← Chapters

နှစ်ဖက်သွားဓား

Vol. 1 Ch. 108

နှစ်ဖက်သွားဓား

Vol. 1 Ch. 108

ရှန်ဝူနိုင်ငံတော်တွင် ဂိုဏ်းကြီးခုနှစ်ခု ရှိသည်။ ဂိုဏ်းအားလုံးသည် နှစ်ပေါင်း တစ်သောင်းကျော်ကြာ တည်ရှိခဲ့သည် ဖြစ်ပြီး အချို့ဆိုလျှင် ရှန်ဝူနိုင်ငံတော် ထက်တောင် ပို၍ သက်တမ်း ရှည်နေသည်။ မယ်တော်ကြီး၊ ဧကရီနှင့် အိမ်ရှေ့စံ မင်းသမီးတို့ အားလုံးသည် ဘာကြောင့် ကျန်းစွန်းဂိုဏ်းမှ ဖြစ်နေရသည်လဲ  ....   .... အဘယ့်ကြောင့်ဆိုသော် ကျန်းစွန်းဂိုဏ်း၏ ဆက်ခံ သူများသည် နိုင်ငံတော်ကို ပြိုလဲ စေနိုင်သောကြောင့် မဟုတ်ဘဲ ကျန်းစွန်းဂိုဏ်းသည် အင်အား ကြီးလွန်း၍ ဖြစ်သည်။ တော်ဝင် မိသားစုသည် နယ်မြေအတွင်း ငြိမ်းချမ်းစေလိုပါလျှင် ကျန်းစွန်းဂိုဏ်း၏ အထောက်အပံ့ကို လိုအပ်ပေသည်။

ဂိုဏ်းကြီး ခုနှစ်ခုလုံးသည် နှစ်ပေါင်း တစ်သောင်းကျော် ကြာအောင် တည်ရှိခဲ့သည် ဖြစ်ရာ ရှန်ဝူနိုင်ငံတော် အနှံ့တွင် အုတ်မြစ် တွယ်နေခဲ့ပြီး ဖြစ်သည်။ ဂိုဏ်းများသည် အဖွဲ့အစည်း အမျိုးမျိုးတွင် သူလျှိုများ ထားလေ့ ရှိကြသည်။

ဆရာရှောင်နှင့် အခြားဆရာ နှစ်ယောက်သည် ကျန်းစွန်းဂိုဏ်းမှ သူလျှိုများ ဖြစ်ကြသည်။ ကျန်းစွန်းဝူကျိသည် သေမိန့်ထုတ်ထားခဲ့သည်။ သူတို့သည် သရုပ်မှန်ပေါ်သွားလျှင်တောင် ကျန်းရီကို ရအောင် သတ်ရမည်ဟု အမိန့်ပေးထားခဲ့သည်။

ကျန်းရိလျှို၏ အမေသည် ကျန်းစွန်းဝူကျိ၏ အဒေါ်ဖြစ်ရာ ဤအစီအစဉ်သည် ကျန်းရိလျှို စီစဉ်ရန် မသင့်တော်ပေ။ ကျန်းစွန်းဝူကျိ စီစဉ်သည်က အကောင်းဆုံး ဖြစ်သည်။ သို့မှသာ အဖြစ်မှန် ပေါ်သွား၍ လော့ကဲအရှင် သိသွားလျှင်တောင် အကျိုးဆက်များ ရှိလာမည် မဟုတ်ပေ။

ဆရာသုံးယောက်သည် သရုပ်မှန် ပေါ်သွားခြင်းကို မကြောက်ပေ။ သူတို့ကြောက်သည်မှာ သရုပ်မှန် ပေါ်သွားလျက် ကျန်းရီကို မသတ်လိုက်နိုင်မှာ ကိုသာ ဖြစ်လေသည်။ စုလောရွှယ်သည် ရေခဲသားရဲကိုတောင် သတ်ထားနိုင်သည် ဖြစ်ရာ သူတို့ စိုးရိမ်နေခဲ့ကြသည်။ ယခုမူ လုပ်ကြံသူ နှစ်ယောက်သည် ရောက်လာကြသည် ဖြစ်ရာ အခွင့်ကောင်းအား လက်လွှတ်လိုက်၍ မဖြစ်ပေ။

"သေစမ်း  ....  "

ဆရာရှောင်၏ ဓားချက်သည် ထွက်ပေါ်လာပြီး ကျန်းရီထံ တိုးဝင် သွားခဲ့လေသည်။ တစ်ဖက်တွင်လည်း လုပ်ကြံ သူသည် အတွင်းအားသုံးကာ လက်သီး တစ်လုံး ပစ်သွင်းလာခဲ့သည်။

နှစ်ယောက်လုံးသည် ခရမ်းရောင် နန်းတော်ရှင် ပဉ္စမအဆင့်များ ဖြစ်ကြပေသည်။ ကျန်းရီသည် ချက်ချင်း နောက်ဆုတ် လိုက်သည်။ သူသည် ကံတရား၏ ဓားစိမ်းဖြင့် မိုးစက် ဓားသိုင်းကို သုံးကာ တိုက်ခိုက်မှုကို တားဆီး လိုက်သည်။ သို့သော် သူသည် နှေးလွန်းနေရာ ဆရာရှောင်နှင့် လုပ်ကြံသူသည် သူ့ကို ချက်ချင်း မှီသွားခဲ့လေသည်။

"ကျန်းရီ .... ဂရုစိုက် .... အာ့ .... "

စုလောရွှယ်သည် ကျန်းရီ အန္တရာယ် ဖြစ်နေသည်ကို မြင်ရသောအခါ သတိလက်လွတ် ဖြစ်သွားသောကြောင့် လက်မောင်းတွင် ဓားဒဏ်ရာ တစ်ချက် ရသွားခဲ့သည်။ လတ်လတ် ဆတ်ဆတ် သွေးများသည် ဒဏ်ရာမှ စိမ့်ထွက် လာခဲ့သည်။

"ဆရာမစု  ....  "

ကျန်းရီသည် အော်ဟ စ်လိုက်သည်။ သူ၏ ဝတ်ရုံလက် အတွင်းမှ ဒူးလေးသည် ဆရာရှောင်၏ ဝဲဘက် ရင်အုံထံ ဦးတည်သွားခဲ့သည်။

"ဟမ့်  ....   .... ငါက မင်းကို သတိထားနေတာ  ....  "

ဆရာရှောင်သည် ကျန်းရီကို အရဲစွန့်၍ မတိုက်ခိုက် သေးခြင်းသည် ခရမ်းရောင်နန်းတော်ရှင် အဆင့်နှစ်ယောက်ကို ကျန်းရီ သတ်ထားခဲ့၍ ဖြစ်သည်။ ကျန်းရီသည် သူ၏ ဝှက်ဖဲကို ထုတ်လိုက်ပြီ ဖြစ်သည်။ ဆရာရှောင်သည် ဘေးဘက်သို့ အသာအယာ ရှောင်တိမ်း လိုက်သည်။

"ဒီလိုလား  ....  "

ကျန်းရီသည် ရယ်မောလိုက်ပြီး လုပ်ကြံသူ၏ တိုက်ခိုက်မှုများကို လျစ်လျူရှု လိုက်သည်။ သူသည် အတွင်းအား ပေါက်ကွဲ လက်ဝါးကို သုံးကာ ဆရာရှောင်ကို တိုက်ခိုက်လိုက်သည်။

"ဖုန်း .... ဖုန်း  ....  "

ပေါက်ကွဲသံနှစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး ကျန်းရီနှင့် ဆရာကျောက် နှစ်ယောက်လုံးသည် လွင့်စဉ် သွားခဲ့လေသည်။ ဆရာရှောင်သည် ကျန်းရီ၏ ရိုက်ချက်ကြောင့် လွင့်စဉ်သွားခြင်း ဖြစ်ပြီး ကျန်းရီသည် သူ့နောက်မှ လုပ်ကြံသူ၏ ရိုက်ချက်ကြောင့် လွင့်စဉ် သွားခြင်း ဖြစ်သည်။

"ဖြီး  ....    ....  "

ကျန်းရီသည် မြေပြင်ပေါ်တွင် လိမ့်သွားကာ အားယူ၍ မတ်တတ်ရပ်ပြီး သွေးများကို ပါးစပ်အပြည့် အန်ထုတ်လိုက်သည်။ ကျန်းရီသည် သူ့ထံ ပြေးလာနေသော လုပ်ကြံသူ၊ ဒဏ်ရာ သိပ်မရသွားသော ဆရာရှောင်နှင့် ဒဏ်ရာဗရပွ ဖြစ်နေသော ဆရာမစုတို့ကို ကြည့်လိုက်ရင်း သူ့ရင်ထဲတွင် ရက်စက်မှုကို နက်နက်နဲနဲ ခံစားလိုက်ရသည်။ ထိုခံစားချက်သည် သတ်ဖြတ်ခြင်း အရှိန်အဝါ အဖြစ်သို့ ပြောင်းသွားကာ သူ့မျက်လုံးများသည် နီရဲစ ပြုလာခဲ့သည်။ မျက်လုံးများသည် တဖြည်းဖြည်းနှင့် သွေးနီရောင် ဖြစ်သွားခဲ့လေသည်။

"သတ်ဖြတ်ခြင်း တာအို  ....  "

စုလောရွှယ်၏ မျက်လုံးများသည် တောက်ပ သွားခဲ့သည်။ သူမသည် အစက သူမ၏ လျှို့ဝှက်ကျင့်စဉ်ကို သုံးရန် ရည်ရွယ်ခဲ့သော်လည်း သူမသည် ခုခံ၍သာ နေခဲ့သည်။ သူမသည် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ မည်သို့ ထွက်ပေါ်လာသည်ကို မြင်ချင်နေခဲ့သည်။

"အမ်  ....  "

လူတိုင်းသည် ကြက်သီးများ ထလာကြသည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ပိုပြင်းထန်လာသည်နှင့် သူတို့၏ မျက်နှာများ ပိုပျက်ယွင်း လာရသည်။ သူတို့ကို တောင်ကြီး တစ်လုံးက ဖိနှိပ်ထားသည့် အလား ခံစားနေရသည်။

"သေစမ်း  ....   .... အားလုံးသေရမယ်  ....  "

ကျန်းရီ၏ ကိုယ်သည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသော်လည်း ခြေလှမ်းကျဲကြီးများနှင့် တစ်လှမ်းချင်း လှမ်းနေခဲ့သည်။ လုပ်ကြံသူသည် ကျန်းရီအား အနိုင်ယူရန် မဖြစ်နိုင်ဟု ခံစားလာရသည်။

ကျန်းရီထံ ပြေးလာနေသော လုပ်ကြံသူသည် နေရာတွင် ပင် ရပ်တန့်နေခဲ့သည်။ သူ့စိတ်သည် တိုက်ခိုက် ချင်စိတ်များ လုံးဝ ပျောက်ဆုံးနေခဲ့ပြီး ကျန်းရီသူ့ထံ ပြေးလာ၍ ခေါင်းအား ခွဲမည်ကို ကြည့်နေလိုက်သည်။

"အာ  ....  "

သူသည် မသေခင်အချိန်လေးတွေ သတိဝင်လာပြီး နောက်ဆုတ် လိုက်သည်။ သို့သော် သူ့ကိုယ်သည် နေရာတွင်သာ ရပ်တန့်နေခဲ့ပြီး ခြေထောက်များသည် ပျော့ခွေလာခဲ့သည်။ ကံတရား၏ ဓားစိမ်းကျဆင်းလာသည်ကို သူမြင်သောအခါ သူသည် လက်သီးကို သုံး၍ တားဆီး ချင်ခဲ့သည်။ သို့သော် သူ့လက်များသည် အားနည်းလွန်းနေ၍ မတားဆီး နိုင်သည်ကို သူတွေ့လိုက် ရသည်။

"ဘန်း  ....  "

ဓားသည် လုပ်ကြံသူ၏ ခေါင်းကို ဖောက်ထွက် သွားခဲ့သည်။ ဆရာရှောင်နှင့် ကျန်လူများသည် လုပ်ကြံသူ ဘာကြောင့် မတားဆီး ရသည်ကို တွေးရင်း ဆွံ့အနေကြသည်။ ဘာကြောင့် ကျန်းရီ သူ့ကို ဒီလိုမျိုး သတ်တာကို ခွင့်ပြုလိုက်ရတာလဲ  ....  "

မကြာခင်တွင် ဆရာကျောက်သည် အကြောင်းအရင်းကို သိသွားခဲ့ပေသည်။ အဘယ့်ကြောင့် ဆိုသော် ကျန်းရီသည် သူ့ထံ လှည့်လာသောကြောင့် ဖြစ်သည်။ အစောပိုင်းက ဆရာကျောက်သည် ကျန်းရီနှင့် ရင်ဆိုင်ချိန်တွင် ကြောက်လန့်မှုကို မခံစားရသော်လည်း သွေးနီရောင် မျက်လုံးအစုံကို ကြည့်မိသည့် ခဏတွင် စိတ်ဝိညာဉ်ပါ တုန်လှုပ်လာရသည်။

"ဘန်း  ....  "

အစိမ်းရောင် ဓားသည် ဆရာရှောင်၏ ဦးခေါင်းပေါ် ကျလာခဲ့ပြီး နဖူးတွင် အပေါက်တစ်ခု ဖြစ်သွား ခဲ့လေသည်။ ဓားကို လှည့်လိုက်သော် သူ့ခေါင်းသည် ကွဲသွားခဲ့သော်လည်း ချက်ချင်း သေမသွားခဲ့ပေ။

ကျန်သော ဆရာနှစ်ယောက်နှင့် လုပ်ကြံသူ တစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သူတို့စိတ်ထဲတွင် အမည်တစ်ခုကသာ ပေါ်လာခဲ့သည်။ ထိုလူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကျော်က ရှင်သန် နေထိုင်ခဲ့သည်။ သူသည် သူ၏ သတ်ဖြတ် အရှိန်အဝါ တစ်ခုတည်းကို အားထား၍ ရန်သူပေါင်း တစ်သန်းကျော်ကို သတ်ဖြတ်ခဲ့သည်။ ဆရာနှစ်ယောက်သည် ကျန်းရီ သိုင်းပညာ အထိမ်းအမှတ် ခန်းမတွင် သတ်ဖြတ်ခြင်း ဧကရာဇ်၏ ကျောက်စာကို အသက်ဝင် စေဖူးသည်အား သတိရလိုက်ကြသည်။

ပြေးတော့  ....    ....

သူတို့ သုံးယောက်သည် တွေဝေ မနေတော့ပေ။ သူတို့သာ ယခုအချိန်တွင် လွတ်မြောက်ရန် မကြိုးစားလျှင် သေခြင်းကသာ စောင့်ကြိုနေလိမ့်မည်။

သို့သော် သူတို့သည် ထွက်ပြေးရန် ကြိုးစားလိုက်ချိန်တွင် တစ်ခုခုကို သဘောပေါက် သွားခဲ့သည်။ သူတို့ကို တောင်တစ်လုံးက ဖိနှိပ်ထားသည့် အလား လေးလံနေခဲ့သည်။ အစိမ်းရောင် အလင်းသည် တောက်ပ သွားခဲ့ပြီး သူတို့၏ အသက်များကို ယူဆောင် သွားတော့သည်။

"သေစမ်း .... သေစမ်း  ....  "

သတ်ဖြတ်မှု တိုးလာသည်နှင့် ကျန်းရီ၏ မျက်လုံးသည် ပို၍ နီစွေး လာခဲ့သည်။ သူသည် လှည့်ကြည့် လိုက်သော် ရထားလုံးထဲတွင် ပုန်းနေသော ကျောင်းသူနှင့် မျက်လုံးချင်း ဆုံသွားခဲ့သည်။ သူသည် အမြန်လျှောက်သွားကာ ထိုမိန်းကလေးကို သတ်ရန် ပြုလိုက်သည်။

စုလောရွှယ်၏ မျက်လုံးမှ ခရမ်းရောင် အလင်းများ တောက်ပသွားခဲ့သည်။ ခရမ်းရောင် အလင်းတန်း နှစ်ခုသည် ကျန်းရီ၏ စိတ်အတွင်း ဝင်ရောက်သွားခဲ့ပြီး ကျန်းရီသည် မေ့မြော သွားခဲ့လေသည်။

"မင်း အနားယူလိုက်ပြီး ဒီည ဖြစ်ခဲ့တာတွေကို မေ့လိုက်တော့"

စုလောရွှယ် ကြောက်လန့်လွန်း၍ မေ့လဲမတတ်ဖြစ်နေသည့် မိန်းကလေးထံ လျှောက်သွား လိုက်ပြီး နောက်စေ့အား ရိုက်၍ သတိ လစ်စေလိုက်သည်။ ထို့နောက် သူမသည် ကျန်းရီ ဘေးသို့ ပြန်သွားကာ ဆေးတစ်လုံး တိုက်လိုက်သည်။ ကျန်းရီ၏ သွေးများ ပေနေသော မျက်နှာကို ကြည့်ရင်း သူမ သက်ပြင်းချလိုက်သည်။

"ဒီသတ်ဖြတ်ခြင်း အရှိန်အဝါက အားကောင်းလွန်းတယ် .... ကျန်းရီသာ သုံးလိုက်ရင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်လူတောင် ခုခံနိုင်ပါ့မလားဘဲ ....  သူအခုထိ သေချာ မထိန်းချုပ် နိုင်သေးတာ နှမြောစရာပဲ .... .ဒီသတ်ဖြတ်ခြင်း အရှိန်အဝါက နှစ်ဖက်သွား ဓားလိုပဲ .... ဒီနှစ်ကြိမ်လုံးသာ ငါသာ မရှိဘူးဆိုရင် သူရူးသွား နိုင်တယ်"

"ဝှစ်  ....  "

မကြာခင်တွင် ပုံရိပ်များစွာတို့သည် ခပ်လှမ်းလှမ်းမှ ပြေးလာခဲ့ကြသည်။ အတွင်းအား ပေါက်ကွဲ လက်ဝါးနှင့် ကြောက်စရာ သတ်ဖြတ်ခြင်း အရှိန်အဝါအား ထုတ်လွှင့်ခဲ့သော ကျန်းရီအား အနီးရှိ ဆရာများနှင့် အစောင့်များက သတိထားမိ သွားလောက်သည်။ တောင်ဖြိုခွင်း ကြွက်သည် သေဆုံးသွားခဲ့ပြီ ဖြစ်ရာ ဆရာများနှင့် အစောင့်များသည် အလျင်အမြန်ပင် ရောက်ရှိ လာကြသည်။

*****

All Chapters