← Chapters

အက်ဇစ်ရဲ့ သတိပေးချက်

Vol. 19 Ch. 187

အက်ဇစ်ရဲ့ သတိပေးချက်

Vol. 19 Ch. 187

စာပို့တမန်ရဲ့ လုပ်ရပ်ကြောင့် ကလိုင်းဟာ ငါးစက္ကန့်ကြာအောင် တအံ့တဩ ဖြစ်သွားပြီးမှ သတိပြန်ဝင်လာပါတယ်။ သူဟာ ခါးကုန်းပြီး စာကို ကောက်လိုက်ပါတယ်။

‘မစ္စတာအက်ဇစ်က မှတ်ဉာဏ် ဆုံးရှုံးသွားလို့ သူ့ရဲ့ သာလွန်သူစွမ်းအား တော်တော်များများကို မသုံးနိုင်ဘူး ဆိုရင်တောင် ဒီလိုမျိုးတမန် လွှတ်နိုင်တာကို ထောက်ရင် ဆုံမှတ် ၇ ဆုံမှတ် ၆ သာလွန်သူတွေကို ရင်ဆိုင်ဖို့ အင်အား လုံလုံလောက်လောက် ရှိလောက်တယ်’

သူဟာ စာကို ချက်ချင်း ဖွင့်မဖတ်ဘဲ အိတ်ကပ်ထဲမှာ အိမ်မွေ့ချအဆောင်နဲ့ အတူထားလိုက်ပါတယ်။

မြင်းလှည်းဟာ ရှေ့ကို ဆက်ပြီးတော့ ခရီးနှင်ပါတယ်။ ဒက်ဖဒိုလမ်းရောက်လို့ မြင်းလှည်းပေါ်က ဆင်းတဲ့အခါ ကလိုင်းဟာ မြင်းလှည်းမောင်းသမား ဆီဇာကို ကြည့်လိုက်ပါတယ်။ ဆီဇာဟာ စောစောက ဖြစ်ပျက်ခဲ့တာတွေကို လုံးဝ သတိမထားမိသလိုမျိုး ပြုံးနေပါတယ်။

ကလိုင်းဟာ ခေါင်းညိတ်ပြလိုက်ပြီး ဆီဇာကို စိတ်ဝိညာဉ်အာရုံနဲ့ အကဲခတ်ပြီးမှ အိမ်ပြန်ပါတယ်။

သူဟာ လသာဆောင်နဲ့ ဒုတိယထပ်က ပိုက်တွေကို ကြည့်ကာ လေးငါးစက္ကန့် စဉ်းစားပါတယ်။ သူဟာ အမျိုးကောင်းသား အမူအရာကို ထိန်းသိမ်းတဲ့အနေနဲ့ ပိုက်တွေကို တွယ်တက်ပြီး သူ့အခန်းထဲ မဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူ့ရဲ့ စွန်းထင်းနေတဲ့ အဝတ်အစားတွေကိုတော့ မနက်ဖြန်ကျမှ ဆူးနက် လုံခြုံရေးကုမ္ပဏီဆီ ယူသွားပြီး ရဲဌာနက ပရော်ဖက်ရှင်နယ် တစ်ယောက်ယောက်ကို လျှော်ခိုင်းရမှာပါပဲ။ ဒါမှ အိမ်ဖော် ဗယ်လာနဲ့ သူ့ညီမ မလီဆာကို လန့်အောင် မလုပ်မိမှာပါ။

ကလိုင်းဟာ ဒုတိယထပ် ပြတင်းပေါက်ကနေ ခုန်မချခင် ရှေ့တံခါးကို ပိတ်ထားခဲ့ပါတယ်။ အခုအချိန်မှာတော့ သူဟာ ညဉ့်နက်နေတာကို အခွင့်ကောင်းယူပြီး အိမ်တံခါးကို တိတ်တိတ်လေး ဖွင့်ကာ အိမ်ထဲ ဝင်ပါတယ်။

အဲဒီနောက် အိမ်တံခါးကို ပြန်ပိတ်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ ခြေသံလုံအောင် လျှောက်ပြီး ဒုတိယထပ်ကို တက်ကာ သူ့အခန်းဆီ ပြန်ပါတယ်။

သော့ခတ်ထားတဲ့ သူ့အိပ်ခန်းရှေ့ အရောက်မှာတော့ ကလိုင်းဟာ တဲရော့ကဒ်တစ်ကဒ်ကို အေးအေးဆေးဆေး ထုတ်ယူလိုက်ပါတယ်။ သူဟာ တဲရော့ကဒ်ကို တံခါးကြားကနေ အထဲထည့်ပြီး အသာလေး ဆွဲလိုက်တဲ့အခါ သူ့ဘာသာ အထူးပြုလုပ်ထားတဲ့ သော့ဟာ ပျက်သွားပါတယ်။

အဲဒီနောက် သူဟာ အခန်းထဲ ဝင်ပြီး တံခါးကို သော့ခတ်လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အဝတ်အစားတွေ ချွတ်လိုက်ပါတယ်။ ဒီတော့မှာပဲ သူဟာ သက်သောင့်သက်သာ ရှိသွားပါတယ်။

‘ခိုးကြောင်ခိုးဝှက်နဲ့ သူခိုးလိုပဲ...’ ကလိုင်းဟာ ခေါင်းခါပြီး ရယ်လိုက်ပါတယ်။ အဲဒီနောက် ခြောက်လုံးပြူးကို အေးအေးဆေးဆေး ထုတ်ပြီး ခေါင်းအုံးအောက် ထားလိုက်ပါတယ်။

အဲဒါတွေ အကုန်လုံး ပြီးသွားတဲ့အခါမှာတော့ သူဟာ ဓာတ်ငွေ့မီးအိမ် ထွန်းပြီး စားပွဲရှေ့မှာ ထိုင်လိုက်ပါတယ်။ ပြီးတော့မှ အက်ဇစ်ဆီက စာကို ထုတ်ပြီး သေသေချာချာ ဖတ်ပါတယ်။

“အခုမှ စာပြန်ရလို့ တောင်းပန်ပါတယ်... ငါ့အတိတ်ရဲ့ သဲလွန်စတွေကို ရှာဖွေရင်း အလုပ်များနေလို့ပါ... ငါ့ရဲ့ အရင်က ဆရာတွေ ကျောင်းသားတွေနဲ့ တွေ့တာ ညဉ့်ပါနက်တယ်”

“မင်းစာကို ဖတ်ပြီးတော့ ငါ လွန်ခဲ့တဲ့ နှစ်ရက်ကို ကြုံခဲ့ရတာကို နားလည်သွားပြီ... ရဲတွေက ငါနေတဲ့ ဟိုတယ်က အခန်းတိုင်းကို ရှာကြတယ်... လူတစ်ယောက်က ညဘက်ကြီး ဟိုတယ်ထဲ ခိုးဝင်လို့တဲ့... ဟုတ်တယ်... ငါက သာလွန်စွမ်းအားရှိတဲ့ လူကို ပြောနေတာ”

“... အဲဒီတော့ သတင်းစာတွေ ဝတ္ထုတွေထဲမှာ မကြာခဏ ပါလာတတ်တဲ့ နောက်တန်း ဗိုလ်ချုပ်ကြီး ခီးလုံဂို့စ်က ဘက်ကလင်ထဲ စိမ့်ဝင်ပြီး လူ တော်တော်များများ သတ်ထားတယ်ပေါ့... ငါ မှတ်မိသလောက်ဆို သူ့ကို ဆုငွေ ထုတ်ထားတာ လိုအင်နိုင်ငံ တစ်နိုင်ငံတည်း မဟုတ်ဘူး... ဖေးဆက်အင်ပါယာ၊ အင်ထစ်သမ္မတနိုင်ငံနဲ့ ဖေးနာပေါ်တာနိုင်ငံကလည်း ဆုငွေ ထုတ်ထားတယ်...”

‘ဒါဆို သူ့ဆုငွေက ဘယ်လောက်တောင်လဲ...’

ကလိုင်းဟာ စိတ်ထဲမှာ သိချင်မိသွားပါတယ်။

ဒါပေမဲ့ အက်ဇစ်က တခြားအကြောင်းအရာကို ပြောင်းပြောတဲ့အတွက် အဖြေ မသိလိုက်ရပါဘူး။

“မင်းပြောတဲ့ သိုးထိန်းလိုမျိုး အစွမ်းကို ငါ တော်တော်လေး ရင်းနှီးတယ်... ငါ တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ... ဘယ်နေရာမှာလဲတော့ ငါ မမှတ်မိဘူး... ငါ့အတိတ်ဘဝတစ်ခုမှာ ကြုံခဲ့တာ ဖြစ်နိုင်တယ်... ပြန်စဉ်းစားလို့ မရတာက ငါ့ကို တော်တော်လေး စိတ်ပျက်လက်ပျက် ဖြစ်စေတယ်”

‘အင်း... မစ္စတာအက်ဇစ်တောင် သိုးထိန်းကို စိတ်ဝင်စားတာလား... ငါ ဒါကိုသုံးပြီး သူ့ဆီက အကူအညီ တောင်းရမယ်... အင်း... ဒါက တိုက်ဆိုင်လွန်းတယ်... မဟုတ်ဘူး... ဒါက တိုက်ဆိုင်တာ မဟုတ်ဘူး... ဖြစ်ရိုးဖြစ်စဉ်ပဲ...’

‘မစ္စတာအက်ဇစ်က နှစ်ပေါင်းတစ်ထောင်ကျော် အသက်ရှင်ခဲ့တာဆိုရင် အဆင့်မြင့် သာလွန်သူ ဖြစ်ဖို့ များတယ်... အဲဒါဆို သူ့ရဲ့ အစောပိုင်းဘဝတွေမှာ သာလွန်သူ စွမ်းအား အမျိုးမျိုးကို တွေ့ကြုံဖူးမှာပဲ... ပိုပြီးတော့ ထူးခြားတဲ့ စွမ်းအားတွေဆိုရင် ပိုပြီးတော့ စွဲစွဲမြဲမြဲ မှတ်မိနေလိမ့်မယ်... တခြားစကားနဲ့ ပြောရရင် သူက သိုးထိန်းကိုပဲ ရင်းနှီးတာ မဟုတ်ဘူး... အရိပ်မဲ့တို့ နတ်ဆိုးလိုက်မုဆိုးတို့ စောင့်ရှောက်သူတို့နဲ့လည်း ရင်းနှီးမှာပဲ...’

‘မစ္စတာအက်ဇစ်က ဆုံမှတ်စွမ်းရည်နဲ့ အလားတူ စွမ်းအားရှိတဲ့ ဘယ်မှော်ပစ္စည်းကိုမဆို ရင်းနှီးတယ်လို့ ခံစားရပြီး စိတ်ဝင်စားမှာပဲ... ဒါက စိတ်ကူးနဲ့ မှန်းဆလို့ရတဲ့ ကိစ္စပဲ’

ကလိုင်းဟာ ပထမ သံသယဝင်သွားပြီး နောက်မှ သဘောပေါက်သွားပါတယ်။ အဲဒါကြောင့် သူ့ယူဆချက် မှန်တယ်ဆိုတာ ပိုပြီးတော့လည်း သေချာသွားပါတယ်။

သူဟာ စာကို ဆက်ဖတ်ပါတယ်။

“ငါ မင်းမေးတဲ့ ယဇ်ပူဇော်တဲ့ အစီအရင်တွေကို မှတ်မိတာ ကြာပြီ... ငါ အဲဒါတွေကို စိတ်ထဲမှာ စွဲနေလို့ ဖြစ်မယ်... ငါရဲ့ မကြာသေးခင်က ဘဝတစ်ခုမှာ ဘုန်းတော်ကြီး ဖြစ်ခဲ့တာ နေလိမ့်မယ်”

“ငါ မင်းကို သတိပေးရဦးမယ်... ယဇ်ပူဇော်တဲ့ အစီအရင်တွေ လုပ်ရင် သတိကြီးကြီးထားပါ... မကောင်းဆိုးဝါး နတ်ဘုရားတွေ၊ ပုန်းအောင်းနေတဲ့ လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုတွေကို ယဇ်မပူဇော်နဲ့... သူတို့တွေက ငါတို့တွေလိုမျိုး အသိစိတ်ရှိတာ မဟုတ်ဘူး”

“နောက်ပြီး မင်း ဘယ်ဟာ မှန်တယ်၊ ဘယ်ဟာ မှားတယ် ဆိုတာကို ကောင်းကောင်းကြီး ခွဲခြားနိုင်ဖို့ လိုတယ်... မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက တစ်ခါတစ်လေမှာ သူတို့ကိုယ်သူတို့ အန္တရာယ်မရှိတဲ့ ယုန်သူငယ်လေးတွေလို ဟန်ဆောင်တတ်ကြတယ်... ငါ့အမြင်ကို ပြောရရင် မင်း သေချာမသိတဲ့ တည်ရှိမှုတွေကို ယဇ်မပူဇော်နဲ့... မဟုတ်ရင် မင်းဝိညာဉ်က ယဇ်ပစ္စည်း ဖြစ်သွားနိုင်တယ်”

‘ရှင်းအောင် ပြောရရင် မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေက တခြားအသွင်ယူပြီး ယုံကြည်ရတဲ့လူလို့ ရုပ်ဖျက်တာပဲ... အင်တာနက်ပေါ်မှာ မိန်းမလှလေးပုံ တင်ထားတဲ့ အကောင့်က အပြင်မှာ ယောက်ျားကြီး ဖြစ်နေသလိုပေါ့... အပြင်မှာ တွေ့လို့ လိုင်းပေါ်မှာ တင်ထားတဲ့ပုံနဲ့ တစ်ပုံတည်းဆိုရင်တောင် မိန်းမ အဝတ်အစား ဝတ်ထားတဲ့ ယောက်ျားတစ်ယောက်လည်း ဖြစ်နိုင်သေးတာပဲ’

ကလိုင်းဟာ သူ့ဘာသာ ယဇ်ပူဇော်တဲ့ အစီအရင်ကို စမ်းကြည့်ပြီးလို့ အက်ဇစ်ရဲ့ သတိပေးချက်ကို မသိကျိုးကျွံ မပြုပါဘူး။ သူဟာ ခေါင်းညိတ်ပြီး သဘောတူပါတယ်။

အက်ဇစ်က သူ ဂရုစိုက်ရမဲ့ သုံးလေးခုကို သေချာပြောပြပြီးနောက် သူ သိထားတဲ့ ယဇ်ပူဇော်တဲ့ အစီအရင်ကို ဆက်ရှင်းပြပါတယ်။

“ပထမဆုံး အစီအရင်အတွက် ပြင်ဆင်ရမယ်... မင်းယဇ်ပူဇော်မဲ့ နတ်ဘုရား ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ် တည်ရှိမှုပေါ် အခြေခံပြီးတော့ သင်္ကေတတွေ ရွေးရမယ်... ပြီးရင် သူ့နယ်ပယ်က သက်ဆိုင်တဲ့ ဆေးပင်တွေနဲ့ သတ္တုတွေကို သုံးရမယ်... အဲဒါတွေကို သိဒ္ဓိဝင်အဆီပဲ ဖြစ်ဖြစ် လိမ်းဆေးပဲဖြစ်ဖြစ် အမွှေးတိုင်ပဲဖြစ်ဖြစ် တခြားပစ္စည်းပဲဖြစ်ဖြစ် ကြိုလုပ်ထားလို့လည်း ရတယ်”

‘သင်္ကေတတွေ...’

ကလိုင်းဟာ တစ်ခဏ ကြက်သေသေသွားပြီးမှ ဒီခေတ်က မပိုင်ဆိုင်တဲ့အရူး သူက သူနဲ့ သက်ဆိုင်တဲ့ သင်္ကေတကို မသိဘူးဆိုတာ သိလိုက်ပါတယ်။

သူဟာ တစ်ခဏ တွေးတော စဉ်းစားပြီးနောက် ကြေးစားပွဲရှည် သူ့ကုလားထိုင်နောက်မှာ ရှိတဲ့ ရှုပ်ထွေးတဲ့ သင်္ကေတကို တွေးမိလိုက်ပါတယ်။ အဲဒီသင်္ကေတက လျှို့ဝှက်မှုကို ကိုယ်စားပြုတဲ့ မျက်ဆံမဲ့ မျက်လုံးနဲ့ ပြောင်းလဲမှုကို ကိုယ်စားပြုတဲ့ တွန့်လိမ် ကွေးကောက်နေတဲ့ မျဉ်းပိုင်းတွေ ပေါင်းစပ်ထားတာပါ။

‘အဲဒါက ငါ့သင်္ကေတ ဖြစ်လောက်တယ်... တိတိကျကျ ပြောရရင် မီးခိုးရောင်မြူခိုးထက်က ငါ့ကို ကိုယ်စားပြုတာ ဖြစ်မယ်... အဲဒီတော့ ငါ့နယ်ပယ်ကလည်း ရိုးရိုးလေးပဲ... လျှို့ဝှက်မှု၊ ပြောင်းလဲမှုနဲ့ ကံကောင်းမှုပဲ... ဒါပေမဲ့ ငါ လှေနံဓားထစ် ယူဆလို့တော့ မရဘူး... စမ်းကြည့်ရမှာပဲ... သင်္ကေတက မှားရင်တောင် ငါ့အမည်နာမ မှန်ရင် ယဇ်ပူဇော်တာက တခြားတည်ရှိမှုဆီ ရောက်သွားမှာ မဟုတ်ဘူး... အများဆုံး အစီအရင် ကျရှုံးရုံပဲ... ဒီတစ်ခုကတော့ သေချာတယ်’

ကလိုင်းဟာ စာရွက်ရဲ့ မျက်နှာပြင်ကို ပွတ်သပ်ရင်း တွေးတော စဉ်းစားကာ စိတ်ထဲမှာ အစီအစဉ်တစ်ခု ဆွဲလိုက်ပါတယ်။

အဲဒီနောက် သူဟာ ကျန်နေတဲ့စာကို ဆက်ဖတ်ပါတယ်။

“ဒုတိယက ယဇ်ပူဇော်တဲ့ အစီအရင်ကို တိကျတဲ့အချိန်မှာ စီရင်ဖို့ လိုတယ်... ပြီးရင် မင်း အမည်နာမတွေနဲ့ အစီအရင်ရဲ့ မန္တန်တွေကို ရွတ်ဆိုလို့ ပြီးတဲ့အထိ ပုံမှန် အစီအရင်အတိုင်းပဲ ဆက်လုပ်...”

“ဂျိုဒင်၊ နဂါးဘာသာစကား၊ နတ်သူငယ်ဘာသာစကား ဒါမှမဟုတ် ရှေးဟောင်းဟာမီးကို သုံးဖို့ မမေ့နဲ့... မင်းယဇ်ပူဇော်တဲ့ တည်ရှိမှုနဲ့ တိုက်ရိုက် ဆက်သွယ်ဖို့ ဒီဘာသာစကားတွေရဲ့ သဘာဝစွမ်းအားကို သုံးရလိမ့်မယ်... မင်း သုံးချင်တဲ့ မန္တန်ကို ကိုယ့်ဘာသာ ဒီဇိုင်းဆွဲလို့ရတယ်... ဒါပေမဲ့ ဆုတောင်းတာ၊ သိပါစေ၊ ပူဇော်ပါတယ်၊ နိုင်ငံတော်၊ မုခ်ဝ၊ ပွင့်ပါစေ ဆိုတဲ့ အဓိက စကားလုံးတွေ ထည့်သုံးဖို့ မမေ့နဲ့”

“နောက်ဆုံးအနေနဲ့က မန္တန်ရဲ့ သဘာဝစွမ်းအားနဲ့ ဆက်သွယ်မှု တည်ဆောက်ဖို့ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ တစ်ခုအထိရှိတဲ့ ပစ္စည်းတွေကို သုံးရလိမ့်မယ်... ဒါမှ မင်းယဇ်ပူဇော်တဲ့ တည်ရှိမှု စံမြန်းရာ နိုင်ငံတော်ရဲ့ မုခ်ဝနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို တည်ဆောက်နိုင်လိမ့်မယ်... အဲဒီတည်ရှိမှုက စိတ်ဝင်စားရင် မင်းယဇ်ပူဇော်တာ ပြီးပြီ”

“အဲဒီအဆင့်က မဖြစ်မနေ လိုအပ်တာတော့ မဟုတ်ဘူး... တကယ်လို့ မင်းယဇ်ပူဇော်တဲ့ တည်ရှိမှုက မင်းယဇ်ပူဇော်တာကို တော်တော်လေး စိတ်ဝင်စားတယ်ဆိုရင် မန္တန်ရွတ်ဆိုလို့ ပြီးတာနဲ့ သူ့နိုင်ငံတော်ရဲ့ မုခ်ဝကို မင်းအတွက် သူ့ဘာသာ ဖွင့်ပေးလိမ့်မယ်... ဒါက အန္တရာယ်ရှိတာကို ပြတာပဲ... ကောင်းတဲ့ နတ်ဘုရားတွေက ဒီလိုလုပ်လေ့ မရှိဘူး... မကောင်းဆိုးဝါး နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေပဲ သူတို့လိုချင်တာရဖို့ မင်းကို တိုက်ရိုက် တုံ့ပြန်လိမ့်မယ်”

‘စိတ်ဝိညာဉ်စွမ်းအားရှိတဲ့ ပစ္စည်းတွေက ဈေးနည်းတာ မဟုတ်ဘူး... မန္တန်ရွတ်ဆိုရုံနဲ့ ဆင့်ခေါ်တံခါးနဲ့ ဆင်တူတဲ့ ယဇ်ပူဇော်တဲ့ လမ်းကြောင်းကို ဖွင့်နိုင်မလား မသိဘူး... ငါ ဒီဟာအတွက် မီးခိုးရောင်မြူခိုးထက်က ဆန်းကြယ်လောကရဲ့ စွမ်းအားကို အသုံးချလို့ရမလား မသိဘူး... ဟုတ်တယ်... ငါ အရင်ဆုံး စမ်းကြည့်ရမယ်... မအောင်မြင်မှ မြေအောက်ဈေးကနေ စိတ်ဝိညာဉ်စွမ်းအားရှိတဲ့ ပစ္စည်းတွေ ဝယ်မယ်... သာလွန်စွမ်းအားရှိတဲ့ ပစ္စည်းတွေရော လိုမလား မသိဘူး... စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာတစ်ခုအထိ ပါရင် ရလောက်ပါတယ်’

ကလိုင်းဟာ အမည်မဲ့အကောင့်ထဲမှာ ရှိနေတဲ့ ပေါင် ၃၀၀ ကို တွေးမိလိုက်ပါတယ်။ အဲ့ဒါအပြင် သူ စုထားတဲ့ ပိုက်ဆံ ၁၀ ပေါင်ကိုလည်း သတိရလိုက်ပါတယ်။

သာလွန်ပစ္စည်းတွေနဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေက လုံးဝ တစ်ထပ်တည်း မတူပါဘူး။ ဥပမာပြောရရင် ဟွတ်ယူဂျင် ချန်ထားခဲ့တဲ့ နှလုံးသားက သာလွန်ပစ္စည်း ဖြစ်ပြီးတော့ ကြေးခွံနက်တွေကတော့ စိတ်ဝိညာဉ်ပစ္စည်းပါ။

မစ္စတာအက်ဇစ်ရဲ့ စာကို ဖတ်ပြီးနောက် ကလိုင်းဟာ လက်ချောင်းတွေ ပွတ်ကာ စိတ်ဝိညာဉ်စွမ်းအားနဲ့ စာကို မီးရှို့လိုက်ပါတယ်။ အဲဒီနောက် ပြာဖြစ်သွားတဲ့ စာကို အမှိုက်ပုံးထဲ ထည့်လိုက်ပါတယ်။

ညဉ့်နက်နေပြီမလို့ ကလိုင်းဟာ အစီအရင်လုပ်ဖို့ အလျင်မလိုပါဘူး။ သူဟာ ပထမဆုံး အစီအစဉ်ဆွဲပြီး လိုအပ်တာတွေ ပြင်ဆင်ပြီးမှ အစီအရင်လုပ်ဖို့ စီစဉ်ထားပါတယ်။

သူဟာ သူ့အားနည်းချက်ကို သိပါတယ်။ သူဟာ အစီအစဉ်ဆွဲထားတဲ့ ကိစ္စတွေဆိုရင် သတိကြီးပြီး ကျိုးကြောင်းကျကျ တွေးခေါ်ပေမဲ့ ကိစ္စတွေက မူလအစီအစဉ်ကနေ လွဲချော်သွားရင် အဆိုးတွေကို မတွေးဘဲ ကောင်းတာတွေပဲ တွေးပါတော့တယ်။

ရှင်းရှင်းပြောရရင် အလျင်စလို လှုပ်ရှားတာက သူ့ကို အလွယ်တကူ သေစေနိုင်ပါတယ်။ အဲဒီနောက် ကလိုင်းဟာ သူ့မျက်နှာကို လက်ဖဝါးနဲ့ အုပ်လိုက်ပါတယ်။

နောက်တစ်နေ့မှာ ဒဏ်ခတ်သမားတွေ မက္ကန်းနစ်ဟိုက်မိုင်းတွေနဲ့ ဆက်သွယ်ပြီးတဲ့ ဒန်းစမစ်ဟာ တာဝန်တွေ စပြီးတော့ ခွဲဝေပေးပါတယ်။ ကလိုင်းလည်း တာဝန်တစ်ခု ရပါတယ်။ လာနယ်ဗို့စ်နဲ့ ဆက်စပ်နေတဲ့ လူတော်တော်များများကို စုံစမ်းဖို့ပါ။ ဒါပေမဲ့ သူ့ရဲ့ အကြံပေးချက်နဲ့ ညသိမ်းငှက်ရဲ့ ပေါ်လစီကြောင့် သူအရင်က တွေ့ဖူးတဲ့ လူတွေကိုတော့ တာဝန်ယူစရာ မလိုပါဘူး။

ဒီလိုဆိုပေမဲ့ ကလိုင်းဟာ နေ့လည်ခင်းမှာ တိုက်ခိုက်ရေး သင်ခန်းစာကို ဆက်သင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒန်းစမစ်က သူ့ကို စုံစမ်းမှုမှာ ဦးဆောင်သူအဖြစ် တာဝန်ပေးထားတာ မဟုတ်လို့ပါဘဲ။

...

ဘက်ကလင်၊ ဟေးစတင်မြို့နယ်၊ မြင်းဇောင်းနဲ့ ဥယျာဉ်ရှိတဲ့ အဆောက်အဦးတစ်ခု အတွင်း။

မေးရိုးကားပြီး စိမ်းနက်ရောင် မျက်လုံးတွေရှိတဲ့ ခီးလုံဂို့စ်ဟာ သူ့ရှေ့က သတိမေ့နေတဲ့လူကို ကြည့်နေပါတယ်။ သူဟာ သတိမေ့နေတဲ့လူရဲ့ အင်္ကျီကို ချွတ်ပြီး ဝတ်လိုက်ပါတယ်။

အဲဒီနောက် ကိုယ်လုံးပေါ်မှန်ရှေ့ အေးအေးလူလူ လျှောက်သွားပြီး မှန်ထဲကြည့်လိုက်တဲ့အခါ သူ့ဘယ်လက်က လက်အိတ်နက်ဟာ ဆန့်ငင်ဆန့်ငင် ဖြစ်သွားတာ တွေ့လိုက်ရပါတယ်။ လက်အိတ်နက်ပေါ်မှာ တွန့်လိမ် ကောက်ကွးနေတဲ့ မျဉ်းကြောင်းတွေ အများကြီး ပေါ်လာပါတယ်။

လေးငါးစက္ကန့် အကြာမှာတော့ ခီးလုံဂို့စ်ဟာ အလင်းပါးတစ်ခုက သူ့ကို လွှမ်းခြုံသွားတာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် သူ့ကြွက်သား၊ အရေပြားနဲ့ အရိုးတွေဟာ ထူးဆန်းစွာ ပြောင်းလဲသွားပါတယ်။

အချိန်တစ်ခု အကြာမှာတော့ သူဟာ သတိမေ့နေတဲ့လူ အသွင်ကို ပြောင်းလဲသွားပါတယ်။ သူတို့နှစ်ယောက်က အရပ်ရော ရုပ်ရည်ရော ပြုမူပေါ်ရော အကုန်လုံး အတူတူပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters