ဘယ်အချိန်က ဖြစ်ပေါ်ခဲ့ လဲဆိုတာ တိုင်းတာခြင်း
Vol. 24 Ch. 338
ထိုင်ဝမ်ရေလက်ကြား....
လိပ်ကြီး ထိုင်ဝမ်ပင်လယ်ကို မဖြတ်သန်းဘဲ မာလက္ကာ ရေလက်ကြားကို လျင်မြန်စွာ ဖြတ်သန်းသွားခြင်းဖြင့် အကွာ အဝေး အ နည်းငယ် ချွေတာနိုင်စေရန် ဒီနေရာကနေ ဖြတ်သန်းသွားခဲ့သည်။
"အာ ..အဲဒ့ါ ငါ တို့ရဲ့ 'ဘလူးဝေးလ်ပဲ သူ လည်း ဒီမှာရှိနေတာပဲ..."
လိပ်ကြီးရဲ့ ညာဘက်ခြမ်းနဲ့ မဝေးတော့တဲ့ နေရာတွင် ရွက်လွှင့်နေတဲ့ ဘလူးဝေးလ် ပို့ဆောင်ရေးသင်္ဘောကို မြင်လိုက်သည်။ ဒီသင်္ဘောကို သူ အလွန်ရင်းနှီးပေသည်။
လိပ်ကြီး ဂုဏ်ယူစွာ တွေးမိလိုက်သည်။ မြောက်အတ္တလန္တိတ်ရှိ ဒီလူသူ ကင်းမဲ့တဲ့ ကျွန်းမှ ကွန်တိန်နာကြီးလေးလုံးကို ဘလူး ဝေးလ်တင်ဆောင်လာတာ ရက်ပေါင်းသုံး ဆယ်နီးပါးရှိခဲ့သည်။
"သူက ဟွာဟိုင်းမြို့ကို မရောက်သေးဘူး ငါက ပိုပြီးအံ့သြစရာကောင်းတာပဲ ဒီကို ရောက်ဖို့ သုံးရက်ပဲကြာတယ် နောက် နာရီ အနည်းငယ်ဆို ငါက ဟွာဟိုင်းမြို့ကို ရောက်နေပြီ..."
ဘလူးဝေးလ်နဲ့အတူလိပ်ကြီး မိနစ် ၂၀ မှ ၃၀ ခန့် ကူးခတ်ပြီးနောက် သူ့ရဲ့နှေးကွေးတဲ့ အမြန်နှုန်းကို မနှစ်သက်တော့ဘဲ ဘလူး ဝေးလ်ကို လျစ်လျူရှုကာ အရှိန်မြှင့် လိုက် သည်။
နာရီအနည်းငယ်အကြာတွင် ဟွာဟိုင်းမြို့ကို လိပ်ကြီး ရောက်လာခဲ့သည်။ ပင်လယ် ကမ်းစပ်နားရှိ ဂိုဒေါင်နဲ့ မဝေးတော့ သည့် နေရာတွင် လိပ်ကြီး သက်ပြင်းချလိုက်ပြီး သခင်လိုအပ်တဲ့ ကျောက်တုံးကို ပြန်ယူ လာ ခဲ့သည်။
ဂိုဒေါင်ကို ရောက်ရှိပြီးနောက် လိပ်ကြီးက သူ့ လက်သည်းများတွင် ကိုင်ထားသော ဧရာမလှံကို ဂိုဒေါင်နဲ့ မဝေးတဲ့ ပင်လယ် ကြမ်းပြင်အောက်တွင် ခဏထား လိုက် သည်။ပြီးနောက် ဂိုဒေါင်ရဲ့ လမ်းကြောင်း မှတစ်ဆင့် ဝင်ရောက်ရန် ပြင်ဆင်ခဲ့သည်။
ရေလမ်းကြောင်းက အကျယ်မီတာ ၂၀ ခန့်ရှိပြီး ရေအနက်က ဆယ်မီတာကျော် နက်၏။ လိပ်ကြီး သတိထား နေရသည်။
ကံကောင်းစွာဖြင့် ညဥ့်နက်နေပြီဖြစ်လို့ ဒီနေရာတွင် မည်သူမျှ ရှိမနေပေ။ မဟုတ်ပ ါက လိပ်ကြီး ဖော်ထုတ်ခံရနိုင်သည်။
"ဟီးဟီး.. ငါက အရမ်းကြီးနေတာပဲ.."
အလေးချိန် တန် ၉၀၀ နီးပါးရှိတာကြောင့် အရွယ်အစားက အလွန်ကြီးမားလှသည်။ အမြီးတစ်ခုတည်းရဲ့အလျားက မီတာ ၃၀ ကျော်ရှိ၏။ခေါင်းမှ အမြီးအစွန်းအထိ ရေတွက်ပါက လိပ်ကြီးရဲ့ အလျားက မီတာ ၉၀ ကျော်သွားပြီပဲ ဖြစ်သည်။
ဒီလိုကြီးမားသောကောင်ကြီးက ရေ လမ်း ကြောင်းမှတစ်ဆင့် ဂိုဒေါင်ထဲကို ဂရုတစိုက် ဝင် လာခဲ့သည်။ မကြာမှီတွင် လိပ်ကြီးသာ ပိုကြီးလာပါက ဒီရေလမ်းကြောင်းထဲ ဝင်နိုင် တော့မည် မဟုတ်ပေ။
ဂိုဒေါင်ထဲ လိပ်ကြီး ဝင်ရောက်ပြီးနောက် မိုင်ထောင်ချီတဲ့နေရာမှ သယ်လာခဲ့တဲ့ ကျောက်တုံးများကို ဂိုဒေါင်ရဲ့ကြမ်းပြင်တွင် ထားလိုက်သည်။ ပြီးနောက် ရေလမ်း ကြောင်းမှတစ်ဆင့် ဂရုတစိုက် ပင်လယ်ထဲ ပြန်ဝင်သွားခဲ့သည်။
ဧရာမလှံကို ပြန်ကောက်ယူပြီးနောက် လိပ် ကြီး ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။
သူက ပစိဖိတ်သမုဒ္ဒရာတစ်ဝိုက်တွင် ပျော် ရွှင်စွာကူးခတ်တော့မည်ပဲ ဖြစ်သည်။ နောက်ပိုင်းတွင် သူ့မှာ လုပ်စရာ ဘာတာဝန် မရှိတော့ပေ။သူက ပိုစား၊ ပိုအနားယူပြီး စောနိုင်သမျှစောစွာ ပိုပြီးကြီးလာရန် လိုအပ်သည်လေ။
......
နံနက် ၈:၀၀ နာရီခန့်တွင် လျူယောင် ဗီလာ မှ ထွက်လာခဲ့ပြီး ပုံမှန်ထက် စောနေသည်။ ပုံမှန်အားဖြင့် ၉:၀၀ နာရီနောက်ပိုင်းမှသာ ကုမ္ပဏီကိုသွားလေ့ရှိသည်။
လျူယောင်၏ အမိန့်အရ ချန်းဟူ ကားကြီး တစ်စီးကို မောင်းလာခဲ့သည်။ ရှေ့ခရီးသည် ထိုင်ခုံတွင် ဗလာဖြစ်နေပြီး ကိုယ်ရံတော်များ မရှိပေ။ ဒါကလည်း လျူယောင် ရဲ့အမိန့်ပဲ ဖြစ်၏။
နောက်ခန်းထိုင်ခုံတွင်လည်း လျူယောင် မထိုင်ပေ။ သူက ယာဉ်မောင်းရဲ့ ဘေးထိုင် ခုံတွင် ချက်ချင်းထိုင်ပြီး ထိုင်ခုံခါးပတ်ကို ပတ်ကာ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
"ပင်လယ်ကမ်းစပ်နားက ဂိုဒေါင်ကို မောင်း..."
"သူဋေး ဘာလို့ ဒီလောက်စောစော ထွက် လာတာလဲ" ချန်းဟူ စိတ်ထဲကနေ တွေး မိလိုက်သည်။တစ်ခုခုတော့ ဖြစ်ခဲ့ပုံရ သည်။
အရည်အချင်းပြည့်မီတဲ့ ယာဉ်မောင်းနဲ့ ကိုယ်ရံတော်တစ်ဦးအနေဖြင့် သူ့စိတ်ထဲ တွင် မည်မျှပင် သိချင်နေကာမူ သူဋေးက စကားစ မပြောလာပါက မမေးရဲကြောင်း သိထားခဲ့သည်။ အချို့စကားလုံးများကို စိတ်ထဲတွင်သာ ထားရပေမည်။
ချန်းဟူ ကားကို အာရုံစိုက် မောင်းလာခဲ့ သည်။ လျင်မြန်ပြီး တည်ငြိမ်နေ၏။ ပုံမှန် အားဖြင့် ဗီလာကြီးကနေ ပင်လယ်ကမ်း စပ်ဂိုဒေါင်ကို မိနစ် ၄၀ မှ ၅၀ ခန့်ကြာအောင် မောင်းရသည်။ဒါပေမဲ့ အခု သူတို့က မိနစ် ၃၀ ခန့်အတွင်း ရောက်လာခဲ့သည်။
လျူယောင် ကားပေါ်မှမဆင်းဘဲ အဝေး ထိန်းသော့ကို ထုတ်ကာ တံခါးကိုဖွင့်လိုက် ပြီး အမိန့်ပေးလိုက်သည်။
"တိုက်ရိုက်မောင်းဝင်လိုက်.. "
လမ်းကိုကျွမ်းကျင်တာကြောင့် ကားကို ဂိုဒေါင်ထဲသို့ ချန်းဟူ မောင်းဝင်လာခဲ့ သည်။ မမေးပေမဲ့ ချန်းဟူက လမ်းတစ် လျှောက်လုံး တွေးနေခဲ့သည်။
"သူဋေးက ကုမ္ပဏီကို အရင်မသွားဘဲ ပင် လယ်ကမ်းစပ်ဂိုဒေါင်ကို တိုက်ရိုက်လာ တာ..ဂိုဒေါင်ထဲမှာ တစ်ခုခုရှိနိုင် လောက် တယ်.."
သူ အရင်က မြင်ခဲ့ဖူးသည်။ ဥပမာအားဖြင့် ဂိုဒေါင်ထဲတွင် ရွှေအများအပြားရှိနေပြီး သစ်သားများစွာလည်း တွေ့ခဲ့ဖူးသည်။
" ဒီတစ်ခါရော ဘာဖြစ်မလဲ..."
ဂိုဒေါင်ရဲ့ မြင်သာတဲ့နေရာတွင် ကျောက်တုံး တစ်တုံးသာရှိ၏။သိပ်မကြီးပဲ ပေါင်တစ်ရာ ပေါင်နှစ်ရာပင် မပြည့်ပေ။
လျူယောင် ပျော်ရွှင်စွာ ကားပေါ်မှဆင်းပြီး ထိုကျောက်တုံးရဲ့ရှေ့ကို တိုက်ရိုက်လျှောက် လာခဲ့သည်။ရတနာတစ်ခုကို ကြည့်နေလို လျူယောင် ခံစား ခဲ့ရသည်။ ထပ်ခါထပ်ခါ ကြည့်ပြီးနောက် လျူယောင် ပြောလိုက် သည်။
" ဒါကို ကားပေါ်တင်လိုက်.."
သူဋေးက ဒီကားကြီးကို အထူးတလည် မှာ ယူရခြင်းရဲ့အကြောင်းရင်းကို နောက်ဆုံး တော့ ချန်းဟူ နားလည်သွားသည်။ ကား ကြီးရဲ့နောက်ခန်းက ကျယ်ဝန်းတာကြောင့် ဒီကျောက်တုံးကို သယ်ဆောင်ရန်အတွက်ပဲ ဖြစ်၏။
ကျောက်တုံးဆီကို ချန်းဟူ လျှောက်သွ ားပြီး လွယ်ကူစွာ မလိုက်ကာ ကားပေါ် တင်လိုက်သည်။ ဒါက ကျောက် တုံးမဟုတ် ဘဲ သံတုံးကြီးတစ်ခုလိုပင်။
"အာ ငါ လုံးဝ အား စိုက်လို့ မရဘူး"
"ဟူး ရပြီး"
သူက အခု ခန္ဓာကိုယ် ဂုဏ်သတ္တိသုံးခုစလုံး အမှတ် ၁,၀၀၀ ခန့်ရှိသည်။ ပေါင်တစ်ရာ နှစ်ရာခန့်လေးသောအရာများကိုသာမကဘဲ တန်တစ်တန် နှစ်တန်လေးတဲ့ အရာများ ကို ပင် သူ အလွယ်တကူ ရွှေ့နိုင်ပေသည်။
ကျောက်တုံးကို ကားထဲ ထည့်ပြီး ချန်းဟူက ကားနောက်ဖုံးကို ပိတ်တာကို မြင်သောအခါ လျူယောင် လက်ဝှေ့ယမ်းကာ ပြောသည်။
ကား ပြန်ထွက်လာပြီး လျူယောင် ဂိုဒေါင် တံခါးကို ပိတ်လိုက်သည်။ တစ်နာရီ ခန့် အကြာတွင် ဟွာဟိုင်း သတ္တုသုတေ သနဌာနကို လျူယောင် ရောက်လာ ခဲ့ သည်။
ဒီနေရာကို အချိန်အတော်ကြာကတည်းက လျူယောင် ဆက်သွယ်ထားခဲ့ ခြင်းဖြစ် သည်။ မြောက်အတ္တလန္တိတ်သမုဒ္ဒရာရဲ့ အောက်ခြေရှိ ထိုတွင်းကြီးများ ဘယ် အချိန် က ဖြစ်ပေါ်ခဲ့သလဲဆိုတာ သိရန်အတွက် ဒီကျောက်တုံးကို လျူယောင် ယူလာခဲ့ခြင်း ဖြစ်သည်။
လျူယောင် ဒါကို လုပ်ဆောင်ရန် အချိန် အတော်ကြာအောင် စောင့်နေခဲ့တာပဲ ဖြစ် ၏။လျူယောင် ကားပေါ်မှဆင်းလာတာကို မြင်သောအခါ ဒါရိုက်တာ လော့က လျင် မြန်စွာလာပြီး လက်ဆွဲနှုတ်ဆက်ခဲ့သည်။
"မစ္စတာလျူ ကျွန်တော်တို့ရဲ့ သတ္တု သုတေသနဌာနကို ကြိုဆိုပါတယ်ခဗျာ.."
ဒီလူနဲ့ လက်ဆွဲနှုတ်ဆက်ပြီးနောက် ကျယ်လောင်စွာ လျူယောင် ပြောလိုက်၏။
" ဒီတစ်ကြိမ် ခင်ဗျားရဲ့ အကူအညီ ယူရပါဦးမယ်"
စကားပြောပြီးနောက် သူက ကားကြီး နောက်ဖုံးကို ကိုယ်တိုင်ဖွင့်လိုက်ပြီး ကား ပေါ်ရှိ ကျောက်တုံးကြီးကို လက်ညိုးထိုးကာ ပြောလိုက်သည်။
"ဒါရိုက်တာ လော့ ဒီကျောက်တုံးကို ဘယ် အချိန်ကဖြစ်ပေါ်ခဲ့လဲဆိုတာ တိုင်းတာဖို့ အိုင်ဆိုတုပ်တိုင်းတာမှု့နည်းလမ်းကို အသုံး ပြုပေးပါ"
ဒီကျောက်တုံးတွင် ထူးခြားသည့် မျက်နှာ ပြင်ရှိပြီး ပင်လယ်အောက်တွင် နှစ်ပေါင်း များစွာနေခဲ့ရသော်လည်း ခွဲခြားသိနိုင်ပေ သည်။
ဒီကျောက်တုံးကို တွင်းကြီးသုံးတွင်း ဖြစ် ပေါ်ခဲ့စဉ်က ရှိနေတာလို့ လျူယောင် ယူ ဆခဲ့သည်။ဒါမှသာ တွင်းကြီးသုံးတွင်း ဘယ်အချိန်ကဖြစ်ပေါ်ခဲ့လဲဆိုတာကို သိနိုင်မည် ဖြစ်၏။
"အဲ့ဒါက နှစ်ရာပေါင်းများစွာကလား ဒါမှမဟုတ် နှစ်ထောင်ပေါင်းများစွာကလား ဒါမှမဟုတ် နှစ်ပေါင်း သောင်းနဲ့ချီတာလား "
လျူယောင် တွေးလိုက်မိသည်။
လော့ယောင်နဲ့ အခြားသူများအတွက် အိုင် ဆိုတုပ်နည်းလမ်းဖြင့် အချိန်ကို တိုင်းတာရန် မခက်ခဲပေ။ သူတို့တွင် အလွန်ကျွမ်းကျင်တဲ့ ဝန်ထမ်းများနဲ့ ကိရိယာများရှိပေသည်။
ဒီကျောက်တုံးက အနည်းငယ်ကြီးတာမလို့ ဒါကို ကားထဲမှ ထုတ်ယူရန်အတွက် လူသုံး ဦး လေးဦးလောက် လိုအပ်နေသည်။
"ယွမ်ကုန်း လူငယ်အချို့ကို သွားခေါ်ပြီး ကျောက်တုံးကို သယ်ခိုင်းလိုက်.."
လျူယောင် ပြုံးကာ ပြောလိုက်၏။
"လူခေါ်စရာမလိုပါဘူး..တွန်းလှည်းတစ်စီး တွန်းလာပေး..."
ဒါရိုက်တာလော့ယောင်က သူ့အင်္ကျီလက် များကို လိပ်တင်လိုက်ကာ ပြောလိုက် သည်။
"ဒီလောက်လေးတဲ့အရာကို ငါ မသယ်ရတာ အချိန်အတော်ကြာပြီ ယွမ်ကုန်း မင်းတို့ လည်း ကူပေး.."
လျူယောင်က ချန်းဟူတို့နှင့်အတူ ဒီ ကျောက် တုံးကို ကားထဲကနေ ရွှေ့မယ်လို့ သူ တွေးခဲ့သည်။
လျူယောင် ရယ်ကာ ပြောလိုက်၏။
"ဟား ..ဒါရိုက်တာ လော့ ကိုယ်တိုင်လုပ်စ ရာမလိုပါဘူး..ကျွန်တော့်ယာဉ်မောင်းကိုပဲ လုပ်ခိုင်းလိုက်ပါ.."
လော့ယောင် ခဏမျှ ကြောင်အသွားပြီး သတိပေးလိုက်သည်။
"မစ္စတာလျူ ဒီကျောက်တုံးက မသေးဘူး နော်..ပေါင်နှစ်ရာမရှိဘူးဆိုပေမဲ့ အနည်းဆုံး ပေါင်တစ်ရာ့ခုနစ်ဆယ်ကနေ ရှစ်ဆယ် လောက်တော့ရှိမယ် လူတစ်ယောက်တည်းနဲ့ ရွှေ့လို့မရနိုင်ဘူး.."
ဘာစကားမှ မပြောဘဲ ချန်းဟူ က ကျောက် တုံးကို ကားထဲမှ အလွယ်တကူဆွဲယူပြီး တွန်းလှည်းပေါ်တင်လိုက်သည်။ဒါက ပုံမှန် အတိုင်းဖြစ်နေပုံရသည်။
ချက်ချင်းပင် ဘေးပတ်ဝန်းကျင်မှ လူများ အံ့အားသင့်သွားကြသည်။ဒါရိုက်တာလော့အပါအဝင်ပဲ ဖြစ်သည်။
"မစ္စတာလျူရဲ့ ယာဉ်မောင်းက အရမ်း အား ကောင်းတာပဲ ပုံမှန်ထက် အားကောင်း တဲ့ လူပဲဟ..."
သူ့ဘေးနားမှ ယွမ်ကုန်းက အားကစားကို စိတ်ဝင်စားသူ တစ်ယောက်ပဲ ဖြစ်၏။ နေကာမျက်မှန်ကြီးတပ်ထားတဲ့ ချန်းဟူကို ကြည့်ပြီး အနည်းငယ်ရင်းနှီးနေတယ်လို့ သူ ခံစားနေရသည်။