← Chapters

မင်းဘယ်သူလဲ ... ။

Vol. 53 Ch. 629

မင်းဘယ်သူလဲ ... ။

Vol. 53 Ch. 629

“ ချပ် ချပ် ချပ် ... ။ ”

ကြေးဝါချပ်ဝတ်ကို ၀တ်ထားသည့် နတ်ဆိုးရုပ်သေးသည် စိတ်ဝိညာဉ် နိုးကြားလာ သကဲ့သို့ ပြိုးပြိုးပြက်ပြက် လင်းလက်လာပြီး ချက်ချင်း အသက်ဝင်လာသည်။

ဝေယွင်မှ အံ့အားသင့်သွားပြီး လုံးဝတုန်လှုပ်သွားတော့၏။ သူမ ထိန်းချုပ်စဉ် ဤနတ်ဆိုးရုပ်သေးသည် ထိုမျှသော တုန့်ပြန်မှုစွမ်းအား မပြချေ။

“ ဝှစ် ... ။ ”

“ ခရစ် ... ။ ”

နတ်ဆိုးရုပ်သေးသည် လက်သီးဖြင့် ထိုးချလာ၏။ များပြားလှသော ရတနာများနှင့် လျှို့ဝှက်နည်းစနစ်များသည် ကွဲအက်ကုန်ကာ ကောင်းကင်တစ်ခွင် ပျံ့ကျဲကုန်သည်။

ထို့နောက်တွင် နတ်ဆိုးရုပ်သေးက ရှေ့သို့တိုးသွားကာ နတ်ဆိုးတစ်ကောင်ကို ဖမ်းဆွဲပြီး ပစ်ပေါက်ချလိုက်သည်။  

“ မလုပ်နဲ့ ... ။ ”

နတ်ဆိုးအိုကြီးခမျာ ယဇ်ပလ္လင်ဆီသို့ အထိန်းအကွပ်မဲ့စွာ ပျံသန်းလွင့်စဉ်သွား၏။ အော်ဟစ်ရုန်းကန်နေသော်လည်း မလွတ်မြောက်ချေ။

အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး သူ့အပေါ်လွှမ်းခြုံသွားကာ လေထဲအလယ် ရုတ်ချည်း ပျောက်ကွယ်သွားစေသည်။

မြင်ကွင်းတစ်ခုလုံး လုံးဝ ပရမ်းပတာဖြစ်လာသည်။ ကျန်နတ်ဆိုးများ အားလုံး တုန်လှုပ်ခြောက်ခြားကုန်ကာ ထွက်ပေါက်ဆီ လှည့်ပြေးတော့၏။  

“ ပြေး ... ။ ”

“ မြန်မြန် ... ။ ”

နှစ်ပေါင်းများစွာတိုင်အောင် ဤကမ္ဘာကြီးအတွင်း ဆိုးညစ်ကြမ်းကြုတ်စွာ ကျင်လည်ကျက်စားနေခဲ့သည့် သူတို့အတွက် လုံးဝ အကူအညီမဲ့နေချေပြီ။

“ ထွက်ပြေးချင်တာလား နောက်ကျသွားပြီး ... ။ ”

“ ဝှစ် ... ။ ”

“ အား ... ။ ”

“ မလုပ်နဲ့ ... ။ ”

အသက်ရှိုက်ချိန် အနည်းငယ်အတွင်း နတ်ဆိုးတစ်ဒါဇင်ခန့် ဖမ်းယူခံရပြီး ပလ္လင်ထံ ပစ်ထုတ်ခြင်းခံလိုက်ရသည်။

ကြောက်လန့်တကြားအော်သံများ၊ စိတ်ပျက်အားငယ်နေသံများ၊ နာကျည်းသံများ လျှို့ဝှက်နယ်မြေအနှံ့ ပဲ့တင်ထပ်နေ၏။

“ တိုက် ... ။ ”

“ အဲဒီကောင်မလေးကို ဖမ်း ... ။ ”

တစ်ချို့က အံကြိုတ်လျက် စုရီကို ထိပ်တိုက်ရင်ဆိုင်ရန် ကြိုးစားပြီး အချို့သည် စွေ့ကျင်းယန်၊ မျက်မမြင်အဖိုးကြီးနှင့် ဝေယွင်ကို ဖမ်းဆီရန် ကြိုးပမ်းခဲ့၏။

သို့သော် ခြွင်းချက်မရှိ ၎င်းတို့ကို နတ်ဆိုးရုပ်သေးမှဖမ်းဆီးကာ အစားအစာအဖြစ် ကျွေးမွေးခြင်း ခံလိုက်ရချေပြီ။

ဤသည်မှာ တိုက်ပွဲလုံးဝ မဟုတ်ခဲ့ဘဲ တစ်ဖက်သတ် အနိုင်ကျင့်သတ်ဖြတ်ခြင်းဖြစ်၏။ စွေ့ကျင်းယန်မှ မျက်ခုံးပင့်လျက်၊

“ အစ်ကိုစု၊ ဘာလို့ သူတို့ကို မသတ်တာလဲ။ ”

-ဟု မေးမြန်းသည်။

“ အသေကောင်သွေးက မလတ်ဆတ်ဘူး သူလည်း မကြိုက်ဘူး။ ”

စုရီမှ ပြန်ဖြေ၏။ မျက်မမြင် အဘိုးအိုတစ်ယောက် မျက်ခုံးပင့်သွားသည်။ တခဏအတွင်း နတ်ဆိုးနှစ်ဆယ်ကျော် ကုန်ဆုံးသွား၏။

တုန်လှုပ်ချောက်ချားနေသော လျှို့ဝှက်နယ်မြေသည် ယခင် ငြိမ်သက်ခြင်းသို့ တဖြည်းဖြည်း ပြန်၍ရောက်ရှိသွားသည်။

နတ်ဆိုးရုပ်သေးသည်လည်း တစ်ဦးတည်းသော ပြိုင်ဘက်ကင်း တောင်ကြီး တစ်လုံးကဲ့သို့ လေထုအလယ်ရပ်ကျန်၏။

ထိုမြင်ကွင်းက ဝေယွင်ကို မှင်သပ်သွားစေသည်။ သူမအတွက် ဖြစ်ပျက်ခဲ့ သမျှ အရာအားလုံး လက်တွေ့မကျချေ။

ဝိညာဉ်တာအိုနယ်ပယ်မှ လူငယ်တစ်ယောက်သည် နတ်ဆိုးဝေမျိုးရိုး၏ နတ်ဆိုးရုပ်သေးအပေါ် အလွယ်တကူ ထိန်းချုပ် နိုင်နေပြီး ကြောက်မက်ဖွယ်စွမ်းအားများ ထုတ်ဖော်ပြသနေ၏။

တစ်ဆက်တည်းမှာပင် ချော်ရည်ကန်အနားတွင် ဤနတ်ဆိုးများကို တစ်ဖက်လူ မသတ်သည့် အကြောင်းရင်းအပေါ် အဆုံး၌ နားလည်သွားခဲ့သည်။

ဆိုလိုသည်မှာ လူငယ်သည် ထိုနတ်ဆိုးများကို ပလ္လင်အတွက်ကျွေးရန် စိတ်ကူးရှိနေခြင်းပေပင်။

စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးအို အတွက်မူ ဓားကိုင်ပြီး ယွမ်လင်းနင်ကဲ့သို့သော ဧကရာဇ်ကို အနိုင်ယူခဲ့သော မြင်ကွင်းမျိုး မြင်တွေ့ထားဖူးသဖြင့် သာမန်ပေပင်။

ယင်းအစား စုရီသည် ဤတားမြစ်နယ်မြေ၌ ယဇ်ပလ္လင်ရှိနေသည်ကို သိရှိထားသည့်အပေါ် အနည်းငယ် သံသယဝင်လာခဲ့၏။

ဤနေရာရှိ တံဆိပ်စွမ်းအားသည် နတ်ဓားရှင်မှ ဖန်တီးပေးထားခဲ့ခြင်း ဖြစ်သည်။ ယင်းကို မိုးပြာတိုက်ကြီးမှ လူငယ်တစ်ယောက် သိရှိနေသည်မှာ အဓိပ္ပါယ်မရှိချေ။

တစ်ဖက်တွင် စုရီ၏မျိုးရိုးအမည်သည် စုဖြစ်သဖြင့် စုရွှမ်ကြွယ်၏ သားစဉ်မြေးဆက် တစ်ဦး ဖြစ်ရန် သေချောနေချေပြီ။

မဟုတ်သော် ဘိုးဘေးစွေ့သည် ဤလူငယ်အပေါ် အလွန်တန်ဖိုးထားနေစရာ အကြောင်းမရှိချေ။ စွေ့ကျင်းယန်မှ၊

“ ငါမျိုးနွယ်စုကို ပြန်ရောက်တဲ့အခါ ... ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မေးမြန်းရမယ်။ ”

-ဟု ခပ်တိုးတိုး ရေရွတ်လိုက်သည်။

တစ်ဆက်တည်းမှာပင် လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖော်ထုတ်နိုင်လိုက် သကဲ့သို့ သူမ ခံစားလိုက်ရသည်။

ထိုစဉ် စုရီသည် သူမတို့သုံးယောက်ကို လျစ်လျူရှုလျက် အနက်ရောင် ယဇ်ပလ္လင်ဆီသို့ လျှောက်လှမ်းနေပြီဖြစ်၏။

ရှေ့သို့ ရောက်ရှိသောအခါတွင် ကျန်ရှိနေသည့် ယန်မီးတောက် ငါးသုံးကောင် ထုတ်ယူပြီး ပစ်ချလိုက်သည်။

“ ဘုတ် ... ။ ”

သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး မီးငှက်တစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။

သွေးစွန်းနေသော မြူခိုးများသည် သူ့ခန္ဓာကိုယ်အပေါ်ဖုံးလွှမ်းနေပြီး ရောင်ဝါသည် ကြောက်မက်ဖွယ်ကောင်းချေ၏။

“ ဖရူး ... ။ ”

တောင်ပံများကို ခတ်လျက် သွေးစွန်းနေသော အခိုးအငွေ့များထုတ်ဖော်ကာ ယန်မီးတောက်ငါးကြင်းကို တစ်ကိုက်တည်း မြိုချလိုက်လေသည်။

“ ဒါ ... ။ ”

ထိုမြင်ကွင်းသည် စွေ့ကျင်းယန်နှင့် မျက်မမြင်အဘိုးအိုတို့ကို အံ့အားသင့်သွားစေ၏။ ယဇ်ပလ္လင်တွင် ကြောက်စရာကောင်းသော ငှက်တစ်ကောင်ကို ဝှက်ထားလိမ့်မည်ဟု မထင်ထားချေ။

“ မထူးဆန်းတော့ပါဘူး ... ဒါကြောင့်လည်း ဒီပလ္လင်ကိုချဉ်းကပ်ဖို့ ကြိုးစားသူတိုင်း အငွေ့ပျံ ပျောက်ကွယ်သွားကြတာ ... ငါ့ဘိုးဘေး ပြောခဲ့တာတွေက အမှန်ဖြစ်နေပုံရတယ်။ ”

“ ဘာအမှန်လဲ ... ။ ”

ဝေယွင်မှ မှတ်ချက်ပေးသဖြင့် စုရီတစ်ယောက် ခေါင်းလှည့်မကြည့်ဘဲ မေး၏။

“ နတ်ငှက်ဝိညာဉ်တော်ကို ပလ္လင်တော်မှာ ချိတ်ပိတ်ထားပြီး ... ဒီထီးနက်က သူ့ကိုဖိနှိမ်ဖို့ နတ်ဓားရှင်က ထားခဲ့ပေးတာတဲ့ မဟုတ်ရင် ငါတို့အသတ်ခံနိုင်တယ်။ ”

မျက်မမြင် အဘိုးအို၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး သူ့သခင်ထံမှ တစ်ချိန်က ကြားသိခဲ့သော လျှို့ဝှက်ချက်ကို ပြန်သတိရလာသည်။

“ ဒါဆို... ဟိုတုန်းက ကောလဟာလတွေက အမှန်တွေလား။ ”

စွေ့ကျင်းယန်သည်လည်း တစ်စုံတစ်ရာကို ပြန်သတိရသွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက် တော့သည်။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မီးငှက်တစ်ကောင် မရဏကမ္ဘာ၏ အပျက်အစီး နယ်မြေတွင် ပေါ်လာခဲ့ဖူးသည်။

၎င်း၏အဖျက်စွမ်းအား အလွန်ပြင်းထန်လှကာ မရေမတွက်နိုင်သော ဧကရာဇ်များမှ အနိုင်ယူရန် ကြိုးစားခဲ့ သော်လည်း ခြွင်းချက်မရှိ ရှုံးနိမ့်သွား၏။

ထိုအဖြစ်အပျက်သည် မရဏကမ္ဘာကို ထိတ်လန့်စေသည်။ သို့သော် ဤမျှသန်မာသော မီးငှက်သည် မရဏကမ္ဘာမှ အငွေ့ပျံသွား သကဲ့သို့ ပျောက်ကွယ်သွားခဲ့၏။

၎င်းသည် မဟာတာအိုကို ရှာဖွေရန် နာကျည်းခြင်း ပင်လယ်ဆီသို့ သွားခဲ့သည်ဟု ကောလာဟလများ ထွက်ပေါ်လာသည်။

ယခုမူ မီးငှက်သည် နတ်ဓားရှင်ကို စော်ကားပြီး နှိမ်နင်းခံခဲ့ရကြောင်း သိလိုက်ရ ချေပြီ။ စွေ့ကျင်းယန်မှ သူမဘိုးဘေး စွေ့လုံရှင်း ထံမှ တူညီသောစကားကို ကြားခဲ့ဖူးသည်။

ထိုစဉ်က ဤမီးငှက်သည် မြွေတစ္ဆေမျိုးနွယ်စု၏ ပထမဆုံးဧကရီဖြစ်သော ရီယုကိုစော်ကားခဲ့ခြင်းကြောင့် အဖိုးကြီးစု၏ နှိမ်နင်းခြင်းခံခဲ့ရသည်ဟု ဆို၏။

ယန်မီးတောက် ငါးကြင်းသုံးကောင်ကို စားသုံးနေသော မီးငှက်ဝိညာဉ်ထံ ကြည့်ကာ၊

“ မဆိုးပါဘူး ... ၊ မင်းရဲ့ကတိကို လိုက်နာတယ် ဒီကနေဘယ်တော့မှ ထွက်မသွားခဲ့ဘူး။ ”

-ဟု မှတ်ချက်ပေး၏။

မထင်မရှားနှင့် ထူးဆန်းသော တာအိုဘာသာစကားသံကြောင့် မီးငှက်ခမျာ တုန်လှုပ်သွားခဲ့သည်။ နီရဲနေသော မျက်လုံး များဖြင့် စုရီကို မယုံကြည်စွာ မော့ကြည့်၏။

“ မင်း ဘယ်သူလဲ ... ။ ”

၎င်း၏အသံသည် ဆူညံနေပြီး ထူးခြားသောသံလိုက်ဓာတ်တစ်မျိုး ပါ၀င်သည်။ ထိုစကားသည် စုရီအသုံးပြုသည့် ထူးခြားသော တာအိုဘာသာ စကားများကဲ့သို့ မထင်မရှားနှင့် ဝိုးတဝါးနိုင်၏။

ဤသည်မှာ အလွန်ရှေးကျသော စစ်မှန်သည့်ဝိညာဉ်သားရဲ ဘာသာစကား ပေပင်။ ထိုဘာသာစကားကို နတ်ဆိုးသားရဲ အပေါင်းနှင့် ဆက်သွယ်ရန် အသုံးပြု၏။

မီးငှက်ဝိညာဉ်ကို အံ့အားသင့်စေသည်မှာ သူ့ရှေ့မှထိုလူငယ်သည် ဤနေရာလျှို့ဝှက်ချက် အချို့ကို သိနေပုံပေါ်သည်။

“ ငါဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး ... မင်းကိုမေးပါရစေ ဒီနေရာရဲ့တံဆိပ်ကို ဘယ်သူ ဖျက်ခဲ့တာလဲ။ ”

“ ဟမ့် ... မင်းရဲ့ဇာစ်မြစ်ကို မပြောပြရင် ငါဘာလို့ပြောပြရမှာလဲ။ ”

မီးငှက်ဝိညာဉ်မှ မကျေမနပ်ဖြင့် တုန့်ပြန် လေသည်။ ယန်မီးတောက်ငါးကြင်းနှင့် သားရဲ ဘာသာစကားကြောင့်သာ မဟုတ်သော် ဤမျှ အထိ သည်းခံနေစရာအကြောင်းမရှိချေ။

ဝိညာဉ်တာအိုနယ်ပယ်ကျင့်ကြံမှုဖြင့် မောက်မာစွာပြောဝံ့သော ဤလူငယ်ကို အသေ သတ်မိပေမည်။ စုရီက ပြုံးပြီး ယဇ်ပလ္လင်ပေါ်က ထီးနက်ထံမော့ကြည့်ကာ၊

“ ဒီထီးနက်ကို ယူဖို့ ... ဒီနေ့ငါလာတာ ဒါကဘာကိုဆိုလိုတယ်ဆိုတာ မင်းသိသင့်တယ် မဟုတ်လား။ ”

-ဟု ပြန်ဖြေလိုက်တော့သည်။

***

All Chapters