← Chapters

နှစ်ပေါင်း ငါးသောင်းက ဖြစ်ပေါ်လာခြင်း

Vol. 24 Ch. 339

နှစ်ပေါင်း ငါးသောင်းက ဖြစ်ပေါ်လာခြင်း

Vol. 24 Ch. 339

ချန်းဟူကို သူ စိုက်ကြည့်လိုက်ပြီး နောက် တစ်ကြိမ် ထပ်ကြည့်လိုက်ကာ အလွန် ရင်း နှီးသလို ခံစားနေရသည်။

ချန်းဟူက ခုချိန်တွင် ‌‌‌‌‌‌‌ မျက်မှန်အမည်း ကြီး တစ်လက်ကို အမြဲတပ်ဆင်ထားသည်။ ဒါက သူ့ကို ကြည့်ကောင်း‌စေရုံသာမက လူသိများ ခြင်းမှလည်း ကာကွယ်ပေး‌သည်လေ။

ယွမ်းကုန်းရဲ့ မျက်နှာအမူအရာကို သတိပြုမိ ကာ လျူယောင် အနည်းငယ် ပြုံးလိုက် သည်။ဒါပေမဲ့ သူ ဘာအမူအရာမှထုတ်မပြပဲ ဗိုလ်နေမြဲ ကျားနေမြဲ ပုံစံနဲ့သာ နေလိုက် သည်။

နောက်ဆုံးချိန်ထိ ယွမ်းကုန်းက ချန်းဟူကို မမှတ်မိနိုင်သေးပေ။ သူ့ မှတ်ဥာဏ်ထဲတွင် ဘယ်သူလဲ ဆိုတာကို အကြိမ်ကြိမ်စဉ်းစား ပေမဲ့လဲ ဘယ်သူမှန်းကို လုံးဝ မမှတ်မိနိုင် ခဲ့ပေ။ဒါ‌ ပေမယ့်ရင်းနှီးနေတဲ့ ခံစားချက်က ရှိနေသည်။

ကျောက်တုံးကြီးကို ကားပေါ်ကနေ ချပြီး သောအခါ လျူယောင် ပြောလိုက်သည်။

"ဒါရိုက်တာလော့..ဒီကိစ္စကို ခင်ဗျားဆီမှာပဲ အပ်ခဲ့မယ်.. ရလဒ်ထွက်လာရင် ကျွန်တော့် ကို ဖုန်းဆက်လိုက်ပါ..."

"ပြဿနာမရှိပါဘူး..စိတ်မပူပါနဲ့ မစ္စတာ လျူ "

ဒါရိုက်တာလော့ယောင်က စိတ်အားထက် သန်စွာဖြင့် ပြန်ဖြေလိုက်သည်။

"မစ္စတာလျူ ကျွန်တော့်ရုံးခန်းကို လာပြီး လက်ဖက်ရည်သောက်ပါဦးလား.."

ဟုလည်း ထပ်ဖြည့် ပြောလိုက်၏။

"နေပါ‌စေ ကျွန်တော် ကုမ္ပဏီကို ပြန်ရဦး မယ်.."

လျူယောင် ငြင်းဆိုလိုက်သည်။

လျူယောင် အလုပ်များနေတာကို လော့ ယောင် သိတာကြောင့် အတင်းအကျပ် မ တိုက်တွန်းတော့ပေ။ လျူယောင်နဲ့ လက် ဆွဲနှုတ်ဆက်ပြီးနောက် ကားပေါ် တက်ကာ ထွက်ခွာသွားတာကို ကြည့်နေတော့သည်။

ဟွားဟိုင် သတ္တုသုတေသနဌာနမှ ကား မောင်းထွက်လာပြီးနောက် ချန်းဟူ အံအား သင့်ကာ မေးလိုက်သည်။

"သူဋေးခင်ဗျားက တကယ့်ကို မျက်နှာ ပွင့်သဗျ.. ဒါရိုက်တာတောင်မှ စိတ်အား ထက်သန်နေတာပဲ "

လျူယောင် ပြုံးကာ ပြန်ဖြေလိုက်၏။

"ငါက ..သူတို့ကို သတ္တုသုတေသနအတွက် အထူးရန်ပုံငွေအဖြစ် ယွမ် ၂ သန်း လှူဒါန်းခဲ့ လို့ပါကွာ.."

" ​သြော် ဒီလိုကိုး"

ဟွာဟိုင်း သတ္တုသုတေသနဌာနလို ဝင်ငွေမ ကောင်းတဲ့ အစိုးရဌာနအတွက် ယွမ် ၂ သန်းမှာ နည်းသောပမာဏမဟုတ်ပေ။ သို့ပေမဲ့ လျူယောင်အတွက်ကတော့ ယွမ် ၂ သန်းက များပြားခြင်းမရှိပေ။

တကယ်လို့သာ ဒီကျောက်တုံးပေါ်ရှိ မျက် နှာပြင်များ စတင်ဖြစ်ပေါ်လာတဲ့အချိန်ကို စမ်းသပ်ရန် ကူညီနိုင်ပါက ဒီယွမ် ၂ သန်းက တန်ဖိုးရှိပေသည်။

လျူယောင်တို့ ထွက်ခွာသွားပြီးနောက် လော့ ယောင် ကိုယ်တိုင်ရဲ့ ညွှန်ကြားမှု့ အောက် တွင် ကျောက်တုံးရဲ့ ဒြပ်စင်များကို စတင် တိုင်းတာတော့သည်။

ယွမ်းကုန်းကလည်း ထိုသူများထဲမှ တစ်ဦး ဖြစ်ပြီး သူတို့ရဲ့ နည်းပညာရှင်များက စနစ် တကျ ပြင်ဆင်နေကြသည်။

သူ ပြင်စင်နေစဥ် စိတ်ထဲတွင် ဆက်လက်စ ဉ်းစားနေခဲ့သည်။

"မစ္စတာလျူရဲ့ ကားသမားက တော်တော် ရင်းနှီးနေပါလား..ငါ ဘယ်နေရာမှာ တွေ့ဖူး တာလဲကွာ.."

သူ့အကြည့်များက ဘေးနားမှာရှိတဲ့ တစ် ပတ်ကျော်နေပြီဖြစ်သော သတင်းစာ ဟောင်းတစ်ခုပေါ်ကို မတော်တဆ ကျ ရောက်သွားသည်။ ထိုသတင်းစာတွင် ချန်း ဟူရဲ့ အောင်ပွဲများနှင့် စံချိန်ချိုးမှု့များ အကြောင်း ဖော်ပြထားပေသည်။

"သူပဲ.."

"အဲ့တာ သူပဲ.. "

ယွမ်းကုန်း ချက်ချင်း စိတ်လှုပ်ရှားသွားပြီး အလွန်ပျော်ရွှင်နေပုံရသည်။ဒါပေမဲ့ မကြာမှီ မှာပဲ သူ အနည်းငယ် နောင်တရသွား ခဲ့ သည်။

"စောစောကတည်းက မှတ်မိခဲ့ရင်ကောင်းမှာ ပဲလက်မှတ်တောင်းလို့ရတာပေါ့ ဒါမှမဟုတ် အတူတူ ဓာတ်ပုံရိုက်ခွင့်တောင် ရနိုင်တယ် ငါ ကံမကောင်းဘူးကွာ ခုနကတုန်းကတော့ မမှတ်မိခဲ့ဘူး..."

ယွမ်းကုန်း ဝမ်းနည်းစွာ တွေးလိုက်မိသည်။

ယွမ်းကုန်းရဲ့ ပုံစံကိုကြည့်ပြီးနည်းပညာရှင် ရှောင်ကျိုးက နားမလည်နိုင်စွာ မေးလိုက် သည်။

"ယွမ်းကုန်း ဘာဖြစ်နေတာလဲ.. ဘာလို့ ဒီ လောက်တောင် စိတ်လှုပ်ရှားနေရ တာလဲ ကွ.."

ယွမ်းကုန်းက အသံကျယ်ကျယ်နဲ့ ပြန်မေး လိုက်သည်။

"ရှောင်ကျိုး မင်း မစ္စတာလျူ ကားမောင်း တဲ့လူကို ကို သတိထားမိလား"

"တွေ့ပါတယ် ကျွန်တော်တောင် တိတ်တိတ် လေး ခိုးကြည့်ခဲ့တာ ရင်းနှီးနေတယ်လို့ ထင်မိလို့.. "

"အဲ့လူက ချန်းဟူပဲကွ ငါလည်း ဒီသတင်း စာကို ကြည့်လိုက်မှ သတိရသွားတယ်"

"ဘာ ချန်းဟူ ဆိုတာ အဲ့ဒီလူလား..."

ရှောင်ကျိုးလည်း စိတ်လှုပ်ရှားသွားခဲ့သည်။

"ဟာ ကျွန်တော်တို့ အခွင့်အရေး ကောင်း တစ်ခုကို လက်လွတ်သွားတာပဲ.. စောစော ကတည်းက မှတ်မိခဲ့ရင် သူနဲ့ ဓာတ်ပုံရိုက်ပြီး Moments မှာ တင်လို့ရတာပေါ့ ဒါက ဘယ်လောက်တောင် မျက်နှာပွင့်လိုက်မလဲ"

"ဟုတ်တယ် ငါတို့ အခွင့်အရေးကောင်းကြီး တစ်ခုကို လက်လွတ်သွားခဲ့ပြီ..."

လူ တစ်ယောက်က ဝင်ပြောလိုက်သည်။

"မစ္စတာ လျူက တကယ့်ကို အံ့မခန်းပဲ.. ချန်းဟူကတောင် သူ့အတွက် ယဥ်မောင်း အဖြစ် လုပ်ပေးနေတာ .. ပြီးတော့ သူ့ဆန္ဒ အရ လုပ်ပေးနေပုံပဲ.. အံ့သြစရာပဲကွာ.."

"ဟုတ်တယ် တကယ်ကို အံ့သြစရာ ပဲ. .စစ်တပ်ကနေ အနားယူပြီးနောက် ချန်းဟူက ..မစ္စတာလျူရဲ့.. ယဥ်မောင်းအ ဖြစ် အလုပ်လုပ်နေတယ်လို့ ပြောရင် ဘယ် သူယုံမှာလဲ.."

ယွမ်းကုန်း၊ ရှောင်ကျိုးနှင့် အခြားလူများက စိတ်အေးလက်အေး မရှိကြတော့ပေ။ ချန်း ဟူက လျူယောင်ရဲ့ ယဥ်မောင်းအဖြစ် လုပ် နေခြင်းက သူတို့ရဲ့ မျှော်မှန်းချက်ထက် လုံးဝကျော်လွန်နေပြီး ဒါက အမှန်တကယ် ဖြစ်တယ် ဆိုတာကိုပင် လက်ခံရန် ခက်ခဲနေ ကြသည်။

......

လျူယောင် Universal ကို ပြန်လာခဲ့သည်။

မြောက်အတ္တလန္တိတ်သမုဒ္ဒရာအောက်ခြေရှိ ဧရာမတွင်းကြီးသုံးတွင်း ဘယ်အချိန်က ဖြစ် ပေါ်လာတာလဲ ဆိုတာကို သိလိုပါက ဒြပ်စင် တိုင်းတာမှု့ရလဒ်များကို စောင့်ဆိုင်းရမှာ ဖြစ်သည်။

လျူယောင်ကို ပျော်ရွှင်စေတာက လော့ ယောင်နဲ့ သူ့အဖွဲ့သားများက အလွန် လျင် မြန်စွာ လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ နာရီအနည်းငယ်ကြာပြီးနောက် နေ့လယ် ပိုင်းတွင် ဒါရိုက်တာလော့ယောင် ကိုယ်တိုင် ဖုန်းဆက်လာခဲ့သည်။

"မစ္စတာလျူ ..ကျွန်တော် သတ္တုသုတေ သနဌာနက လော့ယောင်ပါ.."

"မင်္ဂလာပါ ဒါရိုက်တာလော့ ရလဒ်ထွက်လား ပြီလား"

"ခုနလေးတင် ထွက်လာပါပြီ. .ကျွန်တော် တို့ရဲ့ တိုင်းတာမှု့အရ ဒီကျောက်တုံးပေါ်က မျက်နှာပြင် ဖြစ်ပေါ်လာတဲ့အချိန်က လွန်ခဲ့ တဲ့ နှစ်ပေါင်း ၅၀,၀၀၀ ဝန်းကျင် ဖြစ်​လိမ့် မယ်..."

"ဘာ နှစ်ပေါင်း ၅၀,၀၀၀ ကလား.."

လျူယောင် အနည်းငယ် တုန်လှုပ် သွား သည်။ဒါက နှစ်ပေါင်း ၅၀,၀၀၀ သာ ရှိ သေး၏။

သူ အစက လွန်ခဲ့သော နှစ်သန်းပေါင်းများ စွာ ဒါမှမဟုတ် နှစ် ဆယ်သန်းပေါင်းများ စွာ က ဖြစ်ပေါ်လာတယ်လို့ ခန့်မှန်းထား ခဲ့ သည်။

ဒီဧရာမတွင်းကြီးသုံးတွင်းက သဘာဝအ တိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ လူသားများ နဲ့ တူးဖော်ထားခြင်းဖြစ်တယ်ဆိုတာ ထင်ရှားလှသည်။

လျူယောင်က ဒါကို လူသားများရဲ့ လက်ရာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းခဲ့သည်။ တကယ်လို့ နှစ်ပေါင်း ၅၀,၀၀၀ ဆိုပါက ရှေးခေတ်က လူများလုပ်တာ မဖြစ်နိုင်တော့ပေ။

" ဂြိုဟ်သားတွေများ ဖြစ်နိုင်သလော.."

"လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀,၀၀၀ က ဂြိုဟ်သား များက ကမ္ဘာမြေကို လာရောက်ခဲ့ ကြပြီး.. ဒီကြီးမားပြီး နက်ရှိုင်းတဲ့ ဧရာမတွင်း ကြီးသုံးခုကို ထားရစ်ခဲ့ကြတာများလား.."

"သူတို့က ဒီကြီးမားတဲ့တွင်းကြီးသုံးတွင်းကို ဘာ့ကြောင့်တူးဖော်ခဲ့သလဲ... သူတို့က အခု ဘယ်မှာရှိမလဲ...ကြာခဲ့ပြီဖြစ်လို့ ထွက်ခွာ သွားခဲ့ကြပြီလား.. ဒါမှမဟုတ် ကမ္ဘာ့မြေရဲ့ တစ်နေရာရာမှာ ရှိနေသေးလား"

လျူယောင် ခေါင်းထဲတွင် အများကြီး တွေး နေမိသည်။ လော့ယောင်က သူ့ကို စကား ဖြတ်ပြောလိုက်သည် အထိပင်။

"မစ္စတာလျူ ကျွန်တော့်စကားကို နားထောင် နေပါသလား..."

လျူယောင်က တောင်းပန်သည့်သဘောဖြင့် ပြောလိုက်သည်။

"နားထောင်နေပါတယ် ကျေးဇူးတင်ပါတယ် ခဗျ.."

"မစ္စတာလျူ စမ်းသပ်စာရွက်ကို ကျွန်တော် ကိုယ်တိုင်လာပို့ပေးရမလား.."

"မလိုပါဘူး..အဲဒီကျောက်တုံးကိုလည်း ကျွန်တော် မလိုချင်တော့ဘူး.. ခင်ဗျားတို့ သဘောအတိုင်း စီမံနိုင်ပါတယ်.."

လျူယောင် ပြန်ပြောလိုက်သည်။

ဒါက သာမန်ကျောက်တုံးတစ်တုံး ဖြစ်ပုံ ရ၏။ ဘယ်လိုပဲ စီမံခွင့်ပေးထား ပေမယ့် လည်း လျူယောင်ကမူ လွန်ခဲ့သော နှစ် ပေါင်း ၅၀,၀၀၀ က ဖြစ်ပေါ်ခဲ့တဲ့ ဒြပ်စင် တစ်ခုက ဘယ်သူ့ရဲ့စိတ်ဝင်စားမှု့ကိုမှ ဆွဲ ဆောင်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်ထား သည်။

လော့ယောင်နဲ့ အဖွဲ့သားများကပင် ဒါက ပုံ မှန်ဟု ယူဆထားပုံရသည်။ ကျောက်တုံး တစ်တုံးရဲ့ ဒြပ်စင်အသစ်ဖြစ်ပေါ်ရန် အ ကြောင်းအရင်းများစွာရှိနိုင်သည်။ ဥပမာ အားဖြင့် သဘာဝအတိုင်းကွဲအက်ခြင်း၊ ပြင်ပစွမ်းအားများကြောင့် သို့မဟုတ် အခြားအကြောင်းအရာများကြောင့် ဖြစ် နိုင်သည်။

ဒါ့ကြောင့် လျူယောင်က ဒီကျောက်တုံးကို ဟွာဟိုင်း သတ္တုသုတေသနဌာနကို ရဲရဲ တင်းတင်း ပေးအပ်ခဲ့ခြင်းပဲ ဖြစ်သည်။

ဖုန်းချပြီးနောက် လျူယောင်က သူ့ကုလား ထိုင်ပေါ်တွင် ထိုင်ကာ အများကြီး စဉ်းစား နေမိသည်။

ဒီဧရာမတွင်းကြီးသုံးတွင်းက ဂြိုဟ်သားတွေ ရဲ့ လက်ရာဖြစ်နိုင်တယ်ဆိုတာ အခြေခံ အားဖြင့် သေချာနေသည်။​ဒါပေမဲ့ သူတို့က ဒီတွင်းကြီးများကို ဘာကြောင့် ဖန်တီးခဲ့ တယ်ဆိုတာကို လျူယောင် ရှင်းလင်းစွာ မသိရသေးပေ။

ဒါ့အပြင် ဧရာမတွင်းကြီးသုံးတွင်းက အောက်ခြေတွင် ဘယ်လောက် နက်ရှိုင်းပြီး ဘာတွေရှိတယ် ဆိုတာကိုလည်း မဖြေ ရှင်းနိုင်သေးတဲ့ လျှို့ဝှက်ချက်များအဖြစ် ကျန်ရှိနေသေးသည်။

"လိပ်ကြီးက နည်းနည်းသေးနေတာ ဆိုး တယ်ကွာ.. တကယ်လို့ ဒီကောင်သာ ပိုကြီး လာမယ်ဆိုရင် ပိုနက်ရှိုင်းတဲ့ နေရာကို သွား နိုင်ပြီး.. ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ် နိုင် မှာပဲ"

လျူယောင် ဝမ်းနည်းစွာ တွေးလိုက်၏။

" လိပ်ကြီး တန်ချိန် ၁,၀၀၀ ကျော်သွား တဲ့အခါ အဲဒီဧရာမတွင်းကြီးသုံးတွင်းကို နောက်တစ်ခေါက် သွားကြည့်ခိုင်းရမယ်" ဟုလည်း လျူယောင် ဆုံးဖြတ်လိုက်သည်။

လျူယောင် တစ်ယောက်တည်း အချိန် အတော်ကြာအောင် တွေးနေခဲ့သည်။

ဟွာဟိုင်းမြို့ရဲ့ ကမ်းရိုးတန်းအနီးတွင် 'ဘလူးဝေးလ်"ကတော့ ရွက်လွှင့်နေပြီး ဆိုက်ရောက် ဆိပ် ကမ်းမှ ဆယ်မိုင်သာ ဝေးတော့သည်။

သူက ကမ္ဘာပတ်ခြင်းထက် ပိုရှည်တဲ့ ပင် လယ် ရေမိုင် ၃၀,၀၀၀ ကျော်ကို အသွား အပြန် ခရီးနှင်ခဲ့ပြီး နှစ်လနီးပါး ကြာပြီး နောက် နောက်ဆုံးတွင် ပြန်ရောက် လာခဲ့ သည်။

ဆိပ်ခံတံတားပေါ်တွင် ကားများစွာရှိပြီး ကားအသေးများ off-road ယာဉ်အချို့နှင့် ကွန်တိန်နာများ သယ်ယူပို့ဆောင်ရန်အတွက် ကြီးမားတဲ့ နောက်တွဲယာဉ်လေးစီး ရပ်ထား ပေသည်။

ဟူဂျွန်းရှီ ၊လင်းကျွင်း ၊ဟွမ်ကွမ်းနှင့် Universal ချပ်ပြား ထုတ်လုပ်ရေး ကော်ပ ရေးရှင်း ရဲ့ အလယ်အလတ်နှင့် အထက်အ ရာရှိများ ‌‌‌‌‌‌အားလုံးနီးပါး ရောက်နေကြပြီး လူတိုင်းက မငြိမ်မသက်ဖြစ်နေကြကာ ပင် လယ်ပြင်ကို အဆက်မပြတ် ကြည့်နေကြ သည်။

မိနစ်သုံးဆယ်မှ လေးဆယ်ခန့် စောင့်ဆိုင်း ပြီးနောက် တစ်စုံတစ်ယောက်က အသံ ကျယ်ကျယ်နဲ့ အော်ပြောလိုက်သည်။

"ဟိုမှာ ကြည့်ပါအုံး...အဲဒါ ကျွန်တော်တို့ရဲ့ 'ဘလူး‌ဝေးလ်' မဟုတ်လား"

အားလုံးက အဝေးမှ ပင်လယ်ပြင်ဘက်ကို လှမ်းကြည့်လိုက်ကြသည်။

ဟူဂျွန်းရှီတို့က ကုမ္ပဏီရဲ့ ကိစ္စအချို့ကို ပြောနေ ခဲ့ကြသည်။ဒါပေမဲ့ ဒီအော်သံကို သတိပြုမိတဲ့အခါ သူတို့ စကားပြောတာကို ချက်ခြင်းရပ်ပြီး အဝေးမှပင်လယ်ပြင် ဘက် ကို အတူတူ လှမ်းကြည့်လိုက်ကြသည်။

All Chapters