← Chapters

လစ်သိုဂရက်ဖီစက်ကို ပြန်သယ် လာပြီ

Vol. 24 Ch. 340

လစ်သိုဂရက်ဖီစက်ကို ပြန်သယ် လာပြီ

Vol. 24 Ch. 340

‘ဘလူးဝေးလ်’ သင်္ဘောက ဆိပ်ခံ တံတား ဆီကို ဦးတည်ရွက်လွှင့်လာတာကြောင့် သင်္ဘောတစ်စီးလုံး ပွက်လောရိုက် နေကြ သည်။

မိုင်‌ပေါင်းတစ်သောင်းကျော် ခရီးနှင် ပြီး နောက်ဆုံးတွင် မိခင်မြေကို ပြန်ရောက် လာခဲ့ပြီပဲ ဖြစ်၏။

"ငါတို့ပြန်ရောက်လာပြီ ..ငါတို့ပြန်ရောက် လာပြီ ဟေ့.."

"ခရီးရှည်ကြီးသွားရတာ မလွယ်ကူဘူး ..အိမ်မှာ အနားယူပြီး မိသားစုနဲ့အတူ အချိန်ဖြုန်းချင်နေပြီ"

"ကြည့်အုံး.. ဆိပ်ခံတံတားမှာ လူတွေ တော်တော်များများရှိနေတယ် ငါတို့ကို ကြိုဆိုဖို့ လာကြတာလား"

သင်္ဘောပေါ်ရှိ သင်္ဘောသားများက တစ် ယောက်ပြီးတစ်ယောက် ပိုမို စိတ် လှုပ်ရှား နေကြသည်။ ကပ္ပတိန်ရမ်ဇီကွမ်းက ဆိပ်ခံ တံတားပေါ်ရှိ အခြေအနေကို မှန်ပြောင်းဖြင့် ကြည့်နေသည်။ သူ့ မျက်နှာတွင် ပျော်ရွှင် မှု့များဖြင့် ပြည့်နှက်နေပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။

"ငါတို့ရဲ့ တာဝန်ကို အောင်မြင်စွာ ပြီးမြောက် ခဲ့ပြီ လစ်သိုဂရက်ဖီစက် လေးလုံးကိုပါ ပြန် သယ်လာနိုင်ခဲ့ပြီ.."

‘ဘလူးဝေးလ်’ မှာ ပိုမို နီးကပ်လာခဲ့၏။

အစတွင် သေးငယ်တဲ့ အမဲစက်လေးကနေ ပိုကြီးလာခဲ့သည်။ ဆိပ်ခံတံတားပေါ်ရှိ လူ များက ‘ဘလူးဝေးလ် ကို ရှင်းလင်းစွာ မြင် ရပြီ ဖြစ်တာကြောင့် တစ်ယောက် ပြီး တစ်ယောက် အသံကျယ်ကျယ်ဖြင့် အော် ဟစ်နေကြသည်။

"ငါတို့ရဲ့ ‘ ဘလူး ဝေးလ်’ ပြန်ရောက်လာပြီ.."

"ဟုတ်တယ် ငါတို့ရဲ့ ‘ ဘလူးဝေးလ်’ ပဲ သင်္ဘောပေါ်က ကွန်တိန်နာကြီး လေးလုံးကို လည်း မြင်နေရပြီ.."

လူတိုင်း စိတ်လှုပ်ရှားနေတဲ့ အကြည့်များ အောက်တွင် ‘ဘလူး‌ဝေးလ်က ပိုနီးကပ် လာ ပြီးနောက်ဆုံးတော့ ချောမွေ့စွာ ဆိုက်ကပ် ခဲ့သည်။

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အော် ပြောလိုက်သည်။

"ဟေး ကြည့်အုံး ကားတွေလာနေတယ်"

ဟူရှီးဂျွန် လင်းကျွင်းနဲ့ ဟွမ်ကွမ်းတို့လည်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက် ကြ သည်။ အမှန်ပါပဲ ကားနှစ်စီးလာနေပြီး ရှေ့ တွင် off-road ယာဉ်တစ်စီးနဲ့ နောက်တွင် Roll-Royce တစ်စီးတို့ပဲ ဖြစ်၏။

"သူဋေး ရောက်လာပြီ အဲ့ဒါ သူဋေးကားပဲ.."

ကားရပ်သွားတဲ့အခါ လျူယောင် ကားပေါ်မှ ဆင်းလာတာကို မြင်လိုက်ရတဲ့အခါ လူတိုင်း ပိုလို့ပင် စိတ်လှုပ်ရှားသွားကြသည်။

ဟူဂျွန်းရှီက လူအုပ်ကိုဦးဆောင်ကာ လျူ ယောင်ကို စိတ်အားထက်သန်စွာ ကြိုဆို ပြီးအဝေးကနေ အသံကျယ်ကျယ်နဲ့ နူတ် ဆက်လိုက်သည်။

"အစ်ကိုယောင်..အကို ကိုယ်တိုင် ရောက် လာတာပဲ"

စက်လေးလုံး ရောက်ရှိလာတာကြောင့် လျူ ယောင် စိတ်ကြည်လင်နေသည်။သူ ဆိပ်ခံ တံတားဘေးရှိ "ဘလူး ဝေးလ်"ကို ကြည့် လိုက်ကာ အသံကျယ်ကျယ်နဲ့ ပြန်ဖြေလိုက် ၏။

"ငါလည်း လာကြည့်ရမယ်လေကွာ.."

လျူယောင် အနည်းငယ် စိုးရိမ်နေခဲ့သည်။ ဒါတွေကို သူကိုယ်တိုင် ကြည့်ချင် သည် လေ။

ယခင်က ဒီကွန်တိန်နာလေးလုံးကို ပြင်ပ လူတစ်ဦးရဲ့ အမြင်ကနေသာ မြင်ခဲ့ရပြီး အနီးကပ် မမြင်ဖူးသေးပေ။

‘ ဘလူးဝေးလ်’ ရောက်လာခဲ့ပြီး လျူယောင် ကိုယ်တိုင်လည်း ရောက်လာခဲ့သည်။။

‘ ဘလူးဝေးလ်’ ရဲ့ ကပ္ပတိန် ရမ်ဇီကွမ်း က သင်္ဘောပေါ်မှ လူအချို့နှင့်အတူ ဆင်း လာ ပြီး လျူယောင်ဆီကိုလျှောက်လာသည်။ အတိတ်က စစ်သားတစ်ဦးဖြစ်ခဲ့တာကြောင့် သတိအနေအထားဖြင့် သူ မတ်တပ်ရပ်ပြီး အလေးပြုလိုက်သည်။

"သူ​​ဋေး..စက်လေးလုံးကို ကျွန်တော်တို့ ပြန် သယ်လာခဲ့ပါပြီ..နောက်လာမယ့် အစီအစဉ် ကို ညွှန်ကြားပေးပါ.."

ကပ္ပတိန်ရမ်ဇီကွမ်းနဲ့ အခြားလူများကို ကျေ နပ်စွာ ကြည့်လိုက်ပြီးနောက် ချီးကျူးလိုက် သည်။

"အားလုံးပင်ပန်းခဲ့ကြပြီ.. ကောင်းတယ် ခင်ဗျားတို့ နောက်လုပ်ရမယ့်အလုပ်က စက်လေးလုံးကို သင်္ဘောပေါ်ကနေချဖို့ပဲ..."

"ဟုတ်ကဲ့ကျွန်တော်တို့ ချက်ချင်း လုပ်လိုက် ပါ့မယ်..."

နောက်တစ်ကြိမ် စနစ်တကျ အလေးပြုမှု့ကို ပြုလုပ်ပြီး ကပ္ပတိန်ရမ်ဇီကွမ်းက စက်များ ချတဲ့အလုပ်ကို ကိုယ်တိုင်ဦးစီး လုပ်ကိုင် တော့သည်။

‘ ဘလူးဝေးလ်’ တွင် ကိုယ်ပိုင် ကရိန်းကြီးရှိ တာမို့လို့ သယ်ယူရန် အပြည့်အဝစွမ်း ဆောင်နိုင်ပြီး တန်ချိန်ဒါဇင်နှင့်ချီတဲ့ ကွန် တိန်နာများကို သယ်ယူခြင်းက ကလေးက စားသလိုပင် ဖြစ်နေ၏။

ခဏအကြာတွင် ပထမဆုံးကွန်တိန်နာကို ဆိပ်ခံတံတားတွင် ဆိုက်ကပ်ထားတဲ့ ကွန် တိန်နာတင်ယာဉ်ကြီးပေါ်သို့ ချလိုက်သည်။

" ဖြောင်း ဖြောင်း..ဖြောင်း.."

ထိုနေရာတွင် နွေးထွေးတဲ့လက်ခုပ်သံများ ပေါ် ထွက်လာသည်။

ထို့နောက် ဒုတိယ တတိယနှင့် စတုတ္ထ ကွန်တိန်နာများကို အသီးသီး ချလိုက်၏။ စုစုပေါင်းကွန်တိန်နာလေးလုံးကို ကွန် တိန်နာတင်ယာဉ်များပေါ်သို့ အောင်မြင်စွာ တင်လိုက်နိုင်ပြီပဲ ဖြစ်သည်။

လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက် သည်။

"သွားကြစို့ ကမ်းနားက ဂိုဒေါင်ကို သွားကြ မယ်"

လူအချို့ ကားများပေါ် တက်ကာ လျူ ယောင်နဲ့အတူ ကမ်းနားက ဂိုဒေါင်ကို လိုက် ပါလာကြပြီး လူအချို့ကတော့ အရည် အ ချင်းမပြည့်မီတာကြောင့် ဆိပ်ခံတံတား တွင်သာ နေရစ်ခဲ့သည်။

ကားငယ်အချို့က ရှေ့မှမောင်းနှင်ပြီး နောက်တွင် ကုန်တင်ကားကြီးလေးစီး လိုက်ပါလာကာ ကမ်း နားဂိုဒေါင်ကို သွား တဲ့လမ်းတွင် ရှည်လျားတဲ့ ယာဉ်တန်းကြီး ဖြစ်နေခဲ့သည်။

မိနစ် ၂၀ မှ ၃၀ ခန့်ကြာပြီးနောက် ယာဉ် တန်းက ပင်လယ်ကမ်းစပ်ရှိ ဂိုဒေါင် ကို ရောက်ရှိလာခဲ့ပြီး ကားအချို့က လမ်း ဘေးတွင် ရပ်လိုက်ကြသည်။ လူတိုင်း ကားပေါ်မှဆင်းကာ ဂိုဒေါင်ထဲသို့ လမ်း လျှောက်ဝင်လာခဲ့သည်။

ကုန်တင်ကားကြီးများကတော့ တစ်စီးပြီး တစ်စီး ဂိုဒေါင်ထဲ မောင်းဝင်လာခဲ့သည်။ ကုန်တင်ကားများ ဝင်လာပြီးနောက် စက်ကို ယာဉ်ပေါ်မှချပြီး ပြန်လည် ထွက်ခွာသွား သည်။

ကွန်တိန်နာကြီးလေးလုံးကို ဂိုဒေါင်ကြီးရဲ့ အလယ် ဗဟိုမှာ ရှိတဲ့ နေရာလွတ်တွင် ချလိုက်သည်။ ကားကြီးလေးစီးကလည်း သူတို့ရဲ့တာဝန်ကို ပြီး မြောက် သွားခဲ့သည်။

သတိပြုမိတဲ့ လူများက ဒီနေ့ ကမ်းနားဂို ဒေါင်မှာ ယခင်ကနှင့်မတူဘဲ လုံခြုံရေး ဝတ်စုံဝတ်ဆင်ထားတဲ့ လူ ၂၀ မှ ၃၀ ခန့် ပိုများနေတာကို သတိပြုမိခဲ့ကြသည်။ သူတို့အားလုံးက Universal ရဲ့ လုံခြုံရေး ဌာနမှ ဝန်ထမ်းများဖြစ်သည်။

ယနေ့မှစကာ ကမ်းနားဂိုဒေါင်တွင် တိတ် ဆိတ်ခြင်းမရှိတော့ဘဲ နေ့ရောညပါ လုံခြုံ ရေးအစောင့်အကျပ် ဒါဇင်ကျော်ရှိနေပြီး အလုပ်မရှိသူများအား ဝင်ရောက်ခွင့် မပြု တော့ပေ။ဒီနေရာက အရေးပါတဲ့ နေရာ တစ်ခု ဖြစ်လာခဲ့၏။

လျူယောင် ကွန်တိန်နာကြီးလေးလုံးကို ပျော်ရွှင်စွာ ကြည့်လိုက်ကာ စိတ်ထဲကနေ တွေးလိုက်သည်။

"ဒီအထဲမှာ လစ်သိုဂရက်ဖီစက်တွေ တစ် လုံးချင်းစီ ရှိနေတာပါလား.."

လျူယောင် လက်ဝှေ့ယမ်းကာ ညွှန့်ကြား လိုက်သည်။

"ဂိုဒေါင်တံခါးကို ပိတ်လိုက်တော့ အဆင့် မြင့်အရာရှိတွေကလွဲလို့ ကျန်တဲ့သူတွေ အားလုံး ထွက်သွားလို့ရပြီ..."

လူအများစု နောက်ဆုတ်သွားကြပြီး အဆင့် မြင့်အရာရှိများသာ ကျန်ရစ်ခဲ့သည်။ လုံခြုံ ရေးအစောင့်များလည်း အပြင်ဘက် ထွက် သွားပြီး ဂိုဒေါင်တံခါးကို ပိတ်လိုက်ကြ သည်။

"အစ်ကိုယောင် စုစုပေါင်းစက် လေးလုံး ရှိတယ်ဗျ ဟားဟား "

ဟူဂျွန်းရှီက စိတ်လှုပ်ရှားစွာဖြင့် သူ့လက် များကို ပွတ်သပ်ရင်း ပြောလိုက်သည်။

လျူယောင်က မေးလိုက်၏။

"ပုံးကိုဖွင့်ပြီး ကြည့်ချင်ကြလား"

ဟူဂျွန်းရှီ ခေါင်းကို အားပါးတရ ညိတ်ပြ လိုက်သည်။

"အမှန်ပဲ ကြည့်ချင်တာပေါ့.."

အခြားလူများလည်း ထိုနည်းအတူပင်ဖြစ်ပြီး တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ် ပြခဲ့သည်။ လူတိုင်း ဒီစက်များကို ကြည့် ချင်ကြမှာ သေချာပေသည်။

လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက် ၏။

"ချန်းဟူ ပုံးကိုဖွင့်လိုက်"

off-road ယာဉ်မှ ကိရိယာများကို ချန်းဟူ ထုတ်ယူပြီး သက်တော်စောင့် ရှောင်ကျိုး နှင့်အတူ ပထမဆုံးကွန်တိန်နာကို လျင်မြန် စွာ ဖွင့်လိုက်ကြသည်။

ပထမဆုံးကွန်တိန်နာကို ဖွင့်လိုက်တာကို မြင်လိုက်ရတဲ့အခါ လူတိုင်း ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်ကြသည်။

ကွန်တိန်နာထဲတွင် အသစ်စက်စက် ဖြစ် နေ ပြီး ပျက်စီးမှု့မရှိတဲ့ 5nm လစ်သိုဂရက် ဖီစက်တစ်လုံး ရှိနေသည်။

လျူယောင် အနားကပ်လာပြီး အသေးစိတ် စူးစမ်းကြည့်သည်။သူ လက်ဖြင့်ပင် ထိ ကြည့်သည်။ သူ အစိုးရိမ်ရဆုံးမှာ ရေတွေ ဝင်နေမှာကို ပဲ ဖြစ်၏။

ဒါပေမဲ့ ဒီလို မဖြစ်ခဲ့ပေ။ ကွန်တိန်နာရဲ့ အ တွင်းပိုင်းက အလွန်ခြောက်သွေ့ နေ သည်။သေချာတာက စက်ကို ထုပ်ပိုးထား စဉ် အထူးရေစိုခံနှင့် စိုထိုင်းဆခံ နိုင်ရည်ရှိ အောင် ပြုလုပ်ထားခြင်းဖြစ်သည်။

ကွန်တိန်နာလေးလုံးစလုံးကို ဖွင့်လိုက်တဲ့ အခါ စက်လေးလုံးက လူတိုင်းရဲ့ရှေ့တွင် အထင်အရှားပေါ်လာခဲ့သည်။ ဒါကို ကြည့် ရတာက ဝမ်းသာစရာကောင်းလှပေသည်။

ဟူဂျွန်းရှီက ပိုလို့ပင်ပျော်ရွှင်နေပြီး ဘာ ပြောရမှန်းမသိအောင် ဖြစ်နေသည်။သူက ပန်းပွင့်သဖွယ် ပြုံးရယ်နေသည်။

စက်လေးလုံးစလုံးမှာ အသစ်စက်စက် များ ဖြစ်နေသည်။

လျူယောင်လည်း ဝမ်းမြောက်ဝမ်းသာဖြင့် စိတ်ဝင်တစားပတ်ပတ်လည်ကို ကြည့်လိုက် သည်။ ပြီးနောက် လက်ဝှေ့ယမ်းလိုက်ကာ ​ပေါလိုက်သည်။

"တော်ပြီ ပြန်ပိတ်လိုက်တော့.."

ဟူဂျွန်းရှီက အလျင်အမြန် ဝင်ပြော လိုက် သည်။

"မရသေးဘူး ကျွန်တော်တို့ နောက်ထပ် ဆယ်မိနစ်လောက် ထပ်ကြည့်ဦးမယ်.."

လျူယောင် ပြုံးကာ ပြန်ဖြေလိုက်၏။

"ဒါဆိုရင် ဆယ်မိနစ်လောက် ထပ်ကြည့် လိုက် ဆယ်မိနစ်ကြာရင်တော့ ကွန်တိန်နာကို ပိတ်လိုက်တော့.."

ဟူဂျွန်းရှီနဲ့ အခြားလူများက အချိန်ကို အမိ အရယူပြီး ပျော်ရွှင်စွာ စက်များကို ပတ်ပတ် လည်ကြည့်ရှုနေကြသည်။ ပြီးနောက် ကွန် တိန်နာလေးလုံးကို ပြန်ပိတ်လိုက်ကြသည်။

ကွန်တိန်နာလေးလုံးကို ပိတ်ပြီးနောက် အဲ့ ဒါတွေကို တာလဘတ်စဖြင့် လုံခြုံစွာ ဖုံးအုပ် ပြီး တင်းကျပ်စွာ ချည်နှောင် လိုက်၏။

ခုကစပြီး ဒါတွေကို ဒီနေရာတွင် ယာယီ ထားရှိမှာပဲ ဖြစ်သည်။ အမှတ် ၁ နှင့် အမှတ် ၂ စက်ရုံများ ဆောက်ပြီးလို့ စက်ပစ္စည်းများ တပ်ဆင်ပြီးတဲ့အခါ စက်လေးလုံးကို စက်ရုံ အသီးသီး သယ်ယူသွားမှာပဲ ဖြစ်သည်။

လုံခြုံရေးအတွက် လျူယောင် ညွှန်ကြား ချက်များပေးခဲ့သည်။ စောင့်ကြည့် ကင်မ ရာများ တပ်ဆင်ရုံသာမက နေ့ရောညပါ လုံခြုံရေးအစောင့်အကျပ် ဒါဇင်ကျော် ထား ရှိရန်လည်း မှာခဲ့သည်။

ကျန်လူများကို သေချာပေါက် လျှို့ဝှက် ထားရန်လည်း လျူယောင် အမိန့်ထုတ် ပြန် ခဲ့သည်။ ကြော်ငြာခြင်းမပြုရန် နေရာ တိုင်း တွင် မပြောဆိုရန်နှင့် ဒီကမ်းနားဂိုဒေါင်တွင် စက်လေးလုံး ထားရှိထားကြောင်း သိရှိထား တဲ့ လူများကို သေချာ မှာကြားခဲ့သည်။

.....

အမ်နိုင်ငံ Nibik ချပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီ ...

ဒီကုမ္ပဏီက လုပ်ငန်းနယ်ပယ်တွင် အလွန် ကျော်ကြားပြီး စွမ်းအားကြီးတဲ့ ကုမ္ပဏီပဲ ဖြစ်၏။ အဓိကအားဖြင့် ချပ်ပြား အမျိုးမျိုး ထုတ်လုပ်ခြင်းနဲ့ စက်မှု့လုပ်ငန်းများတွင် ကျော်ကြားတဲ့ ချပ်ပြားထုတ် လုပ်ရေး ကုမ္ပဏီလည်း ဖြစ်ပေသည်။

လွန်ခဲ့သော နှစ်လက သူတို့ မှာထားတဲ့ လစ် သိုဂရက်ဖီစက် လေးလုံးမှာ ပင်လယ်ထဲ ကျသွားခဲ့ပြီး ခုချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိ သေးပေ။

All Chapters