ပါတ် ၁ သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ယနေ့တွင် ပိုမို အရေးပါတဲ့ ဆွေးနွေးမှု့များ ကို ဆက်လက်ပြုလုပ်ရန် အတွက် အတူ တ ကွ ထိုင်ခဲ့ကြသည်။
နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်မှု့ အ ကြောင်း ဆက်လက်ပြောဆိုနေကြပြီး တိုး တက်မှု့က အလွန်ချောမွေ့ခဲ့သည်။ကျုံးဟိုင် ဆက်သွယ်ရေး ကုမ္ပဏီက ချပ်ပြား ထုတ် လုပ်ရေးကုမ္ပဏီတစ်ခုကို ရှာဖွေရန် လိုအပ် နေသည်။ အနာဂတ်တွင်လည်း Universal ရဲ့ အဓိကလုပ်ငန်းက ချပ်ပြား ထုတ် လုပ် တာပဲ ဖြစ်၏။
ဟူဂျွန်းရှီလည်း ဒီလို တကူးတကာ လာတာ ကို အလွန် အလေးထားခဲ့သည်။ ခုအချိန် အထိ အခြေခံအသေးစိတ် အချက် အလက် များကို ဆွေးနွေးပြီးစီးသွားပြီဖြစ်လို့ မနက် ဖန် နံနက်တွင် ပူးပေါင်းဆောင်ရွက်မှု့ စာ ချုပ်ကို လက်မှတ်ရေးထိုးရန် သဘောတူ ခဲ့ ကြသည်။
ကုမ္ပဏီနှစ်ခုက မဟာဗျူဟာမြောက် ပူး ပေါင်းဆောင်ရွက်မှု့ကို ဆောင်ရွက်တော့မည် ဖြစ်သည်။ ကျုံးဟိုင် ဆက်သွယ်ရေး ကုမ္ပဏီက က ချပ်ပြားများရဲ့ ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု့ကို ဆောင်ရွက်မှာဖြစ်ပြီး Universal က ချပ်ပြားများထုတ်လုပ်မှု့ကို ဆောင်ရွက်မှာပဲ ဖြစ်သည်။
နေ့လယ်ပိုင်းတွင်..
စောစောစီးစီး အလုပ်ဆင်းပြီး လီချန်းလဲ့ နဲ့အတူ စူပါမားကတ်သို့ သွားမလားဆိုတာ လျူယောင် စဉ်းစားနေခဲ့သည်။ မကြာသေး မီက လီချန်းလဲ့ဟာ ချက်ပြုတ်တာကို စွဲ လန်းလာပြီး မီးဖိုချောင်တွင် အလုပ်လုပ် မယ်လို့ နောက်ပြောင် ပြောဆိုခဲ့တာ ကြောင့်ပဲ ဖြစ်၏။
" ဒေါက် ဒေါက် ဒေါက်.. "
ထိုအချိန် တံခါးခေါက်သံကြားရကာ ဟူ ဂျွန်းရှီက ပျော်ရွှင်စွာဝင်လာပြီး အစီရင် ခံလိုက်သည်။
"အစ်ကိုယောင် ဆွေးနွေးပွဲကတော့ အခြေခံ အားဖြင့် ပြီးစီးသွားပြီ..."
ဟူဂျွန်းရှီက နှစ်ဖက်စလုံးကြားမှ ဆွေးနွေးမှု့ ကို အသေးစိတ်ရှင်းပြပေးကာ လျူယောင် ဂရုတစိုက်နားထောင်နေသည်။
နားထောင်ပြီးနောက် လျူယောင် ချီးကျူး လိုက်၏။
"မဆိုးပါဘူး ဒီလိုပူးပေါင်းဆောင်ရွက်မှု့က ငါတို့အတွက် အများကြီးအကျိုးရှိတယ် ချပ်ပြားဖောင်ဒရီရဲ့ ဈေးနှုန်းသတ်မှတ်ခွင့် က ငါတို့ရဲ့လက်ထဲမှာ အပြည့်အဝရှိတယ်.."
ဟူဂျွန်းရှီ ရှင်းပြလိုက်သည်။
" ဒီကျုံးဟိုင်ကုမ္ပဏီ က တကယ်ပဲ ချပ်ပြား ကုမ္ပဏီတစ်ခုကို.. လိုအပ်နေတာ ကျွန်တော် တို့မှာက.. ၅ နာနိုမီတာ..၈ နာနိုမီတာ စက် တွေ ရှိတာကြောင့် သူတို့ ပူးပေါင်းဆောင်ရွ က်တာပါ အကိုယောင်... "
အမှန်ပါပဲ Universal ချပ်ပြား ထုတ်လုပ် တဲ့စက်ရုံ ပေါ်ပေါက်လာခြင်းက အဲ့ဒီ့ ကုမ္ပဏီရဲ့ အရေးပေါ်လိုအပ်ချက်ကို ဖြေ ရှင်းပေးခဲ့သည်လေ။
ဟူဂျွန်းရှီ ဆက်ပြောလိုက်၏။
" အနာဂတ်လုပ်ငန်းအတွက်ကတော့ စိတ်ပူ စရာမလိုတော့ဘူး အကိုယောင် ခက်တာက လစ်သိုဂရက်ဖီစက်တွေ လိုနေတာပဲ..."
လျူယောင် ခေါင်းညိတ်ကာ စိတ်မပူဖို့ ပြော လိုက်သည်။
"မပူပါနဲ့ ..ဘလူးဝေးလ်က မလက္ကာ ရေ လက်ကြားကို လွန်ခဲ့တဲ့နှစ်ရက်က ဖြတ် လာခဲ့ပြီ ..နောက် လေးရက်..ငါးရက် ဆိုရင် ဟွားဟိုင်မြို့ကို ရောက်တော့မှာပဲ..."
"အရမ်းကောင်းတယ် အကိုယောင် .. ရက် အနည်းငယ်လောက်ဆို ဒီ စက်တွေကို ကျွန် တော် မြင်ရတော့မယ်..."
ဟူဂျွန်းရှီ အနည်းငယ် စိတ်လှုပ်ရှား နေခဲ့၏။
လျူယောင် နာရီကြည့်ပြီး ထရပ်ကာ ပြော လိုက်၏။
"ငါ အရင်အလုပ်ဆင်းပြီ ...ဈေးဝယ်ပြီး ချက်ပြုတ်ရအုံးမယ်..."
ဟူဂျွန်းရှီ ခဏမျှ ကြောင်အသွားသည်။ သူ့ မျက်နှာအမူအရာက မယုံကြည်စွာနဲ့
"အစ်ကိုယောင် ကျွန်တော့်ကို မလိမ်ပါနဲ့ ကိုယ့်ဘာသာ စျေးဝယ်ပြီး.. ချက်ပြုတ်ဖို့ လိုအပ်လို့လား..."
ဟု ပြောနေသလို ဖြစ်နေသည်။
လျူယောင် ခပ်ပါးပါးပြုံးပြီး ကြောင်တောင် တောင်ဖြစ်နေတဲ့ ဟူဂျွန်းရှီကို လျစ်လျူရှု ကာ ရုံးခန်းထဲက ထွက်လာခဲ့သည်။
နောက်ဆုံးတော့ ဟူဂျွန်းရှီ သတိပြန်ဝင်လ ာပြီး လျူယောင့် နောက်ကနေ လိုက်ကာ ရုံးခန်းတံခါးကို ပိတ်လိုက်သည်။
လျူယောင် တကယ်ပဲ ဟင်းသီးဟင်းရွက် တွေ သွားဝယ်တော့မှာပဲ ဖြစ်သည်။ သူက လီချန်းလဲ့နဲ့အတူ ဈေးဝယ် ထွက်ချင်ခဲ့ သည်။ လီချန်းလဲ့က ဒီညမှာလည်းထပ်ပြီး ချက်ပြုတ်တော့မှာပဲ ဖြစ်၏။
နွေရာသီကျောင်းပိတ်ရက် မကုန်ဆုံး သေး တာကြောင့် သူမတွင် အချိန် ရှိနေသည်။ နွေရာသီကျောင်းပိတ်ရက်ပြီးဆုံးသွားတဲ့အခါ ကိုယ်တိုင်ချက်ပြုတ်ရန် အချိန်နည်းသွား တော့မည်လေ။
Rolls - Royce ကားတစ်စီးက Universal မှ ထွက်လာခဲ့ပြီး ယာဉ်မောင်းက ချန်းဟူ ဖြစ်နေဆဲ ဖြစ်သည်။
ချန်းဟူ ပြန်လာပြီးနောက် ကုမ္ပဏီ တစ်ခု လုံးက သူ့ကို သူဋေးရဲ့ အမြဲတမ်း ယာဉ် မောင်းနှင့် ကိုယ်ရံတော်ဖြစ်ကြောင်း သိထား ကြသည်။ဒါ့ကြောင့် သူ့အလုပ်ကို ဘယ်သူမှ လုယူတော့မှာ မဟုတ်ပေ။