← Chapters

ရုပ်ချောတဲ့ ကပ္ပတိန်

Vol. 19 Ch. 186

ရုပ်ချောတဲ့ ကပ္ပတိန်

Vol. 19 Ch. 186

မရေမတွက်နိုင်တဲ့ တောက်ပတဲ့ အလင်းရောင်တွေဟာ ကလိုင်းကို လွှမ်းအုပ်သွားပြီး လူသန်းချီရဲ့ အသံတွေဟာ သူ့နားထဲမှာ ပြည့်နှက်သွားပါတယ်။ သို့ပေမဲ့ ကလိုင်းဟာ အဲဒါတွေကို မတွေးပါဘူး။ လူရွှင်ဆေးရည်ရဲ့ အစွမ်းကြောင့် အလွန်လျင်မြန်စွာ ကျယ်ပြန့်လာတဲ့ အရိပ်နက်တစ်ခုက သူ့စိတ်ဝိညာဉ်ကို လွှမ်းခြုံတော့မယ်ဆိုတာ သိလိုက်ပါတယ်။

ဒီအရိပ်နက်က ဧရာမ လက်ဝါးကပ်တိုင်ကြီးပါ။ ဒီလက်ဝါးကပ်တိုင်မှာ လူတစ်ယောက် ဇောက်ထိုး ဆွဲခံထားရပါတယ်။

ဝရုန်းသုန်းကား အတွေးပင်လယ်ဟာ သူ့ဝန်အားကို အပြင်ဘက် ထုတ်လွှတ်နေပြီး တညီတညာ လည်နေပါတယ်။ ဟွတ်ယူဂျင်ရဲ့ စိတ်ဝိညာဉ်လောကဟာ ဖြည်းဖြည်းချင်း အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပါတယ်။

ကလိုင်းဟာ သူ့ရဲ့ ပျံသန်းနှုန်းက အရင်တစ်ကြိမ် စမ်းသပ်တုန်းကထက် ပိုမြန်နေတာကို သတိထားမိသွားပါတယ်။ သူ့ဝိညာဉ်က မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကရဲ့ အင်အားတစ်ခုခုနဲ့ ရောနှောပြီး စွမ်းအားကြီးလာပုံပါပဲ။

လက်ဝါးကပ်တိုင်အရိပ်က သူ့ကို လုံးဝနီးပါး လွှမ်းခြုံမိတော့မဲ့အချိန်မှာ သူဟာ ဝေဝါးနေတဲ့ လောက,ကနေ ထိုးထွက်ပြီး သူ့ခန္ဓာကိုယ်ကို ခံစားမိလိုက်ပါတယ်။

သူဟာ တရင်းတနှီးရှိတဲ့ ဆင်းသက်တဲ့ ခံစားချက်ကို လှုံ့ဆော်လိုက်တဲ့အခါ ဟွတ်ယူဂျင်ရဲ့ ပိန်းပါးပြီး ရှည်သွယ်တဲ့ မျက်နှာ၊ ရွှေရောင်ဆံပင်တွေနဲ့ ပြတင်းပေါက်စွန်းမှာ တောက်လောင်နေတဲ့ ဖယောင်းတိုင် သုံးတိုင်က သူ့မြင်ကွင်းထဲမှာ ရုတ်ခြည်းပေါ်လာပါတယ်။

သူဟာ စိတ်ဝိညာဉ်ချင်း ဆက်သွယ်တဲ့ အခြေအနေကနေ အချိန်မီ ထွက်လိုက်နိုင်ပါတယ်။

အဲဒီနောက် ရုတ်ခြည်းဆိုသလို ဟွတ်ယူဂျင်ရဲ့ မျက်နှာမှာ ကြေးခွံနက်တွေ တစ်ခွံပြီးတစ်ခွံ ပေါ်လာတာကို သူ တွေ့လိုက်ရပါတယ်။ ဟွတ်ယူဂျင်ရဲ့ မျက်ဆံတွေဟာ ကွဲထွက်သွားပြီး အလွန်တရာ အေးစက်ကာ အကြင်နာ ကင်းမဲ့တဲ့ မျက်လုံးတွေ ဖြစ်သွားပါတယ်။

‘အို သေစမ်း... သူ စိတ်လွတ်တော့မယ်’

ကလိုင်းဟာ မျက်ဆံကျုံ့သွားပြီး ဘာမှ မတုံ့ပြန်နိုင်ခင်မှာဘဲ ဒူးထိရှည်တဲ့ အနက်ရောင် လေကာအင်္ကျီနဲ့ ပိုးဦးထုပ်ဆောင်းထားတဲ့လူက ဟွတ်ယူဂျင်ရှေ့ ရောက်လာတာ တွေ့လိုက်ရပါတယ်။ အဲဒီလူက ခြောက်လုံးပြူး မြှောက်ပြီး ဟွတ်ယူဂျင်ရဲ့ ခေါင်းကို ချိန်လိုက်ပါတယ်။

“ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း...”

ဒန်းစမစ်ဟာ သေနတ် ငါးချက်တိတိ ဆက်တိုက် ပစ်လိုက်ပါတယ်။ ဟွတ်ယူဂျင်ရဲ့ ဦးခေါင်းဟာ ဆယ်ထပ်တိုက်ပေါ်ကနေ ပြုတ်ကျတဲ့ ဖရဲသီးလိုမျိုး ကွဲထွက်သွားပါတယ်။ အဖြူရောင် အနီရောင် အစအနတွေဟာ အခန်းရဲ့ နေရာတိုင်းကို ပြန့်ကျဲထွက်သွားပါတယ်။

သူဟာ ဟွတ်ယူဂျင် လုံးလုံးလျားလျား စိတ်မလွတ်ခင် တစ်ခါတည်း ရှင်းပစ်လိုက်ပါတယ်။

မီတာဝက်အကွာမှာ ရှိနေတဲ့ ကလိုင်းရဲ့ တစ်ကိုယ်လုံးလည်း သွေးတွေ အညစ်အကြေးတွေ ပေကျံသွားပါတယ်။ သူဟာ ဒန်းစမစ်ကို ကြောင်တောင်တောင် ကြည့်ပြီး ကပ္ပတိန်က ဒီအချိန်မှာ ရုပ်ချောလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

‘မှတ်ဉာဏ်မကောင်းတာကလွဲရင် ကပ္ပတိန်က ကျန်တဲ့နေရာတွေမှာ အားကိုးရပါတယ်...’ သူဟာ စိတ်ရင်းနဲ့ ချီးကျူးလိုက်ပါတယ်။

“မတော်တဆ ဖြစ်တာလား”

ဒန်းစမစ်ဟာ ခြောက်လုံးပြူးကို သိမ်းပြီး ဟွတ်ယူဂျင်ရဲ့ ‌ခေါင်းမဲ့ ခန္ဓာကိုယ် ကြမ်းပြင်ပေါ် လဲကျသွားတာကို ကြည့်လိုက်ပါတယ်။

ကလိုင်းဟာ စကားပြောမလို့ ပြင်လိုက်စဉ်မှာပဲ ဟွတ်ယူဂျင်ရဲ့ ခန္ဓာကိုယ်က စက္ကန့်ပိုင်းအတွင်း အသားပုံ ဖြစ်သွားတာ တွေ့လိုက်ရပါတယ်။ သူ ဝတ်ထားတဲ့ စိတ္တဇဆေးရုံ ယူနီဖောင်းကလည်း ပျက်စီးသွားပါတယ်။

ဟွတ်ယူဂျင်ရဲ့ အလောင်းမှာ အကောင်းပကတိ ကျန်တာ နည်းနည်းပဲ ရှိပါတယ်။ အနက်ရောင် လက်နေတဲ့ ကြေးခွံ ဒါဇင်ကျော်နဲ့ ပုံဆောင်ခဲအဖြစ် ပြောင်းသွားတဲ့ အပြာရောင်လက်နေတဲ့ သူ့ရဲ့ နှလုံးသားပဲ အကောင်းအတိုင်း ကျန်ပါတယ်။။ သူ့နှလုံးသားဟာ အလင်းယိုင်လွှတ်တဲ့ စိန်လိုမျိုး မှော်ရောင် တောက်နေပါတယ်။ လူတစ်ယောက်ကို စိတ်ငြိမ်အောင် လုပ်နိုင်သလို ယောင်ယက်ခတ်အောင်လည်း လုပ်နိုင်ပါတယ်။ စိတ်ဖိအားများအောင် လုပ်နိုင်သလို ဝရုန်းသုန်းကား ဖြစ်အောင်လည်း လုပ်နိုင်ပါတယ်။

အဲဒါတွေကလွဲရင် တခြားအရေးတယူ လုပ်ရမဲ့ပစ္စည်း ဘာမှမရှိပါဘူး။

“ဒီပစ္စည်းက ထိန်းချုပ်လို့ ရလောက်တယ်”

ဒန်းစမစ်ဟာ ခြောက်လုံးပြူးကို သိမ်းပြီးနောက် လက်အိတ်နက် ထုတ်ကာ ညာလက်မှာ စွပ်လိုက်ပါတယ်။ အဲဒီနောက် ပုံဆောင်ခဲ နှလုံးသားကို ကောက်ယူလိုက်ပါတယ်။

‘ထိန်းချုပ်လို့ရတဲ့ ပစ္စည်း... ကပ္ပတိန် ပြောထားတာအရဆိုရင် ဆုံမှတ် ၇ စိတ်ရောဂါကု ဆရာဝန် ဖော်မြူလာရဲ့ အဓိက ပါဝင်ပစ္စည်းအဖြစ် သုံးလို့ရတယ်... ဒါပေမဲ့ ဒီလိုလုပ်ရင် အဆင့်တက်တဲ့အခါ စိတ်လွတ်ဖို့ ပိုလွယ် မသွားနိုင်ဘူးလား...’

ကလိုင်းဟာ လက်ကိုင်ပဝါထုတ်ပြီး မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က သွေးတွေကို သုတ်လိုက်ပါတယ်။ အဲဒီနောက် သူ အထူးတလည် ပြုလုပ်ထားတဲ့ တဲရော့ကဒ်တွေကို ကောက်ယူပြီး မျက်နှာပြင်ကို သုတ်လိုက်ပါတယ်။

အဲဒီနောက် သူဟာ ကြမ်းပြင်ကို ကြည့်ပြီး စပ်စုလိုက်ပါတယ်။

“ဒီကြေးခွံနက်တွေက ဘယ်လိုပစ္စည်းတွေလို့ ယူဆလို့ရလဲ”

“ဒါတွေက သာလွန်စွမ်းအား ရှိတဲ့ ပါဝင်ပစ္စည်းတွေပဲ... သူတို့တွေက ကြာရှည်ခံ အကျိုးသက်‌ရောက်မှုရှိတဲ့ ပစ္စည်းတွေ လုပ်တဲ့နေရာမှာ သုံးလို့ရတယ်... ဥပမာ ငါတို့တွေရဲ့ နတ်ဆိုးပစ်ကျည်ဆံက သုံးလကျော်ရင် မွန်းစတားတွေကို ထိခိုက်နိုင်စွမ်း အများကြီး လျော့ကျသွားတယ်... မွန်းစတားတွေကို ထိခိုက်နိုင်တဲ့အစွမ်းက နည်းနည်းပဲ ကျန်တော့တယ်... ဒါပေမဲ့ ဒီလို ကြေးခွံနက်တွေလိုမျိုး ပစ္စည်းနဲ့ လုပ်ထားတဲ့ ကျည်ဆံတွေဆိုရင် တစ်နှစ် နှစ်နှစ်ခံတယ်... အစွမ်းကလည်း ပိုပြင်းတယ်... ဒီလိုဆိုပေမဲ့ ဒီကြေးခွံနက်တွေက သူတို့ရဲ့ သာလွန်ဝိသေသကြောင့် နတ်ဆိုးပစ်ကျည်ဆံ လုပ်ဖို့ မသင့်လျော်ဘူး...”

ဒန်းစမစ်ဟာ အပြာရောင် နှလုံးသားနဲ့ ကြေးခွံနက်တွေကို ထုပ်ဖို့ ကလိုင်းဆီက စာရွက်တစ်ရွက်ယူရင်း ရှင်းပြပါတယ်။

“ဆေးရည်မှာ သုံးတဲ့ ဖြည့်စွက်ပစ္စည်းတွေလိုမျိုးလား...” ကလိုင်းက မေးပါတယ်။

ဒန်းစမစ်ဟာ မတ်တတ်ပြန်ရပ်ပြီး ခေါင်းအသာညိတ်ပါတယ်။

“ဟုတ်တယ်”

‘စိတ်လွတ်သွားတဲ့လူက တကယ်ကို မွန်းစတား ဖြစ်သွားတာပဲ...’ ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။

အခန်းကို စိတ်ဝိညာဉ်တံတိုင်းနဲ့ ချိပ်ပိတ်ထားတုန်းမလို့ သူဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဟွတ်ယူဂျင်ရဲ့ စိတ်ထဲမှာ ကြုံတွေခဲ့ရတာတွေကို ခပ်သွက်သွက် ရှင်းပြပါတယ်။

“ကျွန်တော် ဟွတ်ယူဂျင်ရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်တုန်းက သူ့စိတ်ထဲမှာ ဖန်တီးရှင်စစ်လိုမျိုး ရုပ်သွင်ကို တွေ့ခဲ့ရတယ်... ဒါပေမဲ့ အများပြောနေကြတာနဲ့ မတူဘူး... သံကြိုးတွေနဲ့ နှောင်ဖွဲ့ခံရပြီး ကားစင်တင်ခံထားရတဲ့ ဘီလူးလည်း မဟုတ်သလို အရိပ်ကန့်လန်ကာ နောက်ကွယ်က မျက်လုံးလည်း မဟုတ်ဘူး... ကပ္ပတိန် ဟန်းနစ်ဗင်းဆင့်ရဲ့ အိပ်မက်ထဲမှာ တွေ့ခဲ့ရတာနဲ့ ဆင်တယ်”

ဟန်းနစ်ဗင်းဆင့်က အော်ရိုရာဂိုဏ်းသားပါ။ မလီဆာရဲ့ သူငယ်ချင်း ဆယ်လီနာက သူ့မန္တန်ကို ခိုးကြည့်ပြီး မှော်မှန်ဗေဒင် တွက်ခဲ့လို့ ပြဿနာဖြစ်ရာကနေ ညသိမ်းငှက်က သူ့ကို စုံစမ်းခဲ့ပါတယ်။

ဒန်းစမစ်ဟာ သူ့အိပ်မက်ထဲမှာ ဖန်တီးရှင်စစ်နဲ့ အလားသဏ္ဌာန်တူတာကို တွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက အများပြောနေကြတဲ့ ပုံရိပ်နဲ့ မတူဘဲ ကွဲပြား ခြားနားနေပါတယ်။ နောက်ဆုံးရလဒ်ကတော့ ထိခိုက်ဒဏ်ရာ ရပြီး ထူးထူးဆန်းဆန်း သေဆုံးသွားပါတယ်။

ဟွတ်ယူဂျင် လှန်လိုက်တဲ့ကဒ်က လူဇောက်ထိုး ဖြစ်နေကတည်းက ကလိုင်းဟာ ဖန်တီးရှင်စစ်နဲ့ ပတ်သက်နေလိမ့်မယ်လို့ တွက်ထားပြီးပါပြီ။ ဒါပေမဲ့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး။ ဒါက သွယ်ဝိုက်ပြီး ထိတွေ့ရုံတင်ပါ။ သူအနှိုင်းမဲ့တောက်ပတဲ့ နေမင်းကို ချောင်းကြည့်ခဲ့တုန်းကနဲ့ ယှဉ်လို့မရပါဘူး။ အဲဒါကြောင့် အများဆုံး ပြင်းထန်မှုမရှိတဲ့ ဒဏ်ရာနဲ့ တိုက်စားမှုဒဏ်ပဲ ခံရမှာပါ။

ကလိုင်းပြောတာကို နားထောင်ပြီးနောက် ဒန်းစမစ်ရဲ့ မျက်နှာဟာ လေးနက်သွားပါတယ်။

သူဟာ မျက်ခုံးကြုတ်ပြီး အသံနက်နဲ့ ပြောပါတယ် “ဧရာမ လက်ဝါးကပ်တိုင်... သံနက်... ကိုယ်တီးလုံး သွေးတွေစိုရွှဲနေတဲ့လူကို ဇောက်ထိုးဆွဲထားတာလား”

“ကျွန်တော် ရှင်းရှင်းလင်းလင်း မမြင်ရဘူး... အဲဒါကြောင့်ပဲ ကျွန်တော် ဘာမှမဖြစ်တာ... ဧရာမလက်ဝါးကပ်တိုင်ပေါ်မှာ လူတစ်ယောက်လိုမျိုး ရုပ်သွင်ကို ဇောက်ထိုးဆွဲတာပဲ တွေ့မိတယ်” ကလိုင်းဟာ ပါးပါးနပ်နပ် ပြန်ဖြေပါတယ်။

အဲဒီအချိန် သူ့အာရုံထဲမှာ ပြေးဖို့ကလွဲပြီး တခြား မရှိပါဘူး။

ဒန်းစမစ်ဟာ စဉ်းစားတွေးတောပြီး ပြောပါတယ်။

“လာနယ်ဗို့စ် ဟွတ်ယူဂျင်ဆီ လာလည်ခဲ့တာက ဖန်တီးရှင်စစ်နဲ့ ပတ်သက်နေတာလား... အဲဒါဆို အော်ရိုဂိုဏ်းပါ ဒီကိစ္စနဲ့ ပတ်သက်နေတာပေါ့”

ကလိုင်းဟာ စိတ်ဝိညာဉ်ချင်း ဆက်သွယ်တုန်းက သိခဲ့ရတာတွေကို ထပ်ပြောပါတယ်။

“လာနယ်ဗို့စ်က ဟွတ်ယူဂျင်ကို သရုပ်ဆောင်တဲ့ နည်းလမ်း၊ အင်မော်တယ် နတ်ဘုရားဂုဏ်းရည် ဆိုတာနဲ့ ဖြားယောင်းတယ်... ဒါပေမဲ့ ကျွန်တော် နားမလည်တာက သူပြောတဲ့ အကောင်းဆုံးခေတ်လည်း ဟုတ်တယ်... အဆိုးဆုံးခေတ်လည်း ဟုတ်တယ် ဆိုတာကိုပဲ... သူက လူလိမ်မလို့ အဲဒီလိုပြောတာလား...”

“... ဟွတ်ယူဂျင် ကူညီခဲ့တာက နိမိတ်မကောင်းတဲ့ မှောင်မိုက်တဲ့ ယဇ်ပလ္လင်နဲ့ ပတ်သက်နေလိမ့်မယ်... ကျွန်တော့်အထင် လာနယ်ဗို့စ်က ကြောစရာကောင်းတဲ့ ကိစ္စတစ်ခုခုကို ကြံစည်နေတာ ဖြစ်ရမယ်”

ကလိုင်းဟာ ပြောရင်းနဲ့ ရင်ထဲမှာ လှိုင်းထန်သွားပါတယ်။

“ကပ္ပတိန်... မစ္စတာဇက်ဆီက စာကို မှတ်မိသေးလား... ကျွန်တော် သတ်ခဲ့တဲ့ အော်ရိုရာဂိုဏ်းသားဆီက ရတဲ့စာလေ”

“အဲဒီစာထဲမှာ သင့်လျော်တဲ့ အခွင့်အရေး တစ်ခု... နောက်ဆုံးရက် ရောက်လာတာကို စောင့်နေတဲ့အကြောင်း... အချိန်ကျရင် ထင်းဂန်မြို့က သိုးတွေကို ဘုရားသခင်ဆီမှာ ပူဇော်မယ်လို့ ရေးထားတယ်လေ... အဲဒါက လာနယ်ဗို့စ်ရဲ့ အကြံအစည်နဲ့များ ပတ်သက်နေလား မသိဘူး”

“လာနယ်ဗို့စ်က အော်ရိုရာဂိုဏ်းရဲ့ မစ္စတာဇက်များ ဖြစ်နေမလား”

ဒန်းစမစ်ဟာ တွေးတော စဉ်းစားပြီး ပြောပါတယ်။

“ငါတော့ အဲဒီလို မထင်ဘူး... လာနယ်ဗို့စ်က မစ္စတာဇက် မဖြစ်နိုင်ဘူး... မဟုတ်ရင် သူက သံလုပ်ငန်း ကုမ္ပဏီအတုထောင်ပြီး လူတွေကို လိမ်မှာ မဟုတ်ဘူး... အော်ရိုရာဂိုဏ်းက တစ်ခုခုကို ကြံစည်နေတဲ့အချိန်မှာပေါ့... သူ အဲဒီလိုလုပ်တာက မသိကိန်းများပြီး သူ့ရဲ့ အဓိကတာဝန်ကို ထိခိုက်နိုင်တယ်... မတော်လို့ တစ်ခုခုမှားပြီး အလိမ်ပေါ်သွားရင် ရဲတွေနဲ့ ငါတို့ အာရုံစိုက်တာကို ခံရမှာပဲ... အဲဒီအချိန်ကျရင် သူ ထင်းဂန်မြို့ကနေ ထွက်ပြေးရပြီး သူ့အစီအစဉ်ကို စွန့်လွှတ်ရမှာပဲ”

“ဒီလိုဆိုပေမဲ့ သူက ရူးနေတာဆိုရင် ဒီလိုမျိုး ယုတ္တိမရှိတာ လုပ်တာ သာမန်ပဲ”

“ဒါပေမဲ့ သူ လိမ်ခဲ့တာကို ကြည့်ရင် သူ့ရဲ့ တည်ငြိမ်မှုနဲ့ ဉာဏ်များမှုက ရူးတဲ့လူနဲ့ မတူဘူး”

“အဲဒီတော့ သူက အော်ရိုရာဂိုဏ်းက မစ္စတာဇက် မဖြစ်နိုင်ဘူး... ဒီလိုဆိုပေမဲ့ စာထဲမှာပါတဲ့ ထင်းဂန်မြို့က သိုးတွေကို ဘုရားသခင်ဆီမှာ ပူဇော်မယ်ဆိုတဲ့ ကိစ္စနဲ့တော့ ပတ်သက်ကောင်း ပတ်သက်နေနိုင်တယ်”

ဒီအရောက်မှာ ဒန်းစမစ်ဟာ စကားပြောတာရပ်ပြီး ခေါက်တုံ့‌ခေါက်ပြန် လမ်းလျှောက်ကာ ဆက်ပြောပါတယ်။

“ဒီကိစ္စက ဂယက်ပြင်းတယ်... ငါတို့တွေ လာနယ်ဗို့စ်ကို ပြန်စုံစမ်းပြီး သဲလွန်စ ရှာရမယ်... အင်း... ဒီနေရာကို ရှင်းပြီး သဲလွန်စ ဖျောက်ရအောင်... လူတိုင်း ဟွတ်ယူဂျင် သေတာ သိပေမဲ့ ဘယ်သူသတ်လဲဆိုတာ သဲလွန်စတောင် ရှာမရအောင် လုပ်ရမယ်... ဒါမှ စိတ္တဇဆေးရုံကို စောင့်ကြည့်နေတဲ့ စိတ်ပညာ အဂ္ဂိရတ်သမားတွေနဲ့ တခြားသာလွန်သူတွေ လှုပ်ရှားလိမ့်မယ်... သူတို့တွေက ငါတို့ မသိတာ တစ်ခုခု သိကောင်း သိနေနိုင်တယ်”

“လာနယ်ဗို့စ်ရဲ့ အလိမ်အမှုက ရဲတွေလက်ထဲမှာ ရှိရင်ရှိ မဟုတ်ရင် ဒဏ်ခတ်သမားတွေလက်ထဲ ရောက်သွားလောက်ပြီ... ငါတို့တွေ အော်ရိုရာဂိုဏ်းကို စုံစမ်းရင်း သဲလွန်စတချို့ ရထားတယ်လို့ ပြောပြီး ပူပေါင်းစုံစမ်းမယ်လို့ ပြောရမှာပဲ... ပြီးရင် ငါတို့တွေ ဒဏ်ခတ်သမားတွေ မက္ကန်းနစ်ဟိုက်မိုင်းတွေနဲ့ အတူတူ ပူးပေါင်းပြီး လာနယ်ဗို့စ်နဲ့ ဆက်စပ်တဲ့လူတိုင်းကို အသေးစိတ် စုံစမ်းကြတာပေါ့... လိုအပ်လာရင် ဘက်ကလင်နဲ့ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ဆီကနေ အကူအညီတောင်းသင့် တောင်းရမှာပဲ”

အဲဒီနောက် ဒန်းစမစ်ဟာ ခေါင်းလှည့်လာပြီး ကလိုင်းကို ကြည့်ပါတယ်။

“မင်း ထပ်ထည့်ချင်တာ ရှိသေးလား”

‘ကပ္ပတိန်... ကပ္ပတိန်ပြောတာ ကုန်နေပြီ...’

ကလိုင်းဟာ အလေးအနက် ခေါင်းခါလိုက်ပါတယ်။

“မရှိပါဘူး”

သူဟာ အစီအရင်မှော်သုံးပြီး ဟွတ်ယူဂျင်ကို ဘယ်သူသတ်သွားလဲဆိုတာ ဘယ်သူမှ မပြောနိုင်အောင် သဲလွန်စတွေ အကုန်လုံး ဖျောက်ပစ်ပါတယ်။

အဲဒီနောက် သူ့ပစ္စည်းတွေ ပြန်သိမ်းပြီး ဖယောင်းတိုင်ကို မီးငြှိမ်းကာ စိတ်ဝိညာဉ်တံတိုင်းကို ဖယ်ရှားပါတယ်။ ပြီးတဲ့အခါမှာတော့ ဒန်းစမစ်နဲ့အတူ အခန်းထဲကနေ တိတ်တဆိတ် ထွက်လိုက်ပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ဟာ နံရံကို ကျော်ပြီး စိတ္တဇဆေးရုံထဲကနေ ထွက်ခွာပါတယ်။

“ပြန်သွားပြီး နားတော့”

ဒန်းစမစ်ဟာ လမ်းမီးတိုင်မရှိတဲ့ ထောင့်တစ်နေရာမှာ ရပ်ပြီး ပြောပါတယ်။ သူဟာ ဦးထုပ်ကို ဖိဆောင်းပြီး...။

“မနက်ဖြန်ကျမှ လုပ်ရမဲ့ ကိစ္စတွေ အများကြီး ရှိသေးတယ်”

“ဟုတ်ကဲ့”

ကလိုင်းဟာ တစ်နေ့ နှစ်နာရီ သုံးနာရီ အိပ်ဖို့ပဲလိုတဲ့ အအိပ်မဲ့ မဟုတ်ပါဘူး။ အဲဒါကြောင့် ကပ္ပတိန်ကို ချက်ချင်း နှုတ်ဆက်ပြီး အနားမှာစောင့်နေတဲ့ ညသိမ်းငှက်တွေရဲ့ မြင်းလှည်းနဲ့ ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။

သူဟာ မြင်းလှည်းထဲ မဝင်ခင် နောက်လှည့်ကြည့်တဲ့အခါ ကပ္ပတိန်က လရောင်တောင် မရှိတဲ့ အမှောင်ထုထဲမှာ မတ်တတ်ရပ်ရင်း တစ်စုံတစ်ခုကို တိတ်တဆိတ် တွေးတော စဉ်းစားနေတာ တွေ့လိုက်ရပါတယ်။

အရုဏ်မတတ်သေးတော့ လမ်းတွေဟာ တိတ်ဆိတ်ပြီး လူသူကင်းမဲ့နေပါတယ်။ မြင်းလှည်းဟာ လမ်းတွေကို ကျော်ဖြတ်တဲ့အခါ တစ်ခါတစ်ခါ တည့်တည့်သွားသလို တစ်ခါတစ်လေမှာလည်း ကွေ့သွားပါတယ်။

ကလိုင်းဟာ လာနယ်ဗို့စ် ကိစ္စကို စဉ်းစားနေတုန်း ရုတ်တရက်ဆိုသလို မိန်းမောသလိုမျိုး ဖြစ်သွားပါတယ်။

သူ့ရှေ့က အရောင်တွေဟာ စိုရွှဲသွားပြီး အနီရောင်က ပိုနီလာကာ အနက်ရောင်က ပိုနက်သွားပါတယ်။ အသေးစိတ် မခြယ်မှုန်းဘဲ ယေဘုယျပုံပေါ်အောင် ပန်းချီဆွဲနည်းနဲ့ ဆွဲထားတဲ့ ဆီဆေးပန်းချီကား တစ်ချပ်လိုပါပဲ။

ဘေးပတ်ဝန်းကျင်ဟာ နှေးကွေးသွားပြီး မြင်းလှည်းက ထူးဆန်းတဲ့ လောကတစ်ခုထဲ ဝင်သွားတယ်လို့ ခံစားလိုက်ရပါတယ်။

ကလိုင်းဟာ နေမီးတောက်အဆောင်ကို ဆုပ်ပြီး ခြောက်လုံးပြူးကို ဆွဲထုတ်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ဧရာမ အဖြူရောင် အရိုးလက်ဖဝါးတစ်ခုက သေချာခေါက်ထားတဲ့ စာတစ်စောင်ကို ပြတင်းပေါက်ကနေ မြင်းလှည်းထဲ ပစ်ထည့်လိုက်ပါတယ်။

အဲဒီနောက် လက်ဖဝါးဟာ ပြန်ဆုတ်ပြီး ပျောက်ကွယ်သွားပါတယ်။ ဆီဆေးပန်းချီလို မြင်ကွင်းဟာလည်း ရုတ်တရက်ဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ မြင်းလှည်းကလည်း လမ်းတစ်လျှောက် ခပ်မှန်မှန်နဲ့ မောင်းနှင်နေတုန်းပါ။

‘တကယ်ကို ကွယ်ဝှက်တဲ့ နည်းလမ်းပဲ...’

ကလိုင်းဟာ ခြေထောက်နားက စာကို ကြည့်ပြီး နှုတ်ခမ်းထောင့် တွန့်တက်သွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters