← Chapters

အတူမြှုပ်နှံခံမယ်

Vol. 1 Ch. 109

အတူမြှုပ်နှံခံမယ်

Vol. 1 Ch. 109

"ဘာအခြေအနေလဲ  ....  "

"အမ်  ....   .... . ဆရာရှောင်၊ ဆရာကျောက်နဲ့ ဆရာလျှိုက သေသွားတာလား  ....  "

"အဲဒီကြောက်စရာ သတ်ဖြတ်ခြင်း အရှိန်အဝါကို ဘယ်သူ ထုတ်လွှင့်တာလဲ  ....   .... "

"ဆရာမစု .... ဘာတွေ ဖြစ်နေတာလဲ  ....  "

ဆရာအများစုသည် သံသယရှိသော အမူအရာများနှင့် ဖြစ်သည်။ ဆရာသုံးယောက်နှင့် အစောင့် နှစ်ယောက်သည် အချိန်တိုလေးအတွင်း သေဆုံးသွားခဲ့သည်။ ထောင့်တွင်လည်း အလောင်း နှစ်လောင်း ရှိနေသည်။ အဝတ်အစား အရဆိုလျှင် အစောင့်အဖွဲ့မှပင် ဖြစ်ပေလိမ့်မည်။ စောစောက ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် အတော်လေး သံသယဝင်စရာ ကောင်းနေသည်။

"ဆရာမမုန့် .... ဒီကျောင်းသူကို ကုသဖို့ ခေါ်ခဲ့ပေး"

စုလောရွှယ်သည် အားလုံးကို လျစ်လျူရှု လိုက်သည်။ သူမသည် ကျန်းရီကို သယ်ကာ ရှင်းပြလိုက်သည်။ ဒီဖြစ်ရပ်က အရမ်းရှုပ်ထွေး လွန်းတယ် .... အားလုံးက သိပ်မမေးကြတာ ပိုကောင်းမယ် .... မင်းတို့ သိလိုလည်း အကျိုးမရှိဘူး .... ကျောင်းအုပ်ချီ ပြန်လာရင် သူမက လူတိုင်းကို ဖြေရှင်းချက် တောင်းလိမ့်မယ်"

စုလောရွှယ်သည် ကျောင်းအုပ်ချီ၏ အမည်ကို ထုတ်ပြောလိုက်သော အခါ မေးခွန်းများ မေးနေသော အစောင့်များနှင့် ဆရာများသည် ပါးစပ်ပိတ် သွားကြလေသည်။ သို့သော် အစောင့်များသည် စုလောရွှယ်ကို သံသယ မျက်လုံးများနှင့် ကြည့်နေဆဲ ဖြစ်သည်။ ဆရာများသည်မူ ကျောင်းသားများကို စစ်ဆေးရန် လှည့်ထွက်သွားကြသည်။

***

"ဘာ  ....  "

ချိုင့်ဝှမ်း၏ အပြင်ဘက်ရှိ ရထားလုံး တစ်ခုအတွင်းတွဂ် ကျန်းစွန်းဝူကျိသည် သူ့နောက်လိုက် တစ်ယောက်ထံမှ သတင်းကို နားထောင် နေခဲ့သည်။ သူသည် မယုံကြည်နိုင်သော အမူအရာနှင့် အလန့်တကြား ရေရွတ်လိုက်သည်။

"လုပ်ကြံမှု ကျဆုံးသွားတယ်  ....   .... ကျန်းရီက သေမင်းနတ်ဘုရား အဖွဲ့သား ငါးယောက်ကို သတ်လိုက်တယ်  ....   .... ဆရာ သုံးယောက်ကလည်း အသတ်ခံ လိုက်ရတယ်  ....   .... အခု ကျန်းရီက ဆရာတွေနဲ့ အစောင့်တွေ အကာအကွယ် အောက်မှာ ရှိနေတယ် .... နောက်တစ်ကြိမ် လှုပ်ရှားဖို့ မလွယ်ဘူး  ....  "

အစောင့်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် သူ့ရှေ့တွင် ဒူးထောက် နေခဲ့သည်။ ထိုလူသည် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဒီသတင်းက အတည်ပြုပြီးပါပြီ .... သေမင်းနတ်ဘုရား အဖွဲ့ကလူတွေ စပြီး ဆုတ်ခွာနေပါပြီ .... .သူတို့က ကျွန်တော်တို့ကို သတင်းအမှား ပေးလို့ဆိုပြီး အပြစ်တင်ချင်ဟန် ရှိပါတယ် .... "

"မဖြစ်နိုင်တာ  ....  "

ကျန်းစွန်းဝူကျိသည် မယုံကြည်နိုင် ဖြစ်နေဆဲပင်။ သူသည် အေးစက်စွာ ပြောလိုက်သည်။

"ကျန်းရီက အသက်ဘယ်လောက်လဲ  ....   .... သူက ကောင်းကင်တောင်ပံမြို့မှာတုန်းက အသုံးမကျတဲ့ အမှိုက်ကောင်ပဲလေ .... အင်အားတွေ တိုးလာတာ လအနည်းငယ်ပဲ ရှိသေးတယ် .... .သူက အရမ်းအန္တရာယ် ရှိတယ် ဆိုရင်တောင် အလွန်ဆုံးရှိမှ ခရမ်းရောင် နန်းတော်ရှင် ဒုတိယအဆင့်၊ ဒါမှမဟုတ် တတိယအဆင့်ရဲ့ အင်အားလောက်ကိုပဲ ပိုင်ဆိုင်မှာ .... ဒီ ခရမ်းရောင် နန်းတော်ရှင် လူအများကြီးကို သတ်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ  ....   .... အဓိပ္ပာယ် မရှိလိုက်တာ  ....    ....  "

အစောင့်သည် ခေါင်းရမ်းကာ သက်ပြင်းချလိုက်သည်။

"အရှင် .... .ဆရာရှောင်နဲ့ တခြား ဆရာနှစ်ယောက် သေသွားတာကလည်း အမှန်ပါပဲ .... ကျွန်တော်တို့ လူတွေ အတည်ပြု ပြီးပါပြီ .... အခုကျွန်တော်တို့ ဘာလုပ်သင့်လဲ  ....   .... ဒီကိစ္စကို အရှင့်သားထံ တင်ပြပြီး ကျန်းရီကို သတ်ဖို့ ကျန်းဂိုဏ်းရဲ့ သူလျှိုတွေ လွှတ်ပေးဖို့ တောင်းဆို ကြည့်ရင်ရော  ....  "

"မဖြစ်ဘူး  ....  "

ကျန်းစွန်းဝူကျိသည် ထိန်လန့်မှုကို ချိုးနှိမ်ရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ ကျန်းစွန်းဝူကျိ၏ မျက်လုံးများသည် ဂနာမငြိမ် ဖြစ်နေကာ ပြောလာခဲ့သည်။

"ရိလျှို လုပ်လို့ မရဘူး .... အနည်းဆုံးတော့ ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို မရောက်သေးခင် အထိ .... မဟုတ်ရင် လူတွေ အလွယ်တကူ ရိပ်မိသွားနိုင်တယ် .... ကျန်းရီသေသွားရင် အားလုံး အဆင်ပြေပြီ .... သူသာမသေခဲ့ဘဲ ဒီကိစ္စတွေကို အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် သိသွားခဲ့မယ်ဆိုရင် ရိလျှိုရဲ့ 'မင်းသား' ရာထူးတောင် ရုပ်သိမ်း ခံရနိုင်တယ်"

အစောင့်၏ မျက်နှာသည် ပျက်ယွင်း သွားခဲ့သည်။

"ကျွန်တော့်ရဲ့ လူတွေကို လွှတ်လိုက်ရမလား  ....   .... ကျွန်တော်တို့ အဆုံးအရှုံး တော်တော် များနေပြီ .... ဆရာရှောင်နဲ့ ဆရာနှစ်ယောက်ကိုလည်း ဆုံးရှုံး လိုက်ရပြီ"

"ဘယ်လောက်ပဲ တန်ဖိုးပေးရပေးရ ကျန်းရီကို ရအောင် သတ်ရမယ် .... သူက ကြောက်စရာ သတ္တဝါ တစ်ကောင်ပဲ .... သူ့ကိုသာ နှစ်နည်းနည်းလောက် ထပ်ပြီး ရှင်သန်ခိုင်းထားလိုက်ရင် နောက်ထပ် ကျန်းပိုင်လီ တစ်ယောက် ဖြစ်လာလိမ့်မယ် "

ကျန်းစွန်းဝူကျိသည် သူ၏ ထိတ်လန့်မှုများကို ထိန်းချုပ်ထား၍ ပြောလိုက်သည်။ သူသည် လုပ်ကြံသူ ငါးယောက်နှင့် ဆရာသုံးယောက်ကို ကျန်းရီမည်သို့ သတ်လိုက်သည်ကို မသိသော်လည်း ကျန်းရီသည် အလားအလာ ကောင်းလွန်းနေသည်။ သူသည် ကျန်းရီကို အသက် ဆက်ရှင်ခွင့် မပေးနိုင်ပေ။ သူသည် ရက်စက်မှုများ ထုတ်လွှင့်ရင်း ပြောလာခဲ့သည်။

"အကြီးအကဲဟုန်ကို သွားခေါ်လာခဲ့  ....  "

"အကြီးအကဲဟုန်  ....  "

အစောင့်သည် ဆွံ့အသွားခဲ့သည်။ သူသည် အကြီးအကဲဟုန်ကို သိပါသည်။ ထိုသူသည် ကျန်းစွန်းဝူကျိ အတွက် လျှို့ဝှက်အစောင့် ဖြစ်ပြီး  စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် ဖြစ်သည်။ ကျန်းစွန်းဝူကျိသည် လျှို့ဝှက် အစောင့်ကို ထုတ်သုံးပေတော့မည်။ သူသည် အန္တရာယ် ဖြစ်မည်ကို မကြောက်ဘူးလား  ....   .... .ထိုအစောင့်သည် သံသယ ဖြစ်နေသော်လည်း တစ်ခုမှ မမေးဝံ့ပေ။ သူသည် ချက်ချင်းပင် ရထားလုံးထဲမှ ထွက်ခွာကာ အမှောင်ထုထဲသို့ တိုးဝင်သွားခဲ့သည်။

"အရှင် "

မကြာခင်တွင် အနက်ရောင် ဝတ်ဆင်ထားသော လူအိုကြီး တစ်ယောက်သည် ရထားလုံး အတွင်း ဝင်လာခဲ့သည်။ ကျန်းစွန်းဝူကျိသည် ကွေ့ဝိုက် မနေတော့ဘဲ လိုရင်းကိုသာ ပြောချ လိုက်သည်။

"အကြီးအကဲဟုန် .... ကျွန်တော့်ကို မျက်နှာသာ ပေးပြီး လူတစ်ယောက်ကို သတ်ပေးပါ .... ဒီလူက အရမ်း အရေးကြီးတယ် .... သူသာ မသေရင် အနာဂတ်မှာ ကျန်းစွန်းဂိုဏ်း အတွက် ကံဆိုးမှုတွေကို သယ်ဆောင် လာလိမ့်မယ်"

အနက်ရောင် ဝတ်ထားသော အကြီးအကဲဟုန်သည် လေးနက်သော မျက်နှာထားနှင့် ခေါင်းရမ်း လိုက်သည်။

"အရှင်ငယ် .... စည်းမျဉ်းတွေကို မင်းသိပါတယ် "

"ငါစည်းမျဉ်းတွေကို သိပါတယ် .... ဒါပေမဲ့ ဒါနဲ့ဆိုရင် မင်းလုပ်သင့်တယ် မလား  ....  "

ကျန်းစွန်းဝူကျိသည် 'ကျန်းစွန်း'ဟူသော စာလုံးထွင်းထားသည့် အနက်ရောင် တံဆိပ်ပြား တစ်ခုကို ထုတ်လိုက်သည်။ အကြီးအကဲဟုန်၏ မျက်လုံးများသည် တောက်ပ သွားခဲ့ပြီး အလေးအနက် ပြောလာခဲ့သည်။

"ဂိုဏ်းချုပ် တံဆိပ်ပြား  ....   .... ပစ်မှတ်က ဘယ်သူလဲ  ....  "

ကျန်းစွန်းဝူကျိ၏ နှုတ်ခမ်းများသည် ရက်စက်စွာ ကွေးညွတ် သွားခဲ့သည်။

"ကျန်းရီ .... အပြင်ဆောင် ကျောင်းသားတစ်ယောက်  ....   .... သူက အခု ချိုင့်ဝှမ်းထဲမှာပဲ .... မင်းတောင်ကြားဆီ ဝင်သွားလိုက်တာနဲ့ တစ်ယောက်ယောက်က လာပြီး လမ်းညွှန် ပေးလိမ့်မယ် .... မှတ်ထားပါ .... မြန်မြန်နဲ့ ခြေရာလက်ရာ မကျန်အောင် လုပ်ခဲ့ .... အနီးအနားမှာ တခြားလူတွေ ရှိနေမယ်ဆိုရင် သူတို့ကိုပါ သတ်ခဲ့လိုက်"

"ဝှစ်  ....  "

အကြီးအကဲဟုန်သည် အရိပ်တစ်ခု အလား ပျောက်ကွယ် သွားခဲ့သည်။ သူသည် လူတိုင်းကို အလျင်အမြန် ရှောင်တိမ်းကာ ချိုင့်ဝှမ်း ဝင်ရောက်သွားခဲ့သည်။

***

ချိုင့်ဝှမ်းအတွင်းတွင် ဆူပူအုံကြွမှုများသည် ငြိမ်သက် သွားသော်လည်း ကျောင်းသားများသည် အလျင်စလို မလှုပ်ရှားရဲပေ။ သူတို့သည် ဆရာများ အနီးတွင် လူစုကာ ကျောင်းအုပ် ပြန်အလာကို စောင့်နေလိုက်ကြသည်။ သူတို့ကို ကာကွယ်ရန် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် မရှိလျှင် အပြည့်အဝ မလုံခြုံနိုင်ပေ။

စုလောရွှယ်နှင့် ဆရာမ အနည်းငယ်သည် လူစု၍ နေကြသည်။ အနားတွင် အစောင့် ရှစ်ယောက်ခန့်လည်း ရှိနေသည်။ ကျန်းရီသည် စုလောရွှယ်နှင့် ရထားလုံး တစ်ခုအတွင်း ရှိနေခဲ့သည်။ အန္တရာယ် ကျရောက် နေသော်လည်း စုလောရွှယ်သည် ကြောက်စရာ ကောင်းအောင် တည်ငြိမ်နေခဲ့သည်။ နောက်ကွယ်မှ ကြိုးကိုင်သူသည် နောက်အစီအစဉ် တစ်ခု ထပ်လုပ်လိမ့်မည်ဟု သူမ ခံစားနေရသည်။

"ဗုန်း  ....  "

ချိုင့်ဝှမ်းအတွင်း ပေါက်ကွဲသံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကျောင်းသူများ၏ အော်ဟစ်သံများ ထွက်ပေါ် လာခဲ့သည်။ စုလောရွှယ်သည် အခြေအနေ မကောင်းတော့သည်ကို ရိပ်စား မိလိုက်သည်။

"ဝှစ်  ....  "

ဆရာများနှင့် အစောင့်များသည် အသံကြားရာ နေရာသို့ ရောက်ရှိ သွားကြသည်။ ယနေ့ညတွင် လူပေါင်းများစွာ သေကြေခဲ့သည်။ ထပ်မံ၍ သေဆုံးမှုများရှိလာလျှင် ကျောင်းအုပ်ချီကို မည်သို့ ရှင်းပြရတော့မည်နည်း  ....

အခြားဆရာမများပါ ပြေးသွားသည်ကို မြင်လျှင် စုလောရွှယ်သည် သက်ပြင်း တစ်ချက်သာ ချလိုက်တော့သည်။ သူမသည် ငွေရောင်ဓားရှည်ကို ဆွဲထုတ်ကာ ကျန်းရီကို တစ်ချက် ကြည့်လိုက်ပြီး ရထားလုံး အပေါက်ဝနားတွင် ရပ်နေလိုက်သည်။ သူမသည် ရန်သူအလာကို စောင့်ဆိုင်းနေခဲ့သည်။

ယနေ့ဖြစ်ရပ်၏ နောက်ကွယ်တွင် အင်အားကြီးသော တစ်စုံတစ်ယောက် ရှိနေသည်မှာ ထင်ရှားသည်။ စုလောရွှယ်သည် မည်သူ့ လက်ချက်မှန်း အတိအကျ မသိသော်လည်း ကျန်းစွန်းဂိုဏ်း သို့မဟုတ် ကျန်းဂိုဏ်းမှ တစ်ယောက်ယောက် ဖြစ်မည်မှန်းတော့ သိလေသည်။

သူတို့သည် တတိယအဆင့် နတ်ဆိုးသားရဲ သုံးကောင်ကို သုံး၍ ကျောင်းအုပ် သုံးယောက်ကို ပထုတ်သည်။ ထို့နောက် တောင်ဖြိုခွင်း ကြွက်ကို လွှတ်၍ ဆူဆူညံညံ ဖြစ်အောင် လုပ်လိုက်သည်။ နောက်ဆုံးတွင် လုပ်ကြံသူများ၊ သူလျှိုများကို လွှတ်ကာ ကျန်းရီကို သတ်ခိုင်းသည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါ ကြောင့်သာ မဟုတ်လျှင် ကျန်းရီသည် သေလူ ဖြစ်နေလောက်ပြီ ဖြစ်သည်။

ယခု သူတို့၏ မူလ အစီအစဉ် ပျက်ယွင်း သွားသော်လည်း သူတို့သည် မစွန့်လွှတ် ကြသေးပေ။ သူတို့သည် ထပ်မံ၍ ဆရာများကို ပထုတ်နေပြန်သည်။ စုလောရွှယ်သည် သူမ ထွက်မသွားလျှင် သူမသည်ပါ ကျန်းရီနှင့် အတူ မြှုပ်နှံ ခံရနိုင်ကြောင်း နားလည်နေခဲ့သည်။

"ဝှစ်  ....  "

အသံတိုးတိုးသည် ထွက်ပေါ်လာခဲ့သည်။ စုလောရွှယ်သည် သူမ၏ မျက်လုံးများကို မှိတ်ချ လိုက်သည်။ သူမသည် ရန်သူ၏ အင်အားကို ခံစားမိသောအခါ အသက်မဲ့သော အပြုံးတစ်ခုနှင့် ကျန်းရီကို လှည့်ကြည့် လိုက်သည်။

"ကျန်းရီ .... မင်း ငါ့အသက်ကို ကယ်ခဲ့ဖူးတယ် .... ဒီတစ်ခါမှာ ငါတို့ အတူ မြှုပ်နှံ ခံရနိုင်တယ် .... ငါတို့တွေ ကျေပြီနော် .... "

ကျန်းစွန်းဂိုဏ်း၏ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့် လူသည် ရောက်ရှိလာခဲ့ပေပြီ  ....

*****

All Chapters